Nutri Star

Nutri Star Diet for Tube feeding patients , Counseling sessions ( online & physical), Nutrition products store

 ***ySyndrome
30/03/2024

***ySyndrome

“ PCOS(Polycystic O***y Syndrome) “
“မျိုးဉအိမ် အရည်အိတ်တည်ရောဂါ”

🔸Polycystic o***y syndrome (PCOS) ဟာ မျိုးဉအိမ််မှာဖြစ်တဲ့ ရေအိတ်ကလေးများ တည်တဲ့ ရောဂါဖြစ်ပြီး ဟော်မုန်းရောဂါတစ်မျိူးလဲဖြစ်ပါတယ်၊ အမျိုးသမီး ၁၀ယောက်မှာ ၁ယောက် ဖြစ်နိုင်ချေရှိတဲ့ရောဂါဖြစ်တဲ့အတွက် အမျိူးသမီးတိုင်း မပေါ့ဆသင့်တဲ့ရောဂါဆိုရင်လဲာမမှားဘူးပေါ့ရှင်

🔺PCOS ရဲ့ လက္ခဏာများ🔺
🔘ရာသီမမှန်ခြင်း ၊ ထိန်ခြင်း
🔘testosterone hormone များလာတဲ့အတွက်မျက်နှာနှင့် ခန္ဓာကိုယ်မှာ အမွေးအမျှင်များ ပေါများလာခြင်း
🔘ဝက်ခြံထွက်ခြင်း
🔘ဝလာခြင်း
🔘စိတ်ကျန်းမာရေးအားနည်းလာခြင်း (စိတ်ကျခြင်း၊ စိုးရိမ်သောကများခြင်း)
🔘အိပ်မပျော်ခြင်း စတာတွေ ဖြစ်ပွါးနိုင်ပါတယ်
ဒီလို လက္ခဏာတွေ ဖြစ်ပြီး Ultrasound ရိုက်ကြည့်တဲ့အခါ ရေအိတ်များကို တွေ့ရှိရပါက ဆရာဝန်နှင့် သေချာတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်

🟡ကုသမှုတွေအနေနဲ့ Diet နှင့် Lifestyle ပြောင်းလဲခြင်းဖြင့် ကုသနိုင်ပြီး လိုအပ်ပါက ခွဲစိတ်ကုသနိုင်ပါတယ်

Lifestyle changes တွေအနေနဲ့
🟢အာဟာရမျှတအောင်စားသုံးခြင်း
🟢ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
🟢ဝိတ်မတက်အောင် ထိန်းခြင်း စတာတွေပြုလုပ်နိုင်ပါတယ်

သင့်မှာ PCOS ရှိတယ်ဆိုပါက
✅အာဟာရမျှတအောင် စားသုံးပါ ၊ အချိန်မှန်မှန်စားပါ
✅အသင့်ပြုလုပ်ထားသောအစားအစာများအစား အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုစားပါ
✅ကျန်းမာတဲ့အဆီများ စားသုံးပါ ;ဉပမာ - သံလွင်ဆီ ၊ အစေ့အဆံများ ၊ ထောပတ်သီး
✅တနေ့မှာ အနည်းဆုံး (၃၀)မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ
✅စိတ်ကျန်းမာရေးကောင်းမွန်စေရန် တရားထိုင်ခြင်း ၊ ယောဂဆော့ခြင်း စတာတွေ ပြုလုပ်ပါ

❇️အာဟာရနှင့်ပက်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ Nutri Star Nutrition Center & Clinic မှာ အာဟာရဆရာဝန်ကြီးများနှင့် လူကိုယ်တိုင်သော်လည်းကောင်း ၊ Online ဖြင့်သော်လည်းကောင်း လာရောက်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်🙏💚

***ySyndrome

Nutri Star ရဲ့ လူကြိုက်များသောMixed nut fruits နှင့် Nuts barလေးများကို ပြန်လည် ၀ယ် ယူရရှိနိုင်ပီ ဖြစ်ကြောင်းသတင်းကောင်း...
19/03/2024

Nutri Star ရဲ့ လူကြိုက်များသော
Mixed nut fruits နှင့် Nuts bar
လေးများကို ပြန်လည် ၀ယ် ယူရရှိနိုင်ပီ ဖြစ်ကြောင်း
သတင်းကောင်း ပါးအပ်ပါတယ်ရှင့်😍🥰
250g တစ်ဗူးကို 13800ပါရှင့်😍

  &Clinic💜💚💜
14/03/2024


&Clinic💜💚💜

“𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲”
𝐌𝐚𝐫𝐜𝐡 𝟏𝟒𝐭𝐡,𝟐𝟎𝟐𝟒
သင့်ကျောက်ကပ်လေး ကျန်းမာအောင် 💁‍♀️
ကျွန်မတို့ ခန္ဓာကိုယ်ဟာ နေ့တဒူဝ စားသောက်လိုက်တဲ့အာဟာရတွေကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်ကြေးတွေကို ကျောက်ကပ်မှ တဆင့် စွန့်ထုတ်ရပါတယ်…
ဒါကြောင့်မို့ ကျောက်ကပ်ရဲ့ ကျန်းမာရေးဟာလဲ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်
🔺နာတာရှည်ကျောက်ကပ်ရောဂါအကြောင်း
(Chronic Kidney Disease)
နာတာရှည်ကျောက်ကပ်ရောဂါဟာဆိုရင် ကျောက်ကပ်ဟာ သူ့ရဲ့ လုပ်ရမယ့် အလုပ်ဖြစ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်တာကို မလုပ်နိုင်တော့တဲ့အချိန်ဖြစ်ပါတယ်

🔺နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရတဲ့အကြောင်းရင်းများ
ကျန်းမာရေးပြဿနာအများစုကြောင့်ဖြစ်နိုင်သလို အဓိကအကြောင်းအရင်းအနေနဲ့ ဆီးချိုသွေးချိုရောဂါမှ တဆင့် ကျောက်ကပ်ပျက်စီးနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိပါတယ်ရှင်၊ အခြားအကြောင်းအရင်းတစ်ခုကတော့ သွေးတိုးရောဂါမှတဆင့်လဲဖြစ်နိုင်ပါတယ်

✅ကုသမှုတွေအနေနဲ့ ကျောက်ကပ်အစားထိုးကုသခြင်း ၊ ကျောက်ကပ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်

နာတာရှည်ကျောက်ကပ်ရောဂါဟာ စောပြီးသိရလေ ပိုပြီး ကုသမှုခံယူနိုင်လေဖြစ်တဲ့အတွက် ကျောက်ကပ်အစားထိုးကုသမှုအဆင့်ထိမရောက်စေနိုင်ပါဘူး ၊ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှင်များ ၊ သွေးတိုးရောဂါရှိသူများအနေဖြင့် ပိုပြီး စမ်းသပ်မှုတွေကို ကြိုတင်ပြုလုပ်သင့်ပါတယ်ရှင်
နောက်ပြီး အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးတဲ့သူများ ၊ အဝလွန်သူများ နှင့် အသက် ၆၀ ကျော်သူများအနေဖြင့်လဲ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်သင့်ပါတယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ရှင်🫶🏻

✅သင့်ကျောက်ကပ်လေးကျန်းမာအောင်
🔘အာဟာရမျှတအောင်စားပါ
🚭ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ပါ
❌အရက်သေစာအလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ
🔘အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပါ
🔘လေ့ကျင့်ခန်းတစ်ခုခုနေ့စဉ်ပြုလုပ်ပါ
🔘ရေဓာတ်လုံလောက်ဖို့ ရေများများသောက်ပါ
🔘ဆီးချိုထိန်းညှိပေးပါ

✅Nutri Star Nutrition Center & Clinic မှာ အာဟာရနှင့် ပက်သက်ပြီး အာဟာရဆရာဝန်ကြီးများနှင့် Online မှသော်လည်းကောင်း ၊ လူကိုယ်တိုင်သော်လည်းကောင်း လာရောက်ဆွေးနွေးပြသနိုင်ပါတယ်ဆိုတဲ့အကြောင်းလဲ သတင်းကောင်းပါးအပ်ပါတယ်ရှင်💚💜

&Clinic

🌹Happy International Women’s Day🌹
08/03/2024

🌹Happy International Women’s Day🌹

🌹𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲🌹

🌹”Cheers to the amazing women in our lives! You are truly remarkable. Happy Women's Day!"🎉

&Clinic

🤩Benefits Of Yoga🧘‍♀️
23/02/2024

🤩Benefits Of Yoga🧘‍♀️

🧘‍♀️🤩YOGAရဲ့ ကောင်းကျိူးများကို ဖွင့်လှစ်ပြသခြင်း🧘‍♀️🤩
Nutri Star Nutrition Center Myanmar ရဲ့ မိတ်ဆွေများ မင်္ဂလာပါရှင်💜🙏
ယောဂဟာ ကာယလေ့ကျင့်ခန်းတစ်ခုမျှသာ မကပဲကိုယ် ၊ စိတ်တို့ကိုပါ လွှမ်းခြုံနိုင်သော အလေ့အကျင့် တစ်ခု ဖြစ်ပါတယ် 🤍
🇮🇳ရှေးခေတ်အိန္ဒိယနိုင်ငံမှအစပြု၍ ယောဂကျင့်စဉ်သည် ၎င်း၏ကျန်းမာရေးအကျိုးကျေးဇူးများစွာကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာခဲ့ပါတယ်
💪🏼ကြွက်သားများ သန်မာလာစေခြင်းမှသည် စိတ်ကျန်းမာရေးကို မြှင့်တင်ခြင်းအထိ၊ ယောဂကျင့်ခြင်း၏ အကျိုးကျေးဇူးများသည် လူနေမှုဘဝအတွက် အင်မတန်အကျိုးများလှပါသည်
🧘‍♀️ဒါကြောင့် ဒီကနေ့မှာတော့ Yoga ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးများကို ကျွန်မတို့ Nutri Star Nutrition Center & Clinic မှ ဖော်ပြပေးလိုက်ရပါတယ်ရှင့် 💁‍♀️🫶🏻

✅ကြွက်သားကြံ့ခိုင်မှုနှင့် ပျော့ပြောင်းမှု💪🏼

Asanas ဟုလည်းသိကြသော ယောဂ poses သည် အမျိုးမျိုးသော ကြွက်သားအုပ်စုများကို Strength(ခွန်အား)နှင့် Flexibility (ပျော့ပြောင်းမှု)တို့ကို မြှင့်တင်ပေးနိုင်ပါတယ်
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ပျော့ပြောင်းမှုကို တိုးစေပြီး ဒဏ်ရာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အလုံးစုံ ကိုယ်ကာယစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

✅ကိုယ်အလေးချိန်ထိန်းပေးခြင်း🏋️

တစ်သမတ်တည်း ယောဂကျင့်စဉ်တွင် ပါဝင်ခြင်းသည် ကိုယ်အလေးချိန် ထိန်းရာတွင် အထောက်အကူ ဖြစ်စေပါသည်။
အချို့သော ယောဂပုံစံများသည် ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်များကို ဖြစ်စေပြီးအချို့ပုံစံများဟာ စားသောက်မှုအလေ့အထကို သတိရှိစွာဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အစာစားမှုကို ရွေးချယ်စားသုံးဖို့အထောက်ကူပြုပါတယ်၊
ထို့အပြင် အချို့သော Yoga ကျင့်စဉ်များသည်
ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးကာ ကိုယ်အလေးချိန်ကျခြင်း ( သို့မဟုတ် )ထိန်းသိမ်းမှုကို လွယ်ကူစေနိုင်ပါသည်

✅အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း🧘‍♀️
အသက်ရူထိန်းချုပ်ခြင်း (သို့) ပရာဏရာမ သည် ယောဂကျင့်စဉ်ရဲ့ အဓိကကျတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်
ပုံမှန်လေ့ကျင့်ပေးခြင်းသည် ပန်းနာရင်ကျပ်ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေပြီး အဆုတ်တစ်ခုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စေပါသည်။

✅ကိုယ်ခံအားစနစ် ပံ့ပိုးမှု

ယောဂကျင့်စဉ်သည် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်များနှင့် အညစ်အကြေးများကို ဖယ်ရှားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်မှာ (Immune System) အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် lymphatic system ကို လှုံ့ဆော်ပေးပါသည် ၊ ဒီလိုလှုံ့ဆော်ပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကောင်းစေပြီး မကြာခဏ ဖျားနာခြင်းမှ ကင်းဝေးစေနိုင်ပါသည်

✅စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေခြင်း

ယောဂကျင့်စဉ်၏ အာရုံစူးစိုက်မှုသည် အသက်ရှုခြင်းကို သတိနှင့် သတိရှိခြင်းအပေါ် အာရုံစူးစိုက်စေတဲ့အတွက် စိတ်အပန်းပြေစေကာ ကော်တီစော (Cortisol)ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းအဆင့်ကို လျှော့ချပေးနိုင်ပါတယ်၊
ယောဂ ပုံမှန်လေ့ကျင့်ခြင်းသည် စိတ်ကြည်လင်မှုနှင့်စိတ်တည်ငြိမ်မှုတို့ကို မြှင့်တင်ပေးကာ မိမိ၏စိတ်ဖိစီးမှု အတိုင်းအတာကို ပိုမိုနားလည် လက်ခံတတ်လာပြီး မိမိကိုယ်တိုင် ကိုင်တွယ်တတ်ရန် ကူညီပေးနိုင်ပါသည်။

✅နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း

ယောဂသည် နှလုံးသွေးကြောကျန်းမာရေးအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများအနေဖြင့် နှလုံးခုန်နှုန်းကို မြင့်မားစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေကာ နှလုံးသွေးကြောဆိုင်ရာ ခံနိုင်ရည်ကို မြှင့်တင်ပေးသည်။ ထို့အပြင် ယောဂကျင့်စဉ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှု လျှော့ချရေး နည်းစနစ်များသည် သွေးပေါင်ချိန်ကို လျော့ကျစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။

✅မှတ်ဉာဏ်ကို မြှင့်တင်ပေးခြင်း

ယောဂကျင့်စဉ်တွင် လှုပ်ရှားမှု၊ ထွက်သက်ဝင်သက်နှင့် အာရုံစူးစိုက်မှုတို့ကို ပေါင်းစပ်ခြင်းသည် မှတ်ဉာဏ်အပါအဝင် မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးနိုင်ပါသည်၊

✅မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာရရှိစေနိုင်ခြင်း

လူတစ်ဦးချင်းစီ၏ ယောဂကျင့်စဉ်များ တိုးတက်လာသည်နှင့်အမျှ မိမိကိုယ်ကို ယုံကြည်မှု ၊ လေးစားမှု ၊ မိမိကျန်းမာရေးအပေါ်တန်ဖိုးထားမှုများ တိုးလာနိုင်ပါသည်😎
ကိုယ်ဟန်အနေအထားတွင် ကိုယ်လိုချင်တဲ့ပန်းတိုင်အသစ်များရရှိခြင်းသည်လည်း အောင်မြင်မှုနှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ ခံစားချက်ကို တိုးပွားစေပြီး စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုနှင့် ခံနိုင်ရည်ရှိမှုကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မြှ ပိုရစေနိုင်ပါတယ်ရှင်😍

ဒါဆိုရင်တော့ ယောဂလေ့ကျင့်ခြင်းဟာ လူ့ခန္ဓာကိုယ်အတွက် အင်မတန်အကျိုးကျေးဇူးတွေများစွာရှိတဲ့အတွက် လူတိုင်း ၊ အသက်အရွယ်တိုင်း ယောဂဆော့ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော် 💁‍♀️🧘‍♀️

&Clinic


20/02/2024

🙏💜💚💜🤩🥰🥰🥰

“🤩📣  𝗡𝘂𝘁𝗿𝗶 𝗦𝘁𝗮𝗿 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 & 𝗖𝗹𝗶𝗻𝗶𝗰 မှ Online Counseling အစီအစဉ်လာပါပြီ💁‍♀️ 🤩”Nutri Star ရဲ့ မိတ်ဆွေများ မင်္ဂလာပါ...
18/02/2024

“🤩📣 𝗡𝘂𝘁𝗿𝗶 𝗦𝘁𝗮𝗿 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 & 𝗖𝗹𝗶𝗻𝗶𝗰 မှ Online Counseling အစီအစဉ်လာပါပြီ💁‍♀️ 🤩”

Nutri Star ရဲ့ မိတ်ဆွေများ မင်္ဂလာပါရှင့်💚🙏

✅ကျွန်မတို့ 𝗡𝘂𝘁𝗿𝗶 𝗦𝘁𝗮𝗿 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗲𝗿 & 𝗖𝗹𝗶𝗻𝗶𝗰 မှတယ်လီဖုန်း internet ဖြင့် (onlineမှ)တစ်ဆင့် တိုင်ပင်ဆွေးနွေးလိုသူ မိတ်ဟောင်းမိတ်သစ်များအတွက် telecounseling (online counseling ) အစီအစဉ်လေးမှာ အောက်ပါ အာဟာရဆရာဝန်များဖြင့် ဆွေးနွေးပြသနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်💚

Dr.Preeti @ Dr Hnin Hay Marn Aung
M.B.B.S ( Mdy ) ,
M.Sc Nutrition & Dietetics ( UK)
Clinical Nutritionist @ Asia Royal Hospital
Co-founder @ Nutri Star Nutrition Centre

Ms.Su Htet Wai
B.Pharm(Ygn)
MSc.Nutrition and Dietetics (UK)
Nutritionist @ NutriStar Nutrition Center
Member of SNDA (Singapore)

Dr.Thiri Bhone Myat
M.B.B.S (Ygn)
M.Sc Nutrition & Dietetics(UK)
PG Course in Advanced Diabetes(HMS)
Sunday ; 2 pm
Monday & Thursday ; 8pm

Dr.Kyal Sin Yu Mon
MBBS, MSc. Nutrition & Dietetics (Bedfordshire)
PG Course in Advanced Diabetes (HMS)
Member of SNDA (Singapore)
Member of The Nutrition Society (UK)
Clinical Nutritionist

Dr Khin Thuzar Kyaw
MBBS (Ygn)
MSc. Nutrition & Dietetics (UK)

Dr.Soe Myint Win
MBBS (University of Medicine 1 ,Ygn)
MSc., Nutrition & Dietetic (UK)
Clinical Nutritionist

Dr.Khin Mittar Moe San
M.B.,B.S (Ygn), M.Sc (Nutrition)
(SEAMEO-RECFON(UI))

Dr.Nilar Aung
MBBS(Ygn)
M.Sc Nutrition and Dietetics (UK)

Online Counseling ဖြင့်ပြသဆွေးနွေးနိုင်သောရောဂါဝေဒနာများမှာ >>>>>

✅ဆီးချိုဝေဒနာရှင်များ

✅ကင်ဆာရောဂါရှင်များ

✅ ကျောက်ကပ်ဝေဒနာရှင်များ (Early & Late)

✅သွေးတိုးရောဂါနှလုံးရောဂါနှင့်သွေးတွင်းအဆီဓာတ်များသူများ

✅အဝလွန်သူများနှင့်ကိုယ်အလေးချိန်ထိန်းညှိလိုသူများ

✅အစာပိုက်မှတဆင့်အာဟာရတိုက်ကျွေးနေရသူများ (ဥပမာ - လေဖြတ်နေသူများ၊ အစာရည်မျိုပြွန်ဆိုင်ရာရောဂါရှိသူများ)

✅သက်ကြီးရွယ်အိုများနှင့်အာဟာရ

✅ကလေးများနှင့်အာဟာရ

✅ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့်အာဟာရ

✅နာတာရှည်ရောဂါသည်များနှင့်နေထိုင်စားသောက်မှုပုံစံစနစ်တကျပြောင်းလဲလိုသူများ

📲About Online Counseling

✅ကြာမြင့်ချိန် ✨30-40 mins ✨

✅ဆွေးနွေးပေးမည့် ပုံစံ - online video call, telephone မိမိတို့အဆင်ပြေရာစနစ်ဖြင့် ဆွေးနွေးပေးပါသည်
(ပထမဆုံးအကြိမ်တွင် patient criteriaလိုအပ်ချက်များအရ video call အသုံးပြုရပါမည်)

✅ပြသဆွေးနွေးလိုပါက chat box မှလည်းကောင်း

☎️ဖုန်းနံပါတ် 09897448509, 09442493649 သို့လည်းကောင်းကြိုတင်ဘိုကင်ရယူနိုင်ပါည်။

(ကြိုတင် appointment ယူထားပြီး အကြောင်းမျိုးမျိုးကြောင့်အချိန်ပြောင်းရွှေ့လိုပါက 24 နာရီကြိုတင်ဆက်သွယ်၍အချိန်ပြောင်း‌ရွှေ့နိုင်ပါသည်)

***အပြင်မှာ ကိုယ်တိုင်ကိုယ်ရောက် လာရောက်ဆွေးနွေးလိုတဲ့ မိတ်ဆွေများအတွက်လဲ Physical Counseling ပါ ရနိုင်ပါတယ်ဆိုတဲ့အကြောင်းလဲ သတင်းကောင်းပါးအပ်ပါတယ်ရှင်🫶🏻😉***




&Clinic

NutriStar Nutrition Center မှ Clinical Nutritionist Dr.Preeti . Hnin Hay Marn Aung မှ သင်ကြားပို့ချပေးမယ့် ❣️ SKC ပညာဒါန...
16/02/2024

NutriStar Nutrition Center မှ Clinical Nutritionist Dr.Preeti . Hnin Hay Marn Aung မှ သင်ကြားပို့ချပေးမယ့်

❣️ SKC ပညာဒါနသင်တန်း Free Training
Role of Nutrition in Brain Development
ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရ၏အခန်းကဏ္ဍ

သင်တန်းကို စိတ်ပါဝင်စားသူများ တက်ရောက် နိုင် ရန် သတင်းကောင်း ပါးအပ်ပါတယ် ရှင် 😇

❣️နေ့ရက် နှင့် အချိန်
16/2/2024 1pm to 2:30pm- Friday

Zoom
Meeting ID 843 5568 0163
Passcode 778899

✨👧𝓗𝓪𝓹𝓹𝔂 𝓒𝓱𝓲𝓵𝓭𝓻𝓮𝓷'𝓼 𝓓𝓪𝔂👧✨Children are the flowers from heaven. Let's make this world a safe and enjoyable place for our k...
13/02/2024

✨👧𝓗𝓪𝓹𝓹𝔂 𝓒𝓱𝓲𝓵𝓭𝓻𝓮𝓷'𝓼 𝓓𝓪𝔂👧✨

Children are the flowers from heaven.
Let's make this world a safe and enjoyable place for our kids. ...🫶🏻💜

🤩

09/02/2024

Prenatal and Breastfeeding workshop
ရဲ့ yoga class လေး စနေပါပြီ


မင်္ဂလာပါ February လ အတွက် သတင်းကောင်းလေးတစ်ခု မျှဝေပါရစေရှင်Nutri Star Nutrition Center & Clinic လေး မှာ ကိုယ်ဝန်ဆောင်န...
04/02/2024

မင်္ဂလာပါ
February လ အတွက် သတင်းကောင်းလေးတစ်ခု မျှဝေပါရစေရှင်

Nutri Star Nutrition Center & Clinic လေး မှာ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် များအတွက်
အစာအာဟာရ နှင့်ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ
ပညာဒါန အစီစဉ် လေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Prenatal & Breastfeeding Workshop

ဤ အစီစဉ်လေးမှာ ယောဂဆရာမ Ma Thiri Mon နှင့် အတူ ကိုယ်ဝန်ဆောင်ချိန် ပြုလုပ်နိုင်တဲ့ ယောဂကျင့်စဉ်များကို ဝင်ရောက် လေ့ကျင့်နိုင်ပြီးတော့

အာဟာရ ဆရာဝန် Dr. Preeti နှင်းဟေမာန်အောင်မှ ကိုယ်ဝန်ဆောင်နှင့်နို့တိုက် မိခင်များ အတွက် အစာအာဟာရ ဆိုင်ရာ ဗဟုသုတများကို
မျှဝေပေးသွားပါမယ်။

Date & Time as follows
🗓️နေ့ရက်-9.2.2024

🕰️ 9:30-10:15 AM - - - Prenatal yoga Club
🕰️ 10:30am-12 PM - - - Nutrition Class

➡️ ဆေးခန်းလိပ်စာ အမှတ်- 886 / B ၊ ဗြဟ်မစိုရ်လမ်း၊ ၆ ရပ်ကွက် ၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
-----

👉 ကိုယ်ဝန်ဆောင်မေမေနှင့် နို့တိုက်မိခင်တို့အတွက် အခမဲ့ တက်ရောက်နိုင်တဲ့ အထူးအခွင့်အရေးလေးဖြစ်လို့ တက်ရောက်လိုပါက *လူဦးရေကန့်သတ်ချက်* ရှိပါသဖြင့်

Page CB (သို့မဟုတ်) 📱Phone: 𝟎𝟗𝟒𝟒𝟐𝟒𝟗𝟑𝟔𝟒𝟗 , 𝟎𝟗𝟖𝟗𝟕𝟒𝟒𝟖𝟓𝟎𝟗 တို့ကို ဆက်ပြီး register (စာရင်းသွင်းခြင်း) ပြုလုပ်ပေးပါရှင်။

👉 ဤ အစီစဉ်လေးကို Prenagen Mommy အာဟာရနို့မှုန့်မှ ပံ့ပိုးကူညီ မှာ ဖြစ်ပါတယ် ရှင်




Address

No. 886/B, Byamaso Road, 6th Quarter, South Okkalapa Tsp
Yangon
11091

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959442493649

Website

Alerts

Be the first to know and let us send you an email when Nutri Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutri Star:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram