NUSA Myanmar - Medical Tourism and Healthcare Supply

NUSA  Myanmar - Medical Tourism and Healthcare Supply Researching boundaries, Enriching lives

သွေးအားနည်းခြင်းကို ကူညီပေးနိုင်တယ့် ဌက်ပျောသီး 🍌🍌🍌
02/09/2025

သွေးအားနည်းခြင်းကို ကူညီပေးနိုင်တယ့် ဌက်ပျောသီး
🍌🍌🍌

သွေးအားနည်းခြင်းအတွက်ကူညီပေးနိုင်သည့် ငှက်ပျေားသီး🍌🍌🍌


သွေးအားနည်းရောဂါသည် ဖျော့တော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်စေပါတယ်။ သွေးအားနည်းခြင်းဆိုတာ သွေးနီဥဆဲလ်များ လျော့နည်းခြင်းနှင့် သွေးထဲတွင် ဟေမိုဂလိုဘင်အဆင့် နည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။

ငှက်ပျောသီးမှာ သံဓာတ်များစွာပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ ငှက်ပျောသီးတွင် သွေးဂလူးကို့စ်ပမာဏကို ထိန်းညှိပေးသည့် ဗီတာမင် B6 လည်း ပါဝင်ပြီး သွေးအားနည်းသူများကို ကူညီပေးပါသည်။

26/08/2025

""" မိမိခန္ဓာကိုယ်ရဲ့အခြေအနေများကို
အသေးစိတ်စောင့်ကြည့်စစ်ဆေးနေခြင်းဟာ
အချိန်လွန်နောင်တတွေမရစေဖို့အတွက်
အကြောင်းတရားတစ်ခုပါပဲ """

အဆင့်မြင့်နည်းပညာများဖြင့်
ရှာဖွေစစ်ဆေးကုသဖို့

NUSA Myanmar Medical Tourism နဲ့ ဆက်သွယ်ကြပါစို့

ဆီးချိုသွေးချိုရောဂါဟာ ကမ္ဘာ့သေဆုံးမှုများသော ဇီဝကမ္မဖြစ်စဉ်ရောဂါတစ်ခုဖြစ်ပါတယ်။ 2019 ခုနှစ်စစ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ 9.3 ...
22/08/2025

ဆီးချိုသွေးချိုရောဂါဟာ ကမ္ဘာ့သေဆုံးမှုများသော ဇီဝကမ္မဖြစ်စဉ်ရောဂါတစ်ခုဖြစ်ပါတယ်။
2019 ခုနှစ်စစ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ 9.3 ရာခိုင်နှုန်း ( 651 သန်း ) ဟာ ဆီးချိုသွေးချိုရောဂါနဲ့ ၎င်းရဲ့နောက်ဆက်တွဲ လက္ခဏာများ ခံစားနေကြရပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ၏စစ်တမ်းအရ လူပေါင်း 1.6 သန်းကျော်ဟာ ဆီးချိုသွေးချိုကြောင့် နှစ်စဉ်သေဆုံးနေကြရပါတယ်။ ပညာရှင်များ၏ခန့်မှန်းချက်အရ လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ဆီးချိုသွေးချိုဝေဒနာခံစားနေရသူဦးရေဟာ ကမ္ဘာ့လူဦးရေ၏ 10.9 ရာခိုင်နှုန်း ( 763 သန်း ) အထိ တိုးမြင့်လာနိုင်ပြီး နှစ်စဉ် သေဆုံးသူဦးရေလည်း တိုးမြင့်လာနိုင်မည့်အကြောင်းကို တင်ပြထားကြပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ဆီးချိုသွေးချိုရောဂါရှိသူအားလုံးရဲ့ 60 % မှာ အာရှနိုင်ငံများမှဖြစ်ကြပါတယ်။ တရုတ်နိုင်ငံဟာ ဆီးချိုသွေးချိုရောဂါရှိသူ 109 သန်းဖြင့် ကမ္ဘာ့ဆီးချိုသွေးချိုဝေဒနာရှင်အများဆုံးပိုင်ဆိုင်သော နိုင်ငံတစ်ခုဖြစ်ပါတယ်။

Type 2 Diabetes Mellitus ဟာ ဆီးချိုသွေးချိုရောဂါအမျိုးအစားအားလုံးထဲမှ 91 % ကျော်ဖြစ်ပွားလျက်ရှိပါတယ်။ ယနေ့ကမ္ဘာမှာ T2DM ကို နည်းလမ်းမျိုးစုံနဲ့ချဉ်းကပ်ပြီး ကုသပေးနေကြပါတယ်။ နေထိုင်စားသောက်မှုပုံစံကို ပြန်လည်ပြင်ဆင်ခြင်း၊ ဆေးဝါးများသောက်သုံးခြင်း၊ လိုအပ်လာပါက ပေါင်းစပ်ကုထုံး၊ သုံးဆပေါင်းစပ်ကုထုံး သို့မဟုတ် အင်ဆူလင်ထိုးခြင်းအပါအဝင် ပြင်းထန်သောကုသမှုများကို ပြုလုပ်ကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ နှစ်ကာလကြာလာသည်နှင့်အမျှ ဆေးဝါးမျာသောက်သုံးခြင်းကြာလာတဲ့အတွက်ကြောင့် ဆေးများရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲဝေဒနာများလည်းခံစားလာရနိုင်ပါတယ်။

ယခုဆိုရင် ကျွန်ုပ်တို့ရဲ့ Nusa Wellness မှာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိသော ကမ္ဘာ့အဆင့်မြင့်နည်းပညာကုသမှုများဖြစ်တဲ့

- Intravenous Laser Treatment ( PDT )
- Enhanced External Counter Pulsation ( EECP )
- Cell Therapy ( Mesenchymal Stem Cell, Stem Cell Exosomes, Nano Cell Secrectone )
- Hydrogen Therapy ( H2 Inhalation, Drinking HRW )
- Nutrient Vitaboost Therapy နှင့် အခြားကုသမှုပေါင်းများစွာအပြင်
အဆင့်မြင့်နည်းပညာထုတ်ကုန်များဖြစ်တဲ့

- Bestide ( Super Food for Our Cells )
- Perles Oil ( The Good oil to wash away all the bad oil in our Body )
- Japanese Apricot ( To Clear out all the Junk and Toxin in our Body )
- Cordyplus ( Patented Technology Product for our Cell and Health solution )

တို့ဖြင့် ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ ရောဂါများသက်သာပျောက်ကင်းအောင် ကုသမှုတွေခံယူဖို့ အခမဲ့ဆွေးနွေးတိုင်ပင်မှုတွေရယူနိုင်ပါပြီ။






#အခမဲ့ဆွေးနွေးတိုင်ပင်မှု

𝐆𝐮𝐭 𝐇𝐞𝐚𝐥𝐭𝐡 𝟑𝟔𝟎 °“ပြီးပြည့်စုံသော အစာအိမ်/အူလမ်းကြောင်း ကျန်းမာရေး “ မိတ်ဆွေများရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာခြင်းကို အမြဲအ...
14/08/2025

𝐆𝐮𝐭 𝐇𝐞𝐚𝐥𝐭𝐡 𝟑𝟔𝟎 °

“ပြီးပြည့်စုံသော အစာအိမ်/အူလမ်းကြောင်း ကျန်းမာရေး “


မိတ်ဆွေများရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာခြင်းကို အမြဲအလေးထားတဲ့ ကျွန်မတို့ “Dijomaa Myanmar” ကုမ္ပဏီ ရဲ့ ကျန်းမာရေး ဗဟုသုတ မျှဝေခြင်း အစီအစဉ်လေးကို ပါဝင်နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အထွေထွေရောဂါကု နှင့် အာဟာရအထူးပြုဆရာဝန် “ဒေါက်တာရဲပြည့်ဟိန်း”က ယနေ့ခေတ်မှာ အဖြစ်များတဲ့ အစာအိမ်/အူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်ပြီး ဟောပြောဆွေးနွေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ်၊ ဆရာက ပြည်တွင်း/ပြည်ပ အတွေ့အကြုံများစွာရှိတဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့အပြင် “အစာအိမ်/အူလမ်းကြောင်း ပြဿနာ ဆွေးနွေးအဖြေရှာ” ဆိုတဲ့ စာအုပ်ကိုလည်း အောင်မြင်စွာ ရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။



စိတ်ပါဝင်စားသူ မည်သူမဆို ‘အခမဲ့’ ဝင်ရောက်နားထောင်နိုင်ပြီး မိမိတို့သိလိုတဲ့ အစာအိမ်/အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမေးခွန်းတွေကို ဆရာနဲ့ တိုက်ရိုက်မေးမြန်းခွင့်ရရှိမှာ ဖြစ်ပါတယ်။


တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာခြင်းလက်ဆောင်ကို အမြဲပေးစွမ်းဖို့ ကြိုးစားတဲ့ Dijomaa အနေနဲ့ အစာအိမ်/အူလမ်းကြောင်း ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်တဲ့ Colostrum(နို့ဦးရည်) သဘာဝဖြည့်စွက်အာဟာရမှုန့်ကို တင်သွင်းရောင်းချလျက်ရှိပြီး ခုလို အများပြည်သူအတွက် အကျိုးရှိမယ့် အစီအစဉ်တွေမှာ ကူညီအားဖြည့်ဖြစ်တာပဲ ဖြစ်ပါတယ်ရှင်။

ကျန်းမာရေးဗဟုသုတဟောပြောမည့် အစီအစဉ်



ဟောပြောမည့် ခေါင်းစဉ် 🔹 𝐆𝐮𝐭 𝐇𝐞𝐚𝐥𝐭𝐡 𝟑𝟔𝟎 °

“ပြီးပြည့်စုံသော အစာအိမ်/အူလမ်းကြောင်း ကျန်းမာရေး “

နေ့ရက် 🔹၁၇. ၈. ၂၀၂၅

အချိန် 🔹ည(၈)နာရီ

ဟောပြောမည့်နေရာ 🔹Zoom🔹 ID - 8785517849

PW 🔹 123456


#ဒေါက်တာရဲပြည့်ဟိန်း




09/08/2025

10 signs everyone who cares about health should know‼️



Original video crd to👉Health Guide by Dr.Willie Ong

ပင်မဆဲလ်နဲ့ကျောက်ကပ်ပျက်စီးခြင်း 🚨
08/08/2025

ပင်မဆဲလ်နဲ့ကျောက်ကပ်ပျက်စီးခြင်း 🚨

29/07/2025

ကျန်းမာပျော်ရွှင်တဲ့ဘဝဆိုတာသင့်လက်တစ်ကမ်းမှာပဲရှိပါတယ်။
ဒါပေမဲ့နေ့စဉ်စားသုံးနေတဲ့အချိုဓာတ်ကိုမထိန်းချုပ်နိုင်တဲ့အခါ သင့်ကျန်းမာရေးအတွက်အကြီးမားဆုံး အဟန့်အတားတစ်ခုဖြစ်လာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုက ဘာကြောင့် အရေးကြီးဆုံးလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ထိရောက်စွာထိန်းချုပ်နိုင်မလဲဆိုတာဒီနေ့ပြောပြပေးပါမယ်

Hydrogen Waterရဲ့ထူးခြားတဲ့အကျိုးကျေးဇူးတွေကသင့်ရဲ့ကိုယ်တွင်းအင်္ဂါများကျန်းမာရေးအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာကိုလဲ​လေ့လာကြည့်ပါ

ကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံမှုဟာ
တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။




#ဟိုက်ဒရိုဂျင်ရေနှင့်ကျန်းမာရေး

ယနေ့ခေတ်မှာသက်ကြီးပိုင်းတွေသာမကလူလတ်ပိုင်းအရွယ်တွေရဲ့အများစု၏မကျန်းမာရခြင်း၊အသက်ဆုံးရှုံးရခြင်းအကြောင်းအရင်းများထဲမှာအစာ...
18/07/2025

ယနေ့ခေတ်မှာသက်ကြီးပိုင်းတွေသာမကလူလတ်ပိုင်းအရွယ်တွေရဲ့အများစု၏မကျန်းမာရခြင်း၊အသက်ဆုံးရှုံးရခြင်းအကြောင်းအရင်းများထဲမှာအစာအိမ်ကင်ဆာကလည်းတစ်ခုအပါအဝင်ဖြစ်လာပါတယ်

အစာအိမ်ကင်ဆာသည်အစာအိမ်အတွင်းပိုင်းမှဆဲလ်များပျက်ဆီးပွားများရာမှဖြစ်ပေါ်လာသောရောဂါဖြစ်ပြီး အခြားအင်္ဂါအစိတ်အပိုင်းများကိုပါ ကင်ဆာဆဲလ်ပျံ့နှံ့တာတွေဖြစ်နိုင်ပါတယ်
အစာအိမ်ကင်ဆာကိုလုံးဝကာကွယ်နိုင်ရန်ခက်ခဲပေမယ့်ဖြစ်နိုင်ခြေကိုလျော့ချရန်နည်းလမ်းများစွာရှိပါတယ်

အစာအိမ်ကင်ဆာကအစောပိုင်းအဆင့်တွေမှာရောဂါလက္ခဏာသိသာထင်ရှားတာမျိုးနည်းတတ်ပြီးပြင်းထန်လာတဲ့အခါမျိုးမှသာလက္ခဏာပြတတ်တာကြောင့်စောစီးစွာသိပြီးကုသနိုင်ဖို့အရေးကြီးပါတယ်

အစာမကြေ၊ ရင်ပူခြင်း၊ အစာစားပြီးတိုင်းဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အစာမျိုရခက်ခြင်း၊ ပျို့အန်ခြင်း၊ အန်ရာတွင်သွေးပါခြင်း၊ သွေးဝမ်းသွားခြင်းနှင့် ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းမျိုးဖြစ်လာပါက အစာအိမ်ကင်ဆာရောဂါရဲ့လက္ခဏာများဖြစ်တတ်တဲ့အတွက်လျင်မြန်စွာစစ်ဆေးကုသသင့်ပါတယ်
အစာအိမ်ကင်ဆာဖြစ်ရခြင်းအကြောင်းအရင်းများစွာရှိပေမယ့် ယနေ့ခေတ်ရဲ့လျင်မြန်စွာတိုးတက်လာတဲ့စားသောက်နေထိုင်မှုပုံစံရဲ့ဆိုးကျိုးများကလည်းအစာအိမ်ရောဂါဖြစ်ရခြင်းအကြောင်းတစ်ခုဖြစ်လာပါတယ်။

စနစ်တကျပိုးသတ်ထားခြင်းမရှိတဲ့အသားစိမ်း၊ ငါးစိမ်းများစားခြင်း၊ သေချာစွာမချက်ပြုတ်ဘဲစားခြင်း၊Sodiumပါဝင်မှုများသောအစားအစာများအလွန်အမင်းစားခြင်း၊ဆိုးဆေးတာရှည်ခံဆေးပါသောအစားအစာများစားခြင်းတို့ကြောင့်အစာအိမ်ကင်ဆာအပါအဝင်အစာအိမ်ရောဂါအမျိုးမျိုးဖြစ်ပွားနှုန်းကမြင့်တက်လာပါတယ်။ ဒါကြောင့်ပြုပြင်ထားသော၊စနစ်တကျမချက်ပြုတ်ထားသောအစားအစာများစားခြင်းကိုရှောင်ပြီးလတ်ဆတ်တဲ့အသီးအရွက်များပိုစားပေးပါ။

ဒါ့အပြင်နာတာရှည်အစာအိမ်ရောင်ရောဂါမှတစ်ဆင့်အစာအိမ်ကင်ဆာဖြစ်နိုင်ခြေများရှိနေတာကြောင့်အစာအိမ်ရောဂါမျိုးရိုးရှိသူများနှင့်အစာအိမ်ရောင်ရောဂါဝေဒနာရှင်များအနေနဲ့စနစ်တကျစစ်ဆေးကုသမှုခံယူသင့်ပါတယ်

H.pyloriပိုးဟာအစာအိမ်ကင်ဆာနှင့်အစာအိမ်ရောင်ခြင်းကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းဖြစ်တာကြောင့်H.pyloriပိုးကူးစက်မခံရအောင်သေချာဂရုစိုက်ပြီးကူးစက်ခံရပါကကျန်းမာရေးအတိုင်ပင်ခံနှင့်ဆွေးနွေးကာလိုအပ်တဲ့ကုသမှုခံယူပြီးantibioticsသောက်ရန်လိုအပ်ပါတယ်
ဒါ့အပြင်ဆေးလိပ်သောက်ခြင်း၊အရက်အလွန်အကျွံသောက်ခြင်းများကြောင့်အခြားအင်္ဂါအစိတ်အပိုင်းများသာမက အစာအိမ်ကိုလည်းထိခိုက်စေနိုင်တာကြောင့် အရက်သေစာနှင့်ဆေးလိပ်သောက်ခြင်းများကိုလျော့ချရန်လိုအပ်ပါတယ်



11/07/2025

ကျောက်ကပ်ကျောက်တည်ခြင်း၏နောက်ဆက်တွဲနှင့် ကုသနိုင်မည့်နည်းလမ်းများ



05/07/2025

ကျောက်ကပ်ကျောက်တည်ခြင်းသည် အသက်အရွယ်ကျားမ မရွေးတွင်တွေ့နိုင်ပြီး ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းတွင်ဖြစ်ပွားသည့်ရောဂါတစ်မျိုးဖြစ်ပါတယ်
အချိန်ကြာမကုသဘဲထားပါက ကျောက်ကပ်တစ်သျှူးများပျက်စီးခြင့်နှင့် ကျောက်ကပ်ကိုထိခိုက်စေနိုင်တာကြောင့် မပြင်းထန်မီအမြန်ကုသဖို့လိုအပ်ပါသည်

ကျောက်ကပ်ကျောက်တည်ခြင်း၏လက္ခဏာများနှင့် အခြားသိကောင်းစရာများကိုအောက်ပါဗီဒီယိုတွင်ဆက်လက်ကြည့်ရှုလိုက်ပါ



အစာစားပြီးတိုင်း ဗိုက်အောင့်တာ၊ ရင်ပူတာ၊ မအီမသာဖြစ်တာတွေ ခဏခဏကြုံနေရပါသလား❓ဒါဟာအစာအိမ်ရောင်ခြင်းရဲ့ လက္ခဏာတွေဖြစ်နိုင်ပါ...
01/07/2025

အစာစားပြီးတိုင်း ဗိုက်အောင့်တာ၊ ရင်ပူတာ၊ မအီမသာဖြစ်တာတွေ ခဏခဏကြုံနေရပါသလား❓

ဒါဟာအစာအိမ်ရောင်ခြင်းရဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်
အစာအိမ်ရောင်ခြင်းဟာ အစာအိမ်ရဲ့အတွင်းပိုင်းအမြှေးပါးနံရံတွေရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီး လူအများစုများဖြစ်လေ့ရှိပြီး နာတာရှည်လည်းဖြစ်နိုင်ပါတယ်

အစာအိမ်ရောင်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက်အရွယ်ကြီးသူတွေမှာပိုအဖြစ်များပါတယ်
ဒါ့အပြင်
▪️အရက်သောက်သုံးသူ
▪️အစားစားချိန်မမှန်သူ
▪️အကိုက်အခဲပျောက်ဆေးများရေရှည်သောက်သုံးနေရသူများ
▪️အစာအိမ်နံရံကိုထိခိုက်ရောင်ရမ်းစေတဲ့ Helicobacter pylori bacteriaပိုးဝင်သူများနှင့်
▪️စိတ်ဖိစီးမှုများသူများ တွေမှာလည်းအဖြစ်များတာကိုတွေ့ရပါတယ် ။

အစာအိမ်ရောင်ရမ်းခြင်းကိုအချိန်မီမကုသပါက အစာအိမ်သွေးယိုခြင်း၊ အာဟာရချို့တဲ့ခြင်း (အစာမကြေခြင်း၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်းများကြောင့်)၊ မှ အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်ခြေများရှိနေပါတယ်

▪️အစာအိမ်ရောင်ရမ်းခြင်းကိုကုသရန်အတွက်
ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး သင့်တော်သောကုသမှုများခံယူကာ လိုအပ်သောဆေးဝါးများသောက်သုံးခြင်း

▪️အစားအသောက်ပုံစံပြောင်းလဲခြင်း (အချဉ်၊ အစပ်နှင့် အဆီများသောအစားအစာများလျော့စားခြင်း)

▪️အရက်၊ coffeeနှင့် gasပါဝင်မှုများသော
အချိုရည်များလျော့သောက်ခြင်း

▪️အစားစားချိန်မှန်အောင်စားခြင်း

▪️စိတ်ဖိစီးမှုလျော့ခြင်း
အစရှိသော နည်းလမ်းများဖြင့် အစာအိမ်ရောင်ခြင်းကိုထိန်းချုပ်ကုသနိုင်ပါတယ်။

အကယ်၍ အစားစားချင်စိတ်လျော့နည်းလာခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာစားပြီးနောက် ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ အန်ရာတွင်သွေးပါခြင်း၊ ဝမ်းအမည်းသွားခြင်းများဖြစ်ပါက အစာအိမ်ရောင်ခြင်းဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲလိုအပ်သောကုသမှုများအမြန်ဆုံးဆောင်ရွက်ရန်လိုအပ်ပါသည်

Address

No 503, 5th Floor, Excel Tower, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when NUSA Myanmar - Medical Tourism and Healthcare Supply posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NUSA Myanmar - Medical Tourism and Healthcare Supply:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram