Myanma Sanpya Crop Nutrition Company

Myanma Sanpya Crop Nutrition Company အရည်အသွေးမြင့် မြေဩဇာများနှင့် ရွက်ဖျန်းမြေဩဇာများအား တင်သွင်းဖြန့်ချိလျက်ရှိပါသည်။ MSCN

31/12/2025

Happy New Year 🥳🥳🎉🎉🎊🎊

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါမှစတင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။

စီးပွါးရေးများတိုးတက်အောင်မြင်ပြီး ပျော်ရွှင်တဲ့နေ့ရက်တိုင်း ပိုင်ဆိုင်နိုင်ကြပါစေ 🪄🪄🪄

31/12/2025

အကောင်းဆုံးရွက်ဖျန်းမြေဩဇာ " ဖါထရီလွန် - ကွန်ဘီ"

🌱 ဖါထရီလွန် - ကွန်ဘီရွက်ဖျန်းမြေဩဇာသည် အနည်းလိုအာဟာရဓာတ်ချို့တဲ့သည့်ရောဂါများကို ထိရောက်စွာကုသပေးနိုင်ပါသည်။

🌱 သီးနှံပင်များ၏ အပင်၊ အပွင့်၊ အသီး၊ အစေ့၊ အမြစ်နှင့်ဥများ ကြီးထွားမှုကို ထိရောက်စွာအကျိုးရရှိစေနိုင်ပါသည်။

🌱 အသုံးပြုရလွယ်ကူပြီး လျှင်မြန်စွာအကျိုးသက်ရောက်မှုရရှိစေတာကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို ကောင်းမွန်စွာရရှိစေမှာသေချာပါတယ်ခင်ဗျာ။



#မြန်မာ့စံပြမြေဩဇာကုမ္ပဏီ

#သီးနှံအာဟာရမြန်မာ့စံပြ

📌 အရောင်းပိတ်ရက်အသိပေးကြေညာခြင်း 📌၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက် (ကြာသပတေးနေ့) နှင့် ၂ ရက် (သောကြာနေ့) သည် နိုင်ငံတကာနှစ်...
30/12/2025

📌 အရောင်းပိတ်ရက်အသိပေးကြေညာခြင်း 📌

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက် (ကြာသပတေးနေ့) နှင့် ၂ ရက် (သောကြာနေ့) သည် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် မြန်မာ့စံပြမြေဩဇာကုမ္ပဏီအရောင်းများပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးကြေညာပါတယ် ခင်ဗျာ။

30/12/2025

Nitrophoska PERFECT Complex မြေဩဇာ

“ နိုက်ထရိုဖော့စကာ ပါဖက် ” မြေဩဇာသည် တန်ဖိုးကြီးသီးနှံများ၊ ဟင်းသီးဟင်းရွက်သီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများအတွက် ရွေးချယ်အသုံးပြုနိုင်သည့် အဆင့်မြင့်နည်းပညာများဖြင့်ထုတ်လုပ်ထားသည့် မြေဩဇာအမျိုးအစားဖြစ်ပါတယ် ခင်ဗျာ။

စိုက်ပျိုးမည့်မြေနှင့် သီးနှံပင်၏ လိုအပ်ချက်အလိုက် ကိုက်ညီစေရန်အတွက် ထုတ်လုပ်ထားသည့် မြေဩဇာဖြစ်တာကြောင့် တောင်သူဦးကြီးတို့အတွက် အကျိုးဖြစ်ထွန်းစေမည့် မြေဩဇာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျ။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက...
29/12/2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်အထိ စိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

⛅️ ဘင်္ဂလားပင်လယ်အော် အခြေအနေ ⛅️

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချူန်းရွာနိုင်ပြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် အများအားဖြင့် သာယာမည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၄) ဒီဂရီဖာရင်ဟိုက် မှ (၇၄) ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် (၇၅) ဒီဂရီဖာရင်ဟိုက် မှ (၈၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၆) ဒီဂရီဖာရင်ဟိုက် မှ (၉၆) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

🌥️ အနိမ့်ဆုံးအပူချိန် အခြေအနေ 🌥️

ချင်းပြည်နယ်တွင် (၃၄) ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၄၆) ဒီဂရီဖာရင်ဟိုက် မှ (၅၇) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၅၈) ဒီဂရီဖာရင်ဟိုက် မှ (၆၉) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၅၆%) မှ (၆၇%) အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၈%) မှ (၇၉%) အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း နှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၀%) မှ (၉၁%) အတွင်း ရှိနိုင်ပါသည်။

⛈️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ ⛈️

မန္တလေးတိုင်းဒေသကြီး၊ ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၀)မီလီမီတာမှ (၂၁)မီလီမီတာ အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၂)မီလီမီတာမှ (၃၃)မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ
Credit To Original Uploader

🎄🎄Merry Christmas 🎄🎄 ပျော်ရွှင်စရာ အချိန်လေးကို ချစ်ရသောသူများနဲ့အတူတူ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေး...
24/12/2025

🎄🎄Merry Christmas 🎄🎄

ပျော်ရွှင်စရာ အချိန်လေးကို ချစ်ရသောသူများနဲ့အတူတူ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် ခင်ဗျာ 😇😇

🌿🌿 အရည်အသွေးမြင့် SOP မြေဩဇာ 🌿🌿‌Solu SOP‌‌ မြေဩဇာသည် မြေခံအဖြစ်လည်ကောင်း၊ နောက်လိုက်စာ အဖြစ်လည်ကောင်း သီးနှံသက်တမ်းတလျှေ...
24/12/2025

🌿🌿 အရည်အသွေးမြင့် SOP မြေဩဇာ 🌿🌿

Solu SOP‌‌ မြေဩဇာသည် မြေခံအဖြစ်လည်ကောင်း၊ နောက်လိုက်စာ အဖြစ်လည်ကောင်း သီးနှံသက်တမ်းတလျှောက် ရွေးချယ်အသုံးပြုနိုင်ပါတယ်။

တန်ဖိုးမြင့် သီးနှံများအပြင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအတွက်ပါ ရွေးချယ်အသုံးပြုနိုင်ပါတယ် ခင်ဗျာ။

Potassium Oxide 50% နှင့် Sulphur 18% ပါဝင်ပြီး ကျဲပက်ခြင်း (သို့) ရေဖျော်ခြင်းပုံစံအဖြစ် လိုအပ်သလိုအသုံးပြုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

စံပြ ၁၆+၁၆+၁၆ မြေဩဇာသည် အပင်များ ကြီးထွားသန်မာပြီး အထွက်နှုန်းမြင့်မားရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများ ပံ့ပိုးပေးရန...
23/12/2025

စံပြ ၁၆+၁၆+၁၆ မြေဩဇာသည် အပင်များ ကြီးထွားသန်မာပြီး အထွက်နှုန်းမြင့်မားရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများ ပံ့ပိုးပေးရန်အတွက် အချိုးညီညီဖော်စပ်ထားသည့် အရည်အသွေးမြင့် မြေသြဇာဖြစ်ပါသည်။

ရာသီအချိန်ကိုက် စိုက်ပျိုးထားသော သီးနှံအားလုံးအတွက် ရွေးချယ်သင့်သည့် မြေဩဇာအမျိုးအစားဖြစ်ပြီး ဟင်းသီးဟင်းရွက်များ၊ ဥယျာဉ်ခြံသီးနှံနှင့် ပန်းမာန်များအတွက် ရွေးချယ်အသုံးပြုနိုင်သည့် မြေဩဇာဖြစ်ကြောင်း တောင်သူဦးကြီးများကို သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။

" အရောင်းပိတ်ရက် အသိပေးကြေညာခြင်း "၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ကြာသပတေးနေ့ နှင့် ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ...
23/12/2025

" အရောင်းပိတ်ရက် အသိပေးကြေညာခြင်း "

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ကြာသပတေးနေ့ နှင့် ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့ သည် အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မြေဩဇာအရောင်းများပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးကြော်ငြာအပ်ပါတယ်ခင်ဗျာ။

ဒီဇင်ဘာလ (၂၂) ရက် မှ ဒီဇင်ဘာလ  (၂၈) ရက်အထိစိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 🌤️ ဘင်္ဂ...
22/12/2025

ဒီဇင်ဘာလ (၂၂) ရက် မှ ဒီဇင်ဘာလ (၂၈) ရက်အထိစိုက်ပျိုးရေး မိုးလေ၀သခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

🌤️ ဘင်္ဂလားပင်လယ်အော် အခြေအနေ 🌤️

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

🌧️ မိုးရွာသွန်းနိုင်မှု အခြေအနေ 🌧️

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချူန်းရွာနိုင်ပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် အများအားဖြင့် သာယာမည်။

☀️ အမြင့်ဆုံးအပူချိန် အခြေအနေ ☀️

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၂) ဒီဂရီဖာရင်ဟိုက် မှ (၇၃) ဒီဂရီ ဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် (၇၄) ဒီဂရီဖာရင်ဟိုက်မှ (၈၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၈၆) ဒီဂရီဖာရင်ဟိုက် မှ (၉၇) ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

⛅️ အနိမ့်ဆုံးအပူချိန် အခြေအနေ ⛅️

ချင်းပြည်နယ်တွင် (၃၄) ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၄၈) ဒီဂရီဖာရင်ဟိုက် မှ (၅၉) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၆၀) ဒီဂရီဖာရင်ဟိုက် မှ (၇၁) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

☁️ လေထုစိုထိုင်းဆ အခြေအနေ ☁️

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် (၅၄%) မှ (၆၃%) အတွင်း၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၆၄%) မှ (၇၃%)အတွင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၇၄%) မှ (၈၃%) အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၈၄%) မှ (၉၃%) အတွင်း ရှိနိုင်ပါသည်။

🌦️ ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ 🌦️

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၄)မီလီမီတာ မှ (၂၃) မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄) မီလီမီတာမှ (၃၃) မီလီမီတာအတွင်း ရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မြန်မာ့စံပြမိသားစုမှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်...
19/12/2025

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မြန်မာ့စံပြမိသားစုမှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် ခင်ဗျာ 🎉🎉🎊🎊

အကောင်းဆုံးတွေကိုမှကြိုက်နှစ်သက်ပြီး အကောင်းဆုံးတွေကိုရွေးချယ်အသုံးပြုချင်ကြတဲ့ တောင်သူဦးကြီးများအတွက် မြန်မာ့စံပြမြေဩဇာ...
18/12/2025

အကောင်းဆုံးတွေကိုမှကြိုက်နှစ်သက်ပြီး အကောင်းဆုံးတွေကိုရွေးချယ်အသုံးပြုချင်ကြတဲ့ တောင်သူဦးကြီးများအတွက် မြန်မာ့စံပြမြေဩဇာကုမ္ပဏီမှ တင်သွင်းဖြန့်ချိသည့် နိုက်ထရိုဖော့စကာမြေဩဇာများ

နိုက်ထရိုဖော့စကာ မြေဩဇာကို မြေခံအဖြစ် အသုံးပြုနိုင်သလို စိုက်ပြီးနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်ရန် အထူးသင့်လျော်ပါသည်။ မြေဩဇာအသုံးပြုပြီးသည်နှင့် အပင်မှ လျင်မြန်စွာ စားသုံးနိုင်သော အာဟာရဓာတ်ပုံစံသာမက တာရှည်အကျိုးသက်ရောက်နိုင်သော အာဟာရဓာတ်ပုံစံလည်းပါဝင်တာကြောင့် သီးနှံအတွက် အလွန်ကောင်းမွန်သောမြေဩဇာဖြစ်ပါသည်။

တောင်သူဦးကြီးတို့ သီးနှံများ အရည်အသွေးပြည့်မီပြီး ဈေးကောင်းရရှိစေဖို့ နိုက်ထရိုဖော့စကာ မြေဩဇာကို သတိရလိုက်ပါ ခင်ဗျာ။

Address

No. 95(A), Kyaik Wyne Pagoda Road, 8 Mile, Near Junction 8 Shopping Center, Mayangone Township
Yangon
MSCN

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959765409706

Alerts

Be the first to know and let us send you an email when Myanma Sanpya Crop Nutrition Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မြန်မာ့ စံပြမြေသြဇာ ကုမ္ပဏီ

မြန်မာ့ စံပြမြေသြဇာ ကုမ္ပဏီသည် ဂျာမနီနိုင်ငံ BASF ကုမ္ပဏီမှ ထုတ်လုပ်ပြီး Euro Chem Agro ကုမ္ပဏီ၊ COMPO ကုမ္ပဏီနှင့် K+S KALI GmbH ကုမ္ပဏီတို့မှတစ်ဆင့် အရည်အသွေးနှင့် နည်းပညာမြင့်မားသော မြေသြဇာများနှင့် ရွက်ဖျန်းမြေသြဇာများအား တင်သွင်းဖြန့်ချိလျက်ရှိပါသည်။

တိုးတတ်နေသည့် လူဦးရေအတွက် အာဟာရဓာတ် ပြည့်ပြည့်၀၀ ပါဝင်သော လူနှင့်တိရစ္ဆာန်အစားအစာများ လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ရန် အာဟာရဓာတ်ပြည့်စုံကြွယ်ဝသော အစားအစာများဖြင့် လူသားအားလုံး အာဟာရဓာတ်ချို့တဲ့မှုကင်းစင်စေပြီး ကျန်းမာချမ်းသာကြစေရန် ရည်ရွယ်ပြီးဖြန့်ချိပါသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ရေမြေသဘာဝ၊ သီးနှံအမျိုးအစားနှင့် လိုက်လျောညီထွေမှုရှိကာ အထွက်နှုန်း သိသိသာသာ တိုးတက်စေပြီး တောင်သူကြီးများ ကြွယ်ဝချမ်းသာစေရန်အလို့ဌာ ရည်ရွယ်လျက် အရည်အသွေး ကောင်းမွန်သော Complex မြေသြဇာများ၊ (Nitrophoska fertilizer) များ၊ အာနိသင်တာရှည်ခံသော (Stabilized Nitrogen fertilizer) ENTEC မြေသြဇာများ၊ နည်းပညာမြင့်သော အာဟာရစုံ ပိုတက်စီယမ်မြေသြဇာနှင့် အရည်အသွေးမြင့် ရွက်ဖျန်းမြေသြဇာများ တင်သွင်းဖြန့်ချိလျက်ရှိသည့်အပြင် Fertigation အတွက် မြေသြဇာများကိုလည်း တိုးတက်လာမည့် စိုက်ပျိုးရေးနည်းစနစ်များအတွက် ရည်ရွက်ကာ တင်သွင်းထားပါသည်။


  • ကွန်ပလက်(စ်) မြေသြဇာအမျိုးအစားဖြစ်ပါသည်။