New Zero Art Space

New Zero Art Space A contemporary art space based in Yangon

09/09/2025
09/09/2025
22/12/2024

𝗔𝗿𝗲 𝗬𝗼𝘂 𝗥𝗲𝗮𝗱𝘆 𝗙𝗼𝗿 𝗧𝗼𝗺𝗼𝗿𝗿𝗼𝘄?

🎙 ဝိုင်းဖွဲ့ဆွေးနွေးပွဲ (ဒီဇင်ဘာ ၂၂ရက်နေ့ ၂၀၂၄ ညနေ ၁ နာရီ) - ဆရာအေးကို နှင့် ဆရာမြတ်ကျော့ တို့ရဲ့ “မြန်မာ့ ခေတ်ပြိုင်အနုပညာ ဘယ်နေရာမှာလဲ” အမည်ရတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ
မြန်မာ့ခေတ်သစ်အနုပညာလောကမှာ မြန်မာ့နေရာနဲ့ ပတ်သက်ပြီး နာမည်ကြီး ခေတ်ပြိုင် အနုပညာရှင်များဖြစ်ကြတဲ့ ဆရာအေးကိုနဲ့ ဆရာမြတ်ကျော့တို့ရဲ့ အမြင်များ၊ ချင့်ချိန်သုံးသပ်မှုများနဲ့ တွေးတောကြံဆမှုများ ရှာဖွေဖော်ထုတ်မိသော အခွင့်အလမ်းများကို သိရှိခံစားနိုင်စေမယ့် ဆွေးနွေးပွဲ တစ်ခုဖြစ်လို့ မျိုးဆက်သစ် ခေတ်ပြိုင်အနုပညာရှင်များအတွက် လက်မလွတ်သင့်တဲ့ ဆွေးနွေးပွဲ တစ်ပွဲ ဖြစ်ပါတယ်။ 🌍

🎙 Panel Discussion on December 22:
1:00 PM: "Where is Myanmar in the Contemporary Art Scene" with Aye Ko & Myat Kyawt This must-attend panel brings together two of Myanmar's most celebrated artists for a deep dive into the evolving role of Myanmar in global contemporary art. Gain valuable insights into the challenges, opportunities, and rich cultural context that shape the art scene. 🌍

📅December 15 to 31, 2024
🕑9:00 AM to 6:00 PM
📍The Sea Art Gallery, Level 2, The Regency Offices, No (587), Pyay Road, Kamayut Township, Yangon, Myanmar.
Free Entry

13/12/2024

Send a message to learn more

11/12/2024
10/12/2024

ပင်လယ် အနုပညာပြခန်း၏ “တစ်နှစ်တာ နှစ်ပတ်လည်အနုပညာပြပွဲ" ကို မကြာခင် ရက်အနည်းငယ်အလိုမှာ စတင်ကျင်းပမည်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာစွာ ကြေညာပါရ​စေ။

ပင်လယ်အနုပညာပြခန်းမှာ ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ပြီး ပန်းချီပညာရှင်ပေါင်း ၃၀ ကျော်၏ အနုပညာလက်ရာ ပန်းချီကားများ ကို ပြသသွားမှာဖြစ်ပါတယ်။ စိတ်ညွတ်နူးဖွယ်ရာ အနုပညာလက်ရာများနှင့် စုံလင်လှတဲ့ ဖန်တီးမှုတို့က ကြည့်ရှု ခံစားသူတို့ရဲ့ စိတ်ကို ဖမ်းစားသွားမှာဖြစ်ပါတယ်။

ပြပွဲတစ်​လျှောက် အနုပညာ ဟောပြောပွဲများလည်း ကျင်းပမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်​နေ့ တနင်္ဂ​နွေ တွင် ပန်းချီ အနုပညာရှင် ဆရာဝင်းဖေမြင့် WPM နှင့် ကာတွန်းပညာရှင် ဆရာ အော်ပီကျယ် APK တို့ မှလည်း​ကောင်း၊ ဒီဇင်ဘာ ၂၂ ရက်​နေ့ တနင်္ဂ​နွေ မြန်မာ့ ခေတ်ပြိုင်အနုပညာ ဆွေးနွေးပွဲမှာတော့ အနုပညာရှင်အေးကိုနှင့် အနုပညာရှင်မြတ်ကျော့တို့မှလည်း​ကောင်း အဖွဲ့လိုက် ဆွေးနွေးပေးသွားကြမှာဖြစ်ပါတယ်။

ဒီနှစ်ကုန်မှာ ပြုလုပ်မည့် ဒီထူးခြားတဲ့ The Sea ရဲ့ အနုပညာပြပွဲကို လက်မလွှတ်လိုက်ပါနဲ့နော်! 🌟🎨

ပြပွဲအကြောင်းအသေးစိတ်​ကို အချိန်နှင့်တ​ပြေးညီ အဆက်မပြတ် တင်ပေးသွားမှာဖြစ်လို့ လက်မလွှတ်တမ်း စောင့်ကြည့်ပေးကြဖို့ကိုလဲ သတင်း​ကောင်းပါးအပ်ပါတယ်။

📅ဒီဇင်ဘာ ၁၅ မှ ၃၁၊ ၂၀၂၄ အထိ
🕘နံနက် ၉:၀၀ မှ ညနေ ၆:၀၀ အထိ
📍ပင်လယ်ပန်းချီပြခန်း၊ အမှတ်-၅၈၇၊ပြည်လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
🎟ဝင်ကြေးအခမဲ့

We are thrilled to announce that “A Year in Reflection” is just around the corner! Starting December 15, this captivating exhibition will showcase breathtaking artworks by more than 30 incredibly talented artists. From thought-provoking pieces to vibrant creations, this event promises to inspire and ignite your imagination.

The exhibition will also feature talk shows by renowned artists WPM and Cartoonist APK, as well as a panel discussion with celebrated artists Aye Ko and artist Myat Kyawt, offering profound insights into the vibrant world of art and the evolving role of Myanmar in the global art scene. Stay tuned for more details and mark your calendars for this must-see year-end celebration! 🌟🎨

Stay tuned for more details about…

📅December 15 to 31, 2024
🕘9:00 AM to 6:00 PM
📍The Sea Art Gallery, Level 2, The Regency Offices, No (587), Pyay Road, Kamayut Township, Yangon, Myanmar.
🎟 Free Entry

Come celebrate the creativity, talent, and vision of Myanmar’s contemporary artists at "A Year in Reflection." This is more than just an exhibition—it’s an experience you won't want to miss.

New Zero Group ကို 1990 Modern Art အနုပညာလှုပ်ရှားမှု့ကစတင်မြစ်ဖျားခံလာတယ်လို့ယူဆရပါမယ်၊2000 ခုနှစ်အရောက်မှတော့ Modern က...
06/12/2024

New Zero Group ကို 1990 Modern Art အနုပညာလှုပ်ရှားမှု့ကစတင်မြစ်ဖျားခံလာတယ်လို့ယူဆရပါမယ်၊
2000 ခုနှစ်အရောက်မှတော့ Modern ကာလပြီးဆုံးပြီလို့ယူဆမှု့ကြောင့် New Zero အမည်ကိုစတင်သုံးစွဲလာခဲ့ပါတယ်၊ New Zero အမည်ကို ကိုကျော်ညွန့်လင်းနဲ့ ကိုညွိုဝင်းမောင်တို့နှစ်ဦးပေါင်းစပ်ပေးထားတဲ့အမည်ဖြစ်ပါတယ်၊ အနန္တ အဆုံးအစမဲ့တန်းဖိုး Infinity ဖြစ်တဲ့ Zero ကိုအသစ်အသစ်လမ်းကြောင်းကိုဦးတည်ရွေ့ရှားဖို့ New နဲ့ပေါင်းစပ်ထားတဲ့အဓိပ္ပါယ်ကိုယူထားခြင်းဖြစ်ပါတယ်၊
2008 ခုနှစ်မှာNew Zero Art Space ကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊
New Zero Group ရဲ့အဓိကပန်းတိုင်ရည်ရွယ်ချက်
၇ ချက်ကိုစွဲကိုင်ပြီးလှုပ်ရှားခဲ့ပါတယ်၊

၁။ စီးပွါးရေးမဆန်သောအနုပညာ Space ဖြစ်ပေါ်ရေး

၂။အစိုးရနှင့်မသက်ဆိုင်သောအမှီအခိုကင်းသည့်အနုပညာအဖွဲ့အစည်းဖြစ်ပေါ်ရေး၊

၃။တစ်စုံတစ်ဦး၏ပိုင်ဆိုင်မှု့မဟုတ်ပဲအများနှင့်သက်ဆိုင်သောအဖွဲ့အစည်းဖြစ်ပေါ်ရေး၊

၄။ အနုပညာအသစ်များနှင့် Contemporary Art အနုပညာပြန့်ပွါးရေး၊

၅။ လူငယ်အနုပညာသမားများပေါ်ထွက်လာရေးနှင့်ပံ့ပိုးကူညီပေးရေး၊

၆။ အနုပညာအသစ်နှင့် Contemporary Art အနုပညာသမားများကိုထောက်ပံ့ကူညီပေးနိုင်ရေး၊

၇။ နိုင်ငံတကာနှင့်ချိတ်ဆက်၍အနုပညာပြပွဲများ အနုပညာပွဲတော်များအနုပညာဖလှယ်ရေးအစီစဉ်များတွင်ပါဝင်ပြသနိုင်ရန်
စတဲ့အချက်တွေနဲ့ဖွဲ့စည်းထားခဲ့ပါတယ်၊

New Zero Group ဟာ
အခမဲ့အနုပညာသင်တန်းများပေးခြင်းနှင့်လူငယ်အနုပညာသမားအများအပြားမွေးထုတ်ပေးခြင်း၊
အခမဲ့အနုပညာ workshop များပြုလုပ်ပေး၍အနုပညာအသစ်များလမ်းကြောင်းချပေးခြင်း၊
အနုပညာTraining program များပြုလုပ်၍အနုပညာများတိုးတက်မှု့ရရှိလာအောင်ပြုလုပ်ပေးခြင်း၊
နိုင်ငံတကာမှ curator များဖိတ်ကြား၍ curatorial training program များကိုပထမဆုံးကျင်းပပေးခြင်း၊
Artis talk နှင် Art seminar မှ အတွေ့အကြုံများတိုးတက်မှု့များလာစေခြင်း၊
နိုင်ငံတကာသို့စေလွှတ်၍အနုပညာပြပွဲများ festival များ
Art Fair များ Biennial များနှင် Art exchange များတွင်ပါဝင်စေချင်းနှင့် နိုင်ငံတကာအနုပညာလမ်းကြောင်းပေါ်ခြေချနိုင်စေခြင်း၊
International Artist residency program များနှင့်နိုင်ငံတကားသို့စေလွှတ်ခြင်း၊ မြန်မာနိုင်ငံတွင်လဲလက်ခဲကျင်းပခြင်း၊
မြန်မာနိုင်ငံတွင်ပထမဆုံးအရှေ့တောင်အာရှ Contemporary Art Exchange Program နှင့် international Performance Art festival များကိုမြန်မာနိုင်ငံတွင်လက်ခံကျင်းပခြင်း၊
Art Village ကိုမြန်မာနိုင်ငံတွင်ပထမဆုံးတည်ထောင်နိုင်ခြင်း
ပထမဆုံး Village Art School ကိုတည်ထောင်နိုင်ခြင်း
တခြားအနုပညာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အနုပညာတိုးတက်မှု့ program ဖေါ်ဆောင်ခြင်း
စတဲ့လှုပ်ရှားမှု့အများအပြားကို New Zero working team မှဦးဆောင်ကျင်းပခဲ့ပါတယ်၊
2019 ကိုဗစ်မှစတင်ခတ္တရပ်နားခဲ့ရတဲ့
New Zero ဟာခေတ်အဆက်ဆက်အကျပ်အတည်း
များကြားမှာရုန်းကန်ခဲ့ရသလို
အနုပညာအသစ်တွေဆီကိုရှေ့ရှု့နိုင်ဖို့
အနုပညာအမှောင်ထဲမှာ တဖြတဖြတ်လင်းနေတဲ့
ပိုးစုံးကြူးလေးလိုကိုယ်ပိုင်အလင်းနဲ့
လင်းခွင့်ရဖို့ပြန်လည်ကြိုးစားတော့ပါမယ်၊
အနုပညာချစ်တဲ့မိတ်ဆွေများ
အသစ်လိုလားတဲ့အနုပညာသမားနဲ့
ပူးပေါင်းလုပ်ဆောင်သွားဖို့မကြာခင်အစီအစဉ်များ
ကြိုးစားအကောင်အထည်ဖေါ်ဆောင်သွားပါမယ်။

Address

Yangon
11181

Alerts

Be the first to know and let us send you an email when New Zero Art Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to New Zero Art Space:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram