05/04/2017
ယနေ့ April လ ၅ရက်နေ့ မနက် ၁၀နာရီအချိန်တွင်
မလေးရှားကျန်းမာရေးစောင့်ရှောက်မှု ခရီးသွား ကောင်စီ(MHTC-Malaysia Healthcare Travel Council) နှင့် မြန်မာနိုင်ငံ ရှိ ဆေးရုံကြီးများဖြစ်ကြသော OSC Hospital ,အောင်ရတနာ ဆေးရုံကြီး, Kembangan Hospital တို့အပြင် JTB-Polestar Co.Ltd တို့၏ Strategic Signing Ceremony ကို Sedona Hotel တွင် ကျင်းပခဲ့ပါသည်။
ထို signing ceremony ၏အဓိက ရည်ရွယ်ချက်မှာmedical tourism အတွက် အကျိုးတူ ပူပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။
Malaysia Healthcare Travel Council သည် ကမ္ဘာ ပေါ်တွင် Health and Medical Tourism အဖြစ် Destination of The Year Award ကို 2015 နှင့် 2016 တို့တွင် နှစ်နှစ် ဆက်တိုက် ဆုရရှိခဲ့သော organization တခု ဖြစ်ပါသည်။