Shwe Poppa Specialist Clinic

Shwe Poppa Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Poppa Specialist Clinic, Medical Lab, Yangon.

Shwe Poppa Specialist ClinicAddress : W1, Yankin Garden Housing, Near Yankin Market, Saya San Road Yankin Tsp, Yangon.Phone No : 01-556316, 01-556001, 01-556002( 24 Hours )

🚨ရေကြီးရေလျှံ ဖြစ်တဲ့အခါမှာ ဖြစ်ပွားတတ်သော ရောဂါများရေကြီးရေလျှံတာနဲ့ အတူ နောက်ဆက်တွဲရောဂါတွေက မသန့်ရှင်းတဲ့ရေနဲ့ ဘက်တီး...
13/09/2024

🚨ရေကြီးရေလျှံ ဖြစ်တဲ့အခါမှာ ဖြစ်ပွားတတ်သော ရောဂါများ

ရေကြီးရေလျှံတာနဲ့ အတူ နောက်ဆက်တွဲရောဂါတွေက မသန့်ရှင်းတဲ့ရေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အပြင် ခြင်နဲ့ ယင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

မသန့်ရှင်းတဲ့ရေနဲ့ ဘက်တီးရီးယားပိုးမွှားတွေက တစ်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေက ကူးစက်တတ်တာကြောင့် အဆိုပါ ရောဂါတွေ မဖြစ်ပွားအောင် သတိထားရမယ့် အချက်တွေကို ပြောပြပေးသွားပါမယ်။

ရေကြီးရေလျှံတာ ဖြစ်ပွားပြီးနောက်မှာ သတိထားသင့်တဲ့ ရောဂါတွေကတော့

🔹အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်ရောဂါ)

အူရောင်ငန်းဖျားရောဂါက ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဖျားနာတာနဲ့ မောပန်းနွမ်းနယ်တာတွေ ခံစားရပါတယ်။ အူရောင်ငန်းဖျားရောဂါပိုးရှိတဲ့ သူရဲ့ မစင်နဲ့ ထိတွေ့ထားတဲ့ ရေ နဲ့ အစားအစာတွေက တစ်ဆင့် ကူးစက်တတ်ပါတယ်။

အပေါ်က ပြောခဲ့တဲ့ ဝေဒနာတွေကို ခံစားရမယ်ဆိုရင် အချိန်မီကုသမှု ခံယူသင့်ပါတယ်။အချိန်မီ မကုသဘူးဆိုရင် အသက် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

🔹 ကာလဝမ်းရောဂါ
ကာလဝမ်းရောဂါက မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ကနေတစ်ဆင့် ကူးစက်တတ်ပြီးတော့ ကြိမ်ဖန်များစွာ ဝမ်းသွားတာကြောင့် ရေနဲ့ ဓါတ်ဆားဆုံးရှုံးမှု များပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

🔹အသည်းရောင်အသားဝါရောဂါ

အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားရင် ဖျားနာပြီးနောက်မှာ မျက်လုံးဝါတာ၊ အသားဝါတာနဲ့ ဆီးအရောင်ပြောင်းတာတွေအပြင် မူးဝေတာ၊အစားအသောက်ပျက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို ခံစားရစေပါတယ်။ ဒီရောဂါကလည်း အပေါ်မှာ ပြောခဲ့တဲ့ရောဂါတွေအတိုင်းပါပဲ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကနေ ကူးစက်တတ်ပါတယ်။

🔹ကြွက်သေးမှ တဆင့်ကူးစက်နိုင်တဲ့ အသားဝါရောဂါ

ရေကြီးရေလျှံဖြစ်တဲ့အချိန်မှာ တင်ကျန်ခဲ့တဲ့ မသန့်ရှင်းတဲ့ရေတွေမှာ ကြွက်သေးတွေ ပါတတ်ပါတယ်။ အဲဒီ ကြွက်သေးပါတဲ့ မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့မိရင် အဖျားကြီးပြီး ခေါင်းကိုက်တာ၊ပျို့အန်တာတွေအပြင် အသားဝါတဲ့ အထိ ဖြစ်ပွားတတ်ပါတယ်။

🔹သွေးလွန်တုပ်ကွေးနဲ့ ဌက်ဖျားရောဂါ

ရေစီးရေလာမရှိတော့တဲ့ မသန့်ရှင်းတဲ့ရေတွေမှာ ခြင်တွေပေါက်ဖွားပြီး ခြင်ကိုက်ခံရတာကတစ်ဆင့် သွေးလွန်တုပ်ကွေးနဲ့ ဌက်ဖျားရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ ဌက်ဖျားရောဂါဖြစ်ပွားရင် ဖျားနာတာ၊ အစားအသောက်ပျက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အန်တာနဲ့ ခေါင်းကိုက်တာတွေကို ခံစားရစေပါတယ်။ ရောဂါ အရမ်းဆိုးဝါးမယ်ဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

🔹ပွေး၊ဝဲ၊ညှင်းစတဲ့ အရေပြားရောဂါ

ရေကြီးရေလျှံပြီးနောက်မှာ မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့မိမယ်ဆိုရင် ပွေး၊ဝဲ၊ညှင်းစတဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အရေပြားရောဂါတွေက အသက်မဆုံးရှုံးနိုင်ပေမယ့် မိမိပတ်ဝန်းကျင်က လူတွေကို ကူးစက်မှု မြန်ဆန်တာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ရပါမယ်။ စိုထိုင်းတဲ့အဝတ်အစားနဲ့ အသုံးအဆောင်တွေကို မသုံးစွဲရပါဘူး။

❗️ရေကြီးရေလျှံပြီးနောက်မှာ ဖြစ်ပွားတတ်တဲ့ နောက်ဆက်တွဲရောဂါတွေ အားလုံးက မသန့်ရှင်းတဲ့ရေနဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကနေ ကူးစက်တတ်တာဖြစ်တဲ့အတွက် အဲဒီရောဂါတွေ မဖြစ်ပွားရအောင် မိမိ အသုံးပြုတဲ့ ရေက သန့်ရှင်းဖို့ အရေးကြီးပါတယ်။

အထက်က ပြောခဲ့တဲ့ ရောဂါတွေ ဖြစ်ပွားစေတဲ့ အချက်အလက်တွေကို သိသွားပြီဆိုတော့ ရောဂါ မဖြစ်ပွားအောင် အားလုံးပဲ ကာကွယ်နိုင်ကြပါစေ။

#ရေကြီးရေလျှံ

🚨 သတိပြုဆင်ခြင်ကာကွယ်ပါ ကမ္ဘာ့ကျန်းမာရေးပြဿနာ မျောက်ကျောက်ရောဂါ (𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱) 🚨မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ❓မျောက်ကျောက်ရော...
21/08/2024

🚨 သတိပြုဆင်ခြင်ကာကွယ်ပါ ကမ္ဘာ့ကျန်းမာရေးပြဿနာ မျောက်ကျောက်ရောဂါ (𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱) 🚨

မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ❓
မျောက်ကျောက်ရောဂါဆိုတာ 𝐎𝐫𝐭𝐡𝐨𝐩𝐨𝐱𝐯𝐢𝐫𝐮𝐬 ဖြစ်တဲ့ 𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱 ဗိုင်းရပ်စ်ကနေ တစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (𝐖𝐇𝐎) ကနေ ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် လက်ရှိမှာ ကြေညာထားတာပဲဖြစ်ပါတယ်။

ဘယ်လိုကူးစက်နိုင်သလဲ❓
မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်တတ်သလို လူမှ လူကိုလည်း ကူးစက်တတ်ပါတယ်။ ရောဂါကူးစက်ခံထားရသူရဲ့ အရေပြား (သို့) ပါးစပ်နဲ့ လိင်အင်္ဂါတို့မှာ ရှိတဲ့ အနာတွေကနေတစ်ဆင့် အခြားသူတွေထံကို တိုက်ရိုက်ကူးစက်တတ်ပါတယ်။

အဓိကအားဖြင့်တော့ ရောဂါရှိသူဖြင့်
- မျက်နှာချင်းဆိုင် နီးကပ်စွာ စကားပြောခြင်း (ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်သည့် အမှုန်အမွှားများ၊ အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့မှ တစ်ဆင့် ဝင်ရောက်ခြင်း)
- အရေပြားကို ထိတွေ့ကိုင်တွယ်ခြင်း (ရောဂါရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်သောအရည်များကို ထိတွေ့ကိုင်တွယ်ခြင်း)
- လိင်ဆက်ဆံခြင်း
- နမ်းရှုပ်ခြင်း
- အနီးကပ်နေထိုင်ခြင်း စသည်တို့ဖြင့် ကူးစက်တတ်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ❓
မျောက်ကျောက်ရောဂါရဲ့ ရောဂါလက္ခဏာတွေကို ရောဂါပိုးထိတွေ့ခံရပြီး (၁) ရက်ကနေ (၂၁) ရက်နေ့အတွင်း ကြုံတွေ့ခံစားရတတ်ပါတယ်။ ရောဂါလက္ခဏာတွေက (၂) ပတ်ကနေ (၄) ပတ်အတွင်း ရှိနေတတ်ပြီး ကိုယ်ခံအားကျဆင်းနေသူတွေမှာဆိုရင် ရက်သတ္တပတ်များစွာ ကြာမြင့်တတ်ပါတယ်။

တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ -
📍 ယားယံ (သို့) နာကျင်သော အရည်ကြည်ဖုများ ပေါ်ထွက်ခြင်း
📍 ဖျားခြင်း
📍 လည်ချောင်းနာခြင်း
📍 ခေါင်းကိုက်ခြင်း
📍 ကိုယ်လက်ကြွက်သားကိုက်ခဲခြင်း
📍 ခါးနာခြင်း
📍 နုံးချိခြင်း
📍 ကိုယ်ခန္ဓာရှိ ပြန်ရည်ကျိတ်များ ယောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

တစ်ချို့လူတွေမှာဆိုရင် အရည်ကြည်ဖုတွေက တစ်လုံးကနေ အရေအတွက်အနည်းငယ်သာ တွေ့ရတတ်ပြီး တစ်ချို့မှာဆိုရင်တော့ အရေအတွက် ရာနှင့်ချီတွေ့ရတတ်ပါတယ်။ အဓိက တွေ့ရတတ်တဲ့ နေရာတွေကတော့
- လက်ဖဝါးနှင့် ခြေဖဝါးများ
- မျက်နှာ၊ ပါးစပ်နှင့် လည်ချောင်း
- ပေါင်ခြံနှင့် လိင်အင်္ဂါများ
- စအိုတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ❓
မျောက်ကျောက်ရောဂါကို ကြိုတင်ကာကွယ်ဖို့နဲ့ ကြုံတွေ့ခံစားနေရပြီဆိုရင်တော့ -
✅ တတ်နိုင်သမျှ အိမ်တွင် နေထိုင်ပါ။
✅ လက်ကို ဆပ်ပြာ (သို့) လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။
✅ 𝐌𝐚𝐬𝐤 တပ်ပါ။
✅ အရေပြားကို ခြောက်သွေ့စွာ ထားပါ၊ အနီးနားတွင် လူမရှိပါက အရေပြားကို ဖုံးကာမထားပါနှင့်။
✅ အရာဝတ္ထုများကို မကြာခဏ ထိကိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
✅ရောဂါပိုးရှိသော တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းအား ရှောင်ကြဉ်ပါ။
✅ နီးစပ်ရာဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးကုသပါ။
✅ ရောဂါလက္ခဏာများ ပြင်းထန်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ကုသပါ။

📢 မျောက်ကျောက်ရောဂါဟာ ကူးစက်နှုန်းမြန်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်နေတာကြောင့် မိဘပြည်သူအားလုံး ကြိုတင်သိရှိကာကွယ်နိုင်ဖို့ ပန်းလှိုင်ဆေးရုံနှင့် ဆေးခန်းများက ကျန်းမာရေးဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။

#𝐌𝐩𝐨𝐱
#𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱
#𝐂𝐚𝐫𝐞𝐖𝐢𝐭𝐡𝐂𝐨𝐦𝐩𝐚𝐬𝐬𝐢𝐨𝐧𝐅𝐨
#𝐘𝐨𝐮𝐫𝐓𝐫𝐮𝐬𝐭𝐞𝐝𝐂𝐡𝐨𝐢𝐜𝐞
#𝐇𝐞𝐚𝐥𝐈𝐬𝐌𝐲𝐒𝐮𝐧𝐧𝐲

သတိထားကြပါ 😓😓Creditမျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ...
21/08/2024

သတိထားကြပါ 😓😓

Credit

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က
(၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင်ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ်(lymph nodes)ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်း,အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
(lymph nodes)ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာတယ်။
• အနီစက်များဟာခန္ဓာကိုယ်ပေါ်ထက်မျက်နှာ,ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာအရည်ကြည်များ၊ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က
ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်တယ်။
ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့
(၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့်
မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ
စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့
ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။
လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။
ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။
ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
•တောရိုင်းတိရစ္ဆာန်များနှင့်ထိတွေ့ခြင်းကိုရှောင်ကြဉ်ရန်။
ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။
အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။
မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။
(၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့်
မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Source — WHO
Credit — OSC Hospital

YGH protocol for clinically suspected cholera
06/07/2024

YGH protocol for clinically suspected cholera

မူရင်းရေးသားသော CHIN TELEHEALTH ကို ခရက်ဒစ်ပေးပါတယ်ရှင့်🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ဝမ်းပျက်ဝမ်းလျှောဖြစ...
06/07/2024

မူရင်းရေးသားသော CHIN TELEHEALTH ကို ခရက်ဒစ်ပေးပါတယ်ရှင့်

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းများဖြင့်ကာကွယ်နိုင်ပါတယ်
crd original post owner

crd

❗ကလေးဝမ်းလျှောဝမ်းပျက်ခြင်းနှင့် အယူအဆအမှားများ❗

ကလေးတယောက်ဝမ်းလျှောရင် ပြုစုရတာ အတော် ခက်ပါတယ်..
မိခင်တွေအသိဆုံးပါ..
အပေါ်က အလျဉ်မီအောင်မဖြည့်ရသေးခင်
အောက်က တဘွတ်ဘွတ်နဲ့ သွားလိုက်ကြတာ
ကလေးဘောင်းဘီတွေလည်းကုန်ပေါ့ ..
မိဘတွေမှာ လူမောစိတ်မောဖြစ်ရပါတယ် ..

✴️အဲ့တော့ အရေးကြီးတာက ဝမ်းလျှောတဲ့ ကလေးပြုစုတဲ့နေရာမှာ ကိုယ်တိုင်အမှတ်မှားနေတဲ့ အယူအဆရောသူများပြောစကားတွေနားယောင်ပြီး လုပ်တတ်တဲ့ အယူအဆအမှားလေးတွေရောပြောချင်ပါတယ်...

💡Probiotics အထုပ်သေးသေးလေးတွေဟာ ဓာတ်ဆားနဲ့တူလား ❓

ဝမ်းလျှောနေချိန်WHO formula အတိုင်းထုတ်ထာဲ့ ဓာတ်ဆား ကို မတိုက်ဘဲ Probiotics အမှုန့်လေးတွေကို ဓာတ်ဆား ထင်ပြီးတိုက်တတ်ကြတယ်..

ဝမ်းလျှောတဲ့ကလေးမှာ အဓိက အကျဆုံး အသက်ကယ်ဆေး ဆိုလည်း မမှားတာက ဓာတ်ဆားပါ ..အရပ်ထဲ
ဓာတ်ဆား အငံ / BPI ဓာတ်ဆား ဆိုပြီး သိကြတယ် ..

အခုနောက်ပိုင်း အရသာလေးတွေထည့်ပြီး WHO စံချိန်စံညွှန်း အတိုင်း ဖော်စပ်ထားတဲ့ ဓာတ်ဆားတွေလည်း အများကြီးရှိနေပါပြီ

အထုပ်ကြီး တထုပ် ရေတလီတာ နဲ့ဖျော်ရတာရှိသလို အထုပ်သေးတထုပ် ရေ ၂၀၀ မီလီလီတာနဲ့ဖျော်ရတွေလည်းရှိပါတယ်.. ဒီလိုဓာတ်ဆားတွေကို မှန်မှန်ကန်ကန်ရွေးချယ်ပြီးဖျော်တိုက်မှ ကလေးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်နိုင်မှာပါ

Probiotics ဆိုတာကတော့ ဝမ်း အားဆေးသဘောမျိုးဖြစ်တဲ့အတွက် အထောက်အကူဖြစ်ပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုမကာကွယ်နိုင်ပါဘူး

💡မိခင်နို့စို့နေတဲ့ကလေးကဓာတ်ဆားမသောက်နိုင်လို့ ကလေးအစားမိခင်သောက်လိုက်ရင် ထိရောက်သလား ❓

မိခင်သောက်တာ မိခင်အတွက်ဘဲဖြစ်ပါတယ်
ရေဓာတ်ခန်းခြောက်နေချိန်နို့ကနေတဆင့် လုံလောက်တဲ့ အရေးကြီးတဲ့ဓာတ်ဆားဓာတ်ကို ရမှာမဟုတ်ပါဘူး

ဝမ်းလျှောနေတဲ့ကလေး ကို သူရဲ့အစာအိမ် အူလမ်းကြောင်းထဲ ပါးစပ်ကနေဓာတ်ဆား တိုက်ရိုက်ဝင်မှ အကျိုးအာနိသင်ရှိပါမယ်...

💡ဓာတ်ဆားသောက်ပြီးတိုင်း အောက်ကနေဝမ်းအရည်ဘဲသွားလို့ ဆက်မတိုက်လို့ရမလား ❓

လုံးဝ ( လုံးဝ ) မဟုတ်ပါဘူးနော်❌❌

တချို့မိဘတွေစိတ်ထဲမှာ ဓာတ်ဆားတိုက်လိုက်လို့ ဓာတ်ဆားရေတွေဝမ်းထဲပြန်ပါတယ်ထင်နေကြတာပါ

ကလေးက သူ့ဘာသူဝမ်းပျက်နေတဲ့အတွက်သွားစရာရှိတဲ့ဝမ်းတွေဟာ အဆက်မပြတ်သွားနေတာပါ
ဓာတ်ဆားကို တရားခံမရှာပါနဲ့ ..တိုက်တာရပ်လိုက်မှ အကြီးအကျယ်ဒုက္ခရောက်သွားမှာပါ

💡ကလေးဝမ်းလျှောတာ အမြန်သက်သာချင်လို့ ဝမ်းပိတ်ဆေးတိုက် လို့ရမလား ❓

ဝမ်းလျှောနေတဲ့ ကလေးတွေမှာ ဝမ်းပိတ်ဆေး မတိုက်ပါဘူး
မအီမသာဖြစ်ခြင်း အော့အန်ခြင်း အူလှုပ်ရှားမှုနည်းသွားပြီး အူပိတ်ခြင်း စတဲ့ဆိုးကျိုးသာ ပိုများနိုင်ပါတယ်

💡ပိုးသတ်ဆေး ကို ဝမ်းပိတ်ဆေး အနေနဲ့သုံးလို့ရလား ❓

တချို့မိဘတွေက ဝမ်းလျှောပြီဆိုတာနဲ့ ပိုးသတ်ဆေးတန်းတိုက်ထားကြတယ်
တချို့ကလည်း ပိုးသတ်ဆေးကိုဝမ်းပိတ်ဆေး ဆိုပြီး တိုက်ကြပြန်ရော..

ဝမ်းလျှောတဲ့ကလေး အများစုက ဗိုင်းရပ်စ်ပိုးတွေကြောင့် အဖြစ်များကြတော့ အများစုက ပိုးသတ်ဆေးမလိုဘဲ ပြန်ကောင်းကြပါတယ်..

မလိုအပ်ဘဲပိုးသတ်ဆေးပေးခြင်းကလည်း အူနံရံက အကျိုးပြုဘက်တီးရီးယားလေးတွေဒုက္ခပေးနိုင်တော့ ဝမ်းလျှောတာပိုဆိုးစေတတ်ပါတယ်..

တချို့သော ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေမှာတော့ ပိုးသတ်ဆေး လိုကောင်းလိုနိုင်ပါတယ်..ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားမှ သောက်စေချင်ပါတယ်..

💡ကလေးက အစားလုံးဝမစားလို့ အချိုရည်တွေဘဲတိုက်လို့ရမလား❓

ဝမ်းလျှောနေတဲ့ကလေးတွေဟာ အူနံရံလေးတွေယောင်ယမ်း နာကျင်ကြတာမို့ ဗိုက်အောင့် ဗိုက်နာ မအီမသာဖြစ် အော့အန်ပြီး အစားမစားချင်ကြပါဘူး
ဒါ့အပြင် စားသမျှလေးဟာလည်း ပြန်ပြန် အန်တတ်တော့ မိဘတွေအတွက် စိတ်မောစရာပါ

🚫အချိုဓာတ်လွန်ကဲတဲ့ Ready made အချိုရည်တွေမတိုက်သင့်ပါဘူး

✅ကလေးအဟာရဖြစ်ဖို့ နို့စို့ကလေးဆိုရင် နို့များများတိုက်ပေးပါ

✅လတ်ဆတ်တဲ့သစ်သီးဖျော်ရည် လေးတိုက်လို့ရပါတယ်

✅အုန်းစိမ်းရည် ဆန်ပြုတ် စွပ်ပြုတ် ထမင်းရေ တိုက်ကြည့်ပါ

✅ထမင်းရေ ဟာ ဝမ်းလျှောတဲ့ကလေးအတွက် အကျိုးရှိတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေလည်းရှိပါတယ်

ချစ်တဲ့ကလေးတွေကျန်းမာကြပါစေ ♥️

ကလေးချစ်တဲ့ ကလေးဒေါက်တာ 👶


#ချင်းတယ်လီကျန်းမာ

🙏🙏မဂ်လာပါ ရှင်🙏🙏🏩Shwe poppa အထူးကုဆေးခန်းတွင်Online Tele Services ဖြင့် ပြသနိုင်မည့် အထူးကုဆရာ၀န်ကြီးများ၏ ⏰အချိန်စာရင်း...
30/06/2024

🙏🙏မဂ်လာပါ ရှင်🙏🙏
🏩Shwe poppa အထူးကုဆေးခန်းတွင်Online Tele Services ဖြင့် ပြသနိုင်မည့် အထူးကုဆရာ၀န်ကြီးများ၏ ⏰အချိန်စာရင်းများ⏰ကို တင်ပေးလိုက်ပါသည် ရှင့် 💁‍♂️
👨‍⚕ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာ၀န်ကြီး👨‍⚕
================================
ဒေါက်တာဦးအောင်ကျော်ထွန်း
M.B.B.S,M.Med.Sc (Surgery)
MRCS(Edin)UK.Dr.Med.Sc (Urology)
F.L.C.S (Urology)
Fellow in Urology(S'pore&France)
Consultant Urologist
(Mon,Wed,Fri 5:00Pm)
(Sat 8:00Am)
👨‍⚕အထွေထွေရောဂါ အထူးကုသမားတော်ကြီး👩‍⚕
==============================
ဒေါက်တာဦးသန်းဌေးမောင်
M.B.B.S,M.Med.Sc ( Int: Med)
(Tue, Thu - 5:30PM)
👨‍⚕စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး👨‍⚕
============================
ဒေါက်တာဦးနန္ဒမျိုးအောင်၀မ်း
M.B.B.S.M.Med.Sc(MentalHealth)
(Daily - 5:00PM)
👨‍⚕ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ👩‍⚕
=================================
ဒေါက်တာ ဦးစည်သူလွင်
M.B.B.S Certificate of Cardiology (Moscow)M.Med.Sc (Int:Med),MRCP(UK)Fellowship in Neurology ( UMMC),Dr.Med.Sc ( Neurology)
(Mon toFri 7:30Am)
(Sat:Sun 9:00Am)
👨‍⚕️👩‍⚕️�ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေသောကပ်ရောဂါဆိုးကြီးမှ မိတ်ဆွေများအားလုံး အမြန်ဆုံးဖြတ်ကျော်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။👨‍⚕️👩‍⚕️
အထူးကုဆရာဝန်ကြီးများနှင်.​ဆေးခန်းပြရာတွင်မိတ်ဆွေများအားလုံးဤဖုန်းနံပါတ်များဖြင်.အလွယ်တကူငွေလွှဲပေးနိုင်ပါသည်။
09-886920455(K Pay) (Daw Ei Ei Chaw)
09-886920455(Wave Money Accont)
👉အသေးစိတ်စုံစမ်းမေးမြန်းလိုပါက👈
=========================
☎️019-556001,556002,556316
📞09-889890144သို.ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Fb_link-ZbWKwL
SpecialistClinic
Email: shwepoppaspecialistclnic@gmail.com

WhatsApp : https://whatsapp.com/channel/0029VadIO46Gk1FkYXdllS0A

telegram : https://t.me/Shwepoppaspecialclinic

Viber : https://invite.viber.com/?g2=AQBJ8WQvL3AgF1MOebCvHc%2FbRKsDt3mqrVChQfikA%2Fd6Sl4O1tvOkHwuvJK52hFp

W1) ရန်ကင်းပန်းခြံအိမ်ရာ၊ဆရာစံလမ်းမကြီး၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

☎️019-556001,556002,556316 📞09-889890144သို.ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🙏🙏 မင်္ဂလာပါ🙏🙏 🏥 ရွှေပုပ္ပါးအထူးကုဆေးခန်းရှိ ဆရာ၀န်ကြီးများ၏ OPDအချိန်စာရင်းများကို updates တင်ပေးလိုက်ပါတယ် ရှင့်💁👨‍⚕အထ...
30/06/2024

🙏🙏 မင်္ဂလာပါ🙏🙏
🏥 ရွှေပုပ္ပါးအထူးကုဆေးခန်းရှိ ဆရာ၀န်ကြီးများ၏ OPDအချိန်စာရင်းများကို updates တင်ပေးလိုက်ပါတယ် ရှင့်💁
👨‍⚕အထွေထွေနှင့်ဆီးကျောက်ခွဲစိတ်အထူးကုဆရာဝန်👨‍⚕
==================================

ဒေါက်တာဦးအောင်ကျော်ထွန်း
M.B.B.S,M.Med.Sc (Surgery)
MRCS(Edin)UK.Dr.Med.Sc (Urology)
F.L.C.S (Urology)
Fellow in Urology(S'pore&France)
Consultant Urologist
(Mon,wed,Fri, 5:00pm)
(Sat - 8:00am)

ဒေါက်တာ ဦးအောင်
M. B. B. S,(Ygn),M. Med. Sc(Surgery),M. R. C. S(Edin),Dr. Med. Sc (Urology) Dip in Communication & Med;Ethic (UM2) ThinganGyune San Pya Hospital
( Sat - 8:30 AM)

ဒေါက်တာဦးအောင်သော်ဟိန်း
M. B. B. S,(Ygn),M. Med. Sc(Surgery),M. R. C. S(Edin). Fellowship in Urology(singapore)
(Mon,Wed,fri, -4:00pm)

ဒေါက်တာဦးရဲလင်းထွန်း
M.B.,B.S,M. Med.Sc(Surgery),Dip.Med.Ed
MRCSEd(UK),Dr.Med.Sc(Urology)
Fellowship in Urology (Singapore)
Consultant Urologist
(Tue,Thu,Sat - 4:30PM)

ဒေါက်တာဦးဝေဖြိုးအေး
M. B. B. S,M. Med. Sc(surgery),M. R. C. S(Ed),Uk,DR. Med. Sc(Urology)
(Daily -5:00pm)

ဒေါက်တာဦးလင်းထွဠ်
M.B.,B.,B.S,Dip.Med.Sc ( General Surgery)
M.Med.Sc (General Surgery)
MRCS (Edin)
(Mon to Fri - 4:00PM)

ဒေါက်တာမင်းကြွယ်စိုး
M.B.B.S,M.Med.Sc(Surgery),Dr.Med.Sc
(Urology)
(Mon,Wed,Fri-4pm)

ဒေါက်တာ ဇေယျာဦး
M.B.B.S,MM.Med.Sc(Urology)
(Tue.Thu.Sat.5pm)

👨‍⚕ဆီးကျောက်ကပ် အထွေထွေရောဂါ အထူးကုသမားတော်ကြီး👨‍⚕
================================

ဒေါက်တာဦးအောင်ကိုလွင်
M. S.,B. S,M. Med. Sc ( Int: Med) ,
MRCP,Dr. Med. Sc ( Nephrology)
(Tue,Sat - 4PM)

👨‍⚕အထွေထွေရောဂါ အထူးကုသမားတော်ကြီး👩‍⚕
==============================

ဒေါက်တာဦးသန်းဌေးမောင်
M.B.B.S,M.Med.Sc(Int:Med)
(Tue,Thu 5:30pm)

ဒေါက်တာ တေဇာစိုးမြင့်
M.B.,B.S,M.Med.Sc (Int - Medicine)
အထွေထွေရောဂါကုသမားတော်
(Daily-5pm)

ဒေါက်တာသန်းစိုး
M.B.B.S / M.Med.Sc(Int.Med.)
အထွေထွေရောဂါကုသမားတော်ကြီး
(Mon to Sat - 9am to 12 pm)

👨‍⚕ဆီးချို သွေးချိုနှင့် အထွေထွေရောဂါ အထူးကုသမားတော်👨‍⚕
=================================

ဒေါက်တာဦးဇင်မျိုးလတ်
M.B.B.S,M.Med.Sc (Int:Med),M.R.C.P ( UK),M.R.C.P( Landon),MACP,MRCP(Endocrinology and Diabetes)
Certificae in Advanced Endocrinology (MyoClinic,USA)
(Daily - 8AM)

ဒေါက်တာဦးသန်းထွန်းအောင်
M.B.,B.S,M.Med.Sc ( Int: Med)
M.R.C.P(UK)
(Mon to Fri - 7:00PM -8:00PM)
(Sat,Sun- 8:00AM)

👨‍⚕ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ👩‍⚕
=================================

ဒေါက်တာ ဦးစည်သူလွင်
M.B.B.S Certificate of Cardiology (Moscow)M.Med.Sc (Int:Med),MRCP(UK)Fellowship in Neurology ( UMMC),Dr.Med.Sc ( Neurology)
(Sat.Sun - 7:30AM)

ဒေါက်တာဦးသက်မောင်မောင် M.B.,B.SM.Med.Sc(Neurosurgery)
North Okkalapa general hospital
(Mon to Fri 4:00pm)

👨‍⚕နား နှာခေါင်း လည်ချောင်း အထူးကုဆရာ၀န်ကြီး👩‍⚕
==================================

ဒေါက်တာ ဇာဇာမိုး
M.B.B.S,M.Med.Sc(ENT)
(Tue,Thu,Sat, 9am to 12pm)

ဒေါက်တာတေဇာလင်း
M.B.B.S,M.Med.Sc(ENT)
(Mon,Fri,- 7pm)

👨‍⚕အရေပြားအထူးကုဆရာဝန်ကြီး👨‍⚕
=============================

ဒေါက်တာ မြစန္ဒာခိုင်
Associate Professor / Consultant Dermatology,Consultant Aesthetice Specialist, M.B.,B.S.,Diploma in Dermatology(BKK)Diploma in Aesthetic Medicine(AAAM) M.Med.Sc.(Dermatology)
M.Med.Sc (Public Health)
(Mon,Wed,Fri - 1 pm)

ဒေါက်တာဇာဖြူကြည်
M.B.B.S,(Ygn),M.Med.Sc(Dermatology)
(Sat,Sun,Tue,-8AM)

ဒေါက်တာစန္ဒာတင်
M.B.B.S,(Ygn),M.Med.Sc(Dermatology)
(Mon,Thu,-4:00PM)

👨‍⚕အထွေထွေနှင့်နှလုံးအထူးကုသမားတော်ကြီး👨‍⚕
=============================

ဒေါက်တာ ဦးမြင့်သိန်း
M.B.B.S,(Ygn),M.Med.Sc(Int:Med),Dr.Med.Sc (Cardiology)MRCP ( UK), MRCPE,Fellowship in Interventional Cardiology,(ISIC)
( Sun - 6:00PM)

👨‍⚕အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီး👩‍⚕
===================================

ဒေါက်တာသူရိန်ကျော်မြင့်
M.B.B.S(Ygnn),MMedSc(surgery)
MRCSED,DipMedEdu,fellowship in
Colorectal Surgery(UMMC),
Fellowship in liver transplantation
and HBP Surgery (GGHC)
(Daily - 5:00 PM)

👨‍⚕အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး
==================================

ဒေါက်တာခွန်ညီညီ
M.B.B.S,M.Med.Sc(Int:Med),Dr.Med.Sc
(Gasroenterology)
(Daily-4:30pm)

ဒေါက်တာ လက်ျာဖြိုးဟန်
M.B.B.S,M.Med.Sc(Int:Med),Dr.Med.Sc
(Gasroenterology)
(Mon to Fri -5pm)

👨‍⚕လေးဘက်နာ အထူးကု သမားတော်ကြီး👩‍⚕
==============================

ဒေါက်တာ ထက်အောင်ဆွေ
M,B.,B.S , M.Med.Sc (Int. Med), Diploma in Infectious Diseases (SMA), Dr.Med.Sc (Rheumatology)
(Mon day to Fri - 5pm )

👨‍⚕အသည်းသည်းခြေ ပန်ကရိယ နှင့်အထွေထွေခွဲစိတ်ဆရာ၀န်ကြီး👨‍⚕
===================================

ဒေါက်တာ ဦး၀င်းကျော်ဦး
M.B.B.S.M.Med.Sc(Surgery),Fellowship in HBP Surgery,and liver Transplantation ( India)
(Daily - 5:00PM)

ဒေါက်တာ ဦးစိုးမင်းအေး
M.B.B.S,(Ygn),M.Med.Sc(Surgery),MRCS,Ed(UK),
Fellowship in Liver transplatation and HBP Surgery (India)
(Tue.Thu.Sat.Sun, 4pm to 6pm)

👨‍⚕အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီး👨‍⚕
=======================

ဒေါက်တာဦးသန်းဆွေ
M.B.B.S,Dip.Med.Sc(TB-Chest Diseure
C.T.C(Japan) I.C.A.P (Japan)
(Daily - 7:00AM)

👨‍⚕အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီး👨‍⚕
==============================

ဒေါက်တာကေခိုင်စောလွင်
M.B.B.S,(Ygn),M.R.C.S (Edin),Dr.Med.Sc
(Thoracic Surgery)
(Mon,Wed,Fri - 5:00pm)

👨‍⚕ကင်ဆာ ဓာတ်ရောင်ခြည် အထူးကု ဆရာ၀န်ကြီး👨‍⚕
===================================
ဒေါက်တာ ဦးကောင်းမြတ်ရွှေ
M.B.B.,S.Dipiema in Radiotherapy(Moscow State University)
M.Med.Sc (Radiation Oncologyl)
Consultant Cilnical Oncoiogist
(Sat,Sun - 9:00AM to 12:00PM)

ဒေါက်တာမင်းကျော်သိန်း
M.B.B.S,M.Med.Sc(Radiation Oncology)
Assistant Lecture/Radiatic Oncologist
(Tue,Thu-5pm)

👨‍⚕ကလေးအထွေထွေရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီး
==================================

ဒေါက်တာဦးလိူင်းဇော်ထက်
M. B. B. S. Mmed. Sc(paed, Surgey)
(Daily- 4:00PM)

👨‍⚕ကလေးအထူးကုဆရာဝန်ကြီးများ👩‍⚕
=======================

ဒေါက်တာဦးတင့်ထွန်းလွင်
M. B. B. S. M. Med. Sc(Paed)
(Tue,Thu,Sat,Sun-8Am)

ဒေါက်တာဟန်သီထင်
ကလေးအထူးကုဆရာဝန်
(Mon,Wed,Fri-5:00 pm) On call

👨‍⚕အရက်မူးယစ်ဆေးဝါး နှင့် စိတ်ကျန်မာရေးအထူးကုဆရဝန်ကြီး👨‍⚕
============================
ဒေါက်တာနန္ဒမျိုးအောင်ဝမ်း
M.B.B.S,M.Med.Sc(Menta Health)
အရက်မူးယစ်ဆေးဝါးနှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်
(Daily - 5:00PM)

ဒေါက်တာကျော်ဇင်သူ
M.B.,B.S,M.Med.Sc (Mental health)
Graduate Diplioma in Clinial psychology
အရက်မူးယစ်ဆေးဝါးနှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်
(Tue,Fri -4PM )

👨‍⚕သားဖွား နှင့် မီးယပ်အထူးကုဆရာဝန်ကြီးများ👩‍⚕
===============================

ဒေါက်တာဒေါ်ဌေးဌေးကြူ
M.B.B.,S(Ygn),M.Med.Sc (OG)
(Daily - 10:00AM to 4:00AM)

ဒေါက်တာဦးဝေဖြိုး
M. B. B. S,M. Med,Sc(OG)
MRC. OG (UK)
(Mon to Fri. -4:00pm)

ဒေါက်တာနီလာထူး
M.B.B.S,(Ygn),M.Med.Sc(OG)
(Mon,Thu,Fri, 5pm)

ဒေါက်တာဒေါ်မိုးမိုးအေး
M. B. B. S. M. Med. Sc(OG)
(Fri-5:00PM)

ဒေါက်တာဝင်းဝင်းအေး
M. B. B. S. M. Med. Sc(OG)
(Sat, Sun -4:00PM)

ဒေါက်တာဒေါ်လွင်လွင်ဝင်း
M. B. B. S. M. Med. Sc. (OG)
(Sun -12:00PM)

ဒေါက်တာပြည့်ဖြိုးအောင်
M. B. B. S. M. Med. Sc(OG)
(Daily - 5pm)

ဒေါက်တာ ကြည်ကြည်စံ
M. B. B. S. M. Med. Sc(OG)
(Sun,Tue - 4pm)

ဒေါက်တာ ရီရီနိုုင်
M. B. B. S. M. Med. Sc(OG)
(Tue-6pm,Fri,Sun-7am)

👨‍⚕ထိခိုက်ဒါဏ်ရာနှင့်အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး👨‍⚕
================================

ဒေါက်တာ ငြိမ်းလွင်ဦး
M.B,B.S,M.Med.Sc (Ortho)
(Daily -5pm) Oncall

ဒေါက်တာ ချစ်မျိုးသွင်
M.B.B.S,(Mgy),M.Med.Sc(Ortho)
(Daily -4:00PM)

👨‍⚕အကြောအဆစ်ပြန်လည်သန်စွမ်းရေးဆရာဝန်ကြီး👩‍⚕
==============================

ဒေါက်တာမေမီခင်
M,B,B,S M Med Sc Dr Med Sc
Rehabilitation Medicine Dip Med Ed
(Mon to Sat -5pm)

👨‍⚕အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး👩‍⚕
===========================

ဒေါက်တာ ဦးလှမင်းဦး
M. B.B.,B.S.,M.Med.Sc(Surgery),MRCSED
(Mon to Fri - 4:30PM),( Sat,Sun - 4:00PM)

ဒေါက်တာသင်းယုမွှေး
M.B.B.S,M.Med.Sc (Surgery)
(Sat,Sun- 5:00PM)

ဒေါက်တာ နေမျိုးထွဋ်
M.B.B.S,M.Med.Sc (Surgery)
(Mon to Fri-5pm)(Sat to Sun-9am)

အသည်းအထူးကု သမားတော်ကြီး👩‍⚕
========================

ဒေါက်တာဒေါ်အေးမွန်ဦး
M.B.B.S,M.Med.Sc ( Internal Medicine Lecturer)
(Thu- 4:00PM)

👨‍⚕ဓာတ်မှန်ဘက်ဆိုင်ရာဆရာဝန်ကြီး👩‍⚕
=======================

တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်နှင်းပန်းညွန်.
M. B. B. S,D. M. R. D,M. Med,Sc(Radiology)
Associate professor Consultant Radiologist)
(Daily - 3:30PM)

👨‍⚕အထွေထွေဆရာဝန်များ👩‍⚕
************************

ဒေါက်တာဒေါ်သင်းသင်းမြင့်သန်း

ဒေါက်တာကောင်းထက်ဝေ

ဒေါက်တာစိုးစန္ဒာလင်း

ဒေါက်တဥာဏ်မင်း

🙏🙏ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေသောကပ်ရောဂါဆိုးကြီးမှ မိတ်ဆွေများအားလုံး အမြန်ဆုံးဖြတ်ကျော်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏
👉အသေးစိတ်စုံစမ်းမေးမြန်းလိုပါက👈
==========================
☎️019-556001,556002,556316
📞09-889890144သို.ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Fb_link-ZbWKwL
SpecialistClinic
Email: shwepoppaspecialistclnic@gmail.com

WhatsApp : https://whatsapp.com/channel/0029VadIO46Gk1FkYXdllS0A

telegram : https://t.me/Shwepoppaspecialclinic

Viber : https://invite.viber.com/?g2=AQBJ8WQvL3AgF1MOebCvHc%2FbRKsDt3mqrVChQfikA%2Fd6Sl4O1tvOkHwuvJK52hFp

W1) ရန်ကင်းပန်းခြံအိမ်ရာ၊ဆရာစံလမ်းမကြီး၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

☎️019-556001,556002,556316 📞09-889890144သို.ဆက်သွယ်မေးမြန်းနိုင်ပါသည်။

20/06/2024

🙏🙏မဂ်လာပါ ရှင်🙏🙏
Shwe poppa အထူးကုဆေးခန်းတွင်Online Tele Services ဖြင့် ပြသနိုင်မည့် အထူးကုဆရာ၀န်ကြီးများ၏ အချိန်စာရင်းများကို တင်ပေးလိုက်ပါသည် ရှင့်
ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာ၀န်ကြီး
================================
ဒေါက်တာဦးအောင်ကျော်ထွန်း
M.B.B.S,M.Med.Sc (Surgery)
MRCS(Edin)UK.Dr.Med.Sc (Urology)
F.L.C.S (Urology)
Fellow in Urology(S'pore&France)
Consultant Urologist
(Mon,Wed,Fri 5:00Pm)
(Sat 8:00Am)
အထွေထွေရောဂါ အထူးကုသမားတော်ကြီး
==============================
ဒေါက်တာဦးသန်းဌေးမောင်
M.B.B.S,M.Med.Sc ( Int: Med)
(Tue, Thu - 5:30PM)
စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး
============================
ဒေါက်တာဦးနန္ဒမျိုးအောင်၀မ်း
M.B.B.S.M.Med.Sc(MentalHealth)
(Daily - 5:00PM)
ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ
=================================
ဒေါက်တာ ဦးစည်သူလွင်
M.B.B.S Certificate of Cardiology (Moscow)M.Med.Sc (Int:Med),MRCP(UK)Fellowship in Neurology ( UMMC),Dr.Med.Sc ( Neurology)
(Mon toFri 7:30Am)
(Sat:Sun 9:00Am)
ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေသောကပ်ရောဂါဆိုးကြီးမှ မိတ်ဆွေများအားလုံး အမြန်ဆုံးဖြတ်ကျော်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အထူးကုဆရာဝန်ကြီးများနှင်.ဆေးခန်းပြရာတွင်မိတ်ဆွေများအားလုံးဤဖုန်းနံပါတ်များဖြင်.အလွယ်တကူငွေလွှဲပေးနိုင်ပါသည်။
09-886920455(K Pay) (Daw Ei Ei Chaw)
09-886920455(Wave Money Accont)
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
=========================

019-556001,556002,556316
09-889890144သို.ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Fb_link-ZbWKwL
SpecialistClinic
Email: shwepoppaspecialistclnic@gmail.com

WhatsApp : https://whatsapp.com/channel/0029VadIO46Gk1FkYXdllS0A

telegram : https://t.me/Shwepoppaspecialclinic

W1) ရန်ကင်းပန်းခြံအိမ်ရာ၊ဆရာစံလမ်းမကြီး၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

Vaxigrip Tetra 2024လေးမျိုးစပ်တုပ်ကွေး ကာကွယ်ဆေး ရွှေပုပ္ပါးဆေးခန်းတွင် ထိုးလို့ရပါပြီရှင့်စိတ်ချရသော Cold chainဖြင့် သေ...
26/04/2024

Vaxigrip Tetra 2024လေးမျိုးစပ်တုပ်ကွေး ကာကွယ်ဆေး
ရွှေပုပ္ပါးဆေးခန်းတွင် ထိုးလို့ရပါပြီရှင့်

စိတ်ချရသော Cold chainဖြင့် သေချာစွာ ထားရှိပါသည်

💉 💉 ရာသီတုပ်ကွေး ကာကွယ်ဆေး ၂၀၂၄

📕 ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ။

✅ အသက် ၆၅ နှစ်အထက် လူကြီးများ

✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ

✅ ကျောင်းနေစအရွယ် ကလေးငယ်များ

✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ

✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ

✅ ကင်ဆာ ဝေဒနာရှင်များ

✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ

✅ အဆုတ်ရောဂါ ဝေဒနာရှင်များ

✅ ဆေးလိပ်သောက်သုံးသူများ

✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ

✅ ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

📕 ကလေးတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ ဘာတွေ လိုက်နာရမလဲ။

✅ Vaxigrip Tetra 2024 ဆေးအမျိုးအစားအတွက် -

💉 အသက် ၆ လ မှ ၁၇ နှစ်အထိ ကလေးများ တုပ်ကွေးကာကွယ်ဆေး 0.5 ml ပါဝင်သော အရန်သင့်ထိုးဆေး ၁ လုံး ထိုးနှံ၍ ရပါသည်။

💉 ယခုမှ တုပ်ကွေးကာကွယ်ဆေး ပထမဆုံးစထိုးမည့် အသက် ၉ နှစ်အောက် ကလေး ဖြစ်ပါက ပထမဆေးထိုးနှံပြီး နောက်ထပ် ၄ ပတ် အကြာတွင် နောက်ထပ် ဆေး ၁ လုံး ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

💉 အသက် ၆ လ အောက် ကလေးငယ်များကို ထိုးနှံ၍ မရပါ။

📕 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား။

💉 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

💉 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။
Crd

ဆေးတန်ဘိုး-50000
ဆေးထိုးခအပြီးအစီး-56000

စုံစမ်းလိုပါက အောက်ပါ ဌာန Ph များသို့ စုံစမ်းမေးမြန်းပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်ရှင့်
Reception ph-
019 556316, 019 556001,019 556002
09889890144
Pharmacy&cashier-09886920455
Laboratory-09880685228
X ray-0984035928
Home service-0984035928

ရွှေပုပ္ပါးအထူးကုဆေးခန်း
W1, ရန်ကင်းပန်းခြံအိမ်ရာ
ရန်ကင်းစင်တာဘေး
ဆရာစံလမ်းမကြီး
ရန်ကင်းမြို့နယ်

Address

Yangon
11081

Website

Alerts

Be the first to know and let us send you an email when Shwe Poppa Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Poppa Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category