Thet Paing Soe Company

Thet Paing Soe Company We would like to provide customer services to be Efficient & Quality ones to our valuable customers.

We provide efficient delivery service within 48 Hrs, for urgent delivery, we can provide same day service.

ကိုယ်ဝန်ဆောင်စဥ် သကြားဓာတ်များခြင်း (Gestational Diabetes) (၁)။မေမေတို့ရေ Gestational Diabetes ဆိုတာကတော့ မေမေတို့ အနေနဲ...
27/02/2024

ကိုယ်ဝန်ဆောင်စဥ် သကြားဓာတ်များခြင်း
(Gestational Diabetes) (၁)။

မေမေတို့ရေ Gestational Diabetes ဆိုတာကတော့ မေမေတို့ အနေနဲ့ ကလေး လေးကို လွယ်ထားရချိန် ကိုယ်ဝန်ဆောင်စဥ်မှာ ဆီးချိုတက်လာခြင်းကို ဆိုလိုပါတယ်။ ယခင်က ဆီးချိုမရှိခဲ့သော်လည်း ကိုယ်ဝန်ဆောင်သော အခါမှသာ ဆီးချိုတက်လာခြင်းကို Gestational Diabetes ဆိုပြီးခေါ်လိုက်တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းရဲ့ သတ်မှတ်ချက်အရဆို မနက်ခင်း အစာမစားမီ ဆီးချိုစစ်တဲ့အခါ 7.8 mmol/L ထက်ပိုများနေမယ် (သို့မဟုတ်) 75gm ရှိတဲ့ Glucose သောက်ပြီး ၂နာရီ ကြာတဲ့အခါ စစ်ရင် 11.1mmol /L ထက်ပိုများ နေခဲ့မယ် ဆိုရင် ကိုယ်ဝန်ဆောင်စဥ် ဆီးချိုတက်ခြင်း (Gestational Diabetes) စပါပြီလို့ ပြောလို့ ရပါတယ်။

ကိုယ်ဝန်ဆောင်စဥ် သွေးတွင်းမှာ သကြားဓာတ်များ နေခြင်းက မိခင်ကိုရော၊ ကလေးကိုပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
သတင်းကောင်းတော့ ရှိပါတယ်။ ဒါကတော့ Gestational Diabetes ဖြစ် နေတဲ့ မေမေဟာ ဆရာဝန်က ညွှန်ကြား တဲ့အတိုင်း အစားအစာထိန်းမယ်၊ ထိုက်သင့်မျှတတဲ့ အားကစား လေ့ကျင့်ခန်းလုပ်မယ်၊ လိုအပ်ခဲ့ရင် ဆေးသောက်မယ် ဆိုရင်တော့ ​နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလဲ တားနိုင်သလို၊ ကလေးရော အမေရော ထိခိုက်မှု မရှိနိုင်ပါဘူး။

🖍🖍 လက္ခဏာတွေက ဘာတွေလဲ။

ကိုယ်ဝန်ဆောင်စဥ် ဆီးချိုတက်ခြင်းမှာ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူးတဲ့။
ဒါပေမဲ့ စိတ်မပူပါနဲ့။ မေမေတို့ ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်ဆီသာ မှန်မှန် သွားပါ။
သူကပဲ စစ်ဆေး ပေးပါလိမ့်မယ်။

ကိုယ့်အမျိုးထဲမှာလဲ ဆီးချိုက ရှိနေတယ်။ ကိုယ်ကလဲ သိပ်စိတ်ပူရင်တော့ ကိုယ်ဝန်စယူကတည်းက ဆီးချို မကြာခဏ ဖောက်ပေးနိုင်ပါတယ်။ ဆရာဝန်ကိုလဲ တောင်းဆိုနိုင်ပါတယ်။

🖍🖍 ဘာကြောင့် ဖြစ်ရသလဲ။

အတိအကျ မသိရသေးပေမဲ့ ဖြစ်နိုင်တဲ့ အရာတွေကို ရှင်းပြ ပေးပါ့မယ်ဆိုပြီး လေ့လာ စမ်းသပ်တဲ့ စာစောင်တွေက ပြောပြကြတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်က အစားအစာ တစ်ခုကို စားလိုက်တဲ့အခါ ဒီအစားအစာတွေက သွေးထဲမှာ Glucose အဖြစ် ပြောင်းတယ်။ ဒီ Gluose ဆိုတဲ့ အချိုဓာတ်ကို ပြန်ဖျက်ဖို့ ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ဟော်မုန်းကို ထုတ်ပေးတယ်။
ကိုယ်ဝန်ဆောင်တဲ့ အခါမှာ မေမေတို့ရဲ့ အချင်းက နေပြီးတော့ ဟော်မုန်းတွေ အများကြီး ထွက်တယ်။
ကိုယ်ဝန်ဆောင်စဥ် ထွက်သမျှ ဟော်မုန်း တွေအကုန်လုံးက ဒီအင်ဆူလင်ကို ပြန်ဖျက်ကြတယ်။
ဒီတော့ အင်ဆူလင် နည်းလာတယ်။ အင်ဆူလင် နည်းလာတော့ သွေးတွင်း သကြားဓာတ် များလာတယ်။
ကိုယ်ဝန်က ရင့်လေလေ ဒီဟော်မုန်းတွေ များများထွက်လေလေပဲမို့ ကိုယ်ဝန်ရဲ့ နောက်ပိုင်းလတွေ အတိအကျအားဖြင့် ကိုယ်ဝန် အပတ် ၂၀ ခန့်က စပြီး မေမေတို့ရဲ့ သွေးတွင်း သကြားဓာတ်ဟာ များများလာပါသတဲ့။
ဒါနဲ့ပဲ ကိုယ်ဝန်ဆောင်စဥ် သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး Gestational Diabetes ဆိုပြီး ဖြစ်လာတာပါပဲ။

သို့သော် ကလေးမွေးပြီးတာနဲ့ မေမေတို့ဆီမှာ အချင်းလဲ မရှိတော့တာကြောင့် ဟော်မုန်းတွေလဲ မထွက်တော့ သလို သွေးတွင်းသကြားဓာတ်လဲ ပြန်နည်းသွားပါတယ်။

ကလေး မွေးပြီးတာနဲ့ မေမေတို့ဟာ အရင်လို လူကောင်း အခြေအနေကိုပဲ ပြန်ရောက်မှာပါ။ စိတ်မပူပါနဲ့ ။

🖍🖍 ဘယ်သူ တွေမှာ ဖြစ်နိုင်လဲ။

ကိုယ်ဝန်ဆောင်မေမေတိုင်း ဖြစ်နိုင်ပါတယ်။ သို့သော် ပျမ်းမျှ အားဖြင့် ဘယ်သူတွေမှာ အဖြစ်များလဲ ဆိုတာတော့ ဖော်ပြလိုက်ရပါတယ်။
အရမ်းဝတဲ့ မေမေတွေ (BMI က ၃၀ ကျော်နေရင် အဖြစ်များပါတယ်)
မိသားစု ထဲမှာ ဆီးချိုရောဂါ ဖြစ်တဲ့ သူတွေ ရှိရင်
မေမေတို့ရဲ့ မိသားစုဖြစ်တဲ့ ဖေဖေ မေမေတွေ မောင်နှမတွေ အဒေါ် တွေမှာ သက်ကြီးဆီးချို Type 2 Diabetes ရှိရင် ကိုယ်ဝန်ဆောင်စဥ် သကြားဓာတ်များခြင်း (Gestational Diabetes) ဖြစ်နိုင်ခြေ များပါတယ်။
အရင် ကိုယ်ဝန်တွေတုန်းက မွေးတဲ့ ကလေးတွေက မွေးစပေါင်ချိန်ဟာ အလေးချိန် 4.5 kg ထက်များနေရင်လဲ ဒီကိုယ်ဝန်မှာ ကိုယ်ဝန်ဆောင်စဥ် ဆီးချို တက်ခြင်း (Gestational Diabetes) ဖြစ်နိုင်ပါတယ်။
အရင် ကိုယ် ဝန်တွေတုန်းက အကြောင်းအရင်းမရှိပဲ ကလေးအသေလေးတွေ မွေးဖွားခဲ့ဖူးရင်။
အရင်ကိုယ်ဝန် တွေ တုန်းက ကလေး တွေဟာ မွေးရာပါ ချို့ ယွင်းချက်ရှိတဲ့ ကလေးတွေ ဖြစ်နေခဲ့ရင် ဒီကိုယ်ဝန်မှာလည်း ကိုယ်ဝန်ဆောင်စဥ် ဆီးချိုတက်ခြင်း (Gestational Diabetes) ဖြစ်နိုင်ချေ များပါတယ် မေမေတို့ရေ။

မေမေတို့ရေ ဒီတစ်ပုဒ်မှာတော့ ကိုယ်ဝန်ဆောင်စဥ် သကြားဓာတ်များခြင်း (Gestational Diabetes) ရဲ့ လက္ခဏာတွေ၊ ဖြစ်ရတဲ့ အကြောင်းရင်းတွေ ဘယ်သူတွေမှာ အဖြစ်များလဲဆိုတာကို ဖော်ပြခဲ့ ပြီး နောက်တစ်ပုဒ်မှာတော့ ဆိုးကျိုးတွေ၊ ကာကွယ်ရမဲ့ နည်းလမ်းတွေနဲ့ မွေးဖွားရန် လမ်းညွှန်တွေကို ဖော်ပြပေးသွားပါမယ်။

Dr.MKK
::::::::::::::::::::::::::::::::

"ရေမွှာ စောပေါက်တယ်၊ ရေဆင်းတယ် ဆိုတာ"မေမေတို့ရေ ဗိုက်ထဲမှာ သားသားမီးမီးလေးတွေဟာ သားအိမ်ထဲမှာ နေတာ သိပြီးသား ဖြစ်ပါတယ်။ဒီ...
08/02/2024

"ရေမွှာ စောပေါက်တယ်၊ ရေဆင်းတယ် ဆိုတာ"

မေမေတို့ရေ ဗိုက်ထဲမှာ သားသားမီးမီးလေးတွေဟာ သားအိမ်ထဲမှာ နေတာ သိပြီးသား ဖြစ်ပါတယ်။
ဒီ သားအိမ်ကြီးထဲမှာ နေရင်းကိုပဲ မေမေတို့ ချော်လဲ ကျရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ဗိုက်ကို ကန်ကျောက်မိရင်ပဲ ဖြစ်ဖြစ် သားအိမ်ထဲက သားသား မီးမီးလေးတွေကို မထိခိုက်ဖို့ ရေမွှာဆိုတာကြီးက Cushion လို အနေအထားမျိုးနဲ့ ကာကွယ်ပေးထားပါသတဲ့။ တော်ရုံ ထိခိုက်မှုနဲ့တော့ ကလေးကို မထိခိုက်စေရဘူးပေါ့။

သို့သော်လဲ ပဲ မွေးတော့မယ် ဆိုတဲ့အခါ သားသားမီးမီးလေးတို့ဟာ တင်ပါးရိုးခွင်ကနေတဆင့် မေမေ့ခန္ဓာကိုယ်အပြင်ဘက်ကို တိုးထွက်ရပါတယ်။ အဲ့လို တိုးထွက်တဲ့ အခါ ရေမွှာအိတ်ကြီးဟာ ဂွမ်းကနဲ ကွဲ ထွက်မှသာ ကလေးလေးဟာ အပြင်ရောက်နိုင်ပါတယ်။ သို့မဟုတ်ပါက ရေမွှာအိတ်က ပိတ်နေပါလိမ့်မယ်။
ဒါကြောင့် ဒီ ရေမွှာ အိတ်ကြီး ပေါက်တဲ့အချိန်ဟာ ကလေး မွေးတဲ့ အချိန်သာ ဖြစ်ရပါမယ်။ အဲ့လိုမဟုတ်ပဲ ကလေး မွေးဖို့ အချိန်မရောက်သေးပဲ ရေမွှာအိတ် ကွဲခြင်းကိုတော့ ရေမွှာ စောပေါက်တယ် ဆိုပြီး ခေါ်ပါတယ်။

🔗🔗ဘယ်သူတွေမှာ ရေမွှာ စောပေါက်ခြင်း ဖြစ်တတ်သလဲ။

အရင်ကိုယ်ဝန်တွေတုန်းကလဲ ကလေး စောမွေးထားတဲ့ သူတွေ၊
အမွှာပူး ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေ၊
ကိုယ်ဝန်ဆောင်စဥ် သွေး ခဏခဏဆင်းထား သူတွေ၊
အသက်ငယ်လွန်းတဲ့ ကိုယ်ဝန်သည် မေမေတွေ၊
ဆေးလိပ်သောက်တဲ့ မိခင်တွေ၊
ပိန်လွန်းသူ ကိုယ်ဝန်သည် မေမေတွေ (BMI.. 19 အောက် နည်းသူတွေ)
ဟာ ဆိုရင်တော့ ရေမွှာ စောပေါက်ဖို့ အခွင့်အလမ်း ရှိ သူ တွေပါပဲတဲ့။

🔗🔗ရေမွှာ စောပေါက်တာ ဘယ်လိုသိမလဲ။

မေမေတို့ဟာ ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ မိန်းမကိုယ်ကနေ အရည်ကြည်တွေ ထွက်လာတာကို သိရှိ ခံစားရမှာပဲ ဖြစ်ပါတယ်။

🔗🔗ဘာနဲ့ မှားတတ်လဲ။
တခါတလေ ရယ်ရပါတယ်။
မေမေတို့ ဆီးသွားတာနဲ့လဲ မှားတတ်ပါတယ်။ မိန်းမကိုယ်ကနေ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့လဲ မှားတတ်ပါတယ်။

🔗🔗တိကျသေချာ သိဖို့ ဘယ်လို လုပ်ရမလဲ။

မေမေတို့အနေနဲ့ စိတ်ပူတယ် ဆိုရင်တော့ ဆရာဝန်ဆီ သွားပြရပါမယ်။ ဆရာဝန်ကနေပြီးတော့ မိန်းမကိုယ်ကို စမ်းတဲ့အခါ ကြည့်တဲ့အခါမှာတော့ သားအိမ်ခေါင်း အဝကနေ အရည်တွေစိမ့်ထွက်နေတာ မြင်ရင်တော့ ဒါဟာ ရေမွှာ စောပေါက်တာပဲ လို့ ကြိမ်းသေ ပြောလို့ရပါပြီ။
ပြီးရင်လဲ အာထရာဆောင်း (Ultrasound)ရိုက်ကြည့်လို့ ရပါတယ်။ ရေမွှာ နည်းနေတာကို တွေ့ရပါလိမ့်မယ်။

🔗🔗စိုးရိမ်ရလား၊ ဘာလုပ်ရမလဲ။

ရေမွှာ ပေါက်တယ်ဆိုတာ အရေးကြီးတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် မေမေတို့ ရေမွှာ ပေါက်တာ ကြိမ်းသေရင် ဆေးရုံကို သွားမှ ရပါလိမ့်မယ်။

🔗🔗နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ။

အချိန်မီ မှန်ကန်တဲ့ ကုသမှု မယူရင် ရေမွှာ ပေါက်ရာကနေ ပိုးဝင်တတ်ပါတယ်။ ဒါက အတော် ကြောက်ရတဲ့ အနေအထား တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ပိုးဝင်ပြီဆိုရင် သိသာတာက မေမေဟာ ဖျားလာတာပါပဲ။

အချင်းကွာကျ တတ်ပါတယ်။ မိန်းမကိုယ်ကနေ မေမေ့ ခန္ဓာကိုယ်ထဲ ပိုးဝင်နိုင်ပါတယ်။ ကလေးလေး ဆီကိုလဲ ဘက်တီးရီးယား ပိုးတွေ ရောက်သွား နိုင်ပါတယ်။ ကလေး ဟာ ရေမွှာ မရှိတော့လို့ အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။

🔗🔗ဒါဆို ဘာတွေ လုပ်ရမလဲ။
အရင်ဆုံးကနေ ဆေးရုံ ပြေးရပါမယ်။ ဆေးရုံ ရောက်တဲ့အခါမှာ ကိုယ်ဝန် ၃၇ ပတ် မပြည့်သေးဘူး၊ ရောဂါပိုး ဝင်တဲ့ လက္ခဏာလဲ မရှိသေးဘူး ဆိုရင်တော့ မေမေ့ကိုရော ကလေးကိုရော စောင့်ကြည့် အနေအထားမှာပဲ ထားရပါတယ်။ မွေးလိုက်ရင် ပိုဆိုးသွားမှာ စိုးလို့ပါ။
ပြီးရင် ကလေး အဆုတ်ကောင်းအောင် ဆေးထိုးရပါတယ်။ မေမေ့ကိုလဲ ပိုးမဝင်အောင် ပိုးသတ်ဆေး ကြိုထိုးရပါတယ်။ ပြဿနာသာ မတက်ခဲ့ရင် ၃၇ ပတ် ပြည့်မှပဲ မွေးပါတယ်။ ဘယ်လို မွေးရမလဲ ဆိုတာကတော့ OG ဆရာဝန်ကြီးတွေ ကပဲ ဆုံးဖြတ်ရမှာပါ။

၃၇ ပတ်ပြည့် ပြီးတဲ့ ကိုယ်ဝန်သည် မေမေတွေ ဆိုရင်တော့ ၂၄ နာရီစောင့်ကြည့်မယ်။
မမွေးရင် ကလေးမွေးဖို့ ကြိုးစားမယ်။ တော်တော်များများဟာ ၂၄ နာရီအတွင်း အလိုလို မီးဖွားကြပါတယ်။

ဒီတော့ မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဥ်မှာ ရေဆင်းတယ် ရေမွှာ စောပေါက်တယ် ဆိုတာ အရေးကြီးတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရေဆင်း၊ သွေးဆင်းများ ရှိခဲ့မယ် ဆိုရင် ကျွမ်းကျင်ရာ ဆရာဝန် ကြီးများ ဆီသို့သော်လည်းကောင်း၊ ဆေးရုံ သို့သော်လည်းကောင်း ချက်ချင်း သွားပြကြဖို့ ဒီနေရာက တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

Dr.MKK
:::::::::::::::::::::::::::::::

"ကိုယ်ဝန် နောက်ဆုံးလတွင် ကလေး အနေအထား မမှန်ကန်ခြင်း"မေမေတို့ ရဲ့ ကိုယ်ဝန်ဟာ ကိုးလလွယ်၊ ဆယ်လဖွားလို့ ဆိုခဲ့ကြတဲ့ အတိုင်း ...
01/02/2024

"ကိုယ်ဝန် နောက်ဆုံးလတွင် ကလေး အနေအထား မမှန်ကန်ခြင်း"

မေမေတို့ ရဲ့ ကိုယ်ဝန်ဟာ ကိုးလလွယ်၊ ဆယ်လဖွားလို့ ဆိုခဲ့ကြတဲ့ အတိုင်း ကိုယ်ဝန်နောက်ဆုံးသုံးလ ကို ရောက်ပြီ ဆိုတာနဲ့ ကလေးဟာ မေမေတို့ရဲ့ တင်ပါးရိုးကွင်းထဲ ဝင်ဖို့ ကြိုးစားနေကြပါပြီ။
အထူးသဖြင့်တော့ ကိုးလ အရွယ်ပေါ့။ ကိုယ်ဝန် ကိုးလထဲ ရောက်ပြီ ဆိုတာနဲ့ ကလေးဟာ မေမေရဲ့ တင်ပါးရိုးခွေထဲ အကျအန နေရာယူပါပြီ။
ဒီလို နေရာယူတဲ့ အခါမှာ ပုံမှန်အားဖြင့် ကလေးရဲ့ ခေါင်းဟာ အောက်ဘက် ကို စိုက်ပြီး နေရာယူရပါတယ်။ Cephelic presentation လို့ ခေါ်ပါတယ်။
ဒီလို မဟုတ်ပဲ တင်ပါးရိုးခွေ ထဲကို ကလေးရဲ့ ဖင်နဲ့ ဝင်လာတဲ့အခါ ဆုံပိုင်း (Breech Presentation) လို့ ခေါ်ပြီး ကန့်လန့်ကြီး ဝင်လာရင်တော့ Transverse လို့ ခေါ်ပါတယ်။

ဒါပေမဲ့ မကြောက်ရတာတော့ ဒီလို ပုံစံမမှန်တဲ့ အနေအထားတွေဟာ ကိုယ်ဝန်ရဲ့ အစောပိုင်းကာလ တွေမှာ အဖြစ်များပေမဲ့ မေမေတို့မွေးဖွားခါနီးမှာတော့ သူ့ဘာသာ ပုံစံအမှန်ကို ပြန်ပြောင်းပြီး မွေးတာ ၉၇ ရာခိုင်နှုန်းပါတဲ့။ ၃ ရာခိုင်နှုန်းကတော့ ဒီအတိုင်းပဲ ဆက် ပြီး ရှိနေပါသတဲ့။

🖇🖇 ဆုံပိုင်း ကိုယ်ဝန် လား ပုံစံ အမှန်လား ဘယ်လို သိနိုင်မလဲ။

မေမေတို့ ကိုယ်ဝန်ရဲ့ ကိုးလထဲ ရောက်လာတဲ့ အခါမှာ ကိုယ်ဝန် အပ်ထားတဲ့ ဆေးရုံ၊ ဒေသန္တရ ဆေးခန်းမှာပဲ ဖြစ်ဖြစ် အနီးအနားက ဆေးခန်းမှာပဲဖြစ်ဖြစ် မေမေတို့ရဲ့ ဗိုက်ကို စမ်းသပ်ကြည့်လို့ရပါတယ်။
လက်နဲ့ စမ်းရုံဖြင့်ပင် ဆုံပိုင်းလား၊ ခေါင်းပိုင်း သို့မဟုတ် ပုံစံအမှန်လား ဆိုတာ သိနိုင်ပါတယ်။
သို့မဟုတ်ပါက လဲ မေမေတို့ ဗိုက် အပ်ထားတဲ့ OG ဆရာမကြီးများမှ မိန်းမကိုယ်မှ တဆင့် စမ်းသပ်ခြင်းဖြင့်လဲ သိရှိနိုင်ပါတယ်။
အတိအကျဆုံးကတော့ အာထရာဆောင်း (Ultrasound) ရိုက်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

🖇🖇ဘယ်လို မိခင်တွေမှာ ဆုံပိုင်း ကိုယ်ဝန်တွေ အဖြစ်များလဲ။

ဆုံပိုင်းကိုယ်ဝန် အဖြစ်များတဲ့ မေမေတွေ ကတော့
ကိုယ်ဝန်က လမပြည့် ပဲ မွေးတဲ့သူတွေ၊
သားအိမ် ခွဲစိတ်မှု ပြုလုပ်ဖူးသူတွေ၊
ကိုယ်ဝန် မဆောင်စဥ်နဲ့ ဆောင်နေစဥ်မှာကိုပဲ သားအိမ်ထဲ အလုံးရှိနေသူတွေ၊
အချင်း ရှေ့ရောက်နေတဲ့ မေမေတွေ၊
ရေမွှာနည်းသူတွေ၊
ရေမွှာက အရမ်း များနေ သူတွေ မှာ ဆုံပိုင်း ကိုယ်ဝန်ဟာ အဖြစ်များပါသတဲ့။

🖇🖇 ဆုံပိုင်းကိုယ်ဝန် တွေဟာ ဘာဖြစ်တတ်လဲ။

အထက်မှာ ဖော်ပြခဲ့သလိုပဲ ၉၇ ရာခိုင်နှုန်းက အလိုလို ခေါင်းပိုင်းကို ပြန်ပြောင်းတယ်။
၃ ရာခိုင်နှုန်းကတော့ မပြောင်းဘူး။

🖇🖇 ခေါင်းပိုင်း ​မပြောင်းရင် ဘာလုပ်ရမလဲ။

ကိုယ်ဝန် ၃၇ ပတ်အထိတော့ မေမေတို့ဟာ ပုံမှန်ကိုယ်ဝန်ပြသလိုပဲ ဆက်ပြနေရမှာပါ မေမေတို့ရေ။
တကယ်လို့ ၃၇ ပတ် ရောက်တဲ့အထိ ဆုံပိုင်းပဲ ဖြစ်နေသေးရင် External Cephalic Version (ECV) လို့ ခေါ်တဲ့ ဗိုက်အပေါ်မှ ကလေးခေါင်းလှည့်ခြင်းကို OG ဆရာဝန်ကြီးများမှ ပြုလုပ်ပေးပါလိမ့်မယ်။
External Cephalic Version (ECV) အောင်မြင်ရင် ပုံမှန်အတိုင်းပဲ မီးဖွား လို့ရပါတယ်။
အကယ်၍ မအောင်မြင်ရင်တော့ နောက်တပတ်မှာ နောက်တကြိမ် External Cephalic Version (ECV)လုပ်ခွင့် ရှိပါတယ်။ ဒါမှ မအောင်မြင်ရင်တော့ ခွဲ မွေးမလား၊ ဆုံပိုင်းကိုပဲ ရိုးရိုး နည်းလမ်းနဲ့ ရအောင်မွေး မလား ဆိုပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

🖇🖇စိုးရိမ်စရာ ရှိလား။

စိုးရိမ်စရာ မရှိပါဘူး မေမေတို့ရေ။
မေမေတို့သာ ကျန်းမာရေး ကောင်းဖို့ အဓိက နံပါတ်တစ် ပါ မေမေတို့ရေ။

ကဲ ဒါဆိုရင် ဆုံပိုင်း မေမေတို့လဲ ဆုံပိုင်းလေး အကြောင်း အထိုက်အလျောက် သိပြီမို့ မစိုးရိမ် မကြောင့်ကျ ကြပါနဲ့လို့ ပြောလိုက်ပါရစေ။

Dr.MKK

:::::::::::::::::::::::::::::::::::::::::::

သားသားမီးမီးတို့ (၆)လပြည့်ပြီ။ဖြည့်စွက်စာ စ ကျွေးတော့မယ့်အချိန် ဘာလေးတွေ ဘယ်လို အစီအစဉ်နဲ့ ကျွေးကြမလဲ ???ပျမ်းမျှကျွေးရမ...
22/01/2024

သားသားမီးမီးတို့ (၆)လပြည့်ပြီ။

ဖြည့်စွက်စာ စ ကျွေးတော့မယ့်အချိန် ဘာလေးတွေ ဘယ်လို အစီအစဉ်နဲ့ ကျွေးကြမလဲ ???

ပျမ်းမျှကျွေးရမယ့် ပမာဏ နဲ့ အတူ မျှတတဲ့ အာဟာရလည်း ရ စေမယ့် ရွေးချယ်စရာလေးများကို ကူးယူ ဝေမျှပေးလိုက်ပါတယ် ။

Photos credit:

"ကိုယ်ဝန်ဆောင် ဒုတိယ သုံးလမှာ မေမေတို့ တွေ့ကြုံ ခံစားရမဲ့ အရာတွေ။"ကိုယ်ဝန်ဆောင် ဒုတိယ သုံးလ (လေးလ၊ ငါးလ၊ ခြောက်လ) ဟာ မေမ...
15/01/2024

"ကိုယ်ဝန်ဆောင် ဒုတိယ သုံးလမှာ မေမေတို့ တွေ့ကြုံ ခံစားရမဲ့ အရာတွေ။"

ကိုယ်ဝန်ဆောင် ဒုတိယ သုံးလ (လေးလ၊ ငါးလ၊ ခြောက်လ) ဟာ မေမေတို့အတွက် ပျော်စရာကောင်းတဲ့ ကာလတွေလို့ ပြောလို့ရပါတယ်။
ဘာကြောင့်လဲ ဆိုရင် ပထမ လတွေလို ပျို့ခြင်း၊ အန်ခြင်း တွေကနေ ကင်းလွတ်ခဲ့ပြီ။
ပြီးတော့ ကလေးဟာလဲ အရမ်းမကြီးသေးလို့ မေမေတို့ နေရထိုင်ရ ခက်တာမျိုး မဖြစ်သေးဘူး။
ဒီတော့ ဒီ သုံးလ ဟာတော့ သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင် သုံးလ လို့တောင် ပြောလို့ရတယ်။
ဒီတော့ ဒီသုံးလ မှာ မေမေတို့ ခန္ဓာကိုယ်မှာ ဘာတွေများ ပြောင်းလဲသွားမလဲ ဆိုတာလေး ကြည့်လိုက်ရအောင်။

📎📎မေမေတို့ရဲ့ ဝမ်းဗိုက်ဟာ အနည်းငယ် ပူလာမယ်။ ရင်သားပိုကြီးလာမယ်။
ကြီးထွားလာတဲ့ ကလေးလေး ကို ထည့်ထားနိုင်ဖို့ ၊ လွယ်ထားနိုင်ဖို့ မေမေရဲ့ သားအိမ်ဟာ ကြီးလာသလို ဝမ်းဗိုက်ဟာလဲ ပိုကျယ်လာရပါတယ်။ဒါကြောင့် ပထမသုံးလနဲ့ မတူပဲ ဗိုက်ကလေး စထွက် လာပါပြီမေမေတို့ရေ။
မွေးဖွားလာမဲ့ သားသားမီးမီးတို့ကို နို့ချို တိုက်ကျွေးဖို့အတွက် မေမေတို့ရဲ့ ရင်သား ဟာလဲ ပိုမိုကြီးထွားလာပါပြီ။ ဒီအချိန်မှာ ချောင်ချောင်ချိချိ ရှိတဲ့ Bra( ဘရာစီယာ) တွေ ဝတ်ဖို့လဲ တိုက်တွန်းပါရစေ မေမေတို့ရေ။

📎📎 သားအိမ်စ ညှစ် လာပါပြီ။

မေမေတို့ရေ ဒီအချိန်မှာ မေမေတို့ရဲ့ ဗိုက်ကလေးဟာ မထင်ရင် မထင်သလို ညှစ်လာတာ လေးကို ခံစားရပါလိမ့်မယ်။ အထူးသဖြင့် လှုပ်ရှားမှု တစ်ခုခု လုပ်တဲ့အခါ ၊ အလေးအပင် မ တဲ့ အခါတွေမှာ ပိုပြီး သိသာပါလိမ့်မယ်။ ပုံမှန်ဆို မနာပါဘူး။ နည်းနည်း တင်းကနဲ ဖြစ်သွားရုံလေး ညှစ်တာပါ။
အကယ်၍ တအားနာအောင် ညှစ် ညှစ် နေတယ် ဆိုရင်တော့ သတိထားရပါမယ်။
ဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသရပါမယ်။
တခါတရံမှာ ဒီလို ညှစ်တာတွေဟာ ကလေး အချိန်မတိုင်မီ စောစီးစွာ မွေးဖွားခြင်းရဲ့ လက္ခဏာ လဲ ဖြစ်နေတတ်လို့ပါ။

📎📎 မေမေတို့ရဲ့ အသားရေ ဟာ ပြောင်းလဲ လာပြီ။

ဒီအချက်လေးကတော့ မေမေတို့ စိတ်ညစ်ကြမှာ အသေအချာ။ ဒီလိုပါ မေမေတို့ရေ မေမေတို့ရဲ့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် မေမေတို့ရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာမှာ အမဲရောင်၊ အညိုရောင် အကွက်၊ အစက် အပြောက်လေးတွေ ပေါ်လာတတ်ပါတယ်။

နောက်ပြီး မွေးပြီးတဲ့ အခါမှာ ဆိုရင်လဲ
မေမေတို့ရဲ့ ဗိုက်မှာ အမဲရောင် လိုင်းစင်းလေးတစ်ခု စတင် (Linea Nigra) ပေါ်ပေါက်လာပါမယ်။
ဒါတွေကို Skin Care တွေ ၊ Moisturizer များတဲ့ Lotion တွေက အထိုက်အလျောက် သက်သာစေနိုင်ပါတယ် မေမေတို့ရေ။

📎📎နှာခေါင်း သွေး လျှံ ခြင်း။

မေမေတို့ဟာ ကိုယ်ဝန်ဆောင်ထားစဥ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေး ပမာဏ များလာမယ်။သွေးစီးဆင်း မှုများလာတယ်။ ဒါကြောင့် မေမေတို့ရဲ့ အသားနုလေးတွေဟာ သွေးတွေနဲ့ ပြည့်ဝလာတယ်။ နှာခေါင်းတွင်းမှာ ရှိတဲ့ အသားနုနဲ့ သွေးကြော အနုတွေဟာ သွေးတွေနဲ့ ပြည့်ဝလာတယ်။ ဒီအချိန်မှာ နှပ်ကို ခပ်ပြင်းပြင်း ညှစ်တာ၊ နှာခေါင်းတွင်းသားကို လက်နဲ့ ကုပ်မိတာ လေးတွေဟာ နှာခေါင်းသွေးလျှံ မှုကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့လဲ ကြောက်စရာ မရှိပါဘူး။ ရေခဲကပ်ခြင်း၊ ရေအေးကို နှာခေါင်းတွင်း ရှုထည့်ခြင်း တို့နဲ့ သက်သာစေနိုင်ပါတယ်။

📎📎 သွားနှင့် ခံတွင်း။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ သွားဖုံးလေး တွေဟာ ထိခိုက်မှု အလွယ်တကူ ဖြစ်လာတယ်။
ယခင်ပုံမှန် သုံးနေကျ သွားပွတ်တံ သုံးနေရင်းနဲ့ သွားဖုံး သွေးယိုတာတွေ မကြာခဏ ဖြစ်တတ်တယ်။ ဒါကြောင့်မို့ သွားပွတ်တံ အနုစား ပြောင်းသုံးပေးရပါမယ်။
ခဏခဏ အန်ခြင်း ဟာလဲ သွားရဲ့ကြွေလွှာကို ပျက်စီးစေပြီး သွားပိုးပေါက် ဖြစ်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မေမေတို့ ကိုယ်ဝန်ဆောင်စဥ်မှာ သွားနှင့်ခံတွင်း ကျန်းမာရေးကိုလဲ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

📎📎ခြေထောက်ကြွက်တက်ခြင်း။

ကိုယ်ဝန် ရင့်မာလာတာနဲ့အမျှ ခြေသလုံးနဲ့ ခြေထောက် ကြွက်တက်ခြင်းဟာ ပိုပို ဆိုးလာတတ်ပါတယ်။ အများအားဖြင့် ညဘက် အိပ်နေစဥ် ပိုဆိုးတတ်ပါတယ်။
ကြွက်တက် လာချိန်မှာ ဖြစ်တဲ့ ကြွက်သားကို ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်း၊ ကြွက်သား နှိပ်နယ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ကြွက်တက်ခြင်း မဖြစ်အောင်ကတော့ တက်တက်ကြွကြွ နေပါ၊ အရေဓာတ် များများသောက်ပါ၊ အသီးအနှံ များများစားပါ၊ ဖိနပ်အမြင့်များ မစီးပါနဲ့၊ ပေါ့ပါးသက်သာသော ဖိနပ်များကိုသာ ရွေးချယ်ပါ။

မေမေတို့ရေ...
အပေါ်မှာ ပြောပြခဲ့တဲ့ အကြောင်းအရာ လေးတွေကတော့ မေမေတို့ ကိုယ်ဝန် ဒုတိယ သုံးလ မှာ ကြုံတွေ့ရနိုင်တဲ့ အကြောင်းအရာ လေးတွေနဲ့ သက်သာ စေနိုင်မဲ့ နည်းလမ်းလေးတွေပါ။
သိရှိလိုက်နာပြီး ပျော်ရွှင်ကျန်းမာတဲ့ မေမေ များ ဖြစ်ကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။ 🙏

DR.MKK ::::::::::::::::::::::::::::::::::::::::::::::::::

"ကိုယ်ဝန်ဆောင်စ ပထမသုံးလမှာ မိခင်လောင်းများ တွေ့ကြုံရမဲ့ ပြောင်းလဲမှုတွေ"  ကိုယ်ဝန်ရဲ့ ပထမဆုံး လတွေဟာ မေမေတို့ အနေနဲ့ မတ...
09/01/2024

"ကိုယ်ဝန်ဆောင်စ ပထမသုံးလမှာ မိခင်လောင်းများ တွေ့ကြုံရမဲ့
ပြောင်းလဲမှုတွေ"

ကိုယ်ဝန်ရဲ့ ပထမဆုံး လတွေဟာ မေမေတို့
အနေနဲ့ မတူခြားနားတဲ့ ခံစားချက်တွေကို ခံစားရတဲ့လတွေပဲ ဖြစ်ပါတယ်။
ဒီလို အချိန်မှာ ဘာတွေ ဖြစ်ပေါ်လာနိုင်လဲ ဆိုတာကို ကြိုသိထားခြင်း အားဖြင့် ဘယ်အရာ တွေကို ဂရုစိုက်ရမလဲ၊ ဘယ်အရာတွေကို စိုးရွံ့ ရမလဲ ဆိုတာကို ကွဲပြားစွာ သိနိုင်ပါလိမ့်မယ်။

ဒီလတွေမှာ ဆိုရင် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ထွက်လာပါတယ်။
ဒီဟော်မုန်းတွေက ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာခံ စား ချက် တွေပါ ပြောင်းလဲအောင် လုပ်ဆောင်ပေး ပါတယ်။

ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲ သွားတာလဲ? ?

ကိုယ်ဝန် စဆောင်ပြီ ဆိုတာနဲ့..အရင်ဆုံး သိရတာ က ရာသီ ပျောက်သွားတယ်။ရာသီ မပေါ်တော့ဘူး။ဒါနဲ့ ဆီးစစ်ကြည့်တဲ့ အခါမှာ ဆီးနှစ်ကြောင်း ပေါ်တယ်ပေါ့။
ခန္ဓာကိုယ် အနေနဲ့ကတော့ ရာသီ မပေါ် ရုံ လေးတင် မဟုတ်ပါဘူးတဲ့။

🖍🖍 သားမြတ်(ရင်သား) တွေ တင်းလာမယ်။

ကိုယ်ဝန်ဆောင်ပြီး ရက် အနည်းငယ် အတွင်းမှာပဲ ဟော်မုန်း ပြောင်းလဲမှုကြောင့် ရင်သား တွေဟာ ကြီးလာမယ်။တင်းလာမယ်။နာကျင် ခြင်း ဆိုတာမျိုး ခံ စားရမယ်။

ရက်သတ္တပတ် အနည်းငယ် ရှိပြီ ဆိုရင် တော့ ခန္ဓာကိုယ်က ဟော်မုန်းတွေကို ပြန်ထိန်းညှိ နိုင်တာကြောင့် ရင်သား တင်ခြင်းနဲ့ နာကျင်ခြင်းတွေဟာ ပြန်လည် သက်သာ သွားပါလိမ့်မယ်။

🖍🖍 ပျို့ခြင်း ၊ အော့အန်ခြင်းတွေ ဖြစ်ပေါ်မယ်။

အများစုအားဖြင့်တော့ ကိုယ်ဝန်စရှိပြီး
တလ ကြာတဲ့ အခါမှာ ခုလို ပျို့ ၊ အန်ခြင်း (Morning Sickness) ရတတ်တယ်။

ဒီလို အော့ အန် ခြင်းဟာ နေ့ ရော ည ရော အချိန် မရွေး ဖြစ်နိုင်တယ်။
ဒါဟာလဲ ဟော်မုန်းအပြောင်းအလဲ ကြောင့် ဖြစ်တဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို အော့အန်ခြင်း သက်သာဖို့ ဆိုရင်တော့ အစာမစားပဲ နေတာမျိုး ရှောင်ရမယ်။

နှစ်နာရီခြား တစ်ခါ လောက် စားရမယ်။
တခါစားရင် နည်းနည်း နဲ့ ခဏခဏ စားရမယ်။
အဆီအစိမ့် များတာ ရှောင်ရမယ်။ဂျင်း ပါတဲ့ အစားအသောက် တွေက သက်သာ စေတယ်။
တကယ်လို့ အော့အန်တာက ဆိုးတယ် ဆိုရင်တော့ ဆေးခန်း ပြဖို့ လိုအပ်လိမ့်မယ်။

🖍🖍ဆီး ပိုသွားလာမယ်။

ပိုမှန်ထက်ပိုပြီး ဆီးသွားလာတာကို သိလိမ့်မယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုရင်တော့ ကိုယ်ဝန်ဆောင်တဲ့ အခါ ခန္ဓာကိုယ်မှာ
သွေး ပို များလာတယ်။

သွေးပိုများလာတော့ ကျောက်ကပ်က ပိုပြီး အရည် တွေ စစ်ထုတ်တယ်။ ကျောက်ကပ်က ဆီးအနေနဲ့ စစ်ထုတ်တာတွေက ဆီးအိမ်ထဲ ရောက်ပြီး ဆီးပိုသွား လာတယ်။

🖍🖍 မေမေဟာ မောပန်း နုန်းခွေနေမယ်။

ကိုယ်ဝန် ရှိကာစ အစဦးပိုင်း လတွေမှာ ဟော်မုန်း အပြောင်းအလဲ အရမ်းများလို့ မေမေတို့ဟာ အိပ်ချင်နေမယ်။နုန်းခွေနေမယ်။

များများ အနားယူရမဲ့ အချိန်ပဲ ဖြစ်တယ်။ကောင်းမွန်မှန်ကန် တဲ့ အစားအစာ နဲ့ သင့်တင့် မျှတတဲ့ လေ့ကျင့်ခန်းက တော့ မေမေတို့ကို လန်းဆန်းစေနိုင်တယ်။

🖍🖍 အစားအစာ တွေ မစားချင်တော့ဘူး

ကိုယ်ဝန်ရှိကာစ ကာလတွေမှာဆိုရင် မေမေတို့ဟာ တချို့ အနံ့ တွေကို မခံ နိုင်ဘူး။ကိုယ်အရင်ကြိုက်ခဲ့တဲ့ အစားအစာတွေကို မြင်ရင်တောင် အော့အန် ချင်ပြီး မစားချင် မသောက်ချင်တွေ ဖြစ်နေမယ်။

ဒါဟာလဲ ဟော်မုန်းအပြောင်းအလဲ ကြောင့်ပဲ ဖြစ်ပြီး ဟော်မုန်း ငြိမ်သွားတဲ့ ကိုယ်ဝန် နောက်ပိုင်းလ တွေမှာ ဆိုရင် ပုံမှန် ပြန်ဖြစ်သွားမှာ ပဲ ဖြစ်ပါတယ်။

🖍🖍 ရင်ပူမယ်။

ကိုယ်ဝန်ဆောင် ချိန် ကာလ အစပိုင်းမှာ ထွက်တဲ့ ဟော်မုန်းတွေဟာ အစာအိမ်နဲ့ အစာရေပြွန် ကြားထဲက အဆို့ရှင်ကို ကျယ်စေတယ်။

ဒါကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ ဟာ အစာရေမြိုပြွန် ထဲ ရောက်ပြီး မေမေတို့ဟာ ရင်ပူတယ် ဆိုတဲ့ ခံစားချက်ကို ခံစားရမယ်။

ဒါကို သက်သာဖို့ နည်းလမ်းကတော့ အစာကို နည်းနည်း နဲ့ ခဏခဏ စားပေးရမှာပဲ ဖြစ်ပါတယ်။

🖍🖍 ဝမ်းချုပ်လာမယ်။

ဒီအချိန်မှာ မေမေတို့ ခန္ဓာကိုယ်ထဲမှာ ထွက်နေတဲ့ Progesterone ဟော်မုန်းဟာ အစာခြေ အဖွဲ့ အစည်းရဲ့ လုပ်ငန်းဆောင်တာကို နှေးစေတယ်။ဒါကြောင့်ပဲ ဝမ်းချုပ်ခြင်း ဖြစ်ပေါ်လာတယ်။
ဒီအချိန်မှာပဲ မေမေတို့ဟာ သံဓာတ်ပါတဲ့ အားဆေးတွေနဲ့ ဖောလစ်အက်ဆစ် အားဆေးတွေကလဲ သောက်ရတယ်။

ဒီဆေးတွေဟာလဲ ဝမ်းကို ချုပ်စေတယ်။

ဝမ်းမှန်ဖို့ အတွက်က ဒီအချိန်မှာ အမျှင်များတဲ့ အသီး အရွက် တွေစားမယ်။ရေများများသောက်မယ်ဆိုရင်တော့ ဝမ်းချုပ်ခြင်း ပြဿနာကို ကျော်လွှား နိုင်မှာပဲ ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြ ခဲ့တဲ့ အချက်အလက် တွေဟာ ကိုယ်ဝန်ဆောင်စ ကာလမှာ မေမေတို့ အနေနဲ့
မလွှဲ မရှောင်သာ တွေ့ ကြုံရမဲ့ အချက်အလက် တွေပဲ ဖြစ်ပါတယ်။

သို့သော် ဒီလက္ခဏာတွေဟာ ပုံမှန်ပဲ ဖြစ်ပြီး တခြား မေမေတွေလဲ ခံစားရတယ်ဆိုတာ မမေ့ပါနဲ့။စိုးရိမ်စရာ မလိုဘူး ဆိုတာကိုလဲ ထပ်ဆင့်ပြောလိုက်ရပါတယ် မေမေတို့ရေ ☺။


DR.MKK

ပိုမိုကောင်းမွန်တဲ့ Humana Gold Plus ကို မိတ်ဆက်ပေးခဲ့တာ အခုဆို ၁နှစ်ကျော် ရှိခဲ့ပြီ။ အစဉ်တစိုက် အားပေးခဲ့တဲ့  Humana ဘေ...
09/01/2024

ပိုမိုကောင်းမွန်တဲ့ Humana Gold Plus ကို မိတ်ဆက်ပေးခဲ့တာ အခုဆို ၁နှစ်ကျော် ရှိခဲ့ပြီ။

အစဉ်တစိုက် အားပေးခဲ့တဲ့ Humana ဘေဘီလေးတွေရော ရွေးချယ်အားပေးခဲ့တဲ့ Humana မေမေ တို့ကိုပါ ကျေးဇူးတင်လျက် ပါ ခင်ဗျာ ။

သားသားမီးမီးတို့ အားလုံး သန်စွမ်းထက်မြတ်ပြီးကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

“အသွင်သစ် အမြင်သစ် ပိုမိုပြည့်စုံသော အာဟာရ”

ပိုမိုပြည့်စုံအောင် ထုတ်လုပ်ထားသော Humana ရဲ့ Germany 🇩🇪 နိုင်ငံထုတ် My Pack ဘူးသစ်လေးတွေ ရောက်ရှိလို့ လာပါပြီ။

မိခင်တို့ရဲ့ လိုအပ်ချက်တွေကို Humana ရဲ့ my pack ဘူးလေးတွေက ဘယ်လို ဖြည့်ဆည်းပေးနိုင်သလဲ?

ဘာတွေ ပိုပြည့်စုံသွားသလဲ?

၁။ မေမေတိုင်းက စိတ်ချရတဲ့ အရည်အသွေးကို လိုချင်ပါတယ်။

Humana my pack ဘူးတွေဟာ အရည်အသွေးကောင်းမွန်ပြီး နို့မှုန့်တွေရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံး လုံခြုံမှုကို ပေးပါတယ်။

၂။ မေမေတိုင်းက ကိုင်တွယ်ရ လွယ်ကူပြီး အသုံးဝင်မှုကို လိုချင်ပါတယ်။

Humana my pack ဘူးတွေဟာ ကလေးထိန်းရင်း လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ ဖန်တီးထားပါတယ်။

၃။ မေမေတိုင်းက မိမိရင်သွေးအတွက် အန္တရာယ်ကင်းရှင်းမှုကို လိုချင်ပါတယ်။

Humana my pack ဘူးသစ်တွေမှာ ဇွန်းထားရှိဖို့ နေရာပါတဲ့အတွက် နို့မှုန့်ထဲ လက်နှိုက်ရှာစရာ မလိုပါဘူး။ ဒါကြောင့် ပိုမိုသန့်ရှင်းပြီး အန္တရာယ်ကင်းရှင်းမှုကို ပေးစွမ်းနိုင်ပါတယ်။

၄။ မေမေတိုင်းက တိကျတဲ့ ရင်သွေးတွေအတွက် တိကျတဲ့ အာဟာရကို ပေးချင်ပါတယ်။

Humana my pack မှာ တစ်ဇွန်းချင်းစီ တိကျစွာ ချိန်ဆနိုင်ဖို့အတွက် ဖန်တီးထားပါတယ်။

ဒီလို ပြည့်စုံမှုတွေနဲ့ Humana my pack ဘူးပုံစံ အသစ်တွေဟာ မိခင်တိုင်းအတွက် မိမိရင်သွေးကို ပြုစုတဲ့နေရာမှာ ပိုမိုအဆင်ပြေပြီး တိကျသေချာတဲ့ အာဟာရ ကို ပေးစွမ်းနိုင်စေမှာ ဖြစ်လို့ ပိုမို ယုံကြည်မှု ပြည့်ဝတဲ့ မိခင်တွေ ဖြစ်လာစေမှာပါ။

16/06/2021

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးခြင်း ။
အပိုင်း(၄)
ငယ်စဉ်ကတည်းက မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားအားထုတ်တဲ့ ကလေးတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဘဝအတွက် ကောင်းကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် ကြိုးစားအားထုတ်တတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။ ကြိုးစားအားထုတ်ချင်စိတ်တွေ ရှိလာအောင်နဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်အောင် နည်းလမ်းတွေထဲက ယခင်အပတ်ရဲ့ အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ ဒီတစ်ပတ်အကြောင်းအရာကတော့ ဖြစ်ပျက်ပြီးတဲ့ ကိစ္စတွေကနေ ပြန်လည်သင်ခန်းစာယူခြင်းပဲ ဖြစ်ပါတယ်။

“အဖြစ်အပျက်တွေမှ တဆင့် သင်ခန်းစာယူခြင်း။”

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုဟာ အောင်မြင်သည်ဖြစ်စေ၊ လိုအပ်ချက်တွေရှိသေးသည် ဖြစ်စေ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သူတို့ဘယ်လောက်ထိ သင်ခန်းစာယူနိုင်လဲဆိုတာ အရေးကြီးပါတယ်။ ကလေးတွေရဲ့ နေ့စဥ်အတွေ့အကြုံတွေကနေ သင်ခန်းစာယူတတ်အောင် လမ်းပြပျိုးထောင်ပေးရပါမယ်။ ကျောင်းစာ ဒါမှမဟုတ် ကျောင်းအားကစားပွဲက အစ ကျောင်းမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအထိ နေ့စဥ်သင်ခန်းစာ ယူစရာတွေ အများကြီးရှိပါတယ်။

အကယ်၍ သင့်ကလေးက ကျောင်းအားကစားပွဲမှာ ရမှတ်နည်းနေခဲ့ရင်တောင်၊ ပြိုင်ပွဲအကြောင်းတွေ ဆွေးနွေးပေးမယ်၊ နောက်ပြီး ပြိုင်ပွဲမှာ သူဘာတွေ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သလဲ၊ ဘာတွေဆက်ကြိုးစားဖို့လိုမလဲ စသဖြင့် ပြန်ပြီးသင်ခန်းယူတတ်အောင် လမ်းပြပေးနိုင်ပါတယ်။

ဒီလိုသင်ခန်းစာယူတတ်ဖို့ သင်ပေးတဲ့ နေရာမှာလဲ ကျောင်းစာတို့ အားကစားတို့တွေမှာတင် မကပဲ ပေါင်းသင်းဆက်ဆံရေးအပိုင်းတွေမှာပါ ထည့်ပေါင်းဖို့ လိုပါမယ်။ ဥပမာ- သူငယ်ချင်းရဲ့ မွေးနေ့ပွဲမှာ ဘာတွေကောင်းတာ လုပ်နိုင်ခဲ့သလဲ? မွေးနေ့ရှင်ကို ဆုတောင်းပေးခဲ့သလား? ကျောင်းမှာရော ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ ဘာတွေလုပ်ခဲ့သလဲ? စသဖြင့်ပေ့ါ။ ဒီအခါ ကလေးက သားဒီနေ့ ကျောင်းမှာ သူငယ်ချင်းမရှိသေးတဲ့ တစ်ယောက်နဲ့ မိတ်ဖွဲ့နိုင်ခဲ့တယ် စသဖြင့် သူတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို သတိပြုမိစေပါလိမ့်မယ်။

ကလေးတွေအတွက် အချိန်တိုင်း သင်ခန်းစာ ယူနိုင်မယ့်အရာလေးတွေကို ရှာဖွေပြီး ဆွေးနွေးပေးပါ။ တခါတလေ သူတို့ပြင်ဆင်သင့်တဲ့ အမူအကျင့်တွေကို လမ်းပြပေးရမယ့်အချိန်တွေလဲ ရှိမယ်၊ တဖြည်းဖြည်းချင်းတော့ သူတို့ကိုယ်တိုင် သူတို့ ဘာလုပ်ခဲ့တယ်၊ ဘာတွေဆက်လုပ်သင့်တယ်၊ ဘာတွေပြင်ဆင်သင့်တယ်ဆိုတာကို သိလာတဲ့ အချိန်တွေ ရောက်လာပါလိမ့်မယ်။

08/06/2021

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးခြင်း ။
အပိုင်း(၃)

ငယ်စဉ်ကတည်းက မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားအားထုတ်တဲ့ ကလေးတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဘဝအတွက် ကောင်းကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် ကြိုးစားအားထုတ်တတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။ ကြိုးစားအားထုတ်ချင်စိတ်တွေ ရှိလာအောင်နဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်အောင် နည်းလမ်းတွေထဲက ယခင်အပတ်ရဲ့ အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ ဒီတစ်ပတ်အကြောင်းအရာကတော့ ပန်းတိုင်တွေ၊ ပစ်မှတ်တွေ ထားရှိခြင်းအကြောင်းပဲ ဖြစ်ပါတယ်။

“ရည်မှန်းချက်ပန်းတိုင်တွေ အတူထားပါ။”
ကလေးတွေကို ရည်မှန်းချက် အသစ်တွေ၊ ပန်းတိုင်အသစ်တွေ ထားရှိစေတာဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ယုံကြည်မှုတည်ဆောက်ဖို့ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရည်မှန်းချက်ဆိုရာမှာ “စက်ဘီးစီးတတ်ရမည်၊” “ကျောင်းမှာ သူငယ်ချင်းအသစ် ၂ ယောက်ရအောင်လုပ်မည်” အစရှိသဖြင့် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တခုခုတို့နဲ့ဆိုင်တဲ့ အရာတွေဖြစ်နိုင်ပါတယ်။

ကလေးတွေကို ရည်မှန်းချက်တွေထားရှိရာမှာ မိဘတွေအနေနဲ့ မှန်ကန်စွာ ထားတတ်ဖို့ရာ ကူညီရပါမယ်။ ရည်မှန်းချက်တွေဟာ ကလေးတွေကို စိန်ခေါ်မှု ပေးနိုင်ရမှာ ဖြစ်သလို လုပ်ဆောင်နိုင်မယ့် ရည်မှန်းချက်မျိုးလဲ ဖြစ်ရပါမယ်။ ရည်မှန်းချက်တွေ အရမ်းမြှင့်လွန်းတဲ့အခါမှာ ကလေးက လိုက်မလုပ်နိုင်ရင် ရှုံးနိမ့်ဖို့ အစီအစဥ်ဆွဲသလို ဖြစ်နေတတ်ပြီး၊ ရည်မှန်းချက်က လုပ်ဆောင်ဖို့ အရမ်းလွယ်ကူလွန်းနေပြန်ရင်လည်း ကလေးတွေကို တိုးတက်သင့်သလောက် မတိုးတက်စေပဲ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မှန်ကန်တဲ့ ရည်မှန်းချက်တွေချနိုင်ဖို့ မိဘတွေက ကူညီပေးရမှာပါ။ နောက်ပြီး ရေရှည်ရည်မှန်းချက်တွေ ချမှတ်တဲ့နေနရာမှာလဲ ကလေးတွေရဲ့ စိတ်ပါဝင်စားမှု၊ စိတ်ခွန်အားတွေ၊ ယုံကြည်မှုတွေ ဆက်လက်တည်ရှိနေနိုင်အောင် ထင်သာမြင်သာရှိစေမယ့် ရေတို ပန်းတိုင်လေးတွေပါ တွဲပြီး ချမှတ်ပေးသင့်ပါတယ်။ ဥပမာ ကလေးက စက်ဘီးတစ်စီးဝယ်နိုင်အောင် ကြိုးစားမယ်လို့ ဆိုခဲ့ရင်၊ စက်ဘီးဝယ်နိုင်ဖို့ တစ်လကို ပိုက်ဆံ ဘယ်လောက်စုသွားရမယ်၊ ဘယ်နှလ စုရမယ် စသဖြင့် ရေတိုပန်းတိုင်လေးတွေ ရှိတဲ့အခါ ကလေးဟာ သူ့ရည်မှန်းချက် အကောင်အထည်ပေါ်ဖို့ လစဥ်နဲ့အမျှ နီးကပ်လာနေပြီဆိုတာ ခံစားရစေမှာပါ။

ဆက်လက်ဖော်ပြပါဦးမည်။
Humana Myanmar

04/06/2021

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးခြင်း ။ အပိုင်း(၂)

ငယ်စဉ်ကတည်းက မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားအားထုတ်တဲ့ ကလေးတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဘဝအတွက် ကောင်းကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် ကြိုးစားအားထုတ်တတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။ ကြိုးစားအားထုတ်ချင်စိတ်တွေ ရှိလာအောင်နဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်အောင် နည်းလမ်းတွေထဲက ယခင်အပတ်ရဲ့ အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ ကလေးတွေကို ချီးမွမ်းခြင်းပါပဲ။

မိမိရဲ့ကလေးကို သူတို့ရဲ့ထိန်းချုပ်မှုအတွင်းရှိသော အရာများကိုသာချီးမွမ်းပါ။

ဥပမာ မိဘက“ သားက/သမီးက အရမ်းချောတာပဲ” လို့ ပြောခြင်းဖြင့် ကလေးကိုတည်ဆောက်နေသည်ဟုသင်ထင်ကောင်းထင်လိမ့်မည်။ ဒါပေမယ့် ကလေးတွေကို သူတို့မထိန်းချုပ်နိုင်သောအရာများအတွက်ချီးမွမ်းခြင်းဟာ အထောက်အကူမပြုပါ။

“နံနက်နိုးသည်နှင့်သွားတိုက်ခြင်း၊ နံနက်စာစားပြီးသည်နှင့်ပလုပ်ကျင်းခြင်းဖြင့် ကလေးတို့သွားလေးတွေက တောက်ပနေတာပဲ။” ဒါမှမဟုတ် “ကြည့်ပါဦး ကလေးက မေမေတောင်မပြောရသေးဘူး၊ ခေါင်းကိုဖြီးထားတာ သပ်ရပ်နေတာပဲ၊ လိမ္မာလိုက်တာ” စသဖြင့် သူတို့ရဲ့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ အရာတွေကို ချီးမွမ်းပေးပါ။

နောက်ပြီးတော့ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ အခါမျိုးတွေမှာလည်း ရလဒ်ကို အထူးပြုမပြောမိဖို့ ဂရုပြုရပါမယ်။ အမှတ်ပြည့်ရခြင်းကိုသာ ချီးမွမ်းဖြစ်ခဲ့ရင် ကလေးတွေက ကြိုးစားမှုထက် ရလဒ်က ပိုအရေးကြီးတယ်လို့ ထင်သွားနိုင်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရလာဒ်ကောင်းဖို့သာ ပိုအရေးကြီးတယ်ဆိုပြီး လိမ်လည်ပြီးရအောင်လုပ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

အဲဒီအစားသူရဲ့ကြိုးစားအားထုတ်မှုကိုအာရုံစိုက်ပြီး“ ကလေးက အမှတ်ပြည့်ရအောင် စာကို တစိုက်မတ်မတ် ကြိုးစားခဲ့တာ အမေအရမ်းဂုဏ်ယူတယ် ” စသဖြင့် ချီးမွမ်းပေးသင့်ပါတယ်။

ကလေးရဲ့ ရွေးချယ်မှုအားချီးမွမ်းခြင်းဟာ သူတို့ဘဝမှာ သူတို့ထိန်းချုပ်နိုင်တဲ့ အရာတွေဖြစ်ကြတဲ့ သူတို့ရဲ့အားထုတ်မှုနှင့်သဘောထားအပေါ်အာရုံစူးစိုက်ဖို့ ကူညီရာရောက်ပါလိမ့်မယ်။

02/06/2021

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးခြင်း ။ အပိုင်း(၁)

ငယ်စဉ်ကတည်းက မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားအားထုတ်တဲ့ ကလေးတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ ဘဝအတွက် ကောင်းကျိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် ကြိုးစားအားထုတ်တတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။ ကြိုးစားအားထုတ်ချင်စိတ်တွေ ရှိလာအောင်နဲ့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်အောင် နည်းလမ်းတချို့ကို ဖော်ပြပေးသွားပါမယ်။

‌👉 မိမိကိုယ်ကို တိုးတက်ဖို့နဲ့ မိမိကိုယ်ကို လက်ခံတတ်ဖို့ အကြား ချိန်ညှိပေးပါ
ကလေးတွေဟာ မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားနေစဉ် တချိန်တည်းမှာပဲ မိမိရဲ့ လက်ရှိအခြေအနေ လက်ရှိမိမိကိုယ်ကို ချစ်တတ်၊ တန်ဖိုးထားတတ်အောင်လဲ သင်ပေးပါ။ အ‌ခြေအနေ တခု၊ အောင်မြင်မှု တခုကို မရမချင်း သူတို့ဟာ ပျော်ရွှင်ဖို့ မထိုက်တန်သေးဘူး ဆိုတာမျိုး မတွေးမိပါစေနဲ့။

‌👉 ကလေးတွေရဲ့ ကိုယ်ပိုင်အားသာချက်တွေကို သိအောင်ကူညီပေးပါ။
အားသာချက်တွေ ဖော်ထုတ်ရာမှာ ရုပ်ပိုင်းဆိုင်ရာ တွေအပြင် ကလေးတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကိုပါ ထည့်သွင်းစဉ်းစားပေးပါ။ ကိုယ့်ကိုယ်ကို ချောတယ်လှတယ် ချစ်စရာ ကောင်းတယ် စသဖြင့်ထင်နေတာ ကောင်းပေမယ့် အားသာချက်တွေဆိုတာ ရုပ်ပိုင်းဆိုင်ရာမှာတင် မကပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေအထိပါ သိအောင် ကူညီပေးပါ။

‌👉 ကလေးရဲ့ စိတ်ဝင်စားမှုကိုလဲ သိအောင်လမ်းပြပေးပါ
ကလေးတွေ သူတို့ စိတ်ဝင်စားတဲ့အရာ တိုးတက်ချင်တဲ့ အပိုင်းတွေကိုလဲ ဖော်ထုတ်ပေးပါ။ ဥပမာ ပန်းချီဆွဲတာမှာ ပိုတော်ချင်သလား၊ အားကစားမှာ ပိုထူးချွန်တဲ့သူ ဖြစ်ချင်သလား၊ ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်တဲ့သူ ဖြစ်ချင်သလား?
ဒီလိုဖော်ထုတ်ပြီးသွားရင် ဖြစ်ချင်တာကို ရအောင်လုပ်ဖို့ လုပ်ရမယ့် အဆင့်တွေ သတ်မှတ်ပြီး တစ်ဆင့်ချင်းလုပ်ဆောင်ကာ ‌တိုးတက်မှုကို ရရှိပါစေ။

ကလေးတွေ အနေနဲ့ မိမိကိုယ်ကို သိရှိအောင်ဆိုတဲ့နေရာမှာ မိဘတွေရဲ့ လမ်းညွှန်မှုလိုပါတယ်။ ဥပမာ ကလေးက အတန်းထဲမှာ သူဟာ ပထမ ဖြစ်တယ်၊ သူသာ အတော်ဆုံးလို့ ထင်နေရင်၊ လူဆိုတာ အမြဲကြိုးစား‌ဖို့ အခွင့်အလမ်းတွေရှိသေးကြောင်းနဲ့ ကြိုးစားနေဖို့လဲ လိုအပ်ကြောင်း ရှင်းပြရမှာ ဖြစ်သလို၊ သူတို့ဟာ အပေါင်းအသင်း ဝင်မဆံ့ဘူးလို့ ထင်နေရင်လဲ ဒါမျိုး နောက်မဖြစ်အောင် ဘာတွေဘယ်လို ပြုပြင်လို့ ရမလဲဆိုတာမျိုးတွေ လမ်းညွှန်မှုတွေ ပေးရမှာပါ။

နောက်ပြီးလူတိုင်းဟာ တခုမဟုတ် တခုအားနည်းချက်တွေ ရှိနေနိုင်ပြီး အရာအားလုံး ပြီးပြည့်စုံဖို့ မဖြစ်နိုင်တာကို လက်ခံတတ်ဖို့နဲ့ ကိုယ်အမှန်တကယ် တိုးတက်ချင်တာကို ဦးစားပေး ကြိုးစားတတ်ဖို့ အမြဲပြောပေးနေရမှာပါ။

နောက်ရက်များမှာ ကလေးတွေရဲ့ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးရာမှာ လိုအပ်တဲ့ ရည်မှန်းချက်ထားခြင်း၊ အခြေအနေအလိုက် ချီးမွမ်းတတ်ခြင်းအကြောင်းများ ဆက်လက်ဖော်ပြပါဦးမည်။

26/10/2020

ရန်ကုန်က Humana မေမေ တို့ရေ...
Humana Nursing Tea ကို ဘယ်မှာဝယ်လို့ ရပြီလဲ လို့ ခနခန မေးနေကြတဲ့ မေမေ တို့အတွက်
"ရွှေအိုး ဆေးဆိုင်" Shwe Ohh Pharmacy - ရွှေအိုးဆေးဆိုင် တွေမှာလဲ Humana Nursing Tea ကို ဝယ်ယူရရှိနိုင်ပါပြီဆိုတာ သတင်းကောင်းလေး ပေးပါရစေ ...

🧚Humana မေမေတို့ရဲ့ အလှပဆုံးအချိန်လေးကို ကျန်းမာ၊ ပျော်ရွှင်စွာနဲ့ စိတ်ပူပန်မှုကင်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် Humana Nursing Tea လေးရှိနေပါပြီ။

"မိခင်နှင့် ရင်သွေးငယ်တို့ ယုံကြည်အားထားရာ ဟူမားနား"

🇩🇪ဂျာမနီနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Humana နို့မှုန့်များနှင့် Humana Nursing Tea ကို Thet Paing Soe Co.Ltd မှ Sole Distributor အဖြစ် တင်သွင်းရောင်းချပေးပါသည်။

Shop.com.mm မှာလည်း မှာယူရရှိနိုင်ပါတယ်..
https://www.shop.com.mm/catalog/?q=Humana%20Nursing%20Tea...

ကျန်တဲ့မြို့တွေမှာ လဲ အမြန်ဆုံးဝယ်ယူရရှိနိုင်ရေး ကြိုးစားနေပါတယ် ။



Address

No. 20, Cherry Street, Pale-1 Ward, Mingalardon
Yangon
11021

Alerts

Be the first to know and let us send you an email when Thet Paing Soe Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thet Paing Soe Company:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram