လက်ရုံးတော် တိုင်းရင်းဆေး

  • Home
  • Myanmar
  • Yangon
  • လက်ရုံးတော် တိုင်းရင်းဆေး

လက်ရုံးတော် တိုင်းရင်းဆေး ဆောင်ပုဒ် - “ဆေးဝါး အရည်အသွေးက အဓိကဖြစ်ရမည်။ အရောအနှောကင်းသော မြန်မာ့တိုင်းရင်းဆေး စစ်စစ်ဖြစ်သည်”

16/02/2026

Customer’s Review ❤️❤️

#နှလုံးသည်းခြေဆေး
#စားဝင်အိပ်ပျော်
#လက်ရုံးတော်

“အတု” သို့ .. .အတု မှန်းသေချာသွားလို့ Kpay နံပတ် မအုပ်ထားတော့ပါဘူးနော်။ လုပ်နေကြလို့ ထင်ပါတယ်။ ကျွန်မတို့ page လဲ လုပ်ခါ...
16/02/2026

“အတု” သို့ .. .အတု မှန်းသေချာသွားလို့ Kpay နံပတ် မအုပ်ထားတော့ပါဘူးနော်။ လုပ်နေကြလို့ ထင်ပါတယ်။ ကျွန်မတို့ page လဲ လုပ်ခါစက အလိိမ်ခံထိခဲ့ပါတယ်။ အဲဒါကြောင့် နောက်ပိုင်း လာထုတ်ရင် ဖုန်းနံပတ် အရင်တောင်း။ Profile စစ်ရပါတယ်။ .ငွေတစ်သောင်း နဲ့ မလိမ်ပါဘူး လို့ ပြောလို့ ငွေတစ်သောင်း ကျွန်မတို့လှူနိုင်ပါတယ်။ Give Away တွေ ပေးတာကလဲ ပမာဏမများပေမယ့်် ကြပ်တည်းနေကြတဲ့အချိန် လိုအပ်တဲ့သူရစေချင်တာရယ်၊ ကံထူးလို့ ပျော်စေချင်တာရယ်ကြောင့်ပါ။. Profile အတု နဲ့ လာထုတ်တဲ့ အကိုလား၊ အမလား လဲ တကယ်အခက်အခဲရှိနေရင် ကျွန်မတို့ ပေးပါမယ်။ Cb မှာ profile အစစ်၊ ခု ပေးထားတဲ့ Kpay ဖုန်းနံပတ်နဲ့ ဆက်သွယ်ပေးပါ။ . ဘာမှမဟုတ်တဲ့ ငွေလေးအတွက် အလွယ်လိုက်၊ ကိုယ်ကျင့်တရား level ကို လျှော့ချလိုက်တာ နှမြောလို့ပါ။ ကိုယ့်မှာ သားသမီးရှိလာရင်လဲ ခုလို လုပ်တာတွေက အတုမြင် အတတ်သင်ဖြစ်ပြီး မျိုးရိုးစဉ်ဆက် ကူးစက်သွားနိုင်တာမို့ ဆင်ခြင်စေချင်တယ်ဆိုတာ မေတ္တာရှေ့ထားပြီး ပြောကြားပါရစေရှင် 😊

နုသွေး ချည်  မနုသွေး ချည် ရှိရင် ဆက်သွယ်ပေးပါရှင်။ Cb မှာ လာဆက်သွယ်တာက Profile ပုံစံတူပြီး ကျွန်မတို့ ဆီမှာ screen shot ...
15/02/2026

နုသွေး ချည် မနုသွေး ချည် ရှိရင် ဆက်သွယ်ပေးပါရှင်။
Cb မှာ လာဆက်သွယ်တာက Profile ပုံစံတူပြီး ကျွန်မတို့ ဆီမှာ screen shot ရိုက်ထားတာလေး မတူနေလို့ပါ။
မဲပေါက်သူရဲ့ Profile ပုံလိုက်ပြောင်းပြီး လာထုတ်တာမျိုး မကြာမကြာ ကြုံရလို့ သေချာအောင် Confirm လုပ်ချင်လို့ပါရှင်။
လာထုတ်တဲ့ ညီမလဲ အစစ်အမှန်ဆို ခဏလေး သည်းခံပေးဖို့ တောင်းပန်ပါတယ်နော် 😊
မနက်ဖန် ညအထိ စောင့်ပေးပါရှင်။

15/02/2026

👏👏 Give Away Winner👏👏

ဒီတခါ Give Away လေး မှာ မေးထားတဲ့ လက်ရုံးတော်ရဲ့ Founder ကို Comment မှာ ကြည့်နိုင်ပါတယ်။ အဖြေမှန်သူတွေထဲက ၃ ယောက်ကို Name picker နဲ့ ရွေးချယ်ထားပါတယ်။
အဖြေမှန်ပြီး ကံထူးသူလေး ၃ ယောက် Cb မှာ လာ ဆက်သွယ်ပြီး ဖုန်းဘေလ်လေး လာထုတ် ပေးပါနော် 😊😊
နောက်လတွေမှာလဲ Give away အစီအစဉ်တွေရှိမှာမို့ page ကို အမြဲ စောင့်ကြည့်ပေးကြပါဦးနော် 😊

📣📣📣 Give away 📣📣📣လက်ရုံးတော် ချစ်သူများရေ.. VPN အခက်အခဲတွေကြောင့် လက်ရုံးတော်ရဲ့ ချစ်ခင်သူများနဲ့ ဝေးနေတာ အချိန်လေး နည်း...
11/02/2026

📣📣📣 Give away 📣📣📣

လက်ရုံးတော် ချစ်သူများရေ..
VPN အခက်အခဲတွေကြောင့် လက်ရုံးတော်ရဲ့ ချစ်ခင်သူများနဲ့ ဝေးနေတာ အချိန်လေး နည်းနည်းကြာသွားပါတယ်။

လက်ရုံးတော် ရဲ့ follower လေးတွေကို လဲ လက်ဆောင် မပေးရတာကြာလို့ မေးခွန်းလေး မေးပြီး ဖုန်းဘေလ်လေး လက်ဆောင် ပေးချင်ပါတယ်။

မေးခွန်းလေးက အရမ်းလွယ်ပါတယ်နော် 🤭

❓❓လက်ရုံးတော် ရဲ့ Founder က အမျိုးသား လား၊ အမျိုးသမီး လား ❓❓

ဒီ အစီအစဉ်မှာ ပါဝင်ဖို့အတွက်
၁။ လက်ရုံးတော် ကို like and follow လုပ်ထားတဲ့သူ ဖြစ်ရပါမယ်။
၂။ ဒီ ပို့စ်လေးကို public နဲ့ like and share လုပ်ပေးပါ။
၃။ Share ထားတဲ့ screen shot လေး ကို comment မှာ ပို့ပေးပြီးမေးခွန်းဖြေပေးပါ။

လာမယ့် တနင်္ဂနွေနေ့ (၁၅.၂.၂၀၂၆) မှာ စည်းကမ်းချက်နဲ့ ကိုက်ညီပြီး အဖြေမှန်သူတွေထဲက ၃ ဦးကို ဖုန်းဘေလ် ၁၀၀၀၀ စီ (တစ်သောင်းကျပ်) လက်ဆောင်ပေးပါမယ်ရှင်။

ကဲ လက်ရုံးတော် ချစ်သူများ အမြန်ဆုံး ပါဝင်လိုက်ကြတော့နော်.. 😊😊😊

#လက်ရုံးတော်
#နှလုံးသည်းခြေဆေး
#စားဝငိအိပိပျော်
#မြန်မာ့တိုငိးရင်းဆေး

29/01/2026
27/01/2026

လက်ရုံးတော် နဲ့တွေ့မှ ဘဝ ဟာ ပိုပျော်ရမှာ..
အိပ်ရေးဝဝ အိပ်ရလို့ လန်းဆန်းပြီး အလုပ်တွေပိုလုပ်နိုင် ပိုပျော်ရပြီး ဘဝ က ပို အဓိပ္ပါယ်ရှိလာမှာပေါ့ 😊😊

31/12/2025

လက်ရုံးတော် ကို ချစ်ခင်အားပေးကြသော မိဘပြည်သူများ နှင့် နိုင်ငံသူ နိုင်ငံသား အားလုံး နှစ်သစ်မှ စ၍ အဆိုးအညံ့များ ပျောက်ပြီး ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ် 🙏🙏

#လက်ရုံးတော်တိုင်းရင်းဆေး

28/12/2025

..တစ်ရက်ကို ၂၃၃ ကျပ် နဲ့ အိပ်ကြမယ်..

❓အိပ်ပျော် စားဝင်စေတဲ့ လက်ရုံးတော် နှလုံးသည်းခြေဆေး က စျေးကြီးလား ❓
❓တစ်ဘူးမှာ ဆေးဘယ်လောက်ပါလဲ❓
❓တစ်ဘူးကို ဘယ်နှစ်ရက်သောက်ရလဲ ❓. စသဖြင့် မေးခွန်းတွေ မေးကြပါတယ်။

လက်ရုံးတော် နှလုံးသည်းခြေဆေးကို သဘာဝ ပန်းဝတ်ဆံ၊ ပန်းဝတ်မှုံ ၊ နံ့သာနီ၊ ကန့်ပလူဥ စတဲ့ ဆေးဘက်ဝင်ပစ္စည်း ၂၅ မျိုးခန့်နဲ့ ဖော်စပ်ထားလို့…

✅စိတ်ဖိစီးမှုကိုလျော့စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေပါတယ်။
✅နှလုံးတုန်၊ ရင်တုန်၊ နှလုံးသွေးကြောကျဉ်း သက်သာစေပါတယ်။
✅စားဝင် အိပ်ပျော်ပြီး ကျန်းမာလန်းဆန်း စေပါတယ်။
✅လူကြီးများ အားဆေး အနေနဲ့လဲ သောက်သုံးနိုင်ပါတယ်။
✅သွေးတိုး၊ ဆီးချို၊ အစာအိမ်သမားများလဲ သောက်လို့ရပါတယ်။

🔹ဆေးတစ်ဘူးမှာ ဆေးပြား ၁၄၀ နီးပါး ပါဝင်ပါတယ်။
🔹တစ်ခါသောက် ၂ ပြား မှ ၄ ပြား တစ်နေ့ ၂ ကြိမ်သောက်နိုင်ပါတယ်။
🔹ညအိပ်ပျော်ဖို့ပဲ သောက်သုံးမယ်ဆိုရင် ဆေးတစ်ဘူးကို တစ်လနီးပါး သောက်လို့ရပါတယ်။
🔹နှလုံးတုန်၊ ရင်တုန်၊ စားမကောင်း တဲ့လူတွေအနေနဲ့ တစ်နေ့ ၂ ကြိမ်သောက်သုံးနိုင်ပြီး တစ်လကို ဆေးတစ်ဘူးခွဲ နှစ်ဘူး ကုန်နိုင်ပါတယ်။

🔶အစစ အရာရာ စျေးကြီးနေတဲ့ အချိန်မှာ တစ်လကို ဆေးတစ်ဘူး ၇၀၀၀ ကျပ် ၊ တစ်ရက်ကို ၂၃၃ ကျပ်ထဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး လန်းလန်းဆန်းဆန်း နိုးထ ရမယ်ဆို မတန်ဘူးလားရှင် 😊။
🔶ကုန်ကြမ်းစျေးတွေ ကြီးမြင့်လာပေမယ့် အရည်အသွေး လုံးဝ မလျှော့ဘဲ အကောင်းဆုံး၊ စျေးအကြီးဆုံး ဆေးကုန်ကြမ်းတွေကို သာ အသုံးပြုထားပါတယ်။
🔶မြန်မာပြည်သူ ပြည်သားတွေ အရည်အသွေးကောင်းတဲ့ မြန်မာတိုင်းရင်းဆေးဝါး စစ်စစ်တွေကို စျေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ဖို့က လက်ရုံးတော် ဆေးတိုက်ရဲ့ ကုသိုလ်လဲရ ဝမ်းလဲဝ စေတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

💚အိပ်ပျော်ကျန်းမာစေဖို့ လက်ရုံးတော် ကို ဆောင်ကြပါစို့💚

တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-016293(0727)

မှာယူလိုပါက
- Cb
- ဖုန်း ၀၉-၅၀၁ ၄၈၀၇၊ ၀၉-၉၇၉ ၉၅၉ ၃၁၅
- လက်ရုံးတော်ဆေးဝါးများရရှိနိုင်သော ဆေးဆိုင်များ
- Royal ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်

#လက်ရုံးတော်တိုင်းရင်းဆေး
#နှလုံးသည်းခြေဆေး

25/12/2025

ငြိမ်းချမ်းသော ခရစ်စမတ် အချိန်အခါ သမယ မှာ စိတ်အေးချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း လက်ရုံးတော် မှ ဆုမွန်တောင်းအပ်ပါတယ် ❤️

26/11/2025

… သူ့ ရနံ့လေး တစ်ခါလောက် ရှူကြည့်လိုက်၊ လိမ်းကြည့်လိုက်တာနဲ့ မဝယ်ဘဲ မနေနိုင်တာ ဒီ ရှူလိမ်းဆီလေး ပါနော်…

🌿နှာခေါင်းထဲထိ စူးစူးရှရှ တိုးဝင်ပြီး လန်းဆန်းပွင့်ထွက်သွားစေတဲ့ ရနံ့ကြောင့် အိပ်ငိုက်တာ၊ ထိုင်းမှိုင်းတာတွေ ချက်ချင်းပျောက်စေပါတယ်.. နှာပိတ်နေတာတွေကိုလဲ သက်သာစေပါတယ်..

🌿 လည်ပင်းနဲ့ ဇက် တစ်လျှောက် ပွတ်လိမ်းပေးရင်လဲ ပူရှိန်းပူရှိန်းလေးနဲ့ ဇက်ကြောတက် အမြန်ဆုံးသက်သာစေပါတယ်..

🌿 ကားစီးရင်း မူးလာရင်လဲ လက်ဝါးထဲကို အသာပွတ်ပြီး ရှူလိုက်ရင် ခေါင်းထဲ ကြည်သွားစေပါတယ်..

ဘက်စုံသုံး လေးမို့ တစ်ပုလင်းလောက် ဆောင်ထား မမှားစေရဘူးနော် 😊😊

#လက်ရုံးတော်
#ရှူလိမ်းဆေးဆီ

🙏🙏🙏 ဆေးပေါင်းခ တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည မှ စ၍ ပြည်သူပြည်သားများ အားလုံး သောက်သောဆေးတိုင်း စွမ်းပြီး အနာနှင့်ရောဂါတည့်...
04/11/2025

🙏🙏🙏 ဆေးပေါင်းခ တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည မှ စ၍ ပြည်သူပြည်သားများ အားလုံး သောက်သောဆေးတိုင်း စွမ်းပြီး အနာနှင့်ရောဂါတည့်ကာ သက်ရှည် ကျန်းမာကြပါစေကြောင်း လက်ရုံးတော်မှ ဆုတောင်းလိုက်ပါတယ် 🙏🙏🙏

Address

No 539, Boe Yarzar Street, 35 Ward, North Dagon
Yangon
11421

Telephone

+9595014807

Website

Alerts

Be the first to know and let us send you an email when လက်ရုံးတော် တိုင်းရင်းဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram