05/07/2022                                                                            
                                    
                                                                            
                                            Switch Model မြင်လိုက်တာနဲ့ Switch အမျိုးအစားဘယ်လိုသိနိုင်မလဲ❓❓
PoE Switch လား
Management Switch လား
Desktop Type လား
10Gလား၊ 1Gလား၊ Fiber Switch လား
Port အရေအတွက်၊ Uplink အမျိုးအစားကဘာလဲ
TP-Link မှ မတူညီသည့် လိုအပ်ချက်များစွာအတွက် မတူညီသည့် Switch များစွာထုတ်လုပ်ထားပါတယ်။
👉 Management Switch
👉 Smart Switch 
👉 Easy Smart Switch
👉 Unmanagement Switch 
👉 PoE Switch
ဆိုပြီး  Switch Type အမျိုးအစားများစွာရှိသလို၊ Model များစွာလည်းရှိပါတယ်။
Switch Model တွေဘယ်လောက်များပါနေစေ သူ့ရဲ့ Naming Rule လေးကိုသိရင် Switch အမျိုးအစားကို အလွယ်တကူ ခွဲခြားနားလည်နိုင်ပါတယ်👍👌
ကဲ.. စကြစို့..👇
💢 TL- ဆိုသည်မှာ TP-Link ကိုပြောချင်းဖြစ်ပါတယ်။
TL ကိုစတာမြင်တာနဲ့ ဒါ TP-Link Brand ဆိုတာ သိနိုင်ပါပြီ။
💢 TL-S >> TL- ပြီးတော့ S ကိုတွေ့ရင် ဒါ Switch ကိုပြောခြင်းဖြစ်ပါတယ်။ S မဟုတ်ရင် TP-Link ရဲ့ အခြား Product Line များစွာထဲမှ တခုခုဖြစ်ပါလိမ့်မည်။
💢 TL-S(G),(F),(L),(X) >> S ရဲ့နောက်မှာ👉 G ကိုတွေ့ရင် Gigabit အမျိုးအစားဖြစ်ပြီး၊ 👉F ဆိုရင် FastEthernet အမျိုးအစား၊ 👉L ဆိုရင်တော့ FastEthernet + Gigabit အမျိုးအစားဖြစ်ပြီး 👉X ဆိုရင် 10G အမျိုးအစားလို့မှတ်ပါ။
** Multi-Gigabit 2.5G အမျိုးအစား လည်းရှိပြီး ကိုယ်စားပြုသည့် အမှတ်အသားကတော့ M2 ဖြစ်ပါတယ်၊ နေရာကတော့ နောက်ဆုံးမှာဖော်ပြပါသည်။
ဒီလောက်ဆိုရင် TL-SG###, TL-SF###, TL-SL###, TL-SX### မြင်တာနဲ့ ဘာ Switch လဲဆိုတာ အခြေခံအားဖြင့် သိနိုင်ပါပြီ။👌
✅ နောက်ထပ် Switch Type အမျိုးအစား၊ Port အရေအတွက် တွေဘယ်လိုခွဲခြားသိနိုင်မလဲ ဆိုတာဆက်ရှင်းပါမယ်။
ဒီနေရာမှာ TL-SG ဆိုတာနဲ့ဆက်ရှင်းသွားပါမည်။
TL-SG(x),(x),(xx)
💢 TL-SGx (1), (2),(3) > TL-SG ရဲ့နောက်မှာ ပထမဆုံး တွေ့ရမည့်  Digit သည် ထို Swith ရဲ့ 👉 Layer Type ကိုဆိုလိုခြင်းဖြစ်ပါတယ်။ 
✓ 1 ဆိုတာနှင့် ဒါ Unmanagement အမျိုးအစားပါ၊ 
✓ 2 ဆိုရင်တော့ Smart Management Switch အမျိုးအစားဖြစ်ပြီး
✓ 3 ဆိုရင်တော့ L2/L2+ Management Swtich အမျိုးအစားဖြစ်တယ်လို့ အခြေခံအားဖြင့်မှတ်ယူနိုင်ပါတယ်။
1 ဆိုတာနှင့် နောက်ထပ်ဖြစ်နိုင်တာက Easy Smart Switch အမျိုးအစားလည်းဖြစ်နိုင်ပါတယ်။
💢 TL-SGx(x) (0),(1),(2),(4) >> ပထမ Digit သည် Swith Type အမျိုးအစားလို့သိပြီဆိုတော့၊ အခုဒုတိယ Digit ကိုပြောပါမည်။ 
ဒုတိယ Digit သည် 👉 Uplink Port အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
💢 TL-SGxx(xx)>> တတိယ နေရာမှာရှိသည့် Digit သည်  ၁ လုံး သို့မဟုတ် ၂ လုံးအတွဲဖြစ်နိုင်ပါတယ်။ 
သူကတော့ 👉 စုစုပေါင်း Port အရေအတွက် ( Uplink Port အပါအဝင် ) ကိုဆိုလိုခြင်းဖြစ်ပါတယ်။
✅ Digit တွေအကြောင်းသိပြီဆိုတော့ သူ့နောက်မှာရှိသည့် အက္ခရာများကို ဆက်ရှင်းပြပါမည်👇👇
TL-SG###(X),(P,LP,MP,HP,HPP ), (F),(D),(E)-M2
💢 X သည် Uplink Port အမျိုးအစားကိုပြောခြင်းဖြစ်ပြီး 👉 10G Uplink Port ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါသည်။
💢 P ပါရင်တော့ 👉 PoE Switch လို့မှတ်ယူနိုင်ပြီး PoE Budget တနည်းအားဖြင့် ပါဝင်သည့် W ( Watt ) ကတော့  LP (Low Power), MP ( Middle Power ), HP ( High Power ) , HH ( PoE ++ ) တို့ပေါ်မူတည်ပြီး ကွာခြားပါမည်။
💢 F တွေ့ရင်တော့ အဆိုပါ Switch သည် Fiber Switch အမျိုးအစား ဖြစ်ပါလိမ့်မည်။
💢 D ဆိုသည်မှာ Desktop Type Switch လို့ပြောခြင်းဖြစ်ပါတယ်။ အထူးသဖြင့် Unmanaged Swith များဖြစ်ပြီး ဈေးကွက်ထဲမှာ အများဆုံးတွေ့ရပါလိမ့်မည်။
💢 E ရဲ့ အဓိပ္ပာယ်ကတော့ Easy Smart Switch အမျိုးအစားလို့ဆိုလိုခြင်းဖြစ်ပါတယ်။ Digit များရှင်းပြစဉ်က ပထမဆုံး Digit 1 သည် Unmanagement Switch ကိုကိုယ်စားပြုသော်လည်း နောက်တွင်👉 အက္ခရာ E  တွဲဖက်ပါဝင်ပါက Easy Smart Switch အမျိုးအစားဖြစ်ပါမည်။
💢 နောက်ဆုံးက M2 သည် Multi Gigabit လို့ဆိုလိုခြင်းဖြစ်ပါတယ်။ M2 ပါခဲ့ရင် အဆိုပါ Switch ရဲ့ Port များသည့် ( Uplink Port မှလွဲ၍ ) 2.5Gbps Speed များဖြစ်ပါသည်။ 
✅ TL-SG3210XHP-M2👇👇
ပုံထဲမှာပြထားသည့် Model ရဲ့ အမျိုးအစားကိုပြန်ရှင်းပြရရင်
✓ TL- ဆိုတာကတော့ TP-Link ပါ
✓ S သည် Switch ကိုပြောခြင်းဖြစ်ပြီး တွဲလျက် G ဆိုတော့ Gigabit Switch အမျိုးအစားလို့ မှတ်ယူနိုင်ပါသည်။ 
✓ ပထမ Digit က 3 ဖြစ်သည့်အတွက် L2/L2+ Management Switch အမျိုးအစားဖြစ်ပါတယ်။
✓ ဒုတိယ Digit က 2 ဆိုတော့ Uplink 2 Port ပါမယ်။
✓ တတိယ Digit သည် 10 ဆိုတော့ uplink port အပါအဝင် စုစုပေါင်း Port အရေအတွက်ကိုပြောတာဖြစ်သည့်အတွက် 8 Port Switch အမျိုးအစားဖြစ်ပါသည်။
✓ 10 ရဲ့ နောက်က X ရဲ့ အဓိပ္ပါယ်ကတော့ Uplink Port သည် 10G speed အမျိုးအစားဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။
✓ HP ကတော့ High-Power ဖြစ်သည့်အတွက် PoE Power Budget အနေနဲ့ အများဆုံးပါဝင်မှာဖြစ်ပြီး ဒီ 8 Port Model မှာတော့ 240W အထိပါဝင်ပါတယ်။
✓ နောက်ဆုံးမှာ M2 လည်းပါနေတော့ ဒီ Switch သည် Multi Gigabit Switch အမျိုးအစားဖြစ်ပြီး Port အားလုံးသည် 2.5 Gbps Speed ဖြစ်ပါသည်။
** M2 မပါခဲ့ရင် TL-SG### ဖြစ်သည့်အတွက် Port အားလုံးသည့် 1G Speed များဖြစ်ပါမည်။
TL-SG3210XHP-M2 ပြန်ပြောရရင်👇
💢10G Uplink 2 Port ပါမယ်
💢Port အားလုံးသည် 2.5Gbps Speed များဖြစ်တယ်
💢Power Budget အနေနဲ့ 240W ပါဝင်သည့် L2/L2+ Management 8 Port PoE Switch အမျိုးအစားဖြစ်ပါတယ်.
ကဲ..ဒီလောက်ဆိုရင် Switch Model မြင်လိုက်တာနဲ့ ဘာ Switch အမျိုးအစားလဲဆိုတာ အလွယ်တကူခွဲခြားသိနိုင်ပြီလို့ ယုံကြည်မျှော်လင့်မိပါသည်။