Victoria Hospital
Victoria Hospital Victoria hospital is a 100 bedded private hospital (having speciality centres) owned by Thukha Saytanar Company.
We are providing the best quality care services with the most modernized medical equipment and most skillful doctors in every specialized field for every patient in Myanmar. Our soft opening was launched on 25th June 2011.
တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။နေ့စဉ်လူမှုဘဝအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ရာသီဥတုဒဏ်ကို အန်တုကာ အပင်ပ...
02/03/2026
တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
နေ့စဉ်လူမှုဘဝအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ရာသီဥတုဒဏ်ကို အန်တုကာ အပင်ပန်းခံပြီး စိုက်ပျိုး ထုတ်လုပ်ပေးနေသည့် တောင်သူဦးကြီးများ၏ ကျေးဇူးတရားမှာ ကြီးမားလှပါသည်။ တောင်သူဦးကြီးများအားလုံး ဘေးအန္တရာယ်ကင်းစင်၍ မိသားစုနှင့်အတူ ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို နိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများ၏ ပင်ပန်းကြီးစွာ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။
#ဝိတိုရိယဆေးရုံ
#တောင်သူလယ်သမားနေ့
ဆီးချို၊ သွေးချိုရောဂါဟာ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်တွေကို စနစ်တကျ ထိန်းသိမ်းရတဲ့ရောဂါမျိုးပါ။ ဒါကြောင့် လူနာတွေ...
27/02/2026
ဆီးချို၊ သွေးချိုရောဂါဟာ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်တွေကို စနစ်တကျ ထိန်းသိမ်းရတဲ့ရောဂါမျိုးပါ။ ဒါကြောင့် လူနာတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ သက်တောင့်သက်သာ ကုသမှုခံယူနိုင်ဖို့ ဝိတိုရိယဆေးရုံ ရဲ့ ဆီးချို၊ သွေးချို အထူးကုဌာန (Diabetes Centre) က အဆင်သင့်ရှိနေပါပြီ။
📌ဝိတိုရိယဆေးရုံကြီးရှိ ဆီးချို၊ သွေးချို အထူးကုဌာန (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐂𝐞𝐧𝐭𝐫𝐞) တွင် ဆီးချို၊ သွေးချိုရောဂါများအတွက်
🔷ဆီးချို၊ သွေးချိုရောဂါအထူးကုများနှင့် ပုံမှန်စစ်ဆေးကုသခြင်း။
🔷ဆီးချိုလူနာများနှင့် သင့်တော်တဲ့အစားအသောက်နှင့်စားရမယ့် ပမာဏ ထိန်းညှိပေးခြင်း၊ ကျန်းမာရေး ပညာပေးခြင်း၊ ထိုးဆေးနှင့် သောက်သုံးနေတဲ့ ဆေးဝါးများအကြောင်းကို ပညာပေးခြင်းနှင့် လက်တွေ့ပြသပေးခြင်း။
🔷ခြေထောက်ကို ပုံမှန်စစ်ဆေးခြင်း။
🔷သွားကျန်းမာရေး စောင့်ရှောက်ပေးခြင်း။
🔷မျက်စိစစ်ဆေးခြင်း။
🔷ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှင်များအတွက် စောင့်ရှောက်မှုပေးခြင်း။
🔷လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အလိုက် ကျန်းမာရေးနှင့် ဘဝနေထိုင်မှုပုံစံများ ပညာပေးခြင်း။
🔷ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း။
စတဲ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒါကြောင့် ဆီးချို၊ သွေးချိုရောဂါနှင့် ပတ်သက်ပြီး စိတ်ချရစေဖို့အတွက် ဝိတိုရိယဆေးရုံကြီးရှိ ဆီးချို၊ သွေးချို အထူးကုဌာန (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐂𝐞𝐧𝐭𝐫𝐞) တွင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးများနှင့် ပုံမှန်စစ်ဆေးနိုင်ရန် သတင်းကောင်းလေးပါးလိုက်ပါတယ်။
✳️ ဆီးချို၊ သွေးချို အထူးကုဌာန (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐂𝐞𝐧𝐭𝐫𝐞) ကို နေ့စဉ်မနက် (၇) နာရီမှ ညနေ (၅) နာရီအထိ ဝိတိုရိယဆေးရုံကြီး၏ ဒုတိယထပ်တွင် ဖွင့်လှစ်ထားပြီး အသေးစိတ် အချက်အလက်များအတွက် ☎️ 𝟎𝟏-𝟗𝟔𝟔𝟔𝟏𝟒𝟏 နှင့် 𝟎𝟗-𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏 (𝐄𝐱𝐭: 𝟖𝟎𝟏𝟑) ကို စုံစမ်းမေးမြန်းနိုင်ပါသည်။
𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐀𝐧𝐲 𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
☎️ 𝟎𝟏 𝟗 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
Victoria Hospital is seeking qualified candidates for the following position:Allied Health Department (Imaging Unit)Staf...
27/02/2026
Victoria Hospital is seeking qualified candidates for the following position:
Allied Health Department (Imaging Unit)
Staff Nurse : 1 post
Report to : Senior Manager
Responsibilities
🌟Assess patients prior to imaging procedures.
🌟Provide pre and post procedure nursing care.
🌟Monitor patients during contrast or sedation procedures.
🌟Assist in procedures under supervision as directed.
🌟Monitor and manage contrast reactions or emergencies.
🌟Document adverse events and incident reports.
Requirements
✅Minimum 1year experience in clinical nursing.
✅Experience in Radiology areas preferred.
✅Bachelor of Nursing (BNSC), Diploma in Nursing/Midwife or equivalent.
✅Valid Registered Nurse License.
✅Knowledge of contrast administration and emergency management.
✅BLS and ACLS certification.
📆𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 – 𝟏𝟎.𝟑.𝟐𝟎𝟐𝟔
𝐂𝐨𝐧𝐭𝐚𝐜𝐭: HR Department
📧 Email: hr@witoriyahospital.com
📞 (Monday to Saturday – 9:00 AM to 5:00 PM)
🏥 No.(68), Taw Win Road, 9 Mile, Mayangone Township, Yangon.
🚀 Join our team at Victoria Hospital and contribute to delivering safe, quality healthcare!
🎈 ဝိတိုရိယဆေးရုံ၏ နေရာကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်စွာပါဝင်အားဖြည့် ဆောင်ရွက်ပေးလျက်ရှိကြသော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလဖွား...
27/02/2026
🎈 ဝိတိုရိယဆေးရုံ၏ နေရာကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်စွာပါဝင်အားဖြည့် ဆောင်ရွက်ပေးလျက်ရှိကြသော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလဖွား မွေးနေ့ရှင် 🎁 𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐧 လေးများရဲ့ မွေးနေ့ရက်မြတ်အချိန်ခါသမယကို ကျင်းပလုပ်ဆောင်ခဲ့သည့်အမှတ်တရ မြင်ကွင်းများအား မိဘပြည်သူများထံသို့ မျှဝေအပ်ပါသည်…။
🎈 ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တွင် မွေးဖွားခဲ့ကြသည့် ညီအစ်ကိုမောင်နှမ တစ်ဦးချင်းစီတိုင်းကို ကျန်းမာရွှင်လန်းမှုအပြည့်ဖြင့် ဘဝခရီးလမ်းများဆီလျှောက်လှမ်းနိုင်ကြပါစေလို့ ဝိတိုရိယဆေးရုံမှ ဆုတောင်းမေတ္တာများပို့သအပ်ပါတယ်…၊
𝐅𝐨𝐫𝐦𝐨𝐫𝐞𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧& 𝐀𝐧𝐲𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬:
☎️𝟎𝟏𝟗 𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱𝟎𝟗𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥𝐍𝐨.(𝟔𝟖),𝐓𝐚𝐰𝐖𝐢𝐧𝐑𝐨𝐚𝐝,𝟗𝐦𝐢𝐥𝐞,𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩,𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
ကလေးငယ်တွေမှာ ဝမ်းလျောတာဟာ ဖြစ်တတ်ပေမယ့် ဝမ်းလျှောတာထက် ဝမ်းလျှောတဲ့အခါ မှားယွင်းစွာ ပြုစုမိမှာကို ပိုကြောက်ရပါတယ်။ ကလေး...
25/02/2026
ကလေးငယ်တွေမှာ ဝမ်းလျောတာဟာ ဖြစ်တတ်ပေမယ့် ဝမ်းလျှောတာထက် ဝမ်းလျှောတဲ့အခါ မှားယွင်းစွာ ပြုစုမိမှာကို ပိုကြောက်ရပါတယ်။ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ ရေဓာတ်ခမ်းခြောက်မှု မြန်ဆန်စေလို့ အရမ်းသတိထားရပါတယ်။ စိုးရိမ်စိတ်နဲ့ အလျင်စလို လုပ်မိတတ်တဲ့ အမှားလေးတွေက ကလေးကို ပိုပြီးအန္တရာယ်ဖြစ်စေနိုင်တာကြောင့် လုပ်သင့်တာနဲ့ လုံးဝမလုပ်သင့်တာတွေကို သေချာသိထားဖို့ လိုပါတယ်။
❌ အမှား - ဝမ်းပိတ်ဆေး ချက်ချင်းတိုက်တာ။
ဝမ်းလျှောတာဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ပိုးတွေကို အပြင်ထုတ်နေတာပါ။ ဝမ်းပိတ်ဆေးတိုက်လိုက်ရင် ပိုးတွေ အပြင်မထွက်နိုင်ဘဲ အူထဲမှာပွားပြီး ပိုဆိုးသွားတတ်ပါတယ်။
✅ အမှန် - ဝမ်းသွားသလောက် ကုန်ဆုံးသွားတဲ့ အရည်တွေကို ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည် (ORS) ကိုပဲ အဓိကထား တိုက်ပေးပါ။
❌ အမှား - ကလေးကို အစာဖြတ်လိုက်တာ။
ဝမ်းလျှောရင် အစာမကျွေးရဘူးဆိုတဲ့ အယူအဆအမှားကြောင့် ကလေးအားပြတ်သွားစေနိုင်ပါတယ်။
✅ အမှန် - (၆)လအောက်ကလေးဆိုရင် နို့ပိုတိုက်ပါ။ (၆)လအထက်ဆိုရင်တော့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ငှက်ပျောသီး စတဲ့ ကြေညက်လွယ်တဲ့ အစာတွေကို နည်းနည်းချင်းနဲ့ အကြိမ်ခဏခဏ ကျွေးပေးပါ။
❌ အမှား - ရေသန့် (သို့) အချိုရည်ပဲ တိုက်တာ။
(ရေသန့်က ရေဓာတ်ပဲရပြီး လိုအပ်တဲ့ ဆားဓာတ်မရနိုင်ပါဘူး။ အချိုရည်တွေကတော့ ဝမ်းကို ပိုလျှောစေပါတယ်။)
✅ အမှန် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုထားတဲ့ ဓာတ်ဆားထုတ် (ORS) ကိုသာ ညွှန်ကြားထားတဲ့ ရေပမာဏအတိုင်း အတိအကျဖျော်ပြီး တိုက်ပါ။
❌ အမှား - ပဋိဇီဝဆေး (Antibiotics) တွေကို ကိုယ့်သဘောနဲ့ကိုယ်တိုက်တာ။
ဝမ်းလျှောတာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ ပိုးသတ်ဆေးတွေက အာနိသင်မရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးတောင် ပေးနိုင်ပါတယ်။
✅ အမှန် - ဆရာဝန်ညွှန်ကြားချက်ရှိမှသာ ဆေးတိုက်ပါ။ ဒါပေမဲ့ ဇင့် (Zinc) ဆေးပြား ကိုတော့ (၁၀) ရက်ကနေ (၁၄) ရက်အထိ မှန်ကန်တဲ့တိုက်နည်းဖြင့် တိုက်ပေးခြင်းဟာ ဝမ်းလျှောတာကို သက်သာစေပြီး နောက်ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အထူးသတိထားရမှာကတော့ အကယ်၍ကလေးက မျက်တွင်းချိုင့်နေမယ်၊ ဆီးသွားနည်းနေမယ်၊
မှိန်းနေရင်၊ ဘာမှတိုက်လို့မရဘဲ အန်နေရင် ဒါမှမဟုတ် ဝမ်းထဲမှာ သွေးပါလာရင်တော့ အိမ်မှာကုမနေဘဲ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားဖို့ လိုအပ်ပါတယ်။
ကလေးငယ်တွေရဲ့ ကျန်းမာရေးက မိဘတွေရဲ့ ပြုစုမှုနဲ့ အများကြီးသက်ဆိုင်တာကြောင့် ဖေဖေမေမေတိုက ကျန်းမာရေး အသိပညာကြွယ်ဝစွာနဲ့ မိမိရင်သွေးလေးရဲ့ ကျန်းမာရေးကို အကောင်းဆုံး စောင့်ရှောက်နိုင်ကြပါစေ။
𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐀𝐧𝐲 𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
☎️ 𝟎𝟏 𝟗 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုဟာ ကျန်းမာပြီး စနစ်ကျတဲ့ သားဆက်ခြားခြင်းကနေ စတင်ပါတယ်။ စနစ်တကျသားဆက်ခြားခြင်း ဆိုတာဟာအမျိုး...
23/02/2026
မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုဟာ ကျန်းမာပြီး စနစ်ကျတဲ့ သားဆက်ခြားခြင်းကနေ စတင်ပါတယ်။ စနစ်တကျသားဆက်ခြားခြင်း ဆိုတာဟာအမျိုးသမီးများအနေဖြင့် မလိုလားဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်ရာတွင်များစွာအထောက်အကူပြုသော နည်းလမ်းတစ်မျိုးဖြစ်တဲ့အပြင် မိသားစုဘဝ သာယာ ပျော်ရွှင်စေဖို့ အဓိကလိုအပ်တဲ့ အရာလည်းဖြစ်ပါတယ်။
သားဆက်ခြားနည်းလမ်းတွေ အများကြီးရှိတဲ့ထဲမှာမှ မိမိနဲ့အဆင်ပြေတဲ့ သားဆက်ခြားနည်းလမ်းကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ သားဆက်ခြားနည်းလမ်းများကို ရေတိုနည်းလမ်းများ( 𝐒𝐡𝐨𝐫𝐭-𝐭𝐞𝐫𝐦 𝐦𝐞𝐭𝐡𝐨𝐝𝐬)နှင့် ရေရှည်နည်းလမ်းများ (𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐦𝐞𝐭𝐡𝐨𝐝𝐬)ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။
ရေတိုနည်းလမ်းများ ( 𝐒𝐡𝐨𝐫𝐭-𝐭𝐞𝐫𝐦 𝐦𝐞𝐭𝐡𝐨𝐝𝐬)
💊သောက်ဆေး (𝐎𝐫𝐚𝐥 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐞𝐩𝐭𝐢𝐯𝐞 𝐏𝐢𝐥𝐥𝐬)
နေ့စဉ် ပုံမှန်သောက်ရန်လိုအပ်ပါတယ်။ ရာသီမှန်စေပြီး သားဥကြွေတာကို တားဆီးပေးပါတယ်။
💉ထိုးဆေး (𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧)
(၃) လတစ်ကြိမ် ပုံမှန်ထိုးပေးရန်လိုအပ်ပါတယ်။
👩‍❤️‍💋‍👨ကွန်ဒုံး(𝐂𝐨𝐧𝐝𝐨𝐦𝐬)
ကိုယ်ဝန်တားရုံတင်မကဘဲ ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ရေရှည်နည်းလမ်းများ ( 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐦𝐞𝐭𝐡𝐨𝐝𝐬)
👩‍❤️‍👨လက်မောင်းထဲ ပစ္စည်းထည့်ခြင်း (𝐈𝐦𝐩𝐥𝐚𝐧𝐭)
(၃) နှစ်မှ (၅) နှစ်အထိ အာနိသင်ရှိပါတယ်။
👪သားအိမ်ထဲ ပစ္စည်းထည့်ခြင်း (𝐈𝐔𝐃)
(၅) နှစ်မှ (၁၀) နှစ်အထိ ကာကွယ်ပေးနိုင်ပါတယ်။
သားဆက်ခြားခြင်းဟာ အမျိုးသမီးတစ်ဦးထဲရဲ့ တာဝန်မဟုတ်ဘဲ ဇနီးမောင်နှံနှစ်ဦးလုံး နားလည်မှုတွေနဲ့ အတူတကွ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ သားဆက်ခြားနည်းတွေထဲမှာမှ မိမိ၏ ကျန်းမာရေးအခြေအနေနှင့် လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အသင့်တော်ဆုံးနည်းလမ်းကို ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ရွေးချယ်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။
𝐅𝐨𝐫𝐦𝐨𝐫𝐞𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧& 𝐀𝐧𝐲𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬:
☎️𝟎𝟏𝟗 𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱𝟎𝟗𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာရောဂါအမျိုးမျိုးကို ဆယ်စုနှစ်နီးပါး အောင်မြင်စွာ ခွဲစိတ်ကုသပေးလ...
23/02/2026
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာရောဂါအမျိုးမျိုးကို ဆယ်စုနှစ်နီးပါး အောင်မြင်စွာ ခွဲစိတ်ကုသပေးလျက်ရှိသည့် မလေးရှားနိုင်ငံ ကွာလာလန်ပူတက္ကသိုလ်မှ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း 𝐄𝐍𝐓-𝐇𝐞𝐚𝐝 & 𝐍𝐞𝐜𝐤 𝐬𝐮𝐫𝐠𝐞𝐫𝐲 ဌာနမှူး ပါမောက္ခဆရာဝန်ကြီး👨‍⚕️ 𝐏𝐫𝐨𝐟. 𝐏𝐫𝐞𝐩𝐚𝐠𝐞𝐫𝐚𝐧 𝐍𝐚𝐫𝐚𝐲𝐚𝐧𝐚𝐧 ဖြင့် ဝိတိုရိယဆေးရုံမှာ ပြသနိုင်ပါပြီ။
𝐄𝐍𝐓-𝐇𝐞𝐚𝐝 & 𝐍𝐞𝐜𝐤 𝐬𝐮𝐫𝐠𝐞𝐫𝐲 ဌာနမှူး ပါမောက္ခဆရာဝန်ကြီး
👨‍⚕️ 𝐏𝐫𝐨𝐟. 𝐏𝐫𝐞𝐩𝐚𝐠𝐞𝐫𝐚𝐧 𝐍𝐚𝐫𝐚𝐲𝐚𝐧𝐚𝐧
𝐌.𝐁.𝐁.𝐒 (𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚, 𝐅.𝐑.𝐂.𝐒 (𝐄𝐝)
𝐅.𝐑.𝐂.𝐒 (𝐆𝐥𝐚𝐬𝐠𝐨𝐰), 𝐀𝐀𝐎 - 𝐇𝐍𝐒 (𝐔𝐒𝐀)
𝐌𝐎𝐑𝐋 (𝐌𝐚𝐬𝐭𝐞𝐫 𝐨𝐟 𝐎𝐑𝐋, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚)
𝐏𝐨𝐬𝐭 𝐠𝐫𝐚𝐝 𝐃𝐢𝐩𝐥𝐨𝐦𝐚 (𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐓𝐨𝐫𝐨𝐧𝐭𝐨) (𝐂𝐚𝐧𝐚𝐝𝐚) 𝐢𝐧 𝐍𝐞𝐮𝐫𝐨𝐥𝐨𝐠𝐲, 𝐚𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐨𝐭𝐨𝐥𝐨𝐠𝐲, 𝐬𝐤𝐮𝐥𝐥 𝐛𝐚𝐬𝐞 𝐬𝐮𝐫𝐠𝐞𝐫သည် 🗓️𝐌𝐚𝐫𝐜𝐡 𝟓, 𝟐𝟎𝟐𝟔 (𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲)
ရက်နေ့တွင်ဝိတိုရိယဆေးရုံ၏ ပြင်ပလူနာဌာန တိုင်ပင်ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။
𝐏𝐫𝐨𝐟: 𝐏𝐫𝐞𝐩𝐚𝐠𝐞𝐫𝐚𝐧 𝐍𝐚𝐫𝐚𝐲𝐚𝐧𝐚𝐧 နှင့် ဆွေးနွေးတိုင်ပင်မှုပြုလုပ်နိုင်မည့် ကျန်းမာရေးဝန်ဆောင်မှုများမှာ
🩺 နားရောဂါများအားလုံး - နားလေးခြင်း၊ နားပြည်ယိုခြင်း၊ မူးဝေခြင်း စသည်များကို ခွဲစိတ်ကုသခြင်း၊ 𝐂𝐨𝐜𝐡𝐥𝐞𝐚𝐫 𝐈𝐦𝐩𝐥𝐚𝐧𝐭 ခေါ် အတွင်း စက်ထည့်သွင်းကုသခြင်း။
🩺 နှာခေါင်းရောဂါများအားလုံး - နှာပိတ်၊ နှာယို၊ ထိပ်ခပ်နာ အားလုံး နှင့် အဖုကင်ဆာ စသည်များကို ခေတ်မီမှန်ပြောင်းများဖြင့် ကြည့်ရှုခွဲစိတ်ခြင်း။
🩺 လည်ချောင်းရောဂါများအားလုံး- အသံဝင်ခြင်း ကင်ဆာရောဂါစသည်များကို လေဆာဖြင့်လည်းကောင်း ၊ ခေတ်မီခွဲစိတ်နည်းများဖြင့်လည်းကောင်း အထူးကုသခြင်း။
🩺 လည်ပင်းရောဂါများ အဖုအကြိတ်များ 𝐆𝐨𝐢𝐭𝐞𝐫 ခေါ် လည်ပင်းကြီးရောဂါများ ကင်ဆာရောဂါများကို ခေတ်မီနည်းများဖြင့်ခွဲစိတ်ကုသခြင်း။
🩺 𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚 ခေါ် ညအိပ်သည့်အခါ အသက်ရှုကြပ်ခြင်း၊ ကျယ်လောင်စွာ ဟောက်ခြင်း စသည်များကို လေဆာစက်၊ 𝐫𝐚𝐝𝐢𝐨 𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 စက်စသည်များဖြင့် ခွဲစိတ်ကုသခြင်း။
🩺 နား၊ နှာခေါင်း များမှ အဖုအထစ်များ နှင့် ဦးနှောက်အောက်ပိုင်းသို့ ပြန့်နှံ့နေသူများအား 𝐬𝐤𝐮𝐥𝐥 𝐛𝐚𝐬𝐞 𝐬𝐮𝐫𝐠𝐞𝐫𝐲 ဖြင့် ပိုင်နိုင်စွာ ကုသခြင်းများ ဖြစ်ပါသည်။
ဝိတိုရိယဆေးရုံတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းပိုင်း၊ လည်ပင်းပိုင်းတွင် ဖြစ်ပွားသည့် ရောဂါများ အားလုံးကို ခေတ်မီမှန်ပြောင်း၊ 𝐫𝐚𝐝𝐢𝐨 𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 စက်၊ လေဆာစက် နှင့် အစားထိုးကုသနည်းများဖြင့် စိတ်ချယုံကြည်စွာ လာရောက်ကုသခံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐀𝐧𝐲 𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
☎️ 𝟎𝟏 𝟗 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟏 Ext.7065 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
#နားနှာခေါင်းလည်ချောင်း
ရင်သားကင်ဆာဆိုတာက ရောဂါကိုစောစောသိခြင်းကသာ အသက်ကိုကယ်တင်နိုင်တာပါ။ ဒါကြောင့် စောစောသိဖို့ဆိုရင် ရင်သားကင်ဆာရဲ့ လက္ခဏာတွေ...
22/02/2026
ရင်သားကင်ဆာဆိုတာက ရောဂါကိုစောစောသိခြင်းကသာ အသက်ကိုကယ်တင်နိုင်တာပါ။ ဒါကြောင့် စောစောသိဖို့ဆိုရင် ရင်သားကင်ဆာရဲ့ လက္ခဏာတွေကို သိရှိထားပြီး ပုံမှန်စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။
ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့...
📌 ရင်သား (သို့) ချိုင်းကြားမှာ အဖုအကျိတ်တွေ့ရှိခြင်း
📌 ရင်သားတစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်း ရောင်ရမ်းလာခြင်း
📌 ရင်သားအရေပြား နီရဲလာခြင်း၊ တွန့်လိမ်လာခြင်း၊ ချိုင့်ဝင်နေခြင်း
📌 နို့သီးခေါင်းပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ ချိုင့်ဝင်သွားခြင်း၊ နာကျင်လာခြင်း
📌 နို့သီးခေါင်းကနေ အရည် (သွေးပါနိုင်) ထွက်ခြင်း
📌 ရင်သားအရွယ်အစား (သို့) ပုံသဏ္ဍာန် သိသိသာသာပြောင်းလဲသွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင်ဘယ်လိုလူတွေက ရင်သားကင်ဆာကို အဓိကထား စစ်ဆေးသင့်လဲဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင် သင်ဟာပုံမှန်ထက် ပိုပြီး ရင်သားကင်ဆာကို စစ်ဆေးဖို့လိုအပ်နေပါပြီ။
🎈အသက်အရွယ်ကြီးခြင်း။
🎈မိမိ၏ မိသားစုဆွေမျိုးများတွင် ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုရှိခြင်း။
🎈ရင်ဘတ်အား ဓာတ်ရောင်ခြည်ဖြင့် ပြင်းထန်စွာ ထိတွေ့ဖူးသူများ။
🎈ရာသီသွေးစောစီးစွာပေါ်သော အမျိုးသမီးများ၊ သွေးဆုံးချိန်နောက်ကျသော အမျိုးသမီးများ၊
🎈အသက်ကြီးမှ သားသမီးမွေးသောသူများ၊ သားသမီးမရသော / မယူသော အမျိုးသမီးများ၊
🎈သွေးဆုံးပြီးနောက် ကာလကြာရှည် ဟော်မုန်းကုသမှု ခံယူသောသူများ။
🎈ရာသီသွေးဆုံးပြီးချိန်တွင် ကိုယ်အလေးချိန် ပိုအဝလွန်သူများ၊ ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ၊ အရက်သောက်သုံးသူများ။
🎈ရင်သားတစ်ဖက်တွင် ကင်ဆာရောဂါ ဖြစ်ပွားနေသူများ။
တကယ်လို့ ဒီအချက်တွေထဲမှာ သင်ပါဝင်နေတယ်ဆိုရင် ကြောက်စရာမလိုပါဘူး။
✅ပုံမှန် တစ်လတစ်ကြိမ် ကိုယ်တိုင် ရင်သားစစ်ဆေးခြင်း။
✅တစ်နှစ်တစ်ကြိမ်ဆရာဝန်နှင့် တိုင်ပင်ပြီး စစ်ဆေးမှုခံယူခြင်း။ စတဲ့ ရောဂါကိုကြိုတင် စစ်ဆေးမယ်ဆိုရင် စောစောသိပြီး ကုသပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
💝အမျိုးသမီးတိုင်း ကျန်းမာလန်းဆန်းပြီး ယုံကြည်မှုတည်ဆောက်ဖို့ ကူညီပံ့ပိုးပေးမယ့် Well-women Program ရဲ့ Breast Screening Package နဲ့လည်း ဝိတိုရိယဆေးရုံရဲ့ Wellness Center မှာ ရင်သားစစ်ဆေးနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းလေးပါး လိုက်ပါရစေ။
𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐚𝐧𝐲 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟐 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎’𝑠 𝑊𝑒𝑙𝑙𝑛𝑒𝑠𝑠 𝐶𝑒𝑛𝑡𝑟𝑒)
🏥 𝐍𝐨.(𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗 𝐌𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယ
𝐁𝐨𝐧𝐞 𝐃𝐗𝐀 ဆိုတာကတော့ အရိုးသိပ်သည်းဆကို တိုင်းတာပေးတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပြီး အရိုးကျိုးတာမျိုး မဖြစ်ခင် အစောပိုင်းအရိုးသိ...
20/02/2026
𝐁𝐨𝐧𝐞 𝐃𝐗𝐀 ဆိုတာကတော့ အရိုးသိပ်သည်းဆကို တိုင်းတာပေးတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပြီး အရိုးကျိုးတာမျိုး မဖြစ်ခင် အစောပိုင်းအရိုးသိပ်သည်းဆ ဆုံးရှုံးမှုကို သိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာ ရိုးရှင်းပြီး နာကျင်မှုမရှိတဲ့ စစ်ဆေးမှုတစ်ခုပါ။ 📍 ဒါကြောင့် အသက် ၅၀ ကျော် သွေးဆုံးပြီး အမျိုးသမီးများအားလုံးဟာ ကိုယ့်ရဲ့အရိုးကျန်းမာရေးကို စစ်ဆေးဖို့အတွက် 𝐁𝐨𝐧𝐞 𝐃𝐗𝐀 ပြုလုပ်သင့်တယ်လို့ အကြံပြုလိုပါတယ်။
🔰 𝐁𝐨𝐧𝐞 𝐃𝐗𝐀 ဖြင့်တင်ပါး၊ ကျောရိုး နှင့် လက်ကောက်ဝတ်များကဲ့သို့သော အရိုးများမှာရှိသည့် သတ္တုဓာတ်(𝐦𝐢𝐧𝐞𝐫𝐚𝐥) ပါဝင်မှုနှုန်းကို တိုင်းတာနိုင်ပါသည်။
🔰 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 ကဲ့သို့သော အရိုးပါးရောဂါအပြင် အရိုးနှင့်သက်ဆိုင်သော အခြားရောဂါများကိုပါ 𝐁𝐨𝐧𝐞 𝐃𝐗𝐀 ဖြင့်ရှာဖွေနိုင်ပြီး အရိုးထိခိုက်ကျိုးလွယ်နိုင်သည့်အန္တရာယ်များကို ကြိုတင်တွက်ချက်ထားနိုင်ပါသည်။
𝐁𝐨𝐧𝐞 𝐃𝐗𝐀 အရိုးသိပ်သည်းဆတိုင်းတာသင့်သောသူများ
➤ အသက်အရွယ်ကြောင့် ဓမ္မတာရပ်တန့်သွားပြီဖြစ်သည့် အမျိုးသမီးများ
➤ 𝐎𝐞𝐬𝐭𝐫𝐨𝐠𝐞𝐧 𝐇𝐨𝐫𝐦𝐨𝐧𝐞𝐬 နည်းပါးသူများ
➤ ပေါင်ရိုးကျိုးဖူးသူများ
➤ ဆေးလိပ်သောက်သူများ
➤ အရိုးဆေးကုသမှုခံယူနေရသူများ
➤ အရိုးအားနည်းရောဂါရှိသောသူများ
အစရှိသည့် အရိုးနှင့်ပတ်သက်သော ပြဿနာရှိသည့်သူများ စစ်ဆေးရန်အထူးသင့်လျှော်ပါသည်။
💠 𝐁𝐨𝐧𝐞 𝐃𝐗𝐀 ကိုသာမာန်လူများတွင် (၂) နှစ်လျှင် တစ်ကြိမ်ခန့်တိုင်းတာသင့်ပြီး 𝐒𝐭𝐞𝐫𝐨𝐢𝐝 အမြဲသောက်နေရသူများ (၆) လတစ်ကြိမ်စစ်ဆေးမှုပြုလုပ်ပေးခြင်းသည် အရိုးထိခိုက်မှုလျော့နည်းစေရန် အထူးပင်သင့်လျော်ပါသည်။
✨ မြန်ဆန်ထိရောက်သော ကုသမှုများ ဆောင်ရွက်နိုင်စေရန် တိကျသေချာသော ရောဂါရှာဖွေမှု ဆေးစစ်ချက်အဖြေများသည် အလွန်ပင်အရေးကြီးပါသည်။ မိဘပြည်သူတို့၏ ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း၊ ကုသခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် နိုင်ငံတကာအဆင့်မီ ဝိတိုရိယဆေးရုံတွင် တိကျသေချာ စနစ်ကျသော အရည်အသွေးမှီ နိုင်ငံတကာအသိအမှတ်ပြု ဆေးစစ်ချက်အဖြေများကို စစ်ဆေးရရှိနိုင်ပြီဖြစ်ပါသည်။
𝐅𝐨𝐫𝐦𝐨𝐫𝐞𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧& 𝐀𝐧𝐲𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬:
☎️𝟎𝟏𝟗 𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱𝟎𝟗𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
သွေးကင်ဆာနှင့် သွေးရောဂါအမျိုးမျိုးကို အိန္ဒိယနိုင်ငံအထိ သွားစရာမလိုဘဲ ဝိတိုရိယဆေးရုံမှာပဲ ကုသနိုင်ပါပြီ! ရိုးတွင်းခြင်ဆ...
20/02/2026
သွေးကင်ဆာနှင့် သွေးရောဂါအမျိုးမျိုးကို အိန္ဒိယနိုင်ငံအထိ သွားစရာမလိုဘဲ ဝိတိုရိယဆေးရုံမှာပဲ ကုသနိုင်ပါပြီ!
ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone Marrow Transplantation – BMT) ၊ သွေးရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် အရေးပေါ်ကုသရေး (Critical Care Medicine) ပိုင်းများတွင် ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူ အိန္ဒိယဆရာဝန်ကြီး Dr. Joydeep Chakrabartty ကိုယ်တိုင် ဝိတိုရိယဆေးရုံသို့ လာရောက်ကုသပေးတော့မှာ ဖြစ်ပါတယ်။
အိန္ဒိယဆရာဝန်ကြီး 𝐃𝐫.𝐉𝐨𝐲𝐝𝐞𝐞𝐩 𝐂𝐡𝐚𝐤𝐫𝐚𝐛𝐚𝐫𝐭𝐭𝐲 နှင့်ပြသနိုင်မည့် သွေးနှင့်ဆိုင်သောကင်ဆာရောဂါ၊ သွေးကင်ဆာရောဂါများတွင်
🩸 Acute Myeloid Leukaemia (AML)
🩸 Acute Lymphoblastic Leukaemia (ALL)
🩸 Aplastic Anaemia
🩸Thalassemia / Sickle Cell Disease
🩸 Multiple Myeloma
🩸 Chronic Myeloid Leukaemia (CML)
🩸 Myeloproliferative Disorders
🩸 Severe Combined Immunodeficiency (SCID)
🩸 Paroxysmal Nocturnal Hemoglobinuria (PNH)
🩸 Fanconi’s Anaemia
🩸Chronic Myelomonocytic Leukaemia (CMML)
🩸 Myelodysplastic Syndrome (MDS)
🩸Non-Hodgkin’s Lymphoma
🩸Chronic Lymphocytic Leukaemia (CLL)
စသည်ရောဂါများကိုပြသနိုင်သဖြင့် သွေးရောဂါဝေဒနာရှင်များအတွက် အထူးအခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။
ပြသနိုင်မည့်ရက်များ
📅𝟐𝟕.𝟐.𝟐𝟎𝟐𝟔 ( 𝐅𝐫𝐢𝐝𝐚𝐲) နှင့်
📅𝟐𝟖.𝟐..𝟐𝟎𝟐𝟔 ( 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲) နေ့များတွင် ဝိတိုရိယဆေးရုံတွင် ဆွေးနွေးတိုင်ပင် ကုသနိုင်မည် ဖြစ်ပါကြောင်း အသိပေး သတင်းစကားပါးအပ်ပါတယ်။
လူကိုယ်တိုင် လာရောက်ပြသရန် အခက်အခဲရှိသူများအတွက်လည်း အိန္ဒိယအထိ သွားစရာမလိုဘဲ ဝိတိုရိယဆေးရုံမှတစ်ဆင့် ဆရာဝန်ကြီးနှင့် တိုက်ရိုက် Online Teleconsultation ပြုလုပ်နိုင်မည့် အစီအစဉ်ကိုလည်း စီစဉ်ပေးထားပါသဖြင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် ဖုန်း 09-401575551 သို့ (၁) ရက်ကြိုတင်၍ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းစကားပါးလိုက်ပါရစေ။
𝐅𝐨𝐫𝐦𝐨𝐫𝐞𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧& 𝐀𝐧𝐲𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬:
☎️𝟎𝟏𝟗 𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱𝟎𝟗𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
အမျိုးသမီးအများစုဟာ မိသားစုအတွက် အရာရာကို ပေးဆပ်နေရင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဘာမှမဖြစ်လောက်ပ...
19/02/2026
အမျိုးသမီးအများစုဟာ မိသားစုအတွက် အရာရာကို ပေးဆပ်နေရင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့ ပေါ့ဆမှုကြောင့် ရောဂါကျွမ်းမှ ဆေးရုံရောက်လာတတ်ကြပါတယ်။ ပေါ့ဆနေမိတာက တစ်နေ့မှာ ကိုယ့်ရဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။ တကယ်တော့ သားအိမ်ခေါင်းကင်ဆာဟာ အစောပိုင်းမှာ သိရှိရင် ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
အောက်ပါလက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် မရှက်မကြောက်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။
1️⃣ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
2️⃣ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ နာကျင်ခြင်း
3️⃣ သွေးဆုံးပြီးမှ ပြန်လည်သွေးဆင်းခြင်း
4️⃣ အဖြူဆင်းခြင်း (ပုံမှန်မဟုတ်ဘဲ အနံ့ဆိုးထွက်ခြင်း၊ သွေးစများပါခြင်း)
5️⃣ တင်ပါးဆုံအောက်ပိုင်း နာကျင်ကိုက်ခဲခြင်း
6️⃣ ရာသီသွေး ပုံမှန်ထက်များခြင်း၊ ရာသီလာချိန်ပုံမှန်ထက်ကြာရှည်ခြင်း စတာတွေခံစားရတာဟာ သားအိမ်ခေါင်းမှာ တစ်ခုခု ချို့ယွင်းနေပြီဆိုတဲ့ အချက်ပြမှုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် သားအိမ်ခေါင်း အချွဲစစ်ဆေးခြင်း (Pap Smear) ပြုလုပ်ပြီး သေချာအောင် စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါရစေ။
💠Victoria Wellness Centre မှာဆိုရင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများက Cervical Cancer Screening Package များဖြင့် စစ်ဆေးပေးနေပြီမို့လို့ အချိန်လွန်မှ နောင်တမရစေဖို့ အမြန်ဆုံးလာရောက်စစ်ဆေးနိုင်ပါတယ်။
𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐚𝐧𝐲 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟐 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎’𝑠 𝑊𝑒𝑙𝑙𝑛𝑒𝑠𝑠 𝐶𝑒𝑛𝑡𝑟𝑒)
🏥 𝐍𝐨.(𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗 𝐌𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယ
ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ဆိုတာက ပြန်ရည်ကျိတ်ကနေ အစပြုလာတဲ့ သွေးကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှ...
17/02/2026
ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ဆိုတာက ပြန်ရည်ကျိတ်ကနေ အစပြုလာတဲ့ သွေးကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာရှိတဲ့ ရောဂါကို တိုက်ဖျက်တဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာတဲ့အခါမှာ ဖြစ်လာတာပဲဖြစ်ပါတယ်။
ခုခံအားစနစ် အားနည်းနေသူတွေ၊ မျိုးရိုးထဲတွင် ဖြစ်ဖူးသူတွေနဲ့ ဓာတုပစ္စည်းအချို့နှင့် မကြာခဏ ထိတွေ့ရသူတွေမှာ ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်နိုင်ခြေအလွန်များပါတယ်။
🔸လည်ပင်း၊ ဂျိုင်း (သို့မဟုတ်) ပေါင်ခြံတွေမှာ နာကျင်မှုမရှိဘဲ အကျိတ်တွေ ထွက်လာခြင်း
🔸ဖျားခြင်း၊ ကိုယ်ပူခြင်း
🔸ညဘက်ချွေးထွက်ခြင်း
🔸ကိုယ်အလေးချိန်ကျဆင်းခြင်း
🔸ပင်ပန်းနွမ်းနယ်ခြင်း
🔸ယားယံခြင်း
🔸ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းသွားမှုပုံစံပြောင်းသွားခြင်း
🔸ချောင်းဆိုခြင်း၊ ရင်ဘတ်အောင့်ခြင်း စတာတွေကိုခံစားရတတ်ပါတယ်။
ပြန်ရည်ကျိတ်ကင်ဆာဟာ စောစောစီးစီးသိပြီး မှန်ကန်တဲ့ ကုသမှုခံယူရင် ပြန်လည်ကျန်းမာလာဖို့ အခွင့်အလမ်း အများကြီးရှိပါတယ်။ ဒါကြောင့် အခုလိုမျိုး သွေကင်ဆာနှင့် သွေးရောဂါ ဝေဒနာရှင်များအတွက် မြန်မာနိုင်ငံမှာတင် အိန္ဒိယဆရာဝန်ကြီး 𝐃𝐫.𝐉𝐨𝐲𝐝𝐞𝐞𝐩 𝐂𝐡𝐚𝐤𝐫𝐚𝐛𝐚𝐫𝐭𝐭𝐲 နှင့်ပြသနိုင်သည့် အခွင့်အရေးကို ဝိတိုရိယဆေးရုံမှာ ရရှိနိုင်နေပါပြီ။
𝐃𝐫.𝐉𝐨𝐲𝐝𝐞𝐞𝐩 𝐂𝐡𝐚𝐤𝐫𝐚𝐛𝐚𝐫𝐭𝐭𝐲 သည် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone Marrow Transplantation – BMT) ပြုလုပ်ခြင်း၊ သွေးရောဂါများ၏ စမ်းသပ်မှုများနှင့် အရေးပေါ်ကုသရေး (Critical Care Medicine) များတွင်ထူးချွန်စွာကျွမ်းကျင်သူဖြစ်ပါသည်။
အိန္ဒိယဆရာဝန်ကြီး 𝐃𝐫.𝐉𝐨𝐲𝐝𝐞𝐞𝐩 𝐂𝐡𝐚𝐤𝐫𝐚𝐛𝐚𝐫𝐭𝐭𝐲 သည် ဝိတိုရိယဆေးရုံ၏ ပြင်ပလူနာ ဌာနတွင်
📅𝟐𝟕.𝟐.𝟐𝟎𝟐𝟔 ( 𝐅𝐫𝐢𝐝𝐚𝐲) နှင့်
📅𝟐𝟖.𝟐..𝟐𝟎𝟐𝟔 ( 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲) နေ့များ၌ ဆွေးနွေးတိုင်ပင် ကုသနိုင်မည် ဖြစ်ပါကြောင်း အသိပေး သတင်းစကားပါးအပ်ပါသည်။
ထိုနေ့များတွင် လာရောက်မပြသနိုင်သော လူနာများအတွက်လည်း မြန်မာနိုင်ငံရှိ ဝိတိုရိယဆေးရုံမှာပင် ဆရာဝန်ကြီး ကိုယ်တိုင် Online Téléconsultation အစီအစဥ်ကို ပြုလုပ်ပေးမှာ ဖြစ်သည့်အတွက် ပြသလိုသော မိဘပြည်သူများအနေဖြင့် ဖုန်းနံပါတ် 09-401575551 သို့တစ်ရက်ကြိုတင်စာရင်းပေး၍ ပြသနိုင်ပါကြောင်း သတင်းစကားပါးလိုက်ပါရစေ။
𝐅𝐨𝐫𝐦𝐨𝐫𝐞𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧& 𝐀𝐧𝐲𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬:
☎️𝟎𝟏𝟗 𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱𝟎𝟗𝟕𝟖𝟑𝟔𝟔𝟔𝟏𝟒𝟏(𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဝိတိုရိယဆေးရုံ
Address
No. 68, Taw Win Road, 9 Mile, Mayangone Township
Yangon
95
Alerts
Be the first to know and let us send you an email when Victoria Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Victoria Hospital:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category
Story of Victoria Hospital
ယုံကြည်စိတ်ချရသော အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအဆင့်မီကျန်းမာရေးဝန်ဆောင်မှုများ ရယူလိုသောမိသားစုများရွေးချယ်ရာ ဝိတိုရိယဆေးရုံပါ။ မြန်မာနိုင်ငံအတွင်း နံပါတ် ၁ အယုံကြည်ရဆုံးနှင့်ဝန်ဆောင်မှုအကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်အောင် ကြိုးစားဆောင်ရွက်နေသော ပုဂ္ဂလိကဆေးရုံဖြစ်ပါသည်။ (Unicode Font)
Victoria Hospital aims to go beyond medical and healthcare services. Emphasis has also been placed on forging and nurturing healthy working relationships with all our trusted partners to ensure growth and mutual benefits. Victoria organizes and conducts regular consultations and encourages discussions with respected and credible working partners and stakeholders to cultivate good practices in the medical field and to advance cooperation to benefit individual, community and the country. As a forward looking hospital, Victoria Hospital prides itself to work with the acknowledgement and understanding that stagnation leads to impossibilities, while being proactive leads to possibilities.
VISION