Mommy Connect by mommy Paed

Mommy Connect by mommy Paed Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mommy Connect by mommy Paed, Health & Wellness Website, Yangon.

I feel you Mommy.🩺
​မေ​မေတို့ရဲ့ ပူပင်​သောက​တွေ ရင်ဖွင့်နိုင်သလို
က​လေးကျန်းမာ​ရေးအ​ကြောင်း တိုင်ပင်​ဆွေး​နွေးနိုင်ပါတယ်
သားသားမီးမီးတို့အတွက် ​ပူပင်မှု​တွေ ကင်း​​ဝေးရ​စေဖို့ ၂၄ နာရီ က​လေးဆရာဝန်နဲ့ ​ဆွေး​နွေးလို့ရမဲ့ WF24/7 Team ကလဲ အမြဲ Welcome ပါ

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူးmommy Paed လဲ ကိုယ့်ကိုကိုယ် အသုံ...
05/09/2025

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?
အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူး

mommy Paed လဲ ကိုယ့်ကိုကိုယ် အသုံးမဝင်တဲ့ လူတစ်ယောက်လို ခံစားရပြီး စိတ်ကျရောဂါ ဖြစ်ခါနီးထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်

ဒါ့ကြောင့် Welcome to ‘Bloom and Bond’ program.

💖Bloom and Bond💖

ခံစားချက်တွေ စိတ်ဒဏ်ရာတွေ သက်သာစေပြီး နားလည်မှု၊ ပံ့ပိုးမှုတွေ ပေးမဲ့ နေရာလေးတစ်ခု (safe place) လေးတစ်ခု မိခင်တိုင်း နဲ့ ကလေးလေးတိုင်းအတွက် လိုအပ်ပါတယ်

အဲ့ဒီနေရာလေးမှာ
၁. ကလေးတွေရဲ့ စိတ်ခံစားချက်တွေအတူတူ ဖော်ထုတ် အဖြေရှာကြမယ်
၂. မေမေတို့ရဲ့ အခက်အခဲ ပြဿနာတွေ ဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးမယ်
၃. မေမေတို့ရဲ့ စိတ်သောကတွေအတွက် အထောက်အကူဖြစ်စေမဲ့ work-shop လေးတွေပြုလုပ်ပေးပြီး page ကနေတဆင့် ဗဟုသုတတွေ မျှဝေပေးမယ်

So ‘Bloom with love and Bond With strength’.

Program လေး စတဲ့အခါ ဆရာမနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရတဲ့ session လေးတွေလဲ ရှိမယ်
Workshop တွေလဲ အလျင်းသင့်သလို ပြုလုပ်ပေးမှာမို့ keep in touch ပါနော်

(ကလေးလေးတွေရဲ့ ကျန်းမာရေးအတွက်လဲ WF24/7 program ကလဲ ဆက်ရှိနေဦးမှာပါ
Bloom and Bond အကြောင်း အသေးစိတ်မေးမြန်းလိုပါက 📱viber no. 09428450360 မှာ B&B လို့ စာတိုလေးပေးပို့ပါ
မေမေတိုင်းအတွက် counselling session အခမဲ့ voucher လေးတွေ ရရှိမှာ ဖြစ်ပါတယ်)

27/07/2025

Circumcision (ဂျိုးထိပ် အရေပြားဖြတ်ခြင်း)

မိဘတွေ ဖြစ်လာကြတော့ သားသားမီးမီးလေးတွေအတွက် အဘက်ဘက်က အကောင်းဆုံး ဖြစ်စေဖို့ ဆုံးဖြတ်ချရတာမျိုးတွေ ခဏခဏကြုံရတာပေါ့

ကလေးလေးက သားသားလေးဆိုရင် ဖေဖေမေမေတို့တွေဝေဒွိဟ ဖြစ်ရမဲ့ အခိုက်အတန့် လေး ရှိပြန်ပါရော

💬“သားသားရဲ့ ဂျိုးထိပ်အရေပြားလေး ဖြတ်ရမယ် ပြောတယ် မဖြတ်လို့မရဘူးလား”
💬”ဂျိုးထိပ်အရေပြား မဖြတ်ပဲ ထားရင် ဘာတွေဖြစ်နိုင်လဲ”
💬”ကလေးနာမှာစိုးရိမ်တယ် သားသားဖေဖေလဲ မဖြတ်ထားပေမဲ့ အဆင်ပြေခဲ့တာပဲ မလုပ်လို့မရဘူးလား”
စသဖြင့် အတွေးကိုယ်စီ အမြင်ကိုယ်စီ ရှိကြပါတယ်

ဒီတော့
“Circumcision” လို့ ခေါ်တဲ့ “ဂျိုးထိပ်အရေပြားဖြတ်ခြင်း” အကြောင်း လေ့လာကြစို့နော်

❓Circumcision ဆိုတာ ဘာလဲ
- ဂျိုး ထိပ်ဖူးလေးကို အုပ်ထားတဲ့ အရေပြားကို ဖယ်ရှားတာ ဖြစ်ပါတယ်

❓Circumcision လုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ
(၁) ဘာသာရေး နဲ့ ဓလေ့ထုံးတမ်း တွေကြောင့်
- ဂျူး လူမျိုးနဲ့ အစ္စလာမ် ဘာသာဝင်တွေမှာ သားသားလေးတွေ မွေးကင်းစအရွယ်ထဲက ဘာသာရေးအယူအဆအရ circumcision ပြုလုပ်ကြပါတယ်
(၂) လူမှုရေးနဲ့ ပတ်ဝန်းကျင်ကြောင့်
- သားသားလေးရဲ့ ပတ်ဝန်းကျင်က အမျိုးသားအများစုဟာ circumcised လုပ်ထားကြတဲ့အခါ ကလေးကိုလဲ ကွဲပြားမှုရှိတယ်ဆိုတဲ့ ခံစားချက် မရှိအောင် ပြုလုပ်ပေးကြပါတယ်
(၃) ကျန်းမာရေး ကောင်းကျိုးများကြောင့်
- ဆီးလမ်းကြောင်းပိုးဝင်မှု နည်းပါးစေခြင်း
- လိင်မှတဆင့်ကူးစက်သော ရောဂါဖြစ်မှုနှုန်း နည်းပါးစေခြင်း
- လိင်တံကင်ဆာ (pe**le cancer) ဖြစ်မှုနှုန်း မရှိသလောက်ထိ လျော့ကျစေခြင်း
- အိမ်ထောင်ဖက် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွါးမှုနည်း လျော့ကျစေခြင်း စတာတွေ အပြင်
- ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း (balanitis)၊ ဂျိုးထိပ်အရေပြားကို နောက်ပြန်ဆွဲမရခြင်း (Phimosis)၊ ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း (Paraphimosis) စတဲ့ အခြေအနေတွေမှ ကာကွယ်နိုင်ခြင်းအပြင်
- သန့်ရှင်းရေး လွယ်လွယ်ကူကူ ပြုလုပ်လို့ ရနိုင်ခြင်း
စတဲ့ အချက်တွေကြောင့် Circumcision ပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်

❓Circumcision မပြုလုပ်ချင်တဲ့ အကြောင်းတွေကကော ဘာတွေဖြစ်မလဲ
- Circumcision ပြုလုပ်ခြင်းဟာ သားသားလေးရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်တယ်လို့ ယူဆကြခြင်း
- ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ သွေးစိမ့်တာ၊ ပိုးဝင်မှာ၊ အနာမကျက်မှာ စတာတွေကို စိုးရိမ်ခြင်း
- မှန်ကန်တဲ့သန့်ရှင်းရေး နည်းလမ်းများကို ကောင်းစွာ သင်ကြားပေးနိုင်ပါက အထက်ဖော်ပြပါ အခြေအနေများဖြစ်ပွါးနှုန်း လျော့နည်းနိုင်မည်ဟု ယူဆခြင်း
- လိင်ခံစားမှုအပေါ် သက်ရောက်မှု ရှိနိုင်ခြင်း
စတာတွေကြောင့် Circumcision မလုပ်ဖို့ ရွေးချယ် ကြပြန်ပါတယ်

❓Circumcision ပြုလုပ်သင့်သည့်အခြေအနေများ
- Phimosis (ဂျိုးထိပ်အရေပြား နောက်ပြန်ဆွဲမရခြင်း)
- Recurrent Balanitis (ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း)
- Paraphimosis (ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း)

အထက်ပါ အခြေအနေမျိုးရှိရင်တော့ Circumcision မလုပ်ရင် ဆိုးကျိုးပဲ ရှိနိုင်တာမို့ တွေဝေစရာ မလိုပဲ အရေပြား ဖြတ်သင့်ပါတယ်

✅Circumcision ပြုလုပ်ဖို့ ရွေးချယ်ပြီဆိုရင်
- ကလေး ဘယ်အသက်အရွယ်မှာမဆို Circumcision လုပ်နိုင်ပါတယ် (လေ့လာချက်တွေအရ ၁ နှစ်အောက်မှာ ပြုလုပ်တာ နောက်ဆက်တွဲ အခြေအနေနည်းပြီး ကလေးရဲ့ စိတ်ခံစားမှု အခြေအနေအတွက် အကောင်းဆုံး ဖြစ်တယ်လို့ အဆိုပြုပါတယ်)
- ခွဲစိတ်ဆရာဝန်နဲ့ မခွဲစိတ်ခင်/ခွဲစိတ်ပြီး ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို ဆွေးနွေးတိုင်ပင်သင့်ပါတယ် (အလွန်ရှားပါးသော နောက်ဆက်တွဲ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ နာကျင်ခြင်း၊ အနာမကျက်ခြင်း စသည်တို့ ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်)

✅ Cirumcision ပြုလုပ်သင့်တဲ့ အခြေအနေမရှိတာကြောင့် မလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တော့
- သားသားလေးကို ဂျိုးသန့်ရှင်းရေး နေ့စဉ် မှန်မှန်ကန်ကန် ပြုလုပ်ပေးပါ
- ငယ်ရွယ်စဉ်မှာ အရေပြား အပြည့်အဝ နောက်ပြန်ဆွဲမရတာ ပုံမှန်ဖြစ်တယ်ဆိုတာ သတိချပ်ပြီး အတင်းအကြပ် မဆွဲမိစေဖို့ ဂရုပြုပါ
- တကိုယ်ရည်သန့်ရှင်းရေး ကိုယ်တိုင် ပြုလုပ်နိုင်လာတဲ့ အရွယ်မှာ ဂျိုးသန့်ရှင်းရေး ပြုလုပ်ဖို့ သင်ကြားပေးပါ

ဒီလောက်ဆိုရင်တော့ ဖေဖေမေမေတို့ ဆုံးဖြတ်ချက်ချနိုင်ပြီလို့ ယူဆတာမို့ ထပ်သိချင်တာ တိုင်ပင်ချင်တာရှိရင် အမြဲ welcome မို့ page messenger မှာ Hi ပေးပါနော်

သားရှင် ဖေဖေမေမေတို့ စိတ်သောက လျော့ကျစေဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed

11/06/2025

ဘေဘီလေးတွေ မေမေ့ဗိုက်ထဲကနေ အပြင်ရောက်တာနဲ့ အရင်ဆုံး ဖေဖေမေမေ တို့ကို စိတ်ပူမှုတွေ ပေးနိုင်တာ ဘေဘီလေးတို့ရဲ့ အီအီးပါ 👶💩
ရက်အလိုက် အရောင်လေးတွေပြောင်းနိုင်သလို အကြိမ်အရေအတွက်ဟာလဲ လ အလိုက် ကွာခြားနိုင်တာမို့ ပုံမှန်လား စိတ်ပူရမှာလား ဆိုတာ ဝေခွဲမရ သောကများကြရပါတယ် ဒါကြောင့် မွေးစကနေ potty training ပြုလုပ်သည်အထိ mommy Paed ရေးဖူးတဲ့ p**p p**p p**p ဆောင်ပါးလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

P**p P**p P**p အပိုင်း (၁) အီအီးလေးရဲ့ အရောင်နဲ့ ပုံသဏ္ဌာန် https://www.facebook.com/share/p/16hpQjQXVP/?mibextid=WC7FNe

P**p P**p P**p အပိုင်း (၂) အီအီး အကြိမ်အရေအတွက် https://www.facebook.com/permalink.php?story_fbid=122102564000198378&id=61555951348770&mibextid=WC7FNe

P**p P**p P**p အပိုင်း (၃) ဖြည့်စွက်စာ စားပြီး ဘေဘီလေးတို့ရဲ့ အီအီး https://www.facebook.com/permalink.php?story_fbid=122108591660198378&id=61555951348770&mibextid=WC7FNe

P**p P**p P**p အပိုင်း (၄) ဝမ်းလျှောခြင်း https://www.facebook.com/share/p/1LHJXEAeBd/?mibextid=WC7FNe

P**p P**p P**p အပိုင်း (၅) ဝမ်းချုပ်ခြင်း https://www.facebook.com/share/p/19bSQn3Cck/?mibextid=WC7FNe

Potty training အပိုင်း (၁) https://www.facebook.com/share/p/16cyW8DNP6/?mibextid=WC7FNe

Potty training အပိုင်း (၂) https://www.facebook.com/share/p/15XKatrNxv/?mibextid=WC7FNe

👦💊ကလေးနဲ့ ပိုးသတ်ဆေး💬ဆရာမ သားသားက ပိုးသတ်ဆေး နဲ့မှ အဖျားကျမယ်ထင်တယ် ပိုးသတ်ဆေးပေးပါ💬သမီးလေး အခု ဝမ်းပျက်တော့ အရင်တခါ ဝမ်...
08/06/2025

👦💊ကလေးနဲ့ ပိုးသတ်ဆေး

💬ဆရာမ သားသားက ပိုးသတ်ဆေး နဲ့မှ အဖျားကျမယ်ထင်တယ် ပိုးသတ်ဆေးပေးပါ
💬သမီးလေး အခု ဝမ်းပျက်တော့ အရင်တခါ ဝမ်းသွားတုန်းက တိုက်ထားတဲ့ ပိုးသတ်ဆေး နဲ့ ဓာတ်ဆား တိုက်ထားလိုက်တယ်
💬အဖျားကျပေမဲ့ ချောင်းဆိုးက ကျန်နေခဲ့တာ ဆရာမ ပိုးသတ်ဆေးများများပေးပါ
💬တနေ့ ၃ ကြိမ်ဆိုလို့ နေ့လည်မှ စတိုက်ပေမဲ့ မြန်မြန်ပျောက်အောင် ၃ ကြိမ် တိုက်ရမှာပေါ့နော်

ဒီလိုပုံစံလေးတွေနဲ့ ပိုးသတ်ဆေးကို အရမ်းအားကိုးတဲ့ မေမေတွေရှိသလို

💬ကလေးကောင်းသွားလို့ ပိုးသတ်ဆေးကို ရပ်လိုက်ပြီဆရာမ
💬ပိုးသတ်ဆေးတွေက ပြင်းတော့ ကလေး ခံနိုင်ပါ့မလား
💬ဆေးတွေအများကြီးပေးထားတော့ ကလေး အားပြတ်သွားမှာ စိုးတယ် ဆရာမရယ်
💬ဆေးယဉ်ပါးဖြစ်တတ်တယ်ဆိုတော့ အခုရပ်လိုက်ပြီး နောက်ဖြစ်မှ ပြန်တိုက်တော့မယ်နော် ဆရာမ

စသဖြင့် ပိုးသတ်ဆေးကို မလိုပဲ မသောက်ရမှန်းတော့ သိတယ် ဒါပေမဲ့ ဘယ်လို မှန်ကန်အောင်တိုက်ရမလဲဆိုတာ ဝေဝါးနေကြတာမျိုးလဲ ရှိကြပြန်ရော

ဒီတော့ ပိုးသတ်ဆေးအကြောင်း သေချာ လေ့လာကြစို့နော်

❓ပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘာလဲ
- ဘက်တီးရီးယား (bacteria) လို့ခေါ်တဲ့ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်
- ဗိုင်းရပ်စ်ပိုး (virus) ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို မသက်သာစေပါဘူး

❓ပိုးသတ်ဆေးက ဘယ်လိုအလုပ်လုပ်လဲ
- ဘက်တီးရီးယားပိုးတွေပွါးတာ၊ ကြီးထွားတာ နှေးသွားအောင်၊ ရပ်သွားအောင် လုပ်ပေးသလို သေသွားအောင် ပြုလုပ်ခြင်းဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ပျောက်ကင်းစေပါတယ်
- ကလေးတွေမှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ အအေးမိရောဂါ၊ ဝမ်းလျှောရောဂါ၊ ရာသီတုတ်ကွေးရောဂါ စတာတွေအတွက် ပိုးသတ်ဆေးက လုံးဝ အလုပ်မဖြစ်ပါဘူး

❓ပိုးသတ်ဆေးက ဘယ်လိုပုံစံမျိုးတွေနဲ့ လာတတ်လဲ
- ပါးစပ်က သောက်ရတဲ့ အခဲနဲ့ အရည်ပုံစံ
- အရေပြားပေါ်လိမ်းရတဲ့ အဆီ၊ လိမ်းဆေးပုံစံ
- အသား နဲ့ အကြောထဲထိုးသွင်းလို့ရတဲ့ ပုံစံ အဖြစ် ပိုးသတ်ဆေး ကို အသုံးပြုကြပါတယ်

❓ပိုးသတ်ဆေးကို ကလေးအတွက် အန္တရာယ် အကင်းဆုံး ဖြစ်အောင် ဘယ်လို တိုက်ရမလဲ
1. ဆရာဝန်ညွှန်ကြားမှတိုက်ပါ. ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာပါ
- တိုက်ရမဲ့အချိန်
- တိုက်ရမဲ့ ပမာဏ
- တိုက်ရမဲ့ရက်

2. မတိုက်ခင် ဆေးတွေကို အမြဲစစ်ဆေးပါ
- အစာနဲ့တွဲတိုက်ရမလား အစာမစားခင် သောက်ရမလား
- ဆေးအရည်တွေ အတွက် မသောက်ခင် လှုပ် (shake) ပေးဖို့ လိုလား
- ဆေးအခဲလေးတွေကို ချေလို့ရလား
(ဆေးပုလင်းတွေ မှာ ဖတ်လို့ရနိုင်သလို ညွှန်ကြားတဲ့ ဆရာဝန်ကို သေချာမေးခဲ့ပါ)

3. သေချာစွာ သိမ်းဆည်းပါ
- ​ရေခဲ​သေတ္တာထဲ သိမ်းရမလား
- အခန်းအပူချိန်မှာ သိမ်းရမလား
- ဘယ်လို အရောင်ပြောင်းရင် စွန့်ပစ်ဖို့လိုမလဲ
(ဆရာဝန်ကို မေးနိုင်သလို ဆေးဝယ်တဲ့အခါ ကျွမ်းကျင် ဆေးဝန်ထမ်းတွေကို မေးခဲ့ပါ)

4. ပိုးသတ်ဆေးတွေကို share မလုပ်ပါနဲ့
- ကိုယ့်ကလေးရဲ့ အဖျားအတွက် ပေးလိုက်တဲ့ဆေးကို တခြားကလေးကို မတိုက်ပါနဲ့
- ပိုးမတူသလို ကိုယ်အလေးချိန်လဲ မတူတာကြောင့် နောက်ကလေးအတွက် အကျိုးလုံးဝ မဖြစ်နိုင်ပါဘူး
- ရက်ပြည့်သွားပြီး ကျန်တဲ့ဆေးတွေကို လွှင့်ပစ်ပါ
- နောက်တခါ ပုံစံတူ လက္ခဏာခံစားရတဲ့အခါ virus ပိုးနဲ့ တခြားဘက်တီးရီးယားကြောင့် ဖြစ်နိုင်တာမို့ ပိုးသတ်ဆေးတိုက်ဖို့ မလိုနိုင်သလို တခြားတမျိုး သုံးဖို့ လိုနိုင်တာမျိုး ဖြစ်နိုင်ပါတယ်

5. ဆရာဝန်က ပြန်ပြဖို့ ချိန်းပါက ရက်ချိန်းပြပေးပါ
- ပေးထားတဲ့ဆေးအပေါ် တုံ့ပြန်မှုရှိမရှိ ကြည့်ဖို့ ချိန်းနိုင်ပါတယ်
- ဆေးရဲ့ side effects တွေ ပေါ်လာတာမျိုးရှိရင် ပြန်ပြဖို့ ညွှန်ကြားနိုင်ပါတယ်

❓ပိုးသတ်ဆေးရဲ့ side effects တွေက ဘာတွေလဲ
- ဝမ်းပျက်တာ
- ပျို့အန်တာ
- အနီကွက်၊ အဖုလေးတွေထွက်တာ
💡side effects အများစုဟာ မပြင်းထန်ပဲ ဆေးရပ်လိုက်တာနဲ့ ပျောက်သွားတတ်ကြပါတယ်

❓ဘယ်လိုဆိုရင် ဆရာဝန်နဲ့ ပြန်ပြသင့်လဲ
- ပိုးသတ်ဆေး စသောက်ပြီး ၄၈ နာရီအတွင်း အဖျားမကျတာ
- ဗိုက်နာ ပြီး အန်တာ၊ ဝမ်းအရည်အကြိမ်များတာ၊ သွေးပါလာတာ
- ဆေးတိုက်ရခက်ပြီး ခဏခဏပြန်အန်နေတာ
- အနီကွက်နဲ့ အဖုတွေ အသစ်ထွက်လာတာ
- ပိုဆိုးလာတယ်လို မေမေက ထင်နေတာ

❓ပိုးသတ်ဆေးတွေကို မလိုအပ်ပဲ တိုက်မိရင် ဘာတွေ ဖြစ်မလဲ
- ဆရာဝန်မညွှန်ကြားပဲ တိုက်တဲ့အခါ
- မှန်ကန်တဲ့ အချိန်၊ ပမာဏ၊ ရက်အပိုင်းအခြားအတိုင်း မတိုက်မိတဲ့အခါ
- ဆေးယဉ်ပါးပြီး ပုံမှန်ပိုးသတ်ဆေးတွေ မတိုးတော့တာမျိုး ဖြစ်တတ်ပါတယ်
- ဘက်တီးရီးယားပိုးတွေဟာ ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိဖို့ သူတို့ရဲ့ မျိုးရိုးဗီဇ (DNA) ကို ပြောင်းလဲ ပစ်နိုင်တာကြောင့် မှန်မှန်ကန်ကန်မတိုက်ရင် ဆေးယဉ်ပါး ဖြစ်လာနိုင်တာပါ

✔ဒါကြောင့် ပိုးသတ်ဆေးကို မသုံးရဘူးလို့ မဟုတ်ပါဘူး

“Right Antibiotics for Right Diagnosis, Right Dose and Right Duration of time” ဆိုရင် တိုက်နိုင်ပါတယ်

ပိုးသတ်ဆေးကို မှန်မှန်ကန်ကန်တိုက်ပြီး သားသားမီးမီးတို့ အတွက် အန္တရာယ်အကင်းဆုံး နဲ့ အထိရောက်ဆုံး ဖြစ်ကြစေဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed
Photo-credit

🗓️June 1 ရက်နေ့ က International Children day (အပြည်ပြည်ဆိုင်ရာ ကလေးများနေ့) ဖြစ်ပါတယ်ကလေးသူငယ် အခွင့်အရေးနဲ့ ဘက်စုံဖွံဖြ...
01/06/2025

🗓️June 1 ရက်နေ့ က International Children day (အပြည်ပြည်ဆိုင်ရာ ကလေးများနေ့) ဖြစ်ပါတယ်

ကလေးသူငယ် အခွင့်အရေးနဲ့ ဘက်စုံဖွံဖြိုးတိုးတက်မှုကို တစ်ကမ္ဘာလုံး သတိချပ်ပြီး အားပေးမြှင့်တင်ကြစေဖို့ ရည်ရွယ်ချက်နဲ့ June 1 ရက်နေ့ကို International Children Day အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်

ကလေးတိုင်းမှာ
✅ချစ်ခင်မှု၊ နားလည်မှု၊ ဂရုစိုက်မှုတွေ ခံယူဖို့
✅အခြေခံ စားသောက်နေထိုင်မှု ရရှိဖို့
✅ဆေးကုသမှုခံယူဖို့
✅ပညာသင်ခွင့်ရရှိဖို့
✅ကိုယ်ကျိုးရှာ၊ အမြတ်ထုတ် တဲ့ ဘယ်လုပ်ရပ်မျိုးကနေမဆို ကာကွယ်မှုရရှိဖို့
အခွင့်အရေးရှိပါတယ်

တချို့ နိုင်ငံတွေရဲ့ ကျောင်းတွေမှာ ရိုးရာအကဖျော်ဖြေမှုတွေ၊ ကစားပွဲနဲ့ ပြိုင်ပွဲတွေ ပြုလုပ်ကြသလို ရုပ်ရှင်ရုံတွေမှာ ကလေးလေးတွေအတွက် free ticket ပေးတာမျိုးတွေ၊ အိမ်မှာ ရှိတဲ့ ကလေးလေးတွေကို လက်ဆောင်ပေးကြတာတွေ ပြုလုပ်ကြပါတယ်

mommy Paed ကလဲ
June 1 ရက်နေ့မှာ ပါဝင်ချင်တာကြောင့် သားသားမီးမီးတို့ကို Free consultation ပြုလုပ်ပေးချင်ပါတယ်

📣June 1 ရက်နေ့ မနက် ၉ နာရီမှ June 2 ရက်နေ့ မနက် ၉ နာရီထိ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးအတွက် မေးခွန်းများကို အခမဲ့ ဖြေကြားပေးမှာမို့ viber no. 09428453060 ကို Hello ပြီး J1 လို့ စာတို ပို့ပေးပါနော်

Serial အလိုက် ဖြေကြားပေးမှာမို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးတွေ ပို့ထားပေးပါနော်
(ကလေးအသက် သားသား/မီးမီး မေးချင်တဲ့ မေးခွန်း ဒီ ၃ ခု ကို ပို့ထားပေးပါ)

🎁🎁🎁mommy Paed လိုပဲ ဖေဖေမေမေတို့ရဲ့ International Children Day မှာ ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို gifts လေးတွေ ပေးကြဖို့ မမေ့ကြနဲ့နော်

ချစ်တဲ့ mommy Paed
Photo-credit

မေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အပြုအမူများ (၁၉)Growing pain ❓Growing pain ဆိုတာဘာလဲ- ကလေးတွေရဲ့ ခြေ...
25/05/2025

မေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အပြုအမူများ (၁၉)

Growing pain

❓Growing pain ဆိုတာဘာလဲ
- ကလေးတွေရဲ့ ခြေထောက် အထူးသဖြင့် ပေါင်နဲ့ ခြေသလုံး ကြွက်သားလေးတွေ နာတာ ကိုက်ခဲတာကို ခေါ်ပါတယ်
- ညနေစောင်းနဲ့ ညဘက်တွေမှာ တွေ့ရတတ်ပြီး ခြေထောက် နှစ်ဘက်လုံးမှာ ခံစားရတာပါ
- တခါတရံ ခြေထောက်နဲ့ နာတာနဲ့အတူ လက်မောင်းနဲ့ ကျောနာတာတွေပါ တွဲတတ်ပါတယ်

❓ဘယ်အရွယ်တွေမှာ တွေ့ရတတ်လဲ
- အသက် ၃-၁၂ နှစ်ကြား ကလေးလေးတွေမှာ ဖြစ်တတ်ပါတယ်
- မနက်ဘက်တွေမှာ နာတာ ကိုက်ခဲတာမျိုးမရှိပဲ ပုံမှန် လှုပ်ရှား ဆော့ကစားနိုင်တာ တွေ့ရပါတယ်
- ညဘက်မှာ နာလာတတ်ပြီး အိပ်ရာကနေ နိုးလောက်အောင်ထိ နာကျင်မှု ဖြစ်တတ်ပါတယ်

❓Growing pain ဘာကြောင့် ဖြစ်ရတာလဲ
- အကြောင်းအရင်းအတိအကျကို ခုထိ မသိသေးပေမဲ့
- နေ့ဘက်မှာ လှုပ်ရှား ဆော့ကစားထားတာတွေကြောင့် နာကျင်ရပြီး ပိုလှုပ်ရှားတဲ့နေ့တွေမှာ ပိုဆိုးတတ်တာမျိုး တွေ့ရပါတယ်
- ဒါကြောင့် ကလေးလေးတွေရဲ့ တနေ့တာ ကိုယ်ကာယ လှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်

❓မေမေတို့ စိတ်ပူစရာမလိုတဲ့ Growing pain မှန်း ဘယ်လိုသိနိုင်မလဲ
- Growing pain မှန်းသေချာစေဖို့ စစ်ဆေးလို့ရတဲ့ Tests တွေ မရှိသေးပါဘူး
- ဆရာဝန်က ရောဂါရာဇဝင်နဲ့ စမ်းသပ်မှု ပြုလုပ်ပြီး growing pain လို့ သတ်မှတ်ပေးမှာပါ

❓သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ
- နာတဲ့နေရာလေးတွေကို ညှင်သာစွာ နှိပ်နှယ်ပေးပါ
- ရေနွေးအိတ် ကပ်ပေးပါ
- အကြောလျှော့လေ့ကျင့်ခန်းလေးတွေ ကလေးနဲ့အတူတူ လုပ်ပေးပါ
- ပါရာစီတမော လို အနာသက်သာတဲ့ဆေး တိုက်ပါ
- အနားယူစေပြီး ရေဓာတ် ဖြည့်တင်းပေးပါ

❓ဘယ်လို ဆိုရင် ဆရာဝန်နဲ့ ပြရမလဲ
ခြေထောက် ၂ ဘက်လုံးမှာ ဖြစ်တတ်ပြီး ညနေစောင်း နဲ့ ညဘက် မှာ တွေ့ရတတ်ရင်တော့ growing pain ပဲမို့ အထက်ဖော်ပြပါ နည်းလမ်းလေးတွေနဲ့ သက်သာအောင် ပြုစုပေးနိုင်ပါတယ်
အောက်ပါ အချက်တွေ ရှိနေရင်တော့ growing pain ထက် တခြား ရောဂါရှိနေနိုင်တာမို့ ဆရာဝန်နဲ့ ကုသမှု ခံယူသင့်ပါတယ်
🚨ခြေထောက် ၁ ဘက်မှာပဲ နာကျင်ကိုက်ခဲတာ
🚨မနက်ဘက်မှာ နာတတ်ပြီး နေ့စဉ် လှုပ်ရှားမှုတွေအတွက် အခက်အခဲ ဖြစ်စေတာ
🚨ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်ပြီး လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်စေတာ
🚨ကြွက်သားနေရာမဟုတ်ပဲ အဆစ်တွေနေရာမှာ ကိုက်ခဲတာ (ဥပမာ - ဒူး၊ ခြေကျင်းဝတ်)
🚨ခန္ဓာကိုယ်ပေါ်မှာ အနီစက်၊ အကွက်၊ သွေးခြေဥတဲ့ ပုံစံတွေ့ရတာ
🚨အဖျားနဲ့တွဲပြီး တနေကုန် ပင်ပန်းနွမ်းနယ်နေတတ်တာ
🚨အစာစားချင်စိတ်မရှိပဲ ကိုယ်အလေးချိန်ကျတာ

🚨Red flag signs တွေ မရှိဘူးဆိုရင် Growing pain လို့ မှတ်ယူပြီး သားသားမီးမီးတို့ သက်သာအောင် ပြုစုပေးနိုင်ဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed
Photo-credit

18/05/2025

🎁သားသားမီးမီးတို့အတွက် ဖေဖေမေမေတို့ရဲ့ မိုးဦးကျ လက်ဆောင်လေး💉

မိုးရာသီရောက်တဲ့အခါ စိုးထိုင်းစ မြင့်တက်လာခြင်း၊ မစီးဆင်းနိုင်တဲ့ ရေသေရေအိုင်တွေများလာခြင်း၊ အပူချိန် မြင့်မားနေရာကနေ အပူချိန် ကျဆင်းခြင်း စတဲ့အချက်တွေက virus နဲ့ bacteria တွေ အတွက် အကောင်းဆုံးပေါက်ဖွားရှင်သန်ဖို့ အခြေအနေတွေ ဖန်တီးပါတယ်

ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ က ဒီလိုရာသီတွေမှာ အဖြစ်များတာ တွေ့ရပါတယ်

❓ဘာလို့ မိုးရာသီမှာ ဒီလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များရတာလဲ
✔️စိုထိုင်းစ မြင့်မားမှုကြောင့် အသက်ရှုလမ်းကြောင်းမှာ ရှိနေတဲ့ အမြှေးတွေက ရောဂါပိုးကာကွယ်နိုင်စွမ်းလျော့နည်းပြီး ခုခံအား ကောင်းမွန်စွာ မဖွံဖြိုးသေးတဲ့ ကလေးလေးတွေမှာ နှာစေး၊ ချောင်းဆိုး၊ နှာရည်ကျ၊ လည်ချောင်းနာတာတွေ ပိုဖြစ်ပါတယ်
✔️အပူချိန် ကျဆင်းမှုကြောင့် လေပြွန်လေးတွေဟာ ပုံမှန်ထက် ပိုကျဉ်းပြီး အသက်ရှုကြပ်ကာ ကလေးပန်းနာရင်ကြပ် နဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ လေပြွန်ရောင်တာမျိုးတွေကို ပိုဆိုးစေပါတယ်

❓မိုးရာသီမှာ အဖြစ်အများဆုံး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေက ဘာတွေဖြစ်မလဲ
- Common cold လို့ခေါ်တဲ့ အအေးမိဖျားနာရောဂါ
- ရာသီတုပ်ကွေးရောဂါ
- အဆုတ်ရောင်ရောဂါ
- Hay fever လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ
- လေပြွန်ရောင်ရမ်းခြင်း
- ပန်းနာရင်ကြပ်ရောဂါ

❓ကလေးလေးတွေမှာ ဒါတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ

🧼🫧ကလေးလေးတွေကို ခဏခဏ လက်ဆေး တတ်တဲ့ အကျင့်လေး မွေးမြူပေးပါ
အပြင်မှာ ဆော့ကစားပြီးတဲ့အခါ၊ နှာချေချောင်းဆိုးပြီးတဲ့အခါ၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးကြောစေပါ

🏡🧹အိမ်ကို လေဝင်လေထွက်ကောင်းအောင်ထားပြီး အမြဲ သန့်ရှင်းပါ
ရောဂါပိုးသယ်ဆောင်တဲ့ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ နည်းစေဖို့ မနက်ဘက်တွေမှာ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေ ဖွင့်ထားပေးပါ
Mopping လို့ခေါ်တဲ့ အစိုဝတ်နဲ့ အညစ်အကြေးသန့်စင်ခြင်းကို ပြုလုပ်ပေးပါ

🥗🥛ခုခံအားကောင်းစေဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာကျွေးပါ
သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများကျွေးပါ

💉🦠ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံပါ
အသက် ၆ လကျော်တာနဲ့ flu vaccine ထိုးပေးပါ
Flu vaccine ထိုးခြင်းအားဖြင့် အထက်ဖော်ပြပါ ရောဂါတွေ လုံးဝ မဖြစ်တာမျိုး မဟုတ်ပေမဲ့

✅ရောဂါဖြစ်ပွါးရင် ပြင်းထန်းမှု လျော့မယ်
✅ဖြစ်တဲ့ ကြာချိန် နည်းမယ်
✅ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်သလောက် လျော့နည်းစေပါတယ်

ဒါ့ကြောင့် 👨👩ဖေဖေမေမေတို့အနေနဲ့ ခုခံအားဖွံဖြိုးဆဲဖြစ်ပြီး အသက်ရှုလမ်းကြောင်း ရောဂါတွေ ဖြစ်လွယ်တဲ့ 👶👦👧သားသားမီးမီးလေးတွေကိုကာကွယ်ရေးလမ်းညွှန်ချက်နည်းလမ်းလေးတွေအတိုင်း ဂရုစိုက်စောင့်ရှောက် ပေးနိုင်ကြဖို့နဲ့
မိုးဦးကျ လက်ဆောင်အဖြစ် 💉🎁 flu shot အချိန်မှီထိုးပေးနိုင်ကြစေဖို့ ရည်ရွယ်လျက်
ချစ်တဲ့ mommy Paed

(Flu vaccine အကြောင်း သိချင်တာ ထိုးသင့်မထိုးသင့် ဝေခွဲမရတာ တွေအတွက် ဆွေးနွေးနိုင်သလို ကာကွယ်ဆေး ထိုးနိုင်ဖို့ အတွက်လဲ ဆောင်ရွက်ပေးနိုင်တာကြောင့် mommy Paed ရဲ့ page messenger မှာ ဆွေးနွေးနိုင်ပါတယ်နော်)

🍀‘ကလေးဆရာဝန်ရဲ့ သားသားမီးမီး တွေ ဖြစ်ရတာ အရမ်းကံကောင်းတာပဲ’ တဲ့💬mommy Paed ရဲ့ member မေမေတွေကရော ဆွေးနွေးကုသမှုခံယူဖူးတ...
11/05/2025

🍀‘ကလေးဆရာဝန်ရဲ့ သားသားမီးမီး တွေ ဖြစ်ရတာ အရမ်းကံကောင်းတာပဲ’ တဲ့

💬mommy Paed ရဲ့ member မေမေတွေကရော ဆွေးနွေးကုသမှုခံယူဖူးတဲ့ ကလေးလေးတွေရဲ့ မေမေတွေကရော ပတ်ဝန်းကျင်ကရော ပြောကြတာပေါ့

‘ဆရာမ သားသားကျတော့ ကောင်းလိုက်တာနော် တခုခုဆို ဆရာမ ကုပေးလို့ရတာပေါ့’ တဲ့

❌မဟုတ်ပါဘူးနော်
😢ကလေးဆရာဝန်ဖြစ်ပေမဲ့လဲ မိခင်တစ်ယောက်ဖြစ်နေတာကြောင့် ကလေးတခုခုဖြစ်ရင် တခြား မေမေတွေလိုပဲ ပြာယာခတ်တယ် စိတ်ပူလွန်ပြီး ခြေမကိုင်မိလက်မကိုင်မိနဲ့ သောကများရတာပါပဲ

🏷️ကိုယ့်လူနာကလေးတွေအတွက်ဆိုရင်တော့ တွေဝေမှုမရှိပဲ ဆုံးဖြတ်ချက် သေချာချပေး လမ်းညွှန်ပေးနိုင်ပေမဲ့ သားသားအတွက်ဆို အမြဲချိီတုံချတုံ ဖြစ်ရသူပါ

🏷️ဖတ်ထားလေ့လာထားသမျှ စာတွေ ကလေးလူနာလေးတွေ ကုသခဲ့တဲ့ အတွေ့အကြုံတွေဟာ ပေါ်တာပေါ်လာ ပျောက်တာပျောက် နဲ့ တွေးလိုက်တာ ဟိုးတဆုံးထိပါပဲ

🏷️သားသမီးအတွက် စိတ်ပူ သောကများပြီး မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ မလိုအပ်တာတွေ ပြုလုပ်မိပြီး လိုအပ်တာတွေ ပြုလုပ်ဖို့ ကျန်တာ ဖြစ်မှာစိုးတာကြောင့် mommy Paed ရဲ့ သားသားလေး နေမကောင်းဖြစ်ရင် လုပ်ဖော်ကိုင်ဖက် ကလေးဆရာဝန်တွေဆီကအမြဲတမ်း အကြံဉာဏ် ရယူစမြဲပါ

✔️မိခင်ဆိုတာ
ဘာဂုဏ်ပုဒ်တွေပဲရှိရှိ/မရှိရှိ
အလုပ်အကိုင်ဝင်ငွေရရ/မရရ
အသက်ငယ်ငယ်ကြီးကြီး

✔️မိခင်တိုင်းက ကိုယ့်သားသမီးအတွက်ဆို စိတ်ပူတာ၊ အကောင်းဆုံး လုပ်ပေးချင်တာ၊ ပေးဆပ်ကြတာ အကုန် အတူတူချည်းပါပဲ

💡mommy Paed လဲ တခြားမေမေတွေလိုပဲပေါ့
✅ဘေးနားကနေ တတွတ်တွတ်နဲ့ စိတ်ပူဖို့ မလိုကြောင်း ပြောပြပေးနေမဲ့ သူတစ်ယောက်လိုတယ်
✅အပြစ်တွေပြောနေမဲ့အစား ကိုယ့်ရဲ့ ပူပင်သောကတွေကို နားထောင်ပေးနေမဲ့ သူတစ်ယောက်လိုတယ်
✅ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတဲ့အခါ ကိုယ့်အစား မြန်မြန်ဆန်ဆန် အကောင်းဆုံး ဦးဆောင်ပေးနိုင်မဲ့ သူတစ်ယောက်လိုတယ်

ဒါကြောင့် မေမေတို့ online မှာ ဆေးခန်း လာပြတဲ့အခါ တစ်ကြိမ်စာ အတွက် အချိန် သတ်မှတ်ရတာ mommy Paed အတွက် အရမ်းခက်ခဲပါတယ်

မေမေတို့ဘက်ကလဲ ကိုယ့် သားသားမီးမီးလေးတွေ မသက်သာသေးသရွေ့ မေးစရာတွေ၊ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ဆွေးနွေးချင်တာတွေ၊ ကုသမှုကြောင့် တိုးတက်မှုရှိမရှိ ဆန်းစစ်ချင်တာတွေနဲ့အတူ ဝေခွဲမရ ဒွိဟစိတ်တွေ၊ ပူပင်သောကတွေ များနေတတ်ပါတယ်

အချိန် ၁ နာရီလဲ မလောက်နိုင်သလို ၄-၅ နာရီလောက် ဆွေးနွေးပေမဲ့လဲ စိတ်မအေးနိုင်ပြန်ပါဘူး

📣ဒီအချက်တွေကြောင့်
mommy Paed ရဲ့ Worry Free 24/7 consultation နဲ့ တကြိမ်စာ ဆွေးနွေးကုသမှုကို အချိန် ၂၄ နာရီ တစ်ရက်စာ ဆွေးနွေးခ ၉၀၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ပါတယ်

ဆွေးနွေးတိုင်ပင်ကုသခ ၉၀၀၀ ကျပ်နဲ့ မေမေတို့ ရဲ့ သားသားမီးမီးလေးတွေအတွက် ၂၄ နာရီ တစ်ရက်လုံး ရင်ဖွင့်တိုင်ပင် နိုင်ပါတယ်

❤️11th May 2025 “Mother’s Day” က စလို့ mommy Paed က သားသားမီးမီးတို့ရဲ့ ဆရာမ သာမက မေမေတို့ရဲ့ supportive ears ပါ ဖြစ်ပါရစေ❤️

(Members ကြေးတွေကတော့ ပြောင်းလဲမှုမရှိပါဘူးနော်)

မေမေတို့စိတ်ပူမှုတွေ လျော့ကျစေဖို့ ရည်ရွယ်လျက်
ချစ်တဲ့ mommy Paed

Photo-credit

ရေဓာတ်မှန်းဆပေးနိုင်တဲ့ ရှူးရှူး အရောင်လေးLet’s Peek-a-Pee📰အယ်လ်နီညိုနှစ်(၂၀၂၄)အပူချိန်နဲ့ လာနီညာနှစ်အပူချိန်ခန့်မှန်းချ...
07/03/2025

ရေဓာတ်မှန်းဆပေးနိုင်တဲ့ ရှူးရှူး အရောင်လေး

Let’s Peek-a-Pee

📰အယ်လ်နီညိုနှစ်(၂၀၂၄)အပူချိန်နဲ့ လာနီညာနှစ်အပူချိန်ခန့်မှန်းချက်မှာ လာနီညာနှစ်(၂၀၂၅ ခုနှစ်)က အပူလျော့နည်းနိုင်ကြောင်းတွေ့ရပါမယ်

📰မတ်လ ပထမ ၁၀ ရက်အတွင်း မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ကြောင်း ပြနေသည်ကို တွေ့ရပါတယ်

📰လာနီညာကြောင့်အပူချိန်မြင့်တက်မှုများ ၂၀၂၄ ခုနှစ်(အယ်လိနီညိုနှစ်)ထက် လျော့နည်းသော်လည်း၊ မတ်လအတွင်း စိုထိုင်းဆမြင့်တက်နေသောဒေသများတွင် ခံစားရသည့်အပူချိန် (Temperature Felt) ၄၀°C အထက်အထိ မြင့်တက်နေနိုင်ပါမယ်။

💡💡💡ဒီသတင်းတွေ ဖတ်မိပြန်တော့ အရင်နှစ် ဒီလိုအချိန်မှာပဲ ရေးခဲ့ဖူးတဲ့ B.E.A.T the Heat ဆောင်းပါးလေးကို ဖေဖေမေမေတို့ ပြန်ဖတ်ကြပြီး ကလေးလေးတွေ အပူဒဏ် ကာကွယ်နိုင်ကြစေဖို့ ပြန် share ပေးချင်ပါတယ်

☀️🔥ရာသီဥတုတွေ အရမ်းပူလာတဲ့အခါ ချွေးထွက်များကြပြီး ရေဓာတ်လုံလုံလောက်လောက် ပြန်မဖြည့်ရာကစလို့ အဆိုးဆုံးဖြစ်တဲ့ heat stroke ထိ ဖြစ်ကြရတာပါ

🚨ဒါကြောင့် Hydration လို့ ခေါ်တဲ့ ရေဓာတ်ဖြည့်ဖို့ အရေးကြီးပါတယ်

👬ကလေး အကြီးတွေနဲ့ လူကြီးတွေအတွက်ကတော့ ရေဓာတ်ဖြည့်ဖို့ မခဲယဉ်းပါဘူး
👶👦🧒လသားအရွယ်လေးတွေနဲ့ Toddler ခေါ် မတ်တပ်ပြေးအရွယ်လေးတွေအတွက် မိဘအုပ်ထိန်းသူတွေကဂရုတစိုက် ရေဓာတ်ခမ်းခြောက်မှု ရှိမရှိ အမြဲစစ်ဆေးသင့်ပါတယ်

🚽အလွယ်ကူဆုံး နည်းကတော့ ကလေးလေးတွေရဲ့ ရှူးရှူးအရောင်ကို ကြည့်ဖို့ပါ

➡️ရှူးရှူးအရောင်ဟာ ကောက်ရိုးရောင်လို့ခေါ်တဲ့ အဝါဖျော့တော့တော့လေး ဖြစ်ပါတယ် (ပုံလေးမှာကြည့်ပါ)

ဆီးရောင်ပိုရင့်လေလေ ရေဓာတ်ပိုလိုနေတာကို ပြတာမို့ အခုလို အရမ်းပူပြီး ချွေးထွက်များတဲ့ အချိန်တွေမှာ မကြာခဏ ရေဓာတ်ဖြည့်ပေးသင့်ပါတယ်

💡💡💡ဘယ်လို ရေဓာတ်ဖြည့်ရမလဲဆိုရင်
(၁) အသက် ၆ လအောက် ကလေးများအတွက်
- အမေနို့ ဒါမှမဟုတ် infant formula ခဏခဏ တိုက်ပေးပါ
(၂) အသက် ၆ လအထက် ကလေးများအတွက်
- အမေနို့ ဒါမှမဟုတ် infant formula အပြင် သောက်ရေ
(၃) အသက် ၁ နှစ်အထက် ကလေးများအတွက်
- အမေနို့ ဒါမှမဟုတ် infant formula၊ သောက်ရေ
- နွားနို့ (သကြားပါတဲ့ ဖျော်ရည် အချိုရည်များကို မတိုက်သင့်ပါ)
- အရည်ရွှမ်းတဲ့ အသီးများ

🚰🚰🚰အကြမ်းအားဖြင့် အသက် ၁ နှစ်အထက် ကလေးများအတွက် ပေါင်ချိန်အလိုက် လုံလောက်တဲ့ ရေပမာဏရဖို့ အခုလို တွက်ယူနိုင်ပါတယ်

ကလေးရဲ့ ပေါင်ချိန်ကို kilogram ပြောင်းပြီး 100 နဲ့ မြှောက်ရမှာပါ
ဥပမာ - 12 kg ရှိတဲ့ ကလေးအတွက် လိုအပ်တဲ့ ရေပမာဏ
12x100 ‎ = 1200 ml (1.2 L) ဖြစ်ပါတယ်

ရရှိလာတဲ့ ရေပမာဏဟာ အနည်းဆုံးသောက်သင့်တဲ့ ပမာဏ ဖြစ်ပြီး ပူတဲ့ ရာသီတွေမှာ ထို့ထက် ပို လိုနိုင်ပါတယ် (သောက်ရေအပြင် နို့၊ နွားနို့၊ တခြား အရည်နဲ့ အစားအစာတွေက ပါတဲ့ အရည်တွေပါ အကျုံးဝင်ပါတယ်)

ရှူးရှူးအရောင်ကြည့်ပြီး သားသားမီးမီးလေးတွေကို ခဏခဏ ရေဓာတ်ဖြည့်ပေးတာဟာ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမဲ့ အန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်တာမို့

👏👏👏ကဲ ဖေဖေမေမေတို့ရေ သားသားမီးမီးတို့ရဲ့ ရှူးရှူးကို ခဏခဏ ချောင်းကြည့်ကြပါစို့

Let’s peek-a-pee. 🫣👀

B.E.A.T the heat ဆောင်းပါး ဖတ်ရှုရန် https://www.facebook.com/share/p/1E4MRj1sjz/?mibextid=WC7FNe

31/01/2025

🍀Free 24 hr member for A Year🍀
ကံထူးရှင်လေးကတော့ သမီးလေး Avery ဖြစ်ပါတယ်ရှင်
🤗ပါဝင်ကံစမ်းကြတဲ့ သားသားမီးမီးတို့ အကုန်လုံး ကျေးဇူးတင်ပါတယ်နော်
😌ကံထူးရှင် ဖြစ်ခွင့်မရပေမဲ့လဲ mommy Paed က သိချင်တာတွေ ဆွေးနွေးပေးဖို့ အမြဲ Welcome ပါ

ချစ်တဲ့ mommy Paed

🍀FREE 24 hr member for A Year🍀1️⃣🎊 mommy Paed ရဲ့ Mommy Connect page ​​လေး တစ်နှစ်ပြည့် အထိမ်းအမှတ်အ​နေနဲ့ WF 24/7 team ...
27/01/2025

🍀FREE 24 hr member for A Year🍀
1️⃣🎊 mommy Paed ရဲ့ Mommy Connect page ​​လေး တစ်နှစ်ပြည့် အထိမ်းအမှတ်အ​နေနဲ့ WF 24/7 team နဲ့ ၁ နှစ်စာ FREE တိုင်ပင်​ဆွေး​နွေးနိုင်မဲ့ 24 hr member ​လေး ​တစ်​ယောက် ရွေးချယ်​ပေးပါမယ်
🗓၂၄ နာရီ အခမဲ့ တိုင်ပင်​ဆွေး​နွေးနိုင်မဲ့ ၁ နှစ်တာ ကာလက​တော့ ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့ ၂၀၂၅ မှ ဇန်နဝါရီလ ၃၁ ရက်​​နေ့ ၂၀၂၆ထိ ဖြစ်ပါတယ် (From 1/2/2025 to 31/1/2026)
🍀 ကံထူးရှင်​​ရွေးချယ်ရာမှာ ပါဝင်ဖို့အတွက်
1. ဒီ post ​လေးကို public မှာ like and share လုပ်​ပေးပါ
2. ​ဖေ​ဖေ​မေ​မေတို့ရဲ့ သားသား (သို့) မီးမီး​လေးရဲ့ နာမည်ကို comment မှာ ​ရေး​ပေးပါ
3. WF 24/7 team နဲ့ ​ဒါမှမဟုတ် mommy Paed နဲ့ ဆွေး​နွေးကုသမှုခံယူမှု ရှိဖူးပါက အ​တွေ့အကြုံနဲ့ အကြံ​​ပေးမှု​လေး​တွေ ပြုလုပ်​ပေးနိုင်ပါတယ် (မရှိပါက No.3 အချက်ကို ချန်လှပ်ခဲ့နိုင်ပါတယ်)

🎰 ❓ဘယ်သားသားမီးမီး​လေးက FREE 24 hr member for A Year ဖြစ်မလဲဆိုတာ mommy Paed ရဲ့ သားသား​လေးနဲ့ အတူ မဲနှိုက်ပြီး ​ဇန်နဝါရီလ ၃၁ ရက်​ ​​​သောကြာနေ့ည ၉ နာရီမှာကြေငြာ​ပေးမှာ ဖြစ်ပါတယ်ရှင်

ချစ်တဲ့ mommy Paed

👶ကလေးလေးတွေရဲ့ ပုံမှန်အပြုအမူလေးတွေဟာ မေမေတို့ကို စိုးရိမ်မှုလွန်ကဲစေတဲ့ အကြောင်းအရင်းတွေထဲက တခုပါပဲ☑️/❌ ဒါ့ကြောင့် အမှန...
09/01/2025

👶ကလေးလေးတွေရဲ့ ပုံမှန်အပြုအမူလေးတွေဟာ မေမေတို့ကို စိုးရိမ်မှုလွန်ကဲစေတဲ့ အကြောင်းအရင်းတွေထဲက တခုပါပဲ
☑️/❌ ဒါ့ကြောင့် အမှန်တကယ် စိတ်ပူဖို့လိုလား ပုံမှန်ပဲလားဆိုတာ ဝေခွဲနိုင်ကြစေဖို့ mommy Paed ရေးသားဖူးတဲ့ ပုံမှန်အပြုအမူလေးများအကြောင်းကို စုစည်းပေးလိုက်ပါတယ်

⭐️ မေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန်အပြုအမူများ

အပိုင်း (၁) နို့အန်ခြင်း၊ နေ့နဲ့ ညမှားခြင်း
https://m.facebook.com/story.php?story_fbid=122121282680198378&id=61555951348770

အပိုင်း (၂) ဂျီကျနေတဲ့ ဘေဘီလေး (colicky baby/ growth spurt)
https://m.facebook.com/story.php?story_fbid=122121287678198378&id=61555951348770

အပိုင်း (၃) အမျိုးစုံကြိုးခုန်တဲ့ ပါးစပ်ကလေး (လျှာဖြူ၊ လျှာဝါး၊ sucking pad)
https://m.facebook.com/story.php?story_fbid=122122456814198378&id=61555951348770

အပိုင်း (၄) အမျိုးစုံကြိုးခုန်တဲ့ ပါးစပ်ကလေး (သွားရေကျ၊ လက်ကိုက်ခြင်း၊ သွားကြိတ်ခြင်း)
https://m.facebook.com/story.php?story_fbid=122123843780198378&id=61555951348770

အပိုင်း (၅) အမျိုးစုံကြိုးခုန်တဲ့ ပါးစပ်ကလေး (ကြို့ထိုးခြင်း၊ ဘူးမှုတ်ခြင်း)
https://m.facebook.com/story.php?story_fbid=122124990368198378&id=61555951348770

အပိုင်း (၆) နှာချေနှာပိတ်ခြင်း
https://m.facebook.com/story.php?story_fbid=122126452202198378&id=61555951348770

အပိုင်း (၇) နားသန့်ရှင်းရေး၊ လည်ပင်းမှ နီတာရဲလေးများ၊ နှာခေါင်းသွေးလျှံခြင်း
https://m.facebook.com/story.php?story_fbid=122127599840198378&id=61555951348770

အပိုင်း (၈) ငယ်ထိပ်အကြောင်း၊ ဆံပင်ကျွတ်ခြင်း၊ အဆီဦးထုပ်၊ ခေါင်းပြား၊ ခေါင်းရမ်းခြင်း၊ ခေါင်းဖုလေးများ
https://m.facebook.com/story.php?story_fbid=122129797142198378&id=61555951348770

အပိုင်း (၉) ခေါင်းချွေးပြန်ခြင်း၊ မျက်ရည်ကျ၊ မျက်ဝတ်ထွက်
https://m.facebook.com/story.php?story_fbid=122132358068198378&id=61555951348770

အပိုင်း (၁၀) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (အမွှေးနုနုလေးများ၊ vernix၊ Breastmilk jaundice)
https://m.facebook.com/story.php?story_fbid=122136248054198378&id=61555951348770

အပိုင်း (၁၁) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (အဖုကလေးများ)
https://m.facebook.com/story.php?story_fbid=122137199348198378&id=61555951348770

အပိုင်း (၁၂) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (အဖြစ်များသော အရေပြား အခြေအနေများ)
https://m.facebook.com/story.php?story_fbid=122139849554198378&id=61555951348770

အပိုင်း (၁၃) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (မွေးရာပါ အမှတ်များ)
https://m.facebook.com/story.php?story_fbid=122144112254198378&id=61555951348770

အပိုင်း (၁၄) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (သွေးကြောအမှတ်များ)
https://m.facebook.com/story.php?story_fbid=122144581190198378&id=61555951348770

အပိုင်း (၁၅) ချက်ကလေးအကြောင်း
https://m.facebook.com/story.php?story_fbid=122146504484198378&id=61555951348770

အပိုင်း (၁၆) Nursing strike
https://m.facebook.com/story.php?story_fbid=122147107910198378&id=61555951348770

အပိုင်း (၁၇) Separation anxiety
https://m.facebook.com/story.php?story_fbid=122149859348198378&id=61555951348770

အပိုင်း (၁၈) ဘေဘီလေးတို့ရဲ့ အရေပြားအကြောင်း (မျက်နှာပေါ်က အဖြူကွက်လေးများ)
https://m.facebook.com/story.php?story_fbid=122209816364198378&id=61555951348770

အပိုင်း (၁၉) Growing pain
https://m.facebook.com/story.php?story_fbid=122244863948198378&id=61555951348770&mibextid=ZbWKwL

ဖော်ပြထားတဲ့ ပုံမှန်အပြုအမူတွေအကြောင်းအပြင် ထပ်သိချင်ရင် mommy Paed ရဲ့ page messenger မှာ ဆွေးနွေးနိုင်ပါတယ်နော်

ချစ်တဲ့ mommy Paed

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mommy Connect by mommy Paed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram