Amara USA Supplements

Amara USA Supplements Vitamin/Supplements

02/05/2026

🌿Ox Bile ၏ တန်ခိုးသတ္တိ ——

ကျေးဇူးဆပ် ခွင့် ရ လိုက် လို့ အလွန် ပျော် ရ ပါ သည်။

ကျွန်မ ၏ ဆေးကျောင်း တက်စဉ် က ဆရာတစ်ဦး ဖြစ် သည့် အာစရိယဆရာသမား တစ်ဦး ဟာ အစာစားပြီး ရင် လေပွ၊ လေတက်၊ ဗိုက် နေမကောင်း၊
ညမအိပ် နိုင်၊ ဖြစ် နေ ရှာ ပါ တယ်။

ဆရာ ကိုယ် တိုင် က လည်း လူကြီးရောဂါ အထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ် ပါ တယ်။
လက်ရှိ အလုပ်လုပ် နေ ဆဲ ပါ ပဲ။
Geriatric specialist ဖြစ် ပါ တယ်။

ဒီ ဆရာ က လည်း hypothyroid ဖြစ် နေ တာ နှစ် ပေါင်း များစွာ ကြာပြီ မို့ Thyroid ဆေး သောက် နေ တာ လဲ ဖြစ် ပါ တယ်။

သူ့ ဆရာဝန် ပေး ထား သည့် ဆေး T4 synthyroid ကို သောက်နေ ပါ တယ်။

အိမ် မှာ ထမင်း ဖိတ်ကျွေးသည့် အခါ ထုံးစံ အတိုင်း လေပွ၊ ဗိုက် နေ မကောင်း၊ လေတက်
ဖြစ် နေ တာ နဲ့ ကျွန်မ မှာ ရှိ သည့်
Ox Bile ကို ပေး သောက်လိုက် ပါ တယ်။

နောက် နေ့ မ နက် ကြ တော့ ဝမ်းသာ အားရ နဲ့ ၊ ည က ကောင်းကောင်း အိပ် ရ သည့် အကြောင်း၊
ဗိုက် က ဒုက္ခ မပေး ၊ လေ မပွ၊ ဗိုက် မနာ၊
လေမတက် တာ ကြောင့် နေ လို့ ပေါ့ ပါး လို့ အလွန် ကျေးဇူး တင် ကြောင်း ပြော ပါ တယ်။

ကျွန်မ က လည်း ၊ အိမ် မှာ ရှိ သည့် ဆေး ဗူး ကို လှူ လိုက် ပါ တယ်။လက်ဆောင် အဖြစ် ယူ ပါ လို့ ။

သုံးပတ် လောက် ကြာ သည့် အခါ မိတ်ဆွေ တစ်ဦး အိမ် မှာ ထပ် တွေ့ ပါ တယ်။

အရမ်း နေ လို့ ကောင်း သွား လို့ ကျေးဇူးတင် စကား ထပ် ပြီး ပြော ပြန် ပါ တယ်။

ဆရာပြော တာ လေး က တော့ ——

“ တစ်ချိန် က တပည့် တစ်ဦး ဖြစ် ခဲ့ ပေ မဲ့၊ အခု တော့ တပည့် ပြော တာ ကို လိုက်နာ မှာ ဖြစ် ပါ တယ် တဲ့။

ကျွန်မ နေ့ စဉ် လုပ် နေ သည့် ကျန်းမာရေး ဗဟုသုတ ပေး သည့် ပရဟိတ လုပ် ငန်း ကို လည်း သာဓု ခေါ် ပါ တယ် တဲ့ ”

ကျွန်မ က တော့ တစ်ချိန် က ကိုယ့်ဆရာသမား ဖြစ်ဖူး သူ တစ်ဦး ကို
ကူညီ လိုက် ရ တာ ကြောင့် ဝမ်းသာ ပီတိ ဂွမ်းဆီထိ ပဲ ဖြစ် ပါ တယ်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)

🍃Ox Bile

စားလိုက်တဲ့ အစာထဲမှာ ပါလာတဲ့ အဆီတွေကို ချေဖျက်ဖို့ သည်းခြေက သည်းခြေရည် ကို ထုတ်ပေးပါတယ်။

သည်းခြေရောင်ခြင်း၊ သည်းခြေ ကျောက်တည်ခြင်း၊ သည်းခြေပြွန်မှာ ကျောက်ပိတ်နေခြင်း၊ သည်းခြေကင်ဆာ စသည့် ရောဂါတွေ ဖြစ်နေတဲ့အခါ သည်းခြေရည် အထွက် နည်းသွားပြီး အဆီကို ကောင်းစွာ မချေနိုင်တော့ဘဲ ဗိုက်ပွ၊ လေပွ ၊ အစာမကြေ၊ လေတက်၊ မအီမလည်ဖြစ်ပြီး ဝမ်းသွားသည့်အခါ အဆီများ ပါလာတတ်ပါတယ်။

ကြာရင် အဆီမှာ ပျော်နိုင်သည့် ဗီတာမင်များ
ယုတ်လျော့လာတတ်ပါတယ်။ D3 သောက်သော်လည်း D3 level အတက် နှေးနေတတ်ပါတယ်။

သည်းခြေ ကျောက်တည်နေသူများ သည်းခြေက သည်းခြေရည် ညှစ်ထုတ်ရင်း ကျောက် ထွက်လာပြီး သည်းခြေလမ်းကြောင်းပိတ်သွားလို့ အရေးပေါ် ဆေးရုံ တက်ရတာမျိုး ဖြစ်တတ်ပါတယ်။

သည်းခြေကျောက်ရှိ သူတွေ အတွက် ကတော့
ပန်းသီးရှာလကာရည် ကလည်း ကောင်းပါတယ်။ ထမင်းစားဇွန်း တဇွန်း နဲ့ ရေတခွက် ကို ရောသောက်ပါ။

Hypothyroid ဖြစ်ရင် ကျောက်တည်တာ၊ သည်းခြေ ကောင်းကောင်း အလုပ် မလုပ်တာ ဖြစ်တတ်ပါတယ်။

အဲလိုဖြစ်နေသူတွေ Ox Bile ကို မှန်မှန် သောက်လေ့ရှိကြပါတယ်။

သည်းခြေ ထုတ်ထားသူများလဲ သောက်ကြပါတယ်။

ထမင်းမစားခင် ၃၀ မိနစ် ၁၅ မိနစ် သောက်သူတွေ ရှိသလို မစားခင် စားပြီး အစာနဲ့ ကပ်လျက် သောက်သူတွေလည်းရှိပါတယ်၊ ဗိုက်နာမှ သောက်သူတွေလည်းရှိပါတယ်။
*လေးစားစွာဖြင့်-
To A Better Health & original writer

USA Supplements

02/05/2026

🌿အူကျန်းမာရေးကဘယ်လိုအကြောင်းအရာတွေနဲ့ပတ်သက် ဆက်နွယ်နေတာလည်း ဆိုတာ တင်ပြမှာ ဖြစ်ပါတယ်။

အူ အတွင်း နံရံဟာ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်ပါတယ်။

၁။အူနံရံကို ယောင်ကိုင်းစေတတ်သော အစားအစာများ စားသောက်ခြင်း၊ ဥပမာ ---- Gluten၊ သကြား၊ အရက်စသည်ဖြင့်
၂။အကျိုးရှိ ပိုးများ ပျက်စီးကုန်ခြင်း၊
ဥပမာ ---- အချို့ ဓာတုဆေးများ acid blockers, antibiotics, prednisone စသည်ဖြင့်
၃။ကင်ဆာ ရောဂါကို ကုရာမှာ ဓာတ်ကင်ခြင်း၊ chemotherapy ဆေးများ၊
၄။Parasites (သံကောင် နှင့် အခြား အကောင်များ)
yeasts များလာခြင်း၊
၅။Mycotoxins မှိုတက်သော အစာများ၊
၆။ ကိုယ်၊ စိတ် ခန္ဓာကိုယ် ဖိစီးခြင်း၊
၇။ခွဲစိတ် ကုသခြင်း၊

အူနံရံ ပျက်စီးသွားသည့်အခါမှာ အူမှနေပြီး
မကျေညက်နိုင်သေးသော အစာများ အူမှနေပြီး ခန္ဓာကိုယ်ထဲကို ဝင်ပြီ ဖြစ်ပါတယ်။

ကျန်းမာနေသည့် အူနံရံ မှ ဆိုလျှင် ကျေညက်ပြီး အစာသာလျှင် ဝင်နိုင်ပါတယ်။

မကျေညက်သေးသည့် အစာများကို ခန္ဓာကိုယ်က ထိတွေ့နေကျ မဟုတ်တော့ ရန်သူ ထင်ပြီး အယောင်ဓာတ်တွေနဲ့ စပြီး တိုက်ခိုက်ရာကနေ ခန္ဓာကိုယ်ရဲ့ ခုခံအားဟာ ကစဥ့်ကလျား စတင် ဖြစ်လာပါတော့တယ်။

အူနံရံ မကျန်းမာလျှင် အူမှ အစာများကို ခါတိုင်းလိုလည်းမစုပ်ယူနိုင်တော့ပါ။ အာဟာရများလည်း တဖြေးဖြေးနဲ့ ချို့တဲ့လာနိုင်ပါတယ်။

Vitamins, Omega 3 fatty acids, စသည်ဖြင့် လျော့ပါးလာမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အခြေအနေကို အင်္ဂလိပ်လို LEAKY GUT, မြန်မာလို အူနံရံ ယိုပေါက်ခြင်း ဖြစ်ပါတယ်။ ရောဂါမျိုးစုံလည်းဝင်ပြီ ဖြစ်ပါတယ်။

ကျွန်မ ပြောချင်တာက Leaky gut မဖြစ်အောင် ကြိုးစားပြီး နေကြပါ။

အူကျန်းမာရေး ကောင်းစေဖို့ဆိုရင် မကောင်းတဲ့ အစာတွေ ရှောင်ဖို့ အရေးကြီးပါတယ်၊
အစားအသောက် ပုံစံ ပြောင်းဖို့ လိုပါမယ်၊
ထမင်းလျှော့စားပါ၊အဆီစားပါ၊အသား စားပါ။

ဂျုံ , သကြား , နွားနို့ , Gluten , ရွေခြည် , Soda အချိုရည်မျိုးစုံ , process food ( အသင့်စားရန် လုပ်ထားသော အစားအစာ မျိုးစုံ ) , အချိုမှုန့် မျိုးစုံ , ငပိ , ငံပြာရည် , အဲ့ဒါတွေ တတ်နိုင် သမျှ ရှောင်ပါ၊
အိမ်မှာဘဲ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားကြပါ။

✨ကျန်းမာရေးကောင်းဖို့ -
၁။D3 level ကောင်းရပါမယ်
၂။ Thyroid စစ်ရပါမယ်
၃။ အူကျန်းမာရေး ကောင်းအောင် လုပ်ရပါမယ်

အူကျန်းမာရေးက အလွန်အရေးကြီးပါတယ် ၊
ရောဂါ အားလုံး အူမှာ စဖြစ်တာပါတဲ့
ခန္တာကိုယ် ခုခံ အားရဲ့ ၈၀% က အူထဲမှာပါ
စားသမျှ အစာ အားလုံးကလဲ အူထဲကိုရောက်တာပါ
Autoimmune ရောဂါ ဖြစ်ရင်လဲ အူကျန်းမာရေးကိုပြင်ရတာပါ၊
အူ က ဒုတိယ ဦးနှောက်ပါတဲ့
ဝမ်းတလုံး ကောင်းရင် ခေါင်းမခဲပါ
အရေပြားပေါ်မှာဖြစ်တဲ့ ရောဂါ အားလုံးဟာ အစာမကြေလို့ ဖြစ်တာပါ။

ညံ့ဖျင်းတဲ့ အစားအစာတွေ ကြောင့် လူတိုင်း လိုလို အူကျန်းမာရေး မကောင်းကြပါ ။( leaky gut )

✨အူကျန်းမာရေး ကောင်းအောင် လိုအပ်တာတွေကတော့ -
-Vitamin D3
-Fish oil
-Apple Cider Vinegar
-probiotics
-Digestive Enzymes
-Ox-Bile
-Zinc
-အရိုးပြုတ်ရည်
ဒါတွေ နဲ့ အူကျန်းမာရေး ကောင်းအောင်ပြင်ကြပါ၊
အူကျန်းမာရေး ကောင်းအောင် လိုတဲ့ supplementsတွေ သောက်ပီး အစားအသောက် ပုံစံ မပြင်ရင်တော့ ရည်မှန်းတဲ့ ပန်းတိုင်ကို မရောက်နိုင်ပါဘူး။
*လေးစားစွာဖြင့်-
To A Better Health & original writer

USA Supplements

01/05/2026

🍃" ကျန်းမာရေးအတွက် ဘယ်အစားအစာတွေ ရှောင်ရမလဲ။ "

1️⃣ ဆီကြော်စာ

ကယ်လိုရီများပြီး ကျန်းမာရေးထိခိုက်စေတဲ့ trans fat အဆီတွေပါဝင်တယ်။ အဆီပုံစံပြောင်းသွားတဲ့အခါ ခန္ဓာကိုယ်က ပြောင်းသွားတဲ့အဆီပုံစံကိုချေဖျက်ဖို့ ခက်ပြီး ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေတယ် ရေးပါတယ်။ အပူချိန်အမြင့်ကြီးမှာ ကြော်ချက်ခြင်းပြုလုပ်တဲ့အခါ acrylamide ပါဝင်မှု များလာတယ်ဆိုပါတယ်။ သုသေတနတွေမှာ acrylamide က ကင်ဆာအများစုဖြစ်စေတယ်ပြောပါတယ်။ ဆီကြော်စာတွေက သွေးတိုးလာစေပါတယ်။ ကောင်းတဲ့အဆီ HDL ကိုလည်း လျော့နည်းစေပါတယ်။

2️⃣ Fructose ( ဖရပ်တို့စ် ) သကြား

သကြား 120 ကယ်လိုရီစားလျှင် 40 ကယ်လိုရီလောက် အဆီဖြစ်သွားလို့ သကြားစားခြင်းက အဆီစားခြင်းနဲ့ တူပါတယ်။ ဘေးထွက်ပစ္စည်းအနေနဲ့ ယူရစ်အက်ဆစ် ထွက်ပါတယ်။ သကြားစားသုံးခြင်းက သွေးဖြူဥတွေကို တက်ကြွမှုနေးကွေးသွားစေပါတယ်။ သကြားစားပြီး တစ်နာရီအကြာမှာ ခုခံအားစနစ်က ရှိနေတဲ့အနေအထားအောက် ၃၈% လောက် ကျဆင်းသွားပါတယ်။

သကြားက စားချင်စိတ်ကို လျော့နည်းစေတဲ့ ဟိုမုန်း ( leptin ) ပေါ်မှာလွှမ်းမိုးမှု မရှိတာကြောင့် ပိုစားဖြစ်ပါတယ်။ သကြားစားလိုက်လျှင် ဆီလိုတိုနင် မြင့်တက်လာစေပြီး စွဲလမ်းသွားစေပါတယ်။ သကြားစွဲလမ်းမှုဖြစ်နေသူ အများစုက သကြားမစားရလျှင် မောပန်းတာ၊ရင်တုန်တာ၊ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်တတ်ပါတယ်။

3️⃣ ရယ်ဒီမိတ်

ရယ်ဒီမိတ်တွေမှာ တာရှည်ခံပစ္စည်း အမြောက်အများပါဝင်ပါတယ်။ တစ်ချို့ထုတ်ပိုးပစ္စည်းတွေမှာ BPA ပါဝင်ပြီး ဆီးချိုရောဂါဖြစ်စေနိုင်သော insulun resistance ကို မြင့်စေပါတယ်။ တစ်ချို့ရယ်ဒီမိတ်တွေက မ ဟိုမုန်းညီမျှမှုကို ပျက်ဆီးစေပါတယ်။ တစ်ချို့ရယ်ဒီမိတ်တွေက သကြားအလွန်အကျွံပါနေတတ်ပါတယ်။ ရယ်ဒီမိတ်တွေမှာ ကယ်လိုရီပါဝင်နှုန်းများပြီး အကျိုးပြုအဟာရပါဝင်မှု လွန်စွာနည်းပါတယ်။
*လေးစားစွာဖြင့်-
-ဒေါက်တာဖြိုးမောင်မောင်

USA Supplements

01/05/2026

🌿ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း၏
ကျန်းမာရေး ဟောပြောချက်ကို
ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်ရှင့်။
*လေးစားစွာဖြင့်-
To A Better Health(Dr.Daw Khin Nwe Win)

USA Supplements

01/05/2026

🔸သည်းခြေကျောက်တည်ခြင်း ( Gall Stones )

ဝမ်းဗိုက်အပေါ် ညာဘက်အခြမ်း အသည်းပေါ်မှာ သည်းခြေအိတ်ရှိပါတယ်။ သည်းခြေအိတ်မှာ ကိုယ်လက်စထရော နှင့် bilirubin ကြောင့် ကျောက်တည်နိုင်ပါတယ်။ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းမှာ သည်းခြေကျောက်ရှိနေနိုင်ပြီး ရောဂါလက္ခဏာမပြဘဲ သည်းခြေကျောက်ရှိနေနိုင်ပါတယ်။ သည်းခြေကျောက်တည်ပြီး ၅ နှစ်အတွင်း ရောဂါလက္ခဏာပေါ်လာနိုင်ပါတယ်။

အမျိုးသမီး ( Female ) များ အသက် ၄၀ အရွယ်ကျော်( Forty over ) မှာ ကိုယ်အလေးချိန်များ ( Fat ) နေလျှင် သည်းခြေကျောက်ဖြစ်နိုင်တယ်လို့ ( 3F ) အနေနဲ့ ခပ်လွယ်လွယ်မှတ်ထားလို့ရပါတယ်။ ကိုယ်ဝန်ဆောင် နှင့် တားဆေးသောက်နေရတဲ့အမျိုးသမီးတွေမှာလည်း သည်းခြေကျောက်ဖြစ်နိုင်ပါတယ်။

ဆီကြော်အစားများခြင်း , လှုပ်ရှားမှုနည်းခြင်း , သွေးသားအရင်းများမှာ သည်းခြေကျောက်ဖြစ်ဖူးသော မှတ်တမ်းရှိခြင်း , အဆီကျဆေးသောက်နေခြင်း , ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းအောင်ပြုလုပ်ခြင်းကြောင့် သည်းခြေကျောက်တည်နိုင်ပါတယ်။

သည်းခြေကျောက်ကြောင့် ဗိုက်အောင့်နိုင်ပါတယ်။ ဆီကြော်များ နှင့် အသားအများကြီးစားပြီးချိန်မှာ ဗိုက်တင်းနေတတ်ပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်း ညာဘက်အခြမ်း ရုတ်တရက် မခံသာအောင်နာလာပြီး နာကျင်ချိန် မိနစ် ၃၀ ကနေ နာရီပေါင်းများစွာကြာမြင့်တတ်ပါတယ်။ ညာဘက် ပခုံး နှင့် ညာဘက်နောက်ကျော နာကျင်တတ်ပါတယ်။

သည်းခြေကျောက်ရှိနေသော်လည်း ရောဂါလက္ခဏာမပြသေးလျှင် ခွဲစိတ်ဖို့မလိုပါ။ နာကျင်မှူနှင့်အတူ ကိုယ်ပူပြီး ချမ်းတုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသားဝါခြင်း၊ အရေပြားယားခြင်း၊ ဝမ်းသွားခြင်း၊ သတိမေ့ခြင်း နှင့် အစာအသောက်ပျက်ခြင်းဖြစ်လာလျှင် အလျင်အမြန် ကုသဖို့လိုပါမည်။

ခွဲစိတ်မှုအပြင် ursodiol နှင့် Chenodiol လို သည်းခြေကျောက်ပျော်ဆေးပေးလို့ရပါတယ်။ ကျောက်ပျော်ဆေးတွေသောက်မည်ဆိုလျှင် သည်းခြေကျောက် ကုန်စင်ဖို့ နှစ်ချီကြာပါတယ်။ ဖြည့်စွက်စာတွေအနေနဲ့ နနွင်း ( Turmeric ) , Milk thistle , Dandelion , Activated Charcoal , Lipase enzyme နှင့် ox bile တွေ သောက်ပေးလို့ရပါတယ်။

*သည်းခြေကျောက်ဖြစ်နိုင်သူများအနေနဲ့ -

1. ကိုယ်အလေးချိန် ထိန်းပါ။
2. အလျင်အမြန် ကိုယ်အလေးချိန်ချခြင်း နှင့် အလွန်အမင်း အစာရှောင်ခြင်းရှောင်ပါ။
3. ရောင်ရမ်းမှုလျော့ချပေးသော အစားအသောက်များစားပါ။
4. တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းလုပ်ပါ။
5. အဆီကျဆေး သောက်ခြင်း နှင့် တာဆေးသောက်ခြင်းကို ဂရုတစိုက်ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။

*လေးစားစွာဖြင့်-
-Dr. Phyo Maung Maung

USA Supplements

01/05/2026

✨ဆရာမကြီး ​ပေးထားတဲ့ Autoimmume ဖြစ်​နေသူ​တွေ ဖတ်ဖို့ Link ကို AI နဲ့ ဘာသာပြန်​ပေးထားပါတယ်

"Autoimmune Nutrition Strategy" စာရွက်စာတမ်း၏ ဘာသာပြန်ဆိုချက်ဖြစ်ပါသည်။

​🌿 ကိုယ်ခံအားစနစ်တိုက်ဖျက်သော အာဟာရဗျူဟာ (Oxalate-ကင်းစင်၊ Lectin-ကင်းစင်၊ Glutamine-ကင်းစင်)
​🚫 ရှောင်ရန် အစားအစာများ (Foods to Avoid)
​1. Oxalate မြင့်မားသော အစားအစာအားလုံး (ALL High-Oxalate Foods)
• ​ဟင်းနုနယ်၊ ကဲ့လ်၊ ချာ့ဒ်
• ​မုန်လာဥနီ (Beets)၊ မုန်လာဥနီအရွက်
• ​ကန်စွန်းဥ (Sweet potatoes)
• ​ဗာဒံစေ့၊ သီဟိုဠ်စေ့
• ​မြေပဲ
• ​နှမ်း
• ​ပဲပိစပ်နှင့် ပဲပိစပ်ထွက်ပစ္စည်းများ
• ​ဘက်ခ်ဝှီ့တ် (Buckwheat)၊ ကွေနိုအာ (Quinoa)
• ​နနွင်း (အမှုန့်ပုံစံ)၊ သစ်ကြံပိုးခေါက်
• ​အရွက်စိမ်းအများစု
• ​Dark Chocolate (Oxalate မြင့်မားသည်)
​2. Lectin မြင့်မားသော အစားအစာများ (High-Lectin Foods)
• ​ကောက်နှံများ (ဂျုံ၊ ပြောင်း၊ မုယော၊ ရိုင်း၊ Oats)
• ​ပဲအမျိုးမျိုး/ပဲသီးနှံများ (Pressure Cooker ဖြင့် ချက်ထားခြင်းမရှိပါက)
• ​ပဲနီလေး၊ မြေပဲ၊ ပဲပိစပ်
• ​ညဉ့်လုံးပေါက်ပင်များ (အဆစ်အမြစ်နာကျင်ပါက) - ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီး၊ ငရုတ်သီး
​3. Glutamine ဖြည့်စွက်စာများ (Glutamine Supplements)
• ​ကင်ဆာဆဲလ်များသည် Glutamine ကို မှီခိုပြီး ရှင်သန်နိုင်သည်
• ​Glutamine သည် ပမာဏများပါက Excito-toxic ဖြစ်သည်
​ထို့ကြောင့်:
• ​❌ L-glutamine အမှုန့် မစားရ
• ​❌ Glutamine ပါဝင်သော “အူလမ်းကြောင်းပြုပြင်ရေး” ဖော်မြူလာများ မစားရ
​အသား/ကြက်ဥမှ ရရှိသော အစားအစာဆိုင်ရာ Glutamine သည် အခြားအမိုင်နိုအက်ဆစ်များနှင့် မျှတပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်အတိုင်း အသုံးပြုသောကြောင့် လုံးဝစိတ်ချရပါသည်။

​4. စက်မှုလုပ်ငန်းသုံး ဆီကြမ်းများ (Industrial Seed Oils)
• ​ပဲပိစပ်ဆီ၊ ပြောင်းဆီ၊ ကန်နိုလာဆီ၊ ဆပ်ဖလာဝါးဆီ၊ နေကြာဆီ
• ​ရောင်ရမ်းမှုကို ပိုမိုမြင့်တက်စေပြီး ကိုယ်ခံအားစနစ်တိုက်ဖျက်မှုပြဿနာများကို ပိုဆိုးစေသည်။
​5. သကြားနှင့် သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်များ (Sugar & refined carbs)
• ​ကိုယ်ခံအားစနစ်ကို အလွန်အကျွံ လှုံ့ဆော်ပေးသည်
• ​Gut ဘက်တီးရီးယားမကောင်းများကို အစာကျွေးပြီး အူလမ်းကြောင်းရောင်ရမ်းမှုကို ပိုဆိုးစေသည်။
​✅ ဦးစားပေး စားသုံးရန် အစားအစာများ (Autoimmune + Gut Healing + Low Oxalate)
​ဤအစားအစာများသည် အမျှင်ဓာတ်အလွန်အကျွံမဖြစ်စေဘဲ၊ Oxalate မပါဝင်ဘဲ၊ Lectin မပါဝင်ဘဲ၊ ကင်ဆာဆဲလ်များကို အလွန်အကျွံအစာမကျွေးဘဲ Microbiome ကို ထောက်ပံ့ပေးသည်။
​🍖 1. အရည်အသွေးမြင့် တိရစ္ဆာန်ပရိုတင်း (High-quality animal protein)
• ​ရောင်ရမ်းမှုကို ဆန့်ကျင်သည်၊ Oxalate နည်းပါးသည်၊ ပြုပြင်မှုကို ထောက်ပံ့သည်-
• ​ကြက်ဥ
• ​အမဲသား၊ သိုးသား၊ Bison
• ​ကြက်သား၊ ကြက်ဆင်သား
• ​ငါး (အထူးသဖြင့် ငါးသေတ္တာ၊ ဆော်လမွန်၊ မက်ကရယ်ငါး)
​ပရိုတင်းသည် အရေးကြီးရခြင်းမှာ:
• ​အူလမ်းကြောင်းအတားအဆီးကို ခိုင်မာစေသည်
• ​ကိုယ်ခံအားစနစ်ကို တည်ငြိမ်စေသည်
• ​သွေးတွင်းသကြားဓာတ်ကို မျှတစေသည်
• ​အဆိပ်အတောက်ဖယ်ရှားခြင်းနှင့် Collagen ပြုပြင်ခြင်းအတွက် Glycine ကို ထောက်ပံ့ပေးသည်
• ​ပရိုတင်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။

​🍲 2. အရိုးပြုတ်ရည် (Bone Broth) (Glutamine အမှုန့် ထပ်မထည့်ပါက)
• ​သဘာဝအတိုင်း Glycine, Proline, ဓာတ်သတ္တုများ ပါဝင်သည်-
• ​အူကို ကုသပေးသည်
• ​ရောင်ရမ်းမှု ဆန့်ကျင်သည်
• ​Collagen ကို ထောက်ပံ့သည်
​သတိပြုရန်- လုပ်ငန်းသုံး အရိုးပြုတ်ရည်အမှုန့်များကို မသုံးပါနှင့်၊ ၎င်းတို့သည် Glutamine ထပ်ထည့်လေ့ရှိသည်။ အိမ်လုပ် သို့မဟုတ် အရည်အသွေးရှိသော အရည်ပြုတ်ရည်သည် အကောင်းဆုံးဖြစ်သည်။

​🥥 3. Oxalate နည်းသော ဟင်းသီးဟင်းရွက်များ (သင့်အတွက် ဘေးကင်းသောအုပ်စု)
• ​အရွက်စိမ်းများအစား အောက်ပါတို့ကို မှီခိုနိုင်သည်-
• ​ဂေါ်ဖီထုပ်
• ​ပန်းဂေါ်ဖီ
• ​ဘရိုကိုလီ (Oxalate အသင့်အတင့် ရှိသော်လည်း များသောအားဖြင့် ခံနိုင်ရည်ရှိသည်)
• ​ခရမ်းချဉ်သီးရှည် (Zucchini)
• ​သခွားသီး
• ​မုန်လာဥဖြူ
• ​ဆလတ်ရွက် (Romaine/Butter Lettuce ကောင်းသည် – Oxalate နည်းပါးသည်)
• ​မှို
• ​ကြက်သွန်နီ
• ​ကြက်သွန်ဖြူ
• ​ဗောက်ချွိုင် (Bok choy)
• ​နာပါ ဂေါ်ဖီထုပ် (Napa cabbage)
• ​ဝါးမျှစ်
• ​Oxalate အလွန်အကျွံမရဘဲ ဓာတ်သတ္တုများနှင့် Phytonutrients များကို ရရှိစေသည်။
​🫒 4. သန့်ရှင်းသော အဆီများ (Clean fats)
• ​ရောင်ရမ်းမှုကို လျှော့ချပြီး ဟော်မုန်းမျှတမှုကို ထောက်ပံ့သည်-
• ​သံလွင်ဆီ (Olive oil)
• ​ထောပတ်သီးဆီ (Avocado oil)
• ​အုန်းဆီ (Coconut oil)
• ​မြက်ကျွေးနွားထောပတ် (ခံနိုင်ရည်ရှိပါက)
• ​Ghee (ကြည်လင်သော ထောပတ်ဆီ)
​🫐 5. Oxalate နည်းသော သစ်သီးများ (Low-oxalate fruits)
• ​ဘလူးဘယ်ရီသီး
• ​မှည့်သော ငှက်ပျောသီး
• ​ပန်းသီး
• ​သင်္ဘောသီး
• ​သရက်သီး
• ​ဖရဲသီး
• ​သခွားမွှေး
• ​ရှောင်ရန်: Raspberry, Blackberry, သဖန်းသီး (Oxalate မြင့်မားသည်)။
​🌾 6. စိတ်ချရသော ကစီဓာတ်များ (Safe starches) (Lectin နည်း၊ Oxalate နည်း)
• ​ဆန်ဖြူ (Lectin နည်း၊ Oxalate နည်း)
• ​ခေါက်ဆွဲ (Millet) (Lectin နည်း၊ Oxalate အသင့်အတင့်ရှိသော်လည်း ပမာဏထိန်းချုပ်ပါက ရနိုင်သည်)
• ​ကန်စွန်းဥ (Yam) (Sweet Potato မဟုတ်ပါ)
• ​၎င်းတို့သည် ရောင်ရမ်းမှုမရှိဘဲ ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလွယ်ပြင်လွယ် ဖြစ်စေသည်။
​🥚 7. အချဉ်ဖောက်ထားသော အစားအစာများ (Fermented foods) (ခံနိုင်ရည်ရှိပါက)
• ​Sauerkraut
• ​ကင်မ်ချီ (Nightshade- sensitive ဖြစ်ပါက ငရုတ်သီးမပါစေရ)
• ​အုန်းသီးဒိန်ချဉ်
• ​အချဉ်ဖောက်ထားသော အစားအစာများသည် အမျှင်ဓာတ် အလွန်အကျွံမပါဘဲ Gut Flora (အူတွင်းအကျိုးပြုပိုး) ကို ဖြည့်တင်းပေးသည်။
​🔬 အူလမ်းကြောင်းနှင့် ကိုယ်ခံအားစနစ် ထောက်ပံ့မှုအတွက် အဓိက အာဟာရဓာတ်များ (သင့်အတွက် ဘေးကင်းသည်)
• ​⭐ ဗီတာမင် D (Vitamin D)
• ​လုံးဝမရှိမဖြစ်လိုအပ်သည်။
• ​ကိုယ်ခံအားစနစ်ကို မျှတစေသည် (T-reg တက်၊ Th17 ကျ)။

• ​⭐ အိုမီဂါ-3 (Omega-3 - EPA/DHA)
• ​ပြင်းထန်သော ရောင်ရမ်းမှုဆန့်ကျင်သည်၊ ကိုယ်ခံအားစနစ်တိုက်ဖျက်မှု ရလဒ်များကို တိုးတက်စေသည်။

• ​⭐ Glycine
• ​Collagen ကို ပြုပြင်ပေးသည်
• ​အဆိပ်အတောက်ဖယ်ရှားသည်
• ​Glutathione ကို ထောက်ပံ့သည်
• ​Glyphosate ပျက်စီးမှုကို ပြန်လည်မျှတစေသည်
• ​ပထဝီဓာတ် (Earth Element) ကို ထောက်ပံ့သည်။

• ​⭐ မဂ္ဂနီဆီယမ် (Magnesium)
• ​တစ်ကိုယ်လုံး ရောင်ရမ်းမှုကို လျှော့ချသည်။
• ​ရွေးချယ်ရန်- Magnesium Glycinate, Magnesium Malate

• ​⭐ ဇင့် (Zinc)
• ​အူလမ်းကြောင်းအတားအဆီးနှင့် ကိုယ်ခံအားစနစ်ကို ခိုင်မာစေသည်။
• ​ကိုယ်ခံအားစနစ်တိုက်ဖျက်မှုနှင့် သိုင်းရွိုက်ရောဂါများတွင် ဇင့်ချို့တဲ့မှုကို မကြာခဏတွေ့ရသည်။

• ​⭐ ဆီလီနီယမ် (Selenium)
• ​သိုင်းရွိုက် ကိုယ်ခံအားစနစ်တိုက်ဖျက်မှုနှင့် ဓါတ်တိုးဆန့်ကျင်ကာကွယ်ရေးအတွက် အရေးကြီးသည်။

• ​⭐ NAC
• ​Glutathione ကို ပြန်လည်ထူထောင်ရန် Glycine နှင့် တွဲဖက်လုပ်ဆောင်သည်။
• ​Glyphosate အဆိပ်အတောက်ဖယ်ရှားသည်၊ ကျောက်ကပ်ကို ထောက်ပံ့သည်၊ အသည်းကို ထောက်ပံ့ပြီး ရောင်ရမ်းမှုကို လျှော့ချသည်။

​💡 အထူးမှတ်ချက် — အမျှင်ဓာတ် မခံနိုင်ခြင်းနှင့် SCFA
​အရွက်စိမ်း သို့မဟုတ် အမျှင်ဓာတ်ကို မခံနိုင်သော လူနာများအတွက်-
• ​ရှာလကာရည် (Acetic Acid)
• ​ပန်းသီးရှာလကာရည် (Apple Cider Vinegar)
• ​Propionate/Butyrate ဖြည့်စွက်စာများ

​🌟 ကိုယ်ခံအားစနစ်တိုက်ဖျက်မှုဆိုင်ရာ ပုဂ္ဂိုလ်ရေး ဗျူဟာ (အနှစ်ချုပ်)
​ရှောင်ရန်
• ​❌ အရွက်စိမ်းများ
• ​❌ Oxalate မြင့်မားသော အစားအစာများ
• ​❌ Lectins (ကောက်နှံ၊ ပဲများ၊ Nightshades)
• ​❌ ဆီကြမ်းများ (Seed oils)
• ​❌ သကြား/သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်များ
• ​❌ Glutamine ဖြည့်စွက်စာများ
• ​❌ အမျှင်ဓာတ် အလွန်အကျွံ
• ​❌ အရက်
​ဦးစားပေးရန်
• ​✅ တိရစ္ဆာန်ပရိုတင်းများ
• ​✅ Oxalate နည်းသော ဟင်းသီးဟင်းရွက်များ
• ​✅ Oxalate နည်းသော သစ်သီးများ
• ​✅ သန့်ရှင်းသော အဆီများ
• ​✅ Glycine + NAC
• ​✅ ဗီတာမင် D
• ​✅ မဂ္ဂနီဆီယမ် (Glycinate/Malate)
• ​✅ ဇင့်၊ ဆီလီနီယမ်
• ​✅ အချဉ်ဖောက်ထားသော အစားအစာများ
• ​✅ ပန်းသီးရှာလကာရည် (SCFA ဖြတ်လမ်း)
​ရှာလကာရည်သည် အမျှင်ဓာတ်များသော အစားအစာထက် အဘယ်ကြောင့် ပိုကောင်းသနည်း။
​လူအများစုက Butyrate, Propionate, Acetate ကဲ့သို့သော SCFA (Short-Chain Fatty Acids) - အူကျန်းမာရေးကို ထိန်းသိမ်းခြင်း၊ ရောင်ရမ်းမှုကို လျှော့ချခြင်းနှင့် ကိုယ်ခံအားစနစ်ကို မျှတစေသော မော်လီကျူးများကို ထုတ်လုပ်ရန်အတွက် အမျှင်ဓာတ်သည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြသည်။
​သို့သော် ဤနေရာတွင် အံ့သြစရာကောင်းသော အမှန်တရားရှိသည် -
​ရှာလကာရည်သည် အမျှင်ဓာတ်မလိုအပ်ဘဲ SCFA များကို တိုက်ရိုက်ပေးသည်။
​ရှာလကာရည်တွင် Acetic Acid ပါဝင်ပြီး ၎င်းသည် ကိုယ်တိုင် SCFA ဖြစ်သည်။
​ဆိုလိုသည်မှာ-
• ​အမျှင်ဓာတ် အချဉ်ဖောက်ရန် မလိုအပ်
• ​လေပွခြင်း၊ ဗိုက်ရောင်ခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်း ဝန်ပိခြင်း အန္တရာယ်မရှိ
• ​Microbiome မမျှတမှုအပေါ် မှီခိုနေရန်မလို
• ​Oxalates မရှိ
• ​Lectins မရှိ
• ​အူလမ်းကြောင်းကို မထိခိုက်စေ
​ဤအချက်သည် သင့်ကဲ့သို့သော - နှင့် ကိုယ်ခံအားစနစ်တိုက်ဖျက်မှုရှိသော လူနာများစွာအတွက် - မခံနိုင်သောသူများအတွက် အရေးကြီးသည်-
• ​အမျှင်ဓာတ်များသော အစားအစာများ
• ​အရွက်စိမ်းများ
• ​ပဲများ
• ​အစေ့အဆန်များ (Whole grains)
​၎င်းတို့အားလုံးတွင် ရောင်ရမ်းမှုကို ပိုဆိုးစေသည့် Oxalates, Lectins, Phytates သို့မဟုတ် FODMAPs များ ပါဝင်သည်။

​ရှာလကာရည်သည် အဘယ်ကြောင့် အလွန်အလုပ်လုပ်သနည်း။
​1. SCFA ကို တိုက်ရိုက် စုပ်ယူနိုင်ခြင်း
• ​Acetic Acid ကို အူသိမ်အပေါ်ပိုင်းတွင် စုပ်ယူပြီး အူမကြီး အချဉ်ဖောက်ခြင်းကို ကျော်ဖြတ်သည်။
​ဆိုလိုသည်မှာ-
• ​ပိုမိုမြန်ဆန်သော ရောင်ရမ်းမှု ဆန့်ကျင်အကျိုးသက်ရောက်မှု
• ​ချက်ချင်း ဇီဝကမ္မအကျိုးကျေးဇူး
• ​ထိခိုက်လွယ်သော Gut Microbiome အပေါ် ဝန်မပိစေ
​2. အူလမ်းကြောင်းအတားအဆီးကို ခိုင်မာစေခြင်း
• ​Acetic Acid သည် အောက်ပါတို့ကို ထောက်ပံ့သည်-
• ​Tight Junction ခိုင်မာမှု
• ​အချွဲအလွှာ တည်ငြိမ်မှု
• ​Endotoxin (LPS) ယိုစိမ့်မှုကို လျှော့ချခြင်း
• ​၎င်းတစ်မျိုးတည်းပင် ကိုယ်ခံအားစနစ်တိုက်ဖျက်သော အခြေအနေများအတွက် အစွမ်းထက်သည်။
​3. သွေးတွင်းဂလူးကို့စ်ကို တည်ငြိမ်စေခြင်း
• ​ရှာလကာရည်-
• ​စားပြီးနောက် ဂလူးကို့စ် ရုတ်တရက်တက်ခြင်းကို လျှော့ချသည်
• ​အင်ဆူလင်ကို လျှော့ချသည်
• ​အင်ဆူလင် အာရုံခံနိုင်စွမ်းကို တိုးတက်စေသည်
• ​ရောင်ရမ်းမှု ကျဆင်းသည် → ကိုယ်ခံအားစနစ်တိုက်ဖျက်မှု အန္တရာယ် ကျဆင်းသည် → မောပန်းနွမ်းနယ်မှု ကျဆင်းသည်။
​4. Oxalate နည်း၊ ထိခိုက်မှုနည်း
• ​အမျှင်ဓာတ်များသော အပင်များနှင့်မတူ-
• ​Oxalate ဝန်ပိမှုမရှိ
• ​Lectins မရှိ
• ​Phytates မရှိ
• ​အချဉ်ဖောက်ခြင်းမှ လေပွခြင်းမရှိ
• ​Histamine ဓာတ်ပြုခြင်းမရှိ
​5. ကိုယ်အလေးချိန်၊ ဇီဝကမ္မဖြစ်စဉ်နှင့် အစာစားချင်စိတ်ကို ထိန်းချုပ်မှုကို ထောက်ပံ့သည်
• ​ACV နှင့် Acetic Acid တို့သည် အောက်ပါတို့ကို တိုက်ရိုက်တိုးတက်စေသည်-
• ​AMPK လှုံ့ဆော်မှု
• ​အဆီ ဓါတ်တိုးခြင်း
• ​ဇီဝကမ္မ စွမ်းဆောင်ရည်
• ​ရှာလကာရည်တစ်မျိုးတည်းဖြင့် လူနာများစွာ ပိုမိုကောင်းမွန်သော စွမ်းအင်ကို ရရှိရခြင်းမှာ ဤအကြောင်းကြောင့်ဖြစ်သည်။
​ကျွန်ုပ်၏ ထိုးထွင်းသိမြင်မှု
​ရိုးရာအကြံဉာဏ်က-
​“အမျှင်ဓာတ်အတွက် အစေ့အဆန်နှင့် အရွက်စိမ်းများ စားပါ။”

​သို့သော် လက်တွေ့တွင်-
• ​အမျှင်ဓာတ်သည် Microbiome ကျန်းမာမှသာ အလုပ်လုပ်သည်။
• ​ကိုယ်ခံအားစနစ်တိုက်ဖျက်မှုရှိသော လူနာများစွာတွင် ပြင်းထန်သော Dysbiosis + Leaky Gut ရှိသည်။
• ​အမျှင်ဓာတ် အချဉ်ဖောက်ခြင်းသည် လေပွခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ပိုဆိုးစေနိုင်သည်။
• ​Oxalates နှင့် Lectins များသည် အူလမ်းကြောင်းအတားအဆီးကို ပိုဆိုးစေသည်။
​ကျွန်ုပ်၏ တွေ့ရှိချက်-
​ရှာလကာရည် → အမျှင်ဓာတ်မပါဘဲ SCFA များ → ရောင်ရမ်းမှုမရှိဘဲ အူကို ကုသပေးခြင်း။

• ​ဤသည်မှာ သင့်ပရိသတ်၏ နားလည်မှုကို ပြောင်းလဲပေးမည့် "Aha-moment" မျိုး ဖြစ်သည်။

​→ ကိုယ်ခံအားစနစ်တိုက်ဖျက်မှုနှင့် အူလမ်းကြောင်း ထိခိုက်လွယ်သောသူများအတွက် ရှာလကာရည်သည် များစွာသာလွန်သော ရွေးချယ်မှုဖြစ်သည်။

​ရှာလကာရည်သည် အမျှင်ဓာတ်များသော အစားအစာထက် ပိုကောင်းသည်
​လူအများစုကို အူကျန်းမာရေးအတွက် အမျှင်ဓာတ် ပိုစားရန် ပြောလေ့ရှိသည်။ သို့သော် များစွာသောသူများအတွက် - အထူးသဖြင့် ကိုယ်ခံအားစနစ်တိုက်ဖျက်မှု အခြေအနေများ၊ Oxalate ပြဿနာများ၊ Lectin ထိခိုက်လွယ်မှု သို့မဟုတ် Dysbiosis ရှိသူများအတွက် - အမျှင်ဓာတ်များသော အစားအစာများသည် ပိုကောင်းလာမည့်အစား ပိုဆိုးစေသည်။
​ဤနေရာတွင် အမှန်တရားရှိသည်-
​ရှာလကာရည်သည် သင့်ခန္ဓာကိုယ်ကို အမျှင်ဓာတ်မပါဘဲ SCFA များကို တိုက်ရိုက်ပေးသည်။

​Acetic Acid သည် Short-Chain Fatty Acid (SCFA) တစ်မျိုးဖြစ်သည်။ ၎င်းကို အူသိမ်အပေါ်ပိုင်းတွင် ချက်ချင်းစုပ်ယူသည်၊ အချဉ်ဖောက်ခြင်းမရှိ၊ လေပွခြင်းမရှိ၊ အူကို မထိခိုက်စေဘဲ စုပ်ယူသည်။
​ဤအချက်သည် အဘယ်ကြောင့် အရေးကြီးသနည်း-
• ​✔ Oxalates မရှိ
• ​✔ Lectins မရှိ
• ​✔ လေပွခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်း မရှိ
• ​✔ Microbiome မမျှတမှု မလိုအပ်
• ​✔ အူလမ်းကြောင်း ထိခိုက်မှု မရှိ
• ​✔ အူလမ်းကြောင်းအတားအဆီးကို ပိုမိုမြန်ဆန်စွာ ကုသပေးခြင်း
​ရှာလကာရည်သည် အောက်ပါတို့ကို ထောက်ပံ့သည်-
• ​Tight Junction ခိုင်မာမှု
• ​ရောင်ရမ်းမှု နည်းပါးခြင်း
• ​ပိုမိုကောင်းမွန်သော သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု
• ​တိုးတက်သော ဇီဝကမ္မဖြစ်စဉ်
• ​တည်ငြိမ်သော ကိုယ်ခံအားလုပ်ငန်းဆောင်တာ
​အရွက်စိမ်းများ မလိုအပ်ပါ။ အမျှင်ဓာတ် ဝန်ပိမှု မရှိပါ။ မသက်မသာ ဖြစ်ခြင်း မရှိပါ။

​ထိခိုက်လွယ်သောအူနှင့် ကိုယ်ခံအားစနစ်တိုက်ဖျက်မှု အခြေအနေများအတွက် - ရှာလကာရည်သည် ပိုမိုနူးညံ့ပြီး ပိုမိုစမတ်ကျသော ရွေးချယ်မှုဖြစ်သည်။
​🎥 Reel ဗားရှင်း — “ရှာလကာရည်နှင့် အမျှင်ဓာတ်”
​“လူတိုင်းက ပြောကြတယ်…
အမျှင်ဓာတ် ပိုစားပါလို့။”
ဒါပေမယ့် ဘယ်သူမှ မပြောတာက…
အမျှင်ဓာတ်က အလုပ်ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ microbiome လိုအပ်တယ်။
​ကိုယ်ခံအားစနစ်တိုက်ဖျက်မှုရှိတဲ့ လူနာတွေအတွက်…
ဒါဟာ မကြာခဏ ပိုဆိုးစေတယ်။”
​“အဲ့ဒီနောက်မှာ ရှာလကာရည် ရှိတယ်။
ရိုးရှင်းတယ်။
ရှင်းလင်းတယ်။
တိုက်ရိုက်ပဲ။”
​“Acetic acid = SCFA။
အချဉ်ဖောက်ခြင်း မရှိ။
လေပွခြင်း မရှိ။
Oxalates မရှိ။
Lectins မရှိ။
ထိခိုက်မှု မရှိ။”
​“ရှာလကာရည်ဟာ အမျှင်ဓာတ်များတဲ့ အစားအစာထက်
အူကို ပိုပြီး နူးညံ့စွာနဲ့ ပိုမြန်မြန် ကုသပေးနိုင်တယ်။”
​လူနည်းစုပဲ ဒီအချက်ကို သိကြတယ်။
ဒါပေမယ့် ဇီဝကမ္မဗေဒကို နားလည်သွားရင်—
ရှင်းရှင်းလင်းလင်း ဖြစ်သွားပါလိမ့်မယ်။”
​⭐ “အမျှင်ဓာတ်က ထိခိုက်တဲ့နေရာမှာ ရှာလကာရည်က ကုသပေးတယ်။”
နူးညံ့တဲ့ SCFA။
Oxalates မရှိ။
ထိခိုက်မှု မရှိ။
ရှင်းလင်းမှုပဲ။”
*လေးစားစွာဖြင့်-
-Ko Aung Ko(4.12.25)

USA Supplements

30/04/2026

🔹 Complete B Complex

လေဖြတ်ထားသူများ၊ကွန်ပျူတာအကြည့်များ၊ဖုန်းအကြည့်များတဲ့သူများ နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်တဲ့ (Complete B Complex)

အာရုံကြောအတွက်၊အသည်းအတွက်၊စိတ်အတွက်၊ကင်ဆာအတွက်၊Vitamin B တွေကို သောက်ဖို့ အရေးကြီးပါတယ်။

Vitamin B တွေ စုံအောင် ထည့်ထားတဲ့ Life Extention က ထုတ်တဲ့ Complete B Complex ကို သောက်လို့ ရပါတယ်။

-B Complex ဖြည့်စွက်စာကို ဦးနှောက်နှင့် အာရုံကြော အားနည်းသူ၊ သွေးအားနည်းသူ၊ ကိုယ်ခံအားနည်းသူ၊ သွေးတွင်းအဆီများသူ၊ ခြေလက်ထုံကျဉ်သူများ မှီဝဲပေးသင့်ပါတယ်။

-ဆဲလ်များကို ကျန်းမာစေပါတယ်
-သွေးနီဥထုတ်လုပ်ပေးရာတွင် ထောက်ပံ့ပေးပြီး သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်
-စွမ်းအင်ထုတ်လုပ်ပေးပါတယ်
-ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကိုကောင်းမွန်စေပါတယ်
-အမြင်အာရုံ ကျန်းမာစေပါတယ်
-အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်
-အာရုံကြောသတင်းပို့ဆောင်သည့်လုပ်ငန်းများ ကောင်းမွန်စေသောကြောင့် အာရုံကြော အားနည်းသူများ သောက်သုံးနိုင်ပါတယ်
-ဟော်မုန်းထုတ်လုပ်ရာတွင် အရေးပါပြီး ဟော်မုန်းမျှတစေပါတယ်
-အဆီကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်
-နှလုံးကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်
-အရက်သောက်သုံးသူများ၊ ဆီးချိုရောဂါရှိသူများနှင့် အသည်းရောဂါရှိသူများလည်း သောက်သုံးပေးသင့်ပါတယ်ရှင့်။

Hyperthyroid သမားတွေအနေဖြင့်လည်းသောက်သုံးသင့်ပါသည်ဟုဆရာမကြီးကပြောပါတယ်ရှင့်၊

B complex ပါတာတွေက-

1. Vitamin B1 (Thiamine) 100mg
2. Vitamin B2 (Riboflavin) 75mg
3. Vitamin B3 (Niacin) 100mg
4. Vitamin B6 (P5P) 100mg
5. Folate 400mcg
6. Vitamin B12 300mcg
7. Biotin 1000mcg
8. Vitamin B5 (Pantothenic acid) 500mg
9. Calcium 60mg
10. Insotil 100mg
11. PABA (para aminobenzoic acid) 50mg

Serving size 2 ဆိုတော့ ဆေး၂ လုံးသောက်မှ အာနိသင်အပြည့်အဝ ရမှာပါ။

✨မနက် (၁) ညနေ (၁) အစာစားပြီး သောက်ပေးရပါမယ်ရှင့်။
*လေးစားစွာဖြင့်-
To A Better Health & original writer

USA Supplements

30/04/2026

🔸နံနက်နိုးနိုးချင်း ရေသောက်ပေးခြင်း

ရရှိနိုင်မည့်အကျိုးကျေးဇူးများ-

▪️ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း
၆ နာရီကနေ ၈ နာရီအထိ ရေမသောက်ဘဲ အိပ်စက်ထားတဲ့အတွက် နိုးနိုးချင်း ရေသောက်ပေးတာက ခန္ဓာကိုယ်တွင်း အရည်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး စနစ်တွေကို နိုးကြားလာစေပါတယ်။

▪️ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း (Metabolism)
အားအင်တွေကို စတင်လောင်ကျွမ်းစေဖို့အတွက် သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို စောစောစီးစီး တွန်းအားအနည်းငယ် ပေးလိုက်သလို ဖြစ်စေပါတယ်။

▪️ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း
မနက်ခင်းမှာ ဖြစ်တတ်တဲ့ ဝေဝါးထိုင်းမှိုင်းမှုတွေကို လျော့ပါးစေပြီး အာရုံစူးစိုက်မှု၊ စိတ်ခံစားချက်နဲ့ နိုးကြားမှုကို အထောက်အကူပြုပါတယ်။

▪️အစာခြေစနစ်ကို အားပေးခြင်း
အစာခြေစနစ်ကို စတင်လည်ပတ်စေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပါတယ်။

▪️စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးခြင်း
ကျောက်ကပ်နဲ့ အသည်းကနေ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။

▪️အသားအရေကို ကောင်းမွန်စေခြင်း
အသားအရေကို ရေဓာတ်ပြည့်ဝစေတဲ့အတွက် ရေရှည်မှာ ပိုမိုလန်းဆန်းစိုပြေတဲ့ ရုပ်ရည်ကို ရရှိစေပါတယ်။

▪️အစားစားချင်စိတ်ကို ထိန်းညှိပေးခြင်း
ဗိုက်ဆာသလိုလို ဖြစ်တတ်တဲ့ အာရုံမှားတွေကို လျော့နည်းစေပြီး အစာ အလွန်အကျွံစားခြင်းကို တားဆီးပေးနိုင်ပါတယ်။

▪️သွေးလည်ပတ်မှုကို အထောက်အကူပြုခြင်း
ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုကောင်းမွန်စွာ ရောက်ရှိစေဖို့ သွေးစီးဆင်းမှုကို ကူညီပေးပါတယ်။

▪️ဘယ်လိုသောက်ရမလဲ
- နိုးနိုးချင်းမှာ ရေတစ်ဖန်ခွက် (၂၀၀ မှ ၄၀၀ မီလီလီတာခန့်) သောက်ပါ။
- ရေအေးထက် အခန်းအပူချိန်ရှိတဲ့ ရေ ဒါမှမဟုတ် ရေနွေးနွေးက အကောင်းဆုံးပါ။
- ကော်ဖီသောက်တာ ဒါမှမဟုတ် အစာစားတာတွေ မလုပ်ခင် ၁၀ မိနစ်ကနေ ၂၀ မိနစ်ခန့် စောင့်ပါ ခင်ဗျာ။
*လေးစားစွာဖြင့်-
-Dr. Myint Thein @ 30 April 2026

USA Supplements

30/04/2026

🌿ဆရာမကြီးပြောပြသည့် Autoimmune ရောဂါအကြောင်းအပိုင်း(၁)မှ(၉)ကိုဗဟုသုတအဖြစ်
တင်ပေးလိုက်ပါတယ်ရှင့်-

မိတ်ဆွေ တို့ သိ သင့် သိ ထိုက် တဲ့ သဲလွန်စ လေး တစ်ခု ဖြစ် သည့် အပြင် ကျွန်မ တို့ အားလုံး နဲ့ သက် ဆိုင် နေ တာ ကြောင့် တင် ပြ လိုက် ခြင်း ဖြစ် ပါ တယ်။

ကျွန်မ တွေ့ ရှိ ချက် က တော့ ——

၁။ကျွန်မ တို့ မြန်မာနိုင်ငံ မှာ Autoimmune ရောဂါ လို့ ခေါ် တဲ့
ခန္ဓာကိုယ် ခုခံအား စစ်တပ် ကစဉ့်ကလျား ဖြစ် ပြီး မိမိ ခန္ဓာကိုယ် ၏
အစိတ် အပိုင်း အမျိုးမျိုး ကို ပြန် လည် ဖျက်စီး ပစ် သည့် ရောဂါ ဟာအတော် လေး များ ပြား နေ တာ ကို သတိ ပြု မိ လိုက် ပါ တယ်။

ဥပမာ အနေ နဲ့ ပြော ရ မယ် ဆို ရင် -----

-Hashimoto Thyroiditis . ( Thyroid hormone များ / နည်း နေ တတ် သည့် ရောဂါ )

-Grave's disease ( Thyroid hormone များ စေ သည့် ရောဂါ )

-Systemic lupus erythematosus ( SLE ) . အရေပြား လေး ဖက် နာ

-Rheumatoid arthritis ( သွေး လေးဖက် နာ )

-Myasthenia gravis ( ကြွက်သား များ အားယုတ် လာ ပြီး တဖြေးဖြေး ခန္ဓာဝန် ကို မထမ်းဆောင် နိုင် တော့ ခြင်း )

-Type 1 Diabetes ( ငယ်ရွယ်စဉ် မှာ ဖြစ် သော ဆီး ချို ရော ဂါ )

-Multiple sclerosis ( ဦးနှောက် နှင့် အာရုံကြော ကို ဖုံး ထား သည့်
နာပ်ကြော အဖုံး များ ပျက်စီး ခြင်းထုံကျင်ခြင်း၊ စကား ပြောရ ခက် ခဲ လာ ခြင်း ၊
ကြွက်သား တွေ တက်ညီ လက်ညီ အလုပ် မ လုပ် နိုင် တော့ ခြင်း၊မျက်စေ့ မှုံ လာခြင်း၊
ပင်ပန်းနွမ်းလျ နေ ခြင်း )

-Autoimmune nephritis ကျောက်ကပ် ရောဂါ များ

-Autoimmune hemolytic anemia ( သွေးဥနီ များ ပျက်စီးခြင်း )

-Autoimmune thrombocytopenia (သွေးဥမွှား များ ဖျက်စီး ခံရ ခြင်း )

-Autoimmune areata. ( ဆံပင် အကွက် လိုက် ကျွတ် ထွက် ခြင်း )

-Autoimmune skin disorders ( ဝဲနှင်းခူ၊ သမင်ဖြူ )

-Sjogren’s syndrome. ( အစိုဓာတ် ထွက် သော အကြိတ် များ ဖျက်စီးခံ ရ ခြင်း )

-Autoimmune pernicious anemia

အခြား autoimmune ရောဂါ အများ အပြား ရှိ ပါ သေး တယ်။

စိတ်ဝင်စား တယ် ဆို ရင် သွား ဖတ် ကြည့် လို့ ရ ပါ တယ်။

၂။ ဒီ ရောဂါ တွေ နဲ့ အတူ လူတိုင်း ကြောက် ကြ တဲ့ ကင်ဆာ ရောဂါ တွေ ဟာ လည်း ကြောက်စရာ ကောင်း လောက် အောင် များ ပြား လှပါ တယ်။

၃။လောလောဆယ်လည်း ကင်ဆာ ရောဂါ သည် အချို့ မှာ autoimmune ရောဂါ နဲ့ တွဲ ပြီး ဖြစ် နေ တာ ကို လည်း တွေ့ ရ ပြန် ပါ တယ်။

ဒါ နဲ့ ပဲ ကျွန်မ review of literature အနေ နဲ့ စာ သွား ပြန် ဖတ် ကြည့် မိ ပါ တယ်။

Autoimmune ရောဂါ တွေ ဟာ အချို့ ကင်ဆာ တွေ နဲ့ ဆက်စပ်နေ ကြောင်း စာ စောင် အတော် များ များ မှာ တွေ့ လိုက် ရ ပါ တယ်။

သဲလွန်စ တစ်ခု တော့ ရ ပြီ ထင် ပါ ရဲ့။

NIH က ထုတ် တဲ့ စာ တမ်း တွေ လည်း အတော် များ များ တွေ့ မိ ပါ တယ်။

ကျွန်မ တို့ သိ ထား ရ မှာ က ကင်ဆာ ဆို တာ အကြောင်း တစ်ခု တည်း ကြောင့် မဟုတ် ပါ။

အကြောင်း အမျိုးမျိုး ပေါင်းစုံ ပြီး ဖြစ် လာ တာ ကြောင့် ၊ များများ သိ လေ ကိုယ့် အတွက် ကောင်း လေ ပါ ပဲ။

ဒီ နေ ရာ မှာ ပြော ပြ ချင် တဲ့ takehome message သိ သင့် တဲ့ အချက် က တော့ --------

Autoimmune ရောဂါ ရှိ နေ လျှင် ကင်ဆာ ရောဂါ ကို ပါ သတိ ပြု ရ ပါ မည်။
Cancer screening လုပ် ချင် လည်း လုပ် လို့ ရ ပါ တယ်။
အရင်ဆုံး သွေး ဖောက် စစ် ကြည့် နိုင် ပါ တယ်။
Tumor markers တွေ ဖြစ် ပါ တယ်။

ထိုနည်း တူစွာ ------

Cancer ရောဂါ ရှိ နေ ပြန် ရင် လည်း၊ ကိုယ့် ရဲ့ autoimmune အခြေ အနေ ကို သိ ထား တော့လည်းကောင်း တာ ပေါ့။
ပြင်သင့် ပြင် ထိုက် တာ ရှိ ရင် လည်း ပြင် ရ အောင် ပါ။

ကျွန်မ ပြော တိုင်း လိုက် လုပ် ရ မယ် မဆို လို ပါ။

ကျွန်မ စဉ်းစား မိ တာ လေး ကို သာ တင် ပြ ခြင်း ဖြစ် ပါ တယ် မိတ်ဆွေ အပေါင်း တို့ -------

အရှုံး တော့ မရှိ နိုင် ဖူး လို့ ထင် ပါ တယ်။

✨Autoimmune diseases. (အပိုင်း ၁ )

Immune System ဆို တာ ခန္ဓာကိုယ် ထဲ မှာ ရှိ နေ သော သဘာဝခုခံ အား စစ်တပ် ဖြစ် ပါ တယ်။

အဓိက ၊ က တော့ သဘာဝ တရား ကြီး ဟာ ခန္ဓာကိုယ် ကို ပိုးမွှား မျိုး စုံ ၏ ဘေး ရန် မှ သော် လည်း ကောင်း. ( bacteria, viruses, yeasts စ သည့် ဖြင့် )
ကင်ဆာ ကလာပ်စည်း များ ကို သုတ်သင် ရှင်း လင်း ပစ် ရန်သော် လည်း ကောင်း ခန္ဓာကိုယ် ကြီး ကို ခုခံ ကာ ကွယ် နိုင် ဖို့ ရာ ၊မွေး ရာ ပါ ဖွဲ့ စည်းပုံ တစ် မျိုး ဖြစ် ပါ တယ်။

ဒီ ခုခံ အား စစ် တပ် ဟာ ခန္ဓာကိုယ် ထဲ မှာ အလုပ် ကောင်း ကောင်းလုပ် နိုင် ဖို့ ဟာ မျှတ နေ ရ မှာ ဖြစ် ပါတယ်။

ခုခံ အား ကောင်း နေ ရင် တော်ရုံ တန် ရုံ ရောဂါ တွေ လည်း မဝင်ရောက် နိုင် ပါ။

သို့ ပါ သော် လည်း တစ်ခါတရံ အကြောင်း အမျိုးမျိုး ကြောင့် ခုခံ အားစစ် တပ် ရဲ့ မျှတ မှု ဟန် ချက် ဟာ ပျက် စီး သွား တတ် ပါ တယ်။

ဒီ လို ဖြစ် လာ သည့် အခါ မှာ ခုခံ အား တွေ ဟာ ကစဉ့် ကလျား ဖြစ် ပြီး၊ ရန် သူ တွင် မက၊
ခန္ဓာကိုယ် အစိတ် အပိုင်း တွေ ကို ပါ စ တင် တိုက် ခိုက် တာ ကြောင့် ၊တိုက် ခိုက် ခံ ရ သည့် အစိတ် အပိုင်း အလိုက် ရောဂါ လက္ခဏာတွေ မျိုး စုံ ပေါ် လာ ကြ ပါ တော့ တယ်။

-အရေပြား ဆို ရင် လဲ အရေပြား ရောဂါ မျိုး စုံ

-အူ လမ်း ကြောင်း ဆို ရင် လည်း အစာလမ်းကြောင်း ပြဿနာ မျိုးစုံ

-အသက်ရှူ လမ်းကြောင်း ဆို ရင် လည်း ပြဿနာ မျိုးစုံ စ သည် ဖြင့်ဖြစ် ပါ တယ်။

တစ်ယောက် နဲ့ တစ် ယောက် လည်း မတူ ကြ ပဲ၊ ရောဂါ လက္ခဏာ မျိုး စုံ ကို ခံ စား ရ ပါ တော့ တယ်။

များ သော အား ဖြင့် ကုရိုးကုစဉ် ဆေး ပညာ မှာ ဒီ ရောဂါ တွေ ကိုပျောက် အောင် ကုသ နိုင် သည့် ဆေး မရှိ သေး ပါ။

ရောဂါ လက္ခဏာ တွေ ကို ခေတ္တ ထိန်း ထား နိုင် ရုံ လောက် သာ ရှိ ပါ တယ်။

များ သော အား ဖြင့် ကုရိုးကုစဉ် ဆေး ပညာ သုံး ကြ သည့် ဆေး များ က တော့ ခန္ဓာကိုယ် ခုခံ အား ကို ဖိနှိပ် ထား ခြင်း သာ ဖြစ် ပါ တယ်။

ဆေး များ ၏ ဘေးတွက် ဆိုး ကျိုး ကြောင့် သော် လည်း ကောင်း

ခုခံ အား ကို ကြာ မြင့် စွာ ဖိနှိပ် ထား ခြင်း ကြောင့် သော် လည်း ကောင်း

ရေ ရှည် မှာ လူ နာ တွေ အတွက် မ ကောင်း ပါ။

အခု နောက် ဆုံး ပေါ် ထွက် သည့် Autoimmune ရောဂါ တွေ အတွက်ပေး သည့် ဆေး တွေ ရဲ့ ကြော်ငြာ ကို နား ထောင် ကြည့် မယ် ဆို ရင်
ဘေးတွက် ဆိုးကျိုး အနေ နဲ့ ကင်ဆာ ဖြစ် နိုင် တယ်၊

TB ရောဂါ ဖြစ် နိုင် သ လို၊ ပြန် ပေါ် တာ လည်း ဖြစ် နိုင် တယ် စ သည် ဖြင့် ဖော် ပြ ထား နေ တာ ကို ကြား နေ ရ ပါ တယ်။
ဖတ် လည်း ဖတ် ရ ပါ တယ်။

ဒီ တော့ ကာ ရောဂါ ကို ကုသ ဖို့ အရေး မှာ အယူ အဆ ကွဲ ပြား နေတာ ကို တွေ့ ရ ပါ လိမ့် မယ်။

၁။ကုရိုး ကုစဉ် ဆေး ပညာ က ဒီ လို ရောဂါ မျိုး ဆို ရင် ခုခံ အား တွေကို လိုက် ပြီး နှိမ်နင်း နေ ကြ တယ်။
တစ် နည်း အား ဖြင့် ပြော ရ မယ် ဆို ရင် ခုခံ အား ကို ကျဆင်း အောင်လုပ် တယ် ပေါ့။

၂။ကြောင်း ကျိုး ဆက် ဆေး ပညာ က တော့ ခုခံ အား စစ် တပ် ကြီးကစဉ့် ကလျား ဖြစ် နေ တာ ကို ရ အောင် ပြုပြင် ယူ တယ်။
အဓိက၊ က တော့ အစား အသောက်
လိုအပ် သော ဖြည့် စွက် ဓာတ်စာ များ
ဒုက္ခ ပေး နေ သော ဓာတ် များ မှ ရှောင်ကြဉ် ခြင်း
စ သည် ဖြင့် ဖြစ် ပါ တယ်။

ဆေး ပညာ တစ်ခု က သဘာဝ ခုခံ အား ကို ဖိနှိပ် ထား ပေး တယ်။

နောက် တစ် ခု က သဘာဝ ခုခံ အား လို တာ တွေ ကို လိုက် ပြီးဖြည့်ဆည်း ပေး ခြင်း ဖြင့် ကစဉ့် ကလျား မဖြစ် ရ တော့ အောင်ဆောင် ရွက် ပေး တယ်။

ဒီ တော့ ကာ ကျွန်မ တို့ တ တွေ ဟာ ဗဟုသုတ နဲ့ ပြည့်စုံ အောင် လုပ် ပြီး ၊ ခန္ဓာကိုယ် ကြီး ကို အတိုက် အခံ မ လုပ် ပဲ၊ တဖြေးဖြေး နဲ့ သူ့ လို အပ် ချက် များ ကို ဖြည့်စီးပေး၊ မသင့် တာ တွေ ကို ရှောင် ကြဉ် ပေး လိုက် မယ် ဆို ရင် ခန္ဓာကိုယ် ကြီး ဟာ ပုံ မှန် သူ့ သဘော သူ ဆောင် ပြီး သူ လုပ် နေ ကျ
အလုပ် တွေ ကို ကောင်း မွန် စွာ လုပ် နိုင် ကာ ကျန်းမာ လာ မှာ ဖြစ် ပါ တယ်။

✨Autoimmune Diseases (အပိုင်း ၂)

ကျွန်မ တို့ ၏ ခန္ဓာကိုယ် ဟာ အပြင် မှ ပိုးမွှား မျိုးစုံ နဲ့ အစဉ် အမြဲ တွေ့ ထိ နေ ရ ပါ တယ်။

၁. အရေပြား

၂. အသက် ရှူ လမ်းကြောင်း

၃. အစား အစာ လမ်း ကြောင်း

အထူး သဖြင့် အစား အစာ လမ်း ကြောင်း ဟာ တစ် ချိန် လုံး ပြင်ပ မှ ဝင် လာ သည့်
အစား အသောက် မျိုးစုံ
ပိုးမွှား မျိုး စုံ ရဲ့ ဒဏ် ကို ခံ နေ ရ တာ ဖြစ် ပါ တယ်။

ဒါ ကြောင့် လည်းခုခံ အား စစ်တပ် ရဲ့ ၈၀% ကို သဘာဝ တရား ကြီး က အစာလမ်းကြောင်း ထဲ မှာ ထား ပေး ထား တာ ဖြစ် ပါ တယ်။အစာ လမ်းကြောင်း ကျန်း မာ နေ မှ ခုခံ အား စစ်တပ် က လည်း သူ တို့ အလုပ်
ကောင်း ကောင်းလုပ် နိုင် မှာ ဖြစ် ပါ တယ်။

အူနံရံ မှာ တန်းစီ ထား သည့် ကလာပ်စည်း နံရံ ပျက်စီး သွား မယ် ဆို ရင်
ချို့ယွင်း သွား မယ် ဆို ရင် ၊ မကျေ့ တကျေ အစာ များ ဟာ ခန္ဓာကိုယ် ထဲ စုတ် ယူ ခြင်း ခံ ရ ပြီး
ပြဿနာ တွေ ရဲ့ အစ လည်း ဖြစ် ပါ တယ်။

ထိတွေ့ နေ ကျ မဟုတ် သည့် မကျေညက် သော အစာ များ ဟာ ခန္ဓာကိုယ် ခုခံ အား တွေ
ကစဉ့် ကလျား ဖြစ် စေ ပြီး ၊ ရ လာဘ် က တော့ Autoimmune ရောဂါ မျိုး စုံ ပဲ ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ အစာ လမ်းကြောင်း ကျန်းမာ ရေး ဟာ ခုခံ အား တွေ ကျန်းမာနေ ရေး အတွက် အရေး အကြီး ဆုံး ကဏ္ဍ က နေ ပါ ဝင် နေ တာ ဖြစ် ပါ တယ်။

✨Autoimmune Diseases (အပိုင်း ၃)

Autoimmune disease spectrum

ရောဂါ နယ်ပယ် တကြော တွေ က တော့ ——

American Autoimmune Related Diseases Association

aarda@aarda.org link မှာ Autoimmune disease မျိုးစုံ ကို စာရင်း နဲ့ တင် ပြ ထား ပေး ပါ တယ်။

ကိုယ် ဖြစ် နေ သည့် ရောဂါ ပါ၊ မပါ ဆို တာ သွား ကြည့် လို့ ရ ပါ တယ်။

ကိုယ် ဘာ ဖြစ် နေ တယ် ဆို တာ သိ ရင် ရောဂါ ပျောက်ကင်း ဖို့ သဲ လွန်စ ရ ပြီ ဖြစ် ပါ တယ်။

သိ သွား ပြီ ဆို ရင် ကျန် တာ က ကိုယ့် ဖာသာ ကိုယ် လုပ် ရ တော့ မဲ့ လုပ်ငန်း စ ပါ ပြီ။

အရင် ဆုံး သိ အောင် လုပ် ပါ။

သိသွား ပြီး ရင် လုပ် ရ မည့် အလုပ် ကို ဝီရိယ စိုက် ပြီး လုပ် ကြည့် ပါ။

ဖြစ်နိုင် စရာ အကြောင်း အများ ကြီး ရှိ ပါ တယ်။

✨Autoimmune Diseases (အပိုင်း ၄)

From Nature Immunology 2
759- 761 ( 2001 ) မှ တင် ပြ ပါ သည်။

၁။Genes လို့ ခေါ် သည့် ဗီဇ မျိုးရိုး လိုက် ခြင်း
ကမ္မဇရုပ် တရား များ၊
မျိုးရိုး ဗီဇ မှာ ပါ လာ တတ် သူ တွေ ရှိ တတ် ပါ တယ်။

၂။Immune regulation
ခုခံ အား စစ် တပ် ကို စည်းကမ်းဖြင့် ထိန်းသိမ်း ထား ခြင်း

ဥပမာ ----
-VitaminD ဓာတ် ချို့ ယွင်း ခြင်း

-အူနံရံ လုံ ခြုံ မှု ပျက်ပြား ခြင်း Leaky gut

၃။Environment . ပတ်ဝန်းကျင် အကြောင်း များ

Gluten ဂလူတင် ပရိုတင်းဓာတ်
Grains . အစေ့ အဆံ များ
Nutritional deficiencies သြဇ ဓာတ် ချို့ ခြင်း
Viruses, Bacteria ပိုးမွှား များ

ဒီ အဓိက အချက် သုံးခု ရှိ သည့် အထဲ မှာ အရေး ကြီး တာ က တော့ ၂ နှင့် ၃ ဖြစ် ပါ တယ်။

ကိုယ် က မွေး ရာ ပါ ဗီဇ ပါ လာ သော် လည်း၊ ၂ နှင့် ၃ ဖြင့် ထိန်း ထား လျှင် ထို ဗီဇ တွေ ထွက် မ လာ နိုင် ပါ။

အင်္ဂလိပ် လို ပြော ရ ရင် ဖြင့် Gene Expression ဖြစ် ပါ တယ်။

အရေး အကြီး ဆုံး အချက် တွေ က တော့ ----

သြဇာဓာတ် ( အစား အသောက် )

အူ ကျန်းမာ အောင် နေ ခြင်း ( အူနံရံ လုံ ခြုံ နေ စေ ခြင်း )

VitaminD ဓာတ် လုံလုံ လောက် လောက် ရှိ နေ စေ ခြင်း ဖြစ် ပါ တယ်။

✨Autoimmune disease (အပိုင်း ၅)

Autoimmune Disease List

( From American Autoimmune Related Diseases Association )

Addison’s disease
Agammaglobulinemia
Alopecia areata
Amyloidosis
Ankylosing spondylitis
Anti-GBM/Anti-TBM nephritis
Antiphospholipid syndrome
Autoimmune angioedema
Autoimmune dysautonomia
Autoimmune encephalomyelitis
Autoimmune hepatitis
Autoimmune inner ear disease (AIED)
Autoimmune myocarditis
Autoimmune pancreatitis
Autoimmune retinopathy
Autoimmune urticaria
Axonal & neuronal neuropathy (AMAN)
BalĂł disease
Behcet’s disease
Benign mucosal pemphigoid
Bullous pemphigoid
Castleman disease (CD)
Celiac disease
Chagas disease
Chronic inflammatory demyelinating polyneuropathy (CIDP)
Chronic recurrent multifocal osteomyelitis (CRMO)
Churg-Strauss
Cicatricial pemphigoid
Cogan’s syndrome
Cold agglutinin disease
Congenital heart block
Coxsackie myocarditis
CREST syndrome
Crohn’s disease
Dermatitis herpetiformis
Dermatomyositis
Devic’s disease (neuromyelitis optica)
Discoid lupus
Dressler’s syndrome
Endometriosis
Eosinophilic esophagitis (EoE)
Eosinophilic fasciitis
Erythema nodosum
Essential mixed cryoglobulinemia
Evans syndrome
Fibromyalgia
Fibrosing alveolitis
Giant cell arteritis (temporal arteritis)
Giant cell myocarditis
Glomerulonephritis
Goodpasture’s syndrome
Granulomatosis with Polyangiitis
Graves’ disease
Guillain-Barre syndrome
Hashimoto’s thyroiditis
Hemolytic anemia
Henoch-Schonlein purpura (HSP)
Herpes gestationis or pemphigoid gestationis (PG)
Hypogammalglobulinemia
IgA Nephropathy
IgG4-related sclerosing disease
Immune thrombocytopenic purpura (ITP)
Inclusion body myositis (IBM)
Interstitial cystitis (IC)
Juvenile arthritis
Juvenile diabetes (Type 1 diabetes)
Juvenile myositis (JM)
Kawasaki disease
Lambert-Eaton syndrome
Leukocytoclastic vasculitis
Lichen planus
Lichen sclerosus
Ligneous conjunctivitis
Linear IgA disease (LAD)
Lupus
Lyme disease chronic
Meniere’s disease
Microscopic polyangiitis (MPA)
Mixed connective tissue disease (MCTD)
Mooren’s ulcer
Mucha-Habermann disease
Multiple sclerosis
Myasthenia gravis
Myositis
Narcolepsy
Neuromyelitis optica
Neutropenia
Ocular cicatricial pemphigoid
Optic neuritis
Palindromic rheumatism (PR)
PANDAS
Paraneoplastic cerebellar degeneration (PCD)
Paroxysmal nocturnal hemoglobinuria (PNH)
Parry Romberg syndrome
Pars planitis (peripheral uveitis)
Parsonnage-Turner syndrome,
Pemphigus
Peripheral neuropathy
Perivenous encephalomyelitis
Pernicious anemia (PA)
POEMS syndrome
Polyarteritis nodosa
Polyglandular syndromes type I, II, III
Polymyalgia rheumatica
Polymyositis
Postmyocardial infarction syndrome
Postpericardiotomy syndrome
Primary biliary cirrhosis
Primary sclerosing cholangitis
Progesterone dermatitis
Psoriasis
Psoriatic arthritis
Pure red cell aplasia (PRCA)
Pyoderma gangrenosum
Raynaud’s phenomenon
Reactive Arthritis
Reflex sympathetic dystrophy
Relapsing polychondritis
Restless legs syndrome (RLS)
Retroperitoneal fibrosis
Rheumatic fever
Rheumatoid arthritis
Sarcoidosis
Schmidt syndrome
Scleritis
Scleroderma
Sjogren’s syndrome
S***m & testicular autoimmunity
Stiff person syndrome (SPS)
Subacute bacterial endocarditis (SBE)
Susac’s syndrome
Sympathetic ophthalmia (SO)
Takayasu’s arteritis
Temporal arteritis/Giant cell arteritis
Thrombocytopenic purpura (TTP)
Tolosa-Hunt syndrome (THS)
Transverse myelitis
Type 1 diabetes
Ulcerative colitis (UC)
Undifferentiated connective tissue disease (UCTD)
Uveitis
Vasculitis
Vitiligo
Wegener’s granulomatosis (or Granulomatosis with Polyangiitis (GPA))

ဒီ ရောဂါ စာရင်း ထဲ မှာ ကိုယ့် ရောဂါ ပါ လား၊ မပါ လား ဆို တာ ရှေးဦး စွာကြည့် လိုက် ပါ။

မြန်မာ ပြည် က လူ တွေ နဲ့ အများဆုံး အကြုံး ဝင် မှာ တွေ က တော့ ——
-ကျီးပေါင်း တက် ရောဂါ များ၊ အဆစ် များ ယောင် ကိုင်း ခြင်း
-သွေးလေးဖက်နာ
-အရေပြား လေး ဖက် နာ
-အရေပြား မှာ အကွက် တွေ ပေါ် ပြီး၊ ရေကြည်ဖု တွေ ထ လာ ခြင်း များ
-Bullous Pemphigoid, Dermatitis Herpetiformis
-Hyperthyroid ( Graves Disease )
-Hypothyroid ( Hashimoto’s Disease )
-အူမကြီး ယောင်ကိုင်း ခြင်း ( Ulcerative Colitis )
-အူသိမ် ယောင် ကိုင်း ခြင်း ( Crohn’s Disease )
-Hemolytic anemia
-Autoimmune inner ear disease
စ သည် ဖြင့် ဖြစ် ပါ တယ်။

ဒီ ရောဂါ တွေ ဟာ ဖြစ် သည့် နေ ရာ အလိုက် ခံစား ကြ ရ သောဝေဒနာ တွေ ကွဲ ပြား သွား ကြ ပေ မဲ့၊ အဓိက အခြေခံ အကြောင်းရင်း က
အတူတူ ပဲ ဖြစ် တာ မို့၊ ရှေ့ ဆက် ဖော် ပြ သွား မဲ့ ခန္ဓာကိုယ် ကို ပြန် လည် ပြု ပြင် နည်း ကို လိုက် နာ သွား မယ် ဆို ရင် သက်သာ လာ နိုင် မယ် လို့ ထင်
ပါ တယ်။

သို့ ပါ သော် လည်း၊ ဒီလို ရောဂါ မျိုး ဟာ ဖြစ် လာ ပြီ ဆို ရင်စိတ် ရှည်ရှည် နဲ့ အချိန် ယူ ပြီး ကု သ ရ မှာ ဖြစ် ပါ တယ်။

ညတွင်း ချင်း၊ ချက် ချင်း ပျောက် စေ ချင် လို့ တော့ မဖြစ် နိုင် ပါ။

သို့ ပါ သော် လည်း အကြောင်း ရင်း ကို ပြု ပြင် လိုက် မယ် ဆို ရင်တဖြေးဖြေး ချင်း သက် သာ လာ လိမ့် မယ် လို့ ထင် ပါ တယ်။

✨Autoimmune Diseases (အပိုင်း -၆)

အစာလမ်းကြောင်း ရဲ့ကျန်းမာရေး ကောင်း နေ မှ အူ မှာ ရှိ နေ သည့် ခုခံအားတပ် က လဲ ကစဉ့် ကလျား မဖြစ် ပဲ၊ ကျန်းမာရေး ကောင်း နေ ပြီး
မျှမျှတတ ရှိ နေ မှာ ဖြစ် ပါ တယ်။

ကျန်းမာနေ သည့် အစာလမ်းကြောင်း ရဲ့ လက္ခဏာ များ က တော့ ---

အစာစား ပြီး ရင် ဗိုက် နေ လို့ ကောင်း နေ ရ မယ်။
တစ်နေ့ ကို တစ်ခါ မှ သုံးခါ ဝမ်းကောင်းကောင်း သွား ရ မယ်။
စား ပြီး ရင် လည်း ဗိုက်ကယ် နေ ခြင်း၊ လေပွ ခြင်း၊ လေထခြင်း ဗိုက် နာ ခြင်း
ဗိုက် အောင့် ခြင်း မဖြစ် ရ ပါ။
ဝမ်းသွား သည့် အခါ မကြေညက် သည့် အစာ များ ပါ လာခြင်း မရှိ ရ ပါ။
အစာကြေဆေး များ သောက် စရာ မလိုရ ပါ။
အစာအချဉ် ပေါက် ခြင်း ၊ မဖြစ် ရ ပါ။ acid reflux

မကျန်းမာ သည့် အစာ လမ်းကြောင်း ရဲ့ လက္ခဏာ များ က တော့ -----
-ဝက်ခြံ များ ပေါက် ခြင်း
-ADD/ ADHD
-စိုးရိမ်၊ ပူပန်၊ ကြောင့်ကြ၊ သောက များ နေ တတ် ခြင်း
-Arthritis ကျီးပေါင်း တက် ခြင်း
-ရင်ကြပ်၊ ပန်းနာ
-Autoimmune diseases
-လေချဉ်တက်ခြင်း၊ လေပွ ခြင်း
-ကင်ဆာ
-နာတာရှည် ချောင်းဆိုး နေ တတ် ခြင်း
-နှစ်ရှည် လ များ နွမ်းလျ ပင်ပန်း နေ တတ် ခြင်း
-ဝမ်းချုပ် ခြင်း
-စိတ်ဓာတ် ကျဆင်း နေ တတ် ခြင်း
-ဝမ်းလျော တတ် ခြင်း
-အာရုံ မစိုက် နိုင် ခြင်း
-အသား တွေ နာ ကျင် နေ တတ် ခြင်း
-မကြာခဏ ဖျားနာ တတ် ခြင်း
-ခေါင်းကိုက် တတ် ခြင်း
-ရင်ပူ တတ် ခြင်း
-အိပ် မပျော် ခြင်း
-ဗိုက် နာ တတ်ခြင်း
-အဆစ် တွေ နာ တတ် ခြင်း
-ပျို့ အန် တတ် ခြင်း
-အရေပြား မှာ အနီ ကွက် တွေ ထခြင်း၊ နှင်းခူနာ၊ အယားဖု များ အစ ရှိ သော အရေ ပြား ရောဂါ မျိုးစုံ
-Thyroid hormone မညီ မမျှဖြစ် ခြင်း
-ကိုယ် အလေး ချိန် တက် ခြင်း၊ အလေး ချိန် ချ ရန် အလွန် ခက် ခဲ ခြင်း
တို့ ဖြစ် ပါ သည်။

ဖော် ပြ ပါ လက္ခဏာ တွေ ကို ကြည့် ပြီး မိမိ ၏ အစာလမ်းကြောင်း
အခြေ အနေ ကို အကြမ်းဖြင်း အား ဖြင့် ခန့် မှန်း လို့ ရ သွား ပြီဖြစ် ပါ တယ်။

✨Autoimmune Diseases. (အပိုင်း ၇)

ဒီ ရောဂါ တွေ ရဲ့ အဓိက အကြောင်း တစ် ခု ဖြစ် သည့် အူနံရံ လုံ ခြုံ မှု ပျက်စီးခြင်း ( leaky gut ) ရှိ၊ မရှိ အကြမ်းဖြင်း အား ဖြင့် ဘယ် လို သိ နိုင် ပါ သ လဲ ?

ခန္ဓာကိုယ် ကို အပိုင်း လိုက် ကြည့် ကြ ရ အောင် -

၁။အရိုး
အရိုးထု ထည် လျော့ကျ လာ ခြင်း . Osteopenia၊
အရိုး ပါး လာ ခြင်း .Osteoporosis

၂။ဦးနှောက်
စိတ်ပူပန်သောက ( anxiety ),
စိတ်ဓာတ်ကျဆင်းခြင်း ( depression )၊
ခေါင်း မကြည်မလင် ဖြစ် နေ ခြင်း ( brain fog )

၃။အစာလမ်းကြောင်း
ဗိုက်ကယ်၊ ဝမ်းချုပ်၊ ဝမ်းလျှော
ကိုယ်ပေါင် ချိန် ကျ၊
အဆီ ကို အူ မှ စုတ်ယူ နိုင် မှု ကျ ဆင်း ခြင်း fat malabsorption

၄။ဟော်မုန်းဓာတ် များ
ရာသီ မမှန် ခြင်း၊ သွေးဆုံး ကိုင် သည့် လက္ခဏာ များ

၅။ခုခံအား စစ်တပ် -
နှာစေး ချောင်းဆိုး၊ လည်ချောင်းနာ မကြာခဏ ဖြစ် နေ တတ် ခြင်း၊
တုပ်ကွေး၊
အဆစ် တွေ နာကျင် ကိုက်ခဲခြင်း၊
အသား တွေ နာကျင် နေ တတ် ခြင်း
autoimmune ရောဂါ များ

၆။Infections
small intestine bacterial overgrowth ( SIBO ),
yeast overgrowth,
parasites

၇။ဓာတု ဖြစ်စဉ်
ကိုယ်အလေးချိန် များ နေ ခြင်း၊
အလွန် အမင်း ဝ ခြင်း၊
ဆီး ချို ရောဂါ

၈။သြဇာဓာတ် ချို့ ယွင်း ခြင်း
သံဓာတ် နည်း ခြင်း ကြောင့် သွေးအား နည်း နေ တတ် ခြင်း၊
Omega3 fatty acid ဓာတ် နည်း နေ ခြင်း
ဗီတာမင်ဓာတ် များ နည်း နေ ခြင်း

၉ ။အရေပြား
ဝက်ခြံ၊ နှင်းခူ၊ စ သည် ဖြင့် အရေ ပြား ရောဂါ
မျိုး စုံ တို့ ဖြစ် ပါ တယ်။

✨Autoimmune Diseases (အပိုင်း ၈)

အူနံရံ မလုံခြုံ ခြင်း ( leaky gut ) ဖြစ် စေ တတ် သည့် အကြောင်း များ ------

၁။အစာကြေရန် ခက်ခဲသော အစား အစာ များ နှင့် ခန္ဓာကိုယ် နှင့်
အဆင် မပြေ သောအစာ များ
-သေရည်သေရက်
-နွားနို့ နှင့် နွားနို့ ဖြင့် လုပ် ထား သော အစာ များ
-Gluten ပရိုတင်းဓာတ်
-အစေ့ အဆံ များ
-ပဲ မျိုးစုံ
-အချို့ ဟင်းသီးဟင်းရွက် များ
• Tomatoes. ခရမ်းချဉ်သီး
• White potatoes. အာလူး
• Eggplant ခရမ်းသီး
• Okra. ရုံပတီသီး
• Peppers. ငရုပ်ပွ
• စ သည် ဖြင့်
-သကြား

၂။Chemotherapy
အူနံရံ ကလာပ်စည်း များ သေကြေ ပျက်စီး ခြင်း ကြောင့် ဖြစ် ပါ တယ်။

၃။အူ လမ်းကြောင်း ပိုးမွှား များ ဖြင့် ဖျက်စီး ခံ ရ ခြင်း

Parasites ,
small intestinal bacterial overgrowth,
yeast overgrowth

၄။ဓာတု ဆေး များ
-အက်စစ်မထွက် အောင် ပိတ် သော ဆေး များ
-ပိုးသတ်ဆေး မျိုးစုံ
-သန္ဓေ တားဆေး များ
-ယောင်ကိုင်း ခြင်း သက်သာ အောင် သောက် သော ဆေး များ
aspirin, ibuprofem etc

၅။အိမ်တွင်း ရှိ မှို များ Molds

၆။ဓာတ် ကင် ခံ ရ ခြင်း Radiation
အူနံရံ ကလာပ်စည်း များ ပျက်စီး ကုန် ပါ တယ်။

၇။ကိုယ်၊ စိတ် ဖိစီး မှုများ

ကိုယ်ဖိစီး မှု -နေ ထိုင် မ ကောင်းဖြစ် ခြင်း၊ အိပ် မပျော် ခြင်း
စိတ် ဖိစီး မှု -အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အလုပ် မှ စိတ် ဖိစီး မှု များ

၈။ခွဲစိတ် ကုသ မှု ခံ ရ ခြင်း
တို့ ဖြစ် ပါ တယ်။

✨Autoimmune Diseases (အပိုင်း ၉ )

ဒီ ရောဂါ နယ်ပယ် ကြော ဟာ အင်မတန် များ ပြား ကျယ်ပြန့် လှ ပါ တယ်။

လူ တစ်ဦးစီ ရဲ့ ဗီဇ တွေ က လဲ မတူ ကြ ပါ။
( ဗီဇ ဆို တာ ကမ္မဇ ရုပ် တွေ ဖြစ် ပါ တယ် )

ပတ်ဝန်းကျင် ပြောင်းလဲ လာ တာ နဲ့ အမျှ ၊ လူ တွေ ဟာ ကံ အလိုက်ခန္ဓာကိုယ် အစိတ် အပိုင်းမျိုးစုံ မှာ ပုံစံ အမျိုးမျိုး နဲ့ ရောဂါ လက္ခဏာ
မျိုးစုံ ကို ပြ နေ ကြ တာ ဖြစ် ပါ တယ်။

ပတ်ဝန်း ကျင် ပြောင်း လဲ မှု ဆို တာ အစား အသောက်၊ ရေ၊ လေ၊မြေ အစ ရှိ သည့် အမျိုးမျိုး အဖုံ ဖုံ သော နေ ရာ များ မှအဆိပ် ပေါင်း များ စွာ နဲ့ ရင် ဆိုင် နေ ရ တာ ဖြစ် ပါ တယ်။

အဓိက၊ အချက်က တော့ ရောဂါ သက်သာ လာ ရ အောင်၊တတ် နိုင် ရင် ပျောက် ကင်း ရ အောင် ဘယ် လို နည်း တွေကို လိုက် နာ မယ် ဆို ရင် ကိုယ့် အတွက် အကောင်း ဆုံး ဖြစ်နိုင် မလဲ ဆို တာ စဉ်းစား ရ တော့ မှာ ဖြစ် ပါ တယ်။

၁။အစာလမ်းကြောင်း ကျန်းမာ ရေး ကို ပြင် ကြ ရ မှာ ဖြစ် ပါ တယ်။

(က) အစာလမ်းကြောင်း ကို ဒုက္ခ ပေး နိုင် သော အစာ များ ကို
ရှောင် ကြဉ် ခြင်း (ရောဂါ ဖြစ် နေ သူ များ အတွက် ပြော နေ တာ နော် )

-အစာကြေရန် ခက်ခဲသော အစား အစာ များ နှင့် ခန္ဓာကိုယ် နှင့် အဆင် မပြေ သောအစာ များ

-သေရည်သေရက်

-နွားနို့ နှင့် နွားနို့ ဖြင့် လုပ် ထား သော အစာ များ

-Gluten ပရိုတင်းဓာတ် ဂျုံ ဖြင့် ပြု လုပ် ထား သော အစားအစာ များ အား လုံး၊ ရွှေကြည်

-အစေ့ အဆံ များ

-ပဲ မျိုးစုံ

-အချို့ ဟင်းသီးဟင်းရွက် များ
• Tomatoes. ခရမ်းချဉ်သီး
• White potatoes. အာလူး
• Eggplant. ခရမ်းသီး
• Okra. ရုံပတီသီး
• Peppers. ငရုပ်ပွ
• စ သည် ဖြင့်

-သကြား

(ခ) လိုအပ် သော ဓာတ် များ နှင့် ပြန် လည် ဖြည့်စည်း ပေး ခြင်း

အစာ ကြေညက် ရန် အထူး လို အပ် တာ ကြောင့်
ပန်းသီးရှာလကာရည် ကို အစာမစား ခင် နာရီဝက် လောက်ကြိုတင် သောက် ခြင်း
( ထမင်းစားဇွန်း၁ ဇွန်း ကို ရေ ၈ အောင်စ နှင့် ရော ပြီး သောက် ပါ )

အစာကြေဆေး များ သောက် ပေး နိုင် လျှင် ပို ကောင်း ပါ တယ်။

မိမိ နှစ်သက် ရာ Digestive Enzyme သောက် လို့ ရ ပါ တယ်။

(ဂ) အကျိုးပြု ပိုး များ ဖြင့် ပြန် လည် ဖြည်စည်း ပေး လိုက် ပါ။

ချဉ်ဖတ်၊ ကင်ချီ၊ any fermented vegetables

Probiotics 20 billion count a day . မိမိ နှစ် သက် ရာ တံဆိပ် ဝယ် သောက် ပါ။

ဖြစ် နိုင် ရင် ပု လင်း ကို ရေခဲသေတ္တာ ထဲ မှာ ထား ပါ။

(ဃ) ပျက်စီး ယိုစိမ့် နေ သော အူနံရံ ကို ပြန် လည် ပြု ပြင် ပါ။

အရိုးပြုတ် ရေ ဟာ အကောင်း ဆုံး ဖြစ် ပါ တယ်။
သဘာဝ L Glutamineပါ နေ လို့ ဖြစ် ပါ တယ်။

Aloe vera တစောင်း လက် ပတ် က လဲ အယောင် ကျ စေ
နိုင် ပါ တယ်။

၂. ကျန် သည့် အချက် များ က တော့ မြန်မာ ပြည် အတွက် အတော် လေး ခက် ပါ လိမ့် မယ်။

ပတ်ဝန်းကျင် အဆိပ် များ ဟာ ရှောင် နိုင် ဖို့ ဆို တာ အတော် လေး ခက် ပါ တယ်။

Teflon coated အိုး တွေ မသုံး စေ ချင် ပါ။

လေထု ကို သန့် ရှင်း စေ ဖို့ ဟာ က တော့ အိမ် ထဲ မှာ အပင် များ
စိုက် ပေး ပါ ။

Natural air freshener ဖြစ် ပါ တယ်။

အိမ် တွေ မှာလဲ ရာသီဥတု စို ထိုင်း တာ ကြောင့် မှို တွေ ရှိ တတ် ပါ တယ်။

နေပူ မကြာခဏ ထွက် လှမ်း ပေး စေ ချင် ပါ တယ်။

Heavy metal poisoning က တော့ မြန်မာ ပြည် မှာ စစ် လို့ မရ နိုင် ဖူး ထင် ပါ တယ်။

ချွေး ထွက် ခြင်း ဟာ အဆိပ် တွေ ထုတ် နည်း တစ် မျိုး ဖြစ် တာကြောင့် ချွေး ထွက် ရ အောင်
လေ့ ကျင့် ခန်း လုပ် ပေး နိုင် မယ်ဆို ရင်
ကောင်း ပါ တယ်။

VitaminD level ကို သွေး ဖောက် ပြီး စစ် ကြည့် ပါ။ 70ng/mL လောက် ရောက် အောင် လုပ် ပါ။

ပုံမှန် လို့ ခေါ် သည့် normal acceptable level နဲ့ အနေ အထားအကောင်းဆုံး ဖြစ် သည့် optimal level က လဲ မတူ ပါ။

Thyroid hormone နည်း နေ ရင် လည်းပြန် ဖြည့် ပေး လိုက် စေ ချင် ပါ တယ်။

လို အပ် သည့် ကလာပ်စည်း စွမ်းအင် ကောင်း
စေ မည့် ဗီတာမင်များ နှင့် ဖြည့်စွက်စာ များ ကို
မှီ ဝဲ စေ ချင် ပါ တယ်။

ဒီ လောက် လုပ် နိုင် ရင် ကျန်းမာရေးအတော် လေး ပြန် ကောင်း လာနိုင် မယ် လို့ ထင်ပါ တယ်။

Autoimmune diseases ရောဂါ ကို အောင် နိုင် သူ များ ဖြစ် ကြ ပါ စေ။
*လေးစားစွာဖြင့်-
To A Better Health

USA Supplements

Address

Mingalar Taung Nyunt
Yangon

Telephone

+959955972120

Website

Alerts

Be the first to know and let us send you an email when Amara USA Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Amara USA Supplements:

Share