Linn Medical Clinic And Diagnostic Centre

Linn Medical Clinic And Diagnostic Centre Linn clinic and diagnostic center is located at No.354, Ka-6 street, Insein Myothit Quartar, Yangon.

🚨ကမ္ဘာ့ကူးစက်ရောဂါပိုး မျောက်ကျောက်ရောဂါ (Monkeypox) အထူးသတိပြုပါ 🚨 အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့...
22/08/2024

🚨ကမ္ဘာ့ကူးစက်ရောဂါပိုး မျောက်ကျောက်ရောဂါ (Monkeypox) အထူးသတိပြုပါ 🚨

အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပြီဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပြီး ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါတယ်။

ယင်းဗိုင်းရပ်စ်ပိုးသည် ကြွက်၊ ရှဉ့်၊ မျောက်နှင့် အခြားသော လူမဟုတ်သည့် နို့တိုက်သတ္တဝါများမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။

ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။

ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း~
✅ ဖျားခြင်း
✅ အလွန်အမင်းခေါင်းကိုက်ခြင်း
✅ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
✅ ကျောအောင့်ခြင်း
✅ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
✅ အလွန်အမင်း အားအင်ကုန်ခမ်းခြင်း
✅ အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။

အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း ~
✅ အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။
✅ အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။
✅ အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။
✅ ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။
✅ မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာများ~
📌အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း
📌အဆုတ်ရောင်ရောဂါ
📌သွေးဆိပ်တက်ခြင်း
📌ဦးနှောက်ရောင်ရောဂါ
📌မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်…

👉နှာခေါင်းစည်းတပ်ဆင်ခြင်း ၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ ကျန်းမာသောအစားအစာ၊ ကိုယ်လက်လှုပ်ရှားမူပြုလုပ်ခြင်း၊ အချိန်မှန်အိပ်စက်အနားယူခြင်း ၊ခုခံအားမကျဆင်းအောင်နေထိုင်ခြင်းဖြင့်မျောက်ကျောက်ရောဂါပိုးမကူးစက်နိုင်အောင်ကာကွယ်ကြပါစို့။

Breaking News
🚨🚨🚨🚨🚨🚨🚨🚨🚨🚨
🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳

ကူးစက်မြန်မျောက်ကျောက်ရောဂါ WHO အရေးပေါ်အခြေအနေကြေညာချက်

🌏🌏🌏🌏🌏🌏🌏🌏🌏🌏

၂၀-၈-၂၀၂၄ ရက်နေ့ထိ ကူးစက်မြန် မျောက်ကျောက်ရောဂါ နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ၄၄၅၀၃ ဦးထိ ကူးစက်ခံနေရပါပြီ
-အမေရိကန် ၁၅၉၀၉ ဦး
-တရုတ် ၃၃၃ ဦး
-ထိုင်း ၁၂၀ ဦး
-ကမ္ဘောဒီးယား ၁၂ ဦး
-ဖိလစ်ပိုင် ၁ ဦး
-အင်ဒိုနီးရှား ၁၅ ဦး
-ရုရှား ၁ ဦးအပါအဝင်ဖြစ်သည်ဟုသိရပါသည်။
မြန်မာအိမ်နီးချင်း ထိုင်း၊တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒို၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယားနှင့် မြန်မာနှင့်ဆက်ဆံနေသည့် ဂျပန်၊ရုရှားတို့တွင် ရောက်ရှိနေပါပြီ။
အထူးသဖြင့် ထိုင်း၊တရုတ်နယ်စပ်ကတစ်ဆင့်တရားမဝင် ဝင်ထွက်မှုများကတစ်ဆင့် မြန်မာနိုင်ငံသို့ ကူးစက်လာနိုင်ပါသဖြင့် အထူးသတိပြုကြပါရန် သတိပေးအပ်ပါသည်။
🚨🚨🚨🚨🚨🚨🚨🚨🚨🚨
🙉🙉🙉🙉🙉🙉🙉🙉🙉🙉
💀💀💀💀💀💀💀💀💀💀
📢📢📢📢📢📢📢📢📢📢

30/05/2024

ရာသီပြောင်းချိန်တွင် ကြုံတွေ့နိုင်သော ကျန်းမာရေးပြဿနာများ

ဒေါက်တာဥမ္မာစော

၁။​ ကျွန်မတို့ နိုင်ငံတွင် နှစ်စဉ် နွေ၊ မိုး၊ ဆောင်းရာသီ သုံးလီကို ဖြတ်ကျော်ကြရပါသည်။ ရာသီအလိုက် အဖြစ်များသောရောဂါများ၊ ကျန်းမာရေးပြဿနာများရှိကြပြီး ရာသီ အကူး အပြောင်းတွင် အဓိကခံစားကြရတတ်သည်။ နွေရာသီ၌ ပူပြင်းသော အပူဒဏ်ကို မြန်မာပြည် အနှံ့တွင် ခံစားကြရပြီး ပြင်းထန်သည့် အပူချိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ တွင် Heat stroke နှင့် သေဆုံးရမှုများအား မကြာခဏကြားသိခဲ့ရသည်။ နွေရာသီမှ မိုးရာသီ ကူးပြောင်းချိန်တွင် အပူဒဏ်ခံစားနေရသည်မှ ရုတ်တရက် မိုးရေအေးအေးကို ထိတွေ့ခွင့် ရသဖြင့် အပူဒဏ်ဝေဒနာများက သက်သာခွင့်ရသွားကြသည်။ သို့ရာတွင် ရာသီအလိုက် ကျန်းမာရေးပြဿနာများကိုတော့ ရင်ဆိုင်တွေ့ကြုံရစမြဲဖြစ်ပါသည်။

၂။​ မိုးဦးရောက်သည်မှစ၍ တုပ်ကွေးရောဂါ၊ အအေးမိနှာစေးဖျားနာ၊ ဝမ်းပျက်ဝမ်းလျော ရောဂါများခံစားကြရသကဲ့သို့ ကလေးငယ်များတွင်လည်း သွေးလွန်တုပ်ကွေးရောဂါကို အသက်ဆုံးရှုံးသည်အထိ ခံစားကြရသည်။ ရာသီတုပ်ကွေးနှင့်အတူ တကြော့ပြန်ကိုဗစ် ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါများကလည်း ခေါင်းထောင်လာ တတ်ကြသည်။ ရေတွင်းရေကန်များတွင် ရေလျှံမှုများကြောင့် မသန့်ရှင်းသော ရေသောက် သုံးရခြင်း၊ မိုးနှင့်အတူ ပွားများလာသော ယင်ကောင်များကြောင့် ယင်နားစာစားသုံးမိခြင်းက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်လာစေသည်။ ခြင်ပေါက်ဖွားမှု များလာခြင်းကြောင့် ကူးစက်ဖြစ်ပွားရသော သွေးလွန်တုပ်ကွေးရောဂါ၊ Chikungunya ဆင်တုပ်ကွေးရောဂါများ ခံစားကြရသည်။ Influenza ရာသီတုပ်ကွေးကြောင့် နှာစေးချောင်းဆိုး ဖျားနာခြင်း၊ ပြင်းထန်စွာ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းများကို ခံစားရသည့်အပြင် နောက်ဆက်တွဲအနေဖြင့် ရုတ်တရက်အဆုတ်ရောင်ခြင်းကြောင့် မောပန်းခြင်း၊ အောက်စီဂျင်ကျလာခြင်းအထိ ဖြစ်နိုင်သည်။ ကလေးငယ်များတွင်လည်း သွေးလွန် တုပ်ကွေး ရောဂါကြောင့် အစာလမ်းကြောင်း သွေးယိုစီး ခြင်း၊ သွေးပေါင်ကျပြီး သွေးလန့်ခြင်း(Shock)၊ သွေးဆိပ်ပြန့်ခြင်း အထိပင် ဖြစ်တတ်ပြီး အခန့်မသင့်ပါက အသက်ဆုံးရှုံးတတ်ပါသည်။ ဝမ်းပျက်ဝမ်းလျောဖြစ်ချိန်တွင် ရေဓာတ် ဆားဓာတ်များ ဆုံးရှုံးနိုင်သောကြောင့် သေချာကုသမှုမခံယူပါက သွေးလန့်ကာ ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းကို ကြုံတွေ့ရနိုင်သည်။

၃။​ မိုးဖြိုင်ဖြိုင်ရွာချိန်တွင် မိုးမိအအေးမိဖျားနာခြင်းကို ခံစားရသည်သာမက လျှပ်စစ် အန္တရာယ်ကိုလည်း သတိထားဖို့လိုပါသည်။ မိုးရေထဲတွင် ပြတ်ကျနေသော ပေါက်ပြဲနေသည့် လျှပ်စစ်ကြိုးများကို နင်းမိခြင်း၊ လျှပ်စီးနေသော ဓာတ်တိုင်များ၊ နီးစပ်ရာ သစ်ကိုင်းများ ထိကိုင်မိခြင်းကလည်း ဓာတ်စီးအန္တရာယ်ကြုံတွေ့ပြီးအသက်ဆုံးရှုံးနိုင်ပါသည်။ ကွင်းပြင်များ၊ လယ်ကွင်းများထဲအလုပ်လုပ်သူများ အနေဖြင့် မိုးကြိုးအန္တရာယ်ကိုလည်း ဂရုပြုဖို့လိုသည်။ လေပြင်းမုန်တိုင်းများ တိုက်ခိုက်မှုကြောင့် သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ခြင်းကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ မိုးရေကြောင့် ရေညှိတက်ချော်နေသော လမ်းများတွင် ချော်လဲ၍ ထိခိုက်ဒဏ်ရာရခြင်း၊ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကိုလည်း သတိပြုရန် လိုအပ်သည်။

၄။​ အအေးမိဖျားနာခြင်းမှ ကာကွယ်နိုင်ရန် မူလကတည်းက မိုးမမိစေရန် ထီး၊ မိုးကာများ ဆောင်းထားသင့်သကဲ့သို့ မိုးသည်းချိန်တွင်အဆောက်အအုံအတွင်း၌ သာနေထိုင်သင့်ပါသည်။ မိုးစိုသွားပါက မိမိကိုယ်ကို ခြောက်သွေ့အောင်ပြုလုပ်ခြင်း၊ အဝတ်ခြောက်များ အမြန်လဲလှယ်ခြင်း၊ ရေနွေးပူပူ၊ ကော်ဖီပူပူ သောက်သုံးခြင်းဖြင် အမြန် နွေးထွေးအောင် ပြုလုပ်ရမည်။ နှာစီး ချောင်းဆိုးပါက Paracetamal ၊ cetrizine စသော အိမ်သုံးဆေးများ သောက်ထားသင့်သည်။ ချောင်းဆိုး၊ မောပန်းပြီး အဆုတ်ရောင်၊ ဖျားနာဝေဒနာများ ရှိလာပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ပြသရပါမည်။ ဝမ်းပျက်ဝမ်းလျော ပျို့အန်ခြင်း ခံစားရချိန်တွင် ရေဓာတ်ဆားဓာတ် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားကို ရေသန့်(သို့မဟုတ်) ရေကျက်အေးဖြင့်ဖျော်၍ သောက်ထားရပါမည်။ ဝမ်းသွားများခြင်းကြောင့် သွေးပေါင်ကျခြင်း၊ ကြွက်တက်ခြင်း၊ ဆီးနည်းခြင်းဖြစ်လာပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူသင့်သည်။ ကလေးငယ်များတွင် ဖျားပြီးနောက် အညိုရောင်အန်ခြင်း၊ ဝမ်းအမဲသွားခြင်း၊ ဗိုက်နာခြင်း၊ မှိန်းခြင်းများ ဖြစ်လာပါက သွေးလွန်တုပ်ကွေး သွေးလန့်လက္ခဏာ(shock) ဖြစ်နိုင်သဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးပြသင့်သည်။

၅။​ မိုးနှင့်အတူ ခြင်၊ ယင်များပေါက်ဖွားလာမှုမရှိစေရန် တစ်ဦးချင်းမှသည် လူထုအင်အား ဖြင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ မိမိအိမ်၊ ကျောင်း၊ အလုပ် ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ် ပေါင်းများရှင်းလင်းခြင်း၊ “ဖုံး၊ သွန်၊ ခပ်၊ လဲ၊ စစ်၊ ရှင်း၊ လောင်း၊ ထောင်၊ မှုတ်၊ လဲ၊ ဖွင့်” ဆောင်ပုဒ်နှင့်အညီ ပိုးလောက်လမ်းများ မပေါက်ပွားစေရေးလုပ်ငန်းများကို လိုက်နာဆောင် ရွက်ရပါမည်။ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်ရန်လိုအပ်သကဲ့သို့ ရေမြောင်းများ ရေစီးရေလာ ကောင်းရန် ပြုလုပ်ရပါမည်။ ကလေးငယ်များကို ခြင်ကိုက် မခံရစေရန် အင်္ကျီလက်ရှည်/ဘောင်းဘီရှည်များ ဝတ်ဆင်ပေးခြင်း၊ ခြင်ဆေးခွေထွန်းညှိခြင်း၊ ခြင်မကိုက်စေသည့် ကာကွယ်ဆေးများလိမ်းခြင်း၊ ခြင်ယင်မလာစေရန် ရောင်ခြည်၊ အမွှေးနံ့သာများ ထွန်းညှိခြင်း၊ ခြင်လုံဆန်ခါများတပ်ဆင်ခြင်း၊ နေ့ခင်း အိပ်ချိန်မှာပင် ခြင်ထောင်တွင်း ထားသိပ်ခြင်းတို့ လုပ်ရပါမည်။ ခြင်ဆေးဖျန်းခြင်းကိုလည်း ကျန်းမာရေးဌာနများ က ဦးဆောင်၍ ရပ်ကွက် မြို့ရွာများတွင် လုပ်ဆောင်ပေးသင့်ပါသည်။

၆။​ ဝမ်းပျက်ဝမ်းလျောမဖြစ်စေရန် အစားအသောက်များ သန့်ရှင်းစွာ ကိုင်တွယ် ရမည့် အပြင် ယင်နားစာ မစားမိရန် အစားအစာများကို အုပ်ဆောင်းများနှင့် ဖုံးအုပ်ထားသင့်သည်။ ယင်ပေါက်ဖွားမှုနည်းစေရန် နှင့် ယင်မလာစေရန် နည်းလမ်းများကိုလည်း လိုက်နာသင့်သည်။ လမ်းဘေးဈေးသည်များအနေဖြင့် မိမိရောင်းချသော အစားအစာများ သန့်ရှင်းရန် လက်အိပ်များနှင့် ကိုင်တွယ်ပြင်ဆင်ပြီး ယင်မနားစေရန် အထူးသတိပြုဆောင်ရွက် သင့်သည်။ ဟင်းသီးဟင်းရွက်များ အသီးအနှံများကို ရေဖြင့် အထပ်ထပ်ဆေးကြောခြင်း၊ ဆားရည်စိမ်ခြင်း၊ ရှာလကာရည်ဖြင့် ဆေးကြောခြင်းများ ဆောင်ရွက်ခြင်းဖြင့် ဓာတုဆေးများ၊ ပိုးသတ်ဆေးများ၊ မသန့်ရှင်းသော အညစ်အကြေးများ ကပ်ငြိနေမှုမှ သန့်စင် နိုင်ပါ သည်။ မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအစာများမှ ရောဂါပိုး ကူးစက်ခြင်း မရှိစေ ရန် ရေကိုစနစ်တကျ ကျိုချက်သောက်သုံးခြင်း၊ စိတ်ချရသော ရေသန့်များသောက်သုံးခြင်း တို့လည်းပြုလုပ်သင့်သည်။ ရေတွင်းရေကန်များကို ဆေးခတ်သန့်စင်စေခြင်းကိုလည်း ကျန်းမာရေးဌာနများမှ ဦးဆောင် ဆောင်ရွက်သင့်ပါသည်။

၇။​ ရာသီတုပ်ကွေး၊ တကြော့ပြန် ကိုဗစ်ရောဂါများခံစားရခြင်းမရှိစေရန် နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ကို စနစ်တကျ ဆေးကြောခြင်းတို့အပြင် လူထူထပ်ရာနေရာများ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။ လက်ကို မကြာခဏ ဆေးသော အလေ့အကျင့်အရ မသန့်ရှင်းသော လက်မှတစ်ဆင့် ကူးစက်နိုင်သော ဝမ်းပျက်ဝမ်းလျောရောဂါ၊ အူရောင် ငန်းဖျားရောဂါ၊ အသည်းရောင် အသားဝါရောဂါများမှလည်း ကာကွယ်နိုင်သည်။ မိမိ၏ ကိုယ်ခံစွမ်းအားမြင့်နေစေရန် အာဟာရပြည့်ဝသောအစာများ အချိန်မှန်စားသုံးပြီး အိပ်ချိန်ပြည့်ဝဖို့လိုအပ်သည်။ ညဉ့်နက်သည့်အထိ ဖုန်းကြည့်ခြင်း၊ ဗွီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းများ ရှောင်ကြဉ်သင့်သည်။ မိမိအသက်အရွယ်နှင့် ကိုက်ညီသော ကိုယ်လက်လှုပ်ရှား အားကစား၊ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်သင့်သည်။ အရက်ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးများသုံးစွဲခြင်းသည် ကျန်းမာရေးထိခိုက်နိုင်သဖြင့် မိမိကိုယ်တိုင် မသောက်သုံးရုံသာမက မိမိပတ်ဝန်းကျင်တွင်လည်း မသောက်သုံးစေရန် ပညာပေး တားမြစ် ရပါမည်။မိုးကြိုကာလ မိုးကြိုးပစ်အန္တရာယ်၊ ယာဉ်မတော်တဆ အန္တရာယ်နှင့် တခြားထိခိုက်မှုများ ရှောင်ကြဉ်နိုင်ရန် အနေအထိုင်အသွားအလာလည်း အထူး သတိထားရန် လိုအပ်ပါသည်။

၈။​ ကျွန်မတို့အားလုံးအနေဖြင့် သက်ရှည်ကျန်းမာ နေနိုင်ရေးအတွက် ကျန်းမာရေး အသိ၊ သတိရှိကြကာ ရောဂါကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာကြရပါမည်။ ဥတုရာသီနှင့်ကိုက်ညီသော နေထိုင်မှုကို ရရှိနိုင်အောင် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ တစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှသည် ကျန်းမာရေးဌာနများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ကဦးဆောင်၍ စုပေါင်းစွမ်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရပါမည်။ ရောဂါဝေဒနာများ ခံစားရပါကလည်း ဆေးမြီးတို၊ စပ်ဆေးများ သောက်သုံးခြင်းထက် ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ အချိန်မီ သွားရောက်၍ ကုသမှုခံယူ သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။

Crd to Dr Ohnmar Saw

၂၀၂၄ ရာသီတုပ်ကွေး ၄ မျိုးစပ် Vaxigrip Tetra များ “လင်း” ဆေးခန်းတွင် လာရောက်ထိုးနှံနိုင်ပါပြီ…

စာရင်းပေးရန်
Phone: 09785055014, 09678521231
Page Messenger သို့လည်း စုံစမ်းမေးမြန်းနိုင်ပါသည်….

💠 Gallstones သည်းခြေအိတ်ကျောက်တည်ခြင်း📌 သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အ...
04/05/2024

💠 Gallstones သည်းခြေအိတ်ကျောက်တည်ခြင်း

📌 သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ် (gallbladder) လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့ သည်းခြေရည် (bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic duct က တဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။

💠 အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုက်တာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့ အရည်က ထွက်လာပြီး အဆီကို ချေဖျက်ပေးတယ်။

💠 သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ ကိုလက်စတော (cholesterol)၊ ဘီလီရူဘင် (bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

💠 သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။

💠 သည်းခြေအိတ်အတွင်းတွင် သည်းခြေအရည်အတွင်းမှ ပါသော အဆီ ကိုလက်စရော (Cholesterol) သို့မဟုတ် ရောင်ခြယ်ပစ္စည်း (Bilirubin) သို့မဟုတ် နှစ်မျိုးစလုံး စုပုံသည့် အတွက်ကြောင့် ဖြစ်သည်။

💠 သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။ အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

💠 သည်းခြေကျောက်တည်ခြင်းကို အဓိကဖြစ်စေသော အကြောင်းအရင်းမှာ...

📌 သည်းခြေအိတ်အတွင်း ပုံမှန်အတိုင်းရှိရမည့် ကိုလက်စရော အဆီပမာဏသည် ပုံမှန်ထက်ပိုများနေသောကြောင့်ဖြစ်သည်။

💠 အဖြစ်များသောအုပ်စုများ
📌 အမျိုးသမီးများ
(အမျိုးသားများထက်ပို၍ အဖြစ်များတတ်ပြီး ထိုအထဲမှ ကလေးမွေးထားသော အသက် ၄၀ကျော် အမျိုးသမီးများသည် ပိုပြီးအဖြစ်များသည်)
📌 အဝလွန်သူများ

💠 လက္ခဏာများ
📌 သည်းခြေကျောက်သည် သည်းခြေလမ်းကြောင်းကို ပိတ်သွားနိုင်သည့်အတွက် ရုတ်တရက် ဗိုက်ထိုး၍ အောင့်ခြင်း
(အထူးသဖြင့် ဗိုက်၏ညာဘက်နံရိုးအောက်နေရာတွင်နာနိုင်ပြီး ဗိုက်၏ အခြားနေရာများသို့လည်း ပျံ့နှံ့ပြီးနာနိုင်ပါသည်)

📌 ကျောနှင့်ရင် ညှပ်၍အောင့်ခြင်း
📌 ညာဘက်လက်ပြင်၊ လက်မောင်းများ နာခြင်း
📌 နာကျင်ခြင်းသည်အစားစားပြီးချိန် အထူးသဖြင့် အဆီပါသော အစာမျိုးစားပြီးလျှင်ပို၍ဆိုးခြင်း

✔️ ထိုနာကျင်ခြင်းသည် မည်သည့်အချိန်တွင်မဆိုဖြစ်ပွားနိုင်ပြီး တခါတရံ အိပ်နေရင်းနှင့်လည်း အောင့်နိုင်ပါသည်။

💠 အချို့သူများတွင် အောင့်နေချိန်၌
✔️ ချွေးစေးများထွက်ခြင်း၊
✔️ ပျို့အန်ခြင်းတို့အထိ ဖြစ်ပွားနိုင်ပါသည်။

💠 ကာကွယ်ခြင်း
✅ အဆီလျော့စားပါ။
✅ အစားအစာကိုသင့်တင့်မျှတအောင်စားပါ။
✅ ကိုယ်အလေးချိန် အလွန်အမင်း မလျော့ပါနှင့်။ အလွန်လျော့လိုက်ခြင်းအားဖြင့် သည်းခြေကျောက်ကြီးထွားခြင်းကို ပို၍ ဆိုးနိုင်ပါသည်။
✅ တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။
✅ နှမ်းဆီ၊ #နေကြာဆီ သန့်သန့်ကိုသာ သုံးပါ။
✅ ပြန်ကြော်ဆီများအား လုံးဝ(လုံးဝ)မသုံးသင့်ပါ။
✅ အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊ သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။


💠 ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

✔️ ဗိုက်အောင့်ခြင်း
✔️ ချမ်းတုန်၍ အဖျားကြီးခြင်း
✔️ သက်သာသွားခြင်းမရှိဘဲ တောက်လျှောက် အောင့်နေခြင်း
✔️ နှလုံးခုန်မြန်လာခြင်း
✔️ မျက်လုံးဝါ၊ အသားဝါခြင်း
✔️ သည်းခြေအတွင်းတွင်ပါသော bile salt စုပုံသည့် အတွက်အသားယားခြင်း
✔️ ဝမ်းလျှောခြင်း
✔️ အစားအသောက်ပျက်ခြင်း
✔️သွေးဆိပ်တက်၍ ဂယောင်ချောက်ခြားဖြစ်ခြင်း စသည့် အထက်ပါ လက္ခဏာများ ပေါ်ပေါက်ပါက ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ပါသည်။

#လင်း ဆေးခန်းတွင်
ပုံရိပ်ဖော်ဓာတ်မှန်ရိုက်ခြင်းအား

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေ
ညနေ ၅:၃၀ မှ ၈:၀၀ ထိ

📲09 78 505 5014,09 6785 21 231 သို့ ကြိုတင် စာရင်းပေးရန် ဟဲလို လိုက်နော်…

လင်းဆေးခန်းတွင် အသံလွန်လှိုင်းနည်းပညာ ( Ultrasound) ဖြင့် အောက်ပါတို့ကို ရှာဖွေစမ်းသပ်နိုင်ပါပြီလို့ သတင်းကောင်းလေး ပါးပ...
24/04/2024

လင်းဆေးခန်းတွင် အသံလွန်လှိုင်းနည်းပညာ ( Ultrasound) ဖြင့် အောက်ပါတို့ကို ရှာဖွေစမ်းသပ်နိုင်ပါပြီလို့ သတင်းကောင်းလေး ပါးပါရစေ..
👇👇👇👇👇👇👇👇👇👇👇👇👇👇

👤ကိုယ်ဝန်ရှိ/မရှိ သိရှိနိုင်ခြင်း။

👩‍🦳ကိုယ်ဝန်ဆောင်မိခင်များ မိမိသန္ဓေသား၏ ကြီးထွားမှု၊ အနေအထား၊ ရေမွှာရည်ပမာဏ နှင့် နှလုံးခုန်နှုန်းများ အား သိရှိနိုင်ခြင်း။

👩🏻‍🦰ကိုယ်ဝန်ဆောင်မိခင်များ မိမိသန္ဓေသား မီးဖွားမည့်ရက်ကို ခန့်မှန်းသိရှိနိုင်ခြင်း။

🔔အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ ပန်ကရိယ နှင့် သားအိမ် အစရှိသည့် ကိုယ်တွင်း ကလီစာများနှင့် ပတ်သက်သော ရောဂါများအား စမ်းသပ်စစ်ဆေးနိုင်ခြင်း။

📣အစာအိမ်နင့် အူလမ်း​ကြောင်း ဆိုင်ရာ ​ရောဂါများ စမ်းသပ်ရှာဖွေနိုင်ခြင်း။

🤷🏼အမျိုးသားများ ဆီးကြိတ်ကြီးခြင်း ရှိ/မရှိစစ်​ဆေးခြင်း။

🙆လည်ပင်းကြီး​ရောဂါ Thyroid နှင့်ပတ်သက်​သော​ရောဂါများ၊ လည်ပင်း အကြိတ်ကြီးခြင်းများအား စစ်​ဆေးနိုင်ခြင်း။

💁🏻‍♀️အမျိုးသမီး ရင်သား အကြိတ်များအား စမ်းသပ်ခြင်း။

🩸သွေး​ကြောများထဲတွင် သွေးခဲခြင်း ရှိ/မရှိ၊ သွေး​ကြောကျဥ်းခြင်းများရှိ/မရှိ စစ်ဆေးနိုင်
ခြင်း။

USG ဖြင့်ရောဂါရှာဖွေစမ်းသပ် စစ်ဆေးခြင်းအား
အပတ်စဉ်
>> အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနဂ်နွေ
ညနေ( ၅:၃၀ မှ ၈:၀၀ )ထိ လာရောက်စမ်းသပ်နိုင်ပါသည်။

☎️09785055014 , 09678521231 သို့ ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်…

#လင်း ဆေးခန်းနှင့် ရောဂါရှာဖွေရေး
အမှတ် ၃၅၄၊ က-၆ လမ်း၊ မြို့သစ်(က+ခ)ရပ်ကွက်၊အင်းစိန်မြို့နယ်။
(က-၆ လမ်း အပေါ်ဘက် ၂ ဖြတ်၊ က-၇ လမ်း ထွန်းဆေးဆိုင်နှင့် နောက်ကျောကပ်)

24/04/2024
 #သက်ြန်ပိတ်ရက်ကြေညာခြင်း "လင်း" ဆေးခန်းအားယနေ့ (13.4.2024) မှ (17.4.2024)နှစ်ဆန်း(၁)ရက်နေ့ အထိ ပိတ်ထားမည် ဖြစ်ပါသည်...1...
13/04/2024

#သက်ြန်ပိတ်ရက်ကြေညာခြင်း

"လင်း" ဆေးခန်းအား

ယနေ့ (13.4.2024) မှ (17.4.2024)
နှစ်ဆန်း(၁)ရက်နေ့ အထိ ပိတ်ထားမည် ဖြစ်ပါသည်...

18.4.2024 နေ့တွင် ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

နှစ်သစ်မှာ ဘေးအပေါင်း၊ ရန်အပေါင်း၊ ရောဂါအပေါင်းမှ ကင်းဝေးပါစေကြောင်း "လင်း" ဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်💦

#လင်းဆေးခန်း

https://www.facebook.com/100064405010573/posts/815318963958263/?mibextid=cr9u03
09/04/2024

https://www.facebook.com/100064405010573/posts/815318963958263/?mibextid=cr9u03

အရက်သောက်ခြင်းကြောင့် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ

𝙃𝙚𝙖𝙩 𝙎𝙩𝙧𝙤𝙠𝙚 (အပူရှပ်ခြင်း)ပူပြင်းတဲ့အခုအချိန်မှာ နေရောင်ခြည်နဲ့ထိတွေ့နေရသောသူများအတွက် အပူရှိန်ကြောင့် ဖြစ်ပွားနိုင်သော ...
03/04/2024

𝙃𝙚𝙖𝙩 𝙎𝙩𝙧𝙤𝙠𝙚 (အပူရှပ်ခြင်း)

ပူပြင်းတဲ့အခုအချိန်မှာ နေရောင်ခြည်နဲ့ထိတွေ့နေရသောသူများအတွက် အပူရှိန်ကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေးသတိပေးချက်များကိုမျှ​ပေးထားပါတယ်နော်....

အပူရှိန်ကြောင့်ဖြစ်နိုင်တဲ့ ပြဿနာသုံးမျိုးကတော့...

1️⃣ Heat cramps
2️⃣ Heat exhaustion
3️⃣ Heat stroke

(Heat Strokeက လူအသက်အန္တာရယ်ပါထိခိုက်နိုင်တော့ သတိအထားသင့်ဆုံးပြသာနာပါ...)❗️

1. Heat cramps
ခန္ဓာကိုယ်ထဲမှာ ရေနဲ့ သတ္တုဓါတ်တွေစတင်နည်းပါးလာပြီဆိုတာ စပြတဲ့ ပြဿနာပါ.. ကိုယ်အပူချိန်တက်လာမယ်.. ကြွက်သားတွေနာမယ်.. ကြွက်တက်မယ်.. များသောအားဖြင့် ခြေထောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာဖြစ်တာပါ...
⚠️(အလွယ်ကူဆုံးကုသနည်းကတော့ အရိပ်ရတဲ့နေရာမှာနေပြီး ဓါတ်ဆားဖျော်သောက်လိုက်တာပါပဲ)

2. Heat exhaustion
နေပူထဲမှာ အချိန်အကြာကြီး နေတာကြာလာရင် ချွေးထွက်လွန်လာရင် ဒီပြဿနာစဖြစ်ပါပြီ... အဲ့လူကိုသွားကိုင်ကြည့်ရင် အေးအေးစိုစိုကြီးဖြစ်နေပါလိမ့်မယ်.. ခေါင်းကိုက် မူးဝေ အော့အန် စိတ်ရှုပ်ထွေးတာတွေပါလာပါလိမ့်မယ်...အသက်ရှုတာ မြန်လာပါလိမ့်မယ်...
⚠️(ရှေးဦးသူနာကုသနည်းကတော့ အရိပ်ရပြီးအေးတဲ့နေရာမှာထားပါ...လှဲနေရင်းခြေထောက်ကိုအပေါ်ထောင်ထားပေးပါ... ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ...ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ... အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံပြေးပါ...)

3. Heat stroke
အန္တရာယ်အရှိဆုံးပါ... အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပြီ... ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး..အပူချိန်ဟာ အမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်... သွေးခုန်နှုန်းမြန်လာပါတယ် အဲ့လူကို ကိုင်ကြည့်ရင် ပူပူနဲ့ခြောက်ခြောက်ကပ်ကပ်ကြီးပါ...အပူချိန်ကိုထိန်းညှိပေးဖို့ ချွေးမထွက်နိုင်တော့ပါဘူး... သတိလစ်တာ တက်တာ အထိဖြစ်ပါတယ်.. အသက်အန္တရာယ်ရှိပါတယ်..
⚠️(Ambulance ခေါ်ပါ... ကားမရောက်သေးခင်မှာ အရေးပေါ်အနေနဲ့ အရိပ်ရနေရာမှာထားပါ .. လူတွေမအုံပါစေနဲ့...လေဝင်လေထွက်ကောင်းပါစေ...သတိရနေသေးရင် ရေနဲ့ဓါတ်ဆားတိုက်ပါ... ရေပတ်တိုက်ပါ... ချိုင်းကြားပေါင်ကြား ရေဝတ်ကပ်ပေးပါ...)

နေအပူချိန်အရမ်းမြင့်လာချိန်-
1. အဝတ်အစားအထူကြီးတွေမဝတ်ကြပါနဲ့။
2. နေရိပ်ထဲမှာ အတတ်နိုင်ဆုံးနေပါ။
3. အပြင်ထွက်ရင် ဦးထုပ်ထီးဆောင်းပါ။
4. ရေနှင့်ဓါတ်ဆားဆောင်ထားပါ။

Credit:
Photos: crd

💉ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး အကြောင်း------------------------////////---------------------------တုပ်ကွေးကာကွယ်ဆေး brand ...
31/03/2024

💉ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး အကြောင်း
------------------------////////---------------------------
တုပ်ကွေးကာကွယ်ဆေး brand တွေနှင့် ပတ်သက်၍
အရင်နှစ်များ က ရာသီတုပ်ကွေးကာကွယ်ဆေး brand ၄ မျိုးခန့် ဝင်ရောက်ပေးမယ့်
မနှစ်ကတော့ အဓိက brand ၂ မျိုးလောက်သာ ရရှိ ပါတော့တယ်

Vaxigrip Tetra နှင့် Fluarix Tetra တို့သာ အဓိက ရပါတယ်
အချို့ brand တွင် လေးမျိုးစပ် နှင့် သုံးမျိုးစပ် ဟူ၍ ၂ မျိုးလာပါသည်
လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး သည် ပိုကောင်းပြီး သူ့ကိုသာ အဓိက ထိုးကြရပါသည်
ရာသီတုပ်ကွေး ကာကွယ်ဆေးဟူသည်မှာ Influenza A (Victoria & Darwin) နှင့်
Influenza B (Austria & Phuket) ကို နိုင်အောင် ဖော်စပ်ထုတ်လုပ်ထားတဲ့ Tetravalent Vaccine တစ်မျိုးဖြစ်ပါတယ်။
ရာသီတုပ်ကွေးရောဂါ (Seasonal Flu) သည် လူကြီးလူငယ်မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ နှစ်စဉ် တုပ်ကွေးရောဂါကြောင့် ကမ္ဘာနှင့်တစ်ဝှမ်းသေဆုံးသူ မြောက်များစွာရှိတဲ့အတွက် တုပ်ကွေးဆိုတာလဲ ပေါ့ဆလို့မရတဲ့ ရောဂါတစ်မျိုးပါပဲ။
အသုံးများသော Vaxigrip Tetra နဲ့ ပတ်သက်ပြီး အမေးများတာတွေကို အဓိက ထားပြောပြထားပါတယ်
🛑Vaxigrip Tetra က ဘယ်လို့ တုတ်ကွေးကို ကာကွယ်ပေးတာလဲ?🛑
အဓိက ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်
an A/Victoria/2570/2019 (H1N1)pdm09-like virus

an A/Cambodia/e0826360/2020 (H3N2)-like virus

a B/Washington/02/2019 (B/Victoria lineage)-like virus

a B/Phuket/3073/2013 (B/Yamagata lineage)-like virus

🛑ဘယ်အရွယ်တွေ ထိုးလို့ရလဲ?🛑
အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ ။

🛑ဘယ်လိုလူတွေ ထိုးထားသင့်သလဲ?🛑

အဓိက အထိုးသင့်ဆုံးသူတွေကတော့

💉 အသက်(၆) လ မှ (၅)နှစ်အထိကလေးများ
💉 အသက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
💉 ကိုယ်ဝန်ဆောင်မိခင်များ
💉 ရောဂါအခံရှိတဲ့ကလေးများ (ဥပမာ နှလုံးရောဂါ ပန်းနာရင်ကြပ်ရောဂါရှင်များ)
💉 နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ ပန်းနာရင်ကြပ်၊နှလုံးရောဂါစသည်တို့)
💉 ကျန်းမာရေးဝန်ထမ်းများ

တချို့ အနောက်နိုင်ငံတွေကတော့ အမျိုးသားကျန်းမာရေးကာကွယ်ဆေး စီမံချက်ထဲ ဒီလို အုပ်စုတွေကို အစိုးရကထိုးပေးပါတယ်

🛑ဘယ်အချိန် လောက်မှာ ထိုးသင့်သလဲ?🛑

တုပ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ၂ လ ခန့်စောထိုးသင့်ပါတယ်။
စော‌စောထိုးလေးကောင်းလေးပါ

ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။
expired date မဖြစ်ခင်ထိ ထိုးရပါတယ်

သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။

ကာကွယ်နိုင်အားထွက်ဖို့ အနည်းဆုံး ၂ ပတ် မှ ၄ ပတ် ခန့်လိုပါတယ်။အဲ့ဒါကြောင့် စောစာထိုးနိုင်လေ ပိုအကျိုးရှိလေပါဘဲ။

🛑ကိုယ်ဝန်သည်တွေ ထိုးဖို့လိုသလား?🛑

အထိုးသင့်ဆုံးပါပဲ ။ ကိုယ်ဝန် ဘယ်နှပါတ်ရှိရှိ ထိုးလို့ရပါတယ်။

ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်း ကာကွယ်ပေးနိုင်တဲ့အပြင် ၊ မွေးကာစ ၆ လအောက် ကလေးကို ပါ အပြင်းအထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။

🛑ဘယ်လိုလူတွေ တုတ်ကွေးကာကွယ်ဆေး ထိုးလို့မရလဲ?

⏩ တချို့သော brand တွေ ၃ နှစ်အောက် မထိုးရတာရှိပါတယ် ။
ခု မြန်မာနိုင်ငံမှာ သိပီးသား Vaxigrip tetra , Fluarix Tetra တွေကတော့ ၆ လ အထက် ထိုးလို့ရပါတယ်။
⏩ ကြက်ဥနဲ့ မတည့်တဲ့ လူတွေ၊ ကာကွယ်ဆေးတွေနဲ့ မတည့်တဲ့သူတွေ ကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်
⏩ လတ်တလော ကိုယ်ပူ ၊ ချောင်းဆိုး ၊ နှာစေး လက္ခဏာ များ ခံစားနေရပါ ကလည်း ဆရာဝန် နှင့် တိုင်ပင်ပြီး မှ ထိုးသင့်ပါတယ်

🛑ဘယ်သူတွေမှာ ဆေး ဘယ်လောက် ထိုးရမှာလဲ?

အချို့ brand တွေကတော့ အသက်အရွယ်အလိုက်
- အသက်(၆)လမှ (၃)နှစ်အရွယ်အထိ ကာကွယ်ဆေးနှင့်
- အသက်(၃)နှစ်အထက် ကာကွယ်ဆေး ဟူ၍ (၂)မျိုးခွဲခြားထားပါသည်။

vaxigrip trivalent က
၆လ မှ ၃ နှစ်အော​က်ကို ၀.၂၅ ml ထိုးရပြီး
၃ နှစ် အထက်ကိုတော့၀.၅ ml ထိုးရပါတယ်

အခုအသုံးများတဲ့ brand ဖြစ်တဲ့ vaxigrip tetra ကတော့
၆ လအထက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ၀.၅ ml ပဲ ထိုးရပါမယ် ။ တဝက်ခွဲ ထိုးစရာ မလိုပါ။

🛑ဆေးက ဘယ်နှစ်ကြိမ် ထိုးရမလဲ?🛑

ယခင်က တုတ်ကွေးကာကွယ်ဆေး တခါမှ မထိုးဘူးရင်

-၉ နှစ်အောက်ကလေးများ ၄ ပါတ်ခြား ၂ ကြိမ်ထိုးရပါတယ်။
-၉ နှစ်အထက် ကတော့ ၁ ကြိမ်ဆိုရပါပီ။

ယခင်နှစ်က တုတ်ကွေးကာကွယ်ဆေးကို တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာဖြစ်ဖြစ် ဒီနှစ် မှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ်
🛑Covid ကာကွယ်ဆေး ထိုးထားရင်ရော ထိုးလို့ရလား ? ရရင် အချိန် ဘယ်လောက်ခြားပြီး ထိုးရမှာလဲ? 🛑
Covid ကာကွယ်ဆေး ထိုးထားရင် လဲ ထိုးလို့ ရပါတယ်
Covid ကာကွယ်ဆေးရော တုပ်ကွေးကာကွယ်ဆေး‌ရော ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေး စနစ် တူတူ ပေါ်မှဘဲ အလုပ်လုပ်တာဖြစ်လို့ ရောထိုးလို့မရပါ။
ဘယ်ဆေး အရင်စထိုးထိုး အနည်းဆုံး ၁၄ ရက် ခြားပြီးမှ နောက်တမျိုးထိုးလို့ရပါမယ်
ကာကွယ်ဆေး ကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင် သည့်အပြင် ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

🔜🔜🔜🔜🔜🔜

“လင်း” ဆေးခန်းတွင် ၁.၄.၂၀၂၄ ရက်မှ စတင်၍ 💉Vaxigrip Tetra Flu Vaccine 💉များကိုလာရောက်ထိုးနှံနိုင်ပါသည် ….

အမှတ်-၃၅၄၊ က -၆ လမ်း(၂ ဖြတ်-ထောင့်)၊ မြို့သစ် (က+ခ) အင်းစိန်မြို့နယ်။

စုံစမ်းရန် နှင့် ကြိုတင်စာရင်းပေးသွင်းရန် 👉

📲 09785055014
📲 09678521231

Address

No 354, Ka-6 Street, Insein Myothit
Yangon
11011

Opening Hours

Monday 16:00 - 21:00
Tuesday 16:00 - 21:00
Wednesday 16:00 - 21:00
Thursday 16:00 - 21:00
Friday 16:00 - 21:00
Saturday 07:30 - 11:30
16:00 - 21:00
Sunday 07:30 - 11:30
16:00 - 21:00

Telephone

+959785055014

Website

Alerts

Be the first to know and let us send you an email when Linn Medical Clinic And Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Linn Medical Clinic And Diagnostic Centre:

Share