PHYO Medical and Dental Clinic

PHYO Medical and Dental Clinic ဖြိုး အထွေထွေရောဂါကု , သွား နှင့် ခံတွင်းဆေးခန်း

20/02/2024

ဆီးချို ရောဂါ နှင့် သွားနှင့်ခံတွင်းကျန်းမာ​ရေး

➡️ဆီးချို​ရောဂါ က အာရုံ​ကြော၊ကျောက်ကပ်၊နှလုံး၊မျက်လုံးနှင့်အခြား​သောကိုယ်ခန္ဓာအစိတ်ပိုင်းများကို ထိခိုက်နိုင်တယ်ဆိုတာ ဆီးချို​​ဝေဒနာရှင်
အများစုသိကြ​ပေမဲ့ သွားနှင့်ခံတွင်းကိုထိခိုက်နိုင်တယ်ဆိုတာ
သတိမပြုမိပဲ ​နေတတ်ကျပါတယ်။

➡️ဆီးချို​ရောဂါသည်များသည်သာမန်လူများထက်သွားဖုံး​ရောင်ခြင်း၊နာခြင်း
သွားဖုံးရိုးနိမ့်ကျခြင်း၊ခံတွင်း​ရနံ့ဆိုးခြင်း၊​ရေစီးကမ်းပြိုဖြစ်ခြင်း စသဖြင့်
ဖြစ်နိုင်သည့်ရာခိုင်နှုန်းများ​နေသည်ကို​တွေ့ရှိရသည်။
ထို့အပြင်ဆီးချို​​ရောဂါသည်ရောဂါပိုးအလွယ်တကူဝင်နိုင်ပြီးအနာကျက်ခြင်းကို​​နှေး​စေသဖြင့် ကုသမှုများအ​ပေါ်များစွာအ​​နှောက်ယှက်​ပေးပါသည်။

➡️ဆီးချို​ရောဂါ​ကြောင့်ခံတွင်းမှို ​ရောဂါ၊ခံတွင်း​ခြောက်ခြင်းတို့ဖြစ်တတ်ပါ​သေးတယ်။ထို့​ကြောင့်ခံတွင်း​နေရာ​အနှံ့အပြားတွင် အနာ အလွယ်တကူ
ဖြစ်ခြင်း၊သွားပိုးစားခြင်း၊သွား​ကျောက်များဖြစ်ခြင်းနှင့်​နောက်ဆက်တွဲ
သွားဖုံး​ရောဂါများဖြစ်ကာ သွားများယိုင်နဲ့ ဆုံးရှုံးနိုင်ပါသည်။

➡️ထို့​ကြောင့်ဆီးချို​ရောဂါရှိသူများအ​နေဖြင့် မလိုလားအပ်​သော
သွားနှင့်ခံတွင်း ​ရောဂါများ မဖြစ်ရ​လေ​အောင် ပါးစပ်ထဲတွင်
သွားပိုး​ပေါက်များရှိပါကသွားဖာ​ခြင်း၊​သွားကျောက်များကပ်​နေပါက ​
သွား​ကျောက်ခြစ်ခြင်း၊ထိရှအနာဖြစ်​နိုင်​သည့် ချွန်​နေ​သောသွား​များအား
တုံး​ပေးခြင်း များကို သွားဆရာဝန်များထံသွား​ရောက်ကုသ​မှုခံယူရမည်။
​နောက်ဆုံးအ​နေဖြင့် ၆လ တစ်ခါ သွား​ဆေးခန်းများတွင် မိမိသွားနှင့်ခံတွင်း
ကျန်းမာ​ရေးကို စစ်​ဆေးကာ သွားနှင့်ခံတွင်းဆိုင်ရာ ​ရောဂါများဖြစ်ခြင်းကို
ကြိုတငိကာကွယ်​စောင့်​ရှောက်နိုင်ပါ​စေ။

➡️သွား​ကျောက်(သို့)သွား​ချေးCaculus orTartarဆိုတာဘယ်လိုမျိုးလဲ?တံ​တွေးထဲတွင်ပါဝင်​သောGCF(Gingival Cellular Fluid) နှင့်ပ...
10/02/2024

➡️သွား​ကျောက်(သို့)သွား​ချေးCaculus orTartarဆိုတာဘယ်လိုမျိုးလဲ?

တံ​တွေးထဲတွင်ပါဝင်​သောGCF(Gingival Cellular Fluid) နှင့်
ပါးစပ်ထဲ​တွင်ရှိတဲ့ bacteria တို့​ပေါင်းပြီးဖြစ်​ပေါ်လာတဲ့အစိုင်ခဲများ
သွားဖုံးနှင့်သွား​အောက်​​​ခြေမျက်နှာပြင်တို့ဆက်ထား​သော​နေရာတွင်ကပ်ပြီးဖြစ်​ပေါ်လာခြင်းကိုဆိုလိုသည်။

​​​➡️ရောဂါလက္ခဏာ(သို့)သွား​ကျောက်များရှိ​နေခြင်းကိုဘယ်လိုသိနိုင်မလဲ?

သွားတိုက်လျှင်​သွေးထွက်ခြင်း၊ခံတွင်းရနံ့ဆိုးခြင်း၊

သွားဖုံး​များ​ရောင်​ကာ​သွေးစိမ့်ထွက်ခြင်း (သွားဖုံး​​ရောင်ရောဂါGingivitis)၊

အချိန်ကြာလာ​သောအခါ ​​ရေစီးကမ်းပြို (Periodontitis)ဖြစ်ကာ
သွားကျဲခြင်း၊သွားများယိုင်နဲ့လာခြင်း ​
နောက်ဆုံးကုသ၍မရနိုင်ပဲ သွားနှုတ်ပစ်ရခြင်း( သို့ ) အလိုအ​လျောက်သွားများကျွတ်ထွက်ဆုံးရှုံးနိုင်ပါသည်။

⚠️ပုံမှန်သွားတိုက်ခြင်း၊အရာ၀တ္ထုတစ်ခုတစ်ခုဖြင့်ဖယ်ရှားခြင်း၊​​
​ဆေး​လိမ်းခြင်းတို့ဖြင့်​မ​ပျောက်ကင်းနိုင်ပါ။

➡️ ဘယ်လိုကုသနိုင်သလဲ (သို့) ကာကွယ်နိုင်သလဲ?

​သွား​ဆေးခန်းတွင် ခြောက်လတစ်ကြိမ် သွားနှင့်ခံတွင်းသန့်ရှင်းခြင်း(သို့)
သွား​ကျောက်ခြစ်ခြင်း (Scaling & Polishing) ကိုပုံမှန်ပြုလုပ်နိုင်သည်။

➡️ဘယ်လိုလူ​တွေပိုပြီးဂရုစိုက်သင့်သလဲ?

ဆီးချို ​ရောဂါ ရှိသူ
​သွေးတိုး​၊သွေကျ​​​ရောဂါရှိသူ နှင့်
ကိုယ်ဝန်​ဆောင်မိခင်များ အ​နေဖြင့် ကြိုတင်ကာကွယ်ကုသသင့်ပါသည်။


သွားဖုံး​ရောဂါဖြစ်ခြင်းမှကာကွယ်နိုင်ပြီး အခြား​သောသွားနှင့်ခံတွင်း ဆိုင်ရာဝေဒနာများကင်း​ဝေးကာကျန်းမာသန်စွမ်း​သောဘဝကိုပိုင်ဆိုင်ပါ​စေ》

Address

No. 44, (126 Street), Mingalar Townyunt Township
Yangon
11221

Telephone

+959963821223

Website

Alerts

Be the first to know and let us send you an email when PHYO Medical and Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PHYO Medical and Dental Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram