AUNG SHWE MOE clinic

AUNG SHWE MOE clinic ကျန်းမာခြင်းသည် လာဘ်တစ်ပါး���

13/03/2026

💕ချစ်စရာ သားသားမီးမီးတို့ ကမ္ဘာလောကထဲကို ဘေးကင်းစွာ ရောက်ရှိလာဖို့...👩🏻‍🍼
မေမေတို့ရဲ့ အဖိုးတန်ဆုံး အခိုက်အတန့်လေးတွေကို စိတ်အေးချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ Vibharam International Hospital ရဲ့ ကလေးမွေးဖွားခြင်း အထူးပက်ကေ့ချ် (Baby Delivery Package) တွေရှိနေပါပြီ။ 🦋


👩🏻‍⚕️ခေတ်မီစက်ကိရိယာများ၊ ဝါရင့်အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူနာပြုများမှ အနီးကပ် စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။


*FREE Services*

✅မြန်မာဘာသာပြန် ဝန်ဆောင်မှု
✅မိခင်ဗိုက်ထဲရှိ ကလေးနှလုံးခုန် စစ်ဆေးပေးခြင်း
✅ကလေး၀တ်စံု လက်ဆောင်ပေးခြင်း
✅မွေးစာရင်း လုပ်ပေးခြင်း

☎️မင်မင်တို့ဆီမှာ overall တကိုယ်လုံးအတွက် စစ်ဖို့ package လေးရှိပြီး တခါထဲ Doctor consultation ပါ ရနိုင်လို့ လိုအပ်တဲ့ ကုသမှုပါ ခံယူနိုင်ပါပြီ။ ဆေးကုသမှု consultation ရယူလိုပါက မင်မင်တို့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနိုင်ပါပြီ။
page: Dr.Care Medical Services
Viber number: +66 090230 6281, +959799978337
Line: +66 090230 6281




#ကျန်းမာရေးစစ်ဆေးမှု

#ကလေးမွေးpackage
#ရိုးရိုးမွေးခြင်း #ခွဲမွေးခြင်း #သားကြောဖြတ်ခြင်း

09/03/2026
04/03/2026

အသက် ၄၅ နှစ် အရွယ် ကိုမင်း တယောက် ဒီရက်ပိုင်း ရင်ဘတ်ထဲမှာ ခပ်တင်းတင်းနဲ့ ဆွဲဆုပ်ထားသလို နာ နေတယ်။ “အလုပ်ပင်ပန်းလို့ ဖြစ်မယ်… အစာမကြေဘူးထင်တယ်…” လို့ထင်ပြီး ဆေးဆိုင်က ဆေးနဲ့သာ ဖြေရှင်းခဲ့ပါတယ်။
ဒီကြားထဲ company က အလုပ်တူဘော်ဒါတွေနဲ့ကလဲ tea time ဆို stress လျှော့ဖို့ cigarette လေးကလဲ အဖွာမပျက်။ Client နဲ့ အလုပ်သဘောအရ meeting dinner လေးကလဲ ဆက်နေပြန်ရော...

ဒါပေမယ့် တစ်နေ့ မနက်…
အလုပ်သွားဖို့ ပြင်ဆင်နေချိန်မှာ ရင်ဘတ်ထဲ ဆုတ်ဆွဲထားသလို အောင့်လာပြီး အသက်ရှူရခက်လာကာ ချွေးစေးပြိုက်ပြိုက် ကျလာခဲ့ပါတယ်…

ဒီတစ်ခါတော့ မလွဲမရှောင်နိုင်တော့ပါဘူး။

အရေးပေါ် ဆေးရုံရောက်တဲ့အခါ
ဆရာဝန်က CAG (Coronary Angiography) ကို ချက်ချင်း စစ်ဆေးဖို့ အကြံပြုခဲ့ပါတယ်။

CAG စစ်ဆေးပြီးနောက် —
နှလုံးသွေးကြောတစ်ချောင်း ၉၀% နီးပါး ပိတ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အလုပ်ပင်ပန်းတာတင်မက — မျိုးရိုးဗီဇ၊ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်း စတဲ့ အကြောင်းရင်းတွေပါ ပေါင်းစပ်နိုင်ပါတယ်။
အချိန်နည်းနည်းလေး ပိုနောက်ကျသွားခဲ့ရင် အသက်အန္တရာယ်ကြီးမားနိုင်ခဲ့ပါတယ်။

ချက်ချင်း PCI (Percutaneous Coronary Intervention) ပြုလုပ်ပြီး
Balloon နဲ့ သွေးကြောကို ဖွင့်ကာ Stent ထည့်ပေးခဲ့ပါတယ်။

မိနစ်အနည်းငယ်အတွင်း —
သွေးကြော ပြန်လည်ဖွင့်လှစ်သွားပြီး နာကျင်မှု လျော့နည်းသွားခဲ့ပါတယ်။
ကိုမင်းဟာ မိသားစုဆီ ပြန်လည် လှည့်လာနိုင်ခဲ့ပါတယ် ❤️

📌 Facebook ပေါ်မှာ ဒီလို ဇာတ်လမ်းတွေ မကြာခဏ တွေ့နေရပါတယ်။
ဒါပေမယ့် နောက်တစ်ယောက် မဖြစ်ခင် — သင်ကိုယ်တိုင် သတိထားဖို့ လိုပါတယ်။

💡 ဒီလို လက္ခဏာတွေ ရှိနေပါသလား?
• ဆုတ်ဆွဲထားသလို ရင်ဘတ်ထဲ အောင့်ခြင်း
• လက်ဝဲဘက်၊ လည်ပင်း၊ ကျောဘက်သို့ တလျှောက်နာခြင်း
• အသက်ရှူခက်ခြင်း၊ ချွေးစေးထွက်ခြင်း

ဒါမျိုး အခြေအနေထိ မစောင့်ပါနဲ့။

CAG က နှလုံးသွေးကြောအခြေအနေကို တိတိကျကျ သိနိုင်စေပါတယ်။
PCI က ပိတ်နေတဲ့ သွေးကြောကို အချိန်မလွန်ခင် ပြန်ဖွင့်ပေးနိုင်တဲ့ အသက်ကယ် ကုသမှုဖြစ်ပါတယ်။

သင့်နှလုံးဟာ သင့်မိသားစုအတွက် အစားထိုးမရတဲ့အရာပါ။
ရင်ဘတ််အောင့်တာကို လစ်လျူရှုမထားပါနဲ့။
အချိန်မလွန်ခင် စစ်ဆေးပါ။ အသက်ကို ကာကွယ်ပါ။




#နှလုံးသွေးကြောကျဉ်းရောဂါ

17/02/2026

🦿မိတ်ဆွေတို့ရဲ့ လူကြီးမိဘထဲမှာ၊ ဆွေမျိုးထဲမှာ
😷 တချိန်လုံး ဒူးနာလို့ အထိုင်အထမကောင်းတာ
😪 ဒူးနာလို့ တချိန်လုံး ဆေးစည်း/ဆေးထိုးနေရတာ
😔 ဒူးကျီးပေါင်း ရှိတာ
😭 ဒူးခေါင်းမှာ ဒဏ်ဖြစ်ထားတာ
ရှိရင်တော့ ကျွန်တော်တို့ဆီမှာ လာရောက်ဆေးခန်းပြလို့ရပါပြီ။ လူနာအခြေအနေကိုကြည့်ပြီးတော့ ဒူးခေါင်းဆေးပဲထိုးသင့်တာမျိုး/ ဒါမှမဟုတ်ပဲ ဒူးအစားထိုး ခွဲစိတ်တာမျိုး လုပ်လို့ရပါပြီ။

🧑🏻‍⚕️ဒူးအစားထိုး ခွဲစိတ်မှုဆိုတာ က ဘာလဲ?
ဒူး အစားထိုးခွဲစိတ်မှုဆိုတာကတော့ ထိခိုက်ပျက်စီးနေသော ဒူးဆစ်အတွင်းရှိ အရိုးနှင့် အရိုးနုတို့ကို သတ္တုနှင့် ပလတ်စတစ်တို့ဖြင့် ဖန်တီးထားသော အစိတ်အပိုင်းတို့ဖ့င့် အစားထိုးကုသခြင်းကိုခေါ်ပါတယ်။

👩🏼‍⚕️ ဒူးအစားထိုးခွဲစိတ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေပြီး ဒူးရဲ့လုပ်ငန်းဆောင်တာကို ပြန်လည်ကောင်းမွန်စေပါတယ်။
🏥 ဒူးအစားထိုးခွဲစိတ်ဖို့ လိုမလိုဆိုတာကတော့ ခွဲစိတ်ဆရာဝန်မှ ဒူးရဲ့ ကြံ့ခိုင်မှု၊ လှုပ်ရှားနိုင်မှု၊ တောင့်တင်းမှုတို့ကို စစ်ဆေးပြီး ဆုံးဖြတ်ရတာပါ။
🩻 များသောအားဖြင့် ပုံမှန်ဓာတ်မှန်နဲ့ ဒူးရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာတစ်ခုကိုမြင်နိုင်ပါတယ်။ ဘယ်လို အစားထိုးပစ္စည်းကိုသုံးရမလဲဆိုတာကတော့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လှုပ်ရှားနိုင်မှု အတိုင်းအတာ၊ ဒူးခေါင်း အရွယ်အစားနှင့် ကျန်းမာရေးအခြေအနေတို့ပေါ်မူတည်ပါတယ်။

‼️ဘယ်လို အန္တရယ်တွေရှိနိုင်လဲ။
သွေးခဲခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ပိုးဝင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အချိန်ကြာလာတဲ့အခါ လျော့ရွဲလာခြင်း၊ ပါးသွားခြင်းတို့ဖြစ်လာရင်တော့ နောက်တစ်ကြိမ်ခွဲဖို့လိုအပ်ပါတယ်။

💓ခွဲစိတ်ပြီး မြန်မြန်သက်သာဖို့ ဘယ်လိုနေရမလဲ?

စောစောလှုပ်ရှားရပါမယ်။ ဖြစ်နိုင်ရင်တော့ ခွဲစိတ်မှုပြီးနောက် စောစောဂျိုင်း‌ထောက် နှင့်လမ်းလျှောက်နိုင်လေကောင်းပါတယ်။
ဖိအားပေးခြင်း- ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးနောက် compression stockings သို့မဟုတ် inflatable air sleeves ကို ခြေထောက်မှာ ဝတ်‌ဆင်ခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။

😇ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်ပြီးနောက် လိုအပ်လျှင် သွေးကျဲဆေးကို လိုအပ်လျှင် သောက်ဆေး၊ ထိုးဆေးစသည်တို့ကိုညွန်ကြားပေးတတ်ပါတယ်။

ဆေးကုသမှု consultation ရယူလိုပါက မင်မင်တို့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနိုင်ပါပြီ။
page: Dr.Care Medical Services
Viber number: +66 090230 6281
Line: +66 090230 6281





17/02/2026
07/02/2026

🏮သင်သိပြီးပြီလား? မြန်မာငွေ ၄သိန်း စွန်းစွန်းလေးနဲ့ Medical checkup ကို ထိုင်းနိုင်ငံရဲ့ အထင်ကရ ဆေးရုံကြီးမှ ရနေပြီဆိုတာ 🤫
🧧ဖေဖော်ဝါရီလ တလထဲ Chinese New Year Promotion ရမှာနော်💥

🧑🏻‍⚕️အခြေခံကျန်းမာရေးစစ်ဆေးမှုဖြစ်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများ၊သကြားဓာတ်၊ အဆီဓာတ်တို့နှင့် ကျောက်ကပ်၊ အသည်း၊ အဆုတ် စတဲ့ကိုယ်တွင်း အင်္ဂါတွေအပါအဝင် ၁၇မျိုးလုံးကိုမှ 3150ဘတ်ထဲနဲ့ စစ်လို့ရလို့ အရမ်းတန်နေပြီနော် 🔥

🔬အပေါ်က package ယူရုံနဲ့ တစ်ခြားသော စစ်ဆေးမှုများကို လည်း ပုံမှန်ဈေးထက် 20% လျော့ပေးထားတာမို့လို့ လက်မလွတ်စေဖို့ တိုက်တွန်းလိုပါတယ်။

20% off မှာ ဘာတွေစစ်လို့ရမလဲဆိုတော့
- အူမကြီးကင်ဆာစစ်ခြင်း (480 thb)
- အသည်းကင်ဆာ စစ်ဆေးခြင်း (450 thb)
- နှလုံး အီးစီဂျီဆွဲခြင်း (600 thb)
- သွေးတွင်း အဆီ တိုင်းတာခြင်း (250 thb)
- ရင်သားဓာတ်မှန်, USGရိုက်ခြင်း (2500 thb)
- သားအိမ်ခေါင်း ကင်ဆာစစ်ဆေးခြင်း (2650 thb)
- ဝမ်းဗိုက်အပေါ်ဘက် ultrasound ရိုက်ခြင်း(2200 thb)
- ဝမ်းဗိုက်အောက်ဘက် ultrasound ရိုက်ခြင်း ( 2200 thb)
- လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်း (650 thb) တို့ ပဲ ဖြစ်ပါတယ်။

ဒီလတလထဲ ရမှာမို့ မြန်မြန်လေးနဲ့ page မှာ checkup package လေးကို လာယူလိုက်တော့နော်😇🫶🏻
ဆေးကုသမှု consultation ရယူလိုပါက မင်မင်တို့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနိုင်ပါပြီ။
page: Dr.Care Medical Services
Viber number: +66 090230 6281
Line: +66 090230 6281

04/02/2026

အခုတလော ခေတ်စားနေတဲ့ Nipah virus အကြောင်းလေး မင်မင်တို့ sharing လုပ်ပေးပါရစေ။

🚨Nipah virus transmission

တိရစ္ဆာန်မှ လူကိုကူးစက်တတ်သောရောဂါဖြစ်သည့် အလျောက်
🦠ဗိုင်းရက်စ်နှင့် ထိတွေ့ထားသော အစားအစာ နှင့်
😷ကူးစက်ခံထားရသော လူနာတို့ထံမှလည်း ကူးစက်နိုင်ပါတယ်။
💧ဗိုင်းရက်စ်သည် droplets မှ တစ်ဆင့်ကူးစက်တတ်သောကြောင့် ရောဂါပိုးရှိသူနှင့် ထိတွေ့ခြင်း၊ အစာကျွေးခြင်း သို့မဟုတ် ပြုစုစောင့်ရှောက်ခြင်းတို့မှလည်းကူးစက်နိုင်ပါတယ်။
🥤လက်ဆတ်သော Date palm sap ကိုသောက်သုံးခြင်း၊ အချဉ်ဖောက်ထားတဲ့ Date palm sap အရည်ကို သောက်သုံးခြင်း၊ ထန်းရည် သောက်ခြင်း တို့မှလည်း ကူးစက်နိုင်ပါတယ်။
🦇လင်းနို့အညစ်အကြေးများနဲ့ ထိတွေ့ထားသော အသီးများကို ထိတွေ့စားသုံးခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။
🐖ရောဂါပိုးရှိတဲ့ ဝက်သား ကို သေချာ ကျက်အောင်မချက်ပဲ စားသုံးခြင်းမှလည်းကူးစက်နိုင်ပါတယ်။

⏰ Incubation period 4-14 days အတွင်း လက္ခဏာပြနိုင်ပါတယ်။

🚨Nipah virus symptoms

1️⃣ ပထမအဆင့် : ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း။ (တုပ်ကွေးနှင့် ဆင်တူသည်)။
2️⃣ ဒုတိယအဆင့် : မူးဝေခြင်း၊ မှိန်းနေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း (ဒါဟာ ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။)
3️⃣အဆိုးဆုံးအခြေအနေ : (၂၄) နာရီမှ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်သွားပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

🚨Nipah virus prevention

🦇 လင်းနို့ ကူးစက်မှုကိုရှောင်ရှားခြင်း။ထန်းရည်/ကြံရည် အစိမ်း: ထန်းပင်၊ ကြံခင်းများသည် လင်းနို့များ ကျက်စားရာဖြစ်၍ Raw Date Palm Sap (ထန်းရည်အစိမ်း) သောက်ခြင်းကို ရှောင်ပါ။ သစ်သီးများကို ဆားရေဖြင့် သန့်စင်အောင်ဆေးကြောပြီးမှ စားသုံးသင့်ပါတယ်။
💦 လက်ကိုလဲ သေချာ သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပေးပါ။
😷 ရောဂါကူးစက်ခံရသော လူနာအား ပြုစုမည်ဆိုပါက PPE ဝတ်စုံ၊ mask နဲ့ လက်အိတ်တို့ အပြည့်အစုံ ဝတ်ဆင်ပါ။
🐴 ဖျားနာနေသော တိရိစ္ဆာန်များအနီး သွားခြင်းမှ ရှောင်ကျဉ်ပါ (သို့) အကာအကွယ် အပြည့်အစုံဝတ်ဆင်ပြီးမှ အနားသွားပါ။

‼️Treatment
လောလောဆယ် ထိရောက်တဲ့ ကုသမှုမျိုးမပေါ်သေးပဲ symptomatic treatment ဖြစ်တဲ့ အဖျားကျဆေးပေးခြင်း၊ အရည်များများ တိုက်ခြင်း၊ ရောဂါလက္ခဏာ သက်သာအောင်လုပ်ပေးခြင်း၊ တို့သာ ရှိသေးတာမို့ စိုးရိမ်ရတဲ့ အခြေအနေဆို သတိထားသင့်ပါတယ်။

🚨သင်နှင့်သင့်အနီးတဝိုက် မိတ်ဆွေများမှ လင်းနို့ပေါများရာ ဒေသ (သို့) သံသယရှိသော ဒေသသို့ သွားရောက်ပြီးနောက် သာမန်တုတ်ကွေးဟုဆိုကာ ဖျားနာခြင်း၊ ခေါင်းကိုက်ပြီး မှိန်းနေခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားရောက်စစ်ဆေးမှု ခံယူပါ။

ဆေးကုသမှု consultation ရယူလိုပါက မင်မင်တို့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူနိုင်ပါပြီ။
page: Dr.Care Medical Services
Viber number: +66 090230 6281
Line: +66 090230 6281

04/02/2026

Address

Yangon

Opening Hours

Monday 01:00 - 18:00
Tuesday 01:00 - 18:00
Wednesday 01:00 - 18:00
Thursday 01:00 - 18:00
Friday 01:00 - 18:00
Saturday 04:00 - 18:00
Sunday 01:00 - 18:00

Telephone

+959262608409

Website

Alerts

Be the first to know and let us send you an email when AUNG SHWE MOE clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram