Precious time with Khin Pa Pa Aye

Precious time with Khin Pa Pa Aye Service Available

02/07/2025

Have you ever paused to thank your past?

In Japan, we often honor our ancestors, not just out of tradition, but to remember the invisible love and effort that made our lives possible.

When you recognize that your present is built on the kindness, struggles, and strength of so many before you, a quiet gratitude begins to grow. Even a single meal carries the energy of countless hands.

Gratitude isn’t just about the now; it’s how we connect the past, the present, and the future. 💛

ကျမရဲ့ ဆရာ ရဲ့ ကျမ အတန်းလေးကို ပေးတဲ့ recommend က တရားမထိုင်ပဲ စိတ်အေးချမ်းချင်ရင် အမရဲ့ gratitude အတန်း လေးကို join ပါ ...
29/06/2025

ကျမရဲ့ ဆရာ ရဲ့ ကျမ အတန်းလေးကို ပေးတဲ့ recommend က

တရားမထိုင်ပဲ စိတ်အေးချမ်းချင်ရင် အမရဲ့ gratitude အတန်း လေးကို join ပါ တဲ့

ကျေးဇူးတင်ရပါတယ်

အခု နောက်ပိုင်းမှာ ဆရာ့အတန်းထဲမှာ တားရော့ကတ် တွေ နဲ့ ကိုယ့်ကို ကိုယ် နဲ့ရော

ကျေးဇူးတရား နဲ့ပါ ချိတ်ဆက်မိလာတော့ တဖြေးဆဖြး ဘဝရဲ့ အနှစ်သာရ ကျေးဇူးတရားရဲ့ အနှစ်သာရတွေကို မြင်လာတယ်

ဘဝမှာ ကြုံဆုံခဲ့ရသမျှ သင်ဆရာ မြင်ဆရာ ကြားဆရာ တွေဟာ ကျမ ဘဝ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ သိုက်တွေပါပဲ

နောက်နေ့မှ တားရော့ တွေ နဲ့ ကျေးဇူးတရား နဲ့ ကိုယ့်ကိုကိုယ် ချိတ်ဆက်မြင်တတ်လာတာလေး တွေကို ရေးပေးပါအုံးမယ်

ဆရာ အမြဲပြောနေကျ စကားက တားရော့ ဆိုတာ သူများ အတွက် မဟုတ်ဘူး တဲ့

ကိုယ့်အတွက် ပဲ တဲ့ တကယ်တော့ ရွှေနန်းတော်သို့ သွားရာ လမ်းဟာ ကိုယ့်အတွက်ပါပဲ

Gratitude blessings batch 19 လေးကို (1.7.2025) ည (၉:၃၀–၁၀:၃၀) မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ် ရှင်လိုက်နာရမဲ့ စည်းကမ်းလေးတွ...
28/06/2025

Gratitude blessings batch 19 လေးကို (1.7.2025)

ည (၉:၃၀–၁၀:၃၀) မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ် ရှင်

လိုက်နာရမဲ့ စည်းကမ်းလေးတွေကတော့ အရင်ကလဲ ရေးထားပြီးသား ဆိုတော့ သိနေလောက်ပါပြီနော်

ကျမ အတန်းလေး အကြောင်းက ကျမ က အမွှန်းတင်ပြီး ရေးသားစရာ မလိုတော့ပါဘူးလို့ထင်ပါတယ်

ကျမ အတန်းလေး အကြောင်း ကို ကျမ အတန်းကို လာဖူးသူ တွေ ပဲ ရေးပါစေတော့ လို့ 😁

ပညာရပ်တခု ကို အတင်းခေါ်စရာ မလိုပဲ ဒီပညာရပ်တွေ နဲ့ ဘဝ ဘဝ တွေက ရင်းနှီးကျွမ်းဝင်ပြီးသား သူတွေ

ကျေးဇူးတရား နဲ့ မိမိကိုယ်ကိုရော ကမ္ဘာမြေပြင်ကိုပါ အလှဆင်ချင်သူ တွေ လာကြမယ် လို့ ယုံကြည်ပါတယ်

Gratitude နဲ့ ကျမ ကို အတူတွဲမြင်ပေးကြလို့လဲ

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် ❤️❤️❤️

အတန်းထဲမှာ မျှဝေသမျှ တွေဟာ ကျမ ကျေးဇူးတရား နဲ့ ပတ်သက်ပြီး

ကျမ ကိုယ်တိုင် သိသိလာရတဲ့ အကြောင်းတရားလေးတွေ ဖြစ်တာမို့

တခါ နဲ့ တခါ ပြောတဲ့စကားလေး တွေ တူချင်မှ တူပါမယ်

ဒါပေမဲ့ ဒါတွေ အားလုံးဟာ ကျမ ရဲ့ own tune တွေ ဆိုတာတော့ ပြောပါရစေ

ကျင့်စဉ် နဲ့ ပတ်သက်တဲ့ စာတွေကလွဲရင် ထပ်ပြီးမျှဝေတာတွေဟာ ကျမ ရဲ့ သိသမျှအရာလေးတွေပါပဲ

တခါ နဲ့ တခါ မတူတဲ့ version တွေ ပေးတတ်တဲ့ အတန်းလေးကို ဖိတ်ခေါ်ပါတယ်

(၁.၇.၂၀၂၅)
ည (၉:၃၀–၁၀:၃၀)

Group link လေးက နောက်နေ့ချပေးပါမယ်

Day 3 အထိပဲ လူလက်ခံပါမယ် ရှင်

ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် ❤️❤️❤️

Happy birthday  မဇာနည်မွေးနေ့မှ စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံပါစေ
28/06/2025

Happy birthday မဇာနည်

မွေးနေ့မှ စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံပါစေ

Good morning ☀️🌞😃 Announcement လေး တခု လုပ်ချင်လို့ပါကျမ ရဲ့ အတန်းလေးကနေ report လေး တွေ နားထောင်ရတာ ပျော်စရာပါကျမ အတွက်လ...
25/06/2025

Good morning ☀️🌞😃

Announcement လေး တခု လုပ်ချင်လို့ပါ

ကျမ ရဲ့ အတန်းလေးကနေ report လေး တွေ နားထောင်ရတာ ပျော်စရာပါ

ကျမ အတွက်လဲ အိပ်ခါနီး အချိန်မှာ အားဆေးလေး တွေပါ

ကျမ ဒီအတန်းလေးကို ကျမ အမှန်ဆို မလုပ်ပေးလဲရပါတယ်

ည ၉:၃၀ ဆိုတာ ကျမရဲ့ private hour ပါ အဲ့ အချိန်ကျမှ ကျမ နားရတာပါ

တနေကုန် ကျမ ကားမောင်းပြီး ကလေး အပို့အကြို လုပ်နေတဲ့သူပါ

ထမင်းဟင်းလဲ ချက်ပါတယ် အဝတ်လဲ လျှော်ပါတယ်

မိသားစု အိမ်ထောင့်တာဝန် ကျမ မှာ ရှိပါတယ်

ကျမ အသက် ၅၀ ပါ ကျမ မကျန်းမာပါဘူး ကျမ သွေးလေးဖက်နာ သမားပါ

တခါတရံ ကားမောင်းတာများရင် ကျမ ခြေဖဝါး တွေက ကြမ်းပြင်မှာ မတ်မတ်ရပ် ဖို့ အဆင်မပြေပါဘူး

Thyroid သမားမို့ ကျမ နှလုံးခုန် အမြဲလိုလို မြန်တတ်တယ်

အမှန်အတိုင်း ပြောရရင် မွေးထဲက ကျန်းကျန်းမာမာ နဲ့ မွေးလာတဲ့ ကလေး ထဲမှာ ကျမ မပါပါဘူး

မွေးထဲက ရောဂါသည်ပါ အပရိက ဖြစ်တဲ့ ရောဂါလောက်က တော့ ကျမ အတွက် အေးဆေးပါ

ဒါတွေ ဘာလို့ရေးပြနေလဲ သိချင်ရင် ပြောပြပါမယ်

တနေ့လုံးမှာ ကျမရဲ့ အတန်းလေးက ၉:၃၀ မှာစတယ်

၁၀:၃၀ မှာ ပြီးတယ် အတန်းပြီး သွားလို့ အိပ်ချင်တဲ့သူ တွေ က အိပ်ကြပေမဲ့

တနေကုန် မအားထားတဲ့ ကျမက အဲ့အချိန်ကျမှ အဓိဌာန်တွေ လုပ်ရတယ်

ကျမရဲ့ အိပ်ချိန်က ၁၂:၀၀ ဒါပေမဲ့ မနက် မှာ
ကျမ ၄:၀၀ ထရပါတယ်

ကျမ ကျန်းမာရေး အတွက် ကျမ me time ယူပါတယ်

၄:၀၀ ထရပေမဲ့ ကျမ တနေ့လုံး ပင်ပန်းလားလို့ မေးရင် ကျမ ကို အပြင်မှာ မြင်ဖူးသူတွေ သိပါတယ်

ကျမ ဘယ်လိုဆိုတာ အဲ့ဒါ ဘာကွာလဲ သိလား

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ဘယ်လောက်ပဲ အလုပ်တွေ များနေပါစေ

လူတဦး နဲ့ တဦး ဘာကွာလဲ ဆို ထားတဲ့ စိတ်ထား တနေ့တာရဲ့ လောက သဘာဝ အပေါ် ရှူမြင်မှု့တွေ

လက်ခံမှု့တွေ နဲ့ပဲ ဆိုင်ပါတယ် စိတ် နဲ့လဲ ဆိုင်ပါတယ်

ဒါတွေ လုပ်နေရလို့ ငါပင်ပန်းတယ် လို့မြင်ရင် ပင်ပန်းမှာပါပဲ

ညအချိန် ကျမ အတန်းလေးမျှဝေပေးနေတယ် ဆိုတာ က ကျမ ရဲ့ အားလုံး အပေါ်ထားတဲ့ စေတနာ ပါ

ကျမ လဲ တခါတရံ ညဘက်တွေ အပြင်ထွက်တတ်ပါတယ်

အခုဆို ကျမ မထွက်ဖြစ်တော့တာ အတော်ကြာခဲ့ပြီ

ဒီလူ တွေ အပေါ် သံယောဇဉ် နဲ့ ငါ ဒီပညာရပ်တွေ ကို သိစေချင်လိုက်တာ ဆိုတဲ့ စိတ် နဲ့

ကျမရဲ့ personal တွေ ကျမ စွန့်လွှတ်ထားတာတွေ ရှိပါတယ်

ထားပါတော့ ဒါ ကျမ အပိုင်းပါ

အခုက ည ၁၀:၃၀ ပြီးတဲ့ အတန်းဟာ ကိုယ့်အတွက် ကျန်းမာရေး ထိခိုက်တယ် ထင်ရင် မလာပါနဲ့

ကျမ ဘယ်သူ့ကိုမှ အတင်းဆွဲခေါ်မထားပါဘူး အတန်းတက်ချင်း မတက်ချင်းဟာ လဲ ကိုယ် နဲ့ပဲ ဆိုင်ပါတယ်

ကျမ အတန်းတက်လို့ ကျန်းမာရေး ထိခိုက်တယ် ဆို မတက်နဲ့ မလာပါနဲ့

အပြင်မှာ တောင်ပြော မြောက်ပြောတော့ လျှောက်မပြောပါနဲ့

ကိုယ့်ကျန်းမာရေး က ကိုယ် နဲ့ပဲ ဆိုင်ပါတယ်

ကိုယ်ဘယ်လို lifestyle မျိုး နဲ့ နေသလဲ အာရုံ တွေ အပေါ်မှာ ကိုယ်ဘယ်လို ခံယူပြီး နေလဲ ဆိုတာ

ကိုယ် နဲ့ပဲ ဆိုင်ပါတယ် ကျမ အတန်း နဲ့ မဆိုင်ပါဘူး

အဲ့ဒါကို ကျန်းမာရေး မကောင်းရတာ ကျမ အတန်းတက်ရလို့ပါဆိုတော့ကာ

ကျမ ဘယ်သူ့ကိုမှ အတင်းခေါ်မထားဘူးနော် ကြိုက်တဲ့သူ တက်လိမ့်မယ်

မကြိုက်တဲ့သူ မတက်ဘူး ဒါပေမဲ့ တခုတော့ ရှိတယ်

နက်နဲပြီး ကျေးဇူးကြီးလှတဲ့ ဒီပညာ ရပ် တွေ ကို တော့ မစော်ကားမိပါစေ နဲ့

မစော်ကားဘူး ငါ ဝေးဝေးနေမယ် မတက်ဘူး ငါ့ ကျန်းမာရေး ထိခိုက်တယ် ဆိုရင် မတက်နဲ့ပေါ့

ကျမ အတန်းတက်ရလို့ အိပ်ရေးပျက်လို့ ကျန်းမာရေး ထိခိုက်ရပါတယ် ဆို မလာပါနဲ့

မတက်ပါနဲ့ ကျမ လို လူတောင် မျှဝေပေးနိုင်သေးရင်

နာရီဝက် တနာရီလေး ထိုင်နားထောင်ရတဲ့ သူတွေက နားမထောင်နိုင်ရင် မလာနဲ့ပေါ့ ရှင်းရှင်းလေးပါ

ကျမ အတန်းတက်ရလို့ အိပ်ရေးပျက်ပြီး မကျန်းမာရပါဘူး ဆိုပြီး ပြောတဲ့သူက ကိုယ်ပြောတာ ကိုယ်သိမှာပါ

ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေနော် ကျမ ကတော့မျှဝေမြဲ မျှဝေနေမှာပါ

ဒီအချိန်လေး လုပ်ပေးတာလဲ စေတနာပါ ဪ မအိပ်ခင်လေး မှာ ကောင်းတဲ့ positive mindset လေး
နဲ့ အိပ်ရာဝင် ကြရင်

မနက်မိုးလင်း မှာ အားအင်တွေ အပြည့်နဲ့ နိုးထ နိုင်ကြပါစေ ဆိုတဲ့ စေတနာပါ

အခုလို ကျမ အတန်းတက်ရလို့ နေမကောင်းဖြစ်ရပါတယ် ဆိုတာကြီးကို အများရှေမှာ

အပြောခံရတဲ့ ခံစားချက် ကျမနေရာက ခံစားကြည့်ပါ

စေတနာ ကို စော်ကားခံရရင် ဘယ်လိုလဲ ဆိုတာ အခု မသိရသေးရင် နောင်ကျ သိရမှာပါ

သံသရာတပတ် ကအမြဲ လည်နေတာမို့ပါ

ကျမ စိတ်မဆိုးပါဘူး စောစောစီးစီး အပြောခံလိုက်ရတာ စိတ်မကောင်းလဲ မဖြစ်ပါဘူး

ဪ ဒီလူဟာ ဒီပညာရပ်တွေ နဲ့ မထိုက်တန်တဲ့ သူ ပါလား လို့ပဲ တွေးမိပါတယ်

နေမကောင်းတာ ဆေးခန်းမပြပဲ ညဘက် အတန်းတက်ရလို့ အိပ်ရေးပျက်ပြီး ဖြစ်ရပါတယ် ဆိုတဲ့

အပြောကတော့ ဟုတ်မနေဘူး

Free ပေးတဲ့ အတန်းလာတက်ပြီး ပြောထွက်ရက်တာပဲ အံ့အားသင့်ပါတယ်

အခုချိန် ကျမ နေရာ လာနေကြည့်ပါ စေတနာ စော်ကားခံရတာ ဘယ်လိုဆိုတာ သိရအောင်

အရာရာ ကိုယ် သာလျှင်အဓိက ကိုယ်တက်ချင်လဲရတယ်

မတက်ပဲ ဝင်အိပ်နေလဲ ရရဲ့သားနဲ့ ကျမ အတန်းအပေါ် ကို အပြစ်ပုံချတာကတော့ များသွားပြီ

စေတနာ ဟာ လူတိုင်းအတွက် မဟုတ်ဘူး ဆိုတာ မှန်သွားပြီ

ကျမ အဖြစ်ကနေ သင်ခန်းစာ ယူတတ်ကြပါစေနော်

17/06/2025
Gratitude batch 18 လေး ပြန်စပါတော့မယ်ရှင်နေ့စဉ်နေ့တိုင်း ည ၉:၃၀ မှာ စပါမယ်ရှင်စမဲ့ရက်ကတော့ (၁.၆.၂၀၂၅) ပါစိတ်ပါဝင်စား သူတ...
30/05/2025

Gratitude batch 18 လေး ပြန်စပါတော့မယ်ရှင်

နေ့စဉ်နေ့တိုင်း ည ၉:၃၀ မှာ စပါမယ်ရှင်

စမဲ့ရက်ကတော့ (၁.၆.၂၀၂၅) ပါ

စိတ်ပါဝင်စား သူတိုင်း တက်လို့ရပါတယ်

ဒါပေမဲ့ စည်းကမ်းလေးတော့ ရှိတယ်ရှင်

၂၈ ရက်တာ ကျင့်စဉ် ဖြစ်တဲ့ အတွက် ၂၈ ရက်လုံး မပျက်မကွက် တက်ရောက်ပေးဖို့ပါပဲ

စာသင်ချိန်က အလွန်ဆုံးမှာ နာရီဝက်လောက်ပဲ ရှိပေမဲ့ ကိုယ်တကယ် လိုက်ပါလုပ်ဆောင်ရင် ဘဝ တခုလုံးပါ မှော်ဆန်ဆန် ပြောင်းလဲနိုင်ပါတယ်ရှင်

ဘာတွေ လိုက်ပါလုပ်ဆောင်ရမှာလဲ ဆို ၂၈ ရက် ကျေးဇူးတရား ကျင့်စဉ် ကို ရေးပေးရပါမယ်

ရေးနေစဉ် ကိုယ့်ရဲ့ စိတ်အစဉ်ကို သတိလေးကပ်ပြီး စောင့်ကြည့်ပေးရမှာလေး ပါပါတယ်

အဲ့အတွက် တကယ်လိုက်ပါလုပ်ဆောင်နိုင်မှ group ကို join စေချင်ပါတယ်

ဘဝ ကို ဘာတွေ ပြောင်းလဲစေမှာလဲ ဆိုတာ သိချင်ရင် လာခဲ့လို့ရပါတယ်

၂၈ ရက် မပျက်မကွက် တက်ရောက်ပေးပါ

၂၈ ရက်လုံး လိုက်ပါ လုပ်ဆောင်ပေးပါ

အမြဲတမ်း welcome ပါနော်

(၁.၆.၂၀၂၅) ည (၉:၃၀) ပါ

ကျမ group link လေးချပေးထားပါမယ်

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့သေချာပြီဆို join လိုက်ပါ

👇👇Group Link

https://www.facebook.com/share/g/16CS2m49Ls/?mibextid=wwXIfr

27/05/2025

Magic Wand

Send a message to learn more

မှော်ကျောက်ခဲ အနေနဲ့ ဆောင်လို့ရတဲ့ အရွယ်လေးတွေပါ
18/05/2025

မှော်ကျောက်ခဲ အနေနဲ့ ဆောင်လို့ရတဲ့ အရွယ်လေးတွေပါ

Spell jar ဆောင်ယူထားသော သူတွေ အတွက်ပါ
10/05/2025

Spell jar ဆောင်ယူထားသော သူတွေ အတွက်ပါ

💁 Spell jar နှင့် Crystal များကို သန့်စင်‌ပေးရန်နှင့် စွမ်းအင်အသစ်များ ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ရိုးရှင်းသောနည်းလမ်း ၆မျိုး .......

✨ SAGE

Sage ကိုမီးရှို့၍ ထွက်ပေါ်‌လာသော အခိုးအငွေ့များဖြင့် အနည်းဆုံးစက္ကန့် ၃၀ကြာ Spell Jar နှင့် Crystal များကို သန့်စင်ပေးနိုင်ပါသည်။ ဤသို့ သန့်စင်ပေးခြင်းဖြင့် စုပ်ယူထားသော မကောင်းသောစွမ်းအင်များကိုဖယ်ရှားပေးပြီး စွမ်းအင်အသစ်များ ပြန်လည်ဖြည့်တင်းပေးပါသည်။

✨ SOUND

ဤရှေးဟောင်း သန့်စင်နည်းသည် အပျက်သဘောဆောင်သော တုန်ခါမှုပုံစံများကို ဖြိုခွဲရန် အသံကို အသုံးပြုကြသည်။ အသံလှိုင်းသည် ပိတ်စို့နေသောစွမ်းအင် သို့မဟုတ် သိမ်းဆည်းထားသော မကောင်းသောစွမ်းအင်ကို ဖြိုခွဲပေးသည့်အတွက် Tibetan Singing bowl songs၊ Healing music၊ မန္တာန်များ ဖွင့်ပေးခြင်း သို့မဟုတ် ခေါင်းလောင်းတီးပေးခြင်း၊ Singing bowl ထဲတွင် Spell Jar (သို့) Crystal များထည့်ပြီး တီးခတ်ပေးခြင်းဖြင့် သန့်စင်ပေးနိုင်သည်။

✨ SELENITE

Selenite သည် သန့်စင်မှုနှင့် စွမ်းအင်ကို ဖြည့်တင်းပေးသော အစွမ်းထက်သည့် crystal တစ်မျိုးဖြစ်သည့်အတွက် Spell Jar နှင့် Crystal များကို Selenite အပိုင်းတစ်ခု၏အပေါ်တွင် အနည်းဆုံး 4 နာရီ သို့မဟုတ် ထိုထက်ပို၍ထားခြင်းဖြင့် မကောင်းသောစွမ်းအင်များကိုဖယ်ရှားပေးပြီး စွမ်းအင်အသစ်များ ပြန်လည်ဖြည့်တင်းပေးပါသည်။

✨ SUN LIGHT

နေသည် အပြည့်ဝဆုံး အလင်းစွမ်းအားများပေးသည့်အတွက် နေရောင်အောက်တွင် Spell Jar နှင့် Crystal များကို အနည်းဆုံး 4 နာရီ သို့မဟုတ် ထိုထက်ပို၍ထားပေးခြင်းဖြင့် စွမ်းအင်ဟောင်းများကို လောင်ကျွမ်းစေပြီး စွမ်းအင်အသစ်များကို ပြန်လည်ဖြည့်တင်းပေးပါသည်။

✨ MOON LIGHT

လပြည့် 100% ထွန်းလင်းအတောက်ပဆုံးအချိန်၌ Spell Jar နှင့် Crystals များကို လ၏အလင်းရောင်အောက်တွင် အနည်းဆုံး 4 နာရီ သို့မဟုတ် ထိုအချိန်ထက်ပို၍ recharge လုပ်ပေးခြင်းဖြင့် လျော့နဲသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးပါသည်။

✨ REIKI

Reiki ပညာတတ်မြောက်ထားသူများသာ ...
Spell Jar နှင့် Crystal များကို Reiki နည်းပညာဖြင့် မကောင်းသောစွမ်းအင်များကိုဖယ်ရှားပေးပြီး စွမ်းအင်အသစ်များ ပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။

************************

💁 သင့် Spell Jar နှင့် Crystal များကို ဘယ်နှစ်ကြိမ်မျှ သန့်စင်‌ပေးသင့်သနည်း ?

ယေဘူယျလမ်းညွှန်ချက်အနေဖြင့် သင်သည် ရည်ရွယ်ချက်အသစ်တစ်ခုသတ်မှတ်ပြီးတိုင်း သို့မဟုတ်အနည်းဆုံး ၁လမှာ တစ်ကြိမ် သင့် Spell Jar နှင့် Crystal များကို သန့်စင်ပေးနိုင်ပါသည်။

ဤသန့်စင်ရေးနည်းလမ်းများ‌ကြောင့် သင့် Spell Jar နှင့် Crystal များသည် အမြဲစွမ်းအင်အပြည့်အဝရရှိနေပြီး သင့်နေ့စဉ်ဘဝအတွက် သင့်အားပြန်လည်အထောက်အကူပြု‌ပေးပါလိမ့်မည်။

**************************

🚫 ရှောင်ရန်

💁 သန့်စင်ရန်မလိုအပ်သော Crystals ....

- Kyanite
- Azulite
- Diamond
- Phenacite
- Apophylite
- Citrine
- Selenite

*************************

💁 ရေမကြိုက်သော Crystals ....

- Angelite
- Azurite
- Fluorite
- Hematite
- Celestite
- Turquoise
- Kunzite
- Selenite
- Kyanite
- Malachite
- Calcite
- Lapis Lazuli
- Pyrite
- Labradorite (အမြန်ဆေးကြောနိုင်ပါသည်)

*************************

💁 နေရောင်ခြည်ကို မကြိုက်သော Crystals ....

- Aventurine
- Amber
- Amethyst
- Aquamarine
- Beryl
- Citrine
- Celestite
- Chrysoprase
- Kunzite
- Sapphire
- Fluorite
- Opal
- Rose quartz
- Smokey Quartz
- Topaz

*****************

🚫 အထူးသတိပြုရန် 🚫

Spell Jar များအား Sun light (နေရောင်)ဖြင့် recharge မပြုလုပ်ရပါ။ Moon Light (လပြည့်လရောင်)ဖြင့်သာ recharge ပြုလုပ်ပါရန်။

Golden Future
Golden Future by Ma May
Life Coach, Spiritual Mentor, Magical and Ritual, Reiki & Pranic Healing

Address

Yangon
Yagon

Telephone

+959250356985

Website

Alerts

Be the first to know and let us send you an email when Precious time with Khin Pa Pa Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram