Mecloderm Myanmar

Mecloderm Myanmar ​ပွေး၊ သဲဝဲ၊ ညှင်း၊ ဂျွတ်​၊ ဒက် ​အစ?

♦️ အရေပြားပိုင်းဆိုင်ရာ - ယားယံခြင်းလက္ခဏာဆိုတာ ဘာလဲ? 📚📚📚📚📚📚📚📚📚📚📚📚📚📚📚🟣 ယားယံခြင်းလက္ခဏာဆိုတာ အရေပြားယားယံခြင်းသက်သက်နဲ့ ...
10/01/2026

♦️ အရေပြားပိုင်းဆိုင်ရာ - ယားယံခြင်းလက္ခဏာဆိုတာ ဘာလဲ?

📚📚📚📚📚📚📚📚📚📚📚📚📚📚📚

🟣 ယားယံခြင်းလက္ခဏာဆိုတာ အရေပြားယားယံခြင်းသက်သက်နဲ့ လက္ခဏာရပ်ပြတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး မူလအရေပြား အနာတွေမပါရှိသော (ကုတ်ခြစ်ခြင်းကြောင့် ဆင့်ပွါးလက္ခဏာအနာတွေ ဖြစ်နိုင်ပါတယ်) လက္ခဏာများ ဖြစ်ပါတယ်။

🟣 အရေပြားခြောက်သွေ့ခြင်း၊ အခြေခံရောဂါဆိုင်ရာအချက်များ၊ ဓာတ်မတည့်မှုဆိုင်ရာအချက်များ၊ စိတ်ပိုင်းဆိုင်ရာအချက်များ၊ ဆေးဝါးဆိုင်ရာအချက်များနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအချက်များ အပါအဝင် အကြောင်းရင်းများစွာရှိပါတယ်။

*ယားယံခြင်း အပြင် လူနာများသည် ပူစပ် ပူလောင်ဖြစ်ခြင်း သို့မဟုတ် ပုရွက်ဆိတ်တွားသွားသလို ခံစားရနိုင်ပါတယ်။

*အကယ်၍ ဆက်လက် ကုတ်ခြစ်ခြင်းသည် ခြစ်ရာများ၊ အနာဖေးများ၊ ရောင်ခြယ် အစက်အပြောက်များ ထိန်ကျန်ခြင်း သို့မဟုတ် အစက်အပြောက် အရောင်သည် မူလအသားအရေထက် အရောင်ဖျော့ခြင်းကဲ့သို့သော အရေပြားအနာများကို ဖြစ်စေနိုင်ပါတယ်။

🟣 ကုသမှုတွင် အဓိကအားဖြင့် ယားယံခြင်း၏ အရင်းခံအကြောင်းရင်းနှင့် ရောဂါလက္ခဏာများကို ဖြေရှင်းခြင်းပါဝင်သည်။

ဆိုလိုသည်မှာ ယားယံခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်း ဖြစ်သည်။

* ယားယံခြင်းသည် ပြင်းထန်ပါက ရောဂါလက္ခဏာများကို သက်သာစေရန် အရေပြားပေါ် သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာ ဆေးဝါးများကို အသုံးပြုနိုင်ပါသည်။

🟣 နေ့စဉ်ဘဝတွင် လူနာများသည် အခြေခံရောဂါများကို တက်ကြွစွာ ကုသသင့်ပြီး ရောဂါကို ထိရောက်စွာ ကာကွယ်ရန်အတွက် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်သင့်ပါတယ်။

🔻🔻 ယားယံခြင်းလက္ခဏာ၏ အမျိုးအစားများကား အဘယ်နည်း? ကိုတော့နောက်အပတ်များမှာဆက်လက်တင်ပြပေးမှာမို့စောင့်မျော်ဖတ်ရှုဖို့မမေ့ပါနဲ့နော်😇

#ဒါကြောင့်အရေပြားယားနာစဖြစ်ပြီဆိုရင်မပေါ့ဆသင့်ဘဲကျွမ်းကျင်အရေပြားဆရာဝန်များပြသသင့်ပါ။

#ဆရာဝန်ညွှန်ကြားချက်အတိုင်းပြီးဆုံးအောင်ကုသဖို့အလွန်အရေးကြီးပါတယ်။

#ယားနာ
#လက်ပွေးခြေပွေး




#ပွေးဝဲယားနာဘေးကင်းကွာMeclodermBNကိုဆောင်ထားပါ

🎊 လွတ်လပ်ရေးနေ့ပိတ်ရက်ဆုတောင်း  🎊🎉 ခုလိုလွတ်လပ်ရေးနေ့အချိန်အခါသမယတွင်ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေလူကြီးမင်းမ...
04/01/2026

🎊 လွတ်လပ်ရေးနေ့ပိတ်ရက်ဆုတောင်း 🎊

🎉 ခုလိုလွတ်လပ်ရေးနေ့
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း Pharma Apexမိသားစုကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် 🙏🙏🙏

#လွတ်လပ်ရေးနေ့ဆုတောင်း





#4.1.2026

 #ညဘက်အိပ်လို့မရအောင်အရမ်းယားနေပြီလား???*ရောဂါကြီးကြီးမားမားလည်းမရှိဘူး။*ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာညဘက်အိပ်မရအောင်ယားနေပြ...
03/01/2026

#ညဘက်အိပ်လို့မရအောင်အရမ်းယားနေပြီလား???

*ရောဂါကြီးကြီးမားမားလည်းမရှိဘူး။

*ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာညဘက်အိပ်မရအောင်ယားနေပြီလား???

*ယားနေတာ”အသွေးထဲအသားထဲကယားသလိုတစ်ကိုယ်လုံးယားနေပြီပြောနေတာကိုသည်လိုမိုးတွင်းကာလမှာခဏခဏပြောနေတာကြားရပါတယ်။

*ခန္ဓာကိုယ်ပေါ်မှာအနီကွက်တွေအနီစက်တွေထွက်တာမျိုးမရှိဘူး။

*အင်ပြင်ထွက်လာတာမျိုးလည်းမဟုတ်ဘူး။

*မတည့်တာတွေစားမိတာမျိုးလည်းမဟုတ်ဘူး။

*ကာလရှည်တကိုယ်လုံးယားနေပြီဆိုရင်ဓာတ်မတည့်တာတစ်မျိုးမျိုးနဲ့စားမိတာသို့မဟုတ်ရှုမိတာသို့မဟုတ်ထိတွေ့မိတာမျိုးကြောင့်ပါ•••

*ဘာကြောင့်ပဲယားယားပါယားတဲ့အခါကိုယ်ရောစိတ်ပါအနှောင့်အယှက်ဖြစ်စေပါတယ်။

#သူများတွေချစ်မဝဖြစ်နေချိန်မှာကိုယ်ကအိပ်မဝဖြစ်စေလို့ပါ။

*ဒီအတွက်မိုးတွင်းမှာပြဿနာသိပ်ရှာတဲ့ပွေးတွေနဲ့ကုတ်ပြီးဖိုက်တင်ပလေးနေမဲ့အစားStaticanကိုဆောင်ထားလိုက်ပါ။

*Staticanဟာအစွမ်းထက်ယားနာဆေးဖြစ်တာကြောင့်ပွေးတွေကိုအဝေးပြေးသွားမှာသေချာပါတယ်။

#ပွေးဝဲအဝေးပြေးစေဖို့Meclodermကိုဆောင်ထားစို့။

#ယားနာကင်းဝေးစေဖို့မိသားစုတိုင်းMeclodermကိုဆောင်ထားစို့။

#ပွေးဝဲကင်းစင်ပြုံးပျော်ရွှင်Meclodermကိုဆောင်ထားစေချင်





♦️ အရေပြားကြမ်းတမ်း၊ ပြင်ထူပြီး ခြောက်သွေ့တဲ့“လက်-ခြေပွေး” ဆိုတာ ဘာလဲ? ♦️📌 လက်-ခြေပွေးဆိုတာမှိုပိုးဝင်ရောက်မှုကြောင့် ဖြ...
27/12/2025

♦️ အရေပြားကြမ်းတမ်း၊ ပြင်ထူပြီး ခြောက်သွေ့တဲ့
“လက်-ခြေပွေး” ဆိုတာ ဘာလဲ? ♦️

📌 လက်-ခြေပွေးဆိုတာ
မှိုပိုးဝင်ရောက်မှုကြောင့် ဖြစ်လာတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး
လက်နဲ့ ခြေထောက်တွေမှာ အဓိကဖြစ်ပွားပါတယ်။

👉 အရေပြားခြောက်သွေ့
👉 အကြေးခွံလို အဖတ်ဖတ်ကွာ
👉 ပြင်ထူ၊ ကြမ်းတမ်း
👉 အက်ကွဲ၊ ယားယံ
စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။



🔬 ဘာကြောင့်ဖြစ်တာလဲ?
လက်-ခြေပွေးဟာ
▪️ Trichophyton rubrum
▪️ Trichophyton mentagrophytes
▪️ E. floccosum
စတဲ့ မှိုပိုးများကြောင့် ဖြစ်ပွားတာပါ။

ဒီမှိုပိုးတွေဟာ
🚿 အများသုံးရေချိုးခန်း
🏊 ရေကူးကန်
👟 အဝတ်လဲခန်းလို
နွေးပြီး စိုစွတ်တဲ့နေရာတွေမှာ အလွယ်တကူ ကူးစက်တတ်ပါတယ်။

ထို့အပြင်
❌ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းခြင်း
❌ ကိုယ်ခံအားနည်းခြင်း
❌ အရေပြားအကာအရံအားနည်းခြင်း
တွေကလည်း ရောဂါဖြစ်နိုင်ခြေကို ပိုမြင့်စေပါတယ်။



⚠️ လက္ခဏာတွေက ဘာတွေလဲ?
▪️ လက်၊ ခြေထောက် အရေပြားခြောက်သွေ့
▪️ အကြေးခွံလို အဖတ်ဖတ်ကွာခြင်း
▪️ ပြင်ထူ၊ ကြမ်းတမ်း၊ ယားယံ
▪️ ပြင်းထန်လာရင် အက်ကွဲပြီး နာကျင်နိုင်
▪️ ချွေးများ၊ အနံ့ဆိုး ထွက်နိုင်

⚠️ မကုသဘဲထားရင်
👉 ဘက်တီးရီးယားပိုး ထပ်ဝင်နိုင်ပါတယ်။



🧼 ကုသမှုအတွင်း သတိထားရမယ့်အချက်များ
✔️ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
✔️ အလွန်အကျွံ မကုတ်ခြစ်ပါနဲ့
✔️ ပူလွန်တဲ့ရေနဲ့ မဆေးကြောပါနဲ့
✔️ ဖိနပ်၊ မျက်နှာသုတ်ပုဝါတွေကို မျှဝေမသုံးပါနဲ့

👉 ပြန်လည်ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။



🟧 အရေးကြီးဆုံး သတိပြုရန်
လက်-ခြေပွေးဟာ
❗ ခေါင်းမာတတ်ပြီး
❗ အလွယ်တကူ ပြန်ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

ဒါကြောင့်
👉 စိတ်ရှည်ရှည်နဲ့
👉 ဆရာဝန်ညွှန်ကြားချက်အတိုင်း
👉 ပြီးဆုံးအောင် ကုသဖို့ အလွန်အရေးကြီးပါတယ်။

ရောဂါလက္ခဏာတွေ မသေချာရင်
ဒါမှမဟုတ် ပိုဆိုးလာရင်
👨‍⚕️👩‍⚕️ အရေပြားအထူးကုဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ပါ။



#လက်ပွေး #ခြေပွေး
#အရေပြားကြမ်းတမ်းပြင်ထူခြောက်သွေ့
#လက်ခြေပွေးမှိုပိုး


#ပွေးဝဲယားနာဘေးကင်းကွာMeclodermဆောင်ထားပါ

🎅🏼 Merry Christmas🎄အေးချမ်းသာယာတဲ့ ဒီဇင်ဘာဆောင်းရဲ့ အငွေ့အသက်တွေနှင့်အတူ ပျော်ရွှင်စရာ christmas နေ့လေးမှာ မြန်မာနိုင်ငံ...
25/12/2025

🎅🏼 Merry Christmas🎄

အေးချမ်းသာယာတဲ့ ဒီဇင်ဘာဆောင်းရဲ့ အငွေ့အသက်တွေနှင့်အတူ ပျော်ရွှင်စရာ christmas နေ့လေးမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး ပျော်ရွှင်မှုတွေ၊ငြိမ်းချမ်းမှုတွေနဲ့နွေးထွေးတဲ့ အခိုက်အတန့်ကောင်းလေးတွေ ပြည့်နှက်ပါစေလို့✨

Pharma Apex Company မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။💕

♦အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာကို မည်သို့ ကာကွယ်ရမည်နည်း။♦- - - - - - - - - - - - - - - - - - - - - - - -...
20/12/2025

♦အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာကို မည်သို့ ကာကွယ်ရမည်နည်း။♦
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🟡အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/ အနာသည် အထူးသဖြင့် စိုစွတ်ပြီး ပူသောပတ် ဝန်းကျင်တွင် အဖြစ်များသော မှိုဘက်တီးရီးယားပိုး ဝင်ခြင်းဖြစ်ပါသည်။ အရေပြားမှိုပိုးများသည် အရေပြား အပေါ်ယံလွှာ ၊အမျှင်ကြမ်း ပရိုတိန်းဓါတ် ဖွဲ့စည်း၊ ဆံပင်-အမွှေးနှင့် လက်သည်း၊ခြေသည်းများကို ကျုးကျော် ဝင်ရောက်နိုင်ပြီး အမျိုးမျိုးသော ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာ အရေပြား ရောဂါများကို ဖြစ်စေသည်။ ကိုယ်ခံစွမ်းအား အားနည်းခြင်းကြောင့် ဆီးချိုရောဂါ ကဲ့သို့သော နာတာရှည် ရောဂါဝေဒနာရှင်များ သည် အရေပြား ယားယံခြင်း ဖြစ်နိုင်ခြေ ပိုများသည်။

🔷ယင်းလက္ခဏာသည် ကုသမှုကာလ ကြာမြင့် သောကြောင့် လူနာများသည် စိတ်ရှည်သည်းခံပြီး ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ပြန်လည် ကောင်းမွန်လာ စေရုံသာမက ပြန်ဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်သည့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အာရုံစိုက် သင့်ပါတယ်။

📣📣ကာကွယ်မှုပိုင်း-

🔸-တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ရေချိုးတဲ့ အခါ အရေပြား၊ လက်နှင့် ခြေထောက်တွေ ကို ဂရုတစိုက် ဆေးကြောသန့်စင်ပါ။

🔸-ရေချိုးပြီးတာနဲ့ ခြေချောင်းတွေကို သေချာ ခြောက်အောင်၊ ခြောက်သွေ့အောင် ထားတာမျိုး အမြဲခြောက်သွေ့အောင် ထားပါ။

🔸-ခြောက်သွေ့သော လေဝင် လေထွက်ရှိသော ဖိနပ်များနှင့် သန့်ရှင်းပြီး ချွေးစုပ်သော ချည် ခြေအိတ်များကို ဝတ်ဆင်ပါ။

🔸-ခြေအိတ်များ၊ အဝတ်အထည်များနှင့် ရေချိုးသုတ် ပုဝါများကို နေ့စဉ်လျှော်ဖွပ်ပြီး ပြောင်းလဲ သင့်ပါသည်။

🔸-ဖိနပ်ကို အချိန်တိုင်း ခြောက်သွေ့နေအောင် လဲလှယ်သင့်ပါတယ်။

🔸-တင်းကြပ်သော အဝတ်အထည် သို့မဟုတ် တင်းကျပ်သော အတွင်းခံများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ၊ ချွေးစုပ်နိုင်သော ချည်သား အဝတ်အစားကို ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။

🔸-အဝတ်အစား၊ ဖိနပ်၊ မျက်နှာသုတ်ပုဝါ နှင့် ခေါင်းဖြီးများ၊ ဦးထုပ်များနှင့် ခေါင်းအုံးများ ကဲ့သို့ သော ကိုယ်ပိုင် ပစ္စည်းများကို အခြားသူများနှင့် မျှဝေခြင်းမပြုပါနှင့်။

🔸-လူနာ ရောဂါဖြစ်ပွားသောနေရာကို ထိတွေ့ ပြီးနောက် သင့်လက်ကို ဆေးကြောပါ။

🔸-ဆီးချိုဝေဒနာရှင်များသည် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်သည့်အပြင် (အထူးသဖြင့် ခြေထောက်ပိုင်း) အရေပြားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် အရေပြား အခြေအနေများကို အထူး ဂရုပြုကာ သင့်လျော်သော ဂရုစိုက်မှုများ ပြုလုပ်သင့်ပါသည်။

#အရေပြားရောဂါ #ပွေး #ဝဲ #ဒက် #ဂျွတ်ပွေးနာ #ယားနာ #အနာ #အရေပြားယားယံခြင်း
🔻🔻🔻🔻🔻🔻🔻🔻
👨‍⚕️👩‍⚕️အထက်ဖော်ပြပါရောဂါဝေဒနာများခံစားနေရပြီဟုသံသယရှိပါကအရေပြားအထူးကုသို့လာရောက်ဆွေးနွေးကုသသင့်ပါတယ်။

#ပွေးဝဲယားနာဘေးကင်းကွာMeclodermBNကိုဆောင်ထားပါ။







❣️ Happy Karen New Year❣️"ကရင်နှစ်သစ်ကူးဆုတောင်း"ကရင်သက္ကရာဇ် ၂၇၆၅ခုနှစ် ခရစ်နှစ် 19.12.2025မှာကျရောက်တဲ့ ကရင်နှစ်သစ် ကူ...
18/12/2025

❣️ Happy Karen New Year❣️

"ကရင်နှစ်သစ်ကူးဆုတောင်း"

ကရင်သက္ကရာဇ် ၂၇၆၅ခုနှစ် ခရစ်နှစ် 19.12.2025မှာကျရောက်တဲ့ ကရင်နှစ်သစ် ကူးနေ့ထူးနေ့မြတ် မှစလို့
မြန်မာနိုင်ငံသူ/နိုင်ငံသား အားလုံး ဘေးအန္တရာယ်ကင်းပြီး
ကျန်းမာပျော်ရွှင်ကြပါစေလို့...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေးဖြစ်ပါစေလို့
Pharma Apexမိသားစုကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🏻🙏🏻🙏🏻

♦️အရေပြားရောဂါ ပွေးဖြစ်စေသည့် အကြောင်းအရင်း၊ ယင်း‌ရောဂါမှာကူးစက်နိုင်ပါသလား? အဖြစ်များသော အရေပြားပွေးလက္ခဏာအမျိုးမျိုးအက...
13/12/2025

♦️အရေပြားရောဂါ ပွေးဖြစ်စေသည့် အကြောင်းအရင်း၊ ယင်း‌ရောဂါမှာကူးစက်နိုင်ပါသလား? အဖြစ်များသော အရေပြားပွေးလက္ခဏာအမျိုးမျိုးအကြောင်း လေ့လာကြရအောင် ♦️
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🟢အရေပြားတွင် ဖြစ်သည့် ပွေးလက္ခဏာဆိုတာဘာလဲ? ဘယ်လိုမျိုးလဲ?

ပွေးသည် မှိုပိုး (မှို၊ ကပ်ပါး သေးငယ်သော ဇီဝသက်ရှိများ) ကြောင့် ဖြစ်ပေါ်လာသော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ မှိုများသည် စိုစွတ်ပြီးနွေးထွေးသောပတ်ဝန်းကျင်ကို နှစ်သက်ကြသည်။ အရေပြားတွင် မှိုပိုးဝင်ရောက်ပါက အရေပြားအလွှာ၊ ဆံပင်-မွှေးညှင်းနှင့် လက်-ခြေသည်းများကို ကျူးကျော်ဝင်ရောက်နိုင်ပြီး အမျိုးမျိုးသော ပွေးလက္ခဏာကိုဖြစ်စေသည်။ လူပြိန်းစကားအရ မှိုပိုးကူးစက်မှုကြောင့် ပွေးလက္ခဏာဖြစ်ပေါ်လာတယ်။ နေ့စဉ်ဘဝတွင် မှိုတက်နေသော အရာဝတ္ထုများနှင့် တူသည်။

🟢လူတွေမှာ အဖြစ်များတဲ့ ပွေးလက္ခဏာအမျိုးအစားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

🔮ခြေပွေး -- ခြေချောင်းများ သို့မဟုတ် ခြေဖဝါးကြားတွင် အရည်ကြည်ဖုများ ပေါ်လာခြင်း သို့မဟုတ် အရေပြားများ ခြောက်သွေ့ပြီး အခွံခွာကာ အလွန်ယားယံစေသည်။ ခြစ်ကုတ်မိပါက ဘက်တီးရီးယားလက္ခဏာ အရေပြားရောင်ရမ်းခြင်းအဖြစ်သို့ ပေါက်နိုင်ပြီး ပြည်အဖုများပါဝင်ပါသည်။

🔮လက်-ခြေသည်းပွေး -- မီးခိုးရောင်လက်-ခြေသည်းလက္ခဏာဟု အများအားဖြင့် သိကြသော လက်-ခြေသည်းပွေးလက္ခဏာသည် ခြေသည်းများ သို့မဟုတ် လက်သည်းများကို တိုက်ခိုက်သည့် မှိုတစ်မျိုးဖြစ်ပြီး လက်-ခြေသည်းများကို အရောင်ပြောင်းခြင်း၊ ပုံပျက်ခြင်း၊ ထူလာကာ ကြွပ်ဆတ်လာစေသည်။

🔮တင်ပါး-ပေါင်ခြံပွေး -- ယင်းသည် ပေါင်ခြံ (အတွင်းပေါင်) တွင် ပြင်းထန်စွာ ယားယံပြီး အနီရောင်၊ အဝိုင်းပုံသဏ္ဍာန် အဖုများဖြစ်သည်။ အဝလွန်သူများနှင့် ချွေးထွက်များသော အမျိုးသားများတွင် ပိုအဖြစ်များပါသည်။

🔮ခန္ဓာပွေး -- ဒင်္ဂါးဝိုင်းပုံပွေး သို့မဟုတ် အဝိုင်းပုံပွေးဟု အများအားဖြင့် သိကြသော ခန္ဓာပွေးလက္ခဏာသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ (ဥပမာ- မျက်နှာ၊ လက်မောင်း သို့မဟုတ် ပခုံးများကဲ့သို့) တွင် ပေါ်လာပြီး အလွန်ယားယံသော အနီကွက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အနီကွက်များဖြစ်စေသည်။

🔎ညှင်း--ယင်းလက္ခဏာသည် နောက်ကျော၊ ရင်ဘတ်အပေါ်ပိုင်း၊ လက်မောင်းနှင့် လည်ပင်းတို့တွင် အရောင်ဖျော့ရောင်အဝိုင်းပုံ -အနားကွတ်မညီညာသည့် အကြေးခွံသဏ္ဍန် အဖတ်များ အကွက်များအဖြစ် ပေါ်နေပါသည်။ ထိခိုက်ထားသောနေရာများသည် ယားယံခြင်း ခံစားရနိုင်ပါသည်။

#အထက်ဖော်ပြပါရောဂါဝေဒနာများခံစားနေရပြီဟုသံသယရှိပါကအရေပြားအထူးကုဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။
#အရေပြားရောဂါ
#ပွေး
#ညှင်း

#ပွေးဝဲယားနာဘေးကင်းကွာMeclodermBNကိုဆောင်ထားပါ။







♦အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာကို မည်သို့ ကာကွယ်ရမည်နည်း။♦- - - - - - - - - - - - - - - - - - - - - - - -...
06/12/2025

♦အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာကို မည်သို့ ကာကွယ်ရမည်နည်း။♦
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🟡အရေပြားရောဂါ ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/ အနာသည် အထူးသဖြင့် စိုစွတ်ပြီး ပူသောပတ် ဝန်းကျင်တွင် အဖြစ်များသော မှိုဘက်တီးရီးယားပိုး ဝင်ခြင်းဖြစ်ပါသည်။ အရေပြားမှိုပိုးများသည် အရေပြား အပေါ်ယံလွှာ ၊အမျှင်ကြမ်း ပရိုတိန်းဓါတ် ဖွဲ့စည်း၊ ဆံပင်-အမွှေးနှင့် လက်သည်း၊ခြေသည်းများကို ကျုးကျော် ဝင်ရောက်နိုင်ပြီး အမျိုးမျိုးသော ပွေး/ဂျွတ်ပွေး-ဝဲ-ဒက် ယားနာ/အနာ အရေပြား ရောဂါများကို ဖြစ်စေသည်။ ကိုယ်ခံစွမ်းအား အားနည်းခြင်းကြောင့် ဆီးချိုရောဂါ ကဲ့သို့သော နာတာရှည် ရောဂါဝေဒနာရှင်များ သည် အရေပြား ယားယံခြင်း ဖြစ်နိုင်ခြေ ပိုများသည်။

🔷ယင်းလက္ခဏာများသည် ကုသမှုကာလ ကြာမြင့် သောကြောင့် လူနာများသည် စိတ်ရှည်သည်းခံပြီး ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ပြန်လည် ကောင်းမွန်လာ စေရုံသာမက ပြန်ဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးနိုင်သည့် အတွက်တစ်ကိုယ်ရေ သန့်ရှင်းရေးကို အာရုံစိုက် သင့်ပါတယ်။

📣📣ကာကွယ်မှုပိုင်း-

🔸-တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ရေချိုးတဲ့ အခါ အရေပြား၊ လက်နှင့် ခြေထောက်တွေ ကို ဂရုတစိုက် ဆေးကြောသန့်စင်ပါ။

🔸-ရေချိုးပြီးတာနဲ့ ခြေချောင်းတွေကို သေချာ ခြောက်အောင်၊ ခြောက်သွေ့အောင် ထားတာမျိုး အမြဲခြောက်သွေ့အောင် ထားပါ။

🔸-ခြောက်သွေ့သော လေဝင် လေထွက်ရှိသော ဖိနပ်များနှင့် သန့်ရှင်းပြီး ချွေးစုပ်သော ချည် ခြေအိတ်များကို ဝတ်ဆင်ပါ။

🔸-ခြေအိတ်များ၊ အဝတ်အထည်များနှင့် ရေချိုးသုတ် ပုဝါများကို နေ့စဉ်လျှော်ဖွပ်ပြီး ပြောင်းလဲ သင့်ပါသည်။

🔸-ဖိနပ်ကို အချိန်တိုင်း ခြောက်သွေ့နေအောင် လဲလှယ်သင့်ပါတယ်။

🔸-တင်းကြပ်သော အဝတ်အထည် သို့မဟုတ် တင်းကြပ်သော အတွင်းခံများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ၊ ချွေးစုပ်နိုင်သော ချည်သား အဝတ်အစားကို ရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။

🔸-အဝတ်အစား၊ ဖိနပ်၊ မျက်နှာသုတ်ပုဝါ နှင့် ခေါင်းဖြီးများ၊ ဦးထုပ်များနှင့် ခေါင်းအုံးများ ကဲ့သို့ သော ကိုယ်ပိုင် ပစ္စည်းများကို အခြားသူများနှင့် မျှဝေခြင်းမပြုပါနှင့်။

🔸-လူနာ ရောဂါဖြစ်ပွားသောနေရာကို ထိတွေ့ ပြီးနောက် သင့်လက်ကို ဆေးကြောပါ။

🔸-ဆီးချိုဝေဒနာရှင်များသည် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ရမည့်အပြင် (အထူးသဖြင့် ခြေထောက်ပိုင်း) အရေပြားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် အရေပြား အခြေအနေများကို အထူး ဂရုပြုကာ သင့်လျော်သော ဂရုစိုက်မှုများ ပြုလုပ်သင့်ပါသည်။

#အရေပြားရောဂါ #ပွေး #ဝဲ #ဒက် #ယားနာ #အရေပြားယားယံခြင်း
🔻🔻🔻🔻🔻🔻🔻🔻
👨‍⚕️👩‍⚕️အထက်ဖော်ပြပါရောဂါဝေဒနာများခံစားနေရပြီဟုသံသယရှိပါကအရေပြားအထူးကုဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။

#ပွေးဝဲယားနာဘေးကင်းကွာMeclodermဆောင်ထားပါ။





⭐️ “ခန္ဓာပွေး—ယားယံတယ်ဆိုလျှင် မကုတ်ပါနဲ့! မှိုပိုးကူးစက်လွယ်တဲ့ အရေပြားရောဂါ”ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာအဖြစ်အများဆုံး...
29/11/2025

⭐️ “ခန္ဓာပွေး—ယားယံတယ်ဆိုလျှင် မကုတ်ပါနဲ့! မှိုပိုးကူးစက်လွယ်တဲ့ အရေပြားရောဂါ”

ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ
အဖြစ်အများဆုံးဖြစ်တဲ့ အရေပြားပြဿနာက “ပွေး” ဖြစ်ပါတယ်။

ယားတယ်—နီတယ်—အဝိုင်းကွက်တွေပြလိုက်တယ်ဆိုရင်
➡️ ခန္ဓာပွေး ဖြစ်နေမလား? ဆိုတာ သေချာစစ်ဆေးဖို့အချိန်ပါ။

🔶 ခန္ဓာပွေးဆိုတာ?

မှိုပိုးကူးစက်မှုကြောင့် ဖြစ်တဲ့ အရေပြားရောဂါအမျိုးအစားတစ်ခုပါ။
• အဝိုင်းပုံ အနီကွက်များ

• အစွန်းမှာ အကြေးခွံဒင်္ဂါးပြားပုံ

• ယားယံမှုမရပ်မနားပျံ့နှံ့လွယ်ပါတယ်

• ဖြစ်နေရာက အလယ်မှ အပြင်သို့ ကျယ်သွားနိုင်ပါတယ်။

➡️ ကုတ်လိုက်ရင် တခြားနေရာအထိ ပျံ့နိုင်ပါတယ်!



🔶 ခန္ဓာပွေး ဖြစ်လွယ်တဲ့ လူ ၉ မျိုး

📌 စိုစွတ်–ပူအိုက်ရာနေရာတွင် အချိန်ကြာနေသူ

📌 တင်းကျပ်ပြီး လေဝင်လေထွက်မရှိတဲ့ အဝတ်အစားဝတ်သူ

📌 အရင်က ပွေးကူးစက်ခံဖူးသူ

📌 ရေကူးကန်/ရေချိုးကန်/ချွေးထုတ်ခန်းတွေ မကြာခဏသွားသူ

📌 ကိုယ်ခံအားမကောင်းသူ

📌 ဆီးချိုရောဂါရှိသူ

📌 ချွေးအလွန်ထွက်သူ

📌 Sjögren syndrome ရှိသူ

📌 Ichthyosis (အရေပြားခြောက်မဲ) ရှိသူ

➡️ အထက်က အုပ်စုတွေထဲက တစ်ခုခုလေးကို ကိုယ်တိုင် လေးနက်လေးနက် တူတယ် လို့ထင်ရင်
⚠️ ခန္ဓာပွေးဖြစ်နေစေနိုင်ပါတယ်။



💛 ခန္ဓာပွေးကာကွယ်နည်း (3) ချက် ✔️

✔️ ချောင်ချောင် လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားဝတ်ပါ။

✔️ အဝတ်အစားတွေကို နေ့တိုင်းလျှော်ဖွပ်ပါ ။(အထူးသဖြင့် ချွေးများရင်)

✔️ ချွေးစေးပြီးအဝတ်အစားကို မြန်မြန်လဲပြီး ခြောက်အောင်ပြန်သုတ်ပါ။

ယားယံနေပြီ… ပွေးထင်စရာ အဝိုင်းကွက်တွေ ပေါ်လာပြီဆိုရင်

👉 မမူမမှန် ကုသမခံဘဲ တိတိကျကျ ဆေးစစ်ပြီး ကျွမ်းကျင်အရေပြားအထူးကုဆရာဝန်နဲ့အချိန်မီ ကုသရပါမယ်။

#ခန္ဓာပွေး #ပွေး #ယားယံခြင်း #အရေပြားရောဂါ #ပွေးနာ

#ပွေးဝဲယားနာဘေးကင်းကွာMeclodermကိုဆောင်ထားပါ။









⭐ ပွေးရောဂါ ဘယ်လိုကူးစက်ပြန့်ပွားလဲ?ပွေးရောဂါ (Fungal Infection) က ပူနွေးစိုစွတ်တဲ့ခန္ဓာကိုယ်အပိုင်းတွေမှာ အလွန်လွယ်ကူစွ...
22/11/2025

⭐ ပွေးရောဂါ ဘယ်လိုကူးစက်ပြန့်ပွားလဲ?

ပွေးရောဂါ (Fungal Infection) က ပူနွေးစိုစွတ်တဲ့ခန္ဓာကိုယ်အပိုင်းတွေမှာ အလွန်လွယ်ကူစွာ ပေါ်လာနိုင်တဲ့ ရောဂါ တစ်မျိုးပါ။

မြန်မာနိုင်ငံလို ပူနွေးစိုစွတ်တဲ့ ရာသီဥတုနေရာတွင် ပွေးရောဂါ အဖြစ်များတာက ချွေးထွက်များခြင်း၊
စိုစွတ်နေထိုင်ခြင်း တွေကြောင့်ပဲ ဖြစ်ပါတယ်။



🔥 ပွေးရောဂါ အဖြစ်များတတ်သူများ

✔️ တကိုယ်ရည်သန့်ရှင်းမှုနည်းသူများ

(အဝတ်အစားများစိုစွတ်စွာဝတ်ခြင်း၊ ချွေးထွက်များပြီးမသန့်ရှင်းခြင်း)

✔️ အိမ်မွေးတိရစ္ဆာန်များနှင့် မကြာခဏ တနှီးတနှောနေသူများ

(ခွေး/ကြောင်ရဲ့ ပွေးမှတဆင့်ကနေ ကူးစက်တတ်ခြင်း)

✔️ အဝလွန်သူများ (Obesity)

ချွေးထွက်အများကြီးရှိတတ်ပြီး ပူနွေးစိုစွတ်နေရာများ တွင်ပိုဖြစ်တတ်ပါသည်။

✔️ ဆီးချိုရှိသူများ

ကိုယ်ခံအားကျဆင်းနေသောကြောင့် ပွေးအလွန်လွယ်ကူစွာကူးစက်တတ်ပါသည်။

✔️ HIV (သိုမဟုတ်)ကိုယ်ခံအားနည်းသူများ

✔️ Gym / အားကစားသမားများ

ချွေးထွက်ကြွယ်ပြီး အဝတ်အစားများအကြိမ်ကြိမ်အသုံးပြုရတာကြောင့် အဖြစ်များတတ်ပါတယ်။

✔️ အဆောင်တွင် လူအများနဲ့အတူနေကျောင်းသား/ကျောင်းသူများ

အဝတ်အစားမခြောက်တခြောက်ဝတ်ခြင်း၊ အဝတ်အစားမျှဝေပြီးဝတ်ခြင်းကြောင့် ပွေးကူးစက်နိုင်စွမ်းအလွန်မြင့်မားတတ်ပါတယ်။



📍 ပွေးအဖြစ်များတဲ့နေရာများ
• ပေါင်ကြား
• တင်ပါးကြား
• ချိုင်းကြား
• ခါး
• နားရွက်အောက်

➡️ ပူနွေး၊ စိုစွတ်၊ ချွေးထွက်လွယ်တဲ့နေရာတိုင်း ပွေးဖြစ်နိုင်ပါတယ်။



⚠️ ကူးစက်ပြန့်ပွားပုံ

👉 ပေါင်ကြားမှ ပွေးတစ်နေရာကို လက်နှင့်ကုတ်မိခြင်း

👉 ထို့နောက် လက်သည်းမှတဆင့် ချိုင်းကြား၊ ခါး၊ နားရွက် ကို ထပ်မံကုတ်မိခြင်း

➡️ ဒီလိုနဲ့ပဲ တစ်နေရာမှတစ်နေရာ အလွန်လွယ်ကူစွာ ကူးစက်ပြန့်ပွားနိုင်ပါတယ်။



👨‍⚕️ အမှန်တကယ် ပွေးလို့သင်ထင်ပါသလား?

ပွေးဝဲလက္ခဏာတူတဲ့ အခြားအရေပြားရောဂါများလည်းရှိနိုင်ပါတယ်။

✔️ အကောင်းဆုံးက အရေပြားအထူးကု ဆရာဝန် ကိုပြသပြီး
တိကျတဲ့ရောဂါကို သေချာစစ်ဆေးမှ ကုသမှုမှန်ကန်စွာရရှိနိုင်ပါတယ်။

🌿 ပွေးဝဲယားနာ ခံစားနေရသူများအတွက်

Statican (Miconazole)
ပွေး၊ဝဲယားယံခြင်းအတွက် အသုံးပြုလွယ်ကူသော အထောက်အကူအဖြစ် ဆောင်ထားကြပါ။

✔️ နေ့စဉ်သန့်ရှင်းအိမ်ရာရှင်းလင်း

✔️ သန့်ရှင်းခြောက်သွေ့သောအဝတ်များဝတ်ဆင်

✔️ တစ်ယောက်နဲ့တစ်ယောက် အဝတ်အစား/ပုဆိုး မမျှဝေ

✔️ ယားနာကုတ်မိရင် ချက်ချင်းဆပ်ပြာနှင့်ဆေးကြော

➡️ ဒီလိုဂရုပြုသန့်ရှင်းမှုတွေက ပွေးရောဂါကနေ
ကာကွယ်ရေးအကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။

✨ ပွေးဝဲယားနာဘေးကင်းကွာ — MeclodermBNကို ဆောင်ထားပါ

နိုင်ငံရဲ့အပူအချိန်အခြေအနေကြောင့်
ချွေးထွက်များတိုင်း ပွေးဖြစ်လွယ် လို့
အမြဲသန့်ရှင်းကာကွယ်ပြီးMeclodermBN ကိုဆောင်ထားပါလို့

#အရေပြားဂရုစိုက်ပါ







🚨 “ပွေး” ဖြစ်တာပဲမထင်ပါနဲ့ဘာကြောင့်ကူးစက်သလဲသင်သိပြီးပြီလား‼️အချို့ကတော့ “ပွေးနာတာလေးပဲ” လို့ မစဉ်းစားပေမယ့်အမှန်တကယ်တော...
15/11/2025

🚨 “ပွေး” ဖြစ်တာပဲမထင်ပါနဲ့ဘာကြောင့်ကူးစက်သလဲသင်သိပြီးပြီလား‼️

အချို့ကတော့ “ပွေးနာတာလေးပဲ” လို့ မစဉ်းစားပေမယ့်

အမှန်တကယ်တော့ 👉 လူနဲ့လူ၊ တိရစ္ဆာန်နဲ့လူ၊ ပတ်ဝန်းကျင်မှတစ်ဆင့်တောင် ပြန်ပြန်ကူးစက်နိုင်တဲ့ မှိုပိုးရောဂါတစ်မျိုး ဖြစ်ပါတယ်။



🧍‍♀️ လူမှ လူသို့ — ထိတွေ့ကူးစက်ခြင်း

👉 ပွေးရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့ခြင်း
👉 ပွေးရှိသူရဲ့ အဝတ်အထည်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါ စတဲ့ ပစ္စည်းတွေကို မျှဝေအသုံးပြုခြင်း

➡️ ဒီလိုတွေက ပွေးပိုးကို လွယ်လွယ်ကူကူ ပြန်ကူးစက်သွားစေပါတယ်။

🐶 တိရစ္ဆာန်မှ လူသို့ — ကူးစက်ခြင်း

👉 ပွေးရှိတဲ့ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း
👉 အဲဒီတိရစ္ဆာန်တွေရဲ့ အိပ်ရာခင်း၊ အစားအစာပန်းကန် စတဲ့ ပစ္စည်းတွေကို ထိတွေ့ခြင်း

➡️ တိရစ္ဆာန်ပိုးတွေကလည်း လူ့အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

🌍 ပတ်ဝန်းကျင်မှ — ကူးစက်ခြင်း

👉 မှိုရှိနေတဲ့ မြေပြင်၊ ရေကူးကန်၊ ရေချိုးခန်း၊ အားကစားခန်း စတဲ့ နေရာတွေမှာ ခြေဗလာဖြင့် လမ်းလျောက်ခြင်း
👉 မှိုပါဝင်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ခြင်း

➡️ ချွေးအများကြီးထွက်တာ၊ အရေပြားအမြဲစိုနေတာ၊ ခုခံအားနည်းတာတွေကလည်း
ပွေးကို ပိုလွယ်လွယ်ကူကူ ကူးစက်သွားစေနိုင်ပါတယ်။

💡သတိထားဖို့အရေးကြီးပါတယ်!!

🧼 တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပါ။

👕 အဝတ်အစားနှင့်ပတ်ဝန်းကျင်ကို သန့်စင်ထားပါ။

👩‍⚕️ အရေပြားပေါ်မှာ ထူးခြားတဲ့ အကွက်လေးတွေ ပေါ်လာတာသတိထားမိရင်
အမြန်ဆုံး အရေပြားအထူးကုဆရာဝန်နဲ့ ပြသပါ။

☀️ ပူနွေးစိုစွတ်တဲ့ ရာသီဉတုမှာ

ချွေးများတတ်တဲ့အတွက် ပွေးဖြစ်နိုင်ချေအရမ်းများပါတယ်။

အရေပြားသန့်ရှင်းဖို့ Meclodermလိမ်းဆေးနဲ့ အမြဲဂရုစိုက်ပေးပါ။

🧴 Clotrimazoleပါဝင်တဲ့ Meclodermဟာ

➡️ မှိုပိုးတွေကို တိုက်ဖျက်ပေးပြီး
➡️ ယားယံခြင်း၊ နီမြန်းခြင်းကို သက်သာစေပါတယ်။
➡️ သန့်ရှင်းသပ်သပ်နဲ့ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

✅ ပွေးကူးစက်မှုကနေ ဝေးပြီး
✅ သန့်ရှင်းသပ်သပ်တဲ့ အရေပြားနဲ့ သက်တောင့်သက်သာနေရအောင်
👉 Meclodermနဲ့ သက်သာမှုကို ခံစားလိုက်ပါ။

#ပွေးကူးစက်မှု #အရေပြားသန့်ရှင်းရေး



-BN









#အရေပြားဂရုစိုက်ပါ

Address

Yangon
11421

Alerts

Be the first to know and let us send you an email when Mecloderm Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mecloderm Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram