12/08/2025
#ကိုယ်ခံစွမ်းအားကို_မြှင့်တင်ပေးမယ့်_𝐘𝐨𝐠𝐚
ဒီကာလလေးက တုတ်ကွေးတွေ အဖြစ်များနေကြတာဆိုတော့ Yoga လေ့ကျင်ခြင်းက ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ ဘယ်လိုမျိုးလုပ်ဆောင်ပေးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ရှင်
**ယောဂကျင့်ခြင်းက ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်” နော်
ယောဂကျင့်ခြင်းကို ပုံမှန်ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေရုံသာမကပဲ ကိုယ်ခံအားစနစ်ကိုပါ အားကောင်းစေပါတယ်
ဘယ်တွေ့ရှိချက်တွေကြောင့် ဒီလိုပြောရလဲ ဆိုရင် …,
🌬️ **၁။ 𝐃𝐞𝐞𝐩 𝐁𝐫𝐞𝐚𝐭𝐡𝐢𝐧𝐠 ပြုလုပ်ပြီး စိတ်ဖိစီးမှုဟော်မုန်းကို လျော့ချပေးခြင်း
စိတ်ဖိစီးမှုက ကိုယ်ခံအားကို အားနည်းစေပါတယ်
Deep Breathing က cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကို လျော့ကျစေပြီး ခန္ဓာကိုယ်ကို ငြိမ်းချမ်းစေကာ Resistance ကောင်းစေပါတယ်
🧘 ၂။ 𝐆𝐞𝐧𝐭𝐥𝐞 𝐌𝐨𝐯𝐞𝐦𝐞𝐧𝐭 𝐈𝐦𝐩𝐫𝐨𝐯𝐞𝐬 𝐂𝐢𝐫𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧
Yoga poses တွေက ကျွန်မတို့ရဲ့ 𝐥𝐲𝐦𝐩𝐡𝐚𝐭𝐢𝐜 𝐬𝐲𝐬𝐭𝐞𝐦 ကို နှိုးဆွပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ရောဂါပိုးများ တိုက်ထုတ်ရာမှာ ကူညီပေးနိုင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးစွမ်း ရှိပါတယ်
🛌 ၃။ ကောင်းမွန်စွာ အိပ်စက်ခြင်းက ကိုယ်ခံအားကို အားကောင်းစေပါတယ်
ယောဂကျင့်ခြင်းကို ညနေခင်းမှာ ပြုလုပ်ပါက အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်
ဒီလိုကောင်းမွန်တဲ့ အိပ်စက်မှုက ကိုယ်ခံအားအတွက် အဓိကကျတာ အမှန်ပါပဲ
🍃 ၄။ ရောင်ရမ်းမှုကို လျော့ချပေးသည်
ပုံမှန်ယောဂကျင့်ခြင်းက ဟော်မုန်းစနစ်ကို ညီမျှစေတာကြောင့် ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းမှုကို ဖြစ်စေတဲ့ အရာများကို လျော့ကျစေပြီး နာမကျန်းမှု့၊ အားနည်းခြင်းတို့နဲ့ ဆက်စပ်နေတဲ့ ပြဿနာများကိုလည်းကာကွယ်ပေးပါတယ်နော်
✨ ဒါကြောင့် ယောဂဟာ ကိုယ်လက်လှုပ်ရှားမှုတခု ဆိုတာထက်ပိုတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင် ညီမျှမှု့ ရစေတာကြောင့် နတ်ဆေးတပါးလို အားပြည့်မှု့ အစွမ်း ရှိစေတယ် လို့တောင် တင်စားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်
𝐂𝐡𝐚𝐧𝐠𝐞 𝐲𝐨𝐮𝐫 𝐋𝐢𝐟𝐞𝐬𝐭𝐥𝐲𝐞 𝐰𝐢𝐭𝐡 Relax Yoga
Namaste 🙏