Academy Hospital Myanmar

Academy Hospital Myanmar ACADEMY HOSPITAL FOR YOUR HEALTH !!

🌾ယနေ့ မတ်လ(၂)ရက်နေ့တွင် ကျရောက်သော (၆၄)ကြိမ်မြောက် “တောင်သူလယ်သမားနေ့”တွင် ကျေးဇူးရှင် တောင်သူဦးကြီးများ အားလုံးကို ဦးညွ...
02/03/2026

🌾ယနေ့ မတ်လ(၂)ရက်နေ့တွင် ကျရောက်သော (၆၄)ကြိမ်မြောက် “တောင်သူလယ်သမားနေ့”တွင် ကျေးဇူးရှင် တောင်သူဦးကြီးများ အားလုံးကို ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
🌾မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ တောင်သူလယ်သမားဦးကြီးများအားလုံး ကောက်ပဲသီးနှံ အထွက်တိုးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း “အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။💌

#တောင်သူလယ်သမားနေ့

🌕၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယတွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်း...
02/03/2026

🌕၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တပေါင်းလပြည့်နေ့ အခါသမယတွင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း “အကယ်ဒမီဆေးရုံ”မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်✨

#တပေါင်းလပြည့်နေ့

မင်္ဂလာပါရှင်✨အကယ်ဒမီဆေးရုံတွင်.....👩‍⚕️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ယူလိုသူများ ၊👩‍⚕️မည်သည့်ဆရာဝန်နှင့်ပြသရ...
23/02/2026

မင်္ဂလာပါရှင်✨

အကယ်ဒမီဆေးရုံတွင်.....
👩‍⚕️အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် Booking ယူလိုသူများ ၊
👩‍⚕️မည်သည့်ဆရာဝန်နှင့်ပြသရမည်ကို အတိအကျမသိသောသူများအတွက်
☎️ဖုန်းနံပါတ် : 09 948212886 , 09 948212887 , 09 948212889 ,
Hotline ☎️018-212886,212887,212889(ext-165/166), 018-212890 များကို မနက် 8 နာရီမှ ညနေ 6 နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်...💁‍♀️

🏥အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
📩Email: academyhospital.ygn@gmail.com
🌏website: https://www.academyhospitalmyanmar.com/



🏮🎈Happy Chinese New Year🎈🏮ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယတွင်မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာ၍ စီးပွားရေးတိုးတက်...
17/02/2026

🏮🎈Happy Chinese New Year🎈🏮
ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယတွင်
မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာ၍ စီးပွားရေးတိုးတက်ကောင်းမွန်ကြပါစေကြောင်း
“အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨
(Gong Xi Fa Cai) 🧧🎊



🇲🇲"ပြည်ထောင်စုနေ့"🇲🇲ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော "(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့"အား''အကယ်ဒမ...
12/02/2026

🇲🇲"ပြည်ထောင်စုနေ့"🇲🇲

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော "(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့"အား
''အကယ်ဒမီဆေးရုံ'' မိသားစုမှဂုဏ်ပြုကြိုဆိုအပ်ပါသည်။




Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း)မင်္ဂလာပါရှင်✨💁‍♀️အကယ်ဒမီဆေးရုံမှာ Laparoscopic မှန်ပြောင်းဖြင့် ခ...
09/02/2026

Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း)

မင်္ဂလာပါရှင်✨
💁‍♀️အကယ်ဒမီဆေးရုံမှာ Laparoscopic မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းနည်းပညာဖြင့် လူနာများအား ခွဲစိတ်ကုသပေးနေပြီဖြစ်ပါသည်။
အူအတက်ရောင်ရောဂါ၊ သည်းခြေအိတ်ဝေဒနာရှင်များ၊ အကျိတ် စသည့်ဝမ်းဗိုက်အတွင်းရှိ ရောဂါအမျိုးမျိုးကို အရင်လို ခွဲစရာမလိုအပ်တော့ဘဲ ဝမ်းဗိုက်တွင် သေးငယ်သော အပေါက်ငယ်ကလေးဖောက်၍ ပျော့ပြောင်းသော ခေတ်မှီအဏုကြည့်မှန်ပြောင်းငယ်ကို ထိုးသွင်း၍ ကွန်ပြူတာဖန်သားပြင်မှ တဆင့် ရောဂါအခြေအနေကိုကြည့်ရှုကာ ဒဏ်ရာ အမာရွတ် အသေးဆုံးသာကျန်ရှိစေရန် ထိရောက်မှုရှိစွာ ခွဲစိတ်ကုသပေးလျက်ရှိပါသည်။

Laparoscopic Surgery(မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း) ၏ အကျိုးကျေးဇူးများမှာ-

✅ သေးငယ်သော အပေါက်ငယ်ကလေးသာဖောက်ရခြင်းကြောင့် နာကျင်မှုလျော့ချပေးနိုင်ခြင်း
✅ ခွဲစိတ်မှုတိကျသေချာခြင်း
✅ ကြွက်သားနှင့်အာရုံကြောများထိခိုက်မှုလျော့ချနိုင်ခြင်း
✅ ထုံဆေးအသုံးပြုမှုလျော့ချနိုင်ခြင်း
✅ အနာကျက်မြန်ခြင်း
✅ သေးငယ်သောအမာရွတ်သာကျန်ရှိခြင်း၊ သွေးထွက်နည်းခြင်း
✅ ကိုယ်ခံစွမ်းအားတိုးတက်မှုကောင်းမွန်ခြင်း
✅ လျှင်မြန်စွာသက်သာပျောက်ကင်းခြင်း

👩‍⚕️ကျွန်မတို့အကယ်ဒမီဆေးရုံတွင် ခေတ်မှီနည်းပညာများကို အသုံးပြု၍ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများမှ Laparoscopic နည်းပညာဖြင့် ခွဲစိတ်ကုသပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်…

🏥ဆေးရုံနှင့်ပတ်သတ်၍အသေးစိတ်စုံစမ်းသိရှိလိုပါက Page Messenger နှင့် ဖုန်းနံပါတ်
☎️01-8212886, 8212887, 8212889, 8212890 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်...

🏢အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။


#အကယ်ဒမီဆေးရုံ

🌍 World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါနေ့)🎗️ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ကင်ဆာရောဂါအခြေခံအချက်အလက်များကို ကမ္ဘာအနှံ့အသိပ...
04/02/2026

🌍 World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါနေ့)
🎗️ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ကင်ဆာရောဂါအခြေခံအချက်အလက်များကို ကမ္ဘာအနှံ့အသိပညာပေးပြီး လူသားအားလုံးအတွက် ကင်ဆာရောဂါ ကာကွယ်ကုသနိုင်မယ့် အခွင့်အရေးတွေ တိုးတက်လာစေဖို့အတွက် သတ်မှတ်ခဲ့တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်ရှင့်
🎗️ကမ္ဘာ့ကင်ဆာရောဂါနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ကျင်းပကြပါသည်။ ဤနေ့ကို ကင်ဆာရောဂါအကြောင်း လူထုအသိပညာ တိုးမြှင့်ရန်နှင့် ကင်ဆာကြောင့် ဖြစ်ပွားသော အသက်ဆုံးရှုံးမှုများကို လျှော့ချရန် ရည်ရွယ်၍ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ကင်ဆာရောဂါသည် ကမ္ဘာအနှံ့ လူသားများအတွက် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်ပါသည်။
🎗️ကမ္ဘာ့ကင်ဆာရောဂါနေ့တွင် ကင်ဆာရောဂါကို စောစီးစွာ စစ်ဆေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသနိုင်မှုများအကြောင်းကို လူများအား အသိပညာပေးလေ့ ရှိပါသည်။ ကျန်းမာရေးအလေ့အကျင့်ကောင်းများကို လိုက်နာခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် ကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချနိုင်ပါသည်။
🎗️ဒါကြောင့် ဒီနေ့ကျရောက်လာတဲ့ကမ္ဘာ့ကင်ဆာရောဂါနေ့မှာ လူသားအားလုံး ကင်ဆာရောဂါအန္တရာယ်ကို အမြန်ဆုံးကာကွယ်ကုသနိုင်ကြပြီး လျင်မြန်စွာ ပျောက်ကင်းနိုင်ကြပါစေလို့ “ အကယ်ဒမီဆေးရုံ” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်✨


🚨 ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံဒေသအချို့မှာ ကူးစက်ပြန့်ပွားနေတဲ့ နီပါဗိုင်းရပ်စ်(Nipah Virus) အကြောင်းကို မျှဝေပေးချင်ပါတယ...
02/02/2026

🚨 ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံဒေသအချို့မှာ ကူးစက်ပြန့်ပွားနေတဲ့ နီပါဗိုင်းရပ်စ်(Nipah Virus) အကြောင်းကို မျှဝေပေးချင်ပါတယ်ရှင့်
🦠 နီပါဗိုင်းရပ်စ်ဟာ သစ်သီးစားလင်းနို့တစ်မျိုးရဲ့ ကိုယ်ထဲမှာ နေထိုင်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က နီပါဗိုင်းရပ်စ်ကို အန္တရာယ်မြင့်မားပြီး အသက်သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားပါတယ်။ နီပါ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ အသက်သေဆုံးနိုင်ပါသည်။
🦇 ထိုဗိုင်းရပ်စ်ဟာ လင်းနို့ရဲ့ တံတွေး၊ ဆီး နဲ့ မစင်တွေထဲမှာ ရှိနေတဲ့အတွက် ဗိုင်းရပ်စ်ပိုးရှိနေတဲ့ လင်းနို့ မှတစ်ဆင့် ဝက်အပါအဝင် အခြားသောတိရစ္ဆာန်များနှင့် လူများကိုပါ ကူးစက်စေပါတယ်။
📌 ရောဂါပျိုးချိန်မှာ ပုံမှန်အားဖြင့် ၅ရက်မှ ၁၄ရက်ထိကြာတတ်သော်လည်း အချို့ဖြစ်ရပ်များတွင် ၄၅ရက်အထိ ကြာမြင့်နိုင်သဖြင့် လက္ခဏာမပြမီကပင် အခြားသူများကို ကူးစက်နိုင်ခြေရှိနေပါသည်။ အစပိုင်း၌ ရောဂါလက္ခဏာ သိသိသာသာ မပြတာမျိုးရှိသလို ပုံမှန်အားဖြင့် တုပ်ကွေးလိုမျိုး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းများ ခံစားရပါတယ်။အချို့တွေမှာတော့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုမဝခြင်း၊ အဆုတ်ရောင်ခြင်းတွေကိုပါ ထပ်မံ ခံစားရနိုင်ပါတယ်။
📌 ရက်တွေ ကြာလာပြီးနောက် ပိုဆိုးလာတဲ့အခါမှာတော့ ဦးနှောက် နဲ့ ဦးနှောက်အမြှေးပါး ရောင်သည်အထိ ဖြစ်နိုင်ပြီး တက်ခြင်း၊ သတိလစ် မေ့မြောခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။အသက်ရှင်ကျန်ခဲ့သူ အချို့မှာတောင် ဦးနှောက်နှင့်အာရုံကြော လက္ခဏာများဟာ အချိန်ကြာကြာ ကျန်ရှိနေနိုင်ပြီး အချို့တွေမှာဆိုရင် လပိုင်း (သို့) နှစ်ပိုင်းလောက် အကြာမှ ဦးနှောက်ရောင်လက္ခဏာများ ပေါ်လာတတ်ပါတယ်။
💉 ယခုအချိန်ထိ နီပါဗိုင်းရပ်စ်အတွက် ကုသမည့်ဆေးရော ကာကွယ်ဆေးပါ မရှိသေးတဲ့အတွက် ရောဂါလက္ခဏာများ သက်သာစေဖို့ နဲ့ နောက်ဆက်တွဲရောဂါများ ထပ်မဖြစ်လာအောင် ဂရုစိုက်ရန်လိုအပ်ပါတယ်။
🛡 ကာကွယ်ရန် နည်းလမ်းများ
📌 ရောဂါရှိသော တိရစ္ဆာန်နှင့် ထိတွေ့ညစ်ညမ်းမှုရှိသော သစ်သီး သို့မဟုတ် ပြုပြင်ထားခြင်းမရှိသော ထန်းရည်ကဲ့သို့ အစားအစာ၊ အရည်တို့ကို မစားသုံးမိအောင်ရှောင်ပါ။
📌 ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိဖွယ် ဝက်နှင့် လင်းနို့ကဲ့သို့တိရစ္ဆာန်များကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ် စားသောက်ခြင်း မပြုပါနှင့်။
📌 လင်းနို့ သို့မဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။ လင်းနို့များ အိပ်စက်နားနေရာ နေရာများကို မသွားပါနှင့်။
📌 ရောဂါဖြစ်သူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်တစ်မျိုးမျိုးနှင့် ထိတွေ့ခြင်းကိုရှောင်ပါ။
📌 လူနာမှ အခြားလူများသို့ ကူးစက်ခြင်းကို ကာကွယ်ရန် နှာခေါင်းစည်း(mask) တပ်ထားပြီး အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
📌 လူနာများအား ပြုစုကိုင်တွယ်နေရသူများအနေဖြင့် PPE ဝတ်စုံများ ဝတ်ဆင်ပါ။
နီပါ ဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်သတ်မှတ်ကုသခြင်းများ လတ်တလောတွင် မရှိသေးပါသဖြင့် အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများစားသုံးခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် နီပါဗိုင်းရပ်စ်ရောဂါကို ကာကွယ်ကြပါစို့!



ဒီနေ့မှာတော့ တီဘီရောဂါအကြောင်းသိကောင်းစရာလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင့်✨📌တီဘီရောဂါဆိုတာ Mycobacterium tuberculosis လို့...
23/01/2026

ဒီနေ့မှာတော့ တီဘီရောဂါအကြောင်းသိကောင်းစရာလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင့်✨
📌တီဘီရောဂါဆိုတာ Mycobacterium tuberculosis လို့ခေါ်တဲ့ တီဘီ-ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ဒီပိုးဟာ အဆုတ်ကို အဓိက ထိခိုက်စေပါတယ်။ အသက်ရှုလမ်းကြောင်းမှတဆင့် အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်တာမို့ အန္တရာယ်ရှိပါတယ်။ သို့သော် တီဘီရောဂါကို စနစ်တကျ ကုသပါက ပျောက်ကင်းပါတယ်။
📌တီဘီရောဂါရဲ့ လက္ခဏာတွေကတော့ နှစ်ပတ်ကျော်ကြာတဲ့အထိ ချောင်းဆိုးခြင်း၊ ချောင်းဆိုးတဲ့အခါ သွေးပါလာခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းလာခြင်း၊ ညဘက် ချွေးထွက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အဖျားတငွေ့ငွေ့ရှိခြင်း တို့ပဲဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ရှိလာရင် ပေါ့ပေါ့ဆဆ မနေဘဲ ဆရာဝန်ဆီကို အမြန်ဆုံးသွားပြပါ။ ရောဂါတွေ့ရှိရင်လည်း ပျောက်ကင်းအောင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
📌 ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါအသုံးပြုပြီး နှာခေါင်းနှင့်ပါးစပ်ကို အုပ်ခြင်းဖြင့် တခြားသူတွေကို ကူးစက်မှုမဖြစ်အောင် ဂရုပြုကာကွယ်ပေးနိုင်ပါတယ်။ တီဘီရောဂါရှိသူနှင့် အတူနေထိုင်သူတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေများတာကြောင့် အထူးဂရုပြု နေထိုင်ရပါမယ်။ ကလေးသူငယ်များကတီဘီရောဂါပိုး ကူးစက်ရန် လွယ်ကူပါသဖြင့် ကလေးသူငယ်များအား ပိုပြီး ဂရုစိုက်ရန်လို အပ်ပါသည်။ တီဘီရောဂါရှိတဲ့သူဟာ ကလေးငယ်တွေနဲ့ အတတ်နိုင်ဆုံး ခပ်ခွာခွာနေဖို့ လိုအပ်ပါတယ်။ တီဘီရောဂါသည်ကို ပြုစုသူတွေ အနေနီးစပ်သူတွေ မိသားစုဝင်တွေအနေနဲ့ တတ်နိုင်သမျှ နှာခေါင်းစည်း (mask)တပ်ပြီး ပိုးကူးစက်မှုကနေ ကာကွယ်ရပါမယ်။
📌တီဘီရောဂါသည် နေထိုင်တဲ့အခန်းကို ပြတင်းပေါက်တွေဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင် ပြင်ဆင်ထားရပါမယ်။ အခန်းကို နေရောင်ခြည်ဝင်ရောက် ထိတွေ့ဖို့လည်း အရေးကြီးပါတယ်။ တီဘီပိုးတွေဟာ အလုံပိတ် လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ ပိုပြီးခိုအောင်းပျံ့နှံ့နိုင်တာကြောင့် လေဝင်လေထွက်ကောင်းရန် ပြင်ဆင်လိုက်တဲ့အခါ တီဘီပိုးပျံ့နှံ့မှုကို အများကြီးလျှော့ချ ပေးနိုင်ပါတယ်။
💊တီဘီဆေးကို နေ့စဉ်ပျက်ရက်မရှိအချိန်မှန်မှန် သောက်ဖို့အရေးကြီးပြီး ဆရာဝန် ညွှန်ကြားတွက်ချက်ပေးတဲ့အတိုင်း ဆေးကို နေ့တိုင်း၊ အချိန်မှန်မှန်နဲ့ ဆေးကုသမှုကာလ မပြီးမချင်း သောက်သုံးမှသာ ရောဂါအမြစ်ပျက် ပျောက်ကင်းမှာဖြစ်ပါတယ်။ တီဘီဆေးကို ရက်အနည်းငယ်သောက်ပြီး သက်သာသွားတယ်ထင်လို့ ဆေးရပ် လိုက်မိရင် ဆေးယဉ်ပါးတီဘီ ဖြစ်နိုင်ပြီး ကုသရပိုခက်ခဲသွားနိုင်ပါတယ်။ ဆေးသောက်လက်စလူနာများ ဆေးပြတ်လပ်ခြင်းကြောင့်လည်း ဒီလိုပြဿနာတွေပေါ်လာတတ်ပါတယ်။
💊တီဘီဆေးသောက်နေစဉ်တွင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ (ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး) ကို စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာများစားခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်းတို့ဟာ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တီဘီရောဂါသည်ကို ပြုစုနေသူနှင့် နီးကပ်သူမိသားစုဝင်တွေ ကိုယ်ခံအားမြှင့်တင်ကျန်းမာနေအောင် လုပ်ဆောင်သင့်ပါတယ်။
📌တီဘီရောဂါဟာ အချိန်မီ ကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာတွေ့ရှိပါက ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းအပ်ပါတယ်။
တီဘီရောဂါနှင့် ဆင်ခြင်ရမယ့်နည်းလမ်းလေးတွေကို နားလည်သဘောပေါက်ပြီး ကျန်းမာရေးနဲ့လျော်ညီစွာ ရှင်သန်နေထိုင်နိုင်ကြပါစေရှင့် 🎀
#တီဘီရောဂါ

မင်္ဂလာပါရှင်….. 🤱အဖိုးတန်ရင်သွေးငယ်လေးများ မွေးဖွားရာတွင် အဆင်ပြေချောမွေ့စွာဖြင့် ကျန်းမာစွာမွေးဖွားနိုင်ရန် ကလေးမွေးဖွ...
13/01/2026

မင်္ဂလာပါရှင်…..
🤱အဖိုးတန်ရင်သွေးငယ်လေးများ မွေးဖွားရာတွင် အဆင်ပြေချောမွေ့စွာဖြင့် ကျန်းမာစွာမွေးဖွားနိုင်ရန် ကလေးမွေးဖွားခြင်းအစီအစဉ် (Maternity Package) များကို အကယ်ဒမီဆေးရုံမှာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့် 💞
🤱 မိခင်လောင်းများနဲ့ ရင်သွေးငယ်လေးများအတွက် လုံခြုံစိတ်ချရပီး ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှု ၊ စရိတ်သင့်တင့်မျှတမှုတို့ကို တနေရာထဲ စုစည်းရရှိနိုင်သည့်အကယ်ဒမီဆေးရုံ၏ အထူးဝန်ဆောင်မှုတွေကတော့ ခွဲစိတ်မွေးဖွားခြင်းအတွက် အစီအစဉ်များဖြစ်ပါတယ်……💝
💁‍♀️မိမိကိုယ်တိုင်ရွေးချယ်ထားသော သားဖွား ၊ မီးယပ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

🤱ကလေးမွေးဖွားခြင်းအစီအစဉ် ~ Maternity Packages

🌟LSCS Package ( ၃ ရက် )
✅Package A (Single Room) – 1,090,000 MMK
✅Package B (Special Room) – 1,190,000 MMK

🌟LSCS Package ( ၄ ရက် )
✅Package A (Single Room) – 1,290,000 MMK
✅Package B (Special Room) – 1,390,000 MMK

✨ခွဲစိတ်ကလေးမွေးဖွားခြင်း LSCS Package တွင်ပါဝင်သောဝန်ဆောင်မှုများ-

၁။ ခေတ်မီစက်များအသုံးပြု၍ သန္ဓေသားနှလုံးခုန်သံစမ်းသပ်စစ်ဆေးပေးခြင်း။
၂။ မခွဲစိတ်မီ လိုအပ်သာ သွေးများစစ်ဆေးခြင်း။
၃။ ခွဲစိတ်ခန်း အသုံးပြုခြင်းနှင့် ခွဲစိတ်ခန်းအတွင်း လိုအပ်သည့် ပစ္စည်းကိရိယာနှင့်ဆေးဝါးများအသုံးပြုခြင်း(Operation Theatre Charges)
၄။ ရွေးချယ်ထားသော Package အလိုက် အတွင်းလူနာအခန်း (၃ ရက်/၄ ရက်)စာကျသင့်ငွေများ
၅။ ဆေးရုံရှိတာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများ၏ မိခင်နှင့်ကလေးအတွက် (၂၄)နာရီ ကျန်းမာရေးစောင့်ရှောက်မှုများ
၆။ မိခင်အတွက် အာဟာရပြည့်ဝသော နံနက်စာ၊ နေ့လည်စာနှင့် ညစာ စီစဉ်ပေးခြင်း
၇။ အခန်းသန့်ရှင်းမှုအတွက် ဆောင်ရွက်ပေးခြင်း။
၈။ ဘေဘီလေးအတွက် သွေးအုပ်စုအမျိုးအစားနှင့် G6PD စစ်ဆေးပေးခြင်း၊ Vit K နှင့်ပထမအကြိမ် အသည်းရောင်အသားဝါ B ပိုး (Hepatitis B vaccine ) ကာကွယ်ဆေးထိုးပေးခြင်း။
၉။ မွေးစာရင်းအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင်လျှောက်ထားနိုင်ရန် Birth Certificate ထုတ်ပေးခြင်း။

✨ခွဲစိတ်ကလေးမွေးဖွားခြင်း LSCS Package တွင်မပါဝင်သောဝန်ဆောင်မှုများ-

၁။ အထူးကုဆရာဝန်ကြီးများ၏ ခွဲစိတ်ဝန်ဆောင်ခများ (Surgeon Operation Fees)
၂။ ခွဲစိတ်ပြီးဆေးရုံတက်စဉ် အထူးကုဆရာဝန်ကြီးများ၏နေ့စဉ်လာရောက် ကြည့်ရှုမှုစရိတ်(Specialist Daily Round Fees)
၃။ ဆေးရုံတက်စဉ် မိခင်နှင့်ကလေးအတွက် အသုံးပြုရသော ဆေးဝါးများ
၄။ လိုအပ်ချက်အရ မိခင်နှင့်ကလေးအတွက် ထပ်ဆောင်းသွေးစစ်ဆေးချက်များ
၅။ သွေးနှင့်စပ်ဆက်သော ဝန်ဆောင်မှုများ (Blood Transfusion)
၆။ ကလေးအသားဝါခြင်းအတွက် Phototherapy မီးပြခြင်း။
၇။ မိခင်နှင့်ကလေးကို ပြုစုစောင့်ရှောက်ရန် Special nurse ငှားခြင်း။
၈။ Package ထဲတွင်ပါဝင်သော သတ်မှတ်ရက်ထက်ကျော်လွန်သော ဆေးရုံတက်ရသည့် နေ့များအတွက် အခန်းခနှင့် ဝန်ဆောင်မှုများ
၉။ဆေးရုံဆင်းချိန်တွင် အိမ်သို့ယူဆောင်သွားရန် လိုအပ်သည့်ဆေးဝါးများအတွက် ကုန်ကျစရိတ်များ

အသေးစိတ်စုံစမ်းလိုပါက Page Messenger နှင့် ဖုန်းနံပါတ်
☎️"01- 8212886, 8212887, 8212889, 8212890" သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်...
👩‍⚕️ဆရာဝန်ကြီးများ နှင့် ပြသဆွေးနွေးကုသလိုပါက " 09 772732282 , 09 408153303 " သို့ဆက်သွယ်၍ ကြိုတင် Booking လုပ်နိုင်ပါတယ်ရှင့်💞

🏥အမှတ် ၃၃၅၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
Email: academyhospital.ygn@gmail.com
website: https://www.academyhospitalmyanmar.com/




🇲🇲လွတ်လပ်ရေးနေ့🇲🇲ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား “အကယ်ဒမီဆေးရုံ” ...
04/01/2026

🇲🇲လွတ်လပ်ရေးနေ့🇲🇲
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား “အကယ်ဒမီဆေးရုံ” မိသားစုမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။✨


01/01/2026

🎀နှစ်သစ်မှစ၍ တစ်နှစ်ပတ်လုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး လုပ်ငန်းနှင့် ဘဝအတွက် အောင်မြင်မှုများ ပိုမိုရရှိကြပါစေကြောင်း “အကယ်ဒမီဆေးရုံ”မိသားစုမှ ဆုမွန်ကောင်းတောင်း အပ်ပါသည်။
🎀ကျွန်မတို့ အကယ်ဒမီဆေးရုံသည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ကျန်းမာရေးအတွက် လိုအပ်သော စောင့်ရှောက်မှုများ ပေးဆောင်ရန် အစဉ်အမြဲကြိုးစားလျက်ရှိပါသည်။✨
အောင်မြင်မှုများနှင့်အတူ ကျန်းမာပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ။✨🎉


Address

No. 335 , Lower Kyeemyindaing Road
Yangon
11121.

Alerts

Be the first to know and let us send you an email when Academy Hospital Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Academy Hospital Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category