12/04/2025
မိသားစုကို အမျိုးသမီးတစ်ယောက်တည်း ထမ်းပိုးတဲ့နေရာမှာ ပြန်လည်ထူထောင်ရေးအတွက် တစ်ထောင့်တစ်နေရာ ကနေ ကူညီပေးမှုလေးကို လေးစားစွာဖြင့်မျှဝေ 🙏🙏🙏
❤️ကူညီနှလုံးသား❤️
-ငလျင်ဘေးမှာဘဝတွေပြန်လည်တည့်မတ်ဖို့အတွက် နန်းမြတ် နိုင်သလောက်ရေရှည်ထောက်ပံ့ပေးချင်တာပါ။
-ဒီငလျင်ဘေးမှာ အိမ်ထောင်ဦးစီးဆုံးရှုံးရပြီး သား/သမီးနဲ့ Single Motherဖြစ်သွားတဲ့သူများရှိရင် နန်းမြတ်ကိုဆက်သွယ်ပေးပါ။(ဆက်သွယ်ရန်နည်းလမ်းကို အောက်ဆုံးမှာရေးပေးပါမယ်နော် cb(or)chatbox ကနေစာတွေမပို့ဖို့မေတ္တာရပ်ခံပါတယ်)။
-နန်းမြတ်က လစဉ်(၁)သိန်းကျပ်စီ တစ်နှစ်တိတိထောက်ပံ့ဖို့အတွက် ကနဦး(၅)ဦးစာ သိန်း(၆၀)ကျပ် မတည်ထောက်ပံ့ပေးဖို့စီစဉ်ထားပါတယ်။
-ငွေ(၁)သိန်းဆိုတာအများကြီးမဟုတ်ပေမယ့် နောက်လမှာသုံးဖို့စာရိတ်လေးရှိမယ်ဆိုတဲ့ စိတ်လုံခြုံမှုလေးထောက်ပံ့ပေးချင်တာပါ။
-အတူပါဝင်ကုသိုလ်ယူလိုသူရှိလျှင်လဲ နန်းမြတ်ဆီဆက်သွယ်လို့ရပါတယ်ရှင့်။တစ်ဦးစာတာဝန်ယူလိုလျှင် လစဉ်(၁)သိန်းကျပ်ပါ။
-တလုံးတခဲတည်း မဟုတ်ပဲ လစဉ်လှူရမှာမို့ အလှူဆက်နေတဲ့ကောင်းကျိုးရှိသလို တစ်နှစ်စာရေရှည်ထောက်ပံ့ရမယ့် သန္ဓိဠာန်တော့လိုအပ်ပါတယ်။
-အများကြီးလိုအပ်ကြတာသိပေမယ့်နိုင်သလောက်ဝန်ကို ကူညီချင်လို့ပါ။
ရည်ရွယ်ချက်များ
-ကြိုးစားရုန်းထမည့်သူများအတွက် ကမ်းလက်တစုံအမြဲရှိနေမယ်ဆိုတဲ့နွေးထွေးမှုပေးစေလိုခြင်း
-တစ်နှစ်တာ ကူထောက်ပေးခြင်းဖြင့် ပုံမှန်ဘဝဆီကို ပြန်တက်လှမ်းချိန် လှေကားထစ်လေးတစ်ဆင့်ဖြစ်စေချင်ခြင်း
-အမျိုးသမီးများလဲ ရုန်းထနိုင်စေချင်ခြင်း
လိုအပ်ချက်နှင့်လုပ်ဆောင်ရန်များ
-09-981189753ရဲ့viberသို့ မတ်လ၂၈တွင်ဖြစ်ပွါးခဲ့သောငလျင်ကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးရကြောင်း အထောက်အထားများပေးပို့ပေးရန်
-viberမှတဆင့်ပြန်လည်ဆက်သွယ်မည်ဖြစ်၍ မိမိကိုယ်ပိုင်viberနံပါတ်ဖြစ်ရန်လိုအပ်ပါတယ်။
-messenger မှစာများပို့ခြင်းမပြုလုပ်ရန်မေတ္တာရပ်ခံပါသည်။
-Mayလ ၁၅ရက်နေ့တွင် မည်သူများကိုထောက်ပံ့မည်ဟု viberမှတဆင့်အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။
-May လကုန်မှစ၍ လစဉ်(၁)သိန်းကျပ်စတင်ထောက်ပံ့ပေးပါမည်။
မိမိတို့ရဲ့သားသမီးများတွက် အားတင်းထားကြပါ မေမေတို့ 💪🏼💪🏼💪🏼
#ကူညီနှလုံးသား
#ငလျင် #ပြန်လည်ထူထောင်ရေး #အလှူ #မေတ္တာ