30/10/2022
ကင်ဆာရောဂါအကြောင်း.....
မြန်မာနိုင်ငံရဲ့ သေဆုံးမှုအများဆုံးနှင့် ဖြစ်ပွားမှုအများဆုံးရောဂါတွေရဲ့ အဓိကအကြောင်းအရာ (၁၀) ချက်ထဲမှာ ကင်ဆာရောဂါကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ တွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသူဦးရေမှာ (၆၉၅၅၄) ယောက်အထိဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာ (၅၁၀၅၉)
ေယာက်အထိဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သေဆုံးမှုများရဲ့ (၅၉) ရာခိုင်နှုန်းဟာ မကူးစက်နိုင်သောရောဂါ (Non-communicable Disease - NCD) ကြောင့်ဖြစ်ပြီး ထို အထဲမှ (၁၁) ရာခိုင်နှုန်းဟာ ကင်ဆာရောဂါကြောင့် ဖြစ်နေကြောင်းကို ဖော်ပြထားခဲ့ပါတယ်။🌏
🦠ကင်ဆာရောဂါဆိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကို တိုက်ခိုက်ဖျက်စီးတတ်ပြီးကြီးထွားမှုမြန်ဆန်တဲ့အပြင် နီးစပ်ရာ တစ်ရှူးဆဲလ်များကိုပါ ထိုးဖောက်ဝင်ရောက်ဖျက်စီးနိုင်ပါတယ်။ ကင်ဆာရောဂါက ကုသရခက်ခဲတဲ့ရောဂါဆိုပေမယ့်လည်း အချိန်မီကုသနိုင်ရင်တော့ အမြစ်ပြတ်နိုင်ပါတယ် ဒါပေမယ့် အသိနောက်ကျတဲ့အခါ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေအထိပါ ကင်ဆာဆဲလ်တွေပြန့်ပွားနိုင်ပါတယ်။🦠
👨⚕️ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာ့တစ်ဝှမ်းလုံး ကင်ဆာရောဂါကိန်းဂဏန်းကို ကမ္ဘာ့တစ်ဝှမ်းလုံးအတွက် ချုံငုံသုံးသပ်ချက်များအရ ၂၀၁၈ ခုနှစ်တွင် ကင်ဆာဖြစ်သူ (၁၈) သန်း, သေဆုံးသူ (၉.၅) သန်း ရှိနေပြီး အာရှပစိဖိတ်ဒေသတွင်မူ ကင်ဆာဖြစ်သူ (၈.၈) သန်း, သေဆုံးသူ (၅.၄)သန်းရှိသည်ဟု ဖော်ပြခဲ့ပါတယ်။သုတေသီတို့ ခန့်မှန်းချက်များအရ ကင်ဆာရောဂါအမျိုးအစိတ်ပေါင်း (၂၀၀) ဝန်းကျင်လောက်ရှိပြီး ကင်ဆာအမျိုးအစားနှင့် ကုသမှုပုံစံလည်းကွာခြားနိုင်ပါတယ်။👨⚕️
🩺ကင်ဆာရောဂါခံစားရသူအများစုဟာ ကြောက်ရွံမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်ပါတယ်။ မိမိကိုယ်တိုင်ရော ချစ်ရတဲ့သူတွေပါ မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ဖို့နှင့် ဖြစ်လာခဲ့ရင်လည်း စောစီးစွာသိနိုင်ပြီး သက်တမ်းစေ့နေနိုင်အောင် လုပ်ဆောင်ရမယ့် ကင်ဆာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုသိထားသင့်ပါတယ်။🩺