22/03/2024
ခြေထောက် ကြွက်သားများ နာကျင်ခြင်း (Claudication) ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
ခြေထောက်မှာ သွေးစီးဆင်းမှု နည်းပါးခြင်းကြောင့် ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေ အပြင်းအထန် ပြုလုပ်ခြင်းကြောင့် ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ခံစားရလေ့ ရှိပေမယ့် လေ့ကျင့်ခန်း ပြုလုပ်မှုကို ရပ်တန့်လိုက်ပြီး အနားယူလိုက်တဲ့ အခါမှာတော့ ခြေထောက် ကြွက်သားများ နာကျင်ခြင်း ဝေဒနာလည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ခံစားရတဲ့အခါမှာ -
မကြာခဏ ခြေထောက်နာခြင်း
ကြွက်တက်ခြင်း
ပြည်တည်နာဖြစ်ခြင်း
ခြေဖဝါးအေးခြင်း
ခြေဖဝါး ယားယံခြင်း
ခြေထောက်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ သွေးကြောကျဉ်းခြင်း (Atherosclerosis) ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် -
ဆေးလိပ်သောက်ခြင်း
သွေးတွင်း ကိုလက်စထရော (Cholesterol) ပမာဏ မြင့်တက်ခြင်း
သွေးပေါင်တက်ခြင်း
အဝလွန်ခြင်း
ဆီးချိုရောဂါ ဖြစ်ပွားခြင်း
အသက်အရွယ်ကြီးမြင့်ခြင်း
မျိုးရိုးလိုက်ခြင်းတို့ကြောင့်လည်း ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ကာလရှည် ခံစားရတဲ့ အခါမှာ ခြေထောက် ကြွက်သားတွေအပြင် ပေါင်တံ၊ တင်ပါးဆုံ၊ တင်ပါး၊ ခြေဖဝါး ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကိုပါ ခံစားရနိုင်ပါတယ်။
တကယ်လို့ ခြေထောက် ကြွက်သားများ နာကျင်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
ဆေးလိပ်ဖြတ်ခြင်း
လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်ပေးခြင်း
သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း
အဆီများတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
သွေးတွင်း ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းညှိခြင်း
REF: MayoClinic, MedicalNewsToday