မြန်မာတိုင်းရင်းဆေးများ

  • Home
  • Myanmar
  • Yangon
  • မြန်မာတိုင်းရင်းဆေးများ

မြန်မာတိုင်းရင်းဆေးများ စိတ်မဆိုးဆေးတိုက် မြန်မာတိုင်းရင်းဆေးများ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါသည်။
ဖုန်း- 09 513 7979

အိမ်အရောက်ပို့ ဝန်ဆောင်မှု၊ စျေးသင့်တင့်သောဆေး၊ ဆေးနှင့် ကျန်မာရေးဗဟုသုတများကို ပြန်လည်မျှဝေပေးသွားပါမည်။

စိတ်မဆိုး တိုင်းရင်းဆေးမှထုတ်လုပ်သော #နနွင်း၊  #သဘ်ောရွက်၊  #ငရုတ်ခါး၊  #ဆေးအိုးပုတ်  #မျန်ကျည်းအနှစ် မှာယူနိုင်ပါပြီ။☎️...
12/05/2025

စိတ်မဆိုး တိုင်းရင်းဆေးမှထုတ်လုပ်သော
#နနွင်း၊ #သဘ်ောရွက်၊ #ငရုတ်ခါး၊ #ဆေးအိုးပုတ်
#မျန်ကျည်းအနှစ် မှာယူနိုင်ပါပြီ။

☎️ 09945003555
☎️ 09945000355
☎️ 09428500355
☎️ 095137979 (Viber)
📱 09788569972

လိပ်စာ -
တိုက်(၂)၊ အခန်း(၁၀၁)၊ ဇီဇဝါအိမ်ယာ၊ (၁၅)ရပ်ကွက်၊ သံသုမာလမ်းမပေါ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန် - မနက် ၈:၀၀ - ညနေ ၅:၀၀

https://www.facebook.com/share/1HWvis1VWs/?mibextid=wwXIfr

🍂အာရောဂျံ ပရမံ လာဘံ🍂ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်တာကြောင့် သင်ကိုယ်တိုင် သင့်မိသားစု နဲ့ သင်ချစ်ရသူတွေရဲ့ ကျန်းမာရေ...
20/08/2024

🍂အာရောဂျံ ပရမံ လာဘံ🍂

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်တာကြောင့် သင်ကိုယ်တိုင် သင့်မိသားစု နဲ့ သင်ချစ်ရသူတွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး သက်စောင့်ဆေးတွေ အလိုရှိနေပါသလား❓

ဒီလိုဆိုရင်တော့ စိတ်မဆိုးဆေးတိုက်က ထုတ်လုပ်ဖြန့်ချိတဲ့ အရည်အသွေးမီ တိုင်းရင်းဆေးက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။

✔ ဘေးဥပါဒ်ကင်းစင်ပြီး အမှန်တကယ်ထိရောက်လို့ သုံးစွဲသူမိဘပြည်သူတွေရဲ့ ယုံကြည်စိတ်ချမှုကို နှစ်ပေါင်းများစွာ ရရှိထားတဲ့ စိတ်မဆိုး ဆေးတိုက်ရဲ့ တိုင်းရင်းဆေးတွေမှာဆိုရင် -

🔸နှလုံးသွေးကြော ကျန်းမာရေးအတွက် Cozy သဘာဝ ဖျော်ရည်

🔹ကင်ဆာရောဂါနဲ့ ဘီပိုး၊စီပိုး မှန်သမျှ ကာကွယ်ကုသပေးမယ့် သင်္ဘောရွက်

🔸အဆုတ်ရောဂါအပြင် အသည်းခြောက်ခြင်း၊ ဆီးလွန်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေတဲ့ တောလေညှင်း

🔹လည်ချောင်းနှင့်ခံတွင်းရောဂါအမျိုးမျိုး၊ သွေးချိုဆီးချို နဲ့ ဝမ်းရောဂါများအတွက် ဆေးအိုးပုတ်

🔸သွေးမသန့်ခြင်းကြောင့်ဖြစ်သော ဝေဒနာများအတွက် အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်တဲ့ နနွင်းလုံး

🔹အစာအိမ်နဲ့အာရုံကြောကို ကျန်းမာစေမယ့် ပဲခူးဆရာတော်ဘုရားကြီးရဲ့ သက်တော်ရှည်ဆေး သိဒ္ဓိရှင်

🔸ကျောက်ကပ်နဲ့ ဆီးရောဂါ ဝေဒနာရှင်များ လက်စွဲထားသင့်တဲ့ ဆူးလေ ဆီးဆေး

🔹သာမန်အဖျားရောဂါများမှ ကင်ဆာရောဂါများအထိ ကာကွယ်ကုသဖို့ရာ မရှိမဖြစ် ရှားစောင်းလက်ပတ်

🔸ရာသီဖျားရောဂါမျိုးစုံကို အခိုးပွင့်စေပြီး ယူပစ်သလို ပျောက်ကင်းစေမှာ ကွမ်းနဲ့သွေးဆေး

🔹အဆစ်အမြစ်နာ၊ မြစ်ပွားနာများအပြင် နာကျင်မှုများကို လျော့ကျစေပြီး သွေးလည်ပတ်မှုအတွက် အထောက်အပံ့ ရဲယိုရွက်

🔸အမြင်အာရုံနဲ့ မှတ်ဥာဏ်လုပ်ဆောင်ချက်များ၊ ဆီးရောဂါ၊ ဝမ်းရောဂါများအတွက် ဆောင်ထားသင့်တဲ့ မြင်းခွာရွက်

🔹သွေးတိုး၊ ဆီးချို၊ လေနာ၊ ကင်ဆာရောဂါများကို တစ်မျိုးတည်းနဲ့အမြစ်ဖြတ်ဖို့ ဆေးခါးကြီး(ငရုတ်ခါး)

🔸အဆစ်အမြစ်ရောင်ရမ်းခြင်း၊ လေးဖက်နာရောဂါ နဲ့ ကိုက်ခဲဝေဒနာရှင်များ သုံးစွဲသင့်တဲ့ ကြာပန်း အကိုက်အခဲပျောက်ဆေး + လေးဖက်နာဆေး

🔹ကိုလက်စထရော လျှော့ချပေးပြီး အစာအိမ်​ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ပေါ့ပါးလန်းစေမယ့် သဘာဝရှားစောင်းလက်ပတ် ချက်ဆေး

🔸အဆီကျ၊ လေနိုင်၊ အပူငြိမ်းစေမှာ ဂျင်း၊ ရှောက်၊ မန်ကျည်း၊ သံပုရာ

🔹ကိုယ်ခံအားနည်းသူများ နဲ့ မူးမော်အော့အန်လွယ်သူများ ဆောင်ထားသင့်တဲ့ သဘာဝပျားရည်စစ်စစ်

🔸အကိုက်အခဲ ပျောက်စေမယ့် ကွမ်းသွေး နဲ့ အခိုးပွင့်ကျန်းမာစေမယ့် ကွန်းအခိုးပွင့်

🔹အစာမကြေ၊ ခံတွင်းပျက်၊ ရင်ပြည့်ရင်ကယ်ရောဂါများအတွက် ရသာရုံလျက်ဆား

တို့ပါဝင်ပြီး ဆေးတစ်မျိုးချင်းစီတိုင်းဟာ ဖော်ပြပါရောဂါဝေဒနာများကို အမှန်တကယ်သက်သာပျောက်ကင်းစေတာကြောင့် စိတ်မဆိုးဆေးတိုက်ဟာလည်း တိုင်းရင်းဆေးပညာလောကမှာ နာမည်တစ်လုံးနဲ့ ကာလရှည်ကြာ ရပ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင်နဲ့သင့်အနီးအနားက ရပ်ဝန်းလေးကို ကျန်းမာခြင်းဆိုတဲ့ လာဘ်နဲ့ပြည့်ဝစေလိုပြီး အစဥ်အမြဲစိတ်ချမ်းသာချင်ရင် စိတ်မဆိုးဆေးတိုက်ရဲ့ သဘာဝတိုင်းရင်းဆေးစစ်စစ်များကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါရှင်❗

🍂စိတ်မဆိုးဆေးတိုက်မှ ဆေးများသည်
"မိသားစုအားလုံး စားသုံးသော ဆေး အစာ အာဟာရ အားလုံးတို့သည်
ရောဂါဝေဒနာ ပျောက်ကင်းနိုင်သော ဆေး အစာ အာဟာရများ ဖြစ်ပါစေသား" ဟူသည့်
ဆောင်ပုဒ်နဲ့အညီ တီထွင်ထုတ်လုပ်ထားသော ဆေးဝါးများဖြစ်ပါသည်🍂

အိမ်အရောက် မှာယူလိုပါက

📱 09 513 7979
📱 Viber - 09 513 7979 တို့မှဆက်သွယ်မှာယူနိုင်ပါတယ် ရှင့်

လိပ်စာ -
တိုက်(၂)၊ အခန်း(၁၀၁)၊ ဇီဇဝါအိမ်ယာ၊ (၁၅)ရပ်ကွက်၊ သံသုမာလမ်းမပေါ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန် - Open daily 8:00AM - 5:00PM

☎️09788568872
☎️09428500355
☎️018500355

#စိတ်မဆိုးဆေးတိုက်
#မြန်မာတိုင်းရင်းဆေး

#နှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်

 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွေးပေါင်လည်း_အရမ်းတက်နေတယ် #အပူရှပ်တယ်_ဆို...
11/04/2024

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ

အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိက ကေတာ့
ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။

နောက်ထပ် လက္ခဏာတွေ ကတော့
စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
ပျို့ တာ၊ အန်တာ ဖြစ်ရင်
အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ

ပူပြင်းတဲ့ အခြေအနေမှာ
ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
အရက်သောက်တာ
ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ

အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။

အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။

 #အဆစ်များ ကိုက်ခဲခြင်းအတွက်" ဂွေးတောက်ရွက်နှင့် သနပ်ခါး " စွမ်းအင်နှစ်ရှည်လများ ဒူး၊ခါး၊လက် နာကျင် ကိုက်ခဲနေတဲ့ ဝေဒနာကိ...
02/11/2023

#အဆစ်များ ကိုက်ခဲခြင်းအတွက်
" ဂွေးတောက်ရွက်နှင့် သနပ်ခါး " စွမ်းအင်

နှစ်ရှည်လများ ဒူး၊ခါး၊လက် နာကျင် ကိုက်ခဲနေတဲ့ ဝေဒနာကို ပျောက်ကင်းစေပါတယ် ၄င်းအပြင် ဂေါက်ရောဂါကြောင့်ဖြစ်သော အဆစ်နာကျင် ကိုက်ခဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းနိုင်ပါတယ်။(ကျီးပေါင်းကို စမ်းသပ်ကုသကြည့်ရာ သက်သာသည့် အဆင့်ရနေပြီး ပျောက်ကင်းသည့် ရလာဒ် မရောက်သေးပါ စမ်းလိုက စမ်းသပ်နိုင်သည် အန္တရာယ်မရှိပါ)

ပြုလုပ်ပုံ

ဂွေးတောက်ရွက်ကို ရေ(ရေစိုရုံ)အနည်းငယ် ထည့်၍ ထောင်းပါ ။
ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၍ ခွေးတောက်သနပ်ခါးဆေးရည် ပျစ်ပျစ်ကို....

ဒူးနာခဲ့သော် ( ဥပမာ )

ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။နာကျင်သည့်နေရာကို နောက်တပြန် ထူထူလိမ်းပေးပါ ။

ထိုနည်းတူစွာ တခြားနာကျင်သည့် နေရာတဝိုက် ကြွက်သားများပါ လိမ်းရန်လိုသည်။

ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။ကျား မ မရွေးလိမ်းပေးနိုင်ပါတယ်။

ချစ်မိတ်ဆွေများ
အဆစ် အမြစ်
ကိုက်ခဲခြင်း ဝေဒနာမှ
သက်သာ ပျောက်ကင်းကြပါစေ

 #တစောင်းခါး (တဇောင်းခါး) #အညာမှာတော့ တစောင်းခါးလို့ခေါ်တယ်ြသဂုတ်လမှာ  တစောင်းခါး တွေ ပေါပေါများများ တွေ့ရသည်။ မနက်စောစေ...
24/08/2023

#တစောင်းခါး (တဇောင်းခါး)
#အညာမှာတော့ တစောင်းခါးလို့ခေါ်တယ်

ြသဂုတ်လမှာ
တစောင်းခါး တွေ ပေါပေါများများ တွေ့ရသည်။

မနက်စောစော စျေးရောက်တော့ တစောင်းခါးအပင်တွေကို အပုံလိုက် တွေ့ရသည်။

ပခုက္ကူက တပည့်တွေက တစောင်းခါးကို "ဂဇောင်းခါး"လို့ ခေါ်တာကိုလည်း ပြန်မိပြန်ရော၊
ဒါလည်း ဒေသအခေါ်ဖြစ်မှာပါ၊ ပခုက္ကူတစောင်းခါး ကလည်း ဒေသ ထွက်ကုန်ထဲမှာ ထင်ရှားပါသည်။

ဘယ်လိုစားမလဲ

ကျနော်က ဟင်းချက်ရတာကိုလည်း ဝါသနာပါတယ်၊ ချက်ပြီးရင် မီးဖိုချောင်တခုလုံး ရှုပ်ပွနေလို့ သမီးတွေက လိုက်ရှင်းရသည်၊ ဘယ်လိုချက်ရမလည်းကို စျေးသည်ကို စပ်စုရသည်၊ ပြီးတော့
အစိတ်သားလောက်၀ယ်။ အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ခတ်ပြားပြားလေးဖြစ်အောင် ရိုက်ချရတယ် ၊ အရောင်မည်း မသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား ရတာကလည်း ပညာဘဲ ၊ ကြက်သွန်ဖြူနည်းနည်းကို ဆီသပ်ထား နနွင်း နဲ့ အရောင်တင်မှုံ့ သင့်ရုံသုံး ၊ သူနဲ့ အလိုက်ဖက်ဆုံးက ပုဇွန်ခြောက် ဘဲ (ကိုယ့် အကြိုက်ပြောတာနော်) ။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသား တမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။

အခုဆို သဘာ၀ ပိန်ဆေး အနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ်။ သူက သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။ အညာဒေသမှာ ဘယ်အိမ် သွားသွား အလကားယူလို့ရသော တဇောင်းခါး အပင်က ရန်ကုန်လို မြို့ကြီးတွေမှာ ရှာရတာ မလွယ်လှပါဘူး၊ super market ကြီးတွေ အပေါ်မှာ စျေးကြီးပေး၀ယ်စားကြရတယ်။ အချို့နိုင်ငံတွေဆို capsule လုပ်ပြီးတောင်ရောင်းချရသော အသီးအနှံတမျိုးပါ ၊

ဆေးဖက်၀င်ပုံ

တစောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေး ကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း နှင့် ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။

Caralluma adscendens (Roxb.) R.Br.
Caralluma fimbriata Wall.
Family : Apocynaceae

collected by Ko Thet Naing Oo

` #ဒန့်သလွန်လက်တစ်ဆုပ်______________ကျွန်တော်ကတစ်ပတ်ကိုဒန့်သလွန်ရွက်လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။ဒီနေ့ဒန့်သလွန်ရွ...
10/06/2023

` #ဒန့်သလွန်လက်တစ်ဆုပ်
______________
ကျွန်တော်ကတစ်ပတ်ကိုဒန့်သလွန်ရွက်လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။ဒီနေ့ဒန့်သလွန်ရွက်လက်တစ်ဆုပ်ကြော်စားရင်းနဲ့အမျိုးတွေကိုလည်းသတိရပြီးမျှဝေချင်တဲ့စိတ်ဖြစ်လာတဲ့အတွက်ဒန့့်သလွန်ရွက်ရဲ့အံ့သြဘွယ်ရာကောင်းကျိုးတွေတန်းစီပြီးပြောပြပါမယ်။

ကျွန်တော်ငယ်ငယ်တုန်းကနို့ကောင်းကောင်းမထွက်တဲ့ကလေးမိခင်တစ်ယောက်ကိုတွေ့ဖူးပါတယ်။အဲဒီကလေးအမေဟာဒန့်သလွန်ရွက်ဟင်းချိုသောက်ပြီးနောက်မှာအဖြူရောင်နို့ရည်တွေပန်းပြီးထွက်လာတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့၊ရွှေဘုံသာလမ်းကသူဌေးကြီးတစ်ယောက်ဆိုရင်သွေးတိုးဆီးချိုအကြီးအကျယ်ဖြစ်တာ။သွေးက၁၈၀လောက်တက်တယ်၊ဆီးချိုက၄၀၀လောက်တက်တယ်။ဘယ်လိုလုပ်သက်ဆိုးရှည်နိုင်ပါ့မလဲ။သို့သော်ဒန့်သလွန်ရွက်ကိုထောင်းပြီးသောက်လိုက်တော့သွေးတိုးရောဆီးချိုပါပုံမှန်ပြန်ဖြစ်သွားတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။အခုဆိုရင်အသက်၉၀နီးပါးရှိနေပါပြီ၊ကျန်းမာဆဲပါပဲ။

တောရွာတွေမှာဆောင်းတွင်းမိုးတွင်းဆိုရင်ကလေးလူကြီးအများစုနှာစေးနှာမွှန်အအေးမိကြလေ့ရှိတယ်။ဟတ်ချိုးဆိုတဲ့အသံဟာရွာလုံးကျွတ်ပဲ။ဒန့်သလွန်ဟင်းခါးပူပူလေးတွေပေးသောက်လိုက်တော့အချိန်တိအတွင်းမှာပျောက်ကင်းသွားကြတယ်။

ရေရှားတဲ့တောရွာလေးတစ်ခုကိုရောက်စဉ်ကလည်းအဲဒီရွာကရေတွေကနောက်လွန်းတဲ့အတွက်သောက်လို့မရပါဘူး။ဒါပေမဲ့ဒန့်သလွန်စေ့ကိုအမှုန့်ထောင်းပြီးခပ်လိုက်တဲ့အခါမှာတော့ရေကြည်ရေသန့်ကိုရပါတယ်။အံ့သြစရာကြီးပါ။

အဲဒီတောရွာကလူတွေပြောပြချက်အရဒန့်သလွန်ပင်ဟာဘယ်လောက်အံ့သြစရာကောင်းလဲဆိုရင်အပင်ကိုဘယ်လိုသတ်သတ်မသေပါဘူးတဲ့။သူ့အစေးနဲ့သူပြန်လည်ပတ်ဖွဲ့ပြီးအပင်ပြန်လည်ရှင်သန်အောင်သူ့ဟာသူပြန်လုပ်တယ်ဆိုတာကိုလည်းအံ့သြဘွယ်ရာကြားသိခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာဒန့်သလွန်နဲ့ပတ်သက်လို့ကင်ဆာရောဂါကိုပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာအနောက်နိုင်ငံကပညာရှင်တွေသိရှိလာကြပြီဖြစ်ပါတယ်။ကင်ဆာကိုတောင်နိုင်တယ်ဆိုတဲ့အတွက်ဒန့်သလွန်ကိုသေချာသုတေသနပြုကြပါတယ်။သူတို့ရဲ့လေ့လာချက်တွေအရဒန့်သလွန်မှာလူ့အကျိုးပြုဗီတာမင်တွေသတ္တုဓာတ်တွေအများကြီးပါဝင်ပြီးအောက်ပါအကျိုးကျေးဇူးတွေကိုပေးစွမ်းပါတယ်-

၁)စိတ်ကြည်လင်လန်းဆန်းစေခြင်း
၂)သွေးတိုးကိုချပေးနိုင်ခြင်း
၃)ကင်ဆာအဖုအကျိတ်များကိုဖယ်ရှားပေးခြင်း
၄)အနုဇီဝပိုးများကိုဆန့်ကျင်ခြင်း
၅)နှလုံးသွေးလည်ပတ်မှုကောင်းခြင်း
၆)သွေးအားကောင်းခြင်း
၇)အင်စူလင်ကဲ့သို့အာနိသင်ရှိခြင်း
၈)အဆီချပေးခြင်း
၉)ရောင်ကိုင်းခြင်းကိုလျှော့ချပေးခြင်း
၁၀)အင်နာဂျီတိုးတက်စေခြင်း
၁၁)ကော်လက်စတြောချပေးခြင်း
၁၂)ကိုယ်တွင်းကိုယ်ပဒဏ်ရာများကိုပျောက်စေခြင်း
၁၃)ကိုယ်တွင်းအဆိပ်များကိုထုတ်ပေးခြင်း
၁၄)နှာစေးနှာမွှန်ခြင်းကိုပျောက်စေခြင်း
၁၅)ဂေါက်ရောဂါကိုသက်သာစေခြင်း
၁၆)ကလီစာလုပ်ငန်းများကိုကူညီခြင်း
၁၇)အဆိပ်အတောက်ပြေခြင်း
၁၈)ဆီးချိုချပေးခြင်း
၁၉)ဆံပင်သန်စေခြင်း
၂၀)ဖက်ခွက်နာပြည်တည်နာကိုပျောက်စေခြင်း
၂၁)အသားပိုမထွက်အောင်တားဆီးခြင်း
၂၂)ကာမအားတိုးပွားစေခြင်း
၂၃)ကိုယ်ခံအားတက်ခြင်း
၂၄)မျက်စိအမြင်ကြည်လင်စေခြင်း
၂၅)စိတ်ကျရောဂါကာကွယ်ပေးခြင်း
၂၆)အသားရေလှပခြင်း
၂၇)ခံနိုင်ရည်အားကောင်းခြင်း
၂၈)အဆစ်အမျက်နာကျင်မှုကိုသက်သာစေခြင်း
၂၉)မှိုရောဂါကိုဖယ်ရှားပေးခြင်း
၃၀)အင်တီအောက်ဆီ့ဒင့်ကြွယ်ဝခြင်းစသည်ဖြင့်ကောင်းကျိုးတွေအများကြီးဖြစ်ပါတယ်။

အဲလောက်ဆိုရင်တော့ဒန့်သလွန်ရွက်ကိုစားဖို့သင့်ပြီပေါ့။နိုင်ငံတကာမှာဒန့်သလွန်ဆေးတွေကစျေးသိပ်ကြီးပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာတော့နေရာအနှံ့တွေ့ရပါတယ်။မြေရှိသူများအပင်စိုက်ထားဖို့ကောင်းပါတယ်။ပေါများစွာရနေတဲ့အတွက်တစ်ပတ်ကိုတစ်ကြိမ်နှစ်ကြိမ်လောက်စားပေးကြပါ။အများကြီးစားစရာမလိုပါဘူး။တစ်ခါစားရင်လက်တစ်ဆုပ်လောက်ပါပဲ။စားတာကတော့လက်တစ်ဆုပ်ဆိုပေမဲ့ရရှိမယ်အကျိုးကျေးဇူးတွေကတော့မရေတွက်နိုင်အောင်ပဲဖြစ်ပါလိမ့်မယ်လို့............

crd

" #စူလာနဖာပင် "စူလာနဖာပင်ဟာ အပင်ငယ်၊ အပင်ပျော့မျိုးလေးဖြစ်ပါတယ်၊ ၄ လက်မ မှ ၁ ပေခန့်ထိမြင့်တက်ပါတယ်သေးငယ်တဲ့အဖြူရောင်ပွင်...
20/03/2023

" #စူလာနဖာပင် "

စူလာနဖာပင်ဟာ အပင်ငယ်၊ အပင်ပျော့မျိုးလေးဖြစ်ပါတယ်၊ ၄ လက်မ မှ ၁ ပေခန့်ထိမြင့်တက်ပါတယ်သေးငယ်တဲ့အဖြူရောင်ပွင့်လေးတွေပွင့်ပြီးပွင့်ဖတ်များဟာသေးငယ်ပြီးမထင်ရှားပါဘူး အရွက်ရင်းနဲ့ အဖျားမှာချွန်ပါတယ်။
.မြန်မာပြည်အနှံ့အပြားမှာပေါက်ပါတယ် သဲဆန်တဲ့မြေမျိုးမှာပေါက်တတ်တဲ့ သဘာဝပေါက်ပင်တမျိုးပါ။
. ရုက္ခဗေဒအမည်နဲ့. Oldenlandia corymbosa Linn..မျိုးရင်းကတော့ RUBIACEAE ဖြစ်ပါတယ်..English အမည် Mintwort..ပါဠိ ဘာသာနဲ့. ကုနာသက၊ ရောဒနီ၊ စန္ဒယာဆ၊ ယဝါယ၊ ပပ္ပဋ စသည်ဖြင့်ခေါ်ဝေါ်ပါတယ်။
.အပင်ရဲ့ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။
.စူလာနဖာပင်ရဲ့ပဉ္စငါးပါးအနည်းငယ်ကို ထန်းလျက် ၅ခဲလောက်နဲ့ကျိုပြီးသောက်ပေးရင် လေပူထခြင်း၊ လေအန်ခြင်းစတဲ့လေရောဂါတို့သက်သာပျောက်ကင်းပါတယ်။
.စူလာနဖာပင်ကို အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ သုံးခွက်တခွက်တင်ကျိုပြီး မကြာခနသောက်ပေးရင် စအိုမှာပေါက်တတ်တဲ့ မက်ကလောင်နာများပျောက်ကင်းသလို ခန္ဓာကိုယ်တွင်းမှာရှိတဲ့အနာများ မန်းကြေပြီးသက်သာစေပါတယ်။
.စူလာနဖာ၊ ခရမ်းကစော့ခါး၊ ဆင်တုံးမနွယ်၊ တို့ကိုသုံးခွက်တခွက်တင် ပြုတ်ပြီးသောက်ပေးရင် ကိုယ်တွင်းအပူများကျစေပြီး အနာမန်းများကြေစေပါတယ်။
.စူလာနဖာနဲ့ စမုန်ညိုတို့ပေါင်းစပ်ပြီး သုံးခွက်တခွက်တင် ပြုတ်သောက်ပေးရင် နာတာရှည်အဖျားရောဂါပျောက်ကင်းပါတယ်။
. စူလာနဖာကိုအမှုန့်ပြုလုပ်ပြီးလျက်ဆေးသဖွယ်စားပေးရင် ယားနာရောဂါများပျောက်ကင်းပါတယ်။
.စူလာနဖာပြုတ်ရည်ဟာ ဆီးကိုရွှင်စေပြီးအသည်းရောင် အသားဝါရောဂါတို့ကိုသက်သာပျောက်ကင်းစေပါတယ်။
.စူလာနဖာနှစ်ဆ နဲ့ ဣဿရမူလီ ၁ဆရောပြီးပြုတ်သောက်ပေးခြင်း ( သို့မဟုတ် ) ပျားရည်နဲ့စပ်ပြီးသောက်ပေးရင် တီဘီ ခေါ်ချောင်းဆိုးသွေးပါ အဆုတ်နာရောဂါနဲ့ သွေးအန်တဲ့ရောဂါတို့ပျောက်ကင်းပါတယ်။

အားလုံးကျန်းမာကြပါစေ။

တန်ဆေးလွန်ဘေးကိုသတိပြုပါ ။ ။

အေဒီအမ်

သင်္ဘောပင်စိုက်ပြီး အသားထူထူ အစေ့နဲနဲပြွတ်ခဲနေအောင်သီးစေသောနည်း*************************************အစေ့ကို တစ်ရက်နေလှန်...
02/03/2023

သင်္ဘောပင်စိုက်ပြီး အသားထူထူ အစေ့နဲနဲ
ပြွတ်ခဲနေအောင်သီးစေသောနည်း
*************************************
အစေ့ကို တစ်ရက်နေလှန်းပြီး ပျိုးပင်ဖောက်ပါ။
အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ
ခွဲစိုက်မယ့်နေရာကို....

(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲတူးပြီး
တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ...
ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။
နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။

ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး
တစ်ညထားပါ။

(၂) အပင်စိုက်မယ့်
တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီး
ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်စုပုံထားကြတဲ့
နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူ
နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။
ပြီးလျှင်
တွင်းထဲသို့ တစ်ထွာခန့်ထပ်ဖြည့်ပါ။
၄င်း အပေါ်မှထပ်မံ၍ မြေဆွေးအပြည့်ထည့်လိုက်ပြီး
ပျိုးပင်ကိုစိုက်ပျိုးပါ။

(၄) ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါ
အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့
ပြာမှုန့်၊ မီးသွေးမှုန့်တွေကို အုံထားပေးပါ။
နံနက်စောစောနှင့် နေဝင်ပြီးချိန်၌
တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။

မှတ်ချက်
***********
အဝါရောင်အသားရှိတဲ့သင်္ဘောသီးကို
အနီရောင်ဖြစ်စေချင်ရင်တော့
အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကို
မီးသွေးအမှုန့်နဲ့ဆတူရောစပ်ပြီးစိုက်ပါ။

Credit agriculture magazine

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်😱😱😱============================(၁) ဆေးလိပ် မသောက်ပါနှင့်။ထမင်းစားပြီးနောက...
26/02/2023

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်😱😱😱
============================

(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။
ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျန်းမာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲတွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။

ရှေး လူကြီးမျာက ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ . ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

Credit #

 #နနွင်း​ သောက်သုံးခြင်းရဲ့  ထူးခြားတဲ့အစွမ်းသတ္တိများ ......-ခန္ဓာကိုယ် နာတာရှည်​ရောင်ယမ်းခြင်းကိုသက်သာပျောက်ကင်း​စေပါတ...
28/01/2023

#နနွင်း​ သောက်သုံးခြင်းရဲ့ ထူးခြားတဲ့အစွမ်းသတ္တိများ ......

-ခန္ဓာကိုယ် နာတာရှည်​ရောင်ယမ်းခြင်းကိုသက်သာပျောက်ကင်း​စေပါတယ်။

-နာတာရှည်အရိုးအဆစ်ကိုက်ခဲ​ရောင်ယမ်းခြင်းကို သက်သာပျောက်ကင်း​စေပါတယ်။

-ဦး​နှောက်နဲ့အာရုံ​ကြော​ရောဂါ​တွေကိုကာကွယ်ပေးတဲ့ အပြင် စိတ်ဖိစီးမှုကိုလည်း ​လျှော့ချ​ပေးပါတယ်။

-ကိုယ်တွင်းသကြားဓါတ်ကိုထိန်းညှိ​ပေးတဲ့အတွက်
ဆီးချိုကို ကျ​စေပါတယ်။

-သွေးထဲမှာရှိတဲ့အဆိပ်အ​တောက်​တွေကိုဖယ်ရှား​
ပေးပြီးသွေးကို သဘာဝအတိုင်းသန့်စင်​စေပါတယ်။

-နှလုံးကျန်းမာ​ရေးကိုလည်းထိန်းသိမ်း​ပေးပါတယ်။

-ကိုယ်ခံအားစနစ်ကိုမြှင့်တင်​ပေးပြီး အ​အေးမိ
တုပ်​ကွေး ဖျားနာခြင်းတို့ကို ကာကွယ်​ပေးပါတယ်။

-နနွင်းကို​သောက်သုံးမည့်သူများအ​နေဖြင့် ခန္ဓါကိုယ်
ကိုအကျိုးပြု​စေမည့် သံလွင်ဆီနှင့်​ရောစပ်​သောက်
သုံးမည်ဆိုပါက ထူးခြားတဲ့အကျိုးအာနိသင်ကိုမလွဲ
မ​သွေရရှိကြမှာပါ။

-ဆီနှင့်​ဖျော်ပြီး​သောက်သုံးခြင်းဟာ ​ရေနှင့်​ဖျော်ပြီး​
သောက်သုံးခြင်းထက် ​သွေး​ကြောထဲကိုစိမ့်ဝင်နှုန်း
(၁၁) ဆ ပိုများပါတယ်။

-အထူးသတိပြုရမည့်အချက်က​တော့ နနွင်းကို
ဝမ်းထဲမှာအစာမရှိချိန် လုံးဝမ​သောက်သုံးမိဘို့ပါဘဲ။

-ကိုယ်တွင်းသကြားဓါတ်ကိုကျဆင်း​စေတဲ့
ဓါတ်သတ္တိရှိတဲ့အတွက် အစာမရှိချိန်​သောက်သုံး
လျှင် မူး​ဝေခြင်း ဆီးချိုကျခြင်း စတဲ့ရောဂါ​
ဝေဒနာများ ခံစားရတတ်ပါတယ်။

-ပူ​နွေးတဲ့ဓါတ်သတ္တိရှိတာ​ကြောင့် ခန္ဓါကိုယ်တွင်း
အပူလွန်ကဲသူများ ချင့်ချိန်သုံးစွဲသင့်ပါ​ကြောင်း
အကြံပြုလိုက်ပါရ​စေ​.........

ဆရာမကြီး​ဒေါက်တာ​ဒေါ်ခင်နွယ်ဝင်းနှင့်ဒေါက်တာ​ဇေယျာမင်းနိုင်တို့ရဲ့ ​ပြောကြားချက်များ
ကိုမှီငြမ်း၍ပြန်လည်​ရေးသားမျှ​ဝေလိုက်ပါတယ်.....။

အားလုံး ကျန်းမာကြပါ​စေရှင်.

Address

Building(2), Room(101), Thanthumar Road, South Okkalapa Township
Yangon
11091

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

095137979

Website

Alerts

Be the first to know and let us send you an email when မြန်မာတိုင်းရင်းဆေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram