Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း

Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း Outpatient Medical Center located in Yankin offering Diagnostic & Therapeutic procedures to patients.

ခန္ဓာကိုယ်ကနေသတိပေးနေတဲ့ ရောဂါဝေဒနာတွေအတွက် အထွေထွေရောဂါ အထူးကုသမားတော်နဲ့ တိုင်ပင်ကုသနိုင်ပါပြီ။​ဖျားနာတာ၊ သွေးတိုး၊ဆီး...
04/05/2026

ခန္ဓာကိုယ်ကနေသတိပေးနေတဲ့ ရောဂါဝေဒနာတွေအတွက် အထွေထွေရောဂါ အထူးကုသမားတော်နဲ့ တိုင်ပင်ကုသနိုင်ပါပြီ။

​ဖျားနာတာ၊ သွေးတိုး၊ဆီးချိုနဲ့ တခြားသော ခန္ဓာကိုယ်တွင်းကရောဂါဝေဒနာတွေအတွက် စနစ်တကျ ရောဂါရှာဖွေကုသမှုခံယူနိုင်ဖို့ ပြည်သာယာဆေးခန်းမှာ သမားတော်ကြီးကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ပေးနေပါပြီရှင်။🤗

​🩺 အထွေထွေရောဂါ အထူးကုသမားတော်
ဒေါက်တာ ဆောင်းမြသီရိ
M.B.,B.S, MRCP (UK),
​📅 ဆေးခန်းပြသနိုင်မည့်အချိန် - ​အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း
​⏰ အချိန် - မနက် (၁၀)နာရီ

📌 ဆရာဝန်ကြီးတစ်ယောက်ချင်းစီ၏ ပြသချိန်အသေးစိတ်ကို ဖော်ပြပေးထားသောကြောင့် လူကြီးမင်းတို့ ပြသလိုသော ရက်ချိန်းနှင့် အချိန်များအတွက် Messenger မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အခုပဲ ကြိုတင် Booking ရယူနိုင်ပါပြီနော်။

📞 Booking ယူရန်ဖုန်းနံပါတ်
09- 269 03 7711
09- 269 03 7722
09- 269 03 7744 တို့ကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

🏥လိပ်စာ - အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့ လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

မိသားစုတစ်စုလုံးရဲ့ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများနဲ့ ပြည်သာယာဆေးခန်းက အမြဲအသင့်ရှိနေပါတယ်ရှင့်။

​ #ပြည်သာယာဆေးခန်း #အထွေထွေရောဂါအထူးကုသမားတော်

မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် ယုံကြည်အားထားရတဲ့ အထူးကုသမားတော်ကြီးများနဲ့ ယခုအခါ ပြည်သာယာဆေးခန်းတွင် အဆင်ပြေစွာ ပြသတိ...
03/05/2026

မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် ယုံကြည်အားထားရတဲ့ အထူးကုသမားတော်ကြီးများနဲ့ ယခုအခါ ပြည်သာယာဆေးခန်းတွင် အဆင်ပြေစွာ ပြသတိုင်ပင်နိုင်ပါပြီရှင့်။

ကိုယ့်ခန္ဓာကိုယ်မှာ ဝေဒနာတစ်ခုခုကို စတင်ခံစားရတာနဲ့ တပြိုင်တည်း တိကျသေချာတဲ့ ရောဂါရှာဖွေမှုနှင့် မှန်ကန်ထိရောက်သော ကုသမှုကို အချိန်မီ ရရှိဖို့က အရေးကြီးဆုံးပါပဲ။ ကျန်းမာရေးပြဿနာများကို စောစီးစွာ စစ်ဆေးကုသခြင်းဖြင့် ရောဂါပိုမိုပြင်းထန်လာခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

သွေးတိုး၊ ဆီးချို၊ အထွေထွေကျန်းမာရေးပြဿနာများနှင့် အတွင်းရောဂါဆိုင်ရာ လိုအပ်ချက်များအတွက် ပြည်သာယာဆေးခန်းမှာ အတွေ့အကြုံပြည့်ဝသော အထွေထွေရောဂါ အထူးကုသမားတော်ကြီးများ ရှိနေပေးထားပြီး လူနာတစ်ဦးချင်းစီအတွက် စိတ်ရှည်လက်ရှည် တိုင်ပင်ကုသပေးလျက်ရှိပါတယ်ရှင့်။

​🩺 အထွေထွေရောဂါ အထူးကုသမားတော်ကြီးများ

🔹 ပါမောက္ခ ဒေါ်လှိုင်မြဝင်း
အထွေထွေရောဂါအထူးကုသမားတော်ကြီး
M.B., B.S, M.Med.Sc (Int.Med), MRCP (UK), FRCP, Dip.Med.Ed, Dr.Med.Sc (Gen.Med)
⏰ Tuesday - 10:00 AM

🔹 ပါမောက္ခ ဦးဟိန်းရာဇာအောင်
အထွေထွေရောဂါအထူးကုသမားတော်ကြီး
M.B., B.S., M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), FRCP (Glasgow), FRCP (London), Dr.Med.Sc (General Medicine), Dip.Med.Edu
⏰ Sunday - 9:00 AM

🔹 ဒေါက်တာ မေစံပယ်
အထွေထွေရောဂါအထူးကုသမားတော်ကြီး
M.B., B.S., M.Med.Sc (Int.Med), MRCP (UK), FRCP (Edin), Dr.Med.Sc (Tropical and Infectious Diseases)
⏰ Saturday & Sunday - 8:00 AM

🔹 ဒေါက်တာ မေဘိုဘိုသက်
အထွေထွေရောဂါအထူးကုသမားတော်
M.B., B.S., M.Med.Sc (Int.Med), MRCP (UK)
⏰ Monday - 5:00 PM
⏰ Wednesday - 5:00 PM
⏰ Sunday - 3:00 PM

🔹 ဒေါက်တာ စိုးရာဇာ
အထွေထွေရောဂါအထူးကုသမားတော်
M.B., B.S., M.Med.Sc (Internal Medicine)
⏰ Saturday - 11:00 AM
⏰ Monday - 6:00 PM

🔹 ဒေါက်တာ တေဇာစိုးမြင့်
အထွေထွေရောဂါအထူးကုသမားတော်
M.B., B.S., M.Med.Sc (Internal Medicine)
⏰ Wednesday & Friday - 6:00 PM
⏰ Evening On Call

🔹 ဒေါက်တာ ဝါဝါဝင်းဟန်
အထွေထွေရောဂါအထူးကုသမားတော်
M.B., B.S., M.Med.Sc (Internal Medicine)
⏰ Morning / Evening - On Call

📌 ဆရာဝန်ကြီးတစ်ယောက်ချင်းစီ၏ ပြသချိန်အသေးစိတ်ကို ဖော်ပြပေးထားသောကြောင့် လူကြီးမင်းတို့ ပြသလိုသော ရက်ချိန်းနှင့် အချိန်များအတွက် Messenger မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အခုပဲ ကြိုတင် Booking ရယူနိုင်ပါပြီနော်။

📞 Booking ယူရန်ဖုန်းနံပါတ်
09- 269 03 7711
09- 269 03 7722
09- 269 03 7744 တို့ကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

🏥လိပ်စာ - အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။
🚌YBS နဲ့ လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

မိသားစုတစ်စုလုံးရဲ့ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများနဲ့ ပြည်သာယာဆေးခန်းက အမြဲအသင့်ရှိနေပါတယ်ရှင့်။

​ #ပြည်သာယာဆေးခန်း #အထွေထွေရောဂါအထူးကုသမားတော်

ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာ၊ လက်ခြေထုံကျင်တာနဲ့ အာရုံကြောအားနည်းတာမျိုးတွေဟာ ပေါ့ဆလို့မရတဲ့ ကျန်းမာရေး လက္ခဏာတ...
28/04/2026

ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတာ၊ လက်ခြေထုံကျင်တာနဲ့ အာရုံကြောအားနည်းတာမျိုးတွေဟာ ပေါ့ဆလို့မရတဲ့ ကျန်းမာရေး လက္ခဏာတွေပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်းနဲ့ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်မတို့ ပြည်သာယာဆေးခန်းမှာ ဦးနှောက်အာရုံကြောဆိုင်ရာအထူးကုဆရာဝန်ကြီးကိုယ်တိုင် စိတ်ရှည်လက်ရှည်နဲ့ တိုင်ပင်ဆွေးနွေးကုသပေးနေပါပြီရှင်။

​🩺 ပါမောက္ခ ​ဒေါက်တာဒေါ်ယဥ်မင်းအေး
(ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာအထူးကုဆရာဝန်ကြီး)
M.B.,B.S., M.Med.Sc (Int Medicine)
MRCP(UK), Dr.Med.Sc (Neurology), FRCP(Edin)

​📅 ဆေးခန်းထိုင်ချိန် - အပတ်စဥ် စနေနေ့ (Saturday)
🕚​ အချိန် - ညနေ ၄နာရီခွဲ (4:30 PM)

📞 Booking ယူရန်ဖုန်းနံပါတ်
09-269 03 7711
09-269 03 7722
09-269 03 7744 တို့ကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

​မိမိတို့ရဲ့ ဦးနှောက်နှင့်အာရုံကြော ကျန်းမာရေးအတွက် စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ဖို့ Messenger ကနေဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အခုပဲ ကြိုတင် Booking ရယူလိုက်ပါ။

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်။

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#ဦးနှောက်အာရုံကြော #အာရုံကြောကျန်းမာရေး

အသည်းကျန်းမာရေးအတွက် ပြည်သာယာ Medical Center မှာ  အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ 🍀​အသည်းဟာဆိုရင် ခန္ဓာကိ...
27/04/2026

အသည်းကျန်းမာရေးအတွက် ပြည်သာယာ Medical Center မှာ အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ 🍀

​အသည်းဟာဆိုရင် ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါတွေ အသည်းအဆီဖုံးခြင်းတွေနဲ့ တခြားသော အသည်းဆိုင်ရာဝေဒနာရှင်တွေအတွက် စနစ်တကျရောဂါရှာဖွေကုသမှုခံယူနိုင်ဖို့ ပြည်သာယာဆေးခန်းမှာ အထူးကုဆရာဝန်ကြီးကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ပေးနေပါပြီ။

​🩺 ​ဒေါက်တာကေခိုင်သွယ်
အသည်းဆေးပညာ အထူးကုဆရာဝန်ကြီး
M.B.,B.S., M.Med.Sc(Int Med)
MRCP(UK), Dr.Med.Sc(Hepatology), FRCP(Edin)

​📅 ဆေးခန်းပြသနိုင်မည့်အချိန် - ​အပတ်စဉ်သောကြာတိုင်း
​အချိန် - ညနေ(၅)နာရီ (5:00 PM)

📞 Booking ယူရန်ဖုန်းနံပါတ်
09-269 03 7711
09-269 03 7722
09-269 03 7744 တို့ကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

​မိမိတို့ရဲ့ အသည်းကျန်းမာရေးကို စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်ဖို့ Messenger ကနေဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အခုပဲ ကြိုတင် Booking ရယူလိုက်ပါ။

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်။

🗺️Google map - https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

# #အသည်းအထူးကု

နေ့စဥ်ဘဝကို ဖြတ်သန်းလှုပ်ရှားရင်း နေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဘယ်ကစပြီးကုသရမလဲဆိုတာကို ဝေခွဲမရဖြစ်နေတတ်ပါတယ်။ ဒီလို ကျန်း...
25/04/2026

နေ့စဥ်ဘဝကို ဖြတ်သန်းလှုပ်ရှားရင်း
နေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဘယ်ကစပြီးကုသရမလဲဆိုတာကို ဝေခွဲမရဖြစ်နေတတ်ပါတယ်။

ဒီလို ကျန်းမာရေးပြဿနာတွေနဲ့အတူ ဝေခွဲမရဖြစ်ရခြင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ကအဆင်သင့်ရှိနေပါတယ်ရှင်။

သာမန်ဖျားနာတာကအစ ရောဂါအခံရှိသူတွေအထိ စနစ်တကျ ရောဂါရှာဖွေကုသမှုခံယူနိုင်ဖို့အတွက် Pyi Thar Yar Medical Center
ဝါရင့် အထူးကုဆရာဝန်ကြီး ကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ပေးနေပါပြီ။

🧑‍⚕️ ပါမောက္ခဦးဟိန်းရာဇာအောင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)
𝗠.𝗕.,𝗕.𝗦.,𝗠.𝗠𝗲𝗱.𝗦𝗰 (𝗜𝗻𝘁𝗲𝗿𝗻𝗮𝗹 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲),𝗠𝗥𝗖𝗣 (𝗨𝗞),𝗙𝗥𝗖𝗣 (𝗘𝗱𝗶𝗻),
𝗙𝗥𝗖𝗣(𝗚𝗹𝗮𝘀𝗴𝗼𝘄),𝗙𝗥𝗖𝗣 (𝗟𝗼𝗻𝗱𝗼𝗻),𝗗𝗿.𝗠𝗲𝗱.𝗦𝗰 (𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲),𝗗𝗶𝗽.𝗠𝗲𝗱.𝗘𝗱𝘂

​📅 ဆေးခန်းပြသနိုင်မည့်အချိန် - အပတ်စဥ် တနင်္ဂနွေနေ့တိုင်း
🕚​ အချိန် - မနက် (၉)နာရီအချိန် (9:00 AM)

📞 Booking ယူရန်ဖုန်းနံပါတ်
09-269 03 7711
09-269 03 7722
09-269 03 7744 တို့ကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

​မိသားစုဝင်တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးနိုင်ဖို့ အခုပဲ ကြိုတင် Booking ရယူထားလိုက်ပါ။

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်။

🗺️Google map - https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#အထွေထွေရောဂါကု

အရိုးအဆစ်ဝေဒနာရှင်များအတွက် စိတ်ချယုံကြည်ရတဲ့ အထူးကုဆရာဝန်ကြီးနဲ့ ပြည်သာယာ အထူးကုဆေးခန်းမှာ တိုင်ပင်ဆွေးနွေးနိုင်ပါပြီနေ...
24/04/2026

အရိုးအဆစ်ဝေဒနာရှင်များအတွက်
စိတ်ချယုံကြည်ရတဲ့ အထူးကုဆရာဝန်ကြီးနဲ့ ပြည်သာယာ အထူးကုဆေးခန်းမှာ တိုင်ပင်ဆွေးနွေးနိုင်ပါပြီနော် 🤗

​နေ့စဉ်လှုပ်ရှားသွားလာတဲ့အခါမှာ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ လေးဘက်နာဝေဒနာ ခံစားနေရတာတွေဟာ လူကြီးမင်းတို့ရဲ့ဘဝကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

​ဒါကြောင့်မို့လို့ လူကြီးမင်းတို့ရဲ့ အရိုး၊ အကြော၊ အဆစ်နဲ့ လေးဘက်နာဆိုင်ရာ
ဝေဒနာတွေကို အကောင်းဆုံးကုသပေးနိုင်ဖို့အတွက် ပြည်သာယာဆေးခန်းမှာ ဝါရင့်အထူးကု ဆရာဝန်ကြီး ကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ပေးနေပါပြီရှင့်။

​🩺 တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ယဉ်မင်းစိုး
(အရိုး၊ အကြော၊ အဆစ်နှင့် လေးဘက်နာဆိုင်ရာ အထူးကုဆရာဝန်ကြီး)
M.B.,B.S, M.Med.Sc, MRCP (UK),
Dr.Med.Sc (Rheumatology),
Fellowship in Rheumatology (Australia)

​📅 ဆေးခန်းထိုင်ချိန် - အပတ်စဉ် စနေနေ့ (Saturday)
🕚 အချိန် - နံနက် ၁၁ နာရီ (11:00 AM)

📞 Booking ယူရန်ဖုန်းနံပါတ်
09-269 03 7711
09-269 03 7722
09-269 03 7744 တို့ကိုဆက်သွယ်ပြီး တစ်ရက်ကြိုတင်ရက်ချိန်းယူပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

​အရိုးအဆစ်ဝေဒနာတွေကြောင့် စိတ်မပင်ပန်းရတော့ဘဲ ပေါ့ပါးသွက်လက်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် အခုပဲကြိုတင်ရက်ချိန်း ရယူလိုက်ပါနော်။

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်။

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#အရိုးအဆစ်ရောဂါ #အရိုးအဆစ်အထူးကု

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှသည် နှစ်သစ်သို့ ကူးပြောင်းမည့်အချိန်ကာလမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ...
17/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှသည် နှစ်သစ်သို့ ကူးပြောင်းမည့်အချိန်ကာလမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေဖို့ ဂါရဝပြု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။

​နှစ်ဟောင်းမှ အညစ်အကြေးများနဲ့ စိတ်ညစ်နွမ်းစရာများနဲ့အတူ ဖျားနာမှုဝေဒနာအပေါင်း အတာရေနဲ့အတူ ပျောက်ကွယ်သန့်စင်သွားကြပါစေ။

✨ ကပ်ရောဂါဘေးအပေါင်းမှ ကင်းဝေးပြီး ကျန်းမာခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

✨ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့

ကျွန်မတို့ Pyi Thar Yar Medical Center ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🤗

#သင်္ကြန် #ဆုတောင်းလွှာ

15/04/2026

သင်္ကြန်ဆိုတာနဲ့ သင့်စိတ်ထဲ ဘာတွေ ပထမဆုံး ပေါ်လာလဲ? 💦🌼

ရေကစားတာလား… မုန့်လုံးရေပေါ်လား…
ဒါမှမဟုတ် မိသားစုနဲ့ အတူတူ အချိန်ကုန်တာလား? သင်ရော ဘာတွေကို ပြေးမြင်ပါသလဲ။

သင်္ကြန်ကာလမှာ ပျော်ရွှင်မှုနဲ့အတူ
ကျန်းမာရေး ဂရုစိုက်မှုကိုလည်း မမေ့ကြနဲ့နော် 💗

14/04/2026

Pyi Thar Yar Medical Center အနေနဲ့ Fittest On Earth - FOE Season 3 မှာ Medical Response Team Sponsor အနေနဲ့ ပါဝင်ထားပါသေးတယ်။ FOE Season 3 ကိုလည်း မေလ (၃)ရက်နေ့ကစပြီး အပတ်စဉ် တနင်္ဂနွေနေ့၊ ည (၈)နာရီတိုင်း MRTV-4 နဲ့ Pyone Play တို့ကနေ စောင့်မျှော်ကြည့်ရှုပေးကြဖို့ မမေ့ကြနဲ့နော်။

သင်္ကြန်အတာရေသဘင်မှာ အပူလျှပ်ခြင်းအန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ? 💦🌞သင်္ကြန်ကာလဟာ ပျော်စရာကောင်းသလို တစ်ဖက်မှာလည်း အပူချိ...
14/04/2026

သင်္ကြန်အတာရေသဘင်မှာ အပူလျှပ်ခြင်းအန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ? 💦🌞

သင်္ကြန်ကာလဟာ ပျော်စရာကောင်းသလို တစ်ဖက်မှာလည်း အပူချိန်အပြင်းဆုံးကာလတစ်ခုလည်းဖြစ်နေပါတယ်။

ဒါကြောင့် ရေထွက်ကစားမဲ့သူတွေနဲ့ မိဘပြည်သူတွေအားလုံးအတွက် ​နေအပူရှိန်ပြင်းထန်တဲ့ သင်္ကြန်ကာလမှာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်တာ၊ အပူလျှပ်တာမျိုးတွေ မဖြစ်ရအောင် သတိထားရမဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။

​♨ အပူလျှပ်ခြင်း (Heatstroke) ရဲ့ ရှေ့ပြေးလက္ခဏာများ

အကယ်၍ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ အနားကသူတွေဖြစ်စေ

❗​အလွန်အမင်း ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်း။

❗​ကိုယ်အပူချိန် အလွန်တက်လာသော်လည်း ချွေးမထွက်ခြင်း (သို့) ချွေးထွက်လွန်းခြင်း။

❗​မအီမသာဖြစ်ပြီး ပျို့အန်ခြင်း။

❗​နှလုံးခုန်မြန်ခြင်း (သို့) သတိလစ်ခြင်း။

❗ပင်ပန်းလွယ်ခြင်း (သို့) အသားအရေဖြူဖျော့ဖျော့ဖြစ်ခြင်း။

ဒီလိုလဏ္ခာတွေနဲ့ကြုံနေရပြီဆိုရင်တော့ ကုသမှုခံယူပြီး သတိထားဖို့လိုအပ်တဲ့အချိန်ပါပဲ။

♨ ဒါကြောင့် အပူလျှပ်ခြင်းတွေမဖြစ်ရအောင်နဲ့ နွေအပူဒဏ်ကိုအန်တုဖို့အတွက်ဆိုရင်

💦​ရေဓာတ်ဖြည့်တင်းပါ၊ အရည်များများသောက်ပေးပါ။

ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို ခဏခဏ သောက်ပေးပါ။ ဓာတ်ဆားရည် သောက်ပေးခြင်းကလည်း ပိုပြီးထိရောက်ပါတယ်။ ကော်ဖီ၊အရက်ရှောင်ကြဥ်ပါ။

🌞​နေရောင်ခြည်ကို ရှောင်ပါ။

အပူရှိန်အပြင်းဆုံးအချိန် (မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဒါမှမဟုတ် အေးမြတဲ့နေရာတစ်ခုခုမှာ အနားယူပေးပါ။

👚​ဝတ်စားဆင်ယင်မှု

လေဝင်လေထွက်ကောင်းပြီး ပါးလွှာတဲ့ ချည်သားအင်္ကျီအပွတွေ၊ အသားရောင်အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။ အပြင်ထွက်ရင် ထီး ဒါမှမဟုတ် လျှာထိုးပါတဲ့ဦးထုပ်တွေကိုဆောင်းပါ။

🚨အကယ်၍အရေးပေါ် အခြေအနေ ကြုံလာခဲ့မယ်ဆိုရင်လည်း

▪ ​လူနာကို အေးမြပြီး အရိပ်ရတဲ့နေရာကို ချက်ချင်းရွှေ့ပြောင်းပေးပါ။

▪ ​အဝတ်အစားတွေကို ဖြေလျော့ပေးပြီး ရေအေးဖတ်တိုက်ပေးပါ။

▪ ​သတိရှိနေပါက ရေအေးအေး (သို့) ဓာတ်ဆားရည် တိုက်ပေးပါ။

၁၅ မိနစ်လောက်နေတဲ့အထိမှ အခြေနေမသက်သာခဲ့ရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးနဲ့ မဖြစ်မနေပို့ဆောင်ပေးဖို့လိုအပ်ပါတယ်နော်။ ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့အတွက် ကုသမှုသေချာလေးခံယူဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုက်ရပါတယ်ရှင်။

ဒီတော့ ပျော်စရာအချိန်အခါမှာ အပူလျှပ်ခြင်းအန္တရာယ်တွေလည်းမဖြစ်ရအောင် သေချာကာကွယ်ပြီးမှ ရေကစားကြတာကအကောင်းဆုံးပါပဲနော်။

​အတာသင်္ကြန်မှာ ကျန်းမာရေးကိုလည်းဂရုစိုက်ရင်း အန္တရာယ်ကင်းစွာ ဆင်နွှဲနိုင်ကြပါစေလို့ Pyi Thar Yar Medical Center ကနေ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🍀

🏥လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်

အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)

ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

#အပူလျှပ်ခြင်းအန္တရာယ်

12/04/2026

ကျွန်တော်တို့ ဖိုးဖိုးဖွားဖွားတွေရဲ့ ရင်ထဲမှာရောသင်္ကြန်နဲ့ ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေရှိခဲ့ကြမလဲ…?

Address

20, Pyi Thar Yar Street
Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959269037711

Alerts

Be the first to know and let us send you an email when Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pyi Thar Yar Medical Center- ပြည်သာယာ အထူးကုဆေးခန်း:

Share