Asia Royal Hospital

Asia Royal Hospital Healthcare Service Asia Royal Hospital is an 11th Storey twin building which was opened on the 18th March 2000. Specialist on call service is also available.

We are providing multidisciplinary medical care service with modern medical equipments. We are concerned with prompt & effective treatment to our patient given by well trained residential medical doctors, nurses & supported by expert professional staffs at the every respective department . Nearly a decade, we have performed our service to get better health living and well being. We always try to m

eet our patient’s needs & requests. We also keep abreast with the technological advantages for your satisfactions. Your Satisfaction is our first priority. We are always at your service.

အင်္ဂါနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးမ...
29/07/2025

အင်္ဂါနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီး"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရိုးအကြောအဆစ် ဆေးပညာအထူးကုဆရာဝန်ကြီး"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထူးကုသမားတော်နှင့်အာဟာရပညာရှင်"

👨‍⚕️"ဓာတ်ရောင်ခြည် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

🏥 "အာရှတော်ဝင်ဆေးရုံ" ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭📌 Executive officer (Technical)📌 Executive officer (Operations)ခံစားခွင့်များ- လစာ နှင့် နှစ်တိုး ခံ...
28/07/2025

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

📌 Executive officer (Technical)
📌 Executive officer (Operations)

ခံစားခွင့်များ
- လစာ နှင့် နှစ်တိုး ခံစားခွင့်များ ရရှိခြင်း
- အချိန်ပိုလုပ်ခ လစာရရှိခြင်း
- မိမိကိုယ်တိုင် နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း (ကျန်းမာရေးစောင့်ရှောက်မှု discount ခံစားခွင့်)

ဆက်သွယ်ရန်
▶️ Viber Phone No – 09 765415460
▶️ Mail Address - recruit.hrd@asiaroyalhospital.com


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး



28/07/2025

🎉 "ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day)" 🎉

📌 "အသည်းရောင်ရောဂါ" ကို ဘယ်ပိုးတွေက ဖြစ်စေတာလဲ ?
- အခြားအကြောင်းရင်းတွေရော ရှိသေးလား ?
- အသည်းခြောက်တဲ့အဆင့်အထိ ဖြစ်နိုင်လား ?
- အသည်းကင်ဆာကို ကူးပြောင်းသွားနိုင်လား ?
- အသည်းရောင်ပိုးတွေအနက် ဘယ်ပိုးတွေအတွက် ကာကွယ်ဆေး ရှိပါသလဲ ?
- ဘယ်လိုထိုးရမလဲ ?
- ကာကွယ်ဆေး အောင်/မအောင် ဘယ်လိုသိနိုင်မလဲ ? အစရှိတာတွေကို သိရှိနိုင်ဖို့အတွက်
🎬 "အသည်းအထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးအောင်ကိုကိုကျော်" မျှဝေထားတဲ့ video လေးကို ကြည့်ရှုလိုက်ကြပါဦးနော်

😍sharing is caring ဆိုသလိုပဲ ဒီ video လေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး


#အသည်းရောင်ရောဂါ
#အသည်းကင်ဆာ
#အသည်းအဆီဖုံး

တနင်္လာနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီး...
28/07/2025

တနင်္လာနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီး"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"မျက်နှာနှင့်မေးရိုး ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရေပြား အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သွေးရောဂါ အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထူးကုသမားတော်နှင့်အာဟာရပညာရှင်"

👨‍⚕️"စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ"

🏥 "အာရှတော်ဝင်ဆေးရုံ" ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

🚨 လေဖြတ်တယ် ဆိုတာ ဦးနှောက်ကို သွေးပို့ပေးနေတဲ့ သွေးကြောတစ်ခုခုမှာ သွေးထောက်ပံ့ခြင်း ပြတ်တောက်သွားလို့ ဖြစ်ပါတယ်။လေဖြတ်ခ...
27/07/2025

🚨 လေဖြတ်တယ် ဆိုတာ ဦးနှောက်ကို သွေးပို့ပေးနေတဲ့ သွေးကြောတစ်ခုခုမှာ သွေးထောက်ပံ့ခြင်း ပြတ်တောက်သွားလို့ ဖြစ်ပါတယ်။
လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်း (၂)မျိုးရှိပါတယ်။
(၁) ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းနဲ့
(၂) ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းတို့ပါ။

📊 လေဖြတ်လူနာ (၁၀)ဦးမှာ (၈)ဦးက ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ကြရတာဖြစ်ပါတယ်။

💡 ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းရဲ့ ကုသနည်းကတော့ ပိတ်နေတဲ့ သွေးခဲကို ဖျော်ဖို့ (𝐆𝐨𝐥𝐝 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဖြစ်တဲ့) သွေးခဲပျော်ဆေး 𝐓𝐢𝐬𝐬𝐮𝐞 𝐏𝐥𝐚𝐬𝐦𝐢𝐧𝐨𝐠𝐞𝐧 𝐀𝐜𝐭𝐢𝐯𝐚𝐭𝐨𝐫 (𝐭𝐏𝐀) ပေးရပါတယ်
- လေဖြတ်လူနာဟာ ရောဂါလက္ခဏာ စတင်ပြီး 𝐆𝐨𝐥𝐝𝐞𝐧 𝐡𝐨𝐮𝐫(ခေါ်)အချိန်(၃)နာရီအတွင်းမှာ ဆေးရုံကို ရောက်ရပါမယ်။
- လေဖြတ်လူနာကို အရင်ဦးဆုံး ဦးနှောက်ကွန်ပြူတာဓာတ်မှန် ရိုက်ပြီး သွေးကြောက ပိတ်တာလား၊ ပေါက်တာလားကို ခွဲခြားရပါတယ်။
- ဦးနှောက်ကွန်ပြူတာဓါတ်မှန် (CT head) တွင် ဦးနှောက်သွေးကြောပေါက်သည့် လက္ခဏာများ မရှိပဲ
- TPA သွေးခဲပျော်ဆေးပေးနိုင်သည့် အခြားသတ်မှတ်ထားသော အချက်အလက်များနှင့်လည်း ကိုက်ညီတယ်ဆိုပါက
- သက်ဆိုင်ရာဆရာဝန်မှ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ရောဂါဟု အတည်ပြုပြီးနောက်
- (𝐭𝐏𝐀)သွေးခဲပျော်ဆေး သွင်းပေးနိုင်ပါတယ်

💡 အာရှတော်ဝင်ဆေးရုံတွင် 𝐂𝐓 𝐬𝐜𝐚𝐧, 𝐌𝐑𝐈, သွေးကြောဓာတ်မှန် 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦 များကို ချက်ချင်းရိုက်နိုင်ပြီး လိုအပ်ပါက (𝐭𝐏𝐀)သွေးခဲပျော်ဆေး သွင်းပေးနိုင်ပါတယ်။

💡 လေဖြတ်ခြင်းကို ကုသရာမှာ အချိန်ဟာ ရွှေထက်ပိုပြီး တန်ဖိုးရှိပါတယ်။
- 𝐭𝐏𝐀 ဆေးကို အချိန်မီ ပေးသွင်းနိုင်ရင် လူနာရဲ့ အသက်အန္တရာယ်၊ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ဒုက္ခိတ ဖြစ်နိုင်ချေတွေကို များစွာ လျှော့ချပေးနိုင်ပါလိမ့်မယ်။
- လေဖြတ်ပြီးပြီးချင်း မိနစ်(၆၀)အတွင်း ပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်ပါတယ်။
- သွေးခဲပိတ်ခါစလေးမှာ ပြန်ဖျော်လို့ ရနိုင်ဖို့၊ အချိန်မီဖို့ အထူးအရေးကြီးပါတယ်။

🔎 သတိပြုပါ လေဖြတ်ရောဂါလက္ခဏာ အတိုကောက်စာလုံး "BE FAST" ဖြင့် မှတ်သားပါ
▶ Balance- ရုတ်တရက်ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း
▶ Eye- မျက်စိရုတ်တရက်ဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း
▶ Facial Dropping- ရုတ်တရက်မျက်နှာရွဲ့သွားခြင်း
▶ Arm weakness- ရုတ်တရက် လက် (သို့) ခြေထောက် အားနည်းသွားခြင်း
▶ Speech difficulties- ရုတ်တရက် စကားပြောလို့မရတော့ခြင်း၊ ပီသစွာမပြောနိုင်ခြင်း
▶ Time to call- အလျင်အမြန်ကုသမှုခံယူဖို့ ဆက်သွယ်ခြင်း

😍sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#လေဖြတ်ခြင်း
#သွေးခဲပျော်ဆေး
#ဦးနှောက်သွေးကြောပိတ်
#ဦးနှောက်သွေးကြောပေါက်

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭📌 Financial Analyst📌 Senior Cashier/Cashier📌 Operation Assistant ( Medical ) (276 Hours)📌 Health Car...
27/07/2025

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

📌 Financial Analyst
📌 Senior Cashier/Cashier
📌 Operation Assistant ( Medical ) (276 Hours)
📌 Health Care Attendant (216 Hours)

ခံစားခွင့်များ
- လစာ နှင့် နှစ်တိုး ခံစားခွင့်များ ရရှိခြင်း
- အချိန်ပိုလုပ်ခ လစာရရှိခြင်း
- မိမိကိုယ်တိုင် နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း (ကျန်းမာရေးစောင့်ရှောက်မှု discount ခံစားခွင့်)

ဆက်သွယ်ရန်
▶️ Viber Phone No – 09 765415460
▶️ Mail Address - recruit.hrd@asiaroyalhospital.com


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး



တနင်္ဂနွေနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြ...
27/07/2025

တနင်္ဂနွေနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နှလုံးခွဲစိပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီး"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"မျက်နှာနှင့်မေးရိုး ခွဲစိပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရေပြား အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သွေးရောဂါ အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဏုမြူရောင်ခြည်ဆေးပညာအထူးကုဆရာဝန်ကြီး"

👨‍⚕️"ကူးစက်ရောဂါနှင့်အထွေထွေအထူးကုဆရာဝန်ကြီး"

👨‍⚕️"စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ"

🏥 "အာရှတော်ဝင်ဆေးရုံ" ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

📌 Calcium ဆိုတာ အရိုးနဲ့သွားများ ခိုင်မာစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပေမယ့် ပုံမှန်အားဖြင့်တော့ နှလုံးသွေးကြောအတွင်းမှာ မရှိရပါ...
26/07/2025

📌 Calcium ဆိုတာ အရိုးနဲ့သွားများ ခိုင်မာစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပေမယ့် ပုံမှန်အားဖြင့်တော့ နှလုံးသွေးကြောအတွင်းမှာ မရှိရပါဘူး။
- ဒါပေမယ့် သွေးကြောအတွင်းနံရံတွေမှာ အဆီ(cholestrol)တွေ များလာလို့ စုပုံလာရင် အနည်ထိုင်ပြီး calcium ပါဝင်လာတဲ့ အဆီခဲအဖတ်(calcified plaque)များ ဖြစ်လာပါတယ်။
- အဆီခဲအဖတ်(plaque)တွေ များလာတဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာပါတော့တယ်။
- ပြီးရင် အဆီခဲအဖတ်က ပြုတ်ထွက်သွားပြီး နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် နှလုံးထိခိုက်တာ(𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤)၊ ဦးနှောက်သွေးကြောတွေမှာ သွားပိတ်ရင် လေဖြတ်တာမျိုးတွေအထိ ဆိုးကျိုးတွေရှိသွားပါတယ်။

🔎 နှလုံးသွေးကြောကျဥ်းနိုင်ချေ ရှိ/မရှိ ကြိုသိချင်ရင် သွေးကြောထဲက 𝐜𝐚𝐥𝐜𝐢𝐮𝐦 ပမာဏကို နှလုံးအတွက် အထူးကွန်ပြူတာဓာတ်မှန် (𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐓 𝐟𝐨𝐫 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐒𝐜𝐨𝐫𝐢𝐧𝐠 𝐓𝐞𝐬𝐭) နဲ့ ရိုက်ကူးစစ်ဆေးနိုင်ပါတယ်။
- ဒီ test နဲ့ စစ်ဆေးလိုက်ရင် သွေးကြောကျဉ်းနေတဲ့ ပမာဏ၊ သွေးကြောများ ကျုံ့နိုင်/ဆန့်နိုင်ရှိမှုများကို သိနိုင်ပြီး ကြိုတင် ဆင်ခြင် ကာကွယ်နိုင်ခွင့် အလွန်များပါလိမ့်မယ်။

🏥 အာရှတော်ဝင်ဆေးရုံတွင် အဆိုပါစစ်ဆေးမှုကို သက်ဆိုင်ရာ "နှလုံးနှင့်သွေးကြောရောဂါ အထူးကုဆရာဝန်ကြီးများ" ရဲ့ ညွှန်ကြားမှုများအတိုင်း ရိုက်ကူး ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။
- 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐒𝐜𝐨𝐫𝐞 အပါအဝင် အခြားသော ကိုယ်တွင်းအင်္ဂါများအတွက် 𝐂𝐓 𝐒𝐜𝐚𝐧 ရိုက်ကူးစစ်ဆေးမှု အမျိုးမျိုးတို့ကို ဂျာမနီနိုင်ငံထုတ် 𝐒𝐢𝐞𝐦𝐞𝐧𝐬 𝐒𝐎𝐌𝐀𝐓𝐎𝐌 𝐠𝐨.𝐓𝐨𝐩 𝟏𝟐𝟖 𝐂𝐓 စက်ကြီးကို အသုံးပြုထားပါတယ်။
- 𝐂𝐚𝐫𝐞 𝐃𝐨𝐬𝐞 𝟒𝐃 နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားလို့ ဓာတ်ရောင်ခြည်သင့်မှုကို အနည်းဆုံး လျှော့ချပေးပါတယ်။

🔎 ဘယ်လိုလူမျိုးတွေ ဒီစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါသလဲ?
- သွေးကြောကျဉ်းနိုင်ချေ risk factor တွေ (သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်၊ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေ) အတန်အသင့်ရှိနေတဲ့ အသက်(၄၀)ကျော်သူတွေ စမ်းသပ်သင့်ပါတယ်။
- သွေးကျဲဆေး၊ သွေးတွင်းအဆီကျဆေးတွေ စပြီးပေးဖို့ လိုမလိုကိုလည်း ဆုံးဖြတ်နိုင်ပါမယ်။
- သွေးကြောကျဥ်းရောဂါအတွက် ကုသမှုတွေကိုလည်း လိုအပ်သလို ပြန်လည်ချိန်ဆဖို့ အသုံးဝင်ပါတယ်။

📊 အဖြေတွေ ရဲ့ အဓိပ္ပာယ်က?
- စစ်ဆေးပြီးအဖြေမှာ Calcium scoring များလေ နှလုံးသွေးကြောကျဉ်းနိုင်ခြေ မြင့်လေ ဖြစ်ပါတယ်။
- အဖြေ ‘0’ ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ ၅-၁၀ နှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ခြေနည်းတယ်။
- 1 မှ 10 ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ စဖြစ်နေပါပြီ။
- 11 မှ 100 ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ နုတဲ့အဆင့်
- 101 မှ 400 ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ အသင့်အတင့်အဆင့်
- 400 အထက်ဆို နှလုံးသွေးကြောကျဉ်းရောဂါ ဆိုးတဲ့အဆင့် ဖြစ်နေပါပြီ။
နောက်ထပ်တိုင်းတာတဲ့ ကိန်းဂဏန်းတစ်ခုက Percentile ( % ) ပါ။
- 75% ကျော်ရင် Statin ဆေး စဖို့ စဉ်းစားသင့်တဲ့ အဆင့်ပါ။
- Calcium Score ဂဏန်းနည်းနေရင်တောင် အသက်ငယ်ငယ်နဲ့ Percentile မြင့်နေရင် သတိထားရပါမယ်။

📌 အဖြေပေါ် မူတည်ပြီးတော့ ဆရာဝန်ကြီးများ ညွှန်ကြားတဲ့အတိုင်း
- လိုအပ်ရင် ဆေးတွေ စပြီးသောက်ထားတာ
- ဆက်ပြီးစစ်ကြည့်ရမယ့် test တွေ
- Lifestyle ကို ပြောင်းတာမျိုးတွေနဲ့ ကြိုတင်ပြင်ဆင်ခွင့်တွေ ရသွားရင် နှလုံးသွေးကြောကျဥ်းရောဂါ နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း အများကြီး ကာကွယ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

🏥 "နှလုံးနှင့်သွေးကြောရောဂါများ" အတွက် အာရှတော်ဝင်ဆေးရုံတွင် "နှလုံးနှင့်သွေးကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ"၏ ညွှန်ကြားမှုများဖြင့် ခေတ်မီနည်းပညာများကိုသုံးပြီး "စမ်းသပ်စစ်ဆေးခြင်းများ" မှစ၍ "ကုသမှုများ" အထိ အားလုံးကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်ပါတယ်။
- အသေးစိတ် မေးမြန်းလိုပါက ဖုန်း - 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်နော် ...

🥰 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး

#နှလုံးသွေးကြောကျဉ်းရောဂါ

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭📌 Pharmacist (216 Hours)📌 Pharmacy Assistant (216 Hours)📌 Application Analyst📌 IT Technicianခံစားခွင...
26/07/2025

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

📌 Pharmacist (216 Hours)
📌 Pharmacy Assistant (216 Hours)
📌 Application Analyst
📌 IT Technician

ခံစားခွင့်များ
- လစာ နှင့် နှစ်တိုး ခံစားခွင့်များ ရရှိခြင်း
- အချိန်ပိုလုပ်ခ လစာရရှိခြင်း
- မိမိကိုယ်တိုင် နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း (ကျန်းမာရေးစောင့်ရှောက်မှု discount ခံစားခွင့်)

ဆက်သွယ်ရန်
▶️ Viber Phone No – 09 765415460
▶️ Mail Address - recruit.hrd@asiaroyalhospital.com


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး



စနေနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ...
26/07/2025

စနေနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သွေးရောဂါ အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဓာတ်ရောင်ခြည် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရေပြား အထူးကုဆရာဝန်ကြီးများ"

🏥 "အာရှတော်ဝင်ဆေးရုံ" ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

🍵 ရေနွေးကြမ်းပူပူလေးတစ်ခွက်က အခုလိုရာသီဥတုနဲ့ ကွက်တိပဲနော် ...🍃 လက်ဖက်ခြောက်နံ့မွှေးမွှေးနဲ့ ရေနွေးကြမ်းလေးက သောက်လို့ကေ...
25/07/2025

🍵 ရေနွေးကြမ်းပူပူလေးတစ်ခွက်က အခုလိုရာသီဥတုနဲ့ ကွက်တိပဲနော် ...

🍃 လက်ဖက်ခြောက်နံ့မွှေးမွှေးနဲ့ ရေနွေးကြမ်းလေးက သောက်လို့ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးရှိလှပါတယ်။
ရေနွေးကြမ်းထဲက လက်ဖက်ခြောက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)တွေ၊ ဗီတာမင်နှင့် သတ္ထုဓာတ်တွေ ပါဝင်တဲ့အတွက် နေ့စဥ်ပုံမှန်သောက်မယ်ဆိုရင်
- ကိုယ်ခံအားကို တိုးတက်စေပါတယ်။
- ဆီးချိုနှင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
- နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။
- စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
- အသားအရေ၊ သွားနှင့်ခံတွင်းကို ကျန်းမာစေပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။

⚠️ ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် တန်ဆေး၊လွန်ဘေးဆိုသလို အများကြီးတော့ မသောက်သင့်ပါဘူး။
ရေနွေးကြမ်းသောက်လွန်းရင် လက်ဖက်ခြောက်ထဲက caffeine နှင့် tannins ဓာတ်များကြောင့်
- နှလုံးခုန်နှုန်းမြန်ပြီး သွေးပေါင်ချိန် တက်စေပါတယ်။
- သံဓာတ်ချို့တဲ့လို့ သွေးအားနည်းလာပါမယ်။
- ဟော်မုန်းတွေပိုထွက်လို့ စိတ်ဖိစီးမှုများစေပါတယ်။
- ခေါင်းမူးတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။
- မအီမသာဖြစ်ပြီး ဗိုက်အောင့်၊ ဝမ်းပျက်တတ်ပါတယ်။
- ကယ်လ်ဆီယမ်စုပ်ယူမှုကို ဟန့်တားလို့ အရိုးတွေ အားနည်းလာနိုင်ပါတယ်။

🤔 ဒါဆိုရင် တစ်နေ့ကို ရေနွေးကြမ်းဘယ်နှစ်ခွက်အထိပဲ သောက်သင့်ပါသလဲ?
- တစ်နေ့ကို ရေနွေးကြမ်း အများဆုံး (၄)ခွက်အထိပဲ သောက်သင့်ပါတယ်။
- မီလီလီတာအားဖြင့် ၅၀၀ မှ ၁၀၀၀ မီလီလီတာ (ရေသန့်ဘူး၁လီတာဘူးစာ) အထိသာ သောက်သင့်ပါတယ်။
- ရောဂါအခံတစ်ခုခုရှိရင်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေဆိုရင် အဲ့ဒီပမာဏရဲ့ တစ်ဝက်ခန့်သာ သောက်သင့်ပါတယ်။

📌 ရေနွေးကြမ်း မသောက်သင့်တဲ့ အခြေအနေတွေကို သိပါသလား?
(၁) ဗိုက်ထဲမှာအစာမရှိချိန်မှာ မသောက်သင့်ပါဘူး။
- လက်ဖက်ခြောက်ထဲက tannins ဓာတ်က အစာအိမ်ထဲမှာ အစာချေအက်ဆစ်ရည်ကို ပိုထွက်စေလို့ ဗိုက်အောင့်တတ်ပါတယ်။

(၂) အစာစားပြီးပြီးချင်းမှာ မသောက်သင့်ပါဘူး။
- ရေနွေးကြမ်းက သံဓာတ်အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်လို့ အစာစားပြီး အနည်းဆုံး(၁)နာရီခြားပြီးမှ သောက်သင့်ပါတယ်။

(၃) အိပ်ချိန်နဲ့ နီးကပ်စွာ မသောက်သင့်ပါဘူး။
- ကဖင်းဓာတ်က အိပ်စက်မှုကို ဟန့်တားနိုင်တဲ့အတွက် အိပ်ခါနီး(၂)နာရီအတွင်းမှာ ရေနွေးကြမ်း မသောက်သင့်ပါဘူး။

(၄) ဆေးတွေနဲ့ တွဲဖက်ပြီး မသောက်သင့်ပါဘူး။
- လက်ဖက်ခြောက်ထဲကဓာတ်တွေက တစ်ချို့ဆေးတွေရဲ့အာနိသင်ကို ပြောင်းစေပါတယ်။
- အထူးသဖြင့် သွေးတိုးကျဆေး၊ သွေးကျဲဆေးတွေကို ရေနွေးကြမ်းနဲ့မသောက်သင့်ပါဘူး။

(၅) ပူလွန်းတဲ့ ရေနွေးကို မသောက်သင့်ပါဘူး။
- သွားနှင့်ခံတွင်း၊ အစာရေမျိုပြွန်တို့ကို ထိခိုက်စေပြီး အခန့်မသင့်ရင် ကင်ဆာအဖြစ်သို့ ရောက်နိုင်ပါတယ်။

(၆) ရေနွေးဆူဆူထဲမှာ လက်ဖက်ခြောက် မခတ်သင့်ပါဘူး။
- အရမ်းဆူပွက်နေတဲ့ရေက အကျိုးပြုတဲ့ဓာတ်တွေကို လျော့စေနိုင်လို့ ရေနွေးအပူချိန်နည်းအောင် ခဏစောင့်ပြီးမှသာ လက်ဖက်ခြောက်ခတ်သင့်ပါတယ်။

🍵 အခုဆိုရင် ရေနွေးကြမ်းရဲ့ ကောင်းကျိုးတွေနှင့် သတိထားရမယ့် အချက်လေးတွေကို သိသွားပြီဆိုတော့ ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုသလို ချင့်ချိန်ပြီးသောက်ရင်း ကျန်းမာလှပခြင်းတွေကို အရယူလိုက်ကြရအောင်နော်။💐

😍sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်။😇
💐ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

Reference:
https://www.healthline.com/nutrition/side-effects-of-tea
https://iteaworld.com/blogs/guide/know-about-chinese-tea-is-it-good-to-drink-chinese-tea-every-day

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅) (အေ) ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📲"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#ရေနွေးကြမ်း
#လက်ဖက်ခြောက်

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭📌 Assistant Supervisor📌 Sub Assistant Engineer (BME)📌 Foreman/Assistant Foreman📌 G2 (Civil & General...
25/07/2025

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

📌 Assistant Supervisor
📌 Sub Assistant Engineer (BME)
📌 Foreman/Assistant Foreman
📌 G2 (Civil & General Maintenance)
📌 Junior Engineer

ခံစားခွင့်များ
- လစာနှင့် နှစ်တိုးခံစားခွင့်များ ရရှိခြင်း
- အချိန်ပိုလုပ်ခ လစာရရှိခြင်း
- မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း (ကျန်းမာရေးစောင့်ရှောက်မှု discount ခံစားခွင့်)

ဆက်သွယ်ရန်
▶️ Viber Phone No – 09 765415460
▶️ Mail Address - recruit.hrd@asiaroyalhospital.com


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး



Address

Sanchaung

Alerts

Be the first to know and let us send you an email when Asia Royal Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia Royal Hospital:

Share

Category