𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

  • Home
  • Myanmar
  • Yangon
  • 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 FOR LIFE, WE THRIVE . ©

🌍 𝐖𝐨𝐫𝐥𝐝 𝐏𝐨𝐥𝐢𝐨 𝐃𝐚𝐲⁣ 𝟐𝟎𝟐𝟓⁣ 💉ပိုလီယိုရောဂါက ပိုလီယိုဗိုင်းရပ်စ် (Poliovirus) ကူးစက်ခြင်းကြောင့် ဖြစ်ပေါ် ပါတယ်။ ရောဂါပိုးရှ...
24/10/2025

🌍 𝐖𝐨𝐫𝐥𝐝 𝐏𝐨𝐥𝐢𝐨 𝐃𝐚𝐲⁣ 𝟐𝟎𝟐𝟓⁣ 💉

ပိုလီယိုရောဂါက ပိုလီယိုဗိုင်းရပ်စ် (Poliovirus) ကူးစက်ခြင်းကြောင့် ဖြစ်ပေါ် ပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာတဲ့ အရည်အမှုန်အမွှားများ၊ ရောဂါရှိသူရဲ့ ဝမ်း၊ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကနေ တစ်ဆင့်ကူးစက်နိုင်ပါတယ်။

🦠 ဒီဗိုင်းရပ်စ်က ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်ပြီး လည်ချောင်းနဲ့ အူလမ်းကြောင်းမှာ စတင်ပွားများပါတယ်။ ထို့နောက် သွေးကြောထဲကို ဝင်ရောက်ပြီး တစ်ခါတစ်ရံမှာ ဦးနှောက်နဲ့ အာရုံကြောစနစ် အတွင်းကို ရောက်ရှိသွားပါတယ်။ ဒီအခါ ဗိုင်းရပ်စ်က ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေကို ဖျက်စီးလိုက်တာကြောင့် အကြောသေပျော့ခွေတာ ဖြစ်ပြီး ကိုယ်လက်အင်္ဂါ မလှုပ်ရှားနိုင်တော့တဲ့ အခြေအနေကို ရောက်စေပါတယ်။

🛡️ ပိုလီယိုရောဂါအတွက် အထိရောက်ဆုံးနဲ့ အရေးကြီးဆုံး ကာကွယ်ဖို့ နည်းလမ်းကတော့ ပိုလီယိုကာကွယ်ဆေး ထိုးနှံခြင်း (သို့) တိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။

📌 ပိုလီယိုကာကွယ်ဆေး အမျိုးအစား နှစ်မျိုးရှိပါတယ်……..

● ပိုလီယို အစက်ချကာကွယ်ဆေး (Oral Polio Vaccine)
● ပိုလီယိုကာကွယ်ဆေး ထိုးဆေး (Inactivated Polio Vaccine)

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုလီယိုကာကွယ်ဆေး ထိုးဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လနှင့် (၁၈) လကြားတွင် တစ်ကြိမ်စီ၊ ပြီးနောက် အသက် (၄) နှစ်နဲ့ (၆) နှစ်ကြားတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် ထိုးနှံပါတယ်။

🇲🇲 မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်အရမူ 👶 ကလေးအသက် (၂) လ၊ (၄) လ၊ (၆) လမှာ ပိုလီယို အစက်ချကာကွယ်ဆေး ကို သုံးကြိမ် တိုက်ကျွေးပြီး ကာကွယ်ဆေး ထိုးဆေးကို အသက် (၄) လမှာ တစ်ကြိမ် ထိုးနှံပေးပါသည်။

🧡ပိုလီယိုရောဂါကို ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးနှံခြင်း (သို့) တိုက်ကျွေးခြင်းကို လုပ်ကြပါစို့ 💪✨
______________________________________

📚 “ပိုလီယိုအကြောသေပျော့‌ခွေရောဂါ” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


𝐏𝐫𝐞𝐜𝐢𝐬𝐢𝐨𝐧 𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧. 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐢𝐧 𝐂𝐚𝐫𝐞.𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 is hiring Pharmacists to deliver safe, accurate dispensing, clear...
21/10/2025

𝐏𝐫𝐞𝐜𝐢𝐬𝐢𝐨𝐧 𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧. 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐢𝐧 𝐂𝐚𝐫𝐞.

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 is hiring Pharmacists to deliver safe, accurate dispensing, clear patient counselling, and seamless teamwork across our care network.

Passionate about patient safety, evidence-based practice, and digital workflows?

𝐉𝐨𝐢𝐧 𝐮𝐬 𝐚𝐧𝐝 𝐦𝐚𝐤𝐞 𝐚𝐧 𝐢𝐦𝐩𝐚𝐜𝐭.⁣

�� Apply:

We are currently seeking to urgently fill the following positions for employment at one of the clinics under CLL HEALTH. Job Description Supervise

“အရိုးပွရောဂါအကြောင်း သိကောင်းစရာများ” ကို ကိုယ်ချစ်ရတဲ့သူတွေပါ သိနိုင်အောင်လို့ ဒီ Post လေးကို မျှဝေပေးလိုက်ပါနော်…. 💖⚠...
20/10/2025

“အရိုးပွရောဂါအကြောင်း သိကောင်းစရာများ” ကို ကိုယ်ချစ်ရတဲ့သူတွေပါ သိနိုင်အောင်လို့ ဒီ Post လေးကို မျှဝေပေးလိုက်ပါနော်…. 💖

⚠️ အရိုးပွရောဂါဆိုတာ အရိုးသိပ်သည်းဆ ကျဆင်းပြီး အရိုးတွေဟာ အားနည်း ကြွပ်ဆတ်လာကာ သေးငယ်တဲ့ ထိခိုက်မှုနဲ့တောင် အလွယ်တကူ အရိုးကျိုးနိုင်တဲ့ရောဂါပါ။ အဓိကအားဖြင့် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ် (သို့) ကျောရိုးမကြီး တို့မှာ အဖြစ်များပေမယ့်လည်း အခြားအရိုးတွေမှာလဲ ဖြစ်ပေါ် နိုင်ပါတယ်။ အချို့သူတွေက အရိုးကျိုးချိန်မှသာ အရိုးပွရောဂါရှိမှန်း သိရှိကြပါတယ်။

👉 အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများမှာ_

✦ အမျိုးသမီးများ (အထူးသဖြင့် သဘာဝအတိုင်း သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေနဲ့ သဘာဝအတိုင်းမဟုတ်ဘဲ သားအိမ်ထုတ်ရတာကြောင့် စောစီးစွာ သွေးဆုံးသူများတွင်လည်း ဖြစ်နိုင်ပါတယ်)
✦ အသက်အရွယ်ကြီးသူများ (အသက် ၅၀ နှင့်အထက်)
✦ မိသားစုမျိုးရိုးတွင် အရိုးပွရောဂါရှိသူများ
✦ ကိုယ်ခန္ဓာ အချိုးအစားသေးသူများ၊ ပိန်လွန်းသောသူများ
✦ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့သူများ
✦ ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
✦ အရက်အလွန်အကျွံ သောက်သူများ၊ ဆေးလိပ်သောက်သူများ
✦ ဟော်မုန်းအပြောင်းအလဲရှိသူများ
✦ စတီးရွိုက်နှင့် အခြားသောဆေးများကို သုံးစွဲသူများ (ဥပမာ_အတက်ကျဆေး၊ ကင်ဆာ‌ရောဂါကု ဆေးများ၊ သွေးမခဲဆေးများ၊ အစာအိမ်အက်ဆစ်ဓာတ်‌ လျှော့ချပေးသည့် ဆေးများ)
✦ ရောဂါအခံရှိသူများ

🛡️ အရိုးကျန်းမာရေးအတွက် ဘယ်လိုကာကွယ်ကြမလဲ?

💪 အရိုးကျန်းမာရေးကောင်းမွန်စေဖို့ အောက်ပါ အချက်တွေကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ 💪

● အရိုးပွခြင်း ဖြစ်စေတဲ့ အကြောင်းရင်းများကို စစ်ဆေးကုသမှု ခံယူခြင်း
● အရိုးတွေသန်မာအောင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
● ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ပြည့်ဝတဲ့ အစားအသောက်များ (ဥပမာအရိုးပါ ဝါးစားနိုင်သော ငါးကလေးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) စားခြင်း၊ လျော့နည်းနေပါက ဖြည့်စွက်သောက်သုံးခြင်း
● ဆေးလိပ်ဖြတ်ခြင်း၊ အရက်လျှော့သောက်ခြင်း

______________________________________

📚 “အရိုးပွရောဂါ” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


#အရိုးကျန်းမာရေး #အရိုးပွရောဂါ #အရိုးပွ

“ပျော်ရွှင်စရာ ဒီပါဝလီနေ့”ယနေ့ ၂၀.၁၀.၂၀၂၅ ရက်နေ့တွင် ကျရောက်သော “ဒီပါဝလီနေ့” မှာ သာယာချမ်းမြေ့ခြင်းများနဲ့ ပြည့်စုံကြပါစ...
20/10/2025

“ပျော်ရွှင်စရာ ဒီပါဝလီနေ့”

ယနေ့ ၂၀.၁၀.၂၀၂၅ ရက်နေ့တွင် ကျရောက်သော “ဒီပါဝလီနေ့” မှာ သာယာချမ်းမြေ့ခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

💧🚽 ဆီးသွားများခြင်း လူကြီးတစ်ယောက်အတွက် နေ့စဉ်ပုံမှန်သွားတဲ့ ဆီးပမာဏက (၁) လီတာကနေ (၂) လီတာခန့် ဖြစ်ပေမယ့် တစ်ရက်တာမှာ ဆီ...
18/10/2025

💧🚽 ဆီးသွားများခြင်း

လူကြီးတစ်ယောက်အတွက် နေ့စဉ်ပုံမှန်သွားတဲ့ ဆီးပမာဏက (၁) လီတာကနေ (၂) လီတာခန့် ဖြစ်ပေမယ့် တစ်ရက်တာမှာ ဆီးပမာဏ (၃) လီတာထက် ပို၍ သွားပြီဆိုရင် ဒါကို ဆီးသွားများတယ်လို့ ဆိုပါတယ်။

💡 ဆီးသွားများခြင်းက ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပြီး အဓိကအားဖြင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အချို့ဆေးတွေကြောင့် ဖြစ်ပေါ်တတ်တဲ့အပြင် ကိုယ်ဝန်ဆောင်ခြင်း၊ သတ္တုဓာတ်မညီမျှခြင်း၊ ကော်ဖီ၊ ရေ အလွန်အကျွံသောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။
ဆီးသွားများတာကို ဆီးမကြာခဏသွားတာနဲ့ မှားနိုင်ပါတယ်။ ဆီးမကြာခဏ သွားပေမယ့်လည်း တစ်ကြိမ်ကို နဲနဲစီသာသွားလျှင် တစ်နေ့တာလုံးရဲ့ ဆီးပမာဏက မများနိုင်ပါဘူး။

📌ဆီးသွားများခြင်းကို ဖြစ်ပေါ်စေနိုင်ပါတဲ့ အကြောင်းအရင်းများကို ပုံမှာ (infographics) မျှဝေပေးလိုက်ပါတယ်။ (ပုံလေးကို ကြည့်ဖို့ မမေ့နဲ့နော်!)

✅ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ကုသမှုခံယူခြင်းဖြင့် ဆီးသွားများခြင်းကို သက်သာစေနိုင်ပါတယ်။
______________________________________

📚 “ဆီးသွားများခြင်း” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


#ဆီးသွားများခြင်း #ဆီး

16/10/2025

🌾 𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐃𝐚𝐲 ⁣𝟐𝟎𝟐𝟓⁣

အစားအစာဘေးကင်းရေး ‘သန့်၊ ခွဲ၊ ချက်၊ အေး’ အမြဲတွေး

ခေါင်းစဥ်ဖြင့် CLL HEALTH ရဲ့ Senior Technical Advisor for Nutrition ဖြစ်တဲ့ ဆရာမကြီးဒေါက်တာခင်မာချိုမှ “အစားအစာတွေကို ဝယ်ယူတဲ့အချိန်ကနေ ချက်ပြုတ်သိမ်းဆည်းတဲ့ အထိ Food Safety Regulations တွေနဲ့အညီ ဘေးကင်းအောင် ဘယ်လိုပြင်ဆင်စားသောက်ရမလဲ” ဆိုတာ ဒီ Video လေးမှာ ပြောပြပေးထားပါတယ်။

ဒီအစီအစဉ်လေးကို 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 နှင့် 𝐓𝐡𝐞 𝐆𝐨𝐨𝐝𝐋𝐢𝐟𝐞 𝐛𝐲 𝐂𝐢𝐭𝐲 𝐑𝐞𝐰𝐚𝐫𝐝𝐬 တို့မှ ပူပေါင်းတင်ဆက်ထားပြီး အားလုံးနှင့်အတူ ကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်……..
________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:⁣

⁣𝗪𝗲𝗯𝘀𝗶𝘁𝗲 :⁣ https://www.cllhealth.com/
⁣⁣⁣⁣⁣𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 :⁣ https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 :⁣ ⁣⁣⁣⁣⁣https://www.youtube.com/


#အစားအစာ #ဘေးကင်း

⚠️ ကျောရိုးထိခိုက်ဒဏ်ရာရခြင်းက ကျောရိုးပြဿနာတစ်ခုတည်း မဟုတ်ဘဲ  အခြားကိုယ်အစိတ်အပိုင်းများလည်း တစ်ပြိုင်နက်တည်း ထိခိုက်နိ...
16/10/2025

⚠️ ကျောရိုးထိခိုက်ဒဏ်ရာရခြင်းက ကျောရိုးပြဿနာတစ်ခုတည်း မဟုတ်ဘဲ အခြားကိုယ်အစိတ်အပိုင်းများလည်း တစ်ပြိုင်နက်တည်း ထိခိုက်နိုင်ပါတယ်။ ကျောရိုးထိခိုက်ဒဏ်ရာရတာက ပြင်းထန်လျှင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် ကုသမှုနှောင့်နှေးပါက ခြေ၊ လက်ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်းမှ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျောရိုးထိခိုက်ဒဏ်ရာရတယ်လို့ သံသယရှိတဲ့လူနာကို အနီးစပ်ဆုံး ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ဆောင်ကာ ကုသမှုခံယူရပါမယ်။ 💙✨

📌 အရေးပေါ်ပြုစုကုသရန် လမ်းညွှန်ချက်များ 📌

● အခင်းဖြစ်ပွားတဲ့နေရာမှာ လောလောဆယ်ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ် (မီးဘေးအန္တရာယ်၊ အဆောက်အအုံ ပြိုကျမည့်အန္တရာယ်) မရှိပါက လူနာကိုရွှေ့ပြောင်းခြင်း မပြုလုပ်ရပါ
● အရေးပေါ်လူနာတင်ယာဉ်ကို ဆက်သွယ်ခေါ်ယူပါ
● လူနာကို ငြိမ်သက်စွာနေစေရန် ပြောပါ
● လူနာတွင် အခြားဒဏ်ရာများ ရှိမရှိ စစ်ဆေးပါ၊ အသက်မရှူနိုင်လျှင် အသက်ရှူမှု အားကူရပါမယ်၊ သွေးထွက်တဲ့ ဒဏ်ရာရှိလျှင် သွေးတိတ်အောင် ပြုလုပ်ရပါမယ်
● လူနာအား ရွှေ့ပြောင်းရာတွင် ကျောရိုးအား ကွေးကောက်၍ သယ်မခြင်း မပြုလုပ်ရ၊ ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ်အား မျဉ်းဖြောင့် ပုံသဏ္ဌာန်ဖြင့် တစ်ပြိုင်တည်း သယ်မပါ၊ လူနာရဲ့ ကျောအောက်တွင် မာကျောသည့် ဘုတ်ပြား (သစ်သားပြား၊ သံပြား၊ ကျောရိုးထိန်းဘုတ်ပြားဖြင့် သယ်ဆောင်ရပါမယ်)
● လည်ပင်းကျောရိုးဆစ်များ နာကျင်ခြင်း၊ လည်ပင်းထိခိုက်ဒဏ်ရာရတယ်လို့ သံသယရှိခြင်း၊ လူနာသတိလစ်နေခြင်းများတွင် ဦးခေါင်းနှင့် လည်ပင်းကို လှုပ်ရှားမှုမရှိစေရန် လက်ဖြင့်ထိန်းချုပ်ခြင်း၊ အခုအခံဖြင့် ထိန်းခြင်း၊ လည်ပင်းထိန်း ကော်လာတပ်ခြင်း (Cervical collar) များပြုလုပ်ပေးရပါမယ်၊ ဆေးရုံသို့ သယ်ဆောင်ရာတွင် ကျောရိုးအား ထပ်မံထိခိုက်မှုမရှိအောင် သတိထားရပါမယ်
______________________________________

📚 “ကျောရိုးထိခိုက်ဒဏ်ရာရခြင်း” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


#ကျောရိုး

15/10/2025

🧼 လက်ဆေးခြင်းအကြောင်း သိထားသင့်တဲ့ အချက်တွေကို အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။
________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:⁣

⁣𝗪𝗲𝗯𝘀𝗶𝘁𝗲 :⁣ https://www.cllhealth.com/
⁣⁣⁣⁣⁣𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 :⁣ https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 :⁣ ⁣⁣⁣⁣⁣https://www.youtube.com/


#လက်ဆေး

✨သန်ကောင်ကင်းဝေးပြီး ကျန်းမာစွာနေကြပါစို့! 🌿👨‍👩‍👧‍👦သန်ကောင်၊ တုတ်ကောင်တွယ်ခြင်းက အရမ်းအဖြစ်များတဲ့ ကပ်ပါးရောဂါတစ်မျိုးဖြ...
13/10/2025

✨သန်ကောင်ကင်းဝေးပြီး ကျန်းမာစွာနေကြပါစို့! 🌿👨‍👩‍👧‍👦

သန်ကောင်၊ တုတ်ကောင်တွယ်ခြင်းက အရမ်းအဖြစ်များတဲ့ ကပ်ပါးရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ (၂၄)%ခန့် အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသတွေမှာ ဒီကပ်ပါးရောဂါပိုး ကူးစက်ခြင်းခံနေရပါတယ်။

သန်ကောင်တွေက အဓိကအားဖြင့် ၄င်းတို့ရဲ့ ဥတွေကနေတစ်ဆင့် လူတစ်ဦးမှတစ်ဦးထံကို အောက်ပါနည်းလမ်းတွေနဲ့ ကူးစက်ပါတယ်။

● မသန့်ရှင်းတဲ့ရေကို သောက်သုံးခြင်း
● လူ့အညစ်အကြေးတွေကို မြေသြဇာအဖြစ် သုံးစွဲထားတဲ့ ဟင်းသီးဟင်းရွက်များကို ကောင်းစွာ ဆေးကြောပြင်ဆင် ချက်ပြုတ်မှုမရှိခြင်း
● သန်ကောင်ဥတွေရှိနေတဲ့ မြေကြီးနဲ့ ထိတွေ့ရခြင်း (အထူးသဖြင့် လက်များမှတစ်ဆင့် ကူးစက်ခြင်း)

သန်ကောင်တွယ်ခြင်း (Worm infestation) ကြောင့် ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်းတွေကနေ အူပိတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ ဖြစ်ပွားခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကြီးထွားမှုထိခိုက်ခြင်းအထိ ဖြစ်ပေါ်နိုင်ပါတယ်။ သန်ကောင်တွယ်တဲ့ လက္ခဏာတွေရှိလျှင် (သို့) သံသယရှိလျှင် သန်ချဆေးသောက်သုံးခြင်းဖြင့် နောက်ဆက်တွဲလက္ခဏာများမဖြစ်ပွားစေဖို့ ကုသမှုပေးနိုင်ပါတယ်။

______________________________________

🎯 သန်ကောင်များ ကပ်ပါးတွယ်ကပ်ခြင်း၊ ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အမူအကျင့်ကောင်းများ

💊 အထူးသဖြင့် အခုအမူအကျင့်တွေကို သန်ချဆေး သောက်သုံးတဲ့အချိန်မှစပြီး (၂)ပတ် မှ (၄)ပတ်ကြာတဲ့ အထိ သေချာစွာလိုက်နာဖို့ အလွန်အရေးကြီးပါတယ်။

● သန့်ရှင်းစိတ်ချရတဲ့ရေကို သောက်သုံးရန်
● အစားအစာ၊ အသီးအရွက်များကို သေချာစွာဆေးကြောရန်၊ ကောင်းစွာချက်ပြုတ်ရန်
● ကောင်းမွန်စွာဆေးကြောထားခြင်း မရှိတဲ့ အသီးအနှံ၊ မကျက်တဲ့ အသားနဲ့ငါးများ မစားရန်
● မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားခြင်းမပြုရန်
● အစားအစာများမကိုင်တွယ်မီ လက်သေချာစွာဆေးရန်
● သန်ကောင်ဥများ တွယ်ကပ်နေနိုင်တဲ့ အရာတွေကို ထိတွေ့ကိုင်တွယ်ပြီးနောက်နဲ့ အိမ်သာသွားပြီးနောက်တွင်လည်း လက်သေချာစွာဆေးရန်
● ကလေးငယ်ကို တတ်နိုင်သမျှ စအိုဝန်းကျင်မကုတ်မိအောင်ထားရန်၊ ညအိပ်လျှင် မကုတ်မိစေရန် အတွင်းခံ၊ ‌ဘောင်းဘီစသည်တို့ကို သေချာစွာဝတ်ပေးပြီး မနက်လင်းသည်နှင့် ချွတ်၍ လျှော်ရန်
● လိုအပ်ပါက ဘာမီတွန်ကဲ့သို့ ဟစ်စ်တမင်းဆန့်ကျင်ဆေးများတိုက်ရန်
● ပုံမှန်ရေချိုးရန် (အထူးသဖြင့်မနက်အိပ်ရာထချိန်တွင် ရေချိုးရန်)
● လက်သည်း၊ ခြေသည်းများပုံမှန်ညှပ်ပေးရန်၊ လက်ကိုပါးစပ်ထဲမထည့်မိအောင်ထားရန်
● အဝတ်အထည်၊ အိပ်ရာခင်း၊ စောင်၊ ခြေသုတ်ခုံစသော အသုံးအဆောင်များကို သန့်ရှင်းရာတွင် သန်ကောင်ဥများပျံ့နှံ့စေနိုင်သည့် ခါထုတ်ခြင်းများမပြုလုပ်ရ၊ ရေနွေးပူပူဖြင့်ပြုတ်လျှော်ခြင်း၊ ဖုန်စုပ်စက်ဖြင့် စုပ်ခြင်းသာပြုရန် (အထူးသဖြင့် တစ်အိမ်သားလုံး သန်ချမည့်အချိန်တွင် သန်ကောင်ဥများမကျန်ရစ်ရန် ပြုလုပ်သင့်သည်)
● ကစားစရာအရုပ်များ၊ နေအိမ်ရှိ သန်ကောင်ဥများတင်ရှိနိုင်တဲ့ နေရာများကို ပုံမှန်သန့်ရှင်းရေးလုပ်ရန်

______________________________________

📚 “သန်ကောင်တွယ်ခြင်း” အကြောင်းနှင့် “ သန်ချဆေး” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


#သန် #သန်ချဆေး

💔 စိတ်ကျန်းမာခြင်းမရှိဘဲ ပြီးပြည့်စုံတဲ့ ကျန်းမာသော လူနေမှုဘဝမျိုး မရရှိနိုင်ပါ  ..…ကမ္ဘာပေါ်တွင် လူ (၈)ယောက်မှာ (၁)ယောက...
10/10/2025

💔 စိတ်ကျန်းမာခြင်းမရှိဘဲ ပြီးပြည့်စုံတဲ့ ကျန်းမာသော လူနေမှုဘဝမျိုး မရရှိနိုင်ပါ ..…

ကမ္ဘာပေါ်တွင် လူ (၈)ယောက်မှာ (၁)ယောက်က စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ခံစားနေရတတ်တယ်လို့ ဆိုထားပြီး အသက်အရွယ်၊ ကျား မ မရွေး၊ လူမှုအဆင့်အတန်းမရွေး ဘယ်သူမဆို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားရနိုင်ခြေရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေက ကာယကံရှင်တစ်ဦးတည်းအတွက်သာမကဘဲ သက်ဆိုင်ရာ မိသားစု၊ လူမှုအသိုက်အဝန်းတို့ အပေါ်မှာလည်း အကျိုးဆက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

“စိတ်ကျန်းမာခြင်း” နှင့်စပ်လျဥ်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “လူတစ်ယောက်အနေနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ မခံစားရခြင်းသာမက၊ မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် အားနည်းချက်များကို အမှန်အတိုင်း လက်ခံနိုင်ခြင်း၊ သာမန်တွေ့ကြုံနေရသည့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ နေထိုင်ဆက်ဆံနိုင်ခြင်း၊ မိမိတစ်ဦးတည်းအတွက်သာမက မိမိနေထိုင်ရာဒေသ လူမှုအသိုက်အဝန်းအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေများနှင့်ပြည့်စုံနေပါမှ စိတ်ကျန်းမာခြင်းနှင့် ပြည့်စုံနေသည်ဟုဆိုနိုင်သည်” ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

______________________________________

🤔💭 ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ ❓

စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သော၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်စေနိုင်သော ခန္ဓာကိုယ်ဇီဝ ဖြစ်စဥ်၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာအခြေအနေ စသည်တို့နှင့် သက်ဆိုင်တဲ့ အကြောင်းရင်းခံများ များစွာရှိပါတယ် ______

🧬 မျိုးရိုးဗီဇအခြေအနေ

👶🏻 သန္ဓေသားဘဝ၊ မွေးဖွားစဥ်အချိန်၊ ကလေးဘဝအတွင်း ထိခိုက်မှုများ၊ ရောဂါများ

👩‍👦 မိဘအုပ်ထိန်းမှုပုံစံ

👧🏻 ကလေးဘဝအတွင်းကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်စဥ်များ (Adverse childhood experience)

😣လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ၊ စိတ်ဖိစီးမှုများ

🩺 ဦးနှောက်အာရုံကြောရောဂါများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဟော်မုန်းဓာတ်ဆိုင်ရာရောဂါများ၊ အချို့သောကူးစက်ရောဂါများ၊ စသည်တို့အပါအဝင် အခြားသော ရုပ်ပိုင်းဆိုင်ရာ ရောဂါ အခြေအနေများ

🎭 ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအခြေအနေ

🍾 အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲခြင်း

🍽️ အာဟာရဓာတ်မညီမျှခြင်း

☠️အဆိပ်အတောက်ဖြစ်စေသောအရာများ (ဥပမာ – ခဲဓာတ်)နှင့် ထိတွေ့ခြင်း

🧠 ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (neurotransmitters) အခြေအနေ စသည်တို့ ဖြစ်ပါတယ်။

______________________________________

🚨 ရောဂါလက္ခဏာတွေက ဘာတွေလဲ ❓

💔 စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများ အများအပြားရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစား၊ အခြားသောအကြောင်းရင်းခံများ စသည်တို့အပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

👉 အချို့သော စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ –

💥 စိုးရိမ်စိတ်၊ ကြောက်စိတ်များ လွန်ကဲခြင်း
💥 စိတ်ခံစားချက်၊ တုံ့ပြန်မှုများ ပြောင်းလဲလာခြင်း (စိတ်ဓာတ်ကျခြင်း၊ စိတ်ကြွခြင်း၊ စိတ်တို စိတ်ဆတ်လာခြင်း)
💥 ဒေါသစိတ်လွန်ကဲလာခြင်း၊ ကြမ်းတမ်း ရန်လိုလာခြင်း
💥 နေ့စဥ်ကြုံတွေ့နေရသော စိတ်ဖိစီးမှုများကို ခံနိုင်ရည် (သို့မဟုတ်) ဖြေရှင်းနိုင်စွမ်း လျော့ပါးလာခြင်း
💥 အိပ်စက်မှုပုံစံပြောင်းလဲလာခြင်း ( စတင်အိပ်ပျော်ရန်ခက်ခဲခြင်း၊ မကြာခဏနိုးနေတတ်ခြင်း၊ ပြန်လည်အိပ်ပျော်ရန် ခက်ခဲခြင်း၊နံနက်ပိုင်းတွင်၊ ယခင်နိုးနေကျအချိန်ထက် ပိုမိုစောစွာ နိုးနေတတ်ခြင်း)
💥 စဥ်းစားတွေးခေါ်ခြင်း၊ အာရုံစူးစိုက်ခြင်းတို့တွင် အခက်အခဲဖြစ်လာခြင်း
💥 သတိမှတ်ဉာဏ် ထိခိုက်လာခြင်း
💥 နေ့စဥ်လုပ်ဆောင်နေကျလုပ်ငန်းများလုပ်ဆောင်နိုင်စွမ်း ထိခိုက် ကျဆင်းလာခြင်း
💥 စားသောက်နေထိုင်မှု အပြုအမူများ ပြောင်းလဲလာခြင်း
💥 လူမှုပေါင်းသင်းဆက်ဆံရေးပုံစံ ပြောင်းလဲလာခြင်း
💥 လိင်မှုကိစ္စ စိတ်ဝင်စားမှု၊ စွမ်းဆောင်မှု ကျဆင်းလာခြင်း သို့မဟုတ် ပြောင်းလဲလာခြင်း
💥 ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာခြင်း
💥 ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲပြဿနာများ ဖြစ်လာခြင်း
💥 ပကတိလက်တွေ့အခြေအနေနှင့် ကင်းကွာလာခြင်း
💥 ယုံမှားမှုစွဲမြဲလွန်ကဲခြင်း – Delusion (ဥပမာ – ပတ်ဝန်းကျင်က မိမိကို အန္တရာယ်ပြုလိုသည်၊ ကောက်ကျစ်နေသည်၊ မကောင်းကြံနေသည်၊ မိမိ၏ လုပ်ဆောင်မှုများကို ဟန့်တား နှောင့်ယှက်နေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲစွာမှတ်ယူထားခြင်း)
💥 လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း – Hallucinations (ဥပမာ – အမှန်တကယ်ပြောဆိုနေသူမရှိဘဲ စကား ပြောသံများကြားနေရခြင်း)
💥 အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲလာခြင်း သို့မဟုတ် ပိုမိုသုံးစွဲလာခြင်း
💥 ကိုယ်ကိုယ်ကိုအန္တရာယ်ပြုလိုသည့် သို့မဟုတ် အဆုံးစီရင်လိုသည့် အတွေး၊ အကြံအစည်၊ လုပ်ဆောင်မှုများ ဖြစ်ပေါ်လာတတ်ခြင်း စသည်တို့ဖြစ်ပါတယ်။
______________________________________

🤝 စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူအချို့မှာ ကုသမှုကို မခံယူလိုတဲ့ အခက်အခဲ ပြဿနာရှိတတ်ကြပါတယ်။
ဒါပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ထိရောက်စွာကုသမှုခံယူဖို့ လိုအပ်ပါတယ်။

❤️‍🩹 ရောဂါအမျိုးအစား၊ အခြေအနေ၊ အတူဖြစ်ပေါ်နေသော ရုပ်ပိုင်းဆိုင်ရာ ရောဂါနှင့် အခြားအခြေအနေများ ရှိမရှိ စသည်တို့အပေါ် မူတည်ပြီး ဆေးဝါးများဖြင့် ကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေအကြောင်းရင်းများကို ကုသမှု စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ပြီး ကဏ္ဍစုံဖြင့် ချဥ်းကပ်ကုသသည့်နည်းလမ်း (Holistic approach) ဖြင့် ကုသမှုပေးရပါတယ်။ အချို့သော စိတ်ပိုင်းဆိုင်ရာရောဂါများကတော့ ကာလတာရှည် ကုသမှု ခံယူရန်လိုအပ်ပါတယ်။

💚 စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ထိရောက်စွာ ကုသမှုရယူခြင်းဟာ စိတ်ပိုင်းဆိုင်ရာရောဂါခံစားရခြင်းနှင့် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရာမှာ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ 💕
______________________________________

📚 “ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများ” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

#စိတ်ကျန်းမာရေး #စိတ်‌ရောဂါ

ယနေ့ကျရောက်တဲ့ 💚 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ 🌍 မှာ _"𝘈𝘤𝘤𝘦𝘴𝘴 𝘵𝘰 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 – 𝘔𝘦𝘯𝘵𝘢𝘭 𝘏𝘦𝘢𝘭𝘵𝘩 𝘪𝘯 𝘊𝘢𝘵𝘢𝘴𝘵𝘳𝘰𝘱𝘩𝘦𝘴 𝘢𝘯𝘥 𝘌𝘮𝘦𝘳𝘨𝘦𝘯𝘤𝘪𝘦𝘴 "  ⁣...
10/10/2025

ယနေ့ကျရောက်တဲ့ 💚 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ 🌍 မှာ _
"𝘈𝘤𝘤𝘦𝘴𝘴 𝘵𝘰 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 – 𝘔𝘦𝘯𝘵𝘢𝘭 𝘏𝘦𝘢𝘭𝘵𝘩 𝘪𝘯 𝘊𝘢𝘵𝘢𝘴𝘵𝘳𝘰𝘱𝘩𝘦𝘴 𝘢𝘯𝘥 𝘌𝘮𝘦𝘳𝘨𝘦𝘯𝘤𝘪𝘦𝘴 " ⁣⁣⁣⁣⁣ဆိုတဲ့ ဆောင်ပုဒ်အတိုင်း

"ပြင်းထန်သောဘေးအန္တရာယ်များ နှင့် အရေးပေါ်အခြေအနေများ တွေ့ကြုံဖြတ်သန်းခဲ့ရသူများအတွက် စိတ်ကျန်းမာရေး ဝိုင်းဝန်းပြန်လည်ထူထောင်ပေး " ဆိုတာကို အဓိက အသားပေးဖော်ပြထားပါတယ်။

💪💚 ကမ္ဘာပေါ် ရှိ လူသားတိုင်းရဲ့ ကျန်းမာရေးလို့ ဆိုရာမှာ ကိုယ်ကျန်းမာနေရုံနှင့်မပြီးဘဲ ကိုယ်စိတ်နှစ်ပါး သဟဇာတ ဖြစ်ဖြစ် ကျန်းမာနေမှသာ ကိုယ်စိတ်ကျန်းမာပြီး လူမှုဘဝကျန်းမာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အရေးပေါ်အခြေအနေများနဲ့တွေ့ကြုံခဲ့ရတဲ့ လူတိုင်းနီးပါးဟာ မိမိတို့ရဲ့ အစားထိုးမရနိုင်တဲ့ မိသားစုဝင်များ 👨‍👩‍👧‍👦၊ အရင်းနှီးဆုံးသူများ 🧑‍🤝‍🧑 ၊ အိုးအိမ်တိုက်တာပိုင်ဆိုင်မှုများ 🏠 ၊ လူမှုပတ်ဝန်းကျင်များ 🏘 ဆုံးရှုံးရတဲ့အခါ စိတ်ဓာတ်ပြိုလဲပြီး ရှင်သန်လိုစိတ်မရှိတော့အောင် ဖြစ်တတ်ကြပါတယ်။ ဒီလိုလူတွေမှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်း တို့ကိုပုံမှန်တုံ့ပြန်မှုအဖြစ် တွေ့မြင်ရနိုင်ပါတယ်….. 😔

📊 မှတ်တမ်းများအရ ဒီလိုဘေးအန္တရယ်များနဲ့ ကြုံတွေ့ခဲ့ကြတဲ့ လူငါးယောက်မှာ တစ်ယောက်ဟာ စိတ်ကျန်းမာရေးဝေဒနာခံစားကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီကာကွယ်ရေးလိုအပ်ချက်များကို အရေးပေါ် အခြေအနေတွေမှာ အချိန်မီ ထောက်ပံ့ပေးရန် အလွန်အရေးကြီးပါတယ်။

စိတ်ဒဏ်ရာသင့်စေတဲ့ အဖြစ်အပျက်များ ဖြစ်မလာစေရေး ကာကွယ်တားဆီးရန် မလွယ်ကူပါ။ သို့သော်လည်း အဆိုပါအဖြစ်အပျက်တစ်ခုခု ကြုံတွေ့လာရပါက နောက်ဆက်တွဲ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ဖြစ်မလာစေရန်ကာကွယ်ပေးနိုင်တဲ့ အချို့သော လုပ်ဆောင်ချက်အဆင့်များ (အကာအကွယ်ပေးသည့်အရာများ) ရှိပါတယ်။

💡 အဆိုပါလုပ်ဆောင်ချက်တွေကတော့ -

🍀 စိတ်ဒဏ်ရာသင့်စေတဲ့ အဖြစ်အပျက် ကြုံတွေ့ရပြီးနောက် မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များထံမှ ကူညီပံ့ပိုးမှု ရယူခြင်း (ထိုသို့လုပ်ဆောင်ခြင်းဖြင့် လုံခြုံမှုခံစားချက် ရရှိလာစေနိုင်ပါတယ်)

🍀 စိတ်ဒဏ်ရာသင့်စေတဲ့ အဖြစ်အပျက်ကို ကြုံတွေ့ရပြီးနောက် ကူညီပံ့ပိုးမှုပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်လိုက်ခြင်း

🍀 အန္တရာယ်ကြုံတွေ့ရသည့်အခါ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများ ပြုလုပ်နိုင်ရန် လေ့လာသင်ယူခြင်း

🍀 စိတ်ဒဏ်ရာသင့်စေတဲ့ အဖြစ်အပျက်ကြုံတွေ့ရပြီးနောက် ဆီလျော်ကောင်းမွန်သော နည်းလမ်းတစ်ခုခုဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း

🍀 ကြောက်ရွံ့မှုများ ခံစားနေရသည့်တိုင် ထိရောက်စွာ လုပ်ဆောင်တုံ့ပြန်နိုင်ခြင်း

🍀 အခြားသူများကို ကူညီပေးခြင်း (အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကဲ့သို့ လူအများအပြားကို ထိခိုက်စေသော စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်မျိုးကြုံတွေ့ရသည့်အခါ အခြားသူများကို ကူညီပေးခြင်း)

🍀 နိစ္စဓူဝလုပ်ဆောင်ဖွယ်ရာများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ခြင်း

🍀 အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲမှုကို လျှော့ချ ရှောင်ကြဉ်ခြင်း စတာတို့ ပါဝင်ပါတယ်။

💞 ဒါကြောင့် "ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးနေ့" မှာ စိတ်အနာတရအခြေအနေ ကြုံတွေ့ခဲ့ရသူများကို မိမိတတ်နိုင်သလောက် အားပေးမှု ၊ ကြင်နာမှု၊ဂရုစိုက်မှု၊ နွေးထွေးမှုလေးတွေ ပေးပြီး စိတ်ခွန်အားပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဝိုင်းဝန်းဖန်တီးပေးကြ‌ပါစို့ .....…… 🤝

______________________________________

📚 “ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ [Post-Traumatic Stress Disorder (PTSD)]” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


#စိတ်ကျန်းမာ‌ရေး #စိတ်

💥 မီးပိုးကောင်အဆိပ်သင့်ခြင်း 💥မီးပိုးကောင်လို့ လူသိများတဲ့ ကျိုင်းကောင်တစ်မျိုးက  ပီဒါရင် (pederin) လို့ခေါ်တဲ့ အဆိပ်အတေ...
09/10/2025

💥 မီးပိုးကောင်အဆိပ်သင့်ခြင်း 💥

မီးပိုးကောင်လို့ လူသိများတဲ့ ကျိုင်းကောင်တစ်မျိုးက ပီဒါရင် (pederin) လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီပိုးကောင်တွေက ကိုက်တာ (သို့) တုပ်တာ မရှိပေမယ့်လည်း အရေပြားပေါ် ဖိချေမိ၊ ပွတ်မိ၊ မတော်တဆ ထိတွေ့မိတာမျိုးတွေ ဖြစ်သွားရင် အရေပြား အပူ‌လောင်သလိုမျိုး ခံစားရခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖုအပိမ့်ထွက်ခြင်း တို့ဖြစ်စေနိုင်ပါတယ်။ မီးပိုးကောင်ကို ထိမိပြီးနောက် လက်မဆေးဘဲ အခြားနေရာတွေ (ဥပမာ-မျက်လုံး၊ လိင်အင်္ဂါ) ကို ကိုင်တွယ်မိပါက အဆိပ်ပျံ့နှံ့နိုင်ပါတယ်။ ဒီမီးပိုးကောင်တွေက သေဆုံးနေလျှင်တောင် အဆိပ်ဓာတ်ကို ထုတ်လွှတ်နိုင်တာကြောင့် သေနေတဲ့အကောင်ကို တိုက်ရိုက်ကိုင်တွယ်တာမျိုးကိုပါ ရှောင်သင့်ပါတယ်။ အရေပြားပေါ်ကို ကျရောက်လာတဲ့ မီးပိုးကောင်ကို လက်နဲ့ဖိချေတာမျိုးမလုပ်ဘဲ မှုတ်ထုတ်တာ (သို့) စက္ကူဖြင့် ညင်သာစွာ ခါချတာမျိုး ပြုလုပ်ပါ။

_______________________________________

🛑ချက်ချင်းလုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုစုနည်း 🛑

မီးပိုးကောင် ထိတွေ့တယ်လို့ သံသယရှိတာနဲ့ ချက်ချင်း ဆပ်ပြာနဲ့ ရေသုံးပြီး အရေပြားကို သေသေချာချာ ဆေးကြောပါ။ ဒီလိုလုပ်ခြင်းက ပီဒါရင် (Pederin)အဆိပ်ဓာတ်ကို အမြန်ဆုံး ဖယ်ရှားဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ 🧼🚿

_______________________________________

⚠️ ရောဂါလက္ခဏာတွေက ဘာတွေလဲ ❓

ရောဂါလက္ခဏာတွေက မီးပိုးကောင်နဲ့ ထိတွေ့မှုကြာချိန်၊ အဆိပ်ပမာဏအနည်းအများ ပေါ် မူတည်ပြီး ပြင်းထန်မှုက ကွာခြားနိုင်ပါတယ်။ အဆိပ်ထိတွေ့ပြီး (၁၂) နာရီမှ (၄၈) နာရီအတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာတတ်ပါတယ်။ အရေပြားအဖုအပိန့်တွေ ပေါ်ပေါက်တဲ့အချိန်ကနေ ပြန်လည်ကောင်းမွန်တဲ့အထိ ပျမ်းမျှကြာချိန်က (၁၂) ရက်မှ (၁၅) ရက်ခန့်အထိကြာမြင့်နိုင်ပါတယ်။

❗ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ အရေပြား မီးပူလောင်သလိုမျိုး ခံစားရတာ၊ ယားယံတာ၊ နီရဲတာ၊ နာကျင်တာ တွေဖြစ်ပါတယ်။ များသောအားဖြင့် အရေပြားပေါ်မှာ အနီရောင် အမြှောင်းပုံသဏ္ဌာန်တွေ့ရတတ်ပြီး ရက်အနည်းငယ်အတွင်း အဖုအပိန့်တွေ၊ ရေကြည်ဖုတွေ ပေါ်လာပြီး နောက်ပိုင်းမှာ အရေပြားလန်တဲ့အထိ ဖြစ်နိုင်ပေမယ့်လည်း အမာရွတ်ဖြစ်နိုင်ခြေနည်းပါတယ်။

❗ တခါတရံ အနီကွက်အလယ်မှာ အညို‌ရောင်အကွက်တွေပေါ်တာ၊ မီးလောင်ကွက်ပုံသဏ္ဌာန်ဖြစ်တာ၊ အဆိပ်ဓာတ် ထိတွေ့ပြီးတဲ့ အရေပြားနှစ်ခု (ဥပမာ- တံတောင်ဆစ်ကွေး၊ ပေါင်ခြံ) ထိမိရာကနေ တစ်ဖက်နဲ့ တစ်ဖက် ကူးစက်တဲ့ ပုံစံမျိုးဖြစ်တာတွေကိုလည်းတွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာပြင်းထန်ပါက အ‌ရေကြည်ဖုတွေ ပိုများပြားပြီး ဖျားနာတာ၊ အာရုံကြောနာကျင်တာ၊ အဆစ်နာကျင်တာနဲ့ ပျို့အန်တာတွေအထိ ဖြစ်နိုင်ပါတယ်။

❗ မျက်လုံးနားတစ်ဝိုက်ထိမိပါက မျက်ခွံအရေပြားရောင်ရမ်းခြင်း (Periorbital Dermatitis) နဲ့ မျက်စိနာခြင်း(Conjunctivitis)၊ မျက်ကြည်လွှာရောင်ခြင်း (Keratoconjunctivitis) တို့ ဖြစ်ပေါ်နိုင်ပါတယ်။
_______________________________________

📍ဘယ်လိုနောက်ဆက်တွဲပြဿနာတွေကို ကြုံတွေ့ရနိုင်လဲ ❓

မီးပိုးကောင် အဆိပ်သင့်ခြင်းက များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားတတ်ပေမယ့်လည်း အချို့အခြေအနေတွေမှာ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေ ကျန်ရှိနိုင်ပါတယ်…..
● အနာကျက်ပြီးနောက် အရေပြားတွင် အညိုရောင်၊ အမည်းရောင်ပြောင်းပြီးကျန်နိုင်ခြင်း (Post-inflammatory Hyperpigmentation)
● ဘက်တီးရီးယားပိုးဝင်ခြင်း (Secondary Bacterial Infection)
● ပြင်းထန်စွာ အရေပြားကွာကျပြီး အနာကြီးများဖြစ်ခြင်း (Severe Ulcerating Dermatitis)
● မျက်လုံးအတွင်းပိုင်းအထိပျံ့နှံ့ပါက ပြင်းထန်တဲ့ မျက်ကြည်လွှာရောင်ရမ်းခြင်း (သို့) ယာယီအမြင်အာရုံထိခိုက်ခြင်း
_______________________________________

🏥 ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းပြသင့်လဲ❓

❗ အဆိပ်ထိတွေ့မိတဲ့ နေရာက မျက်နှာ၊ မျက်လုံး (သို့) လိင်အင်္ဂါ လိုမျိုးသော နူးညံ့တဲ့ နေရာတွေ ဖြစ်လျှင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

❗ အဖုအပိမ့်၊ အနာဖုတွေက အလွန်ကြီးမားလျှင် (သို့) ခန္ဓာကိုယ်အနှံအပြား နေရာများစွာကို ထိမိလျှင်၊ အနာမှပြည်များထွက်ခြင်း၊ ဖျားနာခြင်းစတဲ့ ပိုးဝင်တဲ့လက္ခဏာတွေရှိလျှင်၊ ပြင်းထန်စွာ နာကျင်တာ(သို့) အလွန်အမင်း ယားယံတာကို အိမ်တွင်ကုသ၍ မသက်သာလျှင် မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်ပါတယ်။

လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနဲ့ တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မယ်။
_______________________________________

🛡️ မီးပိုးကောင်အဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ ❓

မီးပိုးကောင်အဆိပ်သင့်တာကို ကာကွယ်ဖို့ အဓိကနည်းလမ်းကတော့ မီးပိုးကောင်နဲ့ ထိတွေ့ခြင်းမှ ရှောင်ရှား ရန်ဖြစ်ပါတယ်။
● မီးပိုးကောင်တွေက အလင်းရောင်ကိုနှစ်သက်တာကြောင့် ညဖက်မှာ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားသင့်ပါတယ်။
● ညဘက် မီးမဖွင့်ခင် တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားသင့်ပါတယ်။
● အိပ်တဲ့အခါ ခြင်ထောင်ကို အသုံးပြုပြီး အိပ်စက်ပါ။
● ပြတင်းပေါက်နဲ့ တံခါးတွေမှာ ပိုးလုံဇကာ (Screens) များ တပ်ဆင်ပါ။
● ပိုးသတ်ဆေးဖြန်းတာ၊ အိမ်နီးနားတစ်ဝိုက်ရှိ အပင်ငယ်တွေ (သို့) ချုံနွယ်ပိတ်ပေါင်းတွေ ကို ရှင်းလင်းခြင်းဖြင့် ပိုးကောင်အရေအတွက်ကို လျှော့ချနိုင်ပါတယ်။
● အရေပြားပေါ်ကို ကျရောက်လာတဲ့ မီးပိုးကောင်ကို လက်နဲ့ဖိချေတာမျိုးမလုပ်ဘဲ မှုတ်ထုတ်တာ (သို့) စက္ကူဖြင့် ညင်သာစွာ ခါချတာမျိုး ပြုလုပ်ပါ။
● မီးပိုးကောင်လို့ သံသယရှိတဲ့ အကောင်ကို ကိုင်တွယ်မိပါက လက်နဲ့အရေပြားကို ဆပ်ပြာနဲ့ ရေအသုံးပြုပြီး ချက်ချင်း ဆေးကြောပါ။


#မီးပိုးကောင် #ကျိုင်းကောင် #ပိုးကောင်အဆိပ်

Address

No. 16, Shin Saw Pu Street Ahlone
Yangon
11121

Alerts

Be the first to know and let us send you an email when 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram