Dhama A Lin yaung ဆရာတော်

Dhama A Lin yaung ဆရာတော် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dhama A Lin yaung ဆရာတော်, Meditation Center, Yangon.

10/04/2025
10/04/2025

🙏🙏🙏

လူဆိုတာအပေါ်ယံလေး ကြည့်ပြီးသိဖို့မလွယ်ဘူးလောကလူဆိုတာ-အပေါ်ယံလေးကြည့်ပြီးတော့-လူ့အကြောင်း ကို မသိနိုင်ဘူး-တဲ့၊ မြတ်စွာဘုရ...
30/06/2024

လူဆိုတာ
အပေါ်ယံလေး ကြည့်ပြီး
သိဖို့မလွယ်ဘူး

လောကလူဆိုတာ-
အပေါ်ယံလေးကြည့်ပြီးတော့-
လူ့အကြောင်း ကို မသိနိုင်ဘူး-တဲ့၊
မြတ်စွာဘုရားက။

ဆိုပါစို့၊
-သပ်သပ်ယပ်ယပ် ဝတ်စားလာတယ်၊

-လူ က လာတဲ့အခါ
ကားလည်း ကောင်းကောင်း စီးလာတယ်ပေါ့။
ခုခေတ်၊

-တယ်လီဖုန်းနဲ့လာတယ်။

ဟာ ဒီကောင် သူဋ္ဌေး-လို့ သွားမထင်လိုက်နဲ့၊

ငှား ထားတာလည်း ဖြစ်ချင်ဖြစ်မယ် နော်။

အေး
အပေါ်ယံလေးကြည့်ပြီးတော့
သွားပြီးတော့ မဆုံးဖြတ်လိုက်နဲ့။

မှန်လိုက်တာပေါ့၊

အချို့ အဲဒီလိုလုပ်ပြီး ညာသွားတာတွေ
အများကြီးရှိတယ်လေ၊ အများကြီးရှိတယ်၊
ယုံလွယ်တဲ့သူတွေ ပါကုန်တယ်လေ။
ယုံလွယ်တဲ့သူတွေ ပါကုန်တယ်။

ဒါကြောင့်မို့လို့-
လောကကြီး ဟာ အလွန် သတိထား ရမယ်-လို့
ဒီလိုဆိုလိုတယ်ပေါ့။

လူဆိုတာတဲ့-
အပေါ်ယံလေးကြည့်ပြီးတော့ သိဖို့မလွယ်ဘူးတဲ့။
သူ့ရဲ့အရည်အချင်းက ပြောလို့ မရဘူး"-တဲ့။

တစ်ခဏလေး တွေ့လိုက်တဲ့လူကို
အရောဝင်ပြီးတော့ မယုံနဲ့-တဲ့။

အကဲမခတ်ဘဲနဲ့
တစ်ခဏလေး တွေ့လိုက်တာလေးနဲ့တင်
သွားပြီးတော့ အရောမဝင်လိုက်နဲ့။

လူဆိုတာ အမျိုးစုံ ရှိတယ်။
အဲဒီလို ယုံလို့
ဒုက္ခရောက်သွားတာတွေ ရှိတယ်လေ။

ထိပ်ချမှ ဓားပြမှန်းသိ-ဆိုတာမျိုး ဖြစ်ကုန်တယ်။

ကိုယ်ခံလိုက်ရပြီဆိုတော့မှ-
သြော် မိတ်ဆွေလို့ ထင်နေတဲ့ပုဂ္ဂိုလ်က
ကိုယ့်ရန်သူလုပ်တာလေ။

လောကကြီးမှာ အများကြီးပဲ၊
ဒီဇာတ်လမ်းတွေက။

ဒါကြောင့်မို့-
မြတ်စွာဘုရားက-
-အကျွမ်းမဝင်လိုက်နဲ့တဲ့၊
-အချိန်တိုလေးအတွင်း တွေ့လိုက်တာနဲ့ပဲ
လူတစ်ယောက်နဲ့ သွားပြီးတော့
အရောတဝင် မလုပ်ပါနဲ့တဲ့။

-လူတော်လူကောင်း အသွင်သဏ္ဌာန်တွေကို
ယူထားပြီးတော့
မိကောင်းဖခင် သားသမီးပဲဆိုတဲ့ပုံစံမျိုးတွေ
ချိုးထားတဲ့ပုံစံနဲ့ နော်၊

-ယဉ်ကျေးမှု မရှိတဲ့ပုဂ္ဂိုလ် တွေ
-ကိုယ်၊ နှုတ်၊ နှလုံးကို မစောင့်တဲ့လူဆိုးတွေ ဟာ-

တကယ့်ကို လူတော်လူကောင်း အသွင်သဏ္ဌာန် နဲ့ လောကကြီးမှာ လှည့်လည်နေတတ်တယ်-တဲ့။

သတိထားကြဖို့ဆိုတာကို
မြတ်စွာဘုရားက ဟောတာ။

-လူကဲခတ်ရမယ်၊
-လူတော်လူကောင်း အသွင်သဏ္ဌာန် ယူပြီးတော့-
မကောင်းတဲ့သူ တွေဟာ
လူကောင်း ယောင် ဆောင်ပြီးတော့
နေတတ်တယ်- ဒါကို သတိထားရမယ်။

အဲဒီတော့ လောကကြီး ဟာ-
-ဟန်ဆောင်ပန်ဆောင် နေတဲ့ဟာတွေက
လောကကြီးမှာ အများကြီးရှိတယ်လို့
ဒီလိုဆိုလိုတယ်။

ဒါကြောင့်မို့ အရာခပ်သိမ်းဟာ သတိနဲ့ထားပြီးတော့ လူကဲခတ်တတ်ကြရမယ်။

-ကိုယ်ကျင့်သီလကို သိချင်တယ်-ဆိုရင်
သူနဲ့အတူတကွ ပေါင်းသင်းဆက်ဆံပြီး၊
အသိပညာနဲ့ လေ့လာအကဲခတ်တတ်ရမယ်-နော်။

-လူတစ်ယောက်ရဲ့အကြောင်း-ဆိုတာကို သိချင်ရင်-
သူနဲ့အတူတကွ စကားပြောဆိုခြင်း
ဖြင့်သာလျှင် သူ့ကို သိနိုင်တယ်။

သေသေချာချာ-
လူတစ်ယောက်ရဲ့စွမ်းရည်သတ္တိဆိုတာလည်း
ဘေးရန်အန္တရာယ် ကြုံတဲ့အခါမှ-သိနိုင်တယ်။

လူတစ်ယောက်ရဲ့ အသိပညာဆိုတာလည်းပဲ
"ဆွေးနွေး တိုင်ပင်ခြင်း"ဖြင့်သာ သိနိုင်တယ်။

လောကမှာ-
ကြွားဝါ ပြောတတ်တဲ့ပုဂ္ဂိုလ်တွေကလည်း
အများကြီးနော်။

ဘေးရန်အန္တရာယ်ဆိုတာ-
-မကြုံခင်တော့ ဟုတ်သယောင်ယောင် ပြောပြီးတော့၊
-လေလုံးထွား ပြော၊

တကယ်လည်း လာတဲ့အခါကျတော့ အဲဒီပုဂ္ဂိုလ်တွေဟာ သူများထက် ပိုကြောက်တတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်။

အေး- ဒါကြောင့်မို့,

လောက လူတွေဆိုတာ
-အပြောနဲ့ချည်းပဲ ယုံရမှာ မဟုတ်ဘူး။
-ရုပ်ပြနဲ့လည်း ယုံရမှာ မဟုတ်ဘူး။

မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာ-

-ဒိဋ္ဌဓမ္မ=မျက်မှောက် ဘဝ-မှာလည်း
အသုံးကျတဲ့အရာ ဖြစ်တယ်။

-သံသရာဟိတ=တမလွန် ဘဝ-မှာလည်း
အသုံးကျတဲ့အရာဖြစ်လို့,

လောက လျှို့ဝှက်နက်နဲ ဆန်းကြယ်တဲ့
-လူတွေရဲ့နှလုံးသား၊ လူ့လောကထဲမှာနေကြတဲ့
-မိမိတို့ လူသားတစ်ယောက်ဟာ,

-မိမိကိုယ်တိုင် ရိုးသားအောင်ကျင့်ပြီးတော့
-ပတ်ဝန်းကျင်ကိုလည်းပဲ လေ့လာ အကဲခတ်ပြီးတော့

မှန်ကန်တဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းဖြင့်သာလျှင် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်မှာ ဖြစ်တယ်-လို့

ကိုယ်စီကိုယ်စီ သဘောကျပြီး
လိုက်နာ ကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။

မှီခိုရာ ကျမ်းကိုး
ပါမောက္ခချုပ် ဆရာတော်ကြီး-
🙏 🙏ဒေါက်တာ နန္ဒမာလာဘိဝံသ🙏
ဟောကြားတော်မူသော (လူကဲခတ်နည်း တရားတော်မှ)
#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

 #ကပ်ဆိုက်တယ်ဆိုတာသာမန်အကုသိုလ် မဟုတ်ပါဘူး။သတ္တဝါအားလုံးရဲ့တူညီတဲ့ အကုသိုလ်ကံကြောင့်ကပ်ဘေးဖြစ်တာပါ။ကပ်သုံးပါးဘေးဖြစ်တဲ့*...
29/06/2024

#ကပ်ဆိုက်တယ်ဆိုတာ
သာမန်အကုသိုလ် မဟုတ်ပါဘူး။

သတ္တဝါအားလုံးရဲ့
တူညီတဲ့ အကုသိုလ်ကံကြောင့်
ကပ်ဘေးဖြစ်တာပါ။

ကပ်သုံးပါးဘေးဖြစ်တဲ့
*ရောဂါပိုးမွှား ဘေး
*လက်နက် ဘေး
*ငတ်မွတ်ခေါင်းပါး ဘေး
ဒီသုံးခုလုံး
အကုန်ဖြစ်တတ်ပါတယ်။

သံသရာမှာ ပြုလုပ်ခဲ့ဖူးတဲ့
အကြီးစား အကုသိုလ်ကြီးတွေ
ဝင်ရောက် အကျိုးပေးတတ်တာမို့
သာမန်ကုသိုလ်နဲ့တောင်
မရလောက်ပါဘူး။

ဘုရား တရားလုပ်လို့ ပြောတာဟာ
အကြောင်းမဲ့ မဟုတ်ပါဘူး။

အခုဖြစ်နေတဲ့ ကပ်သုံးပါးဘေးဟာ
နေရာမျိုးစုံမှာ
ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။

ဘယ်နေရာမှာ ပိုးရှိပြီး
ဘယ်သူ့ဆီကနေ ကူးမယ်
ဘယ်နေရာမှာ
မထင်မှတ်တဲ့ အန္တရာယ်
ပေါ်လာနိုင်တယ် ဆိုတာ
ဘယ်သူမှ ကြိုပြီး မသိနိုင်ကြဘူး။

လူတွေ
ဘုရား တရား လုပ်ပြီဆိုရင်
ကိုယ်စောင့်နတ် နဲ့
သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့
စောင့်ရှောက်မှုကို ခံရပါတယ်။

သူတို့က
ဘယ်နေရာမှာ ဘယ်လို ပိုးကူးနိုင်တယ်
ဘယ်လိုကြောင့်
အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို
သိတယ်။

ဒါကြောင့်
ဘေးမကျရောက်အောင်
သူတို့က
သူတို့နိုင်တျတဲ့ဘကျကနေ
ကူညီကြတယ်။
စောင့်ရှောက်ကြတယ်။

နတ်တွေရဲ့ စောင့်ရှောက်မှုကို ရဖို့
ဘုရား တရား ပိုလုပ်ကြရမယ်။

သေနေ့စေ့လို့
ကံပါလာတာကလွဲရင်
ဗုဒ္ဓဘာသာဝင်တိုင်း
ဘုရား တရားလုပ္လို့
အသက်အန္တရာယ်တွေကနေ
လွတ်မြောက်ကြရတာ
တော်တော်များများ ကြုံဘူးကြမှာပါ။
ကြားဘူးကြမှာပါ။
ဖြစ်တော့မှလုပ်တာထက်
ကြိုတင်လုပ်တာပိုကောင်းပါတယ်။

နှစ်နှစ်ကာကာယုံကြည်ရင်
ပိုပြီးအစွမ်းထက်ပါတယ်။
ကျေးဇူးရှင် ယောဆရာတော်ဘုရားကြီး 🙏

🙏
#မေတ္တာဖြင့်
#ဓမ္မဒါန

တချို့လူတွေနဲ့ စကားမပြောဖြစ်တော့ဘူး။ပြောစရာ စကားမရှိတော့လို့ မဟုတ်ဘူး။ကိုယ်ပြောတဲ့စကားတွေအတွက် သူတို့ရဲ့ အဓိပ်ပါယျ ဖွင့်...
29/06/2024

တချို့လူတွေနဲ့ စကားမပြောဖြစ်တော့ဘူး။
ပြောစရာ စကားမရှိတော့လို့ မဟုတ်ဘူး။

ကိုယ်ပြောတဲ့စကားတွေအတွက်
သူတို့ရဲ့ အဓိပ်ပါယျ ဖွင့်ဆိုချက်ကို
မနှစ်သက်လို့။

တချို့လူတွေနဲ့ မတွေ့ဖြစ်တော့ဘူး။
တွေ့စရာအကြောင်း မရှိတော့လို့ မဟုတ်ဘူး။

သူတို့နဲ့ တွေ့ဆုံခြင်းအပြီးမှာ
ကိုယ့်အတွက် အဆိပ်သက်သက်ပဲ ကျန်ခဲ့တတ်လို့။

တချို့လူတွေကို သည်းမခံတော့ဘူး။
သည်းခံစိတ် ကုန်ဆုံးသွားလို့ မဟုတ်ဘူး။

ကိုယ့်သည်းခံခြင်းအတိုင်းအတာရဲ့
စိုးရိမ်ရေမှတ်ကို သူတို့
ကျော်ဖြတ်သွားခဲ့တာ ကြာပြီဖြစ်လို့။

တချို့လူတွေကို မမှတ်မိတော့ဘူး။
မေ့လျော့တတ်တဲ့ စိတ်ကြောင့် မဟုတ်ဘူး။

ကိုယ့်အတွက် အခွံ့သက်သက်
အနှစ်သာရတွေကို သူတို့ မျက်လုံးတွေထဲမှာ
ဖတ်တတ် သွားလို့။

ကိုယ့်ပေါ်ကို လေးနက်မှုမရှိရင်
ကိုယ့်ကလည်း အလေးမထားတော့ပါဘူး.......။

လှူတဲ့သူကလည်း လောဘနဲ့လှူတယ်ယူတဲ့သူကလည်း လောဘနဲ့ယူတယ်ဩ ..ငါတို့တွေဟာ လောဘကုန်သည်တွေလား။ဒီလိုတော့ မဖြစ်ချေဘူးတို့ရည်မှန်းတ...
28/06/2024

လှူတဲ့သူကလည်း လောဘနဲ့လှူတယ်
ယူတဲ့သူကလည်း လောဘနဲ့ယူတယ်

ဩ ..
ငါတို့တွေဟာ လောဘကုန်သည်တွေလား။

ဒီလိုတော့ မဖြစ်ချေဘူး
တို့ရည်မှန်းတဲ့ပန်းတိုင်နဲ့ ဝေးချေတော့မယ်။

တို့ရည်မှန်းတဲ့ပန်းတိုင်က
လောဘကို ပယ်တယ်။

ဒီတော့
တို့တတွေဟာ
ပေးလှူတဲ့အခါမှာလည်း လောဘမပါစေနဲ့။

ဒီလိုပေးလှူလို့ လူချမ်းသာ နတ်ချမ်းသာဖြစ်ရပါလိုဆိုတဲ့
လောဘတွေ မဖြစ်စေနဲ့။

ပစ္စည်းဥစ္စာအပေါ် တပ်မက်မှုကင်းတဲ့
အလောဘနဲ့ လှူ။

ဘာမှ မတည်မြဲပါလားဆိုတဲ့
အနိစ္စကို ဆင်ခြင်၍ လှူ။

ယူတဲ့သူကလည်း လောဘမပါစေနဲ့။
ကြိုက်လို့ယူရင် လောဘ။
မလိုအပ်ပဲ ကြိုက်စိတ်နဲ့သုံးဆောင်ရင် လောဘ။

မိမိခန္ဓာကိုယ် စောင့်ရှောက်ဖို့လုံလောက်ရုံ
အလောဘဖြင့် ယူ။

အလှူရှင်တွေ စေတနာပြည့်ပါစေဆိုတဲ့
မေတ္တာ စေတနာဖြင့်သာ ခံယူ။

မတည်မြဲခြင်း အနိစ္စကိုဆင်ခြင်၍
လက်ခံယူငှင်စေ။

လှူသူကလည်း လောဘ
ယူသူကလည်း လောဘသာဆိုရင်
လောဘကုန်သည်တွေဖြစ်လို့ ..
တို့တတွေရဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ကြီးဖြစ်နေလိမ့်မယ်။

လူချမ်းသာ နတ်ချမ်းသာစတဲ့ ကောင်းတဲ့ဘဝတွေဟာ
သူ့အလိုလိုသာ ရလာလိမ့်မယ်။

လောဘကြီးနဲ့မျှော်မှ ရတာမဟုတ်ဘူး
အလောဘ အမောဟတွေနဲ့သာလှူ
ကောင်းတာ အကုန်ရပါတယ်
မလိုချင်လို့ ပယ်ရင်သာ ပယ်ရလိမ့်မယ်။

ဒီတော့ ...
လောဘကုန်သည် မဖြစ်ကြစေနဲ့။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

စိတ်ချလို့လား မတန်လို့လား-----------------ဒီနှစ်တွေထဲမှာပဲစစ်ကိုင်းတိပိဋက ဆရာတော်ဗန်းမော်ဆရာတော်ကြီးမြစင်္ကြာဆရာတော်ကြီး...
28/06/2024

စိတ်ချလို့လား မတန်လို့လား
-----------------

ဒီနှစ်တွေထဲမှာပဲ

စစ်ကိုင်းတိပိဋက ဆရာတော်
ဗန်းမော်ဆရာတော်ကြီး
မြစင်္ကြာဆရာတော်ကြီး
စည်ရှင်ဆရာတော်ကြီး
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဝင်းနိမ္မိတာ ဆရာတော်ကြီး
(တခြားပရိယတ္တိ ပဋိပတ္တိ အကျော်ဒေယျ မထင်မရှားဆရာတော်ကြီးတွေလည်း) အများကြီးရှိသေးတယ်။

တခေတ်တပါးဆိုရလောက်အောင် ပရိယတ္တိ ပဋိပတ္တိအတွက် အကျော်ဒေးယျ ဆရာတော်ကြီးတွေ ဆက်တိုက်ကို ပျံလွန်တော်မူခဲ့ကြတယ်။

သာသနာတော်အတွက် အားတွေဆုတ်ယုတ်ကုန်သလို

သီလ သမာဓိပညာနဲ့ ထိမ်းကွပ်ထားတဲ့ လူသားတွေအတွက်လည်း အကာအကွယ်တွေ မဲ့ကုန်သလိုဖြစ်ခဲ့ကြတယ်။

အနိစ္စလို့ မြတ်ဗုဒ္ဓဟောကြားထားတဲ့အတွက် ဆုတောင်းလို့လည်း မရနိုင်လောက်ဘူး။

သံဝေဂယူဖို့ကျတော့လည်း အရိယာမဟုတ်တော့ ဝမ်းနည်းစိတ်က ထိမ်းမရဘူး၊ မျက်ရည်လေးတွေဝဲရပြန်တယ်။

သူတော်ကောင်းကြီးတွေဟာ လောကီအမိုက်သားတွေကို
စိတ်ချလို့ထားခဲ့တာပဲလား
မတန်လိုထွက်သွားကြတာပဲလားဆိုတာတော့ ဘယ်သူမှ သိနိုင်မယ်မထင်ဘူး။

လောကကြီးအတွက် သီလ သမာဓိပညာဟာ မပျက်စီးအောင် ဘောင်ခတ်ပေးထားတာ။

စိတ်ချလို့ ထားခဲ့တာမဟုတ်ပဲ မတန်လို့ထွက်သွားကြတာဆိုရင်တော့ ဒီထက်ပိုပြီး ပူလောင်မှူ့တွေ ကြုံတွေ့ကြရလိမ့်ဦးမယ် ဆိုတာ ဗေဒင်မေးစရာမလိုဘူး။

ကိုယ့်အတွက် ကုသိုလ်တရားတွေသာ ပိုပြီးတိုးလုပ်ကြဖို့ အထူးတိုက်တွန်းပါတယ်။

ဦးမြင့်ခိုင်

 #ရခဲလှတဲ့_လူ့ဘဝမှာ_နေနည်း ~~~~~~~~~~~~~ သူတော်ကောင်းတို့တစ်တွေကတော့ ကံကောင်းလို့  လူ့ဘဝ  ရလာကြပြီ။    လူ့ဘဝရောက်ဖို့ဆို...
25/06/2024

#ရခဲလှတဲ့_လူ့ဘဝမှာ_နေနည်း
~~~~~~~~~~~~~
သူတော်ကောင်းတို့တစ်တွေကတော့ ကံကောင်းလို့ လူ့ဘဝ ရလာကြပြီ။ လူ့ဘဝရောက်ဖို့ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘဝကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ ဘယ်လိုနေကြမလဲ။

တစ်ချို့က ပြောကြတယ်။ ငွေကြေး စီးပွားဥစ္စာတွေ တိုးတက်အောင် လုပ်မယ်။ ရာထူးဂုဏ် မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ ၊ အောင်မြင်ကျော်ကြားအောင် ကြိုးစားမယ်။

အခြံအရံ ပေါကြွယ်အောင်လုပ်မယ်။ ဒီလိုနဲ့ ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်လို့၊ အောင်မြင်ကျော်ကြားလို့၊ ရာထူးရာခံတွေ မြင့်မားလို့၊ အခြံအရံတွေ ပေါများနေရင် ဘဝမှာ နေပျော်ပါပြီလို့ ပြောကြတယ်။ ဒါက တကယ့် ဘဝနေနည်း ဟုတ်ရဲ့လား။

***လူ့ဘဝမှာ နေနည်း သုံးနည်းရှိတယ်***

၁။ ယုတ်ညံ့သောနေနည်း

ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးတို့ အပေါ်မှာ ယုံကြည် သက်ဝင်မှု အားနည်းပြီး လိုက်နာကျင့်သုံးမှု မရှိသူ။ ရှာဖွေရရှိထားတဲ့ ဥစ္စာပစ္စည်းတို့ကိုလည်း ပေးကမ်းလှူဒါန်းခြင်း မရှိသူ။

ကာမဂုဏ်တို့မှာ မွေ့လျော်ပျော်ပါး လိုက်စား၍ အကျိုးကျေးဇူးမဲ့ ဘဝကို အချည်းနှီး ကုန်လွန်စေတဲ့သူ။ မိမိကိုယ်တိုင် ပစ္စုပ္ပန်သံသရာ အကျိုးမဲ့၊ သူတစ်ပါး အတွက်လည်း အကျိုးမပြုနိူင်သော နေနည်းကို ယုတ်ညံ့သောနေနည်းနှင့် နေထိူင်ကြသူများလို့ ပြောနိူင်ပါတယ်။

၂။ မြင့်မြတ်သောနေနည်း

ရတနာသုံးပါးအပေါ်မှာ ရိုသေကိုင်းရှိုင်းပြီး မိဘဆရာသမား၊ ဆွေမျိုးမိတ်ဆွေတို့ အပေါ်မှာ လေးစားအားကိုးလောက်စေခြင်း၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးကျေးဇူးဖြင့် အတ္တဟိတ၊ ပရဟိတအကျိုးကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဟာ မြင့်မြတ်သောနေခြင်း ဖြစ်ပါတယ်။

၃။ လွတ်မြောက်အောင်နေနည်း

ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောလောကမှ လွတ်မြောက်အောင် ဝိပဿနာတည်းဟူသော သံသရာလွတ်ကြောင်း တရားတို့ကို ကြိုးစားအားထုတ်သဖြင့် ယခု ပစ္စက္ခဘဝမှာပင်လျှင် အရဟတ္တမဂ်ရေစင်တို့ကို သောက်သုံးနိူင်တဲ့ ဝီရိယ စွမ်းအားတို့ကြောင့် နောင်တစ်ဖန် ခန္ဓာမလာနိူင်အောင် ကြိုးစားအားထုတ်နိူင်လျှင် လွတ်မြောက်အောင် နေနည်းနဲ့ နေထိုင်သူများ ဖြစ်ပါတယ်။

လူတွေက တစ်သံသရာလုံးကပါတဲ့ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်း ရှိပါတယ်။ အကျင့်ဆိုး ဝါသနာဆိုးတာ စွန့်နိူင်ခဲတယ်။ ကျင့်ဖန်များလာရင် စရိုက်လို ဖြစ်လာတယ်။

အဲဒီစရိုက်ကနေ မလုပ်ရရင်မနေနိူင်၊ မပြောရရင် မနေနိူင်တဲ့ ဝါသနာအဖြစ်ကို ပြောင်းလဲသွားတယ်။

ကောင်းမွန်တဲ့ တရားဘက်ကို လှည့်နိူင်ဖို့ မိမိတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်မှ စရိုက်ကောင်း၊ ဝါသနာကောင်းတွေကို ပြောင်းလဲနိူင်အောင် ခန္ဓာအရှိကို ဉာဏ်အသိနဲ့မြင်အောင် အကျင့်စရိုက်ဝါသနာကို ဉာဏ်ပညာနဲ့ ပြောင်းနိူင်မယ်။

ဘုရားအဆုံးအမ ကိန်းအောင်ကျင့်ရမယ်။ ဘုရား အဆုံးအမတွေက အရှိ အမှန်တရားတွေ သာသနာတွင်းသားဖြစ်ချင်ရင် ကိုယ့်သီလကို ကိုယ်တိုင်စစ်ဆေး။

ကိုယ့်မှာရှိနေတဲ့ စရိုက်ဆိုးတွေကို မြင်အောင်ကြည့်ပြီး ချိုးနှိမ်နိူင်ခြင်းဖြင့် သူတော်ကောင်း ဖြစ်မဖြစ် စစ်ဆေးကာ မြတ်သော ၊ လွန်မြောက်သော၊ လွတ်မြောက်သော နေနည်းနဲ့ နေထိုင်ကြသူများ ဖြစ်နိူင်ကြပါစေသတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
စကားလက်ဆောင် တရားလက်ဆောင်-၁၇မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်🙏

#ကုသိုလ်ရတယ် ဆိုတာ. . . ဘာလဲ?


မြန်မာလူမျိုး တွေ အပြောအဆို ရှိကြတယ် - - -

ဟေ့...ကုသိုလ်ရတယ် လို့ . . .

ကဲ - ကုသိုလ် ရတယ်ဆိုတာ
ဘာ ရတာကို ပြောတာ တုန်း . . . .

ပိုက်ဆံ ရတယ် ဆိုရင်တော့ သိတယ် - -
လက်ထဲမှာ ပိုက်ဆံတွေ
တစ်ထုပ်ကြီး ရသွားတယ် . . . .

ငွေရတယ် ဆိုရင် သိတယ်နော် ! . . .

ကုသိုလ် ရတယ် ဆိုတာ ကျတော့ - -
ဘယ်လို ရတာ တုန်း . . . .

ကုသိုလ်ဆိုတာ ဘယ်လိုဟာတုန်း လို့
စဉ်းစားဖို့ လိုတယ် နော် ! . . . .

ကုသိုလ် ဆိုတာ
ပါဠိလို - ကုသလ ဆိုတဲ့ စကားက လာတာ - - -

ကုသလ ဆိုတဲ့ ပါဠိစကားကို
မြန်မာမှု ပြုပြီး ကုသိုလ် ဖြစ်လာတာ - - -

ဒီ စကားလုံးလေးကို အဓိပ္ပာယ် မပြန်ဘဲနဲ့
ကုသိုလ် လို့ ဆိုထားတာ . . . .

အဲဒီတော့ . . .ဒီစကားလုံးလေးကို
အဓိပ္ပာယ် ရှင်းပြ ရမယ် ဆိုရင် - - -

ကု ရယ်၊ သလ ရယ် နှစ်မျိုး ခွဲလိုက်ပါ . . . .

ကု ရဲ့ အဓိပ္ပာယ်က အဆိုးတရားများ တဲ့ - - -

သလ ဆိုတာ
ဖယ်ရှား ဖျက်ဆီးနိုင်တဲ့ သဘောတရား - - -

အဆိုးတရား တွေကို
ဖယ်ရှားနိုင်တဲ့ အရာကို
ကုသိုလ် လို့ ခေါ်တာနော် ! . . . . . . . . .

_________________________
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

သာဓု သာဓု သာဓုပါဘုရား
🙏🙏🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓမ္မဒါန ကုသိုလ်ဖြစ်
မျှဝေပူဇော်ပါသည်။

လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ🙏


~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒုက္ခဆင်းရဲသလို သုခလည်းဆင်းရဲတာပဲ။ဒုက္ခဆိုတာ ရွာထဲမှာဓါးနဲ့အခုတ်ခံရတာမျိုးသုခကတော့ ဆေးရုံမှာ ထုံဆေးနဲ့အခွဲခံရတာမျိုး။တစ်...
25/06/2024

ဒုက္ခဆင်းရဲသလို
သုခလည်းဆင်းရဲတာပဲ။

ဒုက္ခဆိုတာ ရွာထဲမှာ
ဓါးနဲ့အခုတ်ခံရတာမျိုး
သုခကတော့
ဆေးရုံမှာ ထုံဆေးနဲ့အခွဲခံရတာမျိုး။

တစ်ကယ်တော့
ဒုက္ခပျက်သလို
သုခလည်း ပျက်နေတာပဲ မမြဲဘူး။

သုခက
ရေအိုးအောက်က ကရွတ်ခွေလို
အေးအေးလေးနဲ့ဆွေးပြီးပျက်တာ။

ဒုက္ခကတော့
မီးဖိုခွင်က ကရွတ်လိုပေါ့ပူကြွပ်ပြီးပျတ်တာ။

ဒုက္ခဆင်းရဲသလို
သုခလည်းဆင်းရဲတာပဲ. .။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

လောကီစည်းစိမ်ရဲ့ အထွဋ်အထိပ်က လိုချင်တာ
လောကုတ္တရာစည်းစိမ်ရဲ့ အထွဋ်အထိပ်က မလိုချင်တာ

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး🙏🙏🙏

သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်။ ကံဟာ ကြောက်စရာကောင်းသလား။တဏှာဟာ ကြောက်စရာကောင်းသလား ဆိုတော့ တဏှာက ကြောက်...
25/06/2024

သံသရာဆိုတာ ကိုယ်ဆုံး
ချင်တဲ့အချိန် ဆုံးနိုင်တယ်။

ကံဟာ ကြောက်စရာ
ကောင်းသလား။

တဏှာဟာ ကြောက်စရာ
ကောင်းသလား ဆိုတော့

တဏှာက ကြောက်စရာ
ကောင်းတာ။

ခင်ဗျားတို့ကတော့ အကုသိုလ်ကံ
နှိပ်စက်မှာ ကြောက်လိုက်ကြတာ။
တဏှာကို ကြောက်တယ်လို့မပါဘူး။

အကုသိုလ်ကံ အကျိုးပေးလို့
ဒိုင်းကနဲသေမှာ စီးပွားရေး ပျက်သွား
မှာပဲ ခင်ဗျားတို့ကြောက်နေကြတာ။

တစ်သက်လုံး မုဆိုးလုပ်စားနေတဲ့
မုဆိုးကြီးဟာ အကုသိုလ်ကံတွေ
မနည်းဘူး လုပ်ထားတာ။

သို့သော်လည်း ဘုရားနဲ့တွေ့လို့
ဘုရားရဲ့တရားကိုနာပြီး ဝိပဿနာ
အလုပ် လုပ်လိုက်တော့

အဲဒီ အကုသိုလ်ကံတွေဟာ
အကျိုး ဆက်မပေးနိုင်တော့ဘူး။
ဘာဖြစ်လို့လဲ။ တဏှာချုပ်သွားလို့။

ဒီတော့ ခင်ဗျားတို့တတွေ
ကုသိုလ်ကံတွေကိုလည်း
ဒီလောက် အားကိုးစရာမလိုပါဘူး။

အကုသိုလ်ကံတွေကိုလည်း
ဒီလောက်ကြောက်စရာ မရှိပါဘူး။

ခင်ဗျားတို့ ဘဝများစွာက ၀ဋျထဲ
လည်မယ့် ၀ဋျ ကုသိုလ်ကံတွေ
အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။

အဲဒီ အကုသိုလ်ကံတွေကို
မကြောက်ပါနဲ့။

ဘ၀ဆက်တတ်တဲ့ တဏှာသေရင်
အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံတွေ
ဟာ အဟောသိကံ ဖြစ်ပါတယ်။
အကျိုးမပေးတော့ပါဘူး။

တဏှာ ခေါင်းဆောင်တဲ့
ကံကသာ အကျိုးပေးနိုင်တော့

ခေါင်းဆောင် တဏှာကို
သတ်လိုက်ရင် ကံက
မဆက်နိုင်တော့ပါဘူး။

သံသရာဆိုတာ ကိုယ်က
မဆုံးချင်ရင် ဘယ်တော့မှမဆုံးဘူး။
ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်။

အဆုံးစွန်သော ဘ၀ဆိုတာ
ဘယ်လောက်ကြာမှ ဆုံးမယ်
မသိဘူး။

တို့ဒကာတွေ သံသရာ
ကြာချင်သလောက် ကြာ

အဆုံးတော့ မီမှာပဲလို့ အောက်မေ့
နေကြသလား မပြောတတ်ဘူး။

ရယ်စရာတော့
ကောင်းနေတော့တယ်။

ကိုယ်က မဆုံးချင်ရင်
ဘယ်တော့မှ မဆုံးဘူးဆိုတာ
တစ်ထစ်ချ မှတ်လိုက်ကြ။

သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့
အချိန် ဆုံးနိုင်တယ်။ နိဗ္ဗာန်ဟာ
ဆုံးတဲ့အချိန် ရတာပဲ။

ဒါကြောင့် ဒီနေ့ကစပြီး
ရှေးမူတွေ ဖျက်ကြ။

သူများယောင်လို့ ယောင်
အမောင် တောင်မှန်းမသိ မြောက်
မှန်းမသိ ဆိုသလိုဖြစ်နေကြမယ်။

နိဗ္ဗာန်ဆိုတာ တောင်းလို့ရတာမျိုး
မဟုတ်ဘူး။ တောင်းလို့ရရင် ကူပြီး
တောင်းပေးပါရဲ့။

မိုးကုတ်ဆရာတော်ဘုရားကြီး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dhama A Lin yaung ဆရာတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram