De Heus Myanmar Limited

De Heus Myanmar Limited အစာအရည်အသွေးတည်ငြိမ်ခြင်းမှသည် ယုံကြည်စိတ်အချရဆုံး မွေးမြူရေးအစာအမှတ်တံဆိပ်ဆီသို့။

Since 1911, from the grain mill in Barneveld the Netherlands, De Heus Animal Nutrition has grown into an international leading producer and exporter of complete ranges feeds, concentrates and premixes. Due to the rapid growth outside the Netherlands the De Heus Group is a global top-15 feed supplier with over 4,200 employees, represented in 50 countries. We have plants in The Netherlands, Poland, Czech Republic, Serbia, Portugal, Spain, Vietnam, Myanmar, Russia, Brazil, South Africa, Egypt and Ethiopia. Royal De Heus has been growing rapidly and is now a global top-15 feed supplier. De Heus focuses on producing high quality animal feeds for Pigs, Cattle, Poultry, (chicken, duck and quail) and Aqua (fish, shrimp…). We always aim to respond on time to the market requirements and customers’ demand. With a strong focus on innovation and feed efficiency, De Heus ensures that its customers receive the best and quickest technical support and helps them to reduce their cost price. We opened our first factory in Myanmar on 1 October 2016 and see plenty of opportunities in the Golden Land!

"နွားလေးနဲ့ဒိတ်မယ်" 🐄====x=====x====="အချစ်မှာမျက်စိမပါဘူး" ဆိုတာဒါမျိုးကိုပြောတာနေမှာ။ 😂 တကယ်တမ်း အချစ်ဆိုတာကလည်း "နွား...
14/02/2026

"နွားလေးနဲ့ဒိတ်မယ်" 🐄
====x=====x=====
"အချစ်မှာမျက်စိမပါဘူး" ဆိုတာ
ဒါမျိုးကိုပြောတာနေမှာ။ 😂
တကယ်တမ်း အချစ်ဆိုတာကလည်း "နွားစာကျွေးသလို" ပါပဲ။ စိတ်ရှည်လက်ရှည်နဲ့အကောင်းဆုံးတွေကျွေးမွေးဂရုစိုက်မှ "နို့ထွက်နှုန်း" တက်လာသလိုမျိုး "အချစ်တက်နှုန်း" တွေမြင့်လာမှာပါ။
အချစ်ကရယူခြင်းဆိုပေမယ့် "ဒီဟတ်(စ်)မြန်မာ" ကတော့ ပေးဆပ်ခြင်းကိုပဲရွေးချယ်ပါတယ်။ မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်တွေ စိတ်ချမ်းသာဖို့အတွက် အရည်အသွေးအကောင်းဆုံးအစာတွေ၊ အာဟာရတွေနဲ့ အမြဲတမ်းပေးဆပ်နေမှာပါခင်ဗျာ။ 💙

#ချစ်သူများနေ့

(၇၉) ကြိမ်မြောက်ပြည်ထောင်စုနေ့======x======x=====x==မတူကွဲပြားခြားနားတဲ့ ရိုးရာဝတ်စုံတွေ၊ ဘာသာစကားတွေနဲ့ ဓလေ့ထုံးတမ်းအစဉ...
11/02/2026

(၇၉) ကြိမ်မြောက်ပြည်ထောင်စုနေ့
======x======x=====x==
မတူကွဲပြားခြားနားတဲ့ ရိုးရာဝတ်စုံတွေ၊ ဘာသာစကားတွေနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ ကျွန်တော်တို့ "ပြည်ထောင်စုမြန်မာနိုင်ငံ" ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အလှတရားတွေပဲဖြစ်ပါတယ်။
ပင်လုံကတိကဝတ်ကိုအရင်းခံပြီး တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လက်တွဲခဲ့ကြတဲ့အင်အားဟာ မြန်မာပြည်သားအားလုံးရဲ့ အနာဂတ်အတွက်ခွန်အားတစ်ခုပဲမဟုတ်ပါလား။ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုတွေနဲ့အတူ သာယာဝပြောတဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကျွန်တော်တို့တွေအတူတူ ပုံဖော်ကြပါစို့။
ယနေ့ကြရောက်တဲ့ (၇၉) ကြိမ်မြောက် "ပြည်ထောင်စုနေ့အခမ်းအနား" ကို ကျွန်တော်တို့ ဒီဟက်(စ်)မြန်မာလီမိတက်မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

#ပြည်ထောင်စုနေ့ #ပင်လုံစာချုပ်

09/02/2026

ဖမ်းရခက်တဲ့ကြက်ပေါက်
====x====x====x====
တခါတခါ ကြက်ပေါက်က "ရွှေ" ထက်ရှားတယ်ဗျာ။
လိုချင်တဲ့အချိန်မရတာကပိုဆိုး။ ဖမ်းရခက်လွန်းလို့ အသည်းယားစရာကောင်းနေတဲ့ ကြက်ပေါက်ကလေးကို Game လေးတစ်ခုအနေနဲ့ ဖမ်းကြည့်ကြရအောင်!
သေသေချာချာစိတ်ရှည်ရှည်နဲ့အချိန်ကိုက်ပြီးဖမ်းနိုင်ရင်တော့ ကြက်ပေါက်ကလေးတွေကိုမိကြမှာပါ။
Pause ကို အချိန်ကိုက်နှိပ်ပြီး ကြက်ကလေးကို သူ့နေရာသူ ပြန်ရောက်အောင် လုပ်ပေးနိုင်တဲ့သူ ရှိခဲ့မယ်ဆိုရင်တော့ Screenshot လေးရိုက်ပြီး Comment လေးပေးခဲ့ပါဦးဗျာ။

#ကြက်ပေါက် #ကြက်စာ #ကြက်မွေးမြူရေး

ခဏလေး ခဏလေး ကျော်မသွားနဲ့ဦး။=====x=====x=====x=====ဒါက ရိုးရိုးနွားစာမဟုတ်ပါဘူး။ နို့စားနွားမကြီးတွေရဲ့ ကျန်းမာရေးနဲ့ နိ...
02/02/2026

ခဏလေး ခဏလေး ကျော်မသွားနဲ့ဦး။
=====x=====x=====x=====
ဒါက ရိုးရိုးနွားစာမဟုတ်ပါဘူး။
နို့စားနွားမကြီးတွေရဲ့ ကျန်းမာရေးနဲ့ နို့ထွက်နှုန်းကို အမြင့်ဆုံးအထိ တွန်းတင်ပေးနိုင်တဲ့ "ထူးရှယ်နွားစာ" ပါ။
ဘယ်လိုထူးရှယ်နွားစာမျိုးလဲဆိုရင်...
📈 နို့ထွက်ပမာဏတိုးခြင်း
နွားနို့ထွက်နှုန်းကို သိသာစွာတိုးတက်စေပြီး သင့်ခြံရဲ့တစ်နေ့တာ နို့ထွက်ပမာဏကို အံ့မခန်းမြှင့်တင်ပေးပါတယ်။

🥛 နို့အရည်အသွေးအကောင်းဆုံးဖြစ်ခြင်း
နို့မှာပါဝင်တဲ့အဆီဓာတ်၊ ပရိုတင်းဓာတ်တို့ကို မြှင့်တင်ပေးလို့ သင့်နွားနို့တွေဟာ ဈေးကွက်မှာအမြင့်ဆုံးတန်ဖိုးကို ရရှိနေမှာဖြစ်ပါတယ်။

❤️ နွားမကြီးများကျန်းမာခြင်း
ကျန်းမာသန်စွမ်းတဲ့ နွားမကြီးတွေကသာ ရေရှည်မှာ နို့ကောင်းကောင်းပေးနိုင်မှာဖြစ်လို့ 5971 က နို့ထွက်နှုန်းတစ်ခုတည်းကိုသာမက နွားမကြီးတွေရဲ့ကျန်းမာရေးကိုပါရေရှည်မှာကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

💸 ရင်းနှီးမြှုပ်နှံသလောက်ပြန်ရခြင်း
နို့ထွက်နှုန်းနဲ့အရည်အသွေး ကောင်းလာတာနဲ့အမျှ သင်ရင်းနှီးမြှုပ်နှံထားတဲ့ နွားစာဖိုးဟာ လျင်မြန်စွာ ပြန်လည်အကျိုးအမြတ်ရရှိစေမှာပဲဖြစ်ပါတယ်။
ဒီဟတ်(စ်)ရဲ့ 5971 အဆင့်မြင့်နို့စားနွားအစာကို အသုံးပြုခြင်းအားဖြင့်
✅ နွားမကြီးတွေရဲ့ ကျန်းမာရေးကိုပိုကောင်းမွန်လာမယ်။
✅ နို့ထွက်နှုန်းလဲပုံမှန်ထက်ပိုတိုးလာမယ်။
✅အရည်အသွေးကောင်းတဲ့နွားနို့တွေကြောင့်ဈေးကောင်းလည်းရမယ်။
👍နို့များများရလေ အကျိုးအမြတ်ပိုမိုရလေဖြစ်လာတာကြောင့် အခုပဲ ဒီဟတ်(စ်) 5971 ကိုရွေးချယ်သုံးစွဲလိုက်ပါ။
📲 ဝယ်ယူရရှိချင်တဲ့သူတွေအနေနဲ့ ဒီလင့်ခ် (m.me/deheusmyanmar) လေးကိုသာနှိပ်ပြီးဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးပါ့မယ်ခင်ဗျာ။

#နွားစာ #နို့စားနွားစာ #နို့ပေးစာ #နွားမွေးမြူရေး

ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော အသား၊ ငါး ကဏ္ဍကို ဖော်ဆောင်ပေးနေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်အရောင်းကိုယ်...
22/01/2026

ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော အသား၊ ငါး ကဏ္ဍကို ဖော်ဆောင်ပေးနေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်အရောင်းကိုယ်စားလှယ်များအား ဒီဟတ်(စ်)မြန်မာမှ အထူးဂုဏ်ပြုမှတ်တမ်းတင်ခြင်း။
=====x=====x=====x=====x=====
စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေတဲ့ ယခုအချိန်ကဲ့သို့သောအခြေအနေများကြားတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို အမြဲမပြတ်ရရှိနိုင်စေရန် နောက်ကွယ်မှ မနားမနေကြိုးပမ်းအားထုတ်နေကြသူများမှာ ကျွန်ုပ်တို့ရဲ့ မွေးမြူရေးလုပ်ငန်းရှင်များနှင့် အစာအရောင်းကိုယ်စားလှယ်များပဲဖြစ်ကြပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင်ကြုံတွေ့ခဲ့ရသော အခက်အခဲပေါင်းစုံကို ဒီဟတ်(စ်)မြန်မာနဲ့အတူ လက်တွဲကျော်ဖြတ်ရင်း မြန်မာနိုင်ငံ၏နေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြသော မွေးမြူရေးလုပ်ငန်းရှင်များအား ဂုဏ်ပြုသောအားဖြင့် "Customers' Event 2025" ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ခမ်းနားစွာဖြင့် ကျင်းပပြုလုပ်ပေးခဲ့ပါတယ်ခင်ဗျာ။
🥩 အသား၊ ငါး၊ နို့ နှင့် ဥ အမျိုးမျိုးကိုဖန်တီးပေးနေသူများ 🥩
မွေးမြူရေးလုပ်ငန်းရှင်များသည် သာမန်လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေခြင်းထက် ပိုမိုလေးနက်သော "အာဟာရပြည့်ဝသော အသား၊ ငါး ကဏ္ဍကိုဖော်ဆောင်ပေးနေခြင်း" ဟူသည့် ဂုဏ်ယူထိုက်သောတာဝန်ကို ထမ်းဆောင်နေကြသူများလည်းဖြစ်ပါတယ်။

💪 စိန်ခေါ်မှုများကြားမှအောင်မြင်မှု 💪
လက်ရှိမြန်မာနိုင်ငံ၏အခြေအနေအရ မွေးမြူရေးလုပ်ငန်းတစ်ခုအောင်မြင်ရန်အတွက် သာမန်ထက်ပိုမိုသော ဇွဲ၊ လုံ့လနှင့်ကြိုးစားအားထုတ်မှုများစိုက်ထုတ်ရန်လိုအပ်ပါတယ်။ ထိုသို့သောအခက်အခဲများကြားမှ စားသုံးသူများအတွက် အရည်အသွေးမြင့်အသားများကိုထုတ်လုပ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းပေးနေကြခြင်းမှာ အထူးပင် လေးစားကျေးဇူးတင်စရာလည်းကောင်းလှပါတယ်။

🤝 ခိုင်မာသောမိတ်ဖက်လက်တွဲဖော်များ 🤝
အစာအရောင်းကိုယ်စားလှယ်တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့မွေးမြူရေးအစာတွေကို မွေးမြူရေးလုပ်ငန်းရှင်များထံ အရောက်ပို့ဆောင်ပေးရုံသာမက လုပ်ငန်းခွင်အဆင်ပြေချောမွေ့စေရန် အကောင်းဆုံးပံ့ပိုးကူညီပေးနေကြသူများလည်းဖြစ်ကြပါတယ်။
ကျွန်တော်တို့ ဒီဟတ်(စ်)မြန်မာအနေဖြင့် ယခုကဲ့သို့ စိတ်တူကိုယ်တူ လက်တွဲလုပ်ဆောင်နေကြသော မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာကိုယ်စားလှယ်တော်ကြီးများနှင့်အတူရှိနေရခြင်းကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ "Customers' Event 2025" သည် ရိုးရိုးပွဲတစ်ခုထက် ပိုမိုပြီး ခိုင်မာသော ယုံကြည်မှုနှင့်အပြန်အလှန် လေးစားမှုတို့ကို သက်သေပြနိုင်ခဲ့သော ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ခင်ဗျာ။
ရှေ့ဆက်ရမည့်ခရီးလမ်းတစ်လျှောက်တွင်လည်း ကျွန်တော်တို့ရဲ့ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များနှင့်အတူ မြန်မာ့မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့အတွက်အာဟာရပြည့်ဝသော အစားအစာများ ဆက်လက်ပေးစွမ်းနိုင်ရန် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းထပ်လောင်းပြောကြားအပ်ပါတယ်ခင်ဗျာ။

#မွေးမြူရေးအစာ #မွေးမြူရေး

19/01/2026

ကိုယ့်ခြံထဲကကြက်ကလေးတွေကို ကိုယ့်မိန်းမထက်တောင် ပိုဂရုစိုက်နေရတဲ့ဆရာကြီးတို့ရေ... မင်္ဂလာပါဗျာ။
=====x=====x=====x=====x=====
ဒီရက်ပိုင်း ကြက်ဈေးတွေကြည့်ပြီး စိတ်မောနေကြမယ်ဆိုတာလည်းနားလည်ပါတယ်ဗျာ။ 😔
အစာဖိုး၊ ဆေးဖိုးနဲ့ ကြက်ဈေးက မကာမိတော့ "အရင်းရရင်တော်ပြီ" ဆိုပြီး ကြိတ်မှိတ်သည်းခံနေရတဲ့ကာလ ဖြစ်နေတာကိုး။ ဒါပေမဲ့ မွေးမြူရေးလောကဆိုတာ "ဒီရေအတက်အကျ" လိုပါပဲ။ 🌊
ကျချိန်ရှိသလို ပြန်တက်မယ့်အချိန်ဆိုတာသေချာပေါက်ရှိစမြဲပါ။ 📈
ပြီးခဲ့တဲ့ နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ရှေ့လာမယ့် (၃) လပိုင်း နဲ့ (၄) လပိုင်းတွေက ကြက်ဈေးပြန်မာလေ့ရှိတဲ့ လတွေဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီအချိန်မှာ ကိုယ်ကစိတ်ပျက်ပြီးလက်လျှော့လိုက်မယ်ဆိုရင် ရှေ့မှာလာမယ့် "ရွှေရောင်အခွင့်အရေး" ကို လက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်။
ဒါဆို ကျွန်တော်တို့ဘာလုပ်သင့်လဲ...? 🤔
ဈေးကွက်မကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးက "တောင့်ခံနိုင်စွမ်း" ပါပဲ။ 💪
၁။ 🛡️အဖိတ်အစင်နည်းရမယ် >>> သေနှုန်းနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ရမယ်။
၂။ 💰ကုန်ကျစရိတ်ချွေတာရမယ် >>> မလိုအပ်တဲ့ဆေးဖိုးတွေလျှော့ချနိုင်ရမယ်။
၃။ ⏱️အချိန်တိုတိုနဲ့ ကြက်ထုတ်နိုင်ရမယ် >>> ရက်တိုတိုနဲ့ပိဿာပြည့်မှ အစာဖိုးသက်သာမှာပါ။
ဒီလိုကာလကြမ်းကိုဖြတ်ကျော်ဖို့အတွက် မိတ်ဆွေတို့ဘေးမှာ ဒီဟတ်(စ်) ရှိနေပါတယ်။
ဒီဟတ်(စ်) ကြက်စာတွေက ကြက်တွေအတွက် ကျန်းမာရေးကောင်းလို့ ဆေးဖိုးသက်သာမယ်၊ အသားတိုးနှုန်း (FCR) ကောင်းလို့ ရက်တိုတိုနဲ့ ရောင်းထုတ်နိုင်မယ်ဆိုရင် ဒီကြပ်တည်းနေတဲ့ကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။
အားမလျော့လိုက်ပါနဲ့ ဆရာတို့ရေ...
ဈေးတက်မယ့်လှိုင်းကိုအမီစီးဖို့ ဒီဟတ်(စ်) နဲ့အတူ အခုကတည်းကပြင်ဆင်ထားလိုက်ကြရအောင်လားဗျာ။

#အသားတိုးကြက်စာ #ကြက်စာ #ကြက်မွေးမြူရေး

ဘေးကန်ကငါးတွေ ဘာကြောင့်ဒီလောက်မြန်မြန်ကြီးနေရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုသိချင်လား?=====x=====x=====x=====x=====ဟုတ်ပါတယ...
08/01/2026

ဘေးကန်ကငါးတွေ ဘာကြောင့်ဒီလောက်မြန်မြန်ကြီးနေရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုသိချင်လား?
=====x=====x=====x=====x=====
ဟုတ်ပါတယ်။ ဒီဟတ်(စ်) 9101 ကြောင့်ပါပဲ။
🐟🐟🐟 ငါးမှုန်လေးတွေမွေးရတာ "ကလေးသူငယ်" ပြုစုရသလိုပဲ လက်ဝင်တယ်ဆိုတာသိကြမှာပါ။ ကြီးပါ့မလား သေကုန်မလားနဲ့ရင်တထိတ်ထိတ်ဖြစ်နေရတဲ့ ငါးမွေးတောင်သူတွေအတွက် 9101 Power Fingerlings ငါးစာရှိနေပါပြီ။ 9101 က ဘာတွေကောင်းလဲဆိုရင်...
💪 ရှင်သန်နှုန်းကောင်းခြင်း။
အကောင် ၁၀၀ ထည့်ရင် ၁၀၁ ကောင် ကျန်ခဲ့မတတ် (စတာပါ 😁)
ရှင်သန်နှုန်းကတော့ တကယ်ကို စိတ်ချရပါတယ်။

📈 အကြီးမြန်ခြင်း။
ဒီနေ့ကြည့် မနက်ဖြန်ကြီးဆိုသလို ဖွံ့ဖြိုးမှုနှုန်းက မြန်ဆန်လွန်းလို့ ဖမ်းရောင်းရမယ့်ရက်ကို လက်ချိုးစောင့်နေလို့ရပါပြီ။

🛡️ ရောဂါဒဏ်ခံနိုင်ခြင်း။
ငါးလေးတွေ ကိုယ်ခံအားကောင်းပြီးကျန်းမာနေစေဖို့ အာဟာရတွေအချိုးကျပေါင်းစပ်ပေးထားတာကြောင့် ငါးရောဂါဖြစ်ပွားတာတွေကိုလျှော့ချပေးစေနိုင်ပါတယ်။

💰 အလေအလွင့်မရှိစားကြည့်မှသိ။
ကန်ထဲကိုချကျွေးလိုက်ပြီဆိုတာနဲ့ လုယက်စားကြမှာဆိုတော့ အစာအလေအလွင့်မဖြစ်သလို ရေအရည်အသွေးကိုလည်းမထိခိုက်စေနိုင်ပါဘူး။

🌊 မြန်မာ့ရေမြေနဲ့အကိုက်ညီဆုံး။
မြန်မာ့ရေမြေနသဘာဝနဲ့တည့်အောင် အထူးထုတ်လုပ်ထားတာမို့ "မြန်မာ့လူကြိုက်အများဆုံးငါးစာ" ဖြစ်နေတာပေါ့ဗျာ။

ဒီဟတ်(စ်) 9101 ငါးစာဆိုတာ ငါးမှုန်လေးတွေအတွက်တော့ "နတ်ဆေး" တမျှပဲမို့လို့ သင့်ကန်ထဲက ငါးမှုန်လေးတွေ ရှင်သန်နှုန်းကောင်းကောင်းနဲ့မြန်မြန်ကြီးလာစေဖို့အတွက် အခုပဲဒီလင့်ခ်လေးကနေ (m.me/deheusmyanmar) ကျွန်တော်တို့ကိုဆက်သွယ်လိုက်ပါ။

9101 (25Kg), Protein (35%), 1mm တစ်အိတ်လျှင် 109,025 ကျပ်ဖြင့် နီးစပ်ရာငါးမွေးမြူရေးအစာဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

#ငါးစာ #ငါးမှုန်စာ #ငါးမွေးမြူရေး

Excel လည်း ကျွမ်း၊ လူမှုဆက်ဆံရေးလည်းလန်းတဲ့ HR & Admin Officer တစ်ယောက်ကိုကျွန်တော်တို့ရှာဖွေနေပါတယ်။ =====x=====x=====x...
05/01/2026

Excel လည်း ကျွမ်း၊ လူမှုဆက်ဆံရေးလည်းလန်းတဲ့
HR & Admin Officer တစ်ယောက်ကိုကျွန်တော်တို့ရှာဖွေနေပါတယ်။
=====x=====x=====x=====x=====x

ဝန်ထမ်းရေးရာကိစ္စတွေကနေစလို့ ရုံးသုံးကားစီမံခန့်ခွဲတာတွေအထိ လုပ်ငန်းတွေကို တက်ကြွစွာလုပ်ကိုင်နိုင်မယ့် HR & Admin Officer တစ်ယောက်ဆိုရင်တော့ အခုပဲဖော်ပြထားတဲ့ E-Mail နဲ့ ဖုန်းနံပါတ်တွေကနေတဆင့်လျှောက်ထားလိုက်ပါခင်ဗျာ။ Website မှာ JD နဲ့ပတ်သတ်လို့အသေးစိတ်ဖတ်ရှုပြီး တိုက်ရိုက်လျှောက်ထားချင်တယ်ဆိုရင်လည်း အောက်ဖော်ပြပါ Website Link ကနေတိုက်ရိုက်လျှောက်ထားလို့ရပါပြီ။

https://www.deheus.com.mm/about-us/careers/vacancies/hr-admin-officer

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့====x====x====x=====၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ဟာ မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာသစ်က...
03/01/2026

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့
====x====x====x=====
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ဟာ မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့သည့် အမှတ်တရနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။
ယနေ့ကျရောက်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနှင့်တိုင်းရင်းသားပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို ပြန်လည်အမှတ်ရဂုဏ်ပြုရင်း အမိအဖ၊ ဘိုးဘွားတို့ ထိန်းသိမ်းခဲ့သည့်အစဉ်အလာကောင်းများကို လေးစားတန်ဖိုးထားလျက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးအန္တရာယ်များကင်းစင်ကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဒီဟတ်(စ်)မြန်မာလီမိတက်မှ ဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
#လွတ်လပ်ရေးနေ့ #၇၈နှစ်မြောက်လွတ်လပ်ရေးနေ့ #ဇန်နဝါရီ၄ရက်

၂၀၂၅ ကတော့ "သူမ" လိုပဲ မပြောမဆိုနဲ့ဘလော့သွားပြီ။ 🤭🤭လာမယ့် ၂၀၂၆ မှာရော  ကျွန်တော်တို့ဘယ်သူတွေနဲ့ဘယ်လိုတွေ့ဆုံကြဦးမှာလဲ.. ...
31/12/2025

၂၀၂၅ ကတော့ "သူမ" လိုပဲ မပြောမဆိုနဲ့ဘလော့သွားပြီ။ 🤭🤭
လာမယ့် ၂၀၂၆ မှာရော ကျွန်တော်တို့ဘယ်သူတွေနဲ့ဘယ်လိုတွေ့ဆုံကြဦးမှာလဲ.. ❓❓
ဘယ်လိုအရာတွေကကျွန်တော်တို့ကိုစောင့်ကြိုနေမလဲ..? ❓
အောက်ကပုံလေးထဲမှာကြည့်ပြီး တွေ့တဲ့စကားစုလေးတွေကို ကော်မန့်ပေးခဲ့ကြပါဦး။ ⬇⬇

#နှစ်သစ်

၂၀၂၅ ဆိုတဲ့ နှစ်ဟောင်းကြီးကို “Bye Bye” လုပ်ပြီး ၂၀၂၆ ဆိုတဲ့ နှစ်သစ်ကို အားမာန်အပြည့်နဲ့ ခြေလှမ်းစဖို့ အားလုံးအဆင်သင့်ပဲ...
31/12/2025

၂၀၂၅ ဆိုတဲ့ နှစ်ဟောင်းကြီးကို “Bye Bye” လုပ်ပြီး
၂၀၂၆ ဆိုတဲ့ နှစ်သစ်ကို အားမာန်အပြည့်နဲ့ ခြေလှမ်းစဖို့ အားလုံးအဆင်သင့်ပဲလား...?
နှစ်သစ်ကူးတယ်ဆိုတာ ပြက္ခဒိန်အသစ်တစ်ခုလဲလိုက်ရုံလေးပဲမဟုတ်ပါဘူး။
ကျွန်တော်တို့ စိတ်ကူးထားတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးအသစ်တွေရောက်လာတော့မယ့်ခရီးလမ်းအစလဲဖြစ်ပါတယ်။ ၂ဝ၂၅ မှာမလုပ်ဖြစ်ခဲ့တဲ့ နောင်တရစရာတွေရှိရင်လည်း စိတ်ပူမနေပါနဲ့တော့။
ကျွန်တော်တို့ နှစ်ဆအလုပ်ပြန်လုပ်ပြီး ပိုကောင်းအောင်ကြိုးစားဖို့အခွင့်အရေးရှိနေပါပြီ။
ကဲ.. အားလုံးပဲ Happy New Year ပါ။
#နှစ်သစ်ကူး

🎄မင်္ဂလာရှိသော ခရစ္စမတ်နေ့လေးဖြစ်ပါစေခင်ဗျာ။ ဆောင်းလေအေးအေးလေးနဲ့အတူရောက်ရှိလာတဲ့ ဒီနှစ်ရဲ့ ခရစ္စမတ်အချိန်အခါလေးမှာ မွေး...
24/12/2025

🎄မင်္ဂလာရှိသော ခရစ္စမတ်နေ့လေးဖြစ်ပါစေခင်ဗျာ။
ဆောင်းလေအေးအေးလေးနဲ့အတူရောက်ရှိလာတဲ့ ဒီနှစ်ရဲ့ ခရစ္စမတ်အချိန်အခါလေးမှာ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာကိုယ်စားလှယ်များနှင့်မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ခရစ္စမတ်ဆိုတာ လက်ဆောင်ပစ္စည်းတွေ ဖလှယ်ကြတဲ့ပွဲတော်တစ်ခုတည်း မဟုတ်ဘဲ... မေတ္တာတရား၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေကိုမျှဝေရာ နေ့ရက်မြတ်လေးတစ်ခုလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်တစ်နှစ်တာလုံးမှာကြုံတွေ့ခဲ့ရသမျှ အမောတွေကိုဒီနေ့ရက်မြတ်လေးမှာ ခေတ္တမေ့ပျောက်ပြီး ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူနွေးထွေးပျော်ရွှင်စရာ အချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။
လာမယ့်နှစ်သစ်မှာလည်း ကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေ၊ အောင်မြင်မှုသစ်တွေကို ဆက်လက်ဖန်တီးနိုင်တဲ့သူတွေ ဖြစ်ကြပါစေခင်ဗျာ။

Merry Christmas to you and your family! 🎅🎁

Address

Plot No. 306, 307, 308, Myaung Dakar Steel Industrial Zone, Hmawbi Township, Yangon Region
Yangon
11201

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00

Telephone

+959420038474

Alerts

Be the first to know and let us send you an email when De Heus Myanmar Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category