SSC - Shwe Gon Dine Hospital

SSC - Shwe Gon Dine Hospital SSC is one of the best 200-bedded multi-specialty private hospitals in Myanmar.

𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟓“𝐆𝐢𝐯𝐞 𝐛𝐥𝐨𝐨𝐝, 𝐠𝐢𝐯𝐞 𝐡𝐨𝐩𝐞: 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐰𝐞 𝐬𝐚𝐯𝐞 𝐥𝐢𝐯𝐞𝐬.” ၂၀၂၅ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျ...
14/06/2025

𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲
𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟓
“𝐆𝐢𝐯𝐞 𝐛𝐥𝐨𝐨𝐝, 𝐠𝐢𝐯𝐞 𝐡𝐨𝐩𝐞: 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐰𝐞 𝐬𝐚𝐯𝐞 𝐥𝐢𝐯𝐞𝐬.”
၂၀၂၅ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့‌သွေးလှူရှင်များနေ့ကို ပင်လုံဆေးရုံများအုပ်စုမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွန်မြတ်လှသော သွေးလှူရှင်များအား လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။



--------------------------------

✨ အစာအိမ်ရောဂါပိုး (H. pylori) သည် လူခန္ဓာကိုယ်၏ အစာအိမ်အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်နေထိုင်ပြီး နှစ်ပေါင်းများစွာ ကြ...
03/06/2025

✨ အစာအိမ်ရောဂါပိုး (H. pylori) သည် လူခန္ဓာကိုယ်၏ အစာအိမ်အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်နေထိုင်ပြီး နှစ်ပေါင်းများစွာ ကြာလာသောအခါ အစာအိမ်နှင့် အူသိမ်ဦးပိုင်းများတွင် ရောင်ရမ်းခြင်းနှင့် အနာများ ဖြစ်ပွားစေနိုင်ပါသည်။ အချိန်ကာလကြာမြင့်လာသောအခါ အနာများတွင် သွေးယိုခြင်း၊ သွေးဆိပ် တက်စေသော ရောဂါပိုးများဝင်ရောက်ကူးစက်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားလာတတ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါသည်...

▫️▫️▫️▫️▫️
💢SSC ဆေးရုံကြီးတွင် Urea Breath Test အား နိုင်ငံတကာ FDA ထောက်ခံချက်များရရှိထားသည့် စမ်းသပ် စစ်ဆေးခြင်း စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ စစ်ဆေးပေးလျှက်ရှိပါသည်။ အချိန်တစ်နာရီအတွင်း တိကျမြန်ဆန်မှန်ကန်သောဆေးစစ်ချက်အဖြေများကို ရရှိနိုင်မည်ဖြစ်ပါတယ်ရှင်။

June လတွင်ကျရောက်သော Cancer Survivors Month ကို ဂုဏ်ပြုသောအားဖြင့် အစာအိမ်ရောဂါပိုး (H. pylori) စစ်ဆေးခြင်း Urea Breath Test အား (𝟏𝟓.𝟔.𝟐𝟎𝟐𝟓) နေ့အထိ (𝟓𝟎) ရာခိုင်နှုန်း အထူး 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 နှုန်းထားဖြင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်ရှင်။ ပထမဆုံး လာရောက် စစ်ဆေးသော အယောက် (𝟑𝟎) သာ 𝟓𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိမှာ ဖြစ်ပါတယ်ရှင်။

☎အသေးစိတ်မေးမြန်းစုံစမ်းလိုပါက SSC Medical Check-Up ဌာန ဖုန်း - 09-880 133 374 သို့ (7AM - 5PM အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါသည်...
📌အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်






----------------------------------

🎗ကင်ဆာရောဂါကို ကုသအောင်မြင်ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သောအောင်မြင်မှုတစ်ခုဖြစ်သည်။ အခက်အခဲများကို ကျော်ဖြတ်ပြီး မိမိတို့၏ ...
01/06/2025

🎗ကင်ဆာရောဂါကို ကုသအောင်မြင်ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သောအောင်မြင်မှုတစ်ခုဖြစ်သည်။ အခက်အခဲများကို ကျော်ဖြတ်ပြီး မိမိတို့၏ နေ့စဉ်ဘဝ ပြန်လည်ရရှိသည်ကို လက်တွေ့ပြသလိုသော အားကျစေလိုသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် ဇွန်လ ပထမပတ်၏ တနင်္ဂနွေနေ့ကို National Cancer Survivors Day (ကင်ဆာရောဂါ ကုသအောင်မြင်ခဲ့ကြသူများနေ့) အဖြစ် သတ်မှတ်ကျင်းပကြပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ကင်ဆာရောဂါကုသပျောက်ကင်း သွားသူများအား ဂုဏ်ပြုသောအားဖြင့် ၁၉၈၈ ခုနှစ်မှစတင်ကာ National Cancer Survivors Day ကျင်းပခဲ့ကြပြီး နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း၌ တက်ကြွစွာ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်လာကြသည်။ ထိုနေ့တွင် ကင်ဆာကုသခြင်းနှင့် ပတ်သက်၍ မိမိတို့ ဘဝတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကင်ဆာ ကုသပျောက်ကင်း ပြီးနောက် ပြန်လည်ရရှိလာသော မျှော်လင့်ချက်ရောင်ခြည်များ၊ အကျိုးကျေးဇူးများအကြောင်းကို မျှဝေခြင်းများ ပြုလုပ်ကြပါသည်။

ထို့ကြောင့် ကင်ဆာရောဂါကုသမှုအောင်မြင်ခဲ့သူများနှင့် ယခုဆေးကုလျက်ရှိသော ကင်ဆာရောဂါဝေဒနာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်းသုခနှင့်ပြည့်စုံကြပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🥰




--------------------------------------

🚭𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲, 𝟑𝟏𝐬𝐭 𝐌𝐚𝐲 𝟐𝟎𝟐𝟓“𝐁𝐫𝐢𝐠𝐡𝐭 𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬. 𝐃𝐚𝐫𝐤 𝐢𝐧𝐭𝐞𝐧𝐭𝐢𝐨𝐧𝐬. 𝐔𝐧𝐦𝐚𝐬𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐀𝐩𝐩𝐞𝐚𝐥”✅ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက...
31/05/2025

🚭𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲, 𝟑𝟏𝐬𝐭 𝐌𝐚𝐲 𝟐𝟎𝟐𝟓
“𝐁𝐫𝐢𝐠𝐡𝐭 𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬. 𝐃𝐚𝐫𝐤 𝐢𝐧𝐭𝐞𝐧𝐭𝐢𝐨𝐧𝐬. 𝐔𝐧𝐦𝐚𝐬𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐀𝐩𝐩𝐞𝐚𝐥”

✅ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသောက်သုံးခြင်းသည် မိမိတစ်ဦးတည်း၏ ကျန်းမာရေးကိုသာမကပဲ ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သောကြောင့် မေလ (၃၁) ရက်နေ့အား ကမ္ဘ့ာဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများမသုံးစွဲရနေ့ (World No To***co Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း၌ ဆန့်ကျင်လျက်ရှိပါသည်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Bright products. Dark intentions. Unmasking the Appeal” ပဲဖြစ်ပါတယ်။ ဤဆောင်ပုဒ်သည် ဆေးရွက်ကြီးနှင့် နီကိုတင်းထုတ်ကုန်များကို ဆွဲဆောင်မှုရှိသော အရသာများ၊ ထုပ်ပိုးမှု များဖြင့် အသုံးပြုသူ မျိုးဆက်သစ်လူငယ်များနှင့် သုံးစွဲသူများ ဆက်လက်သုံးစွဲစေရန် နည်းဗျူဟာများဖြင့် လုပ်ငန်းအကျိုးအမြတ်အတွက် လုပ်ဆောင်နေကြောင်းကို ဖော်ထုတ်ပြောထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကိုလည်းဖော်ပြပေးလိုက်ပါတယ်။
🔹နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ၊ အဆုတ်ရောဂါများနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
🔹လူ့သက်တမ်းကိုတိုစေနိုင်သည်။
🔹စဉ်းစားနိုင်စွမ်း၊ မှတ်ဉာဏ်၊ လေ့လာနိုင်စွမ်းနှင့် အနံ့ခံအာရုံကိုပျက်စီးစေကာ ဦးနှောက်ကို ပျက်စီးစေသည်။
🔹အရွယ်ရင့်ခြင်း၊ ပါးရေတွန့်ခြင်း တို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
🔹ကိုယ်ဝန်ဆောင်မိခင်များဆေးလိပ်ငွေ့ရှုမိလျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်လက်အင်္ဂါများ ချို့ယွင်းသောကလေးများမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းနှင့် မွေးပြီးရုတ်တရက်ကလေးသေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
🔹ထို့ပြင် ‘Second Hand Smoker’ ဟုခေါ်သော ဆေးလိပ်မသောက်သော်လည်း တစ်ပါးသူ၏ ဆေးလိပ်ငွေ့များအား တစ်ဆင့်ခံ ရှူရှိုက်မိသူများသည်လည်း ဆေးလိပ်သောက်သူများနှင့် တန်းတူပင် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် အထူးသတိထားရန်လိုအပ်ပါသည်

ထို့ကြောင့်မိမိအတွက်သာမက ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးဖြစ်စေနိုင်သော ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။



***co_Day
*****************************

--- Job Vacancy Announcement---We are hiring!Medical Officer – 5 Posts (Full Time/Part Time)❗️ လုပ်ငန်းလိုအပ်ချက်များ✅M....
23/05/2025

--- Job Vacancy Announcement---
We are hiring!

Medical Officer – 5 Posts (Full Time/Part Time)

❗️ လုပ်ငန်းလိုအပ်ချက်များ
✅M.B.,B.S ဘွဲ့ရဖြစ်ရမည်
✅လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂-၃) နှစ် မှစတင်၍ လျှောက်ထားနိုင်ပါသည်
✅ဆမသက်တမ်းရှိ လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရမည်််

▫
Pharmacist - 3 Posts

❗️ လုပ်ငန်းလိုအပ်ချက်များ
✅ B.Pharm ဘွဲ့ ရရှိထားသူဖြစ်ရမည်
✅ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၀ - ၁) နှစ်ရှိသူများ လျှောက်ထားနိုင်သည်
✅ ပြောဆိုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်
✅ English အခြေခံစွမ်းရည်ရှိရမည်
✅ ကွန်ပြူတာ (Microsoft Office Word,Powerpoint, Advanced Excel) အခြေခံစွမ်းရည်ရှိရမည်

▫️
Physiotherapist - 2 Posts (Full Time)

❗️ လုပ်ငန်းလိုအပ်ချက်များ
✅ B.Med.Tech (Physiotherapy) ရရှိထားသူဖြစ်ရမည်
✅လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၀- ၁) နှစ်ရှိရမည်
✅ ပြောဆိုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်
✅ English အခြေခံစွမ်းရည်ရှိရမည်
✅ ကွန်ပြူတာ (Microsoft Office Word,Powerpoint, Advanced Excel) အခြေခံစွမ်းရည်ရှိရမည်

▫️
** လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ရာထူးလစာများကို ညှိနှိုင်းပေးသွားမည်ဖြစ်ပါသည်**

❗️ SSC ဆေးရုံကြီးကို ရွေးချယ်ခြင်းဖြင့် ရရှိနိုင်သော ခံစားခွင့်များ

⇒ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ထိုက်တန်သော လစာအပြင် လစဉ် Bonus Pool ခံစားခွင့်များရရှိခြင်း

⇒ ဆေးပညာပိုင်းဆိုင်ရာ စဉ်ဆက်မပြတ် CME များ တက်ရောက်ရန် အခွင့်အရေးရရှိခြင်း

⇒ Duty ချိန်များညှိနှိုင်းနိုင်ခြင်း

▫
CLOSING DATE: 10 th June 2025

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ရွှေဂုံတိုင် ဆေးရုံ HR ဌာနတွင်သော်လည်းကောင်း၊ email မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြ လျှောက်ထားနိုင်ပါသည်။

1️⃣ သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ
2️⃣ သက်ဆိုင်ရာ လိုင်စင်မိတ္တူ
3️⃣ နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည်ရောင်စုံဓာတ်ပုံ (၂)ပုံ
4️ ⃣ သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ
5️⃣ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက-
☎️ဆက်သွယ်ရန်ဖုန်း - ၀၁-၈၆၀၃၆၁၈~၁၉ (လိုင်းခွဲ - ၁၀၂)
(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)

📨 Email – hr@ssc-hospital.com

🌍 𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (𝟏𝟕𝐭𝐡 𝐌𝐚𝐲 𝟐𝟎𝟐𝟓)𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐥𝐨𝐨𝐝 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐥𝐲 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐢𝐭, 𝐋𝐢𝐯𝐞 𝐋𝐨𝐧𝐠𝐞𝐫."သက်ရှည်ကျန်းမာနေနို...
17/05/2025

🌍 𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (𝟏𝟕𝐭𝐡 𝐌𝐚𝐲 𝟐𝟎𝟐𝟓)
𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐥𝐨𝐨𝐝 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞𝐥𝐲 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐢𝐭, 𝐋𝐢𝐯𝐞 𝐋𝐨𝐧𝐠𝐞𝐫.
"သက်ရှည်ကျန်းမာနေနိုင်ဖို့ စနစ်တကျသွေးပေါင်ချိန်တိုင်းကာ ထိန်းညှိစို့"

၂၀၂၅၊ မေလ (၁၇)ရက်နေ့သည် “ကမ္ဘာ့သွေးတိုးရောဂါနေ့” ဖြစ်ပါတယ်။ သွေးတိုးရောဂါသည် ယေဘုယျအားဖြင့် ရောဂါလက္ခဏာမပြဘဲ ကုသမှုမခံယူပါက နှလုံးခုန်ရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းနှင့် မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။

သွေးတိုးရောဂါမဖြစ်ပွားအောင်--
🔸သွေးပေါင်မှန်မှန်ချိန်ပါ။
🔸သင့်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပါ။
🔸ကျန်းမာရေးနှင့်အညီစားသောက်ပါ။
🔸လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🔸ဆေးလိပ်၊ အရက်၊ ကဖင်းလျော့ပါ။
🔸စိတ်ဖိစီးမှုကိုလျော့နည်းအောင်နေထိုင်ခြင်းဖြင့်
မိဘပြည်သူများသွေးတိုးရောဂါဖြစ်ပွားခြင်းမှကင်းဝေးပြီး ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန်တာကြောင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။




-----------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

💝International Nurses Day12th May 2025“Our Nurses. Our Future. Caring for nurses strengthens economies”-----------------...
12/05/2025

💝International Nurses Day
12th May 2025
“Our Nurses. Our Future. Caring for nurses strengthens economies”
--------------------
နှစ်စဉ် မေလ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဖြစ်ပါသည်။ သူနာပြုများ၏ ပြည်သူလူထုတစ်ရပ်လုံး အပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ဖလော့ရင့်နိုက်တင်ဂေးလ် (Florence Nightingale) ၏ မွေးနေ့ဖြစ်သည့် မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် နိုင်ငံတကာတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်...

လူနာများ၏ ကျန်းမာရေးအတွက်စေတနာထား၍ မိသားစုသဖွယ် ပြုစုစောင့်ရှောက်ပေးကြသည့် သူနာပြုများ၏ သတ္တိနှင့် အကြင်နာတရားကို ပင်လုံဆေးရုံများအုပ်စုမှလည်း လေးစားဂုဏ်ပြုအပ်ပါသည်...




-----------------------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

🥰Happy Mother’s Day11th May, 2025❤အမေများနေ့ (Happy Mother’s Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှ...
11/05/2025

🥰Happy Mother’s Day
11th May, 2025
❤အမေများနေ့ (Happy Mother’s Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ ထိုသို့ လေးစားဂုဏ်ပြုထိုက်သော နိုင်ငံအရပ်ရပ်က အမေများကိုလည်း SSCဆေးရုံမှလည်း လေးစားဂုဏ်ပြုပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။


-----------------------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) 🙏ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို...
11/05/2025

🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) 🙏

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး အေးချမ်းစွာဖြင့် ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများအားထုတ်နိုင်ပါစေကြောင်း SSC ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏
----------------------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

👨‍⚕️👨‍🔧 ၂၀၂၅ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော International Labour Day (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို ပင်လုံဆေးရ...
01/05/2025

👨‍⚕️👨‍🔧 ၂၀၂၅ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော International Labour Day (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို ပင်လုံဆေးရုံများအုပ်စုမှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။




-----------------------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

✨မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယ ✨မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့  မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယ...
17/04/2025

✨မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယ ✨
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့
မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယတွင် မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏
---------------------------

--နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း (၁၃.၄.၂၀၂၅ ရက်နေ့မှ ၁၇.၄.၂၀၂၅ ရက်နေ့အထိ) SSC ရွှေဂုံတိုင်ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေ...
12/04/2025

--နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း (၁၃.၄.၂၀၂၅ ရက်နေ့မှ ၁၇.၄.၂၀၂၅ ရက်နေ့အထိ)

SSC ရွှေဂုံတိုင်ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ--
✅ နေ့စဉ် (၂၄) နာရီ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ဆောင်မှုများ
▪️ အတွင်းလူနာဝန်ဆောင်မှု (Inpatient Service)
▪️ အရေးပေါ်လူနာ ဝန်ဆောင်မှု (Emergency Service)
▪️ အထူးကြပ်မတ်ကုသဆောင်ဝန်ဆောင်မှု (ICU Service)
▪️ ပြင်ပလူနာနှင့် အတွင်းလူနာများအတွက် ဆေးအရောင်းဝန်ဆောင်မှု (OPD & Inpatient Pharmacy)
▪️ ဓာတ်ခွဲခန်းဝန်ဆောင်မှု (Lab Service)
▪️ ဓာတ်မှန်ဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (X-ray, CT) (Imaging Service)
▪️ ခွဲစိတ်ခန်းဝန်ဆောင်မှု (Operation Theatre Service)
▪️အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဝန်ဆောင်မှု (Endoscopy Service)

✅ နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း ဆောင်ရွက်ပေးမည့် ကျန်းမာရေးဝန်ဆောင်မှုများ
▪️ ပြင်ပလူနာဝန်ဆောင်မှု (Outpatient Department Service)
▪️ ကာယကုသမှုနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းဝန်ဆောင်မှု (Physiotherapy and Rehabilitation Service)

☎ Hospital Operator Numbers - 01-541457, 542400, 542622, 544116, 544128, 545909, 8603618, 8603619, 09- 765653761~5 သို့ ဆက်သွယ်နိုင်ပါသည်။
📍အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်



---------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

Address

No. (7), East Shwe Gone Daing Road, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when SSC - Shwe Gon Dine Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SSC - Shwe Gon Dine Hospital:

Share

Category