03/04/2026
အပိုင်း ၂ – ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်သွားတာလဲ 🧬🔬
ဆရာဝန်အကြံပြုချက် – နည်းနည်းတော့ ဆေးသိပ္ပံပညာရပ်ဆန်နေပါလိမ့်မယ်၊ ဒါပေမယ့် ရှင်းလင်းအောင် ပြောပြပေးပါ့မယ်။
ကျွန်တော်တို့ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံတူပွားတဲ့အခါ 𝐃𝐍𝐀 ကိုပါ မိတ္တူကူးသလိုပွားရပါတယ်။ ပုံမှန်အားဖြင့် ဒီကူးယူမှုမှာ အမှားပါလာရင် "စာစစ်ဆရာ" လိုမျိုး 𝐃𝐍𝐀 ပြုပြင်ပေးတဲ့ ဗီဇတွေ (𝐦𝐢𝐬𝐦𝐚𝐭𝐜𝐡 𝐫𝐞𝐩𝐚𝐢𝐫 𝐠𝐞𝐧𝐞𝐬-𝐌𝐌𝐑 𝐆𝐞𝐧𝐞𝐬) က ချက်ချင်းပြင်ပေးပါတယ်။
𝐋𝐲𝐧𝐜𝐡 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ရှိသူတွေမှာ ဒီ "စာစစ်ဆရာ" ဗီဇတွေ ပြောင်းလဲသွားပါတယ်။ အဖြစ်များတဲ့ ဗီဇတွေကတော့ 𝐌𝐋𝐇𝟏, 𝐌𝐒𝐇𝟐, 𝐌𝐒𝐇𝟔, 𝐏𝐌𝐒𝟐, နဲ့ 𝐄𝐏𝐂𝐀𝐌 တွေပဲ ဖြစ်ပါတယ်။
ဒီတော့ 𝐃𝐍𝐀 ကူးတဲ့အခါ အမှားတွေစုလာပြီး ဆဲလ်တွေ ပုံမှန်မဟုတ်တော့ဘဲ ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
သိထားသင့်တဲ့ အချက်လေးတွေ –
မိဘတစ်ဦးဦးမှာ ဒီဗီဇပြောင်းလဲမှုရှိရင် မွေးလာတဲ့သားသမီးတိုင်းမှာ ၅၀% ဖြစ်နိုင်ခြေရှိပါတယ်။
ရှေးတုန်းက ဒီရောဂါကို 𝐇𝐍𝐏𝐂𝐂 - 𝐇𝐞𝐫𝐞𝐝𝐢𝐭𝐚𝐫𝐲 𝐍𝐨𝐧𝐏𝐨𝐥𝐲𝐩𝐨𝐬𝐢𝐬 𝐂𝐨𝐥𝐨𝐫𝐞𝐜𝐭𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫 လို့ခေါ်ပေမယ့် အခုတော့ 𝐋𝐲𝐧𝐜𝐡 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 လို့ပဲ ခေါ်ပါတယ်။
ဘာကြောင့် ကင်ဆာဖြစ်နိုင်ခြေများလဲဆိုတာ နားလည်ရင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာလည်း သိလာပါလိမ့်မယ်။
ကိုးကား – 𝐌𝐚𝐲𝐨 𝐂𝐥𝐢𝐧𝐢𝐜