Chal's Destiny Consultation

Chal's Destiny Consultation My revelation is to help you & solve your problems by divine energy 💜✨

Today Night Energy Check ✨ဒီရက်ပိုင်း ဒွိဟဖြစ်စရာတွေ၊ မရေရာ မသေချာမှုတွေ ကြုံနေရတာမျိုးတွေ၊ဘာမှ ဆုံးဖြတ်ချက်ချလို့ မရတာမ...
29/11/2025

Today Night Energy Check ✨

ဒီရက်ပိုင်း ဒွိဟဖြစ်စရာတွေ၊ မရေရာ မသေချာမှုတွေ ကြုံနေရတာမျိုးတွေ၊ဘာမှ ဆုံးဖြတ်ချက်ချလို့ မရတာမျိုး စသည်ဖြင့် ရင်ဆိုင်နေရတတ်ပါတယ်။။ အဖြေမရှိတဲ့ပုစ္ဆာလိုမျိုး မရမကလည်း တွက်ထုတ်ရင်း ခြေကုန်လက်ပန်းကျလာတတ်တယ်။

အပေါ်ကလိုအချက်တွေကြုံနေရတဲ့သူတွေရှိရင် ငါ့နောက်မှာ Universe က မိခင်သဖွယ် ကျောထောက်နောက်ခံရှိနေတာလို့ ရဲရဲကြီး ယုံကြည်ပြီး လက်ရှိမှာ လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ။

အဖြေပေါ်စရာရှိတာရော၊ ဆုံးဖြတ်ရမှာရောက နှစ်သစ်မှ မလွှဲသာ မရှောင်သာတဲ့ အကြောင်းအရင်းတွေဖန်ပြီး လမ်းစပွင့်လာပါလိမ့်မယ်။

2026ရဲ့ ကိုယ့်ရဲ့ မွေးနေ့မှာလည်း မျှော်လင့်ထားတဲ့ Devine Timing ကျလာပါလိမ့်မယ်🎀✨

(အခုပဲ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို 2026မှာ အကောင်အထည်ပေါ်နေကြောင်း Visualize မြင်ယောင်ကြည့်ပေးပါ။
Post လေး Shareရင်လည်း shareထားပေါ့ Memory တက်လာရင် အတူ ဆန္ဒတွေပြည့်နေပြီလားလို့ ပြန် check ကြည့်ကြမယ်လေ🎀✨)

Super Saturday မှာ ဒီကားကြည့်ပြီး ခွီးနေရတယ်🤣🤣အခုတလော စိတ်ပင်ပန်းတာတွေများနေရင် ဒါလေးကြည့်အမောဖြေ ကိုယ်တွေသိတဲ့ စွန့်ဝူခ...
28/11/2025

Super Saturday မှာ ဒီကားကြည့်ပြီး ခွီးနေရတယ်🤣🤣

အခုတလော စိတ်ပင်ပန်းတာတွေများနေရင် ဒါလေးကြည့်အမောဖြေ
ကိုယ်တွေသိတဲ့ စွန့်ဝူခုံးက အမိုက်စားပေမယ့် ဒါလေးကျ
မတူတဲ့ vibes လေးရော၊ပြီးရင် ending လေးက ၀မ်းနည်းစရာလိုဖြစ်ပေမယ့် တွေးကြည့်စရာတွေလည်းများတယ်။

အတင်းပြောရဦးမယိ Gemini တွေချစ်ရင် လိုက်မမှီတာတကယ်ဟေ🤧 Play တဲ့နေရာပဲနာမည်ကြီးထင်တာ ချစ်တဲ့အချိန်ကျလည်း တကယ့်ကို နူးညံ့ကြင...
17/11/2025

အတင်းပြောရဦးမယိ Gemini တွေချစ်ရင် လိုက်မမှီတာတကယ်ဟေ🤧 Play တဲ့နေရာပဲနာမည်ကြီးထင်တာ ချစ်တဲ့အချိန်ကျလည်း တကယ့်ကို နူးညံ့ကြင်နာရက်ရောနွေးထွေးပဲ ဟီး

အဖြစ်ကဒီလို ချယ်ဒီနားကြပ်၀ယ်လို့ဆိုပြီး ရန်တွေဖြစ် အဆူခံလ်ိုက်ရတာတစ်မနက်လုံး🥲

Reason က ယန်း1000တန်၀ယ်လို့ မကောင်းမကန်း၀ယ်လို့

ကိုယ်လည်းအကောင်းကြိုက်ပါတယ် ဒါမဲ့ကိုယ်က ကိုယ့်၀င်ငွေနဲ့အမြဲချင့်ချိန်တတ်တော့ လောလောဆယ် နှမြောလို့ ယာယီအသုံးဆိုပြီး အဖြစ်ကလေး၀ယ်လိုက်တာ😕
အသေဆူခံရ (ပြီး ဒီက ငိုတာမျက်နှာတွေဖောင်းအစ်လို့
သူကထိုင်ရီနေသေးတာ)

မှတ်မှတ်ရရ သူပြောသေးတာက "အရင်တုန်းကသာ မီးငယ်က ကိုယ်တိုင် ဦးဆောင်ရရုန်းကန်ရတာ အခုက ကိုကိုရှိတယ်လေ အဲ့လောက်ထိစဉ်းစားမနေနဲ့ လိုချင်ရင်၀ယ် ကောင်းတာသုံး
ကိုကို့ကောင်မလေးကို ကောင်းတာပဲဆင်ချင်တာ"တဲ့

🥺အဲ့အခိုက်အတန့်မှာ ပြိုလဲပြီး ပစ်မှီခိုချင်သွားတာတော့အမှန်ပဲ။ တစ်သက်လုံး စွဲလာတဲ့ Trauma က ငါ့မှာ ကျောထောက်နောက်ခံမရှိဘူး။ငါ့ဘာသာ ကြိုးစားမှဖြစ်မှာ ငါ့ဘာသာရပ်တည်နိူင်မှ ဖြစ်မှာ ဆိုတာတွေအစား
ပြိုလဲရင် မှီခိုစရာတစ်ခုတော့ ရှိတယ်ဟ ဆိုတာက အတော် healing ဖြစ်စေပါတယ်✨
ဒီနားကြပ်လေးလည်း သေချာသိမ်းထားဦးမှာ အချစ်တွေ ဖွင့်ဟလာစေတဲ့ သော့လေးတစ်ခုဖြစ်နေလို့

ကိုယ့် Gemini ကြီးကတော့ အဲ့လိုပဲ အခြားသူတွေတော့မသိဘူး တအားဆူသလို တအားလည်းနွေးထွေးကြင်နာတတ်တယ်ရှင်

💘

ချယ်က လက်ရှိ Japan မှာရောက်နေတာပါရှင့်။❣️✨ရောက်တာမကြာသေးပေမယ့် တော်တော်များများ Client တွေက Yenနဲ့ feesလွှဲပေးဖို့ Reque...
13/11/2025

ချယ်က လက်ရှိ Japan မှာရောက်နေတာပါရှင့်။❣️✨
ရောက်တာမကြာသေးပေမယ့် တော်တော်များများ Client တွေက Yenနဲ့ feesလွှဲပေးဖို့ Request လုပ်တာကြောင့်
New Package နဲ့ Feesကို Announcement လုပ်လိုက်ရပါတယ်✨
UAEကဆိုရင်တော့ AEDတိုက်ရိုက်လွှဲလို့ရပါတယ်။
Other country ကဆိုလည်း Yen rate နဲ့ပဲ လက်ခံပါတယ်ရှင့်
မြန်မာက Client တွေအတွက်ကတော့ အရင်အတိုင်း ဘာမှပြောင်းလဲတာမျိုးမရှိပါဘူး။

1-any five questions (Pre questions ) -
general reading -3500 Yen

2-only one major subject (within 15-20 mins ) -3000 Yen

3-phone call pakage -10 mins for 1700yen

4- phone calling package - 20mins for 3200yen

5-emergency reading (within 12hrs reply )
Add + 1000yen to any packages

❣️1yen - 25 MMK

can pay with

KBZ PAY / Aya Pay/ CB bank &Pay

PAYPAL / ゆうちょう

ENBD BANK PAY
APPLE PAY
BINANCE

All the reading have to wait 48hours advance 🍀✨

မိန်းကလေးတွေ အသဲကွဲနေရင် ဘယ်လိုလုပ်ရမလဲတဲ့....ကျန်တဲ့ အတွေးအခေါ်အပိုင်းတွေ မပြောဘဲ ချယ်သိတဲ့လက်တွေ့ကျပြီး အသုံး၀င်ဆုံး န...
12/11/2025

မိန်းကလေးတွေ အသဲကွဲနေရင် ဘယ်လိုလုပ်ရမလဲတဲ့....

ကျန်တဲ့ အတွေးအခေါ်အပိုင်းတွေ မပြောဘဲ ချယ်သိတဲ့
လက်တွေ့ကျပြီး အသုံး၀င်ဆုံး နည်းတစ်ခုပြောပါဆို...
" Woman Power"ပဲ။
အသဲကွဲတယ်မလား။ "သွား ကိုယ့် best friend ဆီသွားငို၊ သွားရင်ဖွင့်၊ စိတ်သက်သာရာရတယ်။
ပိုထိရောက်ချင်ရင် ငိုမနေဘဲ အတူအပြင်တွေသွား မုန့်စား၊ လျှောက်လည်၊ Shopping ထွက်၊ ဒါတွေသာလုပ်ကြည့် ချက်ချင်းနော် mental breakdownတွေ အကုန် release ဖြစ်တယ်။
ချယ် ပထမဆုံးအသဲကွဲတုန်းကတော့ woman Power ဘယ်သူ့ဆီကရခဲ့လဲဆို အရင်ဆုံး ချယ့်မေမေပေါ့
"သမီး အခုချိန်မှာသာ အခုလိုတွေဖြစ်နေတာ၊ နောက်တစ်နှစ်ကြာလို့၊ နှစ်နှစ်ကြာလို့၊ အချိန်တစ်ခုကြာရင် ဒီလိုဖြစ်သွားတာ ကံကောင်းတာပဲလို့ တွေးမိမှာတဲ့" အဲ့တုန်းက အဲ့လိုမျိုးစကားနဲ့အတူ အနီးကပ်စားတာသောက်တာကအစ ဂရုစိုက်ပြီး Energy Sharing ပေးခဲ့တာ မေမေပါ။

နောက်တစ်ခုက သူငယ်ချင်းတွေ ကိုယ့်ကိုဆဲလိုက်၊အားမရဖြစ်လိုက်၊ဆုံးမလိုက်၊နှစ်သိပ့်လိုက်နဲ့ အပြင်တွေသွားလိုက်နဲ့
တကယ်နော် စိတ်ဒဏ်ရာရဖို့မပြောနဲ့ ရီနေရတာနဲ့မအားဘူး😑
အဲ့မှာ မတူတာကလေ အခြားကောင်လေးသူငယ်ချင်းတွေဘာညာထက် အမျိုးသမီးတွေချည်းပဲက vibes ကတူကိုမတူတာ ပိုပြီးလည်း close ဖြစ်သလို ခံစားချက်တွေလည်း ပိုreleaseဖြစ်စေတယ်လို့ ချယ်ကတော့ထင်တယ်။
Woman Power က တကယ်လျှော့တွက်လို့မရတာ

ကိုယ့်အနားမှာ ကိုယ့်အတွက် ဒိုးတူပေါင်းဖတ် Sister hood Friend တွေရှိတာ တကယ့်စိတ်ခွန်အားရှိရှိနဲ့ ပြန်ရုန်းထလာနိူင်မယ့် Energy တွေပေးပါလိမ့်မယ်။
ပြီးရင် အဲ့လိုသူငယ်ချင်းတွေ ပိုင်ဆိုင်ထားရင်လည်း Appreciate လုပ်ဖို့မမေ့ပါနဲ့🍀✨

ချယ်ကလည်း ချယ့် Soul sistersတွေရော ငယ်သူငယ်ချင်း၊ ကောလိပ်fri၊ အမျိုးမျိုးသောတွေ့ကြဆုံ့ကြတဲ့ Sister hood friend တွေကို ဒီကပဲ အများကြီး ချစ်ရပါတယ်လို့ ပလီလိုက်ပါနော် ဟီး😚🎀✨

❣️✨

Hello, Page ကိုပစ်ထားပြီး ဆရာမ ဘယ်ပျောက်သွားလဲ ဆိုသူတွေအတွက် Hello Again ထပ်လုပ်လိုက်ရပါတယ်🎀✨နိူင်ငံအပြောင်းလဲကြောင့် စစ...
10/11/2025

Hello, Page ကိုပစ်ထားပြီး ဆရာမ ဘယ်ပျောက်သွားလဲ ဆိုသူတွေအတွက် Hello Again ထပ်လုပ်လိုက်ရပါတယ်🎀✨

နိူင်ငံအပြောင်းလဲကြောင့် စစချင်းအသားမကျသေးလို့
စာတွေရေးတာ၊ Tarot နဲ့ဆိုင်တာလေးတွေ ၊ Package ဘာဆိုဘာမှ Announcement မလုပ်လည်း သတိတရ ရှိပေးတဲ့သူတွေရှိတာ တကယ်ကို ကျေနပ်စရာပါပဲ❣️✨

Daily Message,One Week Message တွေလည်း အပါတ်တိုင်း တင်ပေးသွားမယ်နော်။
အခုကစပြီး page မှာလည်း booking တွေ ပုံမှန်ယူနေကျအတိုင်း ထပ်ယူလို့ရပါပြီ။

မိန်းမတစ်ယောက်ရဲ့ ငယ်ရွယ်မှုကို အချိန်မဖြုန်းနဲ့❣️✨"* ရိုးသား၊ အရှိကို အရှိအတိုင်း စစ်မှန်မှုကိုထုတ်ပြ*"တစ်ခါက ချယ့်ဆီကိ...
07/11/2025

မိန်းမတစ်ယောက်ရဲ့ ငယ်ရွယ်မှုကို အချိန်မဖြုန်းနဲ့❣️✨
"* ရိုးသား၊ အရှိကို အရှိအတိုင်း စစ်မှန်မှုကိုထုတ်ပြ*"

တစ်ခါက ချယ့်ဆီကို ကလေးတစ်ယောက်လာတိုင်ပင်ဖူးတယ်။ လက်ရှိတွဲနေတဲ့သူတစ်ယောက်ကို မချစ်လို့ ဘယ်လိုလုပ်ရမလဲ။ သူ ချစ်တာ အခြားတစ်ယောက်ပါပေါ့
ဒါမဲ့ ဖြတ်ဖို့ကျလည်း အားနာလို့ သူဘာဆက်လုပ်ရမှန်းမသိဘူး ဆိုပြီး တိုင်ပင်လာတယ်။

ချယ်ကတော့ အပေါ်က ပြောခဲ့သလိုပဲ မိန်းမတစ်ယောက်ရဲ့ ငယ်ရွယ်မှုကို အချိန်မဖြုန်းနဲ့❣️✨
"* ရိုးသား၊ အရှိကို အရှိအတိုင်း စစ်မှန်မှုကိုထုတ်ပြ*"လို့ပဲ
အကြံပေးဖြစ်ခဲ့တယ်။

လမ်းခွဲရင် တငိုငိုတရီရီနဲ့မို့ သူက အရမ်းခံစားတတ်တော့ အားနာလို့၊ သူက ကျွန်တော့်အပေါ် ကောင်းပေးတော့ မလုပ်ရက်လို့ အဲ့ဒါတွေသာ တကယ့်စေတနာ အမှန်ဆို
ချယ်ကတော့ ကြိုးစားပြီး ချစ်ကြည့်ဖို့ မပြောဖြစ်ပါဘူး
ဘာလို့ဆို လူတွေစိတ်က မချစ်နေတဲ့အရာဆို ဘယ်လ်ုနေနေ မချစ်လာပါဘူး။ ချစ်မိတဲ့အရာဆိုလည်း အပြစ်မမြင်တတ်ကြတာ လူ့သဘာ၀ပါ။

အဆုံးထိ ကိုယ့်လူလို့မှ မသက်မှတ်နိူင်ရင် ကြားထဲက အားနာနေတာက ၂ခါ thetမိသလိုပါပဲ
ဖြတ်လိုက်လို့ မိန်းကလေးက နာကျင်ရရင် တစ်ခါပဲ။
သူ့မှာ လူရော၊စိတ်ရော ပြိုလဲတောင် ပြန်တည်ဆောက်ချိန်ရှိသေးတယ်။ အချိန်လွန်မှ ဒီဘူတာ၊ဒီဘူတာပဲဆို
ဟိုမပြတ် ဒီမပြတ်နဲ့ကမှ လူမဆန်တာလို့မြင်ပါတယ်။

ချစ်မှ မေတ္တာမဟုတ်ဘူး..
မကြိုက်ရင်မကြိုက်ကြောင်း၊ မချစ်ရင်မချစ်နိူင်ကြောင်း ပွင့်လင်းတာကလည်း စေတနာမေတ္တာတစ်မျိုးပါပဲနော်🎀...

✨

ဟင်🤧....တို့များ Scorpio ရဲ့ သတင်းတွေက မွှေးနေရောပဲ🥹
26/10/2025

ဟင်🤧....

တို့များ Scorpio ရဲ့ သတင်းတွေက မွှေးနေရောပဲ🥹

22/10/2025

ဒီ October ၀န်းကျင်က Tarot reader တွေအတွက် Venus Blessing ပဲထင်တယ်။ ကိုယ့်အသိ အစ်ကို၊အစ်မတွေ တော်တော်များများလည်း အတွဲလေးတွေအဖြစ် မြင်ရသလို
ရှေ့ဆင့်နောက်ဆင့်ပဲ Official အဖြစ် ချပြလာကြတယ်❣️✨

လုံး၀ Romance Energy လေးမို့ ကိုယ်မေးနေကျ Reader က အဲ့လိုဆို သွားပြီးသာ Energy Claim ‌

Energy ရဲ့သဘောအရ တူရာဆွဲငင်တာပဲမလို့ကို
အချစ်ရေးကံလေးကောင်းလာကြလိမ့်မယ် 🍀✨❣️

ချစ်ခြင်းမေတ္တာရှိသူတွေနဲ့ဆုံရပါစေနော်🏡✨

ဒီတစ်ခေါက် ‌အတော်လေး ကျန်းမာရေးကို လာထိမှ ဘာသတိ ထားမိလဲဆိုချယ်တို့ Spiritual person တွေ အဓိကထားကြတဲ့Emotion,Mind,Body,Sp...
22/09/2025

ဒီတစ်ခေါက် ‌အတော်လေး ကျန်းမာရေးကို
လာထိမှ ဘာသတိ ထားမိလဲဆို

ချယ်တို့ Spiritual person တွေ အဓိကထားကြတဲ့
Emotion,Mind,Body,Spirit မှာ Bodyက အတော်လေး အခြေခံကြတယ်ဆိုတာပါပဲ။

ခန္ဓာကိုယ်ကြီးသာ မကျန်းမာရင် ကျန်တဲ့ အရာတွေပါ လာထိတာ

Emotion မကောင်းတာတွေ၊ Mind အာဟာရတွေ၊ Spirit ကာကွယ်မှုတွေက နေကောင်းကျန်းမာပြီးသာ ရှိပါစေ
အကုန် Runလို့ရတယ်။Body ထိတာနဲ့ အကုန်လဲပဲ။

အရင်ကဆို ကျန်းမာရမယ်ဆိုတာ အသိသာရှိတာ
သေချာလိုက်မလုပ်နိူင်ခဲ့ဘူး။ အခုမကျန်းမာခါကျမှပဲ
သေချာလိုက်လို့ဖို့ ဆုံးဖြတ်ချက်တွေ သေချာတော့တယ်။

အားလုံးလည်း အရာအားလုံးရဲ့ အခြေခံကျန်းမာရေးကို
Daily Life မှာ ‌Exerciseလုပ်တာဖြစ်ဖြစ်၊ အစားအစာလေး ရှောင်တာ ထိန်းတာ၊ Body weight ထိန်းတာ စသည်ဖြင့်
သေးသေးလေးကအစ ပါ၀င်လုပ်ဆောင်ကြည့်ပါ။

ခြေလှမ်းသေးသေးလေးပေမယ့် နေ့စဉ် လျှောက်လမ်းသွားရင်သိသာပါတယ်နော်

အားလုံးပဲ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းရင်းးး
Pageလေး ပြန် Runဖို့ စတင်လိုက်ပါပြီ🎀✨

🎀✨

မေး ➡️Scorpioတွေက အအိပ်နဲ့အစား ဘယ်ဟာပိုမက်လဲငါတို့ 🫠
06/09/2025

မေး ➡️Scorpioတွေက အအိပ်နဲ့အစား ဘယ်ဟာပိုမက်လဲ

ငါတို့ 🫠

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chal's Destiny Consultation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram