Aung Kabar Diagnostic Centre and Specialist Clinic

Aung Kabar Diagnostic Centre and Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kabar Diagnostic Centre and Specialist Clinic, Medical and health, No 1441, Corner of U Wisara Road & Min Ye Kyaw Swar Street, 42 Ward, North Dagon Township, Yangon.

လေထုညစ်ညမ်းမှု ဘေးကနေ ဘယ်လိုကာကွယ်မလဲ? 💨🌿အခုရက်ပိုင်း ရန်ကုန်ရဲ့ လေထုအရည်အသွေး (AQI) ဟာ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရတဲ...
25/02/2026

လေထုညစ်ညမ်းမှု ဘေးကနေ ဘယ်လိုကာကွယ်မလဲ? 💨🌿

အခုရက်ပိုင်း ရန်ကုန်ရဲ့ လေထုအရည်အသွေး (AQI) ဟာ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိနေပါတယ်။ ဒီလိုအချိန်မှာ သာမန်ကာကွယ်ရုံနဲ့ မလုံလောက်တော့တာမို့ အောင်ကမ္ဘာ (AKB) မှ တိတိကျကျ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။

▪️N95 Mask ကို ရွေးချယ်ပါ 😷

သာမန် Mask ထက် အမှုန်အမွှားလေးတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ N95 သို့မဟုတ် KN95 Mask ကို အပြင်ထွက်တိုင်း စနစ်တကျ တပ်ဆင်ပါ။

▪️အပြင်ထွက်ချိန်ကို ဆင်ခြင်ပါ 🚶

လေထုအညစ်ညမ်းဆုံးဖြစ်တဲ့ မနက်စောစောနဲ့ ညပိုင်းအချိန်တွေမှာ အပြင်ထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

▪️အိမ်တွင်းလေထုကို လုံခြုံပါစေ 💨

အပြင်က ဖုန်မှုန့်တွေ အိမ်ထဲမဝင်အောင် ပြတင်းပေါက်နဲ့ တံခါးတွေကို လုံအောင်ပိတ်ထားပါ။

▪️တစ်ကိုယ်ရေသန့်ရှင်းရေး အမြဲလုပ်ပါ 🛀🧼

အပြင်က ပြန်လာတာနဲ့ အဝတ်အစားချက်ချင်းလဲပါ၊ ရေချိုးပါ။ မျက်နှာနဲ့ နှာခေါင်းထဲက ဖုန်မှုန့်တွေကို သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပေးပါ။

▪️ရေနှင့် အသီးအနှံများများစားပါ 🍉🍊

💧 ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို နေ့စဉ်စားသုံးပေးပါ။

အသက်ရှူရခက်ခဲတာ ဒါမှမဟုတ် တာရှည်ချောင်းဆိုးတာမျိုး ခံစားရရင်တော့ အောင်ကမ္ဘာ (AKB) သို့မဟုတ် နီးစပ်ရာဆေးခန်းတွင် ပြသနိုင်ပါတယ်ရှင်။

📞 ဖုန်း: ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇ ၃၆ 📍 လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

ဆီးချိုရောဂါ အန္တရာယ်ဟာ လူတိုင်းနဲ့သက်ဆိုင်ပါတယ် 🩸🍡အခုနောက်ပိုင်းမှာ အချိုဓာတ်များတဲ့ အစားအစာတွေနဲ့ အချိုရည်တွေ အစားများ...
22/02/2026

ဆီးချိုရောဂါ အန္တရာယ်ဟာ လူတိုင်းနဲ့သက်ဆိုင်ပါတယ် 🩸🍡

အခုနောက်ပိုင်းမှာ အချိုဓာတ်များတဲ့ အစားအစာတွေနဲ့ အချိုရည်တွေ အစားများလာတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာကြောင့်.... ဆီးချိုရောဂါ က ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲကို သတိမထားမိဘဲ ရောက်ရှိလာတတ်ပါတယ်ရှင်။

ဆီးချိုရောဂါက အစပိုင်းမှာ လက္ခဏာ သိပ်မပြတတ်ပေမဲ့ ရေရှည်မှာ မျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာနဲ့ ခြေထောက် အနာမကျက်တာတွေအထိ ဖြစ်နိုင်တဲ့အတွက် ပေါ့ပေါ့လေး ထားလို့မရပါဘူးရှင်။

ဆီးချိုဒဏ်ကနေ ကင်းဝေးဖို့ ဒါလေးတွေကို အတူတူ သတိထားကြည့်ရအောင်လားရှင်..

▪️ အချိုနဲ့ ကစီဓာတ် လျှော့ပါ 🥤

ထမင်း၊ မုန့်၊ အချိုရည်နဲ့ အချိုကဲတဲ့ အသီးအနှံတွေကို အတတ်နိုင်ဆုံး လျှော့စားပေးဖို့ လိုပါတယ်ရှင်။

▪️ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ 🏃

တစ်နေ့ကို အနည်းဆုံး မိနစ် (၂၀) ခန့် လမ်းလျှောက်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်ရှင်။

▪️ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ 🔬

ဆီးချိုရှိ၊ မရှိကိုတော့ သွေးစစ်ကြည့်မှသာ တိတိကျကျ သိနိုင်တာမို့ မိမိရဲ့ သွေးတွင်းသကြားဓာတ် (Blood Sugar) ကို ပုံမှန် စစ်ဆေးပေးရပါမယ်ရှင်။

ကျွန်မတို့ အောင်ကမ္ဘာဆေးခန်း (AKB) မှာ ဆိုရင် ခေတ်မီတဲ့ Lab စစ်ဆေးမှုတွေနဲ့ သွေးတွင်းသကြားဓာတ်ကို တိကျမြန်ဆန်စွာ စစ်ဆေးပေးနေပြီး ကျွမ်းကျင်ဆရာဝန်ကြီးများကလည်း လိုအပ်တဲ့ ကျန်းမာရေး လမ်းညွှန်မှုတွေကို ပေးနေပါတယ်ရှင်။

ကိုယ့်မှာ ဆီးချိုလက္ခဏာတွေ ရှိနေသလား ဒါမှမဟုတ် ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ အောင်ကမ္ဘာမှာ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ပါရစေရှင်။

📞 ဖုန်း: ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇ ၃၆

📍 လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာကို အညောင်းမိတာလို့ပဲ ထင်နေပါသလား?💁🏻‍♀️နေ့စဉ်အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေများပြီး အငန်စာနဲ့...
20/02/2026

ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာကို အညောင်းမိတာလို့ပဲ ထင်နေပါသလား?

💁🏻‍♀️နေ့စဉ်အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေများပြီး အငန်စာနဲ့ အဆီအဆိမ့်တွေ စားမိတဲ့အခါ...
သွေးတိုးရောဂါ က ကျွန်မတို့ဆီကို အသံတိတ် ရောက်ရှိလာတတ်ပါတယ်ရှင်။

ဒါကြောင့် သွေးတိုးဒဏ်ကနေ ကင်းဝေးဖို့ ဒါလေးတွေကို အတူတူ ဂရုစိုက်ကြည့်ရအောင်နော်..

▪️ အငန်ဓာတ် လျှော့စားပါ 🧂

ဟင်းချက်တဲ့အခါ ဆားနဲ့ ငံပြာရည် လျှော့သုံးပါ။ အသင့်စား မုန့်ထုပ်တွေနဲ့ ငပိ၊ ငါးခြောက်တွေကို တတ်နိုင်သမျှ ရှောင်ပေးရပါမယ်ရှင်။

▪️ စိတ်ဖိစီးမှု ထိန်းချုပ်ပါ 🧘

အလုပ်တွေဘယ်လောက်များများ အနားယူချိန်လေး ပေးပါ။ လုံလောက်တဲ့ အိပ်စက်ခြင်းက သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။

▪️ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ 🩺

မိမိရဲ့ သွေးပေါင်ချိန် ဘယ်လောက်ရှိလဲဆိုတာကို ပုံမှန် တိုင်းတာကြည့်မှသာ ရောဂါကို ကြိုတင်ကာကွယ်နိုင်မှာပါ။

ကျွန်မတို့ အောင်ကမ္ဘာဆေးခန်း (AKB) မှာ ဆိုရင် သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ဆရာဝန်ကြီးများက အနီးကပ် ဆွေးနွေးကုသပေးနေသလို၊ နှလုံးနဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပါတယ်ရှင်။

ကိုယ့်ရဲ့ သွေးပေါင်ချိန်က ပုံမှန်ထက် များနေသလား ဒါမှမဟုတ် ပုံမှန်စစ်ဆေးမှု ခံယူချင်တယ်ဆိုရင်တော့ အောင်ကမ္ဘာကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

📞 ဖုန်း: ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇ ၃၆
📍 လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

ဗိုက်ကလေး နည်းနည်းထွက်လာတာ... အသားကျသွားတာလို့ပဲ ထင်နေပါသလား? အခုနောက်ပိုင်းမှာ အလုပ်တွေများပြီး 🍔 အပြင်စာတွေပဲ အစားများ...
03/02/2026

ဗိုက်ကလေး နည်းနည်းထွက်လာတာ... အသားကျသွားတာလို့ပဲ ထင်နေပါသလား?

အခုနောက်ပိုင်းမှာ အလုပ်တွေများပြီး
🍔 အပြင်စာတွေပဲ အစားများတာ
🥤အချိုရည်နဲ့ အဆီအဆိမ့်တွေ မရှောင်နိုင်တာကြောင့်
အသည်းအဆီဖုံးတဲ့ဝေဒနာက လူငယ်၊ လူလတ်ပိုင်းတွေမှာပါ အဖြစ်များလာပါတယ်ရှင်။

အစပိုင်းမှာတော့ ဘာလက္ခဏာမှ မပြတတ်ပေမဲ့
ရေရှည်မှာ အသည်းခြောက်တာနဲ့ အသည်းကင်ဆာအထိ ဖြစ်နိုင်တဲ့အတွက် ပေါ့ပေါ့လေး ထားလို့မရပါဘူးရှင်။

အသည်းမှာ အဆီတွေ မစုအောင် ဒါလေးတွေ သတိထားကြည့်ရအောင်လားရှင်..

▪️ အချိုနဲ့ အဆီလျှော့ပါ
🥤🍟အချိုရည်တွေ၊ မုန့်တွေနဲ့ ဆီကြော်စာတွေကို အတတ်နိုင်ဆုံး လျှော့စားပေးဖို့ လိုပါတယ်ရှင်။

▪️ ကိုယ်အလေးချိန် ထိန်းပါ
🤸အဝလွန်တာက အသည်းအဆီဖုံးဖို့ အဓိက အကြောင်းရင်းမို့လို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရပါမယ်။

▪️ ပုံမှန်ဆေးစစ်ပါ
🔬အသည်းအဆီဖုံးတာကို သိရှိဖို့ဆိုရင် အာထရာဆောင်း (Ultrasound) ရိုက်ကြည့်တာ ဒါမှမဟုတ် သွေးစစ်ကြည့်မှပဲ တိတိကျကျ သိနိုင်ပါတယ်ရှင်။

💁🏻‍♀️ ကိုယ့်မှာ အသည်းအဆီဖုံးနေသလားဆိုတာကို စိုးရိမ်နေရတယ်ဆိုရင် ဒီနေ့ပဲ အောင်ကမ္ဘာမှာ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ပါရစေရှင်။

📞 ဖုန်း: ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇ ၃၆
📍 လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

မိဘဘိုးဘွားတွေ ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်နိုင်ဖို့ဆိုတာ...  သားသမီးတွေရဲ့ အစောဆုံး ဂရုစိုက်မှုအပေါ်မှာ အများကြီး မူတည...
15/01/2026

မိဘဘိုးဘွားတွေ ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်နိုင်ဖို့ဆိုတာ...
သားသမီးတွေရဲ့ အစောဆုံး ဂရုစိုက်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်ရှင် 👵👴

💁အိမ်က ဖေဖေ၊ မေမေတို့နဲ့ ဘိုးဘိုး၊ ဘွားဘွားတို့က
😓ဇက်ကြောတွေ တက်လိုက်တာ ..
😣 ခေါင်းထဲမှာလည်း မူးနောက်နောက် ဖြစ်နေတယ် လို့ ခဏခဏ ပြောနေတတ်ပါသလားရှင်?

ဒီလိုဖြစ်တာကို လူကြီးဆိုတော့ ဖြစ်မှာပဲလို့ သာမန်လေး တွေးပြီး
ပေါ့ပေါ့လေး ထားလိုက်မိတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဒါဟာ တကယ်တော့ လေဖြတ်ခြင်း ရဲ့
ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်လို့ အထူးသတိထားပေးစေချင်ပါတယ်ရှင်။

ချစ်ရတဲ့ မိဘဘိုးဘွားတွေ ဝေဒနာမပြင်းထန်ခင်မှာ
သားသမီးတွေအနေနဲ့ ဒါလေးတွေကို ကူညီပေးလို့ ရပါတယ်ရှင်။

▪️ စကားလေး မေးပေးပါ

ဇက်ကြောတက်တာအပြင် လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာမျိုး ရှိ၊ မရှိ မကြာခဏ မေးမြန်းပေးပါ။

▪️သွေးပေါင်ချိန် တိုင်းပေးပါ

သွေးတိုးတာက လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်းမို့လို့ သွေးပေါင်ချိန်ကို ပုံမှန်လေး စစ်ဆေးပေးစေချင်ပါတယ်ရှင်။

▪️ အကြံဉာဏ် ရယူပါ

ကိုယ့်သဘောနဲ့ကိုယ် အကိုက်အခဲပျောက်ဆေးတွေ ဝယ်တိုက်တာထက် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး ဆွေးနွေးပြသပေးပါ။

ကျွန်မတို့ အောင်ကမ္ဘာဆေးခန်း (AKB) မှာဆိုရင်
မိဘဘိုးဘွားတွေရဲ့ ကျန်းမာရေးအတွက် အတွေ့အကြုံရင့်
ဆရာဝန်ကြီးတွေက စိတ်ရှည်လက်ရှည်နဲ့ နွေးနွေးထွေးထွေး ကုသပေးနေပါတယ်ရှင်။

မိဘတွေ ကျန်းမာနေမှ သားသမီးတွေလည်း စိတ်ချမ်းသာရမှာမို့လို့...
ဒီဝေဒနာလေးတွေ ရှိနေပြီဆိုရင် အချိန်မဆွဲဘဲ အောင်ကမ္ဘာကို အခုပဲ ခေါ်ဆောင်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

ဆက်သွယ်ရန်ဖုန်း
☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ၀၉ ၇၇၄၀ ၇၇၇ ၃၆

📍 လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

#မိဘဘိုးဘွားကျန်းမာရေး #လေဖြတ်ခြင်း #ကျန်းမာရေးဗဟုသုတ #မြောက်ဒဂုံ

ရန်ကုန် မြောက်ဒဂုံ မြို့နယ်ရှိ Aung Kabar Diagnostic and Specialist Clinic တွင်လုပ်ကိုင်ရန်♦Cleaner -(F-1)Post♦♦Nurse Ai...
08/01/2026

ရန်ကုန် မြောက်ဒဂုံ မြို့နယ်ရှိ Aung Kabar Diagnostic and Specialist Clinic တွင်လုပ်ကိုင်ရန်

♦Cleaner -(F-1)Post♦

♦Nurse Aide-(F-1)Post♦

Related Salary -(Nego)

-သက်ဆိုင််ရာ လုပ်ငန်းခွင်အတွေ့အကြုံရှိရမည်။
-Team Work စိတ်ဓာတ်ရှိပြီး အတူပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
-သင်ယူတတ််မြောက်ချင်စိတ်ရှိပြီး မိမိလုပ်ငန်းခွင်ကို စိတ်ဝင်စားသူဖြစ်ရမည်။

*** သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံမရှိသော်လည်း အထက်ပါ အချက်များနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်ပါသည်။

*** နေထိုင်ရန် အဆောင်စီစဉ်ပေးမည် ဖြစ်သည်။

*** အလုပ််ချိန်သည် Duty Roaster နှင့် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး Off Day သည် Duty Roaster ပေါ်မူတည်၍ တပတ် ၁ ရက် ပိတ်ရက် ခံစားခွင့်ရှိသည်။

🔷Location- North Dagon ; Yangon.

အောက်ပါ ဖုန်းနံပါတ်များနှင့် Gmail Address အား CV Form ပေးပို့ လျှောက်ထားနိုင်ပါပြီ

Ph- 09 774077736(Viber)
Ph- 09 444449455 (Viber)
Mail- thmue880@gmail.com

ဇက်ကြောတွေတက်ပြီး ခေါင်းကိုက်နေတာ...သာမန်ပဲလို့ ထင်နေပါသလား? 💆‍♂️အခုတလော အလုပ်တွေ အရမ်းလုပ်ရလို့ပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာ...
07/01/2026

ဇက်ကြောတွေတက်ပြီး ခေါင်းကိုက်နေတာ...
သာမန်ပဲလို့ ထင်နေပါသလား? 💆‍♂️

အခုတလော အလုပ်တွေ အရမ်းလုပ်ရလို့ပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာ များလို့ပဲဖြစ်ဖြစ် ဇက်ကြောတွေ တောင့်တင်းပြီး ဇက်ကနေတစ်ဆင့် ခေါင်းနောက်စိအထိ တဆစ်ဆစ် ကိုက်နေတာမျိုး ခံစားနေရပြီလားရှင်?

ဒါကို လူတော်တော်များများက 🙆🏻‍♀️

အလုပ်ပင်ပန်းလို့ပါ၊ ဆေးသောက်ပြီး အိပ်လိုက်ရင်
ပျောက်သွားမှာပါ ဆိုပြီး ပေါ့ပေါ့လေး တွေးတတ်ကြပါတယ်။

ဒါပေမဲ့ ဒါဟာ သင့်ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးအချက်ပြချက် တစ်ခု ဖြစ်နိုင်တယ်ဆိုတာ သတိထားပါရှင်။

ဘာကြောင့် ဒီလိုတွေ ဖြစ်ရတာလဲ? 💁🏻‍♀️

▪️ကွန်ပျူတာနဲ့ ဖုန်းကို အနေအထားမမှန်ဘဲ အကြာကြီး ကြည့်နေတာကြောင့်ဖြစ်နိုင်သလို

▪️ဇက်ကြောတက်တာဟာ သွေးတိုးခြင်းရဲ့ အစောပိုင်း လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒါတင်မက စိတ်ဖိစီးမှု များတဲ့အခါ ပခုံးနဲ့ လည်ပင်းက ကြွက်သားတွေ တင်းမာလာပြီး ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။

ဒါဆို ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?

✅ ဇက်ကြောတက်တာနဲ့အတူ လက်တွေပါ ထုံကျင်လာရင်။

✅ အကိုက်အခဲပျောက်ဆေး သောက်ပေမယ့် မသက်သာရင်။

✅ ခေါင်းမူးတာ၊ အမြင်အာရုံ ဝေဝါးတာတွေပါ တွဲဖြစ်လာရင်။

ဒီဝေဒနာတွေက သင့်ရဲ့ နေ့စဉ်ဘဝ ပျော်ရွှင်မှုကို နှောင့်ယှက်နေပြီဆိုရင်တော့ အချိန်မဆွဲပါနဲ့နော်။

Aung Kabar Clinic (AKB) မှာ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက အမြဲတမ်း စစ်ဆေးပေးဖို့ အသင့်ရှိနေပါတယ်။

ဆက်သွယ်ရန်

ဖုန်း: ☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ☎️ ၀၉ ၇၇၄၀ ၇၇၇ ၃၆

လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

Happy New Year | Welcome 2026 🥳 ပျော်ရွှင်စရာ နှစ်အသစ်အချိန်အခါလေးမှစကျန်းမာသောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း A...
31/12/2025

Happy New Year | Welcome 2026

🥳 ပျော်ရွှင်စရာ နှစ်အသစ်အချိန်အခါလေးမှစ
ကျန်းမာသောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
Aung Kabar ဆေးခန်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။


ဆောင်းရာသီမှာ ကျန်မာရေးအတွက် ဒီအချက်လေးတွေကို သိထားဖို့လိုမယ်နော် ❄️☃️ဆောင်းရာသီ ရောက်လာပြီဆိုတော့ ရာသီဥတုလေးက နေလို့ကော...
23/12/2025

ဆောင်းရာသီမှာ ကျန်မာရေးအတွက် ဒီအချက်လေးတွေကို သိထားဖို့လိုမယ်နော် ❄️

☃️ဆောင်းရာသီ ရောက်လာပြီဆိုတော့ ရာသီဥတုလေးက နေလို့ကောင်းပေမယ့် အအေးဒဏ်နောက်မှာ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ ကျန်းမာရေး ထောင်ချောက် တွေ ရှိနေတယ်ဆိုတာ သတိထားမိကြရဲ့လားရှင်?

👃 သာမန် နှာစေး၊ ချောင်းဆိုးတာထက် ပိုဆိုးတဲ့၊ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အချက်တွေကို Aung Kabar Clinic (AKB) ကနေ စေတနာရှေ့ထားပြီး သတိပေးပါရစေ။

❄️ မနက်စောစော အပြင်ထွက်ရင် အထူးသတိထားပါ

အေးတဲ့အချိန်မှာ သွေးကြောတွေက ကျုံ့သွားတတ်ပါတယ်။ အထူးသဖြင့် သွေးတိုးရှိတဲ့သူတွေနဲ့ လူကြီးမိဘတွေမှာ မနက်စောစော အအေးဒဏ်ကို တိုက်ရိုက်ထိတွေ့မိရင် သွေးပေါင်ချိန် ရုတ်တရက်တက်ပြီး လေဖြတ်တာ (Stroke) တို့၊ နှလုံးအမောဖောက်တာ တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင် အနွေးထည် လုံလုံခြုံခြုံ ဝတ်ဖို့ကို လုံးဝ (လုံးဝ) မမေ့ပါနဲ့နော်။

❄️ ရေချိုးမှားတာကနေ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်

ဆောင်းတွင်းမှာ ရေချိုးချိန် ရွေးချယ်မှုက အရမ်းအရေးကြီးပါတယ်။ မနက်စောစော အေးစိမ့်နေချိန် ဒါမှမဟုတ် ညဉ့်နက်မှ ရေချိုးတာမျိုးက ကိုယ်ပူချိန်ကို ရုတ်တရက် ကျဆင်းစေပြီး အဆုတ်အအေးမိတာ (Pneumonia) နဲ့ နှလုံးအလုပ်မလုပ်တော့တာ (Heart Failure) အထိ ဖြစ်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် နေထွက်ပြီး ကိုယ်ပူချိန် တည်ငြိမ်တဲ့အချိန်မှာ ရေနွေးနွေးလေးနဲ့ပဲ ချိုးပေးပါရှင်။

❄️ ရေများများသောက်ပေးပါ

ဆောင်းတွင်းဆိုတော့ ရေသိပ်မသောက်ဖြစ်ကြဘူးမလား?

ရေဓာတ်နည်းရင် သွေးတွေပျစ်လာပြီး နှလုံးကို ဝန်ပိစေတဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့ကို ရေနွေးနွေးလေး အနည်းဆုံး (၈) ခွက်ပြည့်အောင် သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

🌿 ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရပါဘူး။ မိမိကိုယ်တိုင်ဖြစ်ဖြစ်၊ မိသားစုဝင်တွေထဲမှာဖြစ်ဖြစ် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာ၊ ဒါမှမဟုတ် ကိုယ်တခြမ်း ထုံကျဉ်လာတာ မျိုး ခံစားရရင် အချိန်မဆွဲပါနဲ့နော် ...

Aung Kabar Clinic (AKB) ကို အမြန်ဆုံး လာရောက်ပြသဖို့ တိုက်တွန်းပါရစေရှင်။ ကျွန်မတို့ ဆေးခန်းက လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အမြဲတမ်း အသင့်ရှိနေမှာပါရှင်။

ဆက်သွယ်ရန်

ဖုန်း: ☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ☎️ ၀၉ ၇၇၄၀ ၇၇၇ ၃၆
လိပ်စာ: မြောက်ဒဂုံ၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်။

ရေဓာတ်ပြည့်ဝပြီး လှုပ်ရှားနေခြင်းဖြင့် ကျန်းမာရေးကို ကာကွယ်ပါ  🏃‍♀️💧ကျန်းမာရေးကောင်းဖို့ဆိုရင် ဆေးကောင်းတွေ သောက်နေရုံနဲ...
16/12/2025

ရေဓာတ်ပြည့်ဝပြီး လှုပ်ရှားနေခြင်းဖြင့် ကျန်းမာရေးကို ကာကွယ်ပါ 🏃‍♀️💧

ကျန်းမာရေးကောင်းဖို့ဆိုရင် ဆေးကောင်းတွေ သောက်နေရုံနဲ့ မပြီးပါဘူး။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေဖို့နဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကသာ ရောဂါမျိုးစုံကို တားဆီးပေးနိုင်တဲ့ အကောင်းဆုံးသော့ချက်တွေပါပဲရှင်။

ရေဓာတ်ပြည့်ဝဖို့ ဘာကြောင့် အရေးကြီးတာလဲ? 💧

ရေဟာ လူကြီးမင်းတို့ရဲ့ သွေးထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို ကျောက်ကပ်ကနေတဆင့် စစ်ထုတ်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်မှ ကျောက်ကပ်က ကောင်းကောင်းအလုပ်လုပ်နိုင်စေမှာပါ။

ဒါတင်မကသေးပဲ ရေဓာတ်ပြည့်ဝနေတာက အသားအရေကို ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပြီး ကြည်လင်စိုပြေလှပေစေနိုင်ပါတယ် 🙆🏻‍♀️

နေ့စဉ် လှုပ်ရှားခြင်း၏ တကယ့်တန်ဖိုးများ ✅

နှလုံးနှင့် သွေးကြောကျန်းမာရေး

ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေက နှလုံးကို အားကောင်းစေပြီး သွေးတိုး၊ ဆီးချိုလို ရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ် ။

ကိုယ်လက်လှုပ်ရှားမှုဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ် 🧠။

ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း

ကိုယ်အလေးချိန်ကို သင့်တင့်စွာထိန်းသိမ်းနိုင်တဲ့အတွက် အဆစ်အမြစ်နဲ့ ခါးနာတာမျိုးတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

လူကြီးမင်းအတွက် အကြံပြုချက်

နေ့စဉ် ရေရည်မှန်းချက်ထားပါအနည်းဆုံး တစ်နေ့ကို ရေ (၈) ခွက်မှ (၁၀) ခွက်အထိ ရည်မှန်းချက်ထားပြီး သောက်သုံးပါ 🥛။

လှုပ်ရှားမှုကို ဦးစားပေးပါ: နေ့တိုင်း အချိန်အကြာကြီးထိုင်နေတာမျိုးထက် တစ်နာရီခြားတစ်ခါ မတ်တပ်ရပ်ပြီး လမ်းလျှောက်တာမျိုးကို ပြုလုပ်ပေးပါ 🚶‍♂️။

ဒီလိုရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေက ရေရှည်မှာ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါနော်။

ဆက်သွယ်ရန်
လိပ်စာ: အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။

ဖုန်း: ☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ☎️ ၀၉ ၇၇၄၀ ၇၇၇ ၃၆၊ ☎️ ၀၉ ၃၁ ၄၅၆ ၇၇၅
#ကျန်းမာရေးဗဟုသုတ

ရုံးထိုင်သမားများ သတိထားရမည့် ခါးနာခြင်းနှင့် အကြောဆွဲခြင်း 🧍‍♀️လူကြီးမင်းတို့အနေနဲ့ အလုပ်မှာ တစ်နေကုန် ထိုင်နေရသူတွေဆို...
05/12/2025

ရုံးထိုင်သမားများ သတိထားရမည့် ခါးနာခြင်းနှင့် အကြောဆွဲခြင်း 🧍‍♀️

လူကြီးမင်းတို့အနေနဲ့ အလုပ်မှာ တစ်နေကုန် ထိုင်နေရသူတွေဆိုရင် ခါးနာတာ၊ လည်ပင်းတောင့်တင်းတာမျိုးတွေ မကြာခဏ ခံစားရတတ်ပါတယ်နော်။

ဒီလိုနာကျင်မှုတွေကို လျစ်လျူရှုထားတာဟာ ရေရှည်မှာ အရိုးအဆစ်နဲ့ ကျောရိုးပြဿနာတွေအထိ ဖြစ်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်ရှင်။

ခါးနာရခြင်းရဲ့ အဓိကအကြောင်းအရင်းများ 😟

ထိုင်ခုံမှားယွင်းခြင်း: ထိုင်ခုံနိမ့်လွန်းတာ၊ မြင့်လွန်းတာ၊ ဒါမှမဟုတ် ခါးကို ကောင်းစွာမပံ့ပိုးနိုင်တဲ့ ထိုင်ခုံမှာ ထိုင်တာမျိုးက ကျောရိုးကို ပုံမမှန်ဖြစ်စေပါတယ်။

လှုပ်ရှားမှုနည်းခြင်း: အကြာကြီးထိုင်နေတာမျိုးက ကြွက်သားတွေ တောင့်တင်းလာစေပြီး သွေးလည်ပတ်မှု မကောင်းတဲ့အတွက် နာကျင်မှုကို ဖြစ်စေပါတယ်။

ကိုယ်အလေးချိန်များခြင်း: လိုအပ်တာထက် ကိုယ်အလေးချိန်ပိုနေရင် ခါးရိုးအပေါ်မှာ ဖိအားပိုများစေပါတယ်။

ရုံးထိုင်သမားများ လိုက်နာရမည့် နည်းလမ်းကောင်းများ ✅

မှန်ကန်သော ကိုယ်ဟန်အနေအထားဖြင့် ထိုင်ပါ

ထိုင်တဲ့အခါ ကျောကို တည့်တည့်ထားပြီး မတ်မတ်ထိုင်ပါ။ ခြေထောက်နှစ်ဖက်ကို မြေကြီးပေါ်မှာ သေချာချထားသင့်ပါတယ်။ ခြေထောက်ကို ချိတ်ထိုင်တာမျိုး ရှောင်ပါ 🚫။

Monitor ကို မျက်လုံးနဲ့ မျဉ်းပြိုင်အဆင့်မှာ ထားရှိခြင်းဖြင့် လည်ပင်းတောင့်တင်းတာကို ကာကွယ်ပါ။

အချိန်ယူ၍ လှုပ်ရှားပါ

တစ်နာရီခြားတစ်ခါ မတ်တပ်ရပ်ပြီး လမ်းလျှောက်တာ၊ ခါးဆန့်တာမျိုးတွေ လုပ်ပေးပါ။ ဒါက ကြွက်သားတွေကို အနားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ် 🚶‍♂️။

ခါးနှင့် လည်ပင်း လေ့ကျင့်ခန်း

ရိုးရှင်းတဲ့ ခါးနဲ့ လည်ပင်း ဆန့်ထုတ်လေ့ကျင့်ခန်း (Stretching) တွေကို မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ် 💪။

ခါးနာတာ၊ အကြောဆွဲတာမျိုးက ရက်အတန်ကြာသည်အထိ မပျောက်ရင် ဒါမှမဟုတ် နာကျင်မှု ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကျောရိုးနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်နော်။

ဆက်သွယ်ရန်

လိပ်စာ: အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်း: ☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ☎️ ၀၉ ၇၇၄၀ ၇၇၇ ၃၆၊ ☎️ ၀၉ ၃၁ ၄၅၆ ၇၇၅

#ကျန်းမာရေးဗဟုသုတ #ခါးနာခြင်း

အသက် ၅၀ နှင့်အထက် လူကြီးမင်းတို့ မဖြစ်မနေ စစ်ဆေးသင့်သော ရောဂါများ 🩺စီးပွားရေး၊ လူမှုရေး ကိစ္စတွေနဲ့ မအားလပ်တဲ့ကြားက ကိုယ...
25/11/2025

အသက် ၅၀ နှင့်အထက် လူကြီးမင်းတို့ မဖြစ်မနေ စစ်ဆေးသင့်သော ရောဂါများ 🩺

စီးပွားရေး၊ လူမှုရေး ကိစ္စတွေနဲ့ မအားလပ်တဲ့ကြားက ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ အရေးကြီးဆုံးပါပဲနော်။ အထူးသဖြင့် အသက် ၅၀ ဝန်းကျင် ရောက်လာပြီဆိုရင် ရောဂါလက္ခဏာမပြခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်ရှင်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှု၏ အရေးကြီးပုံ ❗️

ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ခြင်းဟာ ရောဂါကို စောစီးစွာသိနိုင်ပြီး ကုသမှုခံယူဖို့ အချိန်မီဆုံးဖြတ်နိုင်စေပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာတွေကို အချိန်အကြာကြီး မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသက် ၅၀ နှင့်အထက် မဖြစ်မနေ စစ်ဆေးသင့်သော ရောဂါများ

သွေးတိုးနှင့် ဆီးချိုရောဂါ (Hypertension & Diabetes)

အသက်ကြီးလာတာနဲ့အမျှ သွေးတိုးနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်းဖြင့် နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်မှုမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။

နှလုံးကျန်းမာရေး (Heart Health)

နှလုံးခုန်နှုန်း၊ သွေးတွင်းကိုလက်စထရော ပမာဏနဲ့ ECG (Electrocardiogram) စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို စောစီးစွာ ခန့်မှန်းနိုင်ပါတယ် ❤️

ကင်ဆာရောဂါများ စစ်ဆေးခြင်း

အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာ (Prostate Cancer)၊ အမျိုးသမီးများအတွက် ရင်သားကင်ဆာ (Breast Cancer) နဲ့ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ် 👩‍⚕️

အမြင်အာရုံနှင့် အကြားအာရုံ စစ်ဆေးခြင်း

အသက်ကြီးလာရင် မျက်စိအတွင်းတိမ်နဲ့ အကြားအာရုံ လျော့ကျမှုတွေဖြစ်တတ်ပါတယ်။ ဒီပြဿနာတွေ မဖြစ်ခင်ကတည်းက စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်ရှင်။

ကျန်းမာရေးဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုပါ။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ဆက်သွယ်ရန်
လိပ်စာ: အမှတ် ၁၄၄၁၊ ဦးဝိစာရလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ။
ဖုန်း: ☎️ ၀၉ ၄၄၄ ၄၄၉ ၄၅၅၊ ☎️ ၀၉ ၇၇၄၀ ၇၇၇ ၃၆၊ ☎️ ၀၉ ၃၁ ၄၅၆ ၇၇၅
#ကျန်းမာရေးဗဟုသုတ #ပုံမှန်စစ်ဆေးမှု

Address

No 1441, Corner Of U Wisara Road & Min Ye Kyaw Swar Street, 42 Ward, North Dagon Township
Yangon
11421

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959444449455

Website

Alerts

Be the first to know and let us send you an email when Aung Kabar Diagnostic Centre and Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Kabar Diagnostic Centre and Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram