AL-Shifa ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • AL-Shifa ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

AL-Shifa ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု မည်သူမဆို တစ်ဦး တစ်ယောက်အား (ကယ်တင်) အသက် ရှင်စေခဲ့လျှင် ထိုသူသည် လူအားလုံးအား အသက် ရှင်စေသကဲ့သို့ပင် ဖြစ်သည်။
စူရဟ် မာအိဒဟ် (အပိုဒ် -32)

FYI
28/03/2025

FYI

FYI
27/03/2025

FYI

**🔔 မိုးတွင်းမှာ တုပ်ကွေးဒဏ်ကနေ ကြိုတင်ကာကွယ်ပါ!

🧑‍⚕️တုပ်ကွေးရာသီမှာ စိတ်မပူချင်ဘူးလား ❓

🧑‍⚕️ဖျားနာလို့ အလုပ်ပျက်၊ စာပျက်၊ ဝင်ငွေဆုံးရှုံးရတာ စိတ်ညစ်ဖူးပါသလား❓

🧑‍⚕️ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်ရင် စိုးရိမ်ပူပန်ရတာ များလား ❓

🧑‍⚕️ဆေးရုံ၊ ဆေးခန်းသွားရပြီး အချိန်နဲ့ငွေကုန်ကြေးကျများတာ ရှောင်ချင်ပါသလား ❓

✅အဖြေက ရှင်းပါတယ် ❗
တုပ်ကွေးကာကွယ်ဆေး💉 ကို လာမယ့်လမှာ စတင်ရရှိမှာ ဖြစ်ပြီး အခုပဲ Pre-order လုပ်လိုက်ပါ ❗

✅ ဘာကြောင့် Pre-order လုပ်သင့်လဲ❓

- ကာကွယ်ဆေး အရင်ရသူက အရင်ကာကွယ်နိုင်မယ်။

- မိသားစုဝင်အားလုံးအတွက် စိတ်ချရအောင် စီစဉ်နိုင်မယ်။

📅 ဘယ်လို Pre-order လုပ်မလဲ ❓

1️⃣ အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး
2️⃣ ကိုယ့်ရဲ့အမည်၊ ဖုန်းနံပါတ်၊ ထိုးချင်တဲ့ နေ့ကို ရွေးချယ်ပေးလိုက်တာနဲ့ ဆေးခန်းကို လာရောက်၍ဖြစ်စေ ၊ အိမ်‌တိုင်ရာရောက် ဝန်ဆောင်မှုရယူလို၍ဖြစ်စေ ရယူနိုင်ပါတယ်။


📞 အသေးစိပ်အတွက် ဆက်သွယ်ရန်
ဖုန်း - 09 69 273 06 77

👉 Pre-order လုပ်ဖို့ ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပါ
တုပ်ကွေးရာသီမှာ ကျန်းမာပျော်ရွှင်ပြီး စိတ်အေးရအောင် ကြိုတင်ပြင်ဆင်လိုက်ကြရအောင်!

25/09/2024

Taking Care Of Our Body/Health Is Part Of Deen

In this regard, the Prophet (s.a.w) said, ‘O servants of Allah, treat yourselves with medication when you are ill, because Allah, the Exalted, Has created a cure for every illness except ‘old age’ (Ahmad; An Nasai).

16/09/2024

ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောဝေဒနာ တွေ ကိုသက်သာချင်ရင် ဒါတွေလုပ်ပါ

14/09/2024

ဆီးချိုဆေးတွေသာပြတ်လတ်သွားခဲ့ရင် ဒါတွေလုပ်ပါ

05/06/2024
ယခုနှစ် ဟဂျ်ဘုရားဖူးပြင်ဆင်နေသူများအတွက် ကျန်းမာရေး လမ်းညွှန် ✍(2023 ခုနှစ်က သွားခဲ့ဖူးတဲ့ ကိုယ်တိုင်အတွေ့အကြုံရော Pract...
22/05/2024

ယခုနှစ် ဟဂျ်ဘုရားဖူးပြင်ဆင်နေသူများအတွက် ကျန်းမာရေး လမ်းညွှန် ✍

(2023 ခုနှစ်က သွားခဲ့ဖူးတဲ့ ကိုယ်တိုင်အတွေ့အကြုံရော Practical Management လုပ်ပေးခဲ့ရတဲ့ လူနာအတွေ့အကြုံများကိုသာ ပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါတယ်)

ပထမဦးဆုံးပြောလိုတာက အပူချိန်ပါ။🌞🌡
Makkah🕋 မှာ June လကနေ August အထိ နွေရာသီဖြစ်ပြီးတော့ တိုက်တဲ့လေကို ကြည့်မယ်ဆိုရင် စိုထိုင်းဆနည်းတဲ့ ခြောက်သွေ့လေတွေ ဖြစ်ပါတယ်။

ကဲ....စီးလာတဲ့ လေယာဥ်ကဆင်းပြီး သတ်မှတ်ထားတဲ့ ဟိုတယ်အရောက်....... 24 နာရီ ဖွင့်ထားတဲ့ ဟိုတယ်အဲကွန်းတွေ​​ အောက် အပြင်ကို ထွက်လိုက်ဝင်လိုက် ​လုပ်ပါများတဲ့အခါ ပြသာနာက စတက်ပြီ (အသားတွေခြောက် နှုတ်ခမ်းတွေ ကွဲပါပြီ)။

အရမ်းတော့ မစိုးရိမ်ပါနဲ့။
ကိုယ်ခန္ဓာ ရဲ့ အရေပြားက ပြင်ပက ပူရင်ပူတဲ့အလျောက် အေးရင်လဲ အေးတဲ့အလျောက် Thermal Regulation လို့ခေါ်တဲ့ အရေပြားအပူချိန်ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။

လူသားဟာ သွေးနွေး (Warm blooded Animal) ဖြစ်တဲ့အလျောက် အကောင်းဆုံးပုံစံဖြစ်နေအောင် အရေပြားအပူချိန်ကို (37°C) မှာ ညှိနိုင်ပါတယ်။

ဆော်ဒီရဲ့ လက်ရှိပြင်ပအပူချိန်ဟာ 39°C (102°F 🌡)ထိ ရှိ​နေပါတယ်။Severe weather Alert လို့ကြေငြာထားသလို မနှစ်က အာရဖတ်နေ့အပူချိန်ဆို 50°C ကျော်ပါတယ်

အကြံပေးလိုတာက မလောပါနဲ့။ကိုယ်ခန္ဓာ အပူချိန်ထိန်းညှိမှုကို အချိန်ပေးပါ။
ခုပဲ အဲကွန်းခန်းထဲဝင်လိုက် ဝူဇူ(ကိုယ်လက်သန့်စင်ပြီး) အပူထဲ ချက်ချင်းထွက်တာမျိူးက တော်တော် အဆင်မပြေတာပါ။ ကိုယ်တွေ့ပါ။
(ရောက်ရောက်ချင်းရက်တွေဆို ပိုသိသာပါတယ်
ကိုယ့်အသားအရေက ဆော်ဒီနဲ့ ကိုက်အောင် တဖြည်းဖြည်း Adaptation ရလာမှာပါ ။ အချိန်ပေးပါ)။

နေ့ခင်း အပြင်ထွက်လိုပါက အရောင့်ဖျော့ဖျော့ အကျီ၊ အရောင်ဖျော့ဖျော့ ထီး/ဦးထုတ် စသဖြင့် ဆောင်ပါ ။ ရေများများသောက်ပါ ။

နေ့ခင်း ဇိုဟိုရ်ချိန် ကျောင်းတော်မသွားနိုင်လျှင် Ibrahim Khalil လမ်းတစ်လျှောက် ဗလီလေးတွေမှာ ဖတ်လို့ရပါတယ်။

အေဘာဒတ်(တရား အားထားမှု) လုပ်လို့ အကောင်းဆုံးအချိန်တွေပြောပါ ဆို ညပိုင်းအချိန်တွေပါပဲ ။
(စအီပြေးတဲ့နေရာက အဲကွန်းတွေရှိလို့ကိစ္စ မရှိပေမယ့် မာသဖ် (Mataaf) ထဲ သွဝါဖ်လှည့်မယ်ဆို ညဘက်တွေ ဦးစားပေး ရွေးစေချင်ပါတယ် ။

ဇိုဟိုရ် ချိန် နဲ့ အဆရ် ချိန်တွေမှာ သွဝါဖ်လှည့်ရင်း သတိလစ်သွားတဲ့ မြန်မာပြည်သား လူငယ် လူလတ်ပိုင်းတွေကိုတောင် ပြီးခဲ့တဲ့ နှစ်က တွေ့ခဲ့ရပါတယ် ။ မြန်မာပြည်ရဲ့ ထုံးစံအရဆို အသက်ကြီးပိုင်းတွေ ပိုများတဲ့အတွက် ဂရုစိုက်စေချင်ပါတယ် ။ သက်ကြီးပိုင်းတစ်ချို့ ဆိုက်ရောက် Umrah လုပ်အပြီး ဟဂျ်ကာလမရောက်ခင်အထိ နေ့ခင်းပိုင်းအပြင်ထွက်ခြင်း အနားယူကြပါတယ် ။

အပူရှိန်ပြင်းလို့🌞 ကိုယ်ခန္ဓာက မထိန်းနိုင်တဲ့အခါမှာ

🔸 ခေါင်းကိုက်ခြင်း၊
🔸 နှာစေးခြင်း / နှာပိတ်ခြင်း၊
🔸 နှုတ်ခမ်းနာ ခြင်း၊
🔸 အသားပူခြင်း ၊
🔸 ချွေးထွက်များခြင်း ၊
🔸 ကိုယ်ခန္ဓာ ညောင်းကိုက်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ် ။
(ရောက်ရောက်ချင်း ဖျားတတ်တယ် ပြောတာ ဒီအချက်ကြောင့်ပါ ။ ရက် ၄ဝ ရက်ရှည်သွားရတာမို့ မဖျားမနာ ဘဲ အေဘာသဒ် လုပ်ခွင့် ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်)။

မှတ်ချက်။ ။ ဆေးတွေအကြောင်း နောက်ရက်ပိုစ့်မှာ တင်ပေးမှာပါ။

👨‍⚕️ ဟဂျ်ကာလ တစ်လျှောက်လုံး Online Consultation (ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှု)ကို အခမဲ့ လုပ်ပေးသွားမှာမို့ မည်သူမဆို messenger ကနေဆက်သွယ်လို့ရပါတယ်။

Crd. Dr Kyaw Thuya Soe (M.B.,B.S YGN)

🌞⚠လူ ခန္ဓာကိုယ် ဟာ ရေအများစုနဲ့ ဖွဲ့စည်းထားတာလို့ Science က ဆိုတယ်  ၊၊တိတိကျကျပြောရရင် အသွေး အသား ဖြစ်တည်မှုရဲ့ 60 % ဟာ ...
08/04/2024

🌞⚠
လူ ခန္ဓာကိုယ် ဟာ ရေအများစုနဲ့ ဖွဲ့စည်းထားတာလို့ Science က ဆိုတယ် ၊၊တိတိကျကျပြောရရင် အသွေး အသား ဖြစ်တည်မှုရဲ့ 60 % ဟာ ရေရှိမှ ဖြစ်တယ် ၊၊ ဒါဆို ရေရှိခြင်း(Hydration) ဟာ ဘယ်လောက်အရေးကြီးမှန်း ခန့်မှန်းမိနိုင်ပါတယ်၊၊

ခုရက်ပိုင်း ရာသီဥတု ပူပြင်းလာတာနဲအမျှ ကျန်းမာရေးပြသာနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရလာတယ် ၊၊ အဲဒါက ရေဓာတ်ခန်းခြင်း (dehydration) ပဲ ဖြစ်ပါတယ်၊၊ အလွန်အမင်းချွေးထွက်ခြင်းမှ သည် ကိုယ်တွင်းမှ ရေဓာတ်ဆုံးရှုံးရုံသာမက Electrolytes များပါ ပါဝင်တာမို့ ရေဓာတ်ဖြည့်ခြင်း ဓာတ်ဆားသောက်ခြင်း များဖြင့် ကာကွယ်နိုင်ပါတယ်၊၊

ဒါ့အပြင် နောက်ထပ်ကျန်းမာရေးပြသာနာတစ်ခု ရှိပါသေးတယ်၊၊ ပူပြင်းတဲ့ နေရောင်အောက်မှာ လူ့ အရေပြားဟာ ပျက်စီးတတ်တယ် ဆိုတာပါပဲ၊၊ နေလောင်မှုတွေ ၊ အရွယ်မတိုင်မီ အိုမင်းမှုတွေနဲ အရေပြားကင်ဆာထိတောင် ဖြစ်နိုင်တာမို့ အပြင်ထွက်တဲ့ အခါ ထီး /အမိုး တစ်ခုခု ဆောင်သွားသင့်ပါတယ်၊၊ နေလောင်ကာ (sunscreen) များလဲ လိမ်းနိုင်ပါတယ်၊၊

ဒါတင်မက ရာသီဥတု ပူပြင်းလာမှူဟာ ဆီးချို ၊ သွေးတိုး လူနာများ ရဲ့ ရောဂါအနေအထားကိူ ပိုမို ဆိူးရွားစေတာကြောင့် အထူးဂရုပြုဖို့ အသိပေးလိုက်ရပါတယ်၊၊

Address

TARMWE
Yangon
11211

Telephone

+959692739677

Website

Alerts

Be the first to know and let us send you an email when AL-Shifa ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AL-Shifa ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram