
17/05/2025
💊ဆေးအမည်တွေရဲ့နောက်မှာ 𝐌𝐑, 𝐒𝐑, 𝐗𝐑, 𝐂𝐑 စသဖြင့် စာလုံးလေးတွေပါနေလား?*********************************************
💊တချို့သော ဆေးနာမည်တွေရဲ့နောက်မှာ 𝐌𝐑, 𝐒𝐑, 𝐗𝐑, 𝐂𝐑, 𝐗𝐋 စသဖြင့်ပေါ့နော်။ စာလုံးလေးတွေ တွဲပါနေတတ်ပါတယ်။ သတိထားမိကြပါသလား?
💡ဆေးပညာနယ်ပယ်ကသူတွေအတွက် သိပြီးသားဖြစ်ပေမယ့် ဆေးကိုသောက်နေရတဲ့ သာမန်လူ များပါ သိရအောင်လို့ အာရှတော်ဝင်ဆေးရုံရဲ့ 𝐩𝐚𝐠𝐞 ကနေ ဗဟုသုတအဖြစ် ပြောပြပေးချင်ပါ တယ်ရှင်။
📉ပုံမှန်သောက်ဆေးအများစုက ကိုယ်ထဲရောက်တဲ့အခါ အမြန်ပျော်ဝင်ပြီး အာနိသင်လည်း မြန်မြန်ရပြီးရင် ကုန်သွားတဲ့ပုံစံတွေ ဖြစ်ပါတယ်။ ဒီလိုပုံမှန်ဆေးတွေကို အာနိသင်ဆက်တိုက် ရချင်ရင် တစ်နေ့ကို ၃ကြိမ်လောက် သောက်ပေးရပါတယ်။
🏭အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့အခါကျတော့ ဆေးတွေကို တစ်နေ့၂ကြိမ်၊ ၃ကြိမ် သောက်ဖို့မလိုဘဲ တစ်ကြိမ်သောက်ရုံနဲ့ အာနိသင်ကြာကြာ ရှိနေမယ့် 𝐌𝐨𝐝𝐢𝐟𝐢𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞 (𝐌𝐑) ဆိုတဲ့နည်းနဲ့ ထုတ်လာကြပါတယ်။
💊ထူးခြားချက်က ဒီလိုဆေးမျိုးဆိုရင် ဆေးနာမည်ရဲ့နောက်မှာ 𝐌𝐑 ဆိုတဲ့စာလုံးလေး တွဲလျက်ပါပါတယ်။ 𝐌𝐑(𝐌𝐨𝐝𝐢𝐟𝐢𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞) ဆေးအများစုက နေ့စဥ်နေ့တိုင်း၊ ရေရှည် စွဲသောက်ရတဲ့ ဆီးချိုဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေးလို အမျိုးအစားတွေ ဖြစ်လေ့ရှိပါတယ်။
📌𝐌𝐑 (𝐌𝐨𝐝𝐢𝐟𝐢𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞) ထဲမှာမှ
▶𝐄𝐑 𝐨𝐫 𝐗𝐑 (𝐄𝐱𝐭𝐞𝐧𝐝𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞),
▶𝐂𝐑(𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞),
▶𝐒𝐑 (𝐒𝐮𝐬𝐭𝐚𝐢𝐧𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞),
▶𝐃𝐑 (𝐃𝐞𝐥𝐚𝐲𝐞𝐝 𝐑𝐞𝐥𝐞𝐚𝐬𝐞),
▶𝐄𝐧𝐭𝐞𝐫𝐢𝐜 𝐜𝐨𝐚𝐭𝐢𝐧𝐠 စသဖြင့် ပုံစံအမျိုးမျိုး ထပ်ပြီးခွဲသွားပါသေးတယ်။
📊ဒီလိုစာလုံးလေးတွေပါတဲ့ ဆေးအားလုံးကတော့ သောက်ပြီးရင် ကိုယ်ထဲမှာ လိုအပ်တဲ့ အာနိသင်ကို လိုအပ်တဲ့နေရာရောက်မှ လိုသလောက်ပဲ တဖြည်းဖြည်း ပေးတာမျိုးတွေပါ။ တချို့ဆေးတွေကျ အစာအိမ်ထဲမှာ မပြိုကွဲဘဲ အူသိမ်ထဲရောက်မှ ပြိုကွဲအောင်လုပ်ထားပြီး အစာအိမ်ကို မထိခိုက်စေတာမျိုးလည်း ရှိပါတယ်။ ဆေးတွေကို ဓာတုအလွှာအုပ်တာမျိုး၊ ဓာတ်ပေါင်းတွေ ထည့်ထားတာမျိုးတွေနဲ့ အာနိသင်ကို အမျိုးမျိုး ပြုပြင်ထားပါတယ်။
🔼ဒါကြောင့်မို့လို့ အဓိကအားသာချက်က
ဆေးတစ်လုံးသောက်ပြီးရင် အာနိသင်က တစိမ်စိမ့်နဲ့ အချိန်ကြာကြာ ရနေပါလိမ့်မယ်။ တစ်နေ့တာမှာ အကြိမ်ကြိမ် ထပ်သောက်စရာမလိုတဲ့ အားသာချက်ကို ပေးပါတယ်။
🔽အားနည်းချက်ကတော့ ဆေးလုံးတွေက ပုံမှန်ထက် ပိုကြီးတတ်ပါတယ်။
.
ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက
💥ဆေးကို သွားပြီးတခြမ်းခြမ်းတာ၊ ချိုးဖဲ့သောက်လိုက်တာ၊ ဝါးစားတာ၊ အမှုန့်ကြိတ်ပြီး သောက်တာမျိုးတွေတော့ လုံးဝမလုပ်ရပါဘူး။ 💥
📊သူတို့တစိမ့်စိမ့်ထွက်ရမယ့် အာနိသင်အချိုးအစားတွေ ကမောက်ကမ ဖြစ်သွားမှာမို့ပါ။ ဆေးတွေမြန်မြန်ထွက်လာပြီး လိုတာထက် ပိုသွားလို့ အန္တရာယ်ရှိပါတယ်။
📌ပြီးတော့ ဒီဆေးတွေဟာ တခြားဆေးတွေနဲ့ယှဥ်ရင် သွေးထဲမှာလည်း ကြာကြာနေနိုင်ပါတယ်။ ညွှန်ထားတာထက် ပိုသောက်လိုက်ရင် ကိုယ်ထဲကနေ လွယ်လွယ်ထွက်မသွားဘဲ ကျန်နေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးကို ဆရာဝန်ညွှန်တဲ့ပမာဏပဲ သောက်ရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် တိုးလိုက်တာ၊ လျှော့လိုက်တာမျိုးတွေ မလုပ်ရပါဘူး။
🔍ကိုယ်သောက်ရမယ့် ဆေးပမာဏအားကို အတိအကျရှာဝယ်ပါ။ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင် ပညာရှင်ကိုသေချာမေးပါ။ ဒီလိုစာလုံးတွေပါတဲ့ ဆေးဆိုရင် သေချာဂရုစိုက်ပြီး သောက်ဖို့ လိုပါကြောင်း ဗဟုသုတမျှဝေလိုက်ပါတယ်နော်။
💐‘ဆေးပညာဗဟုသုတများတိုးပွားပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲𝐭𝐢𝐦𝐞𝐬.𝐜𝐨𝐦/𝐯𝐢𝐞𝐰/𝐦𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧-𝐚𝐜𝐫𝐨𝐧𝐲𝐦𝐬-𝐥𝐚𝐜𝐤-𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝𝐢𝐳𝐚𝐭𝐢𝐨𝐧
Credit to Asia Royal Hospital Page