STN HomeVisit Healthcare

STN HomeVisit Healthcare Health Delivery to your home by experienced doctors

🌟 လူကြီးတွင်သာမက လူငယ်များမှာပါ အဖြစ်များလာသော သွေးတိုးရောဂါ🌟လူနာများ အမှတ်များကြသည်မှာ သွေးတိုးရောဂါသည် လူကြီးများတွင်သ...
06/03/2024

🌟 လူကြီးတွင်သာမက လူငယ်များမှာပါ အဖြစ်များလာသော သွေးတိုးရောဂါ🌟

လူနာများ အမှတ်များကြသည်မှာ သွေးတိုးရောဂါသည် လူကြီးများတွင်သာ ဖြစ်ကြပြီး လူငယ်တွင်မဖြစ်နိုင်ဟု ထင်ကြသည်။ ယင်းမှာ လုံးလုံးမှားသည့်အတွေးပင်ဖြစ်သည်။ ယခုခေတ်လူများ နေထိုင်စားသောက်မှုတွင် လှုပ်ရှားမှု နည်းလာခြင်း၊ အထိုင်များသော အလုပ်များသာလုပ်ဖြစ်ခြင်း၊ အဆီများသော အစားများကို စားသောက်ခြင်း၊ စသဖြင့်အကြောင်းအရာများကြောင့် သွေးတိုးရောဂါဖြစ်ပွါးသူများ များပြားလာကြပါတယ်။ မြန်မာလူမျိုး များကြိုက်သော ငပိ ငါးခြောက် ငံပြာရည်များကလဲ သွေးတိုးစေပါတယ်။
လူတွေ မှတ်ထားသော ပုံမှန်သွေးပေါင်မှာ ၁၂၀/၈၀ ဟု အလွယ်တကူမှတ်ထားသော်လည်း အချို့မှာ ၉၀/၆၀ သာ ပုံမှန်ရှိသော သူများရှိသည်။ ထို့ကြောင့်ဆေးခန်းများတွင်ဆရာဝန်များ မေးလေ့ရှိသော ပုံမှန်သွေးပေါင် ဘယ်လောက်လောက်ရှိလဲ ဆိုတာ မိမိ ကိုယ်တိုင်ရဲ့ ပုံမှန်ရှိတတ်သော သွေးပေါင်ကို မေးတာ ဖြစ်ပါတယ်။ ထိုသွေးပေါင် ပေါ်မူတည်ပြီး သွေးတိုးလား သွေးပေါင်ကျ နေသလား ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ပုံမှန် အပေါ် သွေးပေါင် ၁၂၀ ရှိနေသူ အဖို့ ၁၃၀ လောက်ထိ တိုးခြင်းက ပြသနာ မဟုတ်သော်လည်း ပုံမှန် ၉၀ လောက်ရှိသူက ၁၃၀ လောက်ထိတိုးနေလျှင် အတော် တိုးနေပြီ ဖြစ်ပါတယ်။
ထို့ကြောင့် လူတိုင်းသည်မိမိ ၏ ပုံမှန်သွေးပေါင် ဘယ်လောက်ရှိလဲ ဆိုတာ သိအောင် အနည်းဆုံး ၁ ပတ် ၁ ကြိမ်လောက်တော့ တိုင်းထားသင့်ပါတယ်။
နောက်ထပ် သတိထားရမဲ့ အချက်ကတော့ လူတော်တော်များများကိုမေးရင် သွေးကျဆေးဆို amlong သာ သိပြီး amlodipine ဆိုတဲ့ဆေးကိုသာ သောက်နေကြတာ ဖြစ်ပါတယ်။
အမှန်မှာတော့ သွေးက ဘယ်လောက်ထိ တိုးသလဲ၊ ဘာရောဂါတွေ ရှိသေးသလဲ၊ အသက်ဘယ်လောက်ရှိလဲ၊ ဘာလူမျိုးလဲ ပေါ်တွေမူတည်ပြီး သွေးတိုးကျဆေးက ပေးရတာဖြစ်လို့ ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်မှ သာ ပိုမိုကောင်းမွန်သော result ကိုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆေးခန်းမှ ဝန်ဆောင်မှု အသစ်အဖြစ်👨‍⚕️လူကြီး သူမ များ၊ အိပ်ရာထဲ မှ မထနိုင်၍ ဆေးရုံ၊ ဆေးခန်းသွားရန် အဆင်မပြေသူ...
04/03/2024

ကျွန်တော်တို့ ဆေးခန်းမှ ဝန်ဆောင်မှု အသစ်အဖြစ်

👨‍⚕️လူကြီး သူမ များ၊ အိပ်ရာထဲ မှ မထနိုင်၍ ဆေးရုံ၊ ဆေးခန်းသွားရန် အဆင်မပြေသူများ
👨‍⚕️မိမိ အိမ်တွင်နားနားနေနေ အတွေ့အကြုံရှိသော မိသားစု ဆရာဝန်များနှင့် အချိန်ယူ၍တိုင်ပင်လိုသူများ
👨‍⚕️ဆေးရုံ ဆေးခန်းတွင် လူအများနှင့်ကုသမှု မခံယူလိုသောသူများ အတွက်

အိမ်ပင့် ဝန်ဆောင်မှုလေး စတင်ထားပါတယ် ခင်ဗျာ
ရရှိ နိုင်သော ဝန်ဆောင်မှုများ အဖြစ်
💚 အထွေထွေ ရောဂါများ ကုသခြင်း
💚 ဆေးရုံများမှ ညွှန်ကြားထားသော ဆေးများ ဆက်လက်ထိုးခြင်း၊ သွင်းခြင်း
💚အနာဆေးထည့်ခြင်း
💚 နှာခေါင်းပိုက်၊ ဆီးပိုက်များ လဲလှယ်ခြင်း
💚နှလုံးစစ်ဆေး ECG ဆွဲခြင်း
💚 အိမ်တိုင်ရာရောက် သွေးဖောက်၍ တိကျ မှန်ကန်သော ဓာတိခွဲခန်းများကို ပို့၍ စစ်ဆေးပေးခြင်း များကို အတွေ့အကြုံရှိသော အထွေထွေ ရောဂါကု ဆရာဝန်များမှ လာရောက် ကုသ ဝန်ဆောင်မှုပေးခြင်းတို့ကို သငိ့တင့်သော နှုန်းထားများဖြင့် ဝန်ဆောင်မှု ပေးနေပါပြီ ခင်ဗျာ

📞 09977299405 ကို ဆက်သွယ် booking တင်နိုင်ပါတယ် ခင်ဗျာ

Address

Yagon

Telephone

+959977299405

Website

Alerts

Be the first to know and let us send you an email when STN HomeVisit Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram