16/09/2022
သင့်ရဲ့ လက်လီအရောင်းဆိုင်မှာ ကာလကြာမြင့်မှ ရောင်းထွက်မယ့် ကုန်ပစ္စည်းများ တင်ရောင်းခြင်းက သင်၏ တစ်လစာ အမြတ်အစွန်း ရာခိုင်နှုန်း(%) ကို လျော့နည်းစေပါတယ်
သင်ရောင်းနေတဲ့ ဘယ်ကုန်ပစ္စည်းက သင့်ဆိုင်အတွက် တစ်ကယ်အမြတ် ရစေနိုင်သလဲဆိုတာ သင်သိပါသလား
သင်လုပ်နေတဲ့ စီးပွားရေးမှာ အာရုံစိုက်ပြီး စနစ်တကျလုပ်နိုင်မှ အမြတ်အစွန်း များလာပါမယ်
လက်လီရောင်းရတာ အရမ်းလွတ်လပ်ပါတယ် ဒါပေမယ့် ရင်းနိုင်မှ လုပ်နိုင်မှ အမြတ်များပါမယ် အဲ့လိုအမြတ်များဖို့အတွက်လဲ အားထုတ်ရတာ များပါတယ်
ကုန်ပစ္စည်းကို အများကြီး ဝယ်ထားလို့လဲ မရဘူး မြန်မြန်ရောင်းကုန်မယ့်ဟာပဲ ဝယ်ထားရပါမယ်
ယနေ့ခေတ် စီးပွားရေးမှာ မိရိုးဖလာပုံစံနဲ့ သွားနေလို့ မရတော့ပါဘူး
အပြိုင်အဆိုင် များလာတဲ့အတွက် အလွယ်တကူ အမြတ်မရနိုင်တော့ပါဘူး
စနစ်ကျမှ မြတ်ပါလိမ့်မယ်
မြန်မာနိုင်ငံက အိမ်ထောင်စုပေါင်း ၂ သန်းကျော်ဟာ မိရိုးဖလာ အိမ်ဆိုင်နဲ့ ကုန်စုံဆိုင်လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာကျော် Walmart တို့လို လက်လီလက္ကားဆိုင်တွေ၊ Seven - Eleven လို လက်လီဆိုင်တွေ ဝင်ရောက်လာရင် မိရိုးဖလာ ကုန်စုံဆိုင်တွေနဲ့ အသက်မွေးနေသူတွေအတွက် ဘယ်လိုကာကွယ်နိုင်ကြမလဲ။
Retail Bot အနေနဲ့ မိရိုးဖလာ ကုန်စုံဆိုင်တွေရဲ့ လက်လီလုပ်ငန်းနဲ့ပတ်သက်တဲ့ ဗဟုသုတဆိုင်ရာတွေ တိုးပွားပြီး ခေတ်မီကုန်သွယ်ရေးကို စနစ်တကျလုပ်လာနိုင်စေဖို့ ကူညီပေးနေပါတယ်