23/06/2024
💉မိုးဦး မှာ ရာသီတုပ်ကွေးကာကွယ်ဆေး
လေး ကြိုတင်ထိုးထားဖို့နှိုးဆော်ပါရစေ
💉Vaxigrip Tetra ( Thai FDA)
ရာသီတုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra) ကို
ဘယ်သူတွေ ထိုးလို့ရမလဲ
💉အသက် ၆ လမှ စရျ် ထိုးလို့ရပါတယ်
💉ကိုယ်ဝန်ဆောင် မိခင်များ ထိုးထားပါက မွေးလာသော ကလေးလေးကို ၆ လ အထိ ထိုးစရာ မလိုပါဘူး
💉နို့တိုက်မိခင်များ ထိုးလို့ရပါတယ်
💉G6PD ရှိသူများ ၊ကျောက်ကပ်၊နှလုံး ၊သွေးတိုး ၊
ဆီးချို ၊ဂေါက် ၊သွေးလေးဖက်နာ စသည့်
ရောဂါအခံရှိသူများလည်း ထိုးလို့ရပါတယ်
ဘယ်လိုထိုးရမလဲ
💉အသက် ၉ နှစ်အောက်ကလေးများ
ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍
၂ ကြိမ် ထိုးနှံပေးရပါမယ်
(0,1 month)
💉နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။
💉ကျန်တဲ့သူများကတော့ တစ်နှစ်ကို တစ်ကြိမ် ထိုးပေးရပါမယ်။
❌ဘာတွေရှောင်ကြဉ်ရမလဲ
💉💉Egg albumin ,neomycin စတာတွေနဲ့ ဓါတ်မတည့်သူတွေ ထိုးလို့ မရပါဘူး။
💉💉ဖျားနေသူများအဖို့ နေကောင်းသက်သာ
မှထိုးရပါမယ်။
ဆေးထိုးပြီးရင်ရော
💉ထိုးသည့်နေရာ အောင့်ခြင်း၊
ရောင်ယမ်းခြင်း၊ခေါင်းကိုက်ခြင်း၊
နုံးခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့
လက္ခဏာလေးတွေကို တစ်ချို့ ခံစားရပါမယ်
ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးများကိုဖြင့်
ယခုထိ မတွေ့ဖူးသေးပါ။
ဘာတွေကာကွယ်မလဲ
နှစ်စဉ်နှစ်တိုင်းအဖြစ်များတဲ့
1️⃣H1N1
2️⃣H3N2
3️⃣Washington
4️⃣Phuket
Strain 4 မျိုး
ထိုးပြီးပြီးချင်း ရောဂါပိုးကို ပြန်တိုက်ထုတ်တဲ့
ကိုယ်ခံအားစနစ်/ဆေးအာနိသင် (antibody ) က
၂ ပတ်ကြာမှ ထွက်တာဖြစ်လို့
ဆေးစောထိုးထားတာက အကောင်းဆုံးပါ။
တခြားကာကွယ်ဆေးတွေနဲ့ရော
Inactivated vaccine ဖြစ်တာကြောင့်
opposite site မှာထိုးလျှင် ရပါတယ်
ကိုဗစ်ကာကွယ်ဆေးနဲ့ တစ်ပတ်ခြားထိုးလျှင်
စိတ်ချရပါတယ်ရှင်
ကြိုတင်စာရင်းပေးထားနိုင်ပါတယ်ရှင်
မလာနိုင်သူများအတွက်လည်း Home Service
လည်းရှိပါသည်ရှင်
တခြားသိလိုသည်များကိုလည်း
စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်