
20/12/2022
အစာအဆိပ်သင့်ခြင်းအကြောင်းသိကောင်းစရာ
🦠 ယခုကာလအတွင်း အစာအဆိပ်သင့်ခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်ကိုတွေ့ရှိရပါသည်။
🌟 အစာအဆိပ်သင့်ခြင်းဖြစ်စဉ် အဓိကကတော့ ဗက်တီးရီးယား ၊ဗိုင်းရပ်စ်ပိုး၊ကပ်ပါးကောင်တွေကြောင့်ပဲဖြစ်ပါတယ်၊ ဟင်းသီးဟင်းရွက် အသီးအနှံတို့တွင်များသောအားဖြင့် ပိုးသတ်ဆေးတွေသုံးကြတယ် ၊ အဲ့ဒီဟင်းသီးဟင်းရွက်အသီးအနှံတို့ကိုသောချာမဆေးကြောမိဘဲစားသုံးမိရာကတစ်ဆင့်ခန္ဓာကိုယ်ထဲရောက်သွားခဲ့ရင်၊ခန္ဓာက်ိိုယ်အတွင်းရှိအစာအိမ်နှင့်အူလမ်းကြောင်းမှာရှိတဲ့ အရည်တွေနဲ့ဓါတ်ပြုပြီး အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
ဗက်တီးရီးယားပိုးတွေက ခန္ဓာကိုယ်ထဲရောက်လျှင် Exotoxin ထွက်တယ် ၊အဲ့ဒီအဆိပ်ကခန္ဓာကိုယ်မှာရှိတဲ့အစာအိမ်နှင့် အူလမ်းကြောင်းတို့ကိုရောင်ရမ်းတာမျိူးတွေဖြစ်ပြီး အစာအဆိပ်သင့်ခြင်းကိုဖြစ်ပေါ်စေပါတယ်။
🌟 များသောအားဖြင့်အစာအဆိပ်သင့်ခြင်းတွေက အစားအသောက်တွေကြောင့်အဖြစ်များတာပါ၊မသန့်ရှင်းမလတ်ဆတ်တဲ့အစားအသောက်တွေက အဓိကဖြစ်စေပါတယ်၊ဒါကြောင့်အစားအစာတွေကိုသေချာလေးကျက်အောင် ကြော်၊ချက် ပြီးစားသောက်သင့်ပါတယ်။
ကျေးလက်ဒေသတွေမှာဆိုရင် အစာအဆိပ်သင့်ခြင်းထက် ဝမ်းရောဂါတွေကပိုအဖြစ်များပါတယ်။အစာအဆိပ်သင့်ခြင်းတွေမှာ တစ်ချိူ့ကလူကိုသေဆုံးစေနိုင်တဲ့အထိဖြစ်တတ်ပါတယ်။ဗက်တီးရီးယားပိုးတွေထဲမှာတော့ Staphylococcus aureus ဆိုတဲ့ရောဂါပိုးကတော့ လူကိုပိုဆိုးစေနိုင်ပါတယ်၊ပုံမှန်ထက်စာရင် ပိုပြီးတော့ ဒုက္ခပေးစေပါတယ်။ခန္ဓာက်ိုယ်မှာရောင်ရမ်းတွေများလာမယ် ဝမ်းလျောတာတွေ၊အန်တာတွေ၊ရေဓါတ်ဆုံးရူံးမူတွေဖြစ်ပေါ်စေပါတယ်၊နောက်ဆံုး အသက်အန္တရယ်ပါစိုးရိမ်းတဲ့အထိဖြစ်စေပါတယ်။
🌟 အစာအဆိပ်သင့်ခြင်းတွေမှာ ဝမ်းလျောတာ၊အန်တာအပြင် ၊တခြားလက္ခဏာတွေမှာ ပျိူ့ချင်သလိုလို၊အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်သလိုလို စဖြစ်ပါတယ် ၊ပြီးရင် အန်မယ်၊ဗိုက်နာမယ် ၊ဖျားမယ် ၊နုံးမယ်၊အဓိက ကတော့ရေဓါတ်ဆုံးရူံးတာ ၊ရေဓါတ်ဆုံးရူံးတာက အသက်အန္တရယ်ဖြစ်စေတဲ့အထိဒုက္ခပေးပါတယ်၊ တစ်ချိူ့လူနာတွေဆို ဝမ်းသွားရင်း သွေးပါတဲ့အဆင့်ထိရောက်သွားတဲ့လူနာတွေလည်းရှိပါတယ်၊
🌟 အစားအသောက်တွေကိုရောင်းချတာတွေက အခုချိန်မှာပေါများလာတယ် ၊လွယ်လင့်တကူဝယ်စားလို့ရတယ်၊အပြင်စာတွေပေါများလာတယ်၊အစားအသောက်တွေရောင်းချတဲ့နေရာမှာလည်းသန့်ရှင်းမူရှိရဲ့လားဆိုတာကိုလည်း ဂရုစ်ိုက်ရပါမယ်၊သန့်ရှင်းလက်ဆတ်မူကအဓိကပါပဲ။
🌟 ဒါကြောင့်ရောင်းချတဲ့သူတွေကိုအကြံပြုချင်တာက ဟင်းသီးဟင်းရွက်တွေကိုသေချာလေးဆေးကြောပြီးရောင်းချပေးစေချင်ပါတယ် ဒါမှသာ ဓါတုဗေဒဆိုးဆေးတွေပါလာခဲ့ရင်တောင်မှ ပြည်သူလူထုအတွက်လည်း အန္တရယ်မဖြစ်စေပဲသန့်ရှင်းလက်ဆတ်စေမှာဖြစ်ပါတယ် ၊အစားအစာရောင်းချတဲ့သူတွေအနေနဲ့သန့်ရှင်းမူကိုအဓိကထားပြီး ရောင်းချပေးဖို့ကိုမေတ္တာရပ်ခံအပ်ပါတယ်ရှင်။
''ကျော်'' အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ
🏥 မင်္ဂလာတောင်ညွန့်ဆေးခန်း
လိပ်စာ - အမှတ် (၁၁)၊ မြေညီထပ်၊ (၁၂၁) လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
📱 ဆက်သွယ်ရန် - ၀၉ ၄၀ ၄၁၀ ၇၇၇၀
🏥 တာမွေဆေးခန်း
လိပ်စာ - အမှတ် (၃၀)၊ မအူကုန်းလမ်းကျယ်၊ ယုဇနပလာဇာအနီး၊ တာမွေမြို့နယ်၊ ရန်ကုန်။
📱 ဆက်သွယ်ရန် - ၀၉ ၂၆၆ ၈၈၈ ၁၄၄
🏥 တောင်ဥက္ကလာဆေးခန်း
အမှတ် (၄၃၀)၊ သစ္စာလမ်း (ဂိတ်ဟောင်းမှတ်တိုင်)၊ ဥက္ကလာပဘုရားအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
📱 ဆက်သွယ်ရန် - ၀၉ ၈၈ ၁၄၄ ၂၂၀၀
🏥 ပုဇွန်တောင်ဆေးခန်း
အမှတ် (၇၅/၈၀)၊ အခန်း (၂)၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
📱 ဆက်သွယ်ရန် - ၀၉ ၈၉၁ ၈၀၀ ၂၀၀