Resmed Myanmar

Resmed Myanmar Leader in Sleep Medicine For more inquiries please contact to service provider.

ကျန်းမာရေးအတွက် အရေးကြီးတဲ့ OSAအိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) နှင့် -------------------------------------------------...
15/10/2025

ကျန်းမာရေးအတွက် အရေးကြီးတဲ့ OSA

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) နှင့်
--------------------------------------------------
"အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း"(Obstructive Sleep Apnea)သည် အခြားရောဂါအတော်များများနှင့် ဆက်စပ်နေလေ့ရှိသည်။ ထို့ကြောင့် Sleep Apnea ကို စစ်ဆေးကုသဖို့ အရေးကြီးပါသည်။ 🔄

OSA နှင်ွ နှလုံးရောဂါ 💖
-----------------------------
OSA သည် နှလုံးပျက်ခြင်း(ညှစ်အားလျော့ကျခြင်း)ရောဂါဖြစ်ခြင်းကို ၁၄၀% များစေနိုင်ပြီး၊ နှလုံးသွေးကြောကျဥ်းရောဂါဖြစ်ခြင်းကို ၃၀% တိုးစေနိုင်ပါသည်။ ⚠

OSA နှင့် လေဖြတ်ခြင်း 🧠
------------------------------
OSA သည် လေဖြတ်ရောဂါဖြစ်နှုန်းကိုလည်း ၆၀% တိုးစေနိုင်ပါသည်။ 💥

OSA နှင့် ဆီးချိုသွေးချို💧
-------------------------------
ဆီးချိုသွေးချိုရောဂါရှိသူ ၇၀%ကျော်တွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Obstructive Sleep Apnea) ရှိနေတတ်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါ ရှိပါက Obstructive Sleep Apnea (OSA) ရှိ/မရှိလည်း စစ်ဆေးသင့်ပါသည်။ 🛌

OSA ကို ကုသပါက ဆီးချိုသွေးချိုရှိသူများ၌ သွေးချိုဓါတ်ကို ပိုမိုထိန်းစေနိုင်ပါသည်။ 💧

OSA နှင့် သွေးတိုး👨‍⚕️
------------------------
ထို့အတူ .. သွေးတိုးရောဂါရှိသူ ၃၀-၄၀% ခန့်တွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိနေတတ်သည်။ ထို့အပြင် ဆေးမတိုးသော သွေးတိုးရောဂါရှိသူ ၈၀% ကျော်တွင် OSA ရှိနေတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ ရှိသည့်အပြင် အဝလွန်ခြင်း၊ ဟောက်တတ်ခြင်းများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်ပါက Obstructive Sleep Apnea (OSA) ရှိ/မရှိကို စစ်ဆေးသင့်ပါသည်။ 🛌

OSA ကို ကုသပါက သွေးတိုးရှိသူများတွင် သွေးပေါင်ချိန်ကိုပါ ပိုမိုထိန်းညှိစေနိုင်ပါသည်။

ResMed 🏥
--------------
CPAP ( Continuous Obstructive Airway Pressure) ကုထုံးသည် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) အတွက် Gold Standard (စံကုထုံး)ဖြစ်ပြီး၊ Australia နိုင်ငံ ResMed ကုမ္ပဏီကြီးသည် ကမ္ဘာပေါ်တွင် CPAP စက်များ ပထမဆုံး စတင်ထုတ်လုပ်ခဲ့သည့် နည်းပညာ ဦးဆောင်ကုမ္ပဏီကြီးတခု ဖြစ်ပါသည်။ ☝

OSA နှင့် အဝလွန်ခြင်း 💢------------------------------အဝလွန်သူများတွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိနေတတ်သည်။ ❗အိ...
14/10/2025

OSA နှင့် အဝလွန်ခြင်း 💢
------------------------------
အဝလွန်သူများတွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိနေတတ်သည်။ ❗

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း(Obstructive Sleep Apnea)သည်လည်း ကိုယ်အလေးချိန်တက်စေရုံမက သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချိုသွေးချို၊ လေဖြတ်ခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း အစရှိသည့် နောက်ဆက်တွဲ ရောဂါများနှင့် ဆက်စပ်နေသည်။👈

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိနေပါက -
💠ကိုယ်အလေးချိန်ထိန်းပါ။
💠လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
💠ဆေးလိပ်/အရက်ဖြတ်ပါ။
💠ဆရာဝန်နှင့် ပြသစစ်ဆေးပြီး ကုသမှုခံယူပါ။

OSA နှင့် နှလုံးတုန်ခြင်း💖-------------------------------အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Obstructive Sleep Apnea) ဆိုသည်မှာ...
13/10/2025

OSA နှင့် နှလုံးတုန်ခြင်း💖
-------------------------------
အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Obstructive Sleep Apnea) ဆိုသည်မှာ အိပ်ပျော်နေစဥ် ၁၀ စက္ကန့်ထက်ပို၍ အသက်ရှုရပ်ခြင်းဖြစ်ပြီး၊ တညလျင် အကြိမ်ဖန်များစွာ အသက်ရှုရပ်နိုင်သည်။ 🛌

Obstructive Sleep Apnea (OSA) သည် နေ့ဘက်အိပ်ရေးမဝခြင်း၊ အာရုံစူးစိုက်၍မကောင်းခြင်း၊ မောပန်းလွယ်ခြင်းများအပြင် နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိသည့် နောက်ဆက်တွဲရောဂါများကို ဖြစ်စေနိုင်သည်။ 🧬

OSA သည် အသက်ရှုခြင်းကို ပိတ်ဆို့ကျပ်တည်းစေသည့်အတွက် သွေးအတွင်း အောက်ဆီဂျင်ဓါတ် လျော့နည်းလာခြင်းကြောင့် ဦးနှောက်၊ နှလုံး စသည့် အရေးပါသည့် အဂ်ါအစိတ်အပိုင်းတို့ အောက်ဆီဂျင် ပုံမှန်ရရှိနိုင်စေရန် သွေးကြောပိုညှစ်ရပြီး သွေးပေါင်ချိန်တိုးစေသည့်အပြင်၊ နှလုံးအပေါ်ဖိစီးမှုကိုလည်း ဖြစ်စေပါသည်။ 💖

ပုံမှန်အားဖြင့် ၁မိနစ်လျှင် နှလုံးခုန်နှုန်းမှာ ၆၀ - ၁၀၀ ကြိမ် အတွင်းရှိပြီး၊ Atrial Fibrillation (Afib) ဆိုသည်မှာ အကြိမ် ၁၀၀ ကျော်ပြီး နှလုံးခုန်စည်းချက်မမှန်ခြင်းဖြစ်ပါသည်။ ⚡

OSA နှင့် Afib သည် ဆက်စပ်မှုရှိပြီး Afib (နှလုံးတဆတ်ဆတ်တုန်ခြင်း)သည် လေဖြတ်ခြင်းကို ၅ ဆ ပိုများစေနိုင်သည်။ လေဖြတ်ခြင်းသည် ကိုယ်တခြမ်း/တပိုင်း မလှုပ်မရှားဖြစ်စေနိုင်ရုံမက၊ အသက်ဆုံးရှုံးသည်အထိပါ ဖြစ်နိုင်ပါသည်။ ⚠
Afib ရှိသူ ၄၉%တွင် OSA ရှိနေတတ်ပြီး OSAကို ကုသပါက Afib ကုသမှုကို ပိုမိုထိရောက် ကောင်းမွန်စေနိုင်သည်။ ထိုကြောင့် OSA ကို ကုသဖို့ အရေးကြီးပါသည်။ 👨‍⚕️

အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများ၊ အဝလွန်သူများ၊ မေးတိုသူများ၊ မျိုးရိုးရှိသူများတွင် OSA ရှိနေနိုင်သည်။ စာရင်းစစ်တမ်းများအရ အမျိုးသား ၄ဦးတွင် ၁ ဦး၊ အမျိုးသမီး ၉ ဦးတွင် ၁ ဦး၌ အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Sleep Apnea) ရှိနေနိုင်သည်။ 🩺

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း အဆင့်အမျိုးမျိုး-----------------------------------------------------------လူအတော်များများ ည...
12/10/2025

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း အဆင့်အမျိုးမျိုး
-----------------------------------------------------------

လူအတော်များများ ညအိပ်စဥ် အသက်ရှုရပ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါကို ပုံမှန်အိပ်စက်ခြင်းလို့ပဲ ထင်တတ်ကြပြီး အရေးကြီးတဲ့ ကျန်းမာရေးပြသနာလို့ သိတဲ့သူ ရှားပါတယ်။ 🛌

ဆေးပညာအခေါ်အဝေါ်အရ အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းကို OSA (Obstructive Sleep Apnea) ဟုခေါပြီး၊ တစ်ခါရပ်လျှင် ၁၀စက္ကန့် မှ ၁မိနစ်ကျော်အထိ ဖြစ်ပေါ်တတ်၍ တစ်ညတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ⚠

အဲဒီလူတွေဟာ အိပ်ပျော်စဥ် အလွန်အမင်း ဟောက်တတ်ကြပြီး ဟောက်ရာကနေ အသက်ရှုလမ်းကြောင်းပိတ်ပြီး အသက်ရှုရပ်သွားတာပါ။ အချို့ ၁နာရီလျှင် ၅ ကြိမ်မျှ ရပ်သော်လည်း အချို့တွင် ၁နာရီလျှင် အကြိမ် ၅၀ ခန့်အထိ အသက်ရှုရပ်နိုင်သည်။ 👌

အဝလွန်သူများ၊ မေးရိုးတိုသူများ၊ အာသီးကြီးသူများ၊ မျိုးရိုးရှိသူများ၊ အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများတွင် OSA ရှိနေတတ်ပါသည်။ 💤

ထိုသို့ အိပ်နေစဉ် အသက်ရှူရပ်ခြင်းသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ပမာဏလျော့ကျ သွားခြင်းကြောင့် နှလုံးနှင့် ဦးနှောက်တို့တွင် Oxygen လုံလုံလောက်လောက် မရရှိတော့ပဲ နေ့ဘက်တွင် အိပ်ရေးမဝခြင်း၊ ခေါင်းမူးခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ ယာဥ်မတော်တဆမှုများ ဖြစ်စေနိုင်ပါသည်။ 💥

ထို့အပြင် OSA သည် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်/လေဖြန်းခံရခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးညှစ်အားကျခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ၊ မျက်စိရေတိမ်၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ နှင့် အမျိုးသားများတွင် လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း အစရှိသည့် နောက်ဆက်တွဲကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ 😊

ထို့ကြောင့် -
၁) အိပ်ပျော်လျင် ဟောက်တတ်ခြင်း၊
၂) နေ့ဖက် အိပ်ငိုက်နေတတ်ခြင်း၊
၃) ညအိပ်စဥ် အသက်ရှုရပ်ခြင်း တို့ရှိနေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး OSA ရှိ/မရှိကို စမ်းသပ်စစ်ဆေးသင့်ပါသည်။👨‍⚕️

OSA ရှိနေပါက ကိုယ်အလေးချိန်လျော့ခြင်း၊ လေ့ကျင့်ခန်းများလုပ်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပြီး၊ လေတွန်းစက် CPAP (Continuous Positive Airway Pressure) ဖြင့် အိပ်ခြင်းသည် OSA အတွက် စံကုထုံးတခုဖြစ်ပါသည်။ 🏃‍♀️

ResMed
-------------
ResMed သည် ကမ္ဘာပေါ်တွင် CPAP စက်များစတင် တီထွင်ထုတ်လုပ်ခဲ့သည့် နည်းပညာဦးဆောင် ကုမ္ပဏီကြီးဖြစ်ပြီး၊ ကမ္ဘာ့ထိပ်တန်း CPAP စက်များ၊ အသက်ရှုကိရိယာ Ventilators များ ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်ပါသည်။ 👍

OSA နှင့် သွေးတိုး 🌐------------------------အိပ်စက်ခြင်းသည် ကိုယ်နှင့်စိတ်ကို အနားပေးရုံမက ပြန်လည်အားဖြည့်ပေးခြင်း ဖြစ်ပ...
11/10/2025

OSA နှင့် သွေးတိုး 🌐
------------------------
အိပ်စက်ခြင်းသည် ကိုယ်နှင့်စိတ်ကို အနားပေးရုံမက ပြန်လည်အားဖြည့်ပေးခြင်း ဖြစ်ပါသည်။ အကယ်၍ သင့်တွင် အိပ်ပျော်နေစဥ်အသက်ရှုရပ်ခြင်း (OSA) ရှိပါက ခန္ဓါကိုယ်အတွက် လုံလောက်သည့်အိပ်စက်မှု ရနိုင်မည် မဟုတ်ပေ။ လုံလောက်သည့် အိပ်စက်မှုမရှိပါက နှလုံး၊ သွေးတိုး၊ လေဖြတ်ခြင်း စသည့်ရောဂါများ ရနိုင်ချေပိုများပါသည်။ 🛌

လူပေါင်း ၃၀၀၀ကျော်တွင် ပြုလုပ်သည့် လေ့လာစမ်းစစ်မှုတခုတွင် တနေ့ ၆နာရီထက်နည်းပြီး အိပ်သူသည် တနေ့ ၈နာရီအိပ်သူထက် နှလုံးနှင့် လေဖြတ်ရောဂါဖြစ်နိုင်ချေ ၂ဆ ပိုများသည်ကို တွေ့ရှိရပါသည်။ အဓိကအကြောင်းတခုမှာ "Obstructive Sleep Apnea" (OSA) သည် "သွေးတိုး"ကို ပိုဖြစ်စေသောကြောင့် ဖြစ်သည်။ 💣

OSA သည် အသက်ရှုခြင်းကို ပိတ်ဆို့ကျပ်တည်းစေသည်။ အိပ်ပျော်နေစဥ် ဟောက်ခြင်းသည် အသက်အပြည့်အဝ မရှုနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုအခါ သွေးအတွင်း အောက်ဆီဂျင်ဓါတ် လျော့နည်းလာခြင်းကြောင့် ဦးနှောက်၊ နှလုံး စသည့် အရေးပါသည့် အဂ်ါအစိတ်အပိုင်းတို့ အောက်ဆီဂျင် ပုံမှန်ရရှိနိုင်စေရန် သွေးကြောပိုညှစ်ရပြီး သွေးပေါင်ချိန်တိုးစေသည့်အပြင်၊ နှလုံးအပေါ်ဖိစီးမှုကိုလည်း ဖြစ်စေပါသည်။ 💖

ထိုကြောင့် OSA ရှိသူများတွင်သွေးတိုးရောဂါဖြစ်နိုင်ချေ ပိုများပါသည်။ သွေးတိုးရောဂါဆိုးပါက နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ 💥

သာမန်သွေတိုးရောဂါနှင့် မတူသောအချက်မှာ OSA အခံရှိသောသွေးတိုးတွင် အခြေခံအကြောင်းတရားတခုဖြစ်သည့် OSA ကို မကုသပါက ယင်းသွေးတိုးရောဂါကိုထိန်းနိုင်ရန် ခက်ခဲပါသည်။ ထိုကြောင့် OSA ရှိနေပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး သွေးတိုးရောဂါမှ ကာကွယ်ရန်နှင့်၊ သွေးတိုးရှိနေပါကလည်း သွေးတိုးရောဂါကို ထိန်းနိုင်ရန် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ကို ကုသဖို့အရေးကြီးပါသည်။ 👨‍⚕️

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းနှင့် ဆီးချိုသွေးချို 🌐----------------------------------------------------------ဆီးချိုသွေးခ...
10/10/2025

အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်းနှင့် ဆီးချိုသွေးချို 🌐
----------------------------------------------------------
ဆီးချိုသွေးချိုရောဂါရှိသူ ၇၀%ကျော်တွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (Obstructive Sleep Apnea) ရှိနေတတ်သည်။ 🛌
OSA သည် အခြားရောဂါများနှင့် ဆက်နွယ်မှုရှိသည့်အပြင် ဆီးချိုသွေးချိုရောဂါကိုလည်း ပိုဆိုးစေနိုင်သည်။💧
ဆီးချိုသွေးချိုရောဂါရှိသူ ၃၃% သည် ညဖက် ဆီးထသွားရတတ်ပြီး၊ ခြေသလုံးကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ ချောင်းဆိုးခြင်းများကြောင့် ညအိပ်ရေးပျက်တတ်ကြသည်။ 🚽

ညအိပ်ရေးပျက်ခြင်းသည် အင်ဆူလင်မတိုးခြင်းကို ပိုဆိုးစေသည်။ ❄

ထိုကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများ OSA ရှိ/မရှိ စစ်ဆေးရန်လိုပြီး၊ ရှိပါက ကုသဖို့လိုပါသည်။👨‍⚕️

OSA ကိုကုသခြင်းဖြင့် ဆီးချိုသွေးချိုရောဂါရှင်များ၏ သွေးချိုဓါတ်ကိုလည်း ပိုမိုထိန်းသိမ်းစေနိုင်ပါသည်။ 🔄

အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများ၊ အဝလွန်သူများ၊ မေးရိုးတိုသူများ၊ အာသီးကြီးသူ၊ မျိုးရိုးရှိသူများတွင် OSA ရှိနေတတ်သည်။

ResMed 🏥
--------------
CPAP ( Continuous Obstructive Airway Pressure) ကုထုံးသည် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) အတွက် Gold Standard (စံကုထုံး)ဖြစ်ပြီး၊ Australia နိုင်ငံ ResMed ကုမ္ပဏီကြီးသည် ကမ္ဘာပေါ်တွင် CPAP စက်များ ပထမဆုံး စတင်ထုတ်လုပ်ခဲ့သည့် နည်းပညာ ဦးဆောင်ကုမ္ပဏီကြီးတခု ဖြစ်ပါသည်။ ☝

OSA နှင့် ဆီးချိုသွေးချို-------------------------------ဆီးချိုသွေးချိုရောဂါရှိပြီး .. အိပ်နေစဉ် အလွန်အမင်း ဟောက်တတ်ပါက ...
09/10/2025

OSA နှင့် ဆီးချိုသွေးချို
-------------------------------
ဆီးချိုသွေးချိုရောဂါရှိပြီး .. အိပ်နေစဉ် အလွန်အမင်း ဟောက်တတ်ပါက သတိပြုရပါမည်။ ☝

အဘယ်ကြောင့်ဆိုသော် ထိုသူများတွင် အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်း (Obstructive Sleep Apnoea) ရှိနေနိုင်သောကြောင့်ဖြစ်ပါသည်။ 👈

အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရှိသူ ၄ ဦးတွင် ၃ ဦးသည် OSA ရှိနေတတ်သည်။ OSA ကို ကုသပါက သွေးချိုဓါတ် HbA1c ကို ထိန်းသိမ်းလျော့ချရာတွင် အထောက်အကူဖြစ်စေပါသည်။ 👌

HbA1c လျော့ချပေးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော..
- မျက်စိ၊
- ကျောက်ကပ်၊
- အာရုံကြော ထိခိုက်ပျက်စီးမှုများကို လျော့ကျစေနိုင်သည်။ ❗

OSA ရှိ/မရှိ ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးသင့်ပါသည်။ OSA ကို ကိုယ်အလေးချိန်လျော့ချခြင်း၊ ခွဲစိတ်ကုသခြင်း၊ CPAP စသည့် ကိရိယာများအသုံးပြုခြင်း စသည့် နည်းလမ်းများနှင့် ကုသနိုင်ပါသည်။ 👩‍⚕️

ResMed သည် ကမ္ဘာပေါ်တွင် CPAP စက်များ စတင်ထုတ်လုပ်ခဲ့သည် ထိပ်တန်းဆေးသိပ္ပံနည်းပညာ ကုမ္ပဏီကြီးတခုဖြစ်ပါသည်။ 👍

OSA ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲများ။------------------------------------------------------------လူအတော်များများ အိ...
08/10/2025

OSA ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲများ။
------------------------------------------------------------
လူအတော်များများ အိပ်လျင် ဟောက်တတ်ကြသည်။ အိပ်ပျော်နေစဥ် ဟောက်သူ အမျိုးသား ၁၀ယောက်တွင် ၃ယောက်၊ အမျိုးသမီး ၁၀ယောက်တွင် ၂ယောက်သည် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း OSA (Obstructive Sleep Apnoea) ကို ခံစားနေရသည်။ 🛌

ဟောက်တတ်ခြင်းကို လူမှုရေးပြသနာအဖြစ်ရှုမြင်လေ့ရှိကြသော်လည်း တကယ်တော့ "အိပ်နေစဥ်အသက်ရှုရပ်ခြင်း"သည် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။ 👨‍⚕️

အဝလွန်ခြင်း၊ နှလုံးညှစ်အားကျခြင်း၊ လေဖြတ်/လေဖြန်းခံရခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ နှင့် အမျိုးသားများတွင် လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း အစရှိသည့် ကျန်းမာရေးပြသနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ ❗

သွေးချိုဆီးချိုရောဂါ ရှိနေသူများ၏ ထက်ဝက်ကျော်တွင်လည်း Obstructive Sleep Apnoea (OSA) ရှိနေတတ်ပြီး ဆေးမတိုးသည့် သွေးတိုးရောဂါရှိသူ ၇၅% တွင် OSA ရှိနေတတ်သည်။ 🛌

OSA ကို ကိုယ်အလေးချိန်လျော့ချခြင်း၊ ခွဲစိတ်ကုကခြင်း၊ CPAP အပါအဝင် ကိရိယာများဖြင့် ကုသနိုင်ပါသည်။ 👈
ResMed သည် Australia နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း CPAP ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး CPAP စတင်ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီကုီးလည်းဖြစ်ပါသည်။ ✔

သင် အိပ်နေစဥ် ဟောက်တတ်ပါက OSA ရှိ/မရှိကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်နိုင်ပါသည်။ 👨‍⚕️

Obstructive Sleep Apnea (OSA) အိပ်ပျော်စဥ် အသက်ရှုရပ်ခြင်း။ ❗အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများ၊ အဝလွန်သူများ၊ မေးရိုးတိ...
07/10/2025

Obstructive Sleep Apnea (OSA)

အိပ်ပျော်စဥ် အသက်ရှုရပ်ခြင်း။ ❗

အိပ်ပျော်စဥ် အလွန်အမင်းဟောက်သူများ၊ အဝလွန်သူများ၊ မေးရိုးတိုသူများ၊ အာသီးကြီးသူများ၊ မျိုးရိုးရှိသူများတွင် အိပ်ပျော်စဥ်အသက်ရှုရပ်ခြင်း (OSA) ရှိနေတတ်ပါသည်။ 💤

အသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀စက္ကန့် မှ ၁မိနစ်ကျော်အထိ ဖြစ်ပေါ်နိုင်ပြီး တစ်ညလုံးတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ⚠

Obstructive Sleep Apnea (OSA) သည် ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်/လေဖြန်းခံရခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးညှစ်အားကျခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ၊ မျက်စိရေတိမ်၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ နှင့် အမျိုးသားများတွင် လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း အစရှိသည့် နောက်ဆက်တွဲကျန်းမာရေးပြသနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ 🌐

OSA သည် အမျိုးသားများတွင် ၃ဆ ဖြစ်နိုင်ခြေပိုများသည်။ သို့သော် အများစုသည် OSA ရှိနေမှန်း မသိကြပါ။ 🚹🚺
OSA ရှိပါ ကိုယ်အလေးချိန်လျော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်/အရက်ဖြတ်ခြင်း တို့အပြင်ဆရာဝန်နှင့် စစ်ဆေးကုသရပါမည်။ CPAP သည် OSA အတွက် စံကုထုံးတခုဖြစ်ပါသည်။ 🛌

အိပ်မပျော်စေသော အကြောင်းများအိပ်စက်ခြင်းက ဘဝရဲ့ သုံးပုံတစ်ပုံ ရှိတယ်လို့ ဆိုကြပါသည် .....ဟုတ်ပါတယ်။ တစ်ရက်ကို ၇- ၈ နာရီ ...
06/10/2025

အိပ်မပျော်စေသော အကြောင်းများ

အိပ်စက်ခြင်းက ဘဝရဲ့ သုံးပုံတစ်ပုံ ရှိတယ်လို့ ဆိုကြပါသည် .....

ဟုတ်ပါတယ်။ တစ်ရက်ကို ၇- ၈ နာရီ အိပ်မယ်ဆိုရင် သုံးပုံတစ်ပုံ ရှိနေပါသည်။

အိပ်ချိန်ကို ဘာကြောင့် ၇- ၈ နာရီ သတ်မှတ်ထားလဲဆိုရင်တော့ ညဘက် ၇- ၈ နာရီ အိပ်စက်မှသာ တနေ့တာ ကုန်ခန်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပြီး နောက်တနေ့ မနက်နိုးလာချိန်မှာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါသည်။

အိပ်ချိန် ၇- ၈ နာရီအိပ်လျှင်

ဦးနှောက်လုပ်ငန်းဆောင်တာများ အထောက်အကူ ဖြစ်စေပြီး မှတ်ဉာဏ်နဲ့ လေ့လာသင်ယူမှုတွေပါ ကောင်းစေနိုင်ပါသည်။

ကိုယ်အလေးချိန်ကိုလည်း ထိန်းစေနိုင်ပါသည်။

ဖန်တီးနိုင်မှုကိုလည်း တိုးစေနိုင်ပါသည်။

စိတ်ဖိစီးမှုတွေ လျော့နည်းစေနိုင်ပါသည်။

ကိုယ်ခံအားကို အထောက်အကူပြုနိုင်ပြီး နာမကျန်းဖြစ်ခြင်းများမှ လျော့နည်းစေနိုင်ပါသည်။

အရေပြားဆဲလ်တွေ အသစ် ဖြစ်ပေါ်စေပြီး အသားရေ နုပျို လှပစေနိုင်ပါသည်။

ဒါပေမယ့် အချို့သူတွေမှာ ညအိပ်မပျော်စေတဲ့ အကြောင်းများလည်း ရှိနိုင်ပါသည်။

လေ့လာစမ်းသပ်ချက်များအရ ညအိပ်မပျော်စေတဲ့ အကြောင်းများတွင်

၃၈% သည် အလွန်အမင်း စိတ်ပူပန်နေခြင်း၊ စိတ်ကျနေခြင်းတွေ ဖြစ်နေပါသည်။ ၂၅% ကတော့ ငွေကြေးဆိုင်ရာတွေမှာ ဖြေရှင်းဖို့ ဖိစီးမှုတွေ ရှိနေပြီး၊ ၂၅% က ညဘက် ဆီးမကြာခဏ ထသွားရတာကြောင့် အိပ်မပျော်တာတွေဖြစ်ပြီး၊ ၂၀% ကတော့ မိသားစု ရေးရာတွေမှာ ပြဿနာတွေ ရှိနေပါသည်။

ညအိပ်မပျော်သူ ၁၂% က လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စတွေကို တွေးနေတတ်ကြပြီး၊ နောက် ၁၂% ကတော့ အိပ်ခန်းပြင်ပမှာ ဆူညံသံတွေ ကြားနေပါသည်။ အိပ်မပျော်သူ ၁၁% က ရောဂါအခံတွေ၊ ကျန်းမာရေးပြဿနာတွေ ရှိနေပါသည်။

ညအိပ်မပျော်ပါက ခန္ဓာကိုယ် သာမက စိတ်ကျန်းမာရေးပါ ထိခိုက်စေနိုင်လို့ လျစ်လျူမရှုသင့်ပါဘူး။ ဒါ့ကြောင့် ညဘက် အိပ်ပျော်စေဖို့ ညအိပ်ချိန်ကို ပုံမှန်ထားခြင်း၊ မနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် လေ့ကျင့်ခန်းလုပ်ခြင်း၊ ညအိပ်ခါနီး စိတ်ဖိစီးပူပန်စေတဲ့ အကြောင်းအရာတွေကို မတွေးဘဲ စိတ်ကို ဖြေလျော့ထားခြင်း၊ ဖုန်း၊ ကွန်ပြူတာမသုံးခြင်း အစရှိသဖြင့် လုပ်ဆောင်ဖို့ လိုပါသည်။

အချုပ်အားဖြင့် အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါသည်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အာဟာရပြည့်ဝအောင်စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့နည်းတူ ညဘက် ကောင်းစွာ အိပ်စက်ခြင်းကိုလည်း အထူးဂရုပြုရန် တင်ပြလိုက်ပါသည်။

အိပ်ပျော်ရဲ့လား ?ညဘက် ကောင်းစွာ အိပ်ပျော်ခြင်းသည် ကျန်းမာရေးအတွက် သဘာဝ ဆေးစွမ်းကောင်းတလက် ဖြစ်ပါသည်။ကောင်းစွာ အိပ်စက်နို...
05/10/2025

အိပ်ပျော်ရဲ့လား ?

ညဘက် ကောင်းစွာ အိပ်ပျော်ခြင်းသည် ကျန်းမာရေးအတွက် သဘာဝ ဆေးစွမ်းကောင်းတလက် ဖြစ်ပါသည်။

ကောင်းစွာ အိပ်စက်နိုင်မှသာ နောက်ရက်တွေမှာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါသည်။

သို့သော် အချို့သူများတွင် ညဘက်အိပ်ချိန် အပြည့်အဝ အိပ်သော်လည်း နောက်နေ့မနက်တွင် အိပ်ရေးမဝ ဖြစ်နေခြင်း၊ ညဘက် တော်တော်နှင့် အိပ်မပျော်ခြင်း၊ ညဘက်မကြာခဏ နိုးထခြင်း စသည်တို့ ခံစားရတတ်ပါသည်။

ထိုကဲ့သို့ ကောင်းစွာ အိပ်စက်ခြင်း မရှိသူများ ရေရှည်တွင် ကိုယ်ကျန်းမာရေး သာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်၍ လျစ်လျူမရှုသင့်ပဲ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

အဝလွန်ခြင်းနှင့် Sleep Apneaအိပ်ပျော်စဥ် အသက်ရှူရပ်ခြင်း (Sleep Apnea) သည်ကမ္ဘာပေါ်တွင် အဖြစ်များလာပြီး Sleep Apnea ကိုက...
04/10/2025

အဝလွန်ခြင်းနှင့် Sleep Apnea

အိပ်ပျော်စဥ် အသက်ရှူရပ်ခြင်း (Sleep Apnea) သည်ကမ္ဘာပေါ်တွင် အဖြစ်များလာပြီး Sleep Apnea ကိုကုသမှု မခံယူပါက ရေရှည်တွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လေဖြတ်ခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်း အစရှိသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေပါသည်။

ထို့ပြင် Sleep Apnea ရှိသူများသည် ညအိပ်စဥ် အသက်ရှူရပ်သွားတာကြောင့် ခန္ဓာကိုယ်မှ အောက်ဆီဂျင် အပြည့်အဝမရသဖြင့် မနက်နိုးလာသောအခါ ခေါင်းကိုက်ခြင်း၊ ခံတွင်းခြောက်၊ စိတ်လန်းဆန်းမှုမရှိခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ယာဥ်မတော်တဆ ဖြစ်နိုင်ခြေများခြင်း တို့ဖြစ်နိုင်သည်။

Sleep Apnea ရှိသူ ၇၀% ခန့်သည် အဝလွန်နေကြောင်း တွေ့ရသည်။ ကိုယ်အလေးချိန် ၁၀% တက်လာတိုင်း Sleep Apnea ဖြစ်နိုင်ခြေ ၆ဆ ပိုများလာစေနိုင်သည်။ Sleep Apnea ရောဂါကို သေချာစွာ မကုသပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရစေနိုင်သည့်အပြင် အဝလွန်နေပါကလည်း နောက်ဆက်တွဲဆိုးကျိုးများကို ပိုဆိုးစေနိုင်သည်။

ထို့ကြောင့် Sleep Apnea ခံစားရပါက ဆရာဝန်နှင့်ပြသ၍ လိုအပ်ပါက CPAP လေတွန်းစက်တပ်ခြင်း၊ အဝမလွန်အောင်ထိန်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ညဘက်အိပ်ရေးဝအောင် အိပ်ခြင်း၊ ကျန်းမာရေးနှင့် အညီ စားခြင်းတို့ ပြုလုပ်သင့်ကြောင်း တင်ပြလိုပါသည်။

Address

Zizawa Co. , Ltd. No 218, Bogyoke Aung San Road
Yangon

Telephone

018246645

Website

Alerts

Be the first to know and let us send you an email when Resmed Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Resmed Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram