Caltha Wellness

Caltha Wellness 🌼 🌿 At Caltha Wellness, we specialize in supporting women, children, and adolescents through holistic wellness programs.

Let’s bloom and thrive together! 🌿💛

Join our telegram: https://t.me/calthawellness

🌷Happy Mother's Day🌷Happy Mother's Day to all the incredible mothers out there! 🌸မိခင်များအားလုံး ချမ်းမြေ့ပျော်ရွှင်ပြီ...
10/05/2026

🌷Happy Mother's Day🌷

Happy Mother's Day to all the incredible mothers out there! 🌸
မိခင်များအားလုံး ချမ်းမြေ့ပျော်ရွှင်ပြီး ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်သောနေ့ဖြစ်ပါစေ။

🌼 စိတ္တသုခပန်းကလေးများ ပွင့်လန်းရာ Caltha~ 🌼

🌼မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ဘေးရန်ခပ်သိမ်းကင်းငြိမ်း၍ စိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျန်းမာခြင်းများပြည့်ဝကြပါစေရန် Caltha မိ...
16/04/2026

🌼မြန်မာ့နှစ်သစ်ကူးအခါသမယမှာ
ဘေးရန်ခပ်သိမ်းကင်းငြိမ်း၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများပြည့်ဝကြပါစေရန် Caltha မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင့်🙏🙏🙏

🌼စိတ္တသုခပန်းကလေးများ ပွင့်လန်းရာ Caltha 🌼

🌼မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယ‌လေးမှာ Caltha Wellness ၏ online/offline ဝန်ဆောင်မှုများအားလုံးကို April လ 11 ရက်နေ့မှ 20...
10/04/2026

🌼မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယ‌လေးမှာ
Caltha Wellness ၏ online/offline ဝန်ဆောင်မှုများအားလုံးကို April လ 11 ရက်နေ့မှ 20 ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်ရှင့်။ 🙏🙏🙏

08/03/2026

🌸 Happy International Women’s Day 🌸

Today, we honor the power and resilience of women worldwide.

Women bear so much on their shoulders every day, from domestic and professional responsibilities and overcoming challenges that are often invisible.

This International Women’s Day, may we continue to support one another, listen to one another, and create communities where women and girls can be empowered.

After all... empowered women empower the world 👭

🌼 စိတ္တသုခပန်းကလေးများ ပွင့်လန်းရာ Caltha~ 🌼

🌿✨ Group Supervision & Counseling Courses Program Course 2 in April 🌿✨Course Topic: Developmental Psychology and Humanis...
01/03/2026

🌿✨ Group Supervision & Counseling Courses Program Course 2 in April 🌿✨

Course Topic: Developmental Psychology and Humanistic Therapy

🌼ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာ (Developmental Psychology) ဆိုတာ လူသားတွေ ပဋိသန္ဓေ စတည်ချိန်ကနေ ငယ်ဘဝ၊ ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ နောက်ဆုံး သက်ကြီးပိုင်းအဆင့်ထိ တစ်သက်တာကာလလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ သိမြင်/ယုံကြည်မှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဘာသာစကား, တွေးခေါ်နိုင်စွမ်း, ပြဿနာဖြေရှင်းနိုင်စွမ်း, ကိုယ်ပိုင်စရိုက်ဖွံ့ဖြိုးလာပုံ, မိမိကိုယ်ကိုယ်သိစိတ်, အများနဲ့ဆက်ဆံရေးတည်ဆောက်မှုဆိုင်ရာ စတာတွေကို လေ့လာတဲ့ စိတ်ပညာရပ်ခွဲ တစ်ခုပါ။
🌼ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာဟာ လူသားတစ်ယောက် ဘာကြောင့် ဒီလိုပြုမူပြောင်းလဲလာတယ်၊ ဘဝရဲ့အဆင့်တစ်ခုချင်းစီမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာကို နားလည်အောင် လေ့လာတဲ့ ပညာရပ်ဖြစ်ပြီး၊ ဒီအသိပညာက ကလေးပြုစုပျိုးထောင်ခြင်း၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုနဲ့ စိတ်ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
🌼လူသားအခြေပြု ကုထုံး (Humanistic Therapy) ဆိုတာကတော့ စိတ်ကုထုံး (Psychotherapy) နည်းလမ်းတစ်ခုဖြစ်ပြီး လူသားတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးရှိတယ်၊ ကောင်းမွန်တဲ့ဘက်ကို ဦးတည်လိုတဲ့ သဘောရှိတယ် ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံထားတာပါ။
ဒီကုထုံးရဲ့ အဓိက focus က client ရဲ့ အတိတ်က အတွေ့အကြုံတွေ ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို ကြည့်တာထက် လက်ရှိခံစားနေရတဲ့ ပြဿနာ၊ အတွေ့အကြုံနဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားတာပါ။
🌼ဒီကုထုံးရဲ့ အဓိကကျတဲ့ အချက်တွေကတော့ မိမိကိုယ်ကို အမှန်အတိုင်း မြင်နိုင်ခြင်း (Self-Actualization), မိမိကိုယ်ကို လက်ခံနိုင်ခြင်း (Self-Acceptance), ရွေးချယ်ပိုင်ခွင့်နဲ့ တာဝန်ယူမှု (Choice and Responsibility) တို့ ဖြစ်ပါတယ်။
🌼Counselor တစ်ယောက်အနေနဲ့ Humanistic Therapy ကို ဘယ်လိုပြုလုပ်ပေးရတယ်၊ ဘာ skills တွေ လိုအပ်တယ်ဆိုတာနဲ့ Developmental Psychology အကြောင်း introduction ကို ဒီသင်တန်းမှာ လေ့လာရမှာဖြစ်ပါတယ်။

👩‍🏫 Instructor / Supervisor
ဒီသင်တန်းကို အတွေ့အကြုံရှိ Psychotherapist တစ်ဦးဖြစ်တဲ့ Craton Highways (Licensed: CSWA, CADC I , USA) မှ မြန်မာ နှင့် အင်္ဂလိပ် (၂) မျိုးလုံးဖြင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

📚 Course 2 Dates:

April 12, Sunday
April 19, Sunday
May 24, Sunday
May 31, Sunday

⌛ Time: 9:30am-11:30am (Myanmar Standard Time)
Platform: Zoom

👥 Paticipants: Minimum 4 to maximum 10 participants (Small Group)
Course Fees : 500,000 MMK ( 250,000 MMK per month)

📩 တက်ရောက်လိုသူများအနေဖြင့် Caltha ရဲ့ page Messenger နှင့် Viber/Telegram no. ဖြစ်တဲ့ 09-940940191 ဆီသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင်။


💞15th February 2026 Sunday နေ့မှာ ကျင်းပခဲ့သော Beyond Romance Workshop လေးကို အချိန်ပေးတက်ရောက်ခဲ့ကြပါသော တစ်ဦးတစ်ယောက်စ...
16/02/2026

💞15th February 2026 Sunday နေ့မှာ ကျင်းပခဲ့သော Beyond Romance Workshop လေးကို အချိန်ပေးတက်ရောက်ခဲ့ကြပါသော တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်ရှင့်။
🥰(၃) နာရီကျော်ကြာမြင့်သွားသော်လည်း အစမှ အဆုံးတိုင် Activities တိုင်းကို တက်ကြွပျော်ရွှင်စွာ ပါဝင်ပေးခဲ့ကြလို့လည်း ထပ်လောင်းကျေးဇူးတင်ရှိပါသည်။
💓အရမ်းချစ်တတ်ကြသော Couple လေးများ၊ချစ်ခင်ကြသူမိတ်ဆွေများ ၏မေတ္တာတရားများကူးစက်၍ Caltha Team တစ်ခုလုံးမှ အရမ်းကိုကြည်နူးခဲ့ရပါတယ်ရှင့်။
❣️ Workshop တစ်ခုလုံး အစမှအဆုံးတိုင် စေတနာအပြည့်ဖြင့် အင်တိုက်အားတိုက်ဖြင့်ကူညီပံ့ပိုးပေးခဲ့ကြပါသော ဆရာမ Myintzu San Maung နှင့် ဆရာ Zawe Thu Rain Aung တို့အား Caltha မှ ‌အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏
🌼 ယခုလို workshop လေးများကိုလည်း ဆက်လက်ကျင်းပဖို့ ကြိုးစားသွားပါမယ်လို့ သတင်းကောင်းပါးအပ်ပါသည်ရှင့်။

💕ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ 💕ရယူလိုခြင်းလည်းမဟုတ်..ပိုင်ဆိုင်လိုခြင်းလည်းမဟုတ်..လူပုဂ္ဂိုလ်၊ သတ္တဝါ အပေါင်း စိတ်ချမ်းသ...
14/02/2026

💕ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ 💕
ရယူလိုခြင်းလည်းမဟုတ်..
ပိုင်ဆိုင်လိုခြင်းလည်းမဟုတ်..
လူပုဂ္ဂိုလ်၊ သတ္တဝါ အပေါင်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ သူတစ်ပါးအကျိုးကို လိုလားမုဒိတာပွား ပီတိဖြစ်နိုင်သော အေးချမ်းနေတဲ့ မေတ္တာစိတ်ကလေးလို့ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။

💓အေးချမ်းသော မေတ္တာများဖြင့် Valentine Day လေးကိုဖြတ်သန်းနိုင်ကြပါစေရှင့်။ 💓

🌼စိတ္တသုခပန်းကလေးများ ပွင့်လန်းရာ Caltha🌼

Hello မင်္ဂလာပါရှင် ✨❣️Beyond Romance Workshop လေးနဲ့ပတ်သက်ပြီး အမေးများကြတဲ့အချက်လေးကို ရှင်းပြချင်ပါတယ်။👩‍❤️‍👩ဒီ Works...
11/02/2026

Hello မင်္ဂလာပါရှင် ✨

❣️Beyond Romance Workshop လေးနဲ့ပတ်သက်ပြီး အမေးများကြတဲ့အချက်လေးကို ရှင်းပြချင်ပါတယ်။

👩‍❤️‍👩ဒီ Workshop လေးကို Join ဖို့အတွက် ချစ်သူစုံတွဲများသာမကဘဲ မိမိချစ်ခင်ရသူ မည်သူမဆိုနှင့်အတူ တက်ရောက်နိုင်ပါတယ်ရှင် 💕

👩‍❤️‍👩အရင်းနှီးဆုံး မိတ်​ဆွေသူငယ်ချင်းနဲ့ဖြစ်​​​စေ၊
LGBTQ+ couple ဖြစ်​စေ အားလုံးကို ကြိုဆိုပါတယ်ရှင် 🤍
💞Beyond Romance ဆိုတာ Romance ကိုသာမက
လူနှစ်ဦး ကြားက Connection, Understanding နဲ့ Heart-to-Heart bonding ကို အဓိကထားတဲ့ Workshop လေးပါရှင့် ✨
🥰Workshop fees လေးကလည်း per couple ၂ ယောက်စာ 2 seats အတွက်ပါရှင့်။

မူရင်း post လေးမှာအသေးစိတ်ဖတ်ရှူ စာရင်းသွင်းနိုင်ပါတယ်ရှင့်။👇

https://www.facebook.com/share/p/18FZcHf8CN/

💝အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် 💝
+

📣Hello Hello✨ Meet Our Facilitators✨လာမယ့် February 15 ရက်‌နေ့လေးမှာ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ...
08/02/2026

📣Hello Hello

✨ Meet Our Facilitators✨
လာမယ့် February 15 ရက်‌နေ့လေးမှာ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ ရှာဖွေဖို့" Beyond Romance Workshop" လေးက အဆင်သင့် စောင့်ကြိုနေပါတယ်။ 🌹✨
ဒီ Workshop မှာ ဦးဆောင်ပံ့ပိုးပေးသွားမယ့် စိတ်ကျန်းမာရေးနဲ့ လူမှုအကျိုးပြုလုပ်ငန်းနယ်ပယ်များမှာ အတွေ့အကြုံရင့်ကျက်တဲ့ Facilitator နှစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

👩‍🏫 Myintzu Sann Maung
( Mental Health Facilitator, Creative Therapeutic Approaches Specialist)
🌟Ma Myintzu ဟာ အနုပညာနဲ့ စိတ်ပညာကို ပေါင်းစပ်ပြီး ကုထုံးဆိုင်ရာနည်းလမ်းအသစ်တွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသူဖြစ်ပြီး Care and Creative Expressive Therapeutic Approaches Through Drama, Art, Music & Play ကိုအခြေခံတဲ့ Workshop ပေါင်း ၄၀ ကျော်ကိုလည်း ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ထို့အပြင် Starlets Home Pre-School & Education Center ၏ Founder အဖြစ် ကလေးစိတ်ပညာနဲ့ ဘက်စုံဖွံဖြိုးတိုးတက်ရေးဆိုင်ရာပြုစုပျိုးထောင်မှုနည်းလမ်းများကို မိဘ၊ဆရာများအတွက် အသိပညာပေးဆိုင်ရာ သင်တန်းများနှင့်အလုပ်ရုံဆွေးနွေးပွဲများကိုလည်း စဥ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိပါတယ်။ စိတ်ပညာနှင့် နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာဘာသာရပ်များအနေဖြင့်
• Post-Graduated Diploma in Applied Psychology (University of Yangon)
• Trauma-Informed Creative Therapy (Goethe-Institut)
•Trauma Informed Care& Creative Therapeutic Apporaches (Academy Of Care)Goethe-Institut
•Psychological Theories in Counselling & Psychotherapy (University of Yangon)
• MPA Certifications in Psychotherapy, Counselling & Psychological First Aid
• Buddhist Psychotherapy & Well-Being Training အစရှိသည့် လက်မှတ်များ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်ရှင့်။

👨‍🏫 Zawe Thu Yain Aung
(Mental Health Practitioner)
လူသားဗဟိုပြုချဉ်းကပ်မှု (Person-Centered Approach) ကို အခြေခံပြီး လူကြီး၊ လူငယ်များ၏ စိုးရိမ်ပူပန်မှု (Anxiety)၊ ဆက်ဆံရေးပြသနာများနှင့် အတိတ်က စိတ်ဒဏ်ရာဆိုင်ရာ အခက်အခဲများကို နားလည်မှုရှိရှိ ချဉ်းကပ်ပေးသည့် စနစ် (Trauma-Informed Care) ဖြင့် စနစ်တကျ နှစ်သိမ့်ဆွေးနွေးပေးလျက်ရှိပါတယ်။"
Australian Counselling Association (ACA) ၏ ကျင့်ဝတ်စံနှုန်းများအတိုင်း Senior Counsellor များ၏ စနစ်တကျကြီးကြပ်မှု ခံယူကာ ဘေးကင်းလုံခြုံမှုကို အလေးထားသော ဆွေးနွေးမှု ဝန်းကျင်တစ်ခု တည်ဆောက်ပေးနေသူလည်းဖြစ်ပါတယ်။
စိတ်ပညာနှင့် နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာဘာသာရပ်များအနေဖြင့်
-Executive Diploma in Applied Psychology (LUC & ETVA - Malaysia)
-Psychological Theories in Counselling & Psychotherapy (University of Yangon)
-Helping the Traumatized Survivor of Disaster, Management of Common Mental Health Problems, Childhood Trauma, Psychological First Aid, Psychotherapy and Counselling (Myanmar Psychological Association)
-Basic to Advanced Counselling Skills (Counselling Corner) များကိုလည်း လေ့လာခဲ့ပြီးဖြစ်ပါတယ်ရှင့်။

🌟 ဒီ Workshop ကနေ ဘာတွေ ရရှိမှာလဲ?
💞ချစ်ခြင်းမေတ္တာ နဲ့ အချင်းချင်းနားလည်မှု အပြည့်အဝပေးနိုင်မယ့် ဆက်ဆံရေးတစ်ခုအတွက် အကောင်းဆုံးတည်ဆောက်ရမယ့် နည်းလမ်းတွေကို အနုပညာဖန်တီးမှုတွေက တစ်ဆင့်သိရှိနားလည်လာမယ်..

💞မိမိအတွက်ရော ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ Safe Space လေးတစ်ခုအတူဖန်တီးနိုင်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊တန်ဖိုးထားလေးစားမှုတွေ နူးညံ့သိမ်မွေ့စွာ ဖော်ပြတတ်လာမယ်..

💞ဆက်ဆံရေးနဲ့ ပတ်သတ်တဲ့စိတ်ဖိစီးမှု၊ စိုးရိမ်မှု တွေကိုနှစ်ဦးသားအဖြေအတူရှာရင်း အကောင်းဆုံးရင်ဆိုင်ဖြတ်ကျော်နိုင်မယ်..

📍 ကျင်းပမည့်နေရာ: Caltha
📅 ရက်စွဲ: ဖေဖော်ဝါရီလ ၁၅ ရက် (Sunday)

Romance ထက်ကျော်လွန်တဲ့၊ မိမိကိုယ်ကိုယ် နားလည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတွေ ရရှိမယ့် ဒီခရီးစဉ်မှာ အတူတူ လိုက်ပါဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🤗

Workshop အသေးစိတိကို မူရင်းpost မှာဖတ်ရှုပြီး Register လုပ်နိုင်ပါတယ်ရှင့်။👇
https://m.facebook.com/story.php?story_fbid=122223923372277289&id=61558318686776&mibextid=Nif5oz


♥️✨အချစ်ဆိုသည်မှာ...?  ✨♥️❣️ကမ္ဘာဦးကတည်းကအစပြုခဲ့တဲ့ ဆန်းကြယ်နက်ရှိုင်းပြီးနူးညံ့သိမ်မွေ့လွန်းတဲ့ အချစ်ရဲ့အနက်ကို လူတို...
04/02/2026

♥️✨အချစ်ဆိုသည်မှာ...? ✨♥️

❣️ကမ္ဘာဦးကတည်းကအစပြုခဲ့တဲ့ ဆန်းကြယ်နက်ရှိုင်းပြီးနူးညံ့သိမ်မွေ့လွန်းတဲ့ အချစ်ရဲ့အနက်ကို လူတိုင်းကမိမိတို့ရဲ့ယုံကြည်ချက်၊ထင်မြင်ယူဆချက်၊အတွေးအခေါ်အတွေ့အကြုံ နဲ့တန်ဖိုးထားမှုတွေကတစ်ဆင့်နားလည်ခံစားတတ်ကြပြီး အဓိပ္ပါယ်ကို ပုံဖော်နိုင်အောင် ကြိုးစားရှာဖွေနေကြဆဲပါ...

❣️သင်ရော အချစ်ရဲ့အဓိပ္ပါယ်ကို ကိုယ်ပိုင်တန်ဖိုးထားမှုများနဲ့အတူရှာဖွေပြီး "Healthy Relationship" ကို
ချစ်ရတဲ့သူနဲ့အတူ အပေးအယူမျှမျှနားလည်စွာ တည်ဆောက်ကြရင်း နူးညံ့သိမ်မွေ့လွန်းတဲ့ ချစ်ခြင်းမေတ္တာတွေကြားစီးမျောရင်ခုန်ဖို့ အဆင်သင့်ဖြစ်ပြီလား?

❣️အချစ်ရဲ့အလွန်အခြားတစ်ဖက်မှာ...
Relationship ကို "Reset" လုပ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနားလည်လာစေဖို့ ထူးခြားတဲ့ "Beyond Romance Workshop"လေးကို Caltha Wellness Centre မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

☕နွေးထွေးတဲ့ ကော်ဖီတစ်ခွက်ကို အတူသောက်ရင်း "Sip and Soul Bonding"
💓 စကားလုံးတွေမလိုတဲ့ "Silent Soul Connection"
💞နှလုံးသားချင်း ချိတ်ဆက်မယ့် "Rebonding Hearts"
🪉ဂီတကတစ်ဆင့် နှစ်ယောက်တူတူ ဖန်တီးမယ့် "Mild Melody" အစရှိတဲ့ အစီအစဉ်တွေကို Professional ပညာရှင်တွေရဲ့ guided therapy activities များမှ တစ်ဆင့် အရင်ကထက်ပိုတဲ့ နားလည်မှုတွေကို တည်ဆောက်‌‌ပေးသွားမှာပါ။

Workshop Details👇
🗓 နေ့ရက်: ၁၅ ဖေဖော်ဝါရီ ၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: နေ့လယ် ၁:၀၀ နာရီ မှ ညနေ ၃:၃၀ နာရီ
📍 နေရာ: Caltha Wellness Centre (လှိုင်မြို့နယ်)
👩‍🎓 Facilitators:

- Ma Myintzu Sann Maung (Mental Health Facilitator, Creative Therapeutic Approaches Through Drama, Art, Music & Play)
-Ko Zawe Thu Yain Aung (Mental Health Practitioner)

https://www.facebook.com/share/p/184FSvPH7u/

👫 Fees: ၅၀,၀၀၀ MMK per Couple
🍬 Coffee and Snacks included
🔒 limited seats 10 couples only
👩‍❤️‍💋‍👨 Age Limits: Above 18 Years
🎁 Early Birds Special: 10% OFF first 5 Couples

📩 နေရာအကန့်အသတ်ရှိပါ၍ Caltha Wellness ရဲ့ Page messenger မှသော်လည်းကောင်း၊ Viber
09 940940191 သို့လည်းကောင်းဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

Address

Hlaing Township
Yangon
1111

Telephone

+959940940191

Website

Alerts

Be the first to know and let us send you an email when Caltha Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Caltha Wellness:

Share