Myathida physiotherapy and rehab clinic

Myathida physiotherapy and rehab clinic We aim to provide patients exceptional patient care experience with maximum freedom of mind and body from chronic pain at our caring and supportive clinic.

ဒီနေ့ကျရောက်တဲ့ World Parkinson's Day အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။
11/04/2026

ဒီနေ့ကျရောက်တဲ့ World Parkinson's Day အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။

ပါကင်ဆန် (Parkinson) ဆိုတာ အချို့အသက်ကြီးပိုင်းတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် မိသားစုနဲ့ သားသမီးတွေမှာ ရောဂါခံစားရသူအတွက် စိုးရိမ်ပူပန်ကြပြီး ရောဂါခံစားရသူကလည်း မိမိကိုယ်ကိုယ် အားမလို၊ အားမရတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဦးနှောက်နဲ့ အာရုံကြောရောဂါတမျိုးဖြစ်တဲ့ ပါကင်ဆန်ရောဂါ (Parkinson's disease) အကြောင်းကို 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က မျှဝေသွားပါ့မယ်ရှင်။ ✨

ပါကင်ဆန်ရောဂါ (Parkinson's disease) ဆိုတာက ဦးနှောက်မှာရှိတဲ့ Dopamine ဓာတ်ကို ထုတ်လုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေ ပျက်စီးလျော့နည်းသွားတာကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါတမျိုးပါ။ ဒီလိုမျိုး Dopamine ဓာတ်လျော့နည်းလာတာက ဦးနှောက်လှုပ်ရှားမှုတွေကို ပုံစံမမှန်ဖြစ်ပွားစေတတ်ပါတယ်။

⚠ ရောဂါဖြစ်တဲ့အခါမှာ ပြသတတ်တဲ့ အဓိကလက္ခဏာတွေကတော့ -

၁။ Tremor - ခြေနဲ့လက်များတုန်ခြင်း၊ မေးရိုးနဲ့ဦးခေါင်းတို့တုန်ခြင်း
ဒီလိုမျိုးတုန်နေတာက ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘဲ နားနေတဲ့အချိန်တွေမှာတောင် တုန်နေတတ်ပါတယ်။

၂။ Bradykinesia - ခန္ဓာကိုယ်လှုပ်ရှားမှုများနှေးကွေးလာခြင်း
ဒီလိုလှုပ်ရှားမှုတွေက ဥပမာ - ကုလားထိုင်ပေါ်ကို အထိုင်အထလုပ်တဲ့အခါ နှေးကွေးလာတာမျိုး၊ ရေချိုးဖို့နဲ့ အဝတ်အစားဝတ်ဖို့တောင် နှေးကွေးလာတာမျိုးတွေပါ။

၃။ Rigid muscle - ကြွက်သားတွေ တောင့်တင်းနာကျင်ခြင်း
ဘာအကြောင်းအရာမှ မယ်မယ်ရရမရှိဘဲ ကြွက်သားတွေ တောင့်တင်းနာကျင်တာကလည်း လက္ခဏာတရပ်ပါပဲ။

၄။ Poor posture - ခန္ဓာကိုယ်နောက်ကျောရိုး ကုန်းလာခြင်း၊ ကွေးလာခြင်း

၅။ Balance impair - ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ မကြာခဏလဲကျခြင်း

၆။ Loss of automatic movement - မျက်နှာအမူအရာလှုပ်ရှားမှု နည်းပါးသွားခြင်း၊ မျက်တောင်ခတ်တာနည်းသွားခြင်း၊ အပြုံးအရယ်မရှိဘဲ မျက်နှာသေဖြစ်နေခြင်း၊ လမ်းလျှောက်ရာမှာ လက်ကို ဘယ်၊ ညာလွှဲပြီး မလျှောက်နိုင်ခြင်း

၇။ Speech changes - စကားသံတိုးလာခြင်း၊ အသံတိမ်ဝင်လာခြင်း

၈။ Writing changes - စာရေးရာမှာ ခက်ခဲလာခြင်း၊ လက်ရေးများတဖြည်းဖြည်းသေးလာခြင်း

၉။ Non-motor symptoms - စိတ်ဓာတ်ကျလာခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ အနံ့ပျောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာမျိုချရခက်ခဲလာခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်း၊ သွားရည်ကျခြင်း၊ ဆီးသွားရခက်ခဲခြင်း စတာတွေဖြစ်တတ်ပါတယ်။

❗ ရောဂါဖြစ်လာရတဲ့ အကြောင်းအရင်းတွေကတော့ -

၁။ မျိုးရိုးလိုက်ခြင်း

၂။ အသက်အရွယ် ကြီးလာခြင်း (အသက် ၆၀နဲ့အထက် လူကြီးတွေမှာပိုပြီးအဖြစ်များပါတယ်)

၃။ လိင်အမျိုးအစားပေါ်မူတည်ခြင်း (အမျိုးသမီးများထက် အမျိုးသားများမှာ ပိုမိုအဖြစ်များပါတယ်)

၄။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ အထိအတွေ့များခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။

ဒီနေ့၊ ဒီအချိန်ထိ ပါကင်ဆန်ရောဂါ (Parkinson's disease) ကို ပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းတွေမရှိသေးပါဘူး။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ရောဂါလက္ခဏာတွေကို သက်သာလာအောင်ထိန်းထားနိုင်ပါတယ်။ ဒီလိုသက်သာလာစေဖို့အတွက် ဆေးဝါးတွေနဲ့ ထိန်းညှိခြင်း၊ လိုအပ်တဲ့အစိတ်အပိုင်းတွေကို ခွဲစိတ်မှုခံယူခြင်းတို့အပြင် Physiotherapy နည်းတွေနဲ့ ကုသခြင်းတွေနဲ့အတူ ကုသထိန်းသိမ်းနိုင်ပါတယ်။ ✅

💡 Physiotherapy နည်းတွေနဲ့ ကုသတဲ့အခါမှာ လူနာကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပေးပြီး ခန္ဓာကိုယ်အနေအထားတွေကို မှန်ကန်အောင်လေ့ကျင်ပေးခြင်း၊ ကြွက်သားနာကျင် တောင့်တင်းမှုတွေကို လျော့ကျလာအောင်ကုသပေးခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် လေ့ကျင့်ပေးခြင်း၊ လမ်းလျှောက်တဲ့ပုံစံတွေကို ပြန်မှန်ကန်လာဖို့ လေ့ကျင့်ပေးခြင်း၊ Cognitive training လို့ခေါ်တဲ့ ဦးနှောက်နဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကုထုံးတွေနဲ့ ကုသပေးခြင်းတို့ကိုပြုလုပ်ပေးခြင်းတို့နဲ့ ရောဂါကို ပိုဆိုးမလာအောင်နဲ့ သက်သာလာအောင်အပြင် နေ့စဉ်လှုပ်ရှားမှုတွေမှာပါ လွယ်ကူလာအောင် လေ့ကျင့်ကုသနိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ပါကင်ဆန်ရောဂါ (Parkinson's disease) နဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုတာဖြစ်ဖြစ်၊ စနစ်တကျကုသမှုခံယူလိုရင်ဖြစ်ဖြစ် မြသီတာဆေးခန်းကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ပါကင်ဆန်ရောဂါကနေ ကင်းဝေးသက်သာပြီး လှပတဲ့နေ့ရက်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ 🙏

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။


#ပါကင်ဆန်

10/04/2026

"သင်္ကြန်ကာလ ဆေးခန်းပိတ်ရက်များကိုကြော်ငြာခြင်း"

𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 ကို ၁၂. ၄. ၂၀၂၆ နေ့လယ် ၂ နာရီကနေစတင်ပြီး ခေတ္တခဏပိတ်ထားမှာဖြစ်ကာ ၁၈.၄.၂၀၂၆ နေ့လယ် ၁၂နာရီမှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ နှစ်သစ်အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပြီး စိတ်သွားတိုင်းကိုယ်ပါလို့ လိုအင်ဆန္ဒတွေအားလုံးပြည့်ဝပါစေကြောင်း မြသီတာဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
01-3500555,09-409556363,09-944556363 ( Viber , Telegram )
1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။


ဆေးသောက်စရာမလိုဘဲ နာကျင်မှုကို သက်သာစေမယ့် 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞🩹 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ဆိုတာ ဘာလဲ။ ဘာတွေ ကူညီပေးနိုင်သလဲ။ 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ဆိ...
30/03/2026

ဆေးသောက်စရာမလိုဘဲ နာကျင်မှုကို သက်သာစေမယ့် 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞

🩹 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ဆိုတာ ဘာလဲ။ ဘာတွေ ကူညီပေးနိုင်သလဲ။
𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး (𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧) မှာ အသုံးများတဲ့ တင်းအားပါတဲ့ တိပ်တမျိုး (𝐄𝐥𝐚𝐬𝐭𝐢𝐜 𝐓𝐡𝐞𝐫𝐚𝐩𝐞𝐮𝐭𝐢𝐜 𝐓𝐚𝐩𝐞) ပါ။ ကြွက်သားနဲ့ အဆစ်အမြစ် နာကျင်မှုတွေကို သက်သာစေဖို့ သူကအဓိက ကူညီပေးနိုင်ပါတယ်။

✨ 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ကပ်ခြင်းရဲ့ ရလာမယ့်အကျိုးကျေးဇူးတွေကတော့
- ဒဏ်ရာရထားတဲ့နေရာရဲ့ နာကျင်မှုကို သက်သာစေပါတယ်။
- ကြွက်သားတောင့်တင်းမှုကို လျော့ချပေးပြီး 𝐌𝐮𝐬𝐜𝐥𝐞 𝐑𝐞𝐥𝐚𝐱𝐚𝐭𝐢𝐨𝐧 ရရှိစေပါတယ်။
- ပြန်ရည်ကြောစီးဆင်းမှုကို ကောင်းမွန်စေလို့ ဒဏ်ရာကြောင့် ရောင်ရမ်းနေတာတွေကို လျော့ပါးစေပါတယ်။
- အဆစ်လှုပ်ရှားမှုကို ထိန်းညှိပေးလို့ အားကစားသမားတွေ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 မဆင်းခင်နဲ့ မကစားခင် ကြိုတင်ကပ်ထားနိုင်ပါတယ်။
- သူက 𝐄𝐥𝐚𝐬𝐭𝐢𝐜 အသားဖြစ်တဲ့အတွက် ပုံမှန်လှုပ်ရှားမှုတွေကို အဟန့်အတားမရှိ သဘာဝအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
- ပုံစံမမှန်တဲ့ ခန္ဓာကိုယ် အရိုးအဆစ်တွေကိုလည်း ပြန်လည်တည့်မတ်ပေးနိုင်ပါတယ်။

ကပ်တဲ့အခါ ဒါတွေကို သတိထားပါ။
✅ သန့်ရှင်းခြောက်သွေ့ပါစေ။ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် လုပ်ပြီးမှ ကပ်ပေးပါ။
❌ အရေပြားအနာရှိလျှင် ရှောင်ပါ။ အနာရှိသူနဲ့ 𝐀𝐥𝐥𝐞𝐫𝐠𝐢𝐜 ရှိသူများ မကပ်သင့်ပါဘူး။
❗ ယားယံလာလျှင် ခွာပစ်ပါ။ ယားယံခြင်း၊ နာကျင်ခြင်း (သို့) အနီကွက်တွေ ဖြစ်လာရင် ချက်ချင်းပြန်ခွာဖို့လိုအပ်ပါတယ်။
🛑 အရမ်းနာကျင်နေချိန်မှာ မကပ်သင့်သေးပါဘူး။ ဖြစ်ခါစ အရမ်းနာကျင်ရောင်ရမ်းနေတဲ့ (𝐀𝐜𝐮𝐭𝐞 𝐏𝐚𝐢𝐧) အခြေအနေမျိုးမှာ ကပ်ဖို့အချိန်စောင့်ပေးပါဦးနော်။
⏰ အချိန်သတ်မှတ်ချက်ကတော့ တစ်ခါကပ်ထားရင် ၃ ရက်ကနေ ၅ ရက်အထိပဲ ကပ်ထားသင့်ပါတယ်။

ဒဏ်ရာအတွက် 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 ကို မှန်ကန်တဲ့နည်းစနစ်နဲ့ကပ်ပြီး ထိရောက်တဲ့ကုသမှု ရယူချင်တယ်ဆိုရင်တော့ 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က ကျွမ်းကျင် 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭 တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ 𝐊𝐢𝐧𝐞𝐬𝐢𝐨 𝐓𝐚𝐩𝐞 တွေအပြင် အဆစ်အမြစ်အတွက် 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပစ္စည်းတွေနဲ့ တခြားလိုအပ်တဲ့ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းတွေကိုလည်း တပါတည်း ရရှိနိုင်ပါပြီရှင်။ 🙆‍♀️

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



⛹️ အားကစားဝါသနာရှင်တိုင်း သိထားသင့်တဲ့ "ဒဏ်ရာကင်းစင်ရေး" လျှို့ဝှက်ချက်များအားကစားဆိုတာ ကျန်းမာရေးအတွက် ကောင်းပေမယ့် စနစ...
22/03/2026

⛹️ အားကစားဝါသနာရှင်တိုင်း သိထားသင့်တဲ့ "ဒဏ်ရာကင်းစင်ရေး" လျှို့ဝှက်ချက်များ

အားကစားဆိုတာ ကျန်းမာရေးအတွက် ကောင်းပေမယ့် စနစ်တကျ မပြင်ဆင်ရင်တော့ "ဒဏ်ရာ" က မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။

ဘယ်လိုဒဏ်ရာတွေ အဖြစ်များလဲ❓
💥 ကြွက်တက် တတ်ပါတယ်။ ဒါက သွေးပူလေ့ကျင့်ခန်း (Warm-up) မလုပ်ဘဲ ရုတ်တရက် လှုပ်ရှားလို့ ဖြစ်ရတာပါ။
💥 အဆစ်လွဲတတ်ပါတယ်။ ဘောလုံးနဲ့ ဘတ်စကက်ဘောလို အမြန်နှုန်းသုံးရတဲ့ အားကစားတွေမှာ အဖြစ်များပါတယ်။
💥 ပြင်းပြင်းထန်ထန်လဲကျတာမျိုး၊ ထိခိုက်ဒဏ်ရာကြီးတာမျိုးတွေကလည်း အရိုးကျိုးတာအထိကို အဖြစ်များတတ်ပါသေးတယ်။
💥 နားချိန်မပေးဘဲ နေ့တိုင်း တအားလေ့ကျင့်တာကြောင့် ကြွက်သားနာကျင်မှုတွေအဖြစ်များတတ်ပါတယ်။ ဒါကို Overuse injury လို့လည်းခေါ်လို့ရပါတယ်။

✅ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို နည်းနည်းလောက် ကြည့်ကြရအောင်လားရှင်။

🌟 လုပ်ဆောင်သင့်တဲ့ ဆောင်ရန်လေးတွေက
- မကစားခင် သွေးပူလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- ကိုယ်နဲ့ကိုက်ညီတဲ့ ဖိနပ်နှင့် ကာကွယ်ရေးပစ္စည်းတွေကို သေချာသုံးပါ။
- ကစားပြီးရင် အကြောလျှော့လေ့ကျင့်ခန်း ပြန်လုပ်ပါ။
- ရေများများသောက်ပါ။
- လေ့ကျင့်မှုကို တရက်တည်းအသားကုန်လုပ်တာထက် တဖြည်းဖြည်းတဆင့်ချင်းစီပဲ တိုးမြှင့်ပါ။

🚫 ရှောင်ကြဉ်သင့်တာတွေကတော့
- ဒဏ်ရာရနေရက်တာကို မနားဘဲဆက်ကစားတာ မလုပ်ရပါဘူး။
- နားချိန်မပေးဘဲ နေ့တိုင်းအလွန်အကျွံ လေ့ကျင့်တာတွေကို လုံးဝမလုပ်ရပါဘူးနော်။

⚠ ဒဏ်ရာတစ်ခုကို လျစ်လျူရှုထားပြီး ပေတေနေရင် အားကစားသမားဘဝကို ထိခိုက်စေနိုင်ပါတယ်။ စောစောစီးစီး စနစ်တကျ ကုသလိုက်တာနဲ့ အားကစားကွင်းထဲကို အမြန်ဆုံးပြန်ဝင်နိုင်မှာပါ။ ဒီအတွက် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ရင် 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 ကိုပဲလှမ်းလာခဲ့ပါ။ မြသီတာဆေးခန်းမှာ ကျွမ်းကျင်တဲ့ ဝါရင့် အရိုး၊ အကြော၊ အဆစ်ဆရာဝန်ကြီးတွေအပြင် အားကစားသမားတွေအတွက်လည်း 𝐒𝐩𝐨𝐫𝐭 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐞𝐬𝐬𝐢𝐨𝐧 ကိုပါ ဖွင့်လှစ်ထားတာမို့ စိတ်ချယုံကြည်စွာနဲ့ကုသနိုင်ကြောင်း သတင်းစကားပါးလိုက်ပါရစေရှင်။ 🍀

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



✍ ဘောပင်ကိုင်တာကအစ ဖုန်းသုံးတာအဆုံး … သွက်လက်တဲ့လက်တစုံ ပိုင်ဆိုင်ဖို့ လူတိုင်းသိထားသင့်တဲ့ 𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 အကြောင်းကို မြ...
15/03/2026

✍ ဘောပင်ကိုင်တာကအစ ဖုန်းသုံးတာအဆုံး … သွက်လက်တဲ့လက်တစုံ ပိုင်ဆိုင်ဖို့ လူတိုင်းသိထားသင့်တဲ့ 𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 အကြောင်းကို မြသီတာဆေးခန်းက ပြောပြပါရစေရှင်။

𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ဆိုတာက လက်နဲ့လက်ချောင်းလေးတွေကိုအသုံးပြုပြီး နေ့စဉ်ဘဝ အလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။

𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ထဲမှာ ပါဝင်တာတွေကတော့
✋ လှုပ်ရှားမှု - လက်သီးဆုပ်ခြင်းနဲ့ လက်ကိုအပြည့်အဝ ပြန်ဖြန့်နိုင်တာ
🖐 တိကျမှု - လက်ချောင်းလေးတွေကို အသေးစိတ် တိတိကျကျ လှုပ်ရှားနိုင်တာ
💪 ခွန်အား - လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်းအား (Grip Strength)
🧠 ထိန်းချုပ်မှု - လက်နဲ့ ဦးနှောက်ကြားက အချိတ်အဆက်မိမိ ထိန်းချုပ်ညှိနှိုင်းနိုင်တာနဲ့
🖊️ အသုံးချမှု- အရာဝတ္ထုတွေကို ကိုင်တွယ်၊ ဖမ်းယူ၊ ဆုပ်ကိုင်နိုင်တာတို့ပဲဖြစ်ပါတယ်။

💡 𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ကောင်းမွန်ခြင်းရဲ့ မကောင်းမွန်တော့တာရဲ့ ကွာခြားချက်တွေကိုလည်း မြင်သာအောင် နှိုင်းယှဉ်ပြချင်ပါတယ်။
✅ 𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ကောင်းမွန်တဲ့အခါမှာ ဇွန်းကိုင်ပြီး ထမင်းစားနိုင်တယ်။ ဘောပင်ကိုင်ပြီး စာရေးနိုင်တယ်။ အင်္ကျီကြယ်သီးတွေကိုလည်း အလွယ်တကူတပ်နိုင်တယ်။ ဖုန်းကိုလည်း စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တာမျိုးတွေကို လုပ်ဆောင်နိုင်ပါတယ်။
❌ 𝐇𝐚𝐧𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 အားနည်းပြီး မကောင်းမွန်တော့တဲ့အခါမှာတော့ အရာဝတ္ထုတွေ ခဏခဏလွတ်ကျတတ်လာတယ်။ လက်ထဲမှာ ခွန်အားမရှိသလို ခံစားရတယ်။ ပစ္စည်းတွေကို ကြီးတာပဲဖြစ်ဖြစ်၊ သေးတာပဲဖြစ်ဖြစ် ကိုင်တွယ်တဲ့အခါမှာလည်း လက်ချောင်းတွေကို ခက်ခက်ခဲခဲ သုံးနေရတာမျိုးတွေထိ ဖြစ်လာတတ်ပါတယ်။

✨ ဒါကြောင့် လက်လေ့ကျင့်ခန်းတွေလုပ်ဖို့အရေးကြီးလာပါတယ်။ ဒီလေ့ကျင့်ခန်းတွေက နေ့စဉ်ဘဝက အလုပ်တွေကို သူများအကူအညီမပါဘဲ ကိုယ်တိုင်လုပ်နိုင်ဖို့၊ လေဖြတ်ပြီးနောက်ပိုင်းမှာ လက်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရခဲ့ရင်လည်း ပြန်ပြီးလှုပ်ရှားမှုကောင်းမွန်လာဖို့နဲ့ အသက်ကြီးလာလည်း လက်ရဲ့လုပ်နိုင်စွမ်းတွေကို မလျော့သွားအောင်ထိန်းသိမ်ဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။

ဒါဆိုရင်လေ့ကျင့်ခန်းလုပ်ကြရအောင်။ ဒီအတွက် အလွယ်ဆုံးနဲ့ ထိရောက်စေတဲ့ လေ့ကျင့်ခန်း ၅မျိုးကိုလည်း တခါတည်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

1️⃣ 𝐎𝐩𝐞𝐧 & 𝐂𝐥𝐨𝐬𝐞 𝐇𝐚𝐧𝐝 - လက်သီးကို တင်းတင်းဆုပ်ပါ၊ ပြီးလျှင် လက်ကို အပြည့်ပြန်ဖြန့်ပါ။ ဒါကို ၁၀-၁၅ ကြိမ်ခန့်လုပ်နိုင်ပါတယ်။
2️⃣ 𝐓𝐡𝐮𝐦𝐛 𝐭𝐨 𝐅𝐢𝐧𝐠𝐞𝐫 𝐓𝐨𝐮𝐜𝐡 - လက်မကို ကျန်လက်ချောင်းလေးတွေနဲ့ တစ်ချောင်းချင်းစီ ထိပေးပါ။ ဒါကိုတော့ လက်တစ်ချောင်းချင်းစီ ၁၀ ကြိမ်ခန့်ပြုလုပ်ပေးပါ။
3️⃣ 𝐁𝐚𝐥𝐥 / 𝐒𝐩𝐨𝐧𝐠𝐞 𝐒𝐪𝐮𝐞𝐞𝐳𝐞 - ပျော့ပျောင်းတဲ့ ဘောလုံး (သို့) ဖော့တုံးကို လက်နဲ့ညှစ်ပြီး ၅ စက္ကန့် ထိန်းထားပါ။ ဒါကိုလည်း ၁၀ကြိမ်ခန့်ပြုလုပ်ပါရှင်။
4️⃣ 𝐖𝐫𝐢𝐬𝐭 𝐔𝐩 & 𝐃𝐨𝐰𝐧 - လက်ကောက်ဝတ်ကို အပေါ်သို့ ကော့တင်ပါ၊ ပြီးလျှင် အောက်သို့ ပြန်ကုပ်ချပါ။ ၁၀ကြိမ်ခန့်ပြုလုပ်ပေးပါနော်။
5️⃣ 𝐅𝐢𝐧𝐠𝐞𝐫 𝐒𝐩𝐫𝐞𝐚𝐝 - လက်ချောင်းလေးတွေကို ဘေးသို့ အစွမ်းကုန် ဖြန့်ကားပြီး ပြန်ကပ်ပေးပါ။ ဒါလေးလည်း ၁၀ကြိမ်ပြုလုပ်ပေးဖို့ လိုပါမယ်။

လက်လှုပ်ရှားမှုတွေက အရင်လို မသွက်လက်တော့ဘဲ လေးလံထုံထိုင်းနေသလို ခံစားနေရပြီဆိုရင် မပေါ့ဆပါနဲ့နော်။ အခြေအနေမဆိုးခင်မှာ သတိပြုပြီးလေ့ကျင့်ခန်းလုပ်ပါ။ မသက်သာဘဲ ခံစားနေရတာကြာလာပြီးဆိုရင်တော့စနစ်တကျကုသနိုင်ဖို့ 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 ကိုကြွရောက်ခဲ့ပါ။ အချိန်တိုအတွင်း ပျောက်ကင်းသက်သာဖို့ ဝါရင့်ဆရာဝန်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက စနစ်တကျ လေ့ကျင့်ကုသပေးနေပါကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေရှင်။ 🤗
𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။




#လက်လေ့ကျင့်ခန်း

👨‍⚕️ မြသီတာဆေးခန်းမှ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများနှင့် အချိန်ဇယားများမြသီတာဆေးခန်းမှာ လူနာနဲ့လူနာရှင်တွေ စိတ်ချလက...
08/03/2026

👨‍⚕️ မြသီတာဆေးခန်းမှ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများနှင့် အချိန်ဇယားများ

မြသီတာဆေးခန်းမှာ လူနာနဲ့လူနာရှင်တွေ စိတ်ချလက်ချ ပြသနိုင်ဖို့အတွက် အထူးကုဆရာဝန်ကြီးတွေရဲ့ အချိန်ဇယားကို စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင်။

✅ ပါမောက္ခ ဒေါက်တာခင်စောဦး
M.B.,B.S, Dip.Med.Sc,
M.Med.Sc, Dr.Med.Sc (Rehabilitation Medicine)
Dip.Med.Ed
အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး
- စနေနေ့ 11:30 AM - 12:30 PM

✅တွဲဖက်ပါမောက္ခ ဒေါက်တာမို့မို့ဝင်း
M.B.,B.S, M.Med.Sc (Rehabilitation Medicine)
Dip.Med.Ed
ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်
- အင်္ဂါနေ့၊ ကြာသပတေးနေ့ 4:30 PM - 5:30 PM

✅ ဒေါက်တာသိန်းသန်းဝင်း
Consultant Physiatrist
M.B.,B.S, M.Med.Sc (Rehab Med), Dr.Med.Sc (Rehab Med)
Dip in TCN-Acupuncture (China), Dip.Med.Ed
ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး
- စနေနေ့ 2:00 PM - 4:00 PM
- တနင်္ဂနွေနေ့ 3:00 PM - 4:00 PM

✅ ဒေါက်တာအောင်ကျော်သောင်း
M.B.,B.S
M.Med.Sc (Rehabilitation Medicine)
အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်
- အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး 5:30 PM - 6:30 PM

✅ ဒေါက်တာအိခိုင်ဦး
M.B.,B.S, M.Med.Sc (Rehabilitation Medicine)
အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်
- တနင်္လာ၊ ဗုဒ္ဓဟူး 11:30 AM - 1:00 PM

✅ ဒေါက်တာဇင်မျိုးထွန်း
M.B.,B.S, M.Med.Sc (Orthopedic)
အရိုးအထူးကုဆရာဝန်
- တနင်္လာနေ့ 4:00 PM - 5:00 PM
- ဗုဒ္ဓဟူးနေ့ 4:00 PM - 6:00 PM
- စနေ၊ တနင်္ဂနွေ 12:00 PM - 6:00 PM

✅ ဒေါက်တာမင်းထက်ဇော်
M.B.,B.S, PGDiploma in Diabetes (USW,UK)
MPH (NUS, Singapore), Psycho Med (NUH)
Nutrition (WUR))
ဆီးချို၊ အဝလွန်နှင့် နာတာရှည်ရောဂါများ

✅ ဒေါက်တာထက်ဇေယျာ
M.B.,B.S, M.Med.Sc (Rehabilitation Medicine)
PhD (Sports Science)
Sports Physician of MPSF
Certified Functional Movement Specialist
အားကစားဆိုင်ရာ ဆရာဝန်
- သောကြာနေ့ 11:00 AM - 12:30 PM
- တနင်္ဂနွေနေ့ 9:30 AM - 11:00 AM

✅ ဒေါ်ခိုင်နင်းဖြူ
B.Med.Tech (Physiotherapy, Ygn)
B.Sp & Hear.Sc (IUHW, Japan)
စကားပြောကုသမှုပညာရှင် (Speech Therapist)
- စနေနေ့ 3:00 PM – 4:00 PM

သင့်ရဲ့ လှုပ်ရှားမှုတိုင်း ပြန်လည်သွက်လက်လာစေဖို့ ကျွန်မတို့ မြသီတာမှ အမြဲအသင့်ရှိနေပါတယ်။ ဆရာဝန်များရဲ့ အချိန်ဇယားများအတိုင်း ပြသနိုင်ဖို့လည်း ဖုန်းဆက်ပြီး ကြိုတင် Booking ရယူနိုင်ပါတယ်ရှင်။

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။




#အထူးကုဆရာဝန်ကြီးများ

02/03/2026

🌕 သာယာကြည်နူးဖွယ် တပေါင်းလပြည့် အခါသမယမှာ ဘေးဘယာဝေးကွာကြပါစေ။ မြသီတာမိသားစုနဲ့အတူ ကျန်းမာခြင်းသုခကို ထာဝစဉ်ပိုင်ဆိုင်နိုင်ကြပါစေရှင်။🙏

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



#တပေါင်းလပြည့်နေ့

01/03/2026

Pneumatic compression device နဲ့ Pressotherapy အကြောင်းလေးကို 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က Video လေးနဲ့ ရှင်းပြပါရစေရှင်။

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



🤰 မေမေတို့ မီးဖွားပြီးနောက် ခါးနာတာမျိုးတွေခံစားရနေပြီလား။ ဒါကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲ။မီးဖွားပြီးတဲ့အခါ ဗိုက်ကြွက်သား...
28/02/2026

🤰 မေမေတို့ မီးဖွားပြီးနောက် ခါးနာတာမျိုးတွေခံစားရနေပြီလား။ ဒါကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲ။

မီးဖွားပြီးတဲ့အခါ ဗိုက်ကြွက်သားတွေ အားနည်းသွားတာ၊ ကိုယ်ဝန်ဆောင်စဉ်က ဟော်မုန်းအပြောင်းအလဲကြောင့် အရွတ်တွေလျော့ရဲလာတာနဲ့ ကလေးချီတဲ့အခါမှာလည်း အနေအထားမမှန်တာတွေကြောင့် ခါးနာဝေဒနာကို ခံစားရလေ့ရှိတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မြသီတာဆေးခန်းက မေမေတို့အတွက် ခါးနာသက်သာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးပါရစေရှင်။

✅ ကလေးနို့တိုက်တဲ့ အနေအထားကို ပြင်ပါ။
ကလေးကို နို့တိုက်တဲ့အခါ ခါးကိုမငုံ့မိစေဖို့ သတိပြုရပါမယ်။ ကျောနောက်မှာ ခေါင်းအုံး (သို့) နို့တိုက်ခေါင်းအုံး ခံထားပြီး ခါးကိုမတ်မတ်ထားပါ။ ကလေးကို မိခင်ဆီရောက်အောင်ပဲဆွဲယူပါ။
✅ အလေးအပင် မ တာ ရှောင်ပါ။
မီးဖွားပြီးခါစမှာ ကလေးထက်လေးတဲ့ ဘယ်လိုပစ္စည်းကိုမဆို မ တာမျိုး မလုပ်သင့်ပါဘူး။ ပစ္စည်းကောက်တဲ့အခါမှာလည်း ခါးကိုမကိုင်းဘဲ ဒူးကိုညွှတ်ပြီးမှ ကောက်ပေးဖို့ မမေ့ပါနဲ့။
✅ ရေနွေးအိတ် ကပ်ပေးပါ
ခါးကြွက်သားတွေတောင့်တင်းနေရင် ရေနွေးအိတ် (သို့) ရေနွေးဝတ်ကပ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေသလို နာကျင်မှုကိုလည်းပြေလျော့စေပါတယ်ရှင်။
၄။ Pelvic Tilt လို့ခေါ်တဲ့ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းလုပ်ပေးပါ။
ဒါကတော့ ခါးရိုးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ပြန်လည်သန်မာလာစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။

🏃‍♀️ အိမ်မှာတင်လုပ်နိုင်တဲ့ Pelvic Tilt လေ့ကျင့်ခန်းကိုလည်း တပါတည်းဖော်ပြလိုက်ပါတယ်ရှင်။
၁။ ညီညာတဲ့ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကိုထောင်ပြီး ပက်လက်အိပ်ပါ။
၂။ ခါးအောက်ကနေရာလွတ်လေး မရှိတော့အောင် ဗိုက်ကြွက်သားကိုအသုံးပြုပြီး ခါးကိုကြမ်းပြင်နဲ့ ကပ်ထားပါ။
၃။ (၅) စက္ကန့်လောက် အောင့်ထားပြီးမှ ပြန်လွှတ်ပါ။
၄။ တစ်ခါလုပ်ရင် ၁၀ ကြိမ်ခန့်နဲ့ တစ်နေ့ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်ရှင်။

🤱 မီးဖွားပြီး ခါးနာတာကပုံမှန်ပဲဆိုပြီး ပစ်မထားပါနဲ့နော်။ ကြာလာရင် ခါးရိုးပြဿနာအထိဖြစ်နိုင်လို့ စနစ်တကျ ပြန်လည်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ခါးနာတာကြာနေပြီး မသက်သာသေးတာမျိုးပဲဖြစ်ဖြစ်၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ လာရောက်တိုင်ပင်ချင်တာပဲဖြစ်ဖြစ် လိုအပ်တာမျိုးရှိရင် 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က ကူညီဖို့အသင့်ရှိတာပါတယ်ရှင်။

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။





#မီးဖွားပြီးနောက်ခါးနာခြင်း

🚲 စက်ဘီးနင်းတာက အားကစားတင်မကဘဲ အရေးပါတဲ့ကုထုံးတစ်ခုဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ စက်ဘီးစီးတာက ကျန်းမာရေးအတွက်သာမက Rehabilit...
23/02/2026

🚲 စက်ဘီးနင်းတာက အားကစားတင်မကဘဲ အရေးပါတဲ့ကုထုံးတစ်ခုဆိုတာ သိပါသလား။

ဟုတ်ပါတယ်။ စက်ဘီးစီးတာက ကျန်းမာရေးအတွက်သာမက Rehabilitation (ပြန်လည်သန်စွမ်းရေး) ကုသမှုတွေမှာလည်း မရှိမဖြစ် လေ့ကျင့်ခန်းတခုပါ။ ခြေလက်တွေကို စနစ်တကျနဲ့ ညီညီမျှမျှ လှုပ်ရှားပေးရတာကြောင့် ကြွက်သားတွေကိုသန်မာစေပြီး အဆစ်အမြစ်တွေကိုလည်း သိသိသာသာ ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါနဲ့ဆက်စပ်ပြီး Active Passive Trainer ကို ပြောပြပါရစေ။
🌿𝐀𝐜𝐭𝐢𝐯𝐞 𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫 ဆိုတာ ဘာလဲ။
သူကတော့ ထိုင်ခုံမှာ သက်သောင့်သက်သာ ထိုင်ရင်း ခြေထောက်အတွက် စက်ဘီးနင်းတာ၊ လက်လှုပ်ရှားမှုအတွက် လက်နဲ့လှည့်ပေးတာမျိုး လုပ်ဆောင်နိုင်တဲ့ Physiotherapy စက်ပစ္စည်းတခု ဖြစ်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး လေ့ကျင့်ခန်း (၄) မျိုးအထိ ပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။
1️⃣ Active Mode (ကိုယ်တိုင်လုပ်နိုင်သူတွေအတွက်) မိမိအားနဲ့မိမိ စိတ်ကြိုက် လှုပ်ရှားနင်းနိုင်တဲ့ ပုံစံပါ။
2️⃣Passive Mode (ကိုယ်တိုင် မလှုပ်ရှားနိုင်သေးသူတွေအတွက်) ခြေလက်တွေ လုံးဝအားမရှိသေးရင်တောင် စက်ကနေ အလိုအလျောက် ဝိုင်းဝန်းလှုပ်ရှားပေးတဲ့ ပုံစံပါ။
3️⃣ Active-Assisted Mode (လူနာနဲ့ စက် ပူးပေါင်းလုပ်ဆောင်တာ) အားနည်းနေသေးတဲ့ လူနာတွေအတွက် စက်ကနေကူပြီး တွန်းပေးတာမျိုးပါ။
4️⃣ Resisted Mode (အားစိုက်ထုတ်ရတဲ့ပုံစံ) ခြေလက်တွေ ပြန်သန်မာလာတဲ့အခါ အလေး (Weight) တွေ ထပ်တိုးပြီး ပိုသန်မာလာအောင် အားစိုက်နင်းရတဲ့ ပုံစံပါ။

🌸 ဒါကဘယ်လိုလူနာတွေအတွက် အထူးသင့်တော်သလဲ။
- လေဖြတ်ပြီးနောက်ပိုင်း ပြန်လည်လေ့ကျင့်ချင်သူတွေ
- ကျောရိုးအာရုံကြော (Spinal Cord) ထိခိုက်မိထားသူတွေ
- ပါကင်ဆန် (Parkinson’s) ကြောင့် လှုပ်ရှားမှုနှေးကွေးနေသူများ။
- အသက်အရွယ်ကြီးရင့်လာတဲ့ အဘိုးအဘွားတွေ
- အိပ်ရာထဲမှာပဲ ကြာရှည်လှဲနေရတဲ့ (Bed-ridden) လူနာတွေနဲ့
- ခွဲစိတ်မှုအပြီး ပြန်လည်အားမွေးလိုသူတွေအတွက် သင့်တော်ပါတယ်။

🌱 Active Passive Trainer အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း ပြောပြပါရစေဦးရှင်။
✅ အဆစ်အမြစ်များ ပွင့်လာခြင်း - အကြောအဆစ်တွေ တောင့်မနေဘဲ လှုပ်ရှားမှု (Range of Motion) ပိုကောင်းလာစေပါတယ်။
✅ သွေးလည်ပတ်မှု ကောင်းခြင်း - ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။
✅ ကြွက်သားသန်မာခြင်း - အားနည်းနေတဲ့ ကြွက်သားတွေကို ပြန်လည်အားရှိလာစေပြီး တောင့်တင်းနေတာတွေကို လျှော့ချပေးပါတယ်။
✅ ယုံကြည်မှုတိုးစေခြင်း - လူနာကိုယ်တိုင် လှုပ်ရှားနိုင်စွမ်း တိုးတက်လာတာကြောင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
ဒါကြောင့် လူနာတစ်ယောက်ရဲ့ ပြန်လည်ထူထောင်ရေး ခရီးလမ်းမှာ Active Passive Trainer ဟာ အရေးပါတဲ့ အဖော်မွန်ကောင်းတစ်ခု ဖြစ်ပါတယ်။

✨ ခေတ်မီတဲ့ 𝐀𝐜𝐭𝐢𝐯𝐞 𝐏𝐚𝐬𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫 စက်က လူနာတွေအတွက် တကယ်ပဲ အကျိုးရှိရဲ့လားဆိုတာနဲ့ ဘယ်လို လေ့ကျင့်ပေးရင် သက်သာမလဲဆိုတာတွေကို လက်တွေ့သိရှိနိုင်ဖို့ 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 မှာ လာရောက်လေ့လာ စမ်းသပ်ကြည့်နိုင်ပါတယ်ရှင်။ လူနာနဲ့ အကိုက်ညီဆုံး ကုထုံးဖြစ်စေဖို့ အကောင်းဆုံး အကြံပေးသွားဖို့ အသင့်ရှိနေပါတယ်။

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



🏆 အားကစားသမားတွေအတွက် သတင်းကောင်း အားကစားသမား တယောက်အတွက် စွမ်းဆောင်ရည် အကောင်းဆုံးရှိနေဖို့က အရေးကြီးဆုံးဖြစ်သလို ထိခို...
18/02/2026

🏆 အားကစားသမားတွေအတွက် သတင်းကောင်း

အားကစားသမား တယောက်အတွက် စွမ်းဆောင်ရည် အကောင်းဆုံးရှိနေဖို့က အရေးကြီးဆုံးဖြစ်သလို ထိခိုက်ဒဏ်ရာရတာက အကြီးမားဆုံး အဟန့်အတားတစ်ခုပါပဲ။ ပုံမှန်ကုသမှုတွေက ဒဏ်ရာကို သက်သာစေရုံပဲ ရှိနိုင်ပေမယ့် အားကစားဆိုင်ရာ အထူးကုသမှု (𝐒𝐩𝐨𝐫𝐭𝐬 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞)ကတော့ ဒဏ်ရာကို မှန်ကန်စွာ ရှာဖွေပြီး အရင်လို သွက်လက်မြန်ဆန်အောင်နဲ့ နောက်ထပ် ဒဏ်ရာပြန်မရအောင် အထူးကုသပေးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အားကစားသမားတွေနဲ့ အဆစ်အမြစ် ဒဏ်ရာရရှိသူတွေအတွက် စိတ်ချရတဲ့ ကုသမှုတွေ ရရှိနိုင်ဖို့ မြသီတာဆေးခန်းမှာ 𝐒𝐩𝐨𝐫𝐭 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐞𝐬𝐬𝐢𝐨𝐧 ကို ဖွင့်လှစ်လိုက်ပါပြီရှင်။

👨‍⚕️ ကျွမ်းကျင်ဆရာဝန်ကြီးတဦးဖြစ်တဲ့ -
𝐃𝐫.𝐇𝐭𝐞𝐭 𝐙𝐚𝐲𝐚𝐫
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞)
𝐏𝐡𝐃 (𝐒𝐩𝐨𝐫𝐭𝐬 𝐒𝐜𝐢𝐞𝐧𝐜𝐞)
𝐒𝐩𝐨𝐫𝐭𝐬 𝐏𝐡𝐲𝐬𝐢𝐜𝐢𝐚𝐧 𝐨𝐟 𝐌𝐏𝐒𝐅
𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐯𝐞𝐦𝐞𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭) ကနေပြီး ဒဏ်ရာတွေကို စနစ်တကျ ကုသပေးရုံမက အားကစားကွင်းထဲ အမြန်ဆုံးပြန်ဝင်နိုင်အောင် ကူညီပေးသွားမှာပါရှင်။

⏰ ဒေါက်တာ့အနေနဲ့ ဆေးခန်းထိုင်မယ့်အချိန်တွေကတော့
- သောကြာနေ့ - နံနက် ၁၁:၀၀ မှ နေ့လယ် ၁၂:၃၀ ထိနဲ့
- တနင်္ဂနွေနေ့ - နံနက် ၉:၃၀ မှ နံနက် ၁၁:၀၀ တို့ဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ဒဏ်ရာက အားကစားပြန်လုပ်ဖို့ အဆင်ပြေရဲ့လားဆိုတာနဲ့ ဘယ်လို ကုသမှုတွေလိုအပ်မလဲဆိုတာ သိရအောင် ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ဖို့ မြသီတာဆေးခန်းက အမြဲအသင့်ရှိနေပါတယ်ရှင်။

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555,09-409556363,09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



Address

#1A/30, Mya Thida Housing, UZanar Street, Ward 11, Between Yadanar Street & Myittar Street, South Okkalar
Yangon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

https://t.me/myathidawellness

Alerts

Be the first to know and let us send you an email when Myathida physiotherapy and rehab clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share