Kembangan Specialist Centre

Kembangan Specialist Centre Where Medical and Aesthetic Services are Provided at International Level!
(289)

💁🏻‍♀️အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်မယ့် လျှို့ဝှက်ချက်(၃)ခု......😱အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ နေရောင်ဒဏ်ကြောင့်ပဲဖြစ်...
23/08/2025

💁🏻‍♀️အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်မယ့် လျှို့ဝှက်ချက်(၃)ခု......😱

အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ်၊ နေရောင်ဒဏ်ကြောင့်ပဲဖြစ်ဖြစ် မျက်နှာအသားအရေက မှန်ထဲကြည့်လိုက်တိုင်း မကြည်လင်တော့ဘူး၊ ဝက်ခြံအမာရွတ်တွေနဲ့ အသားအရေ မညီမညာဖြစ်နေပြီဆိုရင် စိတ်ညစ်စရာပေါ့နော်။ ဒီလိုမျိုးခံစားနေရပြီဆိုရင် "မျက်နှာအသားအရေကို ပြန်လည်နုပျိုစေတဲ့ ကုသမှု" (Facial Rejuvenation) တွေအကြောင်း နည်းနည်းလေ့လာကြည့်ရအောင်။

ဒီကုသမှုတွေကတော့ ခွဲစိတ်စရာမလိုဘဲ အသားအရေကို ပိုပြီး နုပျိုလန်းဆန်းလာအောင် ကူညီပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရာတွေကို သက်သာစေရုံသာမကဘဲ၊ အသားအရေရဲ့ အတွင်းပိုင်းကျန်းမာရေးကိုပါ ပိုကောင်းလာအောင် လုပ်ဆောင်ပေးနိုင်တာမို့ အများကြီး အထောက်အကူပြုပါတယ်။

❇️ဒီကုသမှုတွေရဲ့ အဓိကကောင်းကျိုးတွေက ဘာတွေလဲ?

👉အရေးအကြောင်းတွေ သက်သာစေတယ်: အသက်ကြီးလာရင် လျော့နည်းလာတဲ့ Collagen နဲ့ Elastin ဓာတ်တွေကို ပြန်ထုတ်လုပ်ပေးနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေ လျော့ကျပြီး အသားအရေက ပိုတင်းရင်းလာပါတယ်။

👉အမဲစက်တွေနဲ့ အမာရွတ်တွေ လျော့ပါးစေတယ်: နေလောင်လို့ဖြစ်တဲ့ အမဲစက်၊ တင်းတိပ်နဲ့ ဝက်ခြံအမာရွတ်တွေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

👉ချွေးပေါက်ကျဉ်းစေတယ်: ချွေးပေါက်ကျယ်လို့ အဆီပြန်တာ၊ ဝက်ခြံထွက်တာတွေကိုပါ ကာကွယ်ပေးပါတယ်။

👉အသားအရေကို ရေဓာတ်ပြည့်ဝပြီး ကြည်လင်စေတယ်: အသားအရေရဲ့ အတွင်းပိုင်းအလွှာထိ လိုအပ်တဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးနိုင်ပါတယ်။

🍀လူကြိုက်များပြီး ထိရောက်တဲ့ ကုသမှုအမျိုးအစားများ

၁။ လေဆာ ကုသမှု (Laser Therapy)

လေဆာကုသမှုက ခေတ်အမီဆုံးနည်းလမ်းတစ်ခုပါ။ လေဆာရောင်ခြည်ကို အသုံးပြုပြီး အသားအရေရဲ့ အပေါ်ယံအလွှာကို အညစ်အကြေးတွေနဲ့အတူ ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အသားအရေရဲ့ အတွင်းအလွှာမှာရှိတဲ့ Collagen ထုတ်လုပ်မှုကိုပါ လှုံ့ဆော်ပေးလို့ အသားအရေက ပိုပြီး တင်းရင်းလာပါတယ်။ အမာရွတ်၊ အရေးအကြောင်းနဲ့ အသားအရေ မညီမညာဖြစ်တာတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။

၂။ ဓာတုပစ္စည်းဖြင့် အရေပြားဖယ်ရှားခြင်း (Chemical Peel)

ဒီနည်းလမ်းကတော့ သင့်အသားအရေအမျိုးအစားနဲ့ ပြဿနာအပေါ်မူတည်ပြီး သင့်တော်တဲ့ chemical solution ကို လိမ်းပေးတာပါ။ အသားအရေရဲ့ အပေါ်ယံအလွှာကို ညင်သာစွာ ခွာချပေးလို့ အောက်မှာရှိတဲ့ ချောမွေ့ကြည်လင်တဲ့ အသားအရေအသစ် ပေါ်လာစေပါတယ်။ မျက်နှာအမဲစက်၊ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းလေးတွေကို သက်သာစေပါတယ်။

၃။ ဆေးထိုးကုသမှု (Injectables)

ဒီနည်းလမ်းမှာတော့ Botox နဲ့ Dermal Fillers လိုမျိုး ဆေးအမျိုးအစားတွေ ပါဝင်ပါတယ်။ Botox က မျက်နှာကြွက်သားတွေကို ခဏတာ ဖြေလျှော့ပေးပြီး မျက်နှာအမူအရာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာစေပါတယ်။ Dermal Fillers ကတော့ အသားအရေ လိုအပ်တဲ့နေရာတွေ (ဥပမာ- ပါး၊ နှုတ်ခမ်း) ကို ပြည့်တင်းလာအောင် ထိုးပေးတာဖြစ်ပြီး ပိုမိုနုပျိုတဲ့ မျက်နှာသွင်ပြင်ကို ရရှိစေပါတယ်။

ဒီကုသမှုတွေထဲက ဘယ်တစ်ခုက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ သင့်ရဲ့အသားအရေအခြေအနေနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံးရွေးချယ်နိုင်ဖို့အတွက် အသားအရေဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#မျက်နှာနုပျိုစေဖို့ #အလှအပရေးရာ
#အသားအရေထိန်းသိမ်းနည်း

#အိုမင်းရင့်ရော်မှုကိုတိုက်ဖျက်မယ် #လှပခြင်းရဲ့လျှို့ဝှက်ချက် #နုပျိုခြင်းအစ

#ကမ်ဘန်ဂန် #ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

‪09 772 458 611‬၊ 09 795 899 634

21/08/2025

#နှင်းခူရောဂါ ဆောင်ရန်ရှောင်ရန် (Do's and Don't for Eczema)

💢အရေးကြီးပြီးအခြေခံကျတဲ့အရာတွေကိုပြောပြထားပါတယ်ဗျာ။

💢 #ရှောင်ရန်ဆောင်ရန်တွေကိုသိခဲ့ရင် #နှင်းခူရောဂါထက်ဝက်သက်သာပါတယ်။

💢ဒါတွေကို လိုက်နာမယ်ဆိုရင် #နှင်းခူရောဂါ ခဏခဏပြန်ဖြစ်တာတွေကိုတားဆီးနိုင်သလို
ကုသမှုတွေလဲ ပိုမိုထိရောက်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်ဗျာ။

ဒေါက်တာဝေယံဖြိုး
အရေပြားကျန်းမာရေးဆရာဝန်
MBBS MSc in Dermatology (UK)
Kembangan Specialist Centre (Yangon)
Kembangan Thuwunna Clinic (Yangon)

#အရေပြားဆေးခန်း #အရေးပြားအထူးကု #အရေပြားရောဂါများ #အရေပြားနှင့်အလှအပ #ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

19/08/2025

#အရေပြားခြောက်သွေ့ယားယံနေရင်...
#ပန်းနာရင်ကျပ်ရောဂါ....
#နှာခေါင်းအတွင်းဓါတ်မတည့်တဲ့ရောဂါ....
မိသားစုထဲမှာ #နှင်းခူမျိုးရိုးရှိတာ...
ရှိရင် #နှင်းခူဖြစ်နိုင်ပါတယ်.......

ဒေါက်တာဝေယံဖြိုး
MBBS (YGN) Dip in P.Dermatology (UK)
MSc in P.Dermatology (UK)
အရေပြားကျန်းမာရေးဆရာဝန်
Kembangan Specialist Centre ,Kembangan Thuwunna Skin Clinic

#နှင်းခူရောဂါ #ကမ်ဘမ်ဂန် အရေပြားရောဂါ #အရေပြားကျန်းမာရေး #နှင်းခူ #ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

💁🏻‍♀️"မလိုချင်တဲ့အမွှေးအမျှင်တွေ လုံးဝပြန်မပေါက်စေမယ့်…."😇 ✨ Hair Removal Laser 30% Off Promotion ✨စိတ်အနှောက်အယှက်ဖြစ်စ...
17/08/2025

💁🏻‍♀️"မလိုချင်တဲ့အမွှေးအမျှင်တွေ လုံးဝပြန်မပေါက်စေမယ့်…."😇
✨ Hair Removal Laser 30% Off Promotion ✨

စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မလိုအပ်တဲ့အမွှေးအမျှင်တွေကြောင့် စိတ်ညစ်နေရပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့အသားအရေကို ပိုမိုချောမွေ့လှပစေမယ့် Hair Removal Laser ကုသမှုကို စမ်းသပ်ကြည့်ဖို့ အချိန်ရောက်လာပါပြီနော်။
ကျွန်မတို့ရဲ့ Kembangan Specialist Centre မှာ မလိုအပ်တဲ့အမွှေးအမျှင်တွေကို အမြစ်ပြတ်ရှင်းထုတ်နိုင်မယ့် Hair Removal Laser Treatment ကို 30% အထူးလျှော့စျေးနဲ့ ပြုလုပ်နိုင်ပါပြီနော်။

ဘာကြောင့် Hair Removal Laser Treatment ကို ရွေးချယ်သင့်တာလဲ? 🤔
❇️အမွှေးအမျှင်တွေကို ရေရှည်အတွက် ဖယ်ရှားပေးနိုင်ခြင်း: ရိတ်တာ၊ နုတ်တာလိုမျိုး ခဏတာဖြေရှင်းနည်းတွေနဲ့မတူဘဲ Laser Treatment ဟာ အမွှေးအမျှင်တွေကို အမြစ်ကနေ ဖယ်ရှားပေးနိုင်ပါတယ်။

❇️နာကျင်မှု နည်းပါးခြင်း: ကုသမှုခံယူနေစဉ် နာကျင်မှု သက်သာပြီး သက်သောင့်သက်သာရှိပါတယ်။

❇️အသားအရေကို ပိုမိုချောမွေ့စေခြင်း: အသားအရေခြောက်သွေ့တာ၊ ကြမ်းတမ်းတာတွေကို သက်သာစေပြီး ဝက်ခြံဖုလေးတွေနဲ့ အမဲစက်လေးတွေကိုလည်း လျှော့ချပေးပါတယ်။

❇️အချိန်ကုန်သက်သာခြင်း: မလိုအပ်တဲ့အမွှေးအမျှင်တွေအတွက် နေ့တိုင်းစိတ်ပူပြီး ရှင်းနေစရာမလိုတော့ပါဘူး။

‼️အထူး Promotion ကာလ 🗓️

ဒီအထူး Prmotion ကြီးကတော့ သြဂုတ်လ (၁၆)ရက်ကနေ သြဂုတ်လ (၃၀) ရက်နေ့အထိပဲ ဖြစ်လို့ လုံးဝလက်လွှတ်မခံသင့်ဘူးနော်..။

❇️အသားအရေကျန်းမာရေးနဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင်လည်း လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်ရှင်။ သင့်ရဲ့အသားအရေကို ဂရုစိုက်ဖို့ ကျွန်မတို့က အမြဲအသင့်ရှိနေပါတယ်နော်။

🥰"Kembangan ရဲ့ အလှအပဆိုင်ရာဝန်ဆောင်မှုတွေကို
စိတ်ချယုံကြည်စွာ ရယူလိုက်ပါ!"

KEMBANGAN SPECIALIST CENTRE🏥
ကန်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
☎️Tel : ‪09 772 458 611‬၊ 09 795 899 634
Google Map
https://maps.app.goo.gl/JyZVJpL1szvKBErv7?g_st=iv

#ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း❤️

🌞🌧“နေပူလိုက်၊မိုးရွာလိုက်ရာသီမှာ အသားအရေကို ဘယ်လိုဂရုစိုက်ကြမလဲ..”မြန်မာနိုင်ငံရဲ့ နေပူလိုက်၊မိုးရွာလိုက်ဆိုတဲ့ မိုးတွင်...
15/08/2025

🌞🌧“နေပူလိုက်၊မိုးရွာလိုက်ရာသီမှာ အသားအရေကို ဘယ်လိုဂရုစိုက်ကြမလဲ..”

မြန်မာနိုင်ငံရဲ့ နေပူလိုက်၊မိုးရွာလိုက်ဆိုတဲ့ မိုးတွင်းကာလက အသားအရေအတွက် တော်တော်လေး ပျက်စီးစေနိုင်ပါတယ်။ အပြင်မှာ ပူပြင်းတဲ့နေရောင်ခြည်က အသားအရေကို ပျက်စီးစေနိုင်သလို ရုတ်တရက်ရွာချလိုက်တဲ့ မိုးကလည်း အစိုဓာတ်လွန်ကဲပြီး ဝက်ခြံတွေ ထွက်လာစေနိုင်ပါတယ်။ ဒီလို ရာသီဥတုအခြေအနေမျိုးမှာ အသားအရေလေးကို ကျန်းမာလှပနေစေဖို့အတွက် အလွယ်တကူ လိုက်လုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

👉၁။ မျက်နှာသန့်စင်ပေးခြင်း (Cleansing) ကို အလေးထားပါ

မိုးတွင်းကာလမှာ လေထုထဲမှာ အစိုဓာတ်များပြီး ဖုန်မှုန့်တွေလည်း ပိုများတတ်ပါတယ်။ ဒါကြောင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်နဲ့ ချွေးထွက်များတဲ့အခါတိုင်း မျက်နှာလေးကို သေချာသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး အညစ်အကြေးတွေကို သန့်စင်ပေးပါ။ အသားအရေခြောက်သွေ့တဲ့သူဆိုရင် Hydrating Cleanser မျိုးကို ရွေးချယ်နိုင်ပါတယ်။

👉၂။ အစိုဓာတ်ထိန်းပေးဖို့ (Moisturizer) လိမ်းပါ

မိုးတွင်းကာလဖြစ်လို့ moisturizer လိမ်းဖို့ မလိုဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အသားအရေရဲ့ အစိုဓာတ်ကို မျှတအောင် ထိန်းညှိပေးဖို့က အရေးကြီးပါတယ်။ အစိုဓာတ်လွန်ကဲတာကြောင့် အဆီပြန်လွယ်တဲ့သူတွေအတွက် Oil-free ဒါမှမဟုတ် Gel-based moisturizer မျိုးကို ရွေးချယ်နိုင်ပါတယ်။ သူက အသားအရေကို ပေါ့ပါးစေပြီး စိုပြည်မှုလည်း ပေးနိုင်ပါတယ်။

👉၃။ နေရောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းပါ

မိုးတွင်းမှာ နေမထွက်ဘူးဆိုပြီး Sunscreen မလိမ်းဘဲ မနေပါနဲ့နော်။ မိုးအုံ့နေတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည် (UV rays) က တိမ်တွေကြားကနေ ဖြတ်သန်းလာနိုင်ပါတယ်။ ဒီရောင်ခြည်တွေက အသားအရေကို ပျက်စီးစေပြီး အိုမင်းရင့်ရော်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် SPF 30 နဲ့အထက်ရှိတဲ့ Sunscreen ကို နေ့စဉ်မပျက်မကွက် လိမ်းပေးပါ။

👉၄။ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပါ

ရာသီဥတု ဘယ်လိုပဲဖြစ်နေပါစေ၊ ခန္ဓာကိုယ်အတွက် ရေဓာတ်ပြည့်ဝနေဖို့က အရေးအကြီးဆုံးပါပဲ။ ရေများများသောက်တာက အသားအရေကို အတွင်းပိုင်းကနေ အစိုဓာတ်ဖြည့်ပေးပြီး ကြည်လင်တောက်ပစေပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့ အကြံပြုချင်ပါတယ်။

👉၅။ အိပ်ရေးဝအောင်အိပ်ပါ

ကောင်းမွန်တဲ့ အိပ်စက်ခြင်းက အသားအရေအတွက် အကောင်းဆုံး ပြန်လည်ပြုပြင်ခြင်းပါပဲ။ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီလောက် အိပ်စက်အနားယူပေးပါ။ ဒါမှ အသားအရေက လန်းဆန်းပြီး နုပျိုနေမှာပါ။
ဒီအချက်လေးတွေကို ပုံမှန်ဂရုစိုက်ပေးရင် နေပူလိုက်၊မိုးရွာလိုက် ရာသီမှာတောင် အသားအရေလေးက လှပကျန်းမာနေမှာပါနော်…။
💖 Tip – မိုးရာသီ၊ နွေရာသီ မရွေး၊ Skin Care ကို အမြဲတမ်းသတိထားသုံးပေးဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။ တိကျပြီး အချိန်မှန်ထိန်းသိမ်းပေးရုံနဲ့ အသားအရေက လှပနုပျိုနေပါလိမ့်မယ်။

သင့်ရဲ့အသားအရေနဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင်တော့ Kembangan မှာအရေပြားဆရာဝန်တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်နော်။

KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘမ်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
☎️Tel : ‪09 772 458 611‬၊ 09 795 899 634

Google Map
https://maps.app.goo.gl/JyZVJpL1szvKBErv7?g_st=iv

#အလှအပ #အရေပြားကျန်းမာရေး #ကမ်ဘန်ဂန် #ကမ်ဘမ်ဂန်
#ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

📢 Vacancy Announcement 📢Kembangan Specialist Centre (ဗဟန်း) မြို့နယ် တွင် တာဝန် ထမ်းဆောင်ရန် အတွက်👉🏻သူနာပြု အကူ (Nurse A...
01/08/2025

📢 Vacancy Announcement 📢

Kembangan Specialist Centre (ဗဟန်း) မြို့နယ် တွင် တာဝန် ထမ်းဆောင်ရန် အတွက်

👉🏻သူနာပြု အကူ (Nurse Aide) ကျား / မ (၁) ယောက် အလိုရှိသည်။

💠အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
💠ပညာအရည်အချင်း ၁၀တန်း / ၁၀တန်းအောင်မြင် ပြီးသူ ဖြစ်ရမည်။
💠သူနာပြု အကူ သင်တန်း ဆင်း လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
💠ဆေးရုံ ၊ ဆေးခန်း လုပ်ငန်း အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
💠ဆက်ဆံရေး ပြေပြစ်ကောင်းမွန်၍ အများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သူ
ဖြစ်ရမည်။
💠ရေရှည် (အနည်းဆုံး ၂နှစ်) လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
💠နေ့ / ည တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
💠အတွေ့အကြုံနှင့် လုပ်သက်ပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်။

စိတ်ပါဝင်စားသူများ CV ကို လိုအပ်သည့် အချက်အလက်များနှင့် အတူ
လူကိုယ်တိုင် ဖြစ်စေ ၊ 𝗘 – 𝗺𝗮𝗶𝗹 (𝗼𝗰𝘁𝗼𝗯𝗲𝗿𝟮𝟬𝟬𝟳𝗮𝗱𝗺@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 ) ဖြင့် ဖြစ်စေ ၊ 09 961 371 200 (Viber) သို့ ဖြစ်စေ လာရောက် / ပေးပို့ လျှောက်ထား နိုင်ပါသည်။

လိပ်စာ
Kembangan Specialist Centre
ကန်ဘန်ဂန် အထူးကု ဆေးခန်း
အမှတ် (171) ရွှေဂုံတိုင်လမ်းသွယ် ၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၇၇၂ ၄၅၈ ၆၁၁



#အရေပြားနှင့်အလှအပ


📢 𝑯𝒆𝒍𝒍𝒐.... 𝐊𝐞𝐦𝐛𝐚𝐧𝐠𝐚𝐧 𝐒𝐩𝐞𝐜𝐚𝐢𝐥𝐢𝐬𝐭  𝐂𝐞𝐧𝐭𝐫𝐞 အသစ်ကြီးကိုရောက်ဖူးပြီးကြပြီလားနော်....🎉မရောက်ဖူးသေးတဲ့ သူတွေအတွက် ရွှေဂုံတိုင်...
01/08/2025

📢 𝑯𝒆𝒍𝒍𝒐.... 𝐊𝐞𝐦𝐛𝐚𝐧𝐠𝐚𝐧 𝐒𝐩𝐞𝐜𝐚𝐢𝐥𝐢𝐬𝐭 𝐂𝐞𝐧𝐭𝐫𝐞 အသစ်ကြီးကိုရောက်ဖူးပြီးကြပြီလားနော်....🎉

မရောက်ဖူးသေးတဲ့ သူတွေအတွက် ရွှေဂုံတိုင်မှာ အသစ်ဖွင့်လှစ်ထားတဲ့ Kembangan ဆေးခန်းအသစ်ကို ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်ရှင့်....🥰

📌လိပ်စာအသစ်

👉KEMBANGAN SPECIALIST CENTRE🏥
ကန်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
☎️Tel : ‪09 772 458 611‬၊ 09 795 899 634

Google Map
https://maps.app.goo.gl/JyZVJpL1szvKBErv7?g_st=iv

#အရေပြားနှင့်အလှအပ #ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

30/07/2025

💢ဘာကြောင့် အချို့အရေပြားရောဂါတွေက ကုသရခက်ခဲနေတာလဲ??
မျိုးရိုးဗီဇအရေပြားရောဂါဆိုတာဘာလဲ?
ဒီလိုရောဂါတွေဖြစ်ရင် ဘယ်လိုသက်သာအောင်လုပ်လို့ရလဲ?

ဒေါက်တာဝေယံဖြိုး
အရေပြားကျန်းမာရေးဆရာဝန်
MBBS MSc in Dermatology (UK)
Kembangan Specialist Centre (Yangon)
Kembangan Thuwunna Clinic (Yangon)
#အရေပြားဆေးခန်း #အရေးပြားအထူးကု #အရေပြားရောဂါများ #အရေပြားနှင့်အလှအပ

🔴အနီစက် တွေထွက်တိုင်း အရေပြားရောဂါမဟုတ်ပါ။အနီစက်တွေထွက်တာ၊ဖျားတာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေကြုံလာပြီ ဆိုရင် သာမာန် တုပ်ကွေး...
26/07/2025

🔴အနီစက် တွေထွက်တိုင်း အရေပြားရောဂါမဟုတ်ပါ။

အနီစက်တွေထွက်တာ၊ဖျားတာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေကြုံလာပြီ ဆိုရင် သာမာန် တုပ်ကွေးလည်းဖြစ်နိုင်သလို အောက်မှာပြောပြထားတဲ့ ခြင်ကိုက်လို့ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေလည်းရှိနေတယ်ဆိုတာ သတိ ⚠️ ပြုမိစေချင်ပါတယ်။

မိုးရာသီမှာ အဖြစ်များပြီး 🦟ခြင်မှတစ်ဆင့်ကူးစက်တတ်တဲ့
ရောဂါ (၅) မျိုးအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

🦟ခြင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ (၅) မျိုးကတော့...

1️⃣သွေးလွန်တုပ်ကွေး (Dengue Fever)

- သယ်ဆောင်သည့်ခြင်: Ades Egypti အိပ်ဒီးစ် အီဂျစ်တိုင် ခြင် 🦟 (နေ့ခင်းဘက်ကိုက်)
- ဖြစ်စေသောအကြောင်းမှာ Dengue Virus 🦠 ပိုး (၄မျိုး) ကြောင့်ဖြစ်ပြီး

👉လက္ခဏာတွေကတော့

-အဖျားကြီးခြင်း ၊အဆစ်နှင့်ကြွက်သားများ အလွန်နာကျင်ခြင်း
အရေပြားအကွက်ထွက်ခြင်း (အနီစက်များထွက်ခြင်း)
- သွေးခဲဆဲလ် Platelets နည်းခြင်း - သွားဖုံးသွေးယိုခြင်း/နှာခေါင်းသွေးလျှံခြင်း၊ သွေးလန့်ခြင်း

‼️သတိပြုရန်ကတော့ ဒီလိုလက္ခဏာတွေ ကလေးငယ်များတွင်ဖြစ်ပွားပါက
ကလေးအထူးကုနှင့်မြန်မြန်ပြသသင့်ပါတယ်။

🔴 အဖြစ်များတဲ့ နိုင်ငံတွေကတော့: မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ အဖြစ်များကြပါတယ်။
မိုးရာသီမှာ မြို့ပြရှိ ရေဝပ်တဲ့နေရာများ (ရေအိုး၊ တာယာများ)စတဲ့ နေရာတွေမှာ ခြင်တွေပေါက်ဖွားနိုင်ပါတယ်

2️⃣ Chikungunya (ချီကင်ဂန်ညာအဆစ်ရောင်အဖျား)
- သယ်ဆောင်သည့်ခြင်: အိပ်ဒီးစ် အီဂျစ်တိုင်/အယ်လ်ဘိုပစ်တပ်စ်
👉လက္ခဏာများတွေကတော့
- ရုတ်တရက်ဖျားခြင်း ၊*အဆစ်နာကျင်မှုပြင်းထန် (အဖျားကြပြီးရင်တောင်အဆစ်နာတာပိုကြာတတ်)ပါတယ်။

- အနီကွက်များထွက်ခြင်း (ယားနိုင်ပါတယ်)။

🔴 ကူးစက်မှုများတဲ့နိုင်ငံတွေကတော့
- အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများတာတွေ့ရပါတယ်။

‼️သတိပြုစရာအချက်ကတော့သွေးလွန်တုတ်ကွေနှင့်မှားတတ်ပြီး အဆစ်နာတာကို ပိုကြာစေပါတယ်။

3️⃣ ငှက်ဖျားရောဂါ(Malaria)
- သယ်ဆောင်သည့်ခြင်: အန်နိုဖီးလီးစ်ခြင် (ညဘက်ကိုက်)

ဖြစ်စေတဲ့အကြောင်းကတော့ ပလက်စမိုဒီယမ် သွေးလှည့်ပတ်မှုစနစ်တခုလုံးမှတဆင့် ကိုယ်တွင်းအင်္ဂါတွေထိ ပြန့်နိုင်သည့်ကပ်ပါးပိုး (P. falciparum သည် ဦးဏောက်ထဲထိရောက်နိုင်တဲ့အတွက် အသက်အန္တရာယ်ရှိတတ်ပါတယ်)

👉လက္ခဏာတွေကတော့အဖျားတက်/ချမ်းတုန်/ချွေးထွက်ခြင်း (သံသရာလည်နေ)
-ရက်ခြား သို့ ၃ရက်တခါအဖျားတက်ခြင်း
- သွေးအားနည်းခြင်း၊ အသားဝါခြင်း
- ဦးနှောက်ငှက်ဖျား (မကုသပါက သေစေနိုင်)

🔴ကူးစက်မှုများပြီး အန္တရာယ်များတဲ့နိုင်ငံတွေကတော့ အိန္ဒိယအရှေ့မြောက်ပိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ စတဲ့နိုင်ငံတွေပဲဖြစ်ပြီး ကျေးလက်နှင့် သစ်တောဧရိယာများ (ရေဝပ်တဲ့နေရာ)တွေမှာ ပေါက်ဖွားတတ်ကြပါတယ်။

4️⃣ ဂျပန်ဦးနှောက်ယောင်ရောဂါ (JE)
- သယ်ဆောင်သည့်ခြင်: ကျူးလက်စ်ခြင် (စပါးခင်းတွင် ပေါက်ပွား)

👉လက္ခဏာတွေကတော့
- အဖျားကြီးပြီးသတိလစ်ခြင်း/တက်ခြင်း
- လည်ပင်းတောင့်ခြင်းဖြစ်ပေါ်ပြီးဦးနှောက်ပျက်စီးခြင်း

🔴 အဓိကကူးစက်မှုများတဲ့နိုင်ငံတွေကတော့ မြန်မာ (ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း)၊ အိန္ဒိယ (ဥတ္တရပဒေသပြည်နယ်၊ ဘီဟာ)၊ နီပေါ၊ လာအို စတဲ့နိုင်ငံတွေဖြစ်ပြီး ကျေးလက်နေ ကလေးတွေဟာ ပိုအန္တာရယ်ရှိနိုင်ပါတယ်။

5️⃣ ဇီကာဗိုင်းရပ်စ် (Zica Virus)

- သယ်ဆောင်သည့်ခြင်:အိပ်ဒီးစ် ခြင်

👉လက္ခဏာတွေကတော့

- အဖျားအနည်းငယ်ဖျား + အနီကွက်များထွက်ခြင်း
- မျက်စိနာခြင်း၊ အဆစ်နာခြင်း
⚠️ ⚠️ ⚠️ အန္တရာယ်:ကိုယ်ဝန်ဆောင်မိခင်များတွင်ကလေး ဦးခေါင်းသေးခြင်း နှင့်အခြားသောမွေးရာပါရောဂါမျာဖြစ်နိုင်ခြင်း၊သားလျောသားပျက်ဖြစ်ခြင်း

🔴 ကူးစက်မှုများတဲ့နိုင်ငံတွေကတော့
- ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယ တို့ဖြစ်ပြီး Myanmar နိုင်ငံမှာ အဖြစ်မများသော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံဖက်မှာရှိနိုင်တဲ့အတွက် ခရီးသွားမည့်သူများသတိထားသင့်ပါတယ်။

✅ ကာကွယ်နိုင်တဲ့ အချက်တွေကတော့...✅

- 🚫 အိမ်အနီးရေဝပ်နေသောနေရာများကို ရှင်းပါ မြေဖို့ပါ။ အဖုံးမပါသောရေဝင်နိုင်သည့်အရာများကိုမှောက်ထားပါ။ အဖုံးဖုံးပါ။

- 🛏️ ခြင်ထောင်နှင့် အိပ်ပါ(ငှက်ဖျားအတွက် အထူးအရေးကြီး)။

- 🧴 DEET/picaridin ပါသော ခြင်ပြေးဆေးလိမ်းပါ (ချွေးထွက်ပါက ပြန်လိမ်းပါ)။

- 👖 နံနက်/ည အချိန်တွင် အင်္ကျီ/ဘောင်းဘီ အရှည်ဝတ်ပါ။

- 🏥 ဖျားနာပါက အမြန်စစ်ဆေးပါ (အဖျား + အနီကွက်ထွက်ပါက)။

💡 အရေပြားဆိုင်ရာ သတိပြုရန်: ခြင်ကိုက်ခံရပါက ယားယံမှုကြောင့် ကုတ်မိပြီး ပိုးဝင်နိုင် (ပြည်တည်နာဖြစ်နိုင် )တာကြောင့် ယားယံမှုသက်သာစေရန် ဆေးသောက်ပါ။

အခြေအနေပိုဆိုးလာပါက ကျွန်မတို့ Kembangan ရဲ့အရေပြားဆရာဝန်များနဲ့ လာရောက်ဆွေးနွေးကုသနိုင်ပါတယ်ရှင့်.......🥰

📢 ဒီ Post လေးကို မျှဝေပေးခြင်းဖြင့် အသိပညာဖြန့်ဝေနိုင်ပါတယ်နော်...

#ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း #သွေးလွန်တုပ်ကွေး (ချီကင်ဂန်ညာအဆစ်ရောင်အဖျား) #ငှက်ဖျားရောဂါ #ဂျပန်ဦးနှောက်ယောင်ရောဂါ #မိုးရာသီမှာ #အရေပြားနှင့်အလှအပ #

23/07/2025

‼️အချို့သောအရေပြားရောဂါတွေကဘာကြောင့်အရှင်းမပျောက်တာလဲ?

ဘာကြောင့်ပြန်ဖြစ်တာလဲ?

နာတာရှည်အမြစ်မပြတ်တဲ့အရေပြားရောဂါတွေကိုဘယ်လိုကုသလို့ရလဲ?

အရေပြားရောဂါများအကြောင်း အပိုင်း(၂)

ဒေါက်တာဝေယံဖြိုး
အရေပြားကျန်းမာရေးဆရာဝန်
MBBS, Dip P. Dermatology (UK)
MSc in Dermatology (UK)
Cert in Lasers and Light Therapies

#အရေပြားကျန်းမာရေးဆရာဝန် #အရေပြားနှင့်အလှအပ #အရေပြားဆေးခန်း #ကမ်ဘန်ကန်အရေပြားနှင့်အလှအပဆေးခန်း

21/07/2025

အရေပြားရောဂါတွေက ကူးစက်တတ်လား? အမြစ်ပြတ်ကုလို့ရလား?
ဘယ်လိုလုပ်ရမလဲ?

အရေပြားရောဂါများအကြောင်း အပိုင်း (၁)

ဒေါက်တာဝေယံဖြိုး
အရေပြားကျန်းမာရေးဆရာဝန်
MBBS MSc in Dermatology (UK)
Kembangan Specialist Centre (Yangon)
Kembangan Thuwunna Clinic (Yangon)

#အရေပြားကျန်းမာရေးဆရာဝန် #အရေပြားနှင့်အလှအပ #အရေပြားဆေးခန်း #ကမ်ဘန်ကန် အထူးကုဆေးခန်း

‼️ဝက်ခြံတွေ ဘာလို့မပျောက်တာလဲ... ဒီလိုအမှားတွေ လုပ်မိနေပြီလား?💁🏻‍♀️ဘယ်လိုလုပ်လုပ် ဝက်ခြံတွေ မပျောက်ဖြစ်နေပြီလား..?တချို့...
20/07/2025

‼️ဝက်ခြံတွေ ဘာလို့မပျောက်တာလဲ... ဒီလိုအမှားတွေ လုပ်မိနေပြီလား?💁🏻‍♀️

ဘယ်လိုလုပ်လုပ် ဝက်ခြံတွေ မပျောက်ဖြစ်နေပြီလား..?တချို့လူတွေက ဝက်ခြံအတွက် Skincare တွေလုပ်နေပေမယ့် ဘာကြောင့် ပိုမသက်သာလာတာလဲ? အကြောင်းရင်းကတော့ သင်မသိလိုက်ဘဲ လုပ်မိနေတဲ့ အမှားတွေကြောင့်ပါပဲနော်..

ဒါဆို ဝက်ခြံမပျောက်ရခြင်း အဓိက အကြောင်းရင်းတွေကဘာတွေလဲဆိုတော့ဆက်လေ့လာကြည့်လိုက်ရအောင်...

‼️ဝက်ခြံမပျောက်ရခြင်း အဓိက အကြောင်းရင်းတွေက....

1️⃣ Scrub များဖြင့်အရေပြားကို အလွန်အကျွံပွတ်တိုက်ခြင်း

‼️ဝက်ခြံပေါက်နေရင် အရေပြားကို ပြင်းထန်တဲ့ Scrub တွေနဲ့ ပွတ်တိုက်တာက ပိုဆိုးစေနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက အရေပြားကို ယားယံစေပြီး ပိုးဝင်လွယ်စေနိုင်ပါတယ်။

2️⃣ Skincare Products တွေကို မှားယွင်းစွာသုံးမိခြင်း

‼️ဝက်ခြံအတွက် အဆီပြန်တာကို လျော့စေဖို့ အရေပြားကို အလွန်ခြောက်သွေ့စေတဲ့ Pruduct တွေသုံးမိတတ်ကြပါတယ်။အရေပြားခြောက်သွေ့လွန်းရင် ဆဲလ်သေတွေပိုဖြစ်ပြီး ဝက်ခြံတွေကိုပိုဆိုးစေနိုင်ပါတယ်။

3️⃣ ဝက်ခြံများကို ညှစ်ခြင်း (Picking & Popping)

‼️ဝက်ခြံတွေကိုညှစ်တာက အမာရွတ်နဲ့ ပိုးဝင်နိုင်ခြေကို ပိုများစေတဲ့အပြင် ဘက်တီးရီးယားတွေကို ပိုပျံ့နှံ့စေနိုင်ပြီး နောက်ထပ် ဝက်ခြံထွက်စေနိုင်ပါတယ်။

4️⃣ မိတ်ကပ်တွေနဲ့ Sunscreen များသေချာမဖျက်မိခြင်း

‼️မိတ်ကပ်နဲ့ နေလောင်ကာခရင်မ်တွေကို လိမ်းထားပြီးညဘက်မှာ မျက်နှာကို သေချာဖျက်ပြီး မဆေးရင် ဆဲလ်သေတွေပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။

5️⃣ အစားအသောက်နဲ့ နေထိုင်မှုပုံစံများ

‼️နို့ထွက်ပစ္စည်း၊ အချိုများတဲ့ အစား၊ ဆီကြော်စယတွေ စားတာများရင် ဟော်မုန်းအပြောင်းအလဲဖြစ်စေပြီး ဝက်ခြံတွေထွက်စေနိုင်ပါတယ်။

👉ဒါဆို ဝက်ခြံတွေကို ဘယ်လိုကုသမလဲ?

❇️အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။
ဝက်ခြံအမျိုးအစားပေါ်မူတည်ပြီး လေဆာကုထုံး၊ Chemical Peel၊ ဆေးဝါးကုသနည်းများစတဲ့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။

❇️သင့်တော်တဲ့ Skincare Routine လုပ်ပါ– အဆီထွက်လွန်တဲ့ အရေပြားအတွက် Salicylic Acid, Benzoyl Peroxide ပါတဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။

💁🏻‍♀️ဝက်ခြံပြဿနာတွေကို အမြစ်ပြတ်ပျောက်ကင်းဖို့အတွက်ဆို

👉လေဆာကုထုံး
👉Chemical Peeling
👉လိမ်းဆေး၊သောက်ဆေးများ စတဲ့ ကုသမှုတွေကို တစ်နေရာထဲမှာ အရေပြားဆရာဝန်တွေနဲ့ သေချာဆွေးနွေးပြီးကုသနိုင်တဲ့ Kembangan ကိုအခုပဲလာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်...🥰🥰

Appointment ကြိုတင် စာရင်းသွင်းရင်း ဆွေးနွေးဖို့ မမေ့ပါနဲ့နော်
ဝန်ဆောင်မှု ယူရန် အောက်ပါလိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်စုံစမ်း Appointment များ ရယူနိုင်ပါတယ်

🏥KEMBANGAN SPECIALIST CENTRE🏥
ကန်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ဝက်ခြံကုသမှု

Address

No. 171, Shwe Gon Dine Lane, West Shwe Gon Dine Qr, Near AYA Bank, Bahan Tsp
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772458611

Alerts

Be the first to know and let us send you an email when Kembangan Specialist Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kembangan Specialist Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category