20/11/2024                                                                            
                                    
                                    
                                                                        
                                        📢 အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး CLL Health ၏ Senior Technical Advisor for Nutrition ဆရာမကြီးဒေါက်တာခင်မာချိုနှင့် 
𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟮𝟭,𝟮𝟮,𝟮𝟱,𝟮𝟲,𝟮𝟳,𝟮𝟴,𝟮𝟵 ရက်များတွင် (ကြိုတင်ရက်ချိန်းရယူပေးရန် လိုအပ်ပါသည်) CLL Health Shin Saw Pu Clinic ၌ လာရောက်တိုင်ပင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် 
---------------------------------------------------------------------
🌟 ဆရာမကြီး ဒေါက်တာခင်မာချိုသည်  
🍂  အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည် တိုးတက်မှုရှိသော စိုက်ပျိုးထုတ်လုပ်မှုများ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ အစားအသောက် ထုတ်လုပ် စားသုံးမှုစနစ်များ နှင့် အာဟာရပညာဆိုင်ရာနယ်ပယ်များ တွင်၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 
🍂  ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ဆရာမကြီးဒေါက်တာခင်မာချိုကို CLL Health ၏ အာဟာရပညာအကြံပေး (Senior Technical Advisor for Nutrition) အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဆရာမကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာရှင်တစ်ဦးဖြစ်သည့်အပြင် International Program Director ရာထူးဖြင့်လည်း (၁၅) နှစ်ကျော် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 
🍂  ဆရာမကြီးသည် မြန်မာနိုင်ငံရှိ ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့နှင့် စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ တို့ကိုရရှိထားပြီး ဂျာမနီနိုင်ငံ Giessen တက္ကသိုလ်မှ စိုက်ပျိုးစီးပွားရေး၊ စိုက်ပျိုးပညာပေးနှင့် အစားအသောက်စနစ်နှင့် အာဟာရပညာဆိုင်ရာ ပါရဂူဘွဲ့နှင့် ဘွဲ့လွန်များ ကိုလည်းရရှိထားပါသည်။ 
🍂  ဆရာမကြီးသည် နယူးယောက်မြို့ရှိ Cornell တက္ကသိုလ်တွင် ပါရဂူဘွဲ့လွန်သုတေသနများအဖြစ် Nutrition Education (Clinical Nutrition and Community Nutrition)၊ Community Economic Development, and Biofuels Industry Development and Education သုတေသနစာတမ်းများကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ၂၅နှစ်တာ ကာလအတွင်း
ဆရာမကြီးသည် စိုက်ပျိုးရေးပညာပေးနှင့် အစာအဟာရဆိုင်ရာ သုတေသနစာတမ်းအစောင် ၂၀၀ ကျော် ပြုစုရေးသားထားပြီးဖြစ်ပါသည်။
---------------------------------------------------------------------
🌱 သင်ကိုယ်တိုင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူ ဆရာမကြီး ဒေါက်တာခင်မာချိုနဲ့ အာဟာရပိုင်းဆိုင်ရာ လမ်းညွန်အကြံပေးမှုတွေကို လာရောက်တိုင်ပင်ဆွေးနွေးနိုင်တဲ့အကြောင်း သတင်းကောင်းလေးမျှဝေပေးဖို့ ပြောပါရစေ
 
🍀 ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူပေးပါရန် 🍀
📅 November 21,22,25,26,27,28 and 29
🏥 CLL Health Shin Saw Pu Clinic
📍  12, Shin Saw Pu Street, Ahlone, Yangon 11121, Myanmar
☎️ +95 (0)9 880 44 22 55
📧 contact.ssp@cllhealth.com