Nutri Health Nutrition & Lifestyle Clinic

Nutri Health Nutrition & Lifestyle Clinic Nutritionist Doctor

24/06/2023

အာဟာရဆိုင်ရာအထူးပြုဆရာဝန် Dr Thiri Bhone Myat ပြောပြပေးသွားသော Diabetes Plate Model အကြောင်းကို မျှဝေပေးလိုက်ပါတယ်

23/06/2023

အသားဓာတ်ပြည့်ဝတဲ့ Hemomin Protein Smoothie လေးလုပ်သောက်ကြမယ် 🥤🥤

ပြီးခဲ့တဲ့အပတ်က အရသာရှိတဲ့ Hemomin Protein Ball လုပ်နည်းလေးပြောပြပြီးသွားပြီမို့

ဒီအပတ်တော့ အသားဓာတ်ပြည့်ဝပြီး အရသာရှိတဲ့ Hemomin Protein Smoothie ‌လုပ်နည်းလေးကိုပြောပြပေးသွားမယ်နော် 😋
ဒီ Video လေးကိုတော့ အာဟာရဆိုင်ရာအထူးပြု ဆရာဝန် Dr Thiri Bhone Myat ကလုပ်ပြပေးသွားမှာဖြစ်လို့ Video လေးကိုသေချာကြည့်ပြီး အိမ်မှာအလွယ်တကူ Hemomin Protein Smoothie လေးဖျော်သောက်လိုက်ဦးနော် 🤍🥤

စိတ်ဝင်စားစရာအစီအစဥ်တွေ၊ Video တွေအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Hemomin page လေးကို Like & See First လုပ်ထားဖို့မမေ့နဲ့နော် 🤍✨

အသေးစိတ် သိရှိလိုပါက
☎️09 - 960 654 999 ကို
တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

28/05/2023

မေလ ၂၈ ရက်နေ့တွင် ကျရောက်သော World Nutrition Day အထိမ်းအမှတ်အဖြစ် အာဟာရဆရာဝန်နှစ်ယောက်ဖြစ်တဲ့ Dr Kyal Sin Yu Mon နဲ့ Dr Thiri Bhone Myat တို့ရဲ အာဟာရဆိုင်ရာ စကားဝိုင်းလေးအကြောင်း မျှဝေပေးလိုက်ပါတယ်

အာဟာရဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ သိရှိလိုပါက Nutri Health Page ကို See First လုပ်ထားကြပါရှင်

28/05/2023

မေလ ၂၈ ရက်တွင် ကျရောက်သော World Nutrition Day အထိမ်းအမှတ် အဖြစ် အာဟာရ ဆိုင်ရာ အထူးပြုဆရာဝန် Dr Thiri Bhone Myat နဲ့ ဆီးချိုသွေးချ်ု လူနာများနှင့် အာဟာရဆိုင်ရာ အလွဲများကို ရှေးဦးစွာ မျှဝေပေးလိုက်ပါတယ်

16/03/2023

“နာမကျန်းဖြစ်ချိန်မမေ့အပ်သော အစာအာဟာရ ၏ အရေးပါပုံ”

အစားအစာ အာဟာရဟာ မိမိတို့ သက်တမ်းတလျှောက်လုံးမှာ ကျန်းမာဘို့အတွက်နဲ့ ဖွံ့ဖြိုးကြီးထွားဘို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဏက ပါဝင်ပါတယ်
ကောင်းမွန်တဲ့ အာဟာရဓာတ်ဟာ အသက်အရွယ် မရွေး ကျန်းမာရေးအတွက် အကျိုးရှိစေပြီး အားကောင်းတဲ့ကိုယ်ခံအားစနစ် ကို ဖြစ်စေပါတယ်

အာဟာရချို့တဲ့ခြင်းက ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြား Infection နဲ့ရောဂါ တွေ ပိုမိုဝင်လာနိုင်ပါတယ်

ရောဂါပိုးအမျိုးအစား၊ နာတာရှည်ရောဂါအမျိုးအစား နှင့် ရုတ်တရက်ဖြစ်သော အရေးပေါ်ရောဂါ အလိုက် (ဥပမာ- ထိခိုက်ဒဏ်ရာရမှု၊ ခွဲစိတ်ကုသခံရမှု၊ အပူလောင်ခြင်း အစရှိသဖြင့်) ပြင်းထန်မှု အပေါ် မူတည်ပြီး ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲလာတာမျိုး ၊ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေ တစ်ရှူးတွေ မှာ ရောင်ရမ်းမှု ရှိလာတာမျိုး ကြုံတွေ့ရတတ်ပါတယ်

အဲဒီအချိန်မှာ ခန္ဓာကိုယ်ကနေ ဇီဝတွင်းဖြစ်ပျက်မှု လိုအပ်ချက်တွေ များလာပြီး ခန္ဓာကိုယ်ထဲ သိုလှောင်ထားတဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ လျော့နည်း လာနိုင်ပါတယ်
နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို လျော့နည်းစေနိုင်ပါတယ်

ဒါကြောင့် တစ်ဖက်ကလည်း လိုအပ်တဲ့ဆေးဝါးအကူအညီနဲ့ ရောဂါပိုးကို တိုက်ထုတ်ဘို့ ပြုလုပ်သလို တစ်ဖက်ကလည်း ခန္ဓာကိုယ်ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့နဲ့ ကိုယ်ခံအား စနစ်ကောင်းဘို့၊ ပြန်လည် ထူထောင်လာနိုင်ဘို့ အတွက် မျှတတဲ့အစားအစာနဲ့ ရေဓာတ်တို့ကို လုံလောက်အောင် စားဘို့ သောက်ဘို့ အရေးကြီးပါတယ်

အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခံအား စနစ် ပိုမိုကျနိုင်ပြီး ရောဂါအခြေအနေ ပိုပြီး ပြင်းထန်လာနိုင်ပါတယ် ။ အသက်ကြီးတဲ့သူတွေမှာ ရောဂါအခံကြောင့်ကော၊ ပုံမှန်သူတွေလို အစားများများမစားနိုင်တာ၊ မဝါးနိုင်တာကြောင့် အာဟာရချို့တဲ့မှု ပိုတွေ့ရတတ်ပါတယ်

ခန္ဓာကိုယ်ကနေ ကိုယ်ခံအား စနစ်ကောင်းဘို့၊ ကိုယ်ခံအား တက်စေဘို့ အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ် တွေ ကတော့

- အဆီမှာပျော်ဝင်သော ဗီတာမင်များ (ဗီတာမင် A, ဗီတာမင် D, ဗီတာမင် E, ဗီတာမင် K)
- ရေမှာ ပျော်ဝင်သော ဗီတာမင်များ ( ဗီတာမင် စီ၊ ဗီတာမင် B6, ဖောလစ်အက်ဆစ်၊ ဗီတာမင် B12)
- Zinc, Copper, Selenium, သံဓာတ် စသော သတ္တုဓာတ်များ
- Amino acid များ ဖြစ်ကြသော Glutamine, Arginine, leucine စသဖြင့်
- Omega 3 fatty acid
- Probiotics (အကျိုးပြု ဘက်တီးရီးယားများ) နှင့် Prebiotics တွေဘဲ ဖြစ်ပါတယ်

နာမကျန်းဖြစ်တဲ့ အချိန် တွေ့ရတတ်တဲ့ လွဲမှားနေတဲ့ အာဟာရဆိုင်ရာ အယူအဆတွေကတော့ ဖျားရင် အရည်ဘဲတိုက်မယ်၊ ကြက်ပြုတ်ရည်၊ ငှက်သိုက် စတာတွေဘဲ တိုက်မယ်ဆို လုံလောက်တဲ့ အာဟာရဓာတ် ရရှိမှာ မဟုတ်ပါဘူး

နာမကျန်းဖြစ်ချိန်မှာ လုံလောက်တဲ့ အာဟာရ နဲ့ အရည် ပမာဏ ကို ရရှိဘို့ အစာကို ၂ နာရီ ၃ နာရီခြား (တစ်နေ့ကို ၆-၇ ကြိမ်) ကျွေးပါ

အရည် ကို တစ်နေ့ကို နှစ်လီတာမှ ၃ လီတာခန့်သောက်ပါ
(ဆန်ပြုတ်၊ စွတ်ပြုတ်၊ နို့၊ ဖြည့်စွက်အာဟာရ အရည်နဲ့ ရေ ပါဝင်ပါတယ်)

နေ့စဉ် လိုအပ်တဲ့ အာဟာရဓာတ်ရရှိဘို့
မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ
- ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ ကန်စွန်းဥ (အသင့်အတင့်ပမာဏ)
- အသား/ငါး/ ပဲ တစ်မျိုးမျိုး
- ဥ တစ်မျိုးမျိုး
- စိမ်း/ဝါ/နီ အရွက် တစ်မျိုးမျိုး ပါအောင်ကျွေးပါ
- ဟင်းချက်ရာတွင် ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ နေကြာဆီ ၊ Canola ဆီ၊ ဖွဲနုဆီ၊ မြေပဲဆီစတာတွေ သုံးနိုင်ပါတယ်

အဆာပြေ အချိန်တွေမှာ
- နို့၊ ဒိန်ချဉ်၊ ပူတင်း စတဲ့ နို့နဲ့ နို့ထွက် ပစ္စည်း တစ်မျိုးမျိုး
- အစေ့အဆံ တစ်မျိုးမျိုး( မဝါးနိုင်လျှင် ကြိတ်ပြီး သောက်နေကျ နို့ (သို့) ဟင်းချိုထဲ ထည့်တိုက်ပါ)
- မချိုလွန်းတဲ့ အသီးများ (ပန်းသီး၊ ပန်းသစ်တော်၊ ကျွဲကောသီး၊ လိမ္မော်သီး၊ မာလကာသီး) တစ်မျိုးမျိုး
- အသား/ငါး ပါဝင်သော အသားညှပ်ပေါင်မုန့်
- အသီး smoothie စတာတွေ ကျွေးနိုင်ပါတယ်

အစာကောင်းစွာမဝါးနိုင်၊ မြိုချရခက်တဲ့ အသက်အရွယ် ကြီးသူတွေကို မြိုချရလွယ်အောင် ကြိတ်ထားတဲ့ အစာပျစ်ပျစ်၊ Puree လို ပုံစံမျိုး ကျွေးလို့ရပါတယ်

နာမကျန်းဖြစ်တဲ့အချိန် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့ အချိုဓာတ်များသော၊ အငန်ဓာတ်များသော၊ ပြည့်ဝဆီ များသော အသင့်စား အစားအစာတွေဘဲ ဖြစ်ပါတယ်

ရောဂါကြောင့် အစာနည်းလာတဲ့ လူနာတွေ၊ အသက်အရွယ် ကြီးတဲ့ သူတွေ အနေနဲ့ အစာအုပ်စု စုံလင်အောင် မစားနိုင်တဲ့ အခါ အာဟာရချို့တဲ့လာနိုင်တဲ့ အတွက် ကိုယ်ခံအား တက်စေဖို့နဲ့ ပြန်လည် ထူထောင်လာနိုင်ဘို့ ကိုယ်ခံအားကို တက်စေတဲ့ အာဟာရဓာတ်တွေနဲ့ လုံလောက်တဲ့ အသားဓာတ်ပါဝင်တဲ့ Oral Nutrition Supplement (ONS) လို့ ခေါ်တဲ့ ဖြည့်စွက်အာဟာရ အမှုန့် (သို့) အရည်ကို သက်ဆိုင်ရာ သမားတော်၊ အာဟာရ ဆရာဝန်၊ အာဟာရပညာရှင် တို့ရဲ့ လမ်းညွှန်ချက်နဲ့ အညီ တစ်နေ့ကို နှစ်ခွက်မှ စ၍ လိုအပ်တဲ့ ပမာဏ အလျောက် သောက်သုံးသင့်ပါတယ်

ဒေါက်တာသီရိဘုန်းမြတ်
M.B.,B.S (Ygn)
M.Sc Nutrition & Dietetics (UK)
အာဟာရ ဆရာဝန်


အားလုံးဘဲ မင်္ဂလာပါဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျရောက်သော World Cancer Day အထိမ်းအမှတ်အဖြစ် ကင်ဆာရောဂါ ကုသမှု ခံယူနေရသူများတ...
08/02/2023

အားလုံးဘဲ မင်္ဂလာပါ
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျရောက်သော World Cancer Day အထိမ်းအမှတ်အဖြစ်
ကင်ဆာရောဂါ ကုသမှု ခံယူနေရသူများတွင် တွေ့ရတတ်သော ဆိုးကျိုးများနှင့် အာဟာရ ပိုင်းဆိုင်ရာ အကြံပြုချက်များကို တင်ဆက်ပေးလိုက်ပါတယ်

Dr Thiri Bhone Myat
Clinical Nutritionist

ဒီနေ့ မှာတော့ Nutri Health Nutrition & Lifestyle Clinic မှ Nutritionist Dr Thiri Bhone Myat မှ Ar Yu International Hospi...
15/10/2022

ဒီနေ့ မှာတော့ Nutri Health Nutrition & Lifestyle Clinic မှ Nutritionist Dr Thiri Bhone Myat မှ
Ar Yu International Hospital and Manu life တို့ ပူးပေါင်းတဲ့ event မှာ
Nutrition and Well Being ခေါင်းစဉ် နဲ့ ပြောကြားခဲ့တဲ့ အချက်အချို့ကို ပြန်လည် မျှဝေပေးချင်ပါတယ်

Healthy Well-Being ဖြစ်ဘို့ဆို
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

- ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ

- မိမိ ကိုယ်အလေးချိန်ကို ပုံမှန် အတွင်းဝင်အောင် ထိန်းသိမ်းပါ

- အိပ်ရေး ဝအောင် အိပ်ပါ

- စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ

- ဆေးလိပ် ဖြတ်ပါ

- အရက် သေစာ ရှောင်ကြဉ်ပါ

- ကိုယ့်ကို ကိုယ် ဂရုစိုက်ပါ

အားလုံးဘဲ မင်္ဂလာပါဒီနေ့မှာ တော့ American  Society for Parenteral and Enteral Nutrition (ASPEN) မှ  ONS (Oral Nutrition ...
20/09/2022

အားလုံးဘဲ မင်္ဂလာပါ
ဒီနေ့မှာ တော့ American Society for Parenteral and Enteral Nutrition (ASPEN) မှ ONS (Oral Nutrition Supplement) လို့ ခေါ်တဲ့ ဖြည့်စွက်အာဟာရအကြောင်း ပြန်လည် မျှဝေချင်ပါတယ်

Oral Nutrition Supplement (ONS) လို့ ခေါ်တဲ့ ဖြည့်စွက် အာဟာရ အမျိုးအစားက လူတော်တော်များများ နဲ့ ရင်းနှီးနေပြီးသား ဖြစ်ပါလိ့မ်မယ်

ဆေးဆိုင် သို့ တခြား ကျန်းမာရေး ပစ္စည်း ရောင်းတဲ့ နေရာတွေ မှာ အမျိုးအစားအလိုက် တွေ့နိုင်ပါတယ်

ကျွန်မတို့ နေ့စဉ် စားသုံးနေတဲ့ အာဟာရအုပ်စုတွေ အစုံ မစားနိုင်တဲ့ အခါ မျိုးမှာ Oral Nutrition Supplement (ONS) တွေကနေ
လိုအပ်တဲ့ nutrients လို့ခေါ်တဲ့ အာဟာရဓာတ်တွေ ၊ အသားဓာတ်နဲ့ အင်အားတွေ ရနိုင်ပါတယ်
ဥပမာ- အစာအသောက်ပျက်တာ ၊ အစားစား နည်းတာနဲ့ နေမကောင်း ဖြစ်တဲ့ အချိန်မျိုးမှာ ONS (Oral Nutrition Supplement) ကို သက်ဆိုင်ရာ လိုအပ်ချက်အလိုက် သောက်သုံးနိုင်ပါတယ်

ONS ကို တစ်နေ့တာ ပုံမှန်အစားအသောက် စားတဲ့ နေရာမှာ ထည့်သွင်းသောက်နိုင်သလို
တစ်နေ့ တာအတွက် လုံလောက်တဲ့ အာဟာရရရှိဘို့ လည်း သောက်သုံးနိုင်ပါတယ်

ONS ဖြည့်စွက်အာဟာရတွေကို အသင့်သောက်နိုင်တဲ့ ဘူး သို့ အမှုန့် သို့ အခြားပုံစံမျိုးနဲ့ ဝယ်ယူတွေ့ရှိနိုင်ပါ တယ်

ONS လို့ခေါ်တဲ့ ဖြည့်စွက်အာဟာရတွေ သောက်ရင် ဘာကောင်းကျိုးရမလဲ

- နေမကောင်းဖြစ်တဲ့အချိန်နဲ့ သင့် ရဲ့ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ အာဟာရ ကို ပိုမိုလိုအပ်နေတဲ့ အချိန်မျိုးမှာ ONS ဖြည့်စွက်အာဟာရကနေ အပို Energy ကို ရရှိနိုင်ပါတယ်
- ONS ဖြည့်စွက်အာဟာရဟာ လိုအပ်တဲ့ အသားဓာတ် နဲ့ အာဟာရဓာတ်ကို မစားတဲ့ အခါ ဖြစ်တဲ့ အာဟာရချို့တဲ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်
- အာဟာရချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲကတော့ ကိုယ်ခံအားကျလာနိုင်ခြင်း၊ အင်အားချိနဲ့လာခြင်း၊ လဲကျနိုင်နှုန်းမြင့်လာပြီး Quality of Life ကျနိုင်ပါတယ်

ဒါကြောင့် တစ်နေ့တာ စားသောက်ရမယ့် အာဟာရ လုံလောက်တဲ့ မစားနိုင်တဲ့ အခါမျိုးမှာ
ONS ဖြည့်စွက်အာဟာရကို သောက်ဘို့လိုအပ်တဲ့ အခါ အာဟာရပညာရှင်တွေ နဲ့ တိုင်ပင်ပြီး သောက်သုံးတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်

အာဟာရပညာရှင်/ အာဟာရဆိုင်ရာ ဆရာဝန် နဲ့ ONS ဖြည့်စွက်အာဟာရအကြောင်း ဘာတွေ ဆွေးနွေးတိုင်ပင်နိုင်လဲ

- လိုအပ်တဲ့ အာဟာရဓာတ် ရရှိဘို့ တစ်နေ့တာ သောက်ရမယ့် ပမာဏနဲ့ အကြိမ်ရေ ပမာဏ
- မိမိ ကြိုက်နှစ်သက်နိုင်သည့် ဖြည့်စွက်အာဟာရ အမှုန့် သို့ အရည် အမျိုးအစားများ
- အစာဓာတ်မတည့်မှု (food allergy, milk allergy, lactose intolerance
- ONS ဖြည့်စွက်အာဟာရကို အာဟာရပညာရှင်/ အာဟာရဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ပမာဏ အရ သောက်သုံးပြီး အစာစားချင်စိတ်၊ အစာစားနိုင်တဲ့ ပမာဏ ၊ weight အပြောင်းအလဲ ရှိ မရှိ ပြန်လည် assess လုပ်နိုင်ပါတယ်

Oral Nutrition Supplement ကို ဘယ်လိုပြင်ဆင်သောက်သုံးနိုင်လဲ

- အာဟာရပညာရှင် / ဆရာဝန်က ပြောထားတဲ့ လမ်းညွှန်ချက်အတိုင်း တစ်နေ့တာ ပမာဏ အကြိမ်ရေ အတိုင်း ဖျော်စပ်နိုင်ပါတယ်
- အရသာတစ်မျိုးတည်း ကြာရှည်သောက်ရလို့ ငြီးငွေ့နေတယ်ဆို ရင် အလားတူ အကျိုးသက်ရောက်မှု ရှိတဲ့ ဖြည့်စွက်အာဟာရ ကို သောက်နိုင်ပါတယ်
- အသင့်သောက်သုံးနိုင်တဲ့ ဖြည့်စွက်အာဟာရ အရည် / အမှုန့်များကို အဓိက အစာ ကြားချိန်မှာ သောက်နိုင်ပါတယ်
- အချို့သော ဖြည့်စွက်အာဟာရ အရည် သို့ အမှုန့်များကို recipe အမျိုးမျိုးနဲ့ snack အဆာပြေ မျိုး (ဥပမာ- ပူတင်း၊ protein shake) ပြုလုပ်သောက်နိုင်ပါတယ်

Dr Thiri Bhone Myat
Clinical Nutritionist

26/08/2022
09/08/2022

အဟာရဆရာဝန် ၏
ညွှန်ကြားချက်ဖြင့်

လေဖြတ်သူ တစ်ဦးခြင်းစီရဲ့
အခြေခံလိုအပ်ချက်အပေါ်

ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်ခြင်းသည်

သွေးပေါင်ချိန်၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်ရန် ကူညီပေးနိုင်ပြီး

နောက်တစ်ကြိမ် လေဖြတ်ခြင်း မှ
ကာကွယ်ရန်နှင့်

ပြန်လည်ထူထောင်ရေး လေ့ကျင့်ရာတွင်
နလန်ထူနိုင်စေရန်
အဓိက သော့ချက်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ရွေးချယ်စားသောက်မူ့ပြုလုပ်ခြင်းသည်

မှန်ကန်သောလမ်းကြောင်းအတွက် အဓိကခြေလှမ်းဖြစ်ပြီး အစားအသောက်ပညာရှင်က လေဖြတ်သူအား မှန်ကန်သောအစားအစာများကို ရွေးချယ်ရန် ကူညီပေးနိုင်ပါသည်။

အာဟာရပညာရှင်တစ်ဦးသည်

လေဖြတ်သူ၏ ပြန်လည်ထူထောင်လာစေဘို့ ကျန်းမာရေး မြှင့်တင်ရန် နောက်တစ်ကြိမ်လေမဖြတ်စေရန် အစားအစာနှင့် အဆာပြေပြင်ဆင်နည်းတို့ကို သင်ကြားပေးနိုင်ပါသည်။

ပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ်၌ လေဖြတ်သူအား စတင်နိုင်ရန် ကျန်းမာသောစားသောက်မှုဗျူဟာများကို

အဟာရဆရာဝန်နှင့် မကြာခဏစစ်ဆေးပြီး ညွှန်ကြားထားသည့်အတိုင်း ဆေးဝါးများကိုသောက်သုံးခြင်းဖြင့်
ပေါင်းစပ်သင့်ပါသည် ။

ACM မှ Inpatient များအတွက်

အဟာရ ဆရာဝန်နှင့် အခမဲ့ ပြသခွင့် ရယူနိုင်ပါသည် ။

ACM Special Stroke Clinic

အမှတ် ၆၀ ၊ ဆိပ်ကမ်းသာလမ်း ၊
တိုင်းရင်းသားကျေးရွာ ၊ ရတနာအိမ်ယာ အနီး၊ သာကေတမြို့နယ်
19 ကွန်ဒိုဘေး ၊ ဗေလုဝ မှတ်တိုင်

Contact us 09 447837657

05/05/2022

အားလုံးဘဲ မင်္ဂလာပါ၊ အခုပြောပြပေးချင်တာကတော့ လူအများကြားမှာ ကြားနေမြင်နေရတဲ့ လွဲမှားသော Diet အကြောင်းပါ

အခု တလော လူတွေကြားမှာ ကြားနေရတဲ့ Diet ပုံစံတွေကတော့

✅တစ်နေ့လုံး ကို အရွက်သုတ် (သို့) အရွက်ကြော် ဘဲစားမယ်

✅ တစ်နေ့လုံး ကို အရွက်ပြုတ် ဘဲ သောက်မယ်

✅ မနက်စာကို ပန်းသီး တစ်လုံးဘဲစားတယ်၊ တစ်နေ့လုံးကို ငှက်ပျောသီး ၅ လုံးဘဲစားတယ်

✅ တစ်နေ့လုံး ကြက်ဥ အကာ ၆ လုံးဘဲ စားမယ် စသဖြင့်ပေါ့

ရယ်စရာ ပြောရရင် အရွက်ဘဲ စားလို့၊ အသီးဘဲစားလို့ ပိန်မယ်ဆို ရေမြင်းတွေ ပိန်ကုန်မှာပေါ့ 😂😅

Google မှာ ရှာကြည့်လိုက်ရင် Diet အမျိုးပေါင်းမြောက်များစွာ တွေ့ပါလိမ့်မယ်

ဒါပေမယ့် တချို့ Diet အမျိုးအစားတွေက ရေရှည် အတွက် အဆင်မပြေပါဘူး

အရွက်သုတ်ချည်းဘဲ နေ့စဉ် စားနေတဲ့အခါ
ရက်ကာလရှည်လာရင် ဘယ်လိုဖြစ်မလဲ???

ကြာလာရင် အာဟာရဓာတ် တွေ ချို့တဲ့လာနိုင်ပါတယ်

ကျွန်မတို့အတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ ဓာတ်တွေ ရဘို့

✅ဆန်၊ ဂျုံ၊ ပြောင်း ၊ အာလူး ၊ ကန်စွန်းဥ၊ ကောက်နှံ အုပ်စု
✅ ရောင်စုံ ဟင်းသီးဟင်းရွက် အုပ်စု
✅ ရောင်စုံ အသီး အုပ်စု
✅ အသား၊ ငါး၊ ဥ၊ ပဲ အမျိုးမျိုး အုပ်စု
✅ နို့နှင့် နို့ထွက် ပစ္စည်း အုပ်စု
✅ အစေ့ အဆံ နှင့် ဆီ အမျိုးမျိုး အုပ်စု တွေ စားပေးသင့်ပါတယ်

ဒီနေရာမှာ တချို့ကလည်း ပြောပြန်တယ်
ပိန်ချင်လို့ ထမင်းလုံးဝဖြတ်တယ်ပေါ့ ၊ အဲဲဒါဆို ကိုယ့်ကိုကိုယ် မေးခွန်း အရင်မေးကြည့်ပါ အဲလို ထမင်းဖြတ်တာမျိုး တစ်သက်လုံး လုပ်နိုင်သလား

ဥပမာပြောရရင်ထမင်း မစားချင်ဘူးဆို ကစီဓာတ်ပါတဲ့ ခေါက်ဆွဲ၊ ကြာဇံ၊ Oatmeal ၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ အာလူး စတာတွေ စားနိုင်ပါတယ်

အစားအစာတွေကို အရမ်း ရှောင်တာမျိုးကို ကာလကြာရှည် လုပ်ရင် ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်ပါတယ်
ကြာလာရင် စိတ်မထိန်းနိုင်ဘဲ အလွန်အကျူး စားခြင်း တောင် ဖြစ်လာနိုင်ပါတယ်

အဲဒါကြောင့် ရေရှည် အတွက်လည်း အဆင်ပြေပြီး ကျန်းမာရေးကို အထောက်အကူပြုစေမယ့် Diet လုပ်နည်း နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

✅ သင်စားမယ့် မနက်စာ၊ နေ့လည်စာ၊ ညစာကို “Plate Method” ဖြင့် စားပါ
Plate Method စားပုံစားနည်းကို အောက်က Link မှာ ပြည့်စုံစွာ ဖော်ပြထားပါတယ်

https://www.facebook.com/298923970595587/posts/893892994432012/?extid=0&d=n

✅ မဖွတ်ရသေးသော ကောက်နှံများ (Whole Grain Product) များကို ပိုမိုစားသုံးပါ
ဥပမာ- ပေါင်မုန့်ကြမ်း (သို့) ပေါင်မုန့်ညို၊ ဆန်လုံးညို၊ အုတ် အကြမ်း၊ ခရက်ကာ အကြမ်း စသဖြင့်

✅ နေ့စဉ် စိမ်း၊ ဝါ၊ နီ ရောင်စုံဖြစ်သော အသီးနှင့် အရွက်ကို ငါးပုံစားပေးပါ

✅ အဆီလျော့ထားသော/အဆီထုတ်ထားသော နို့နှင့်နို့ထွက် ပစ္စည်းများကို ရွေးချယ်စားသုံးပါ
ဥပမာ- Low fat/ fat free နို့/ဒိန်ချဉ်/ဒိန်ခဲ

✅ အရေခွံဖယ်ထားသော၊ အဆီဖယ်ထားသော အသားကို ရွေးချယ်စားသုံးပါ

✅ တစ်ပတ်ကို ငါး နှစ်ကြိမ် မှ သုံးကြိမ် စားပါ၊
ငါးမှရသော အဆီ စားနိုင်ပါတယ်

✅ ရေဆာလျှင် ရေဘဲသောက်ပါ၊ သကြားပါသော အချိုရည် များကို တတ်နိုင်သလောက် ရှောင်ပါ

✅ ရေ တစ်နေ့ကို ရှစ်ခွက်သောက်ပါ

✅ အသင့်စား အစားအစာများတွင် သကြားဓာတ်၊ အငန်ဓာတ်၊ အသွင်ပြောင်းဆီ နှင့် ပြည့်ဝဆီ ပါဝင်မှု များပြားသဖြင့် တတ်နိုင်သလောက် ရှောင်ပါ

✅ ထောပတ်၊ မလိုင်၊ Cream၊ မာဂျရင်း၊ တိရစ္ဆာန်အဆီ/အခေါက်၊ ကလီစာ၊ ပြည့်ဝအုန်းဆီ၊ စားအုန်းဆီ စသည်တို့ကို တတ်နိုင်သလောက် ရှောင်ပါ

✅ အစားအစာများကို ချက်ပြုတ်တဲ့အခါ ဆီနှစ်ကြော်ခြင်း၊ ဆီပြန်ချက်ခြင်း၊ ဆီရွှဲရွှဲထည့်ပြီး သုတ်ခြင်း စသည့်နည်းလမ်းများအစား ဆီ အနည်းငယ်ဖြင့် မွှေကြော်ကြော်ခြင်း၊ ဆီကျန်ရေကျန်ချက်ခြင်း၊ အသုတ်သုတ်တဲ့အခါ ဆီချက် အနည်းငယ်ဖြင့် သုတ်ခြင်း စသည့် ကျန်းမာရေး နှင့် ညီညွတ်သော နည်းလမ်းများဖြင့်အစားထိုး ချက်ပြုတ်ပါ

✅ Diet နဲ့ လေ့ကျင့်ခန်းက ခွဲထားလို့မရတဲ့ အတွက်
ကိုယ်လက် လှုပ်ရှားမှုကို တစ်နေ့လျှင် အနည်းဆုံးနာရီဝက် တစ်ပတလျှင် ၅ ရက် မှ ၆ ရက် ပြုလုပ်ပေးပါ
Cardio လေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ Zumba ကခြင်း ၊ အလေးနဲ့ဆော့ခြင်း စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်

နှစ်ဆန်း နှစ်ရက်နေ့မှ စပြီး online မှ တိုင်ပင်ဆွေးနွေးနိုင်ပါပြီအခု ကာလမှာ ဖုန်းလေးတစ်လုံးရှိရုံနဲ့ အိမ်ကနေ လိုအပ်တဲ့ အာ...
16/04/2022

နှစ်ဆန်း နှစ်ရက်နေ့မှ စပြီး online မှ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ

အခု ကာလမှာ ဖုန်းလေးတစ်လုံးရှိရုံနဲ့ အိမ်ကနေ လိုအပ်တဲ့ အာဟာရဆိုင်ရာ လမ်းညွှန်မှုတွေ ရဘို့ အာဟာရဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်နိုင်ပါပြီ

ရရှိနိုင်တဲ့ “Telenutrition-Consultation Services” တွေကတော့

✅ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ( ဝိတ်လျှော့လိုသူများ၊ ဝိတ်တက်လိုသူများ)

✅ဆီးချိုရောဂါ နဲ့ အာဟာရ

✅နှလုံးရောဂါ နှင့် သွေးတွင်းအဆီများသူများ

✅ကင်ဆာရောဂါ နဲ့ အာဟာရ

✅ကျောက်ကပ်ရောဂါ နဲ့ အာဟာရ

✅နာတာရှည်ရောဂါ အတွက် လိုအပ်သော အာဟာရ

✅အစာပိုက်မှ အစာ ထည့်ရသောသူများ အတွက် လိုအပ်သော အာဟာရ တွက်ချက်ပေးခြင်း

✅ကလေးများအတွက် အသက်အရွယ်အလိုက် လိုအပ်သော အာဟာရ

✅ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီး အာဟာရ
တို့အတွက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

Telenutrition-Consultation ကို messager, video call, email, viber call များဖြင့် ဆွေးနွေးတိုင်ပင်ပေးသွားပါမည်

ကျသင့်ငွေကို Wave Pay (သို့) KBZ pay (သို့)
AYA E banking မှတဆင့် ပေးသွင်းနိုင်ပါသည်

ငွေပေးသွင်းပြီးကြောင်း ပြေစာပြပါက
တိုင်ပင်ဆွေးနွေးလိုသူ ၏ သိရှိလိုသော အချက်အလက်များကို မေးမြန်းသွားမည်ဖြစ်ပါသည်

✅ဆွေးနွေးချိန် -၄၅ မိနစ် မှ ၁ နာရီ

Telenutrition Counselling ဝန်ဆောင်မှုအတွက် သိရှိလိုသည်များကို Chat Box (သို့) Viber No +959956678697 တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်

Address

Yangon

Opening Hours

Tuesday 17:00 - 20:00
Wednesday 17:00 - 20:00
Thursday 17:00 - 20:00
Friday 17:00 - 20:00
Saturday 09:00 - 12:01
Sunday 09:00 - 12:01

Telephone

+959956678697

Website

Alerts

Be the first to know and let us send you an email when Nutri Health Nutrition & Lifestyle Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutri Health Nutrition & Lifestyle Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category