Mon Myat Thadar Pharmacy

Mon Myat Thadar Pharmacy We Take Care For Your Health

🌕ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏"သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ယနေ့သည် ဗုဒ္ဓဘာသာဝင်...
01/08/2023

🌕ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏

"သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါတယ်...

🌕ဝါဆိုလပြည့်နေ့အခါသမယနေ့ကို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဘေးရန်သောက ကင်းဝေးစွာ ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..🙏

အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ 😘👩‍❤️‍👩မိခင်များရဲ့ချစ်ခြင်းမေတ္တာကို အစဉ်ကျေးဇူးတင်အောက်မေ့သတိရလျက် နှစ်စဉ် မေ...
14/05/2023

အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ 😘

👩‍❤️‍👩မိခင်များရဲ့ချစ်ခြင်းမေတ္တာကို အစဉ်ကျေးဇူးတင်အောက်မေ့သတိရလျက် နှစ်စဉ် မေလရဲ့ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့အဖြစ် အမေရိကန်ပြည်ထောင်စုမှာ စတင်ကျင်းပလာခဲ့တာဖြစ်ပါတယ်။

အမေများနေ့ စတင်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းမှာ အမေရိကန် ပြည်ထောင်စုမှ လူမှုရေးတက်ကြွလှုပ်ရှားသူနဲ့ Ann Reeves Jarvis ရဲ့ သမီး Anna Jarvis တို့ကနေ အစပြုခဲ့ပါတယ်.

Ann Reeves Jarvis ဟာ အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း ပြည်သူ့ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန်အတွက် Mother's Day Work Club ကို ဖွဲ့စည်းပေးခဲ့တဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပါတယ်။

Ann Reeves Jarvis ရဲ့ မိခင်ဟာ ၁၉၀၅ ခုနှစ်မှာ ဆုံးပါးတဲ့အခါ သူ၏မိခင် အပါအဝင် မိခင်တိုင်းကို ဂုဏ်ပြုတဲ့ အမေများနေ့ကို နိုင်ငံတော်အဆင့် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။

၁၉၁၄ ခုနှစ် သမ္မတ Woodrow Wilson လက်ထက်မှာ အမေများနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် စတင်သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ပွဲအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

အားလုံးလည်း ချစ်ရသော မေမေနဲ့အတူ အမေများနေ့မှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..

ယနေ့ ကြုံတွေ့နေရတဲ့ သဘာဝဘေးကိုလည်း အန္တရာယ်ကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ကြပါစေ..🙏🙏🙏

အမေ့ကို ပြောချင်တဲ့စကားလေးတွေရှိရင်လဲ ဒီPost လေးရဲ့အောက်မှာ မန့်ခဲ့လို့ရပါတယ်

Storm Surge လို့ ခေါ်တဲ့ မုန်တိုင်းဒီလှိုင်းအမြင့် စစ်တွေမှာ ၂.၃ မီတာခန့် (၇ ပေ ကျော်ကျော်) ရှိနိုင်မယ်လို့ အိန္ဒိယ မိုး...
13/05/2023

Storm Surge လို့ ခေါ်တဲ့ မုန်တိုင်းဒီလှိုင်းအမြင့် စစ်တွေမှာ ၂.၃ မီတာခန့် (၇ ပေ ကျော်ကျော်) ရှိနိုင်မယ်လို့ အိန္ဒိယ မိုးလေဝသကရော UN+EU ရဲ့ GDACS က ရော ထုတ်ပြန်ပေးထားပါတယ်

ဥပမာပြောရရင်-
မုန်တိုင်းဒီရေအမြင့် ၂ မီတာ(၇ ပေခန့်) ဆိုတာဟာ
Location - စစ်တွေမြို့ပေါ်
Altitude ၁၁ ပေ ရှိတဲ့နေရာကို
အမြင့် ၇ ပေရှိတဲ့ ရေထုကြီးက
မိုင် ၁၀၀ ကျော်အရှိန်နှုန်းနဲ့ လာဆောင့်မှာပါ၊ အဲ့ဒီလိုဖြစ်တာကို Storm Surge (မုန်တိုင်းဒီလှိုင်းဝင်တယ်)လို့ မြန်မာလိုပြောပါတယ်။

အမြင့် ၇ ပေရှိတဲ့ ရေထုကြီးဟာ တန်ပေါင်းများစွ ာအလေးချိန်ရှိပါမယ်။ အဲ့ဒီရေထုကြီးက တစ်နာရီ မိုင် ၁၀၀ ကျော်လောက်နဲ့ မုန်တိုင်းကုန်းတွင်း ဝင်ချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်လို့ အဆောက်အဦတွေ ပျက်စီးပြီး လူတွေအများကြီး နာဂစ်မုန်တိုင်း (Cyclone Nargis) မှာ သေကြေပျက်စီးခဲ့ကြပါတယ်။ ဆရာကြီး ဦးထွန်းလွင်ကလဲ ပြောပြခဲ့ပါတယ်။

နာဂစ်မှာ လူတွေဒီလောက်အများကြီး သေရတာဟာ "လေပြင်း"ကြောင့်မဟုတ် "ရေပြင်း"ကြောင့်ပါ။ ရေပြင်းဆိုတာက တန်ပေါင်းများစွာအလေးချိန်ရှိတဲ့ရေထုကြီးက မုန်တိုင်းဝင်တဲ့ အချိန်ကုန်းပေါ်ကို မိုင် ၁၀၀ ကျော်အလျင်နှုန်းနဲ့ ဝင်လာတာကြောင့်ပါဘဲ။

၁၀ ပေါင်တူကို ကိုင်ပြီး လက်မဝက်လောက်ရှိတဲ့ သံပြားကြီးကို အားနဲ့ထုလိုက်ရင် သံပြားကြီးချိုင့်ဝင်သွားတဲ့ အားထက်တောင် များပါဦးမယ်။

လူတွေက ဒီသဘောကို မသိကြ နားမလည်ကြပါဘူး။ ဒါကြောင့် Storm Surge(မုန်တိုင်းဒီရေ)ဆိုတာကိုလဲ ကြောက်ပုံမရကြပါဘူး။

မုန်တိုင်းဒီရေဆိုတာ မြစ်ရေတွေ ရေတက်ချိန် တက်လာသလို တအိအိနဲ့ မြင့်တက်လာတယ်၊ မြစ်ရေမြင့်တက်တာက ၇ ပေ၊ ငါ့အိမ်က ၁၁ ပေ ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ တွေးထားကြပုံပါဘဲ။

ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” - Cyclone Mocha ရဲ့ ပြင်းအားအရှိန်ကြောင့် ကျောက်ဖြူနှင့် စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေရှိ ဒီရေလှိုင်း ဝင်ရောက်နိုင်ပါတယ်။
Credit:
Win Naing
India Metrological Department
GDACS
Weather Channel

🦠ကိုဗစ်မျိုးစိတ်အသစ် ( Arcturus or XBB.1.16 ) ▪️ အခုတစ်လော မိမိပတ်ဝန်းကျင်နှင့် ဆေးရုံဆေးခန်းတွေမှာ ဖျားနာတဲ့ လူနာများ မ...
30/04/2023

🦠ကိုဗစ်မျိုးစိတ်အသစ် ( Arcturus or XBB.1.16 )

▪️ အခုတစ်လော မိမိပတ်ဝန်းကျင်နှင့် ဆေးရုံဆေးခန်းတွေမှာ ဖျားနာတဲ့ လူနာများ များလာတာကို တွေ့နေကြရပါတယ်။ စိတ်မသင်္ကာလို့ စစ်ကြည့်တဲ့ အခါမျိုးမှာ ကိုဗစ်ဖြစ်နေတတ်ပါတယ်။

▪️ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ နိုင်ငံများတွင်လည်း Covid – 19 ရဲ့ မျိုးရိုးဗီဇသစ်ဖြစ်တဲ့ Arcturus (အားထူးရပ်စ်) လို့ခေါ်တဲ့ မျိုးရိုးဗီဇဟာ ကူးစက်ပျံ့နှံလျှက်ရှိပါတယ်။

▪️ အခု ကိုဗစ်- 19 မျိုးစိတ်သစ် Arcturus ဟာဆိုရင် အရင်က ကူးစက် ပျံ့နှံခဲ့တဲ့ Kraken မျိုးစိတ်ထက်တော့ ပိုမိုပြင်းထန်ခြင်းမရှိပေမယ့် ကူးစက်မှုနှုန်း ကတော့ အနည်းငယ်ပိုမြန်ပါတယ်။

▪️ Covid -19 မျိုးရိုးဗီဇသစ်ဖြစ်သော Arcturus ရဲ့ ရောဂါလက္ခဏာများမှာ -

- ဖျားနာခြင်း
- ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
- ချောင်းဆိုးခြင်း
- နှာစေးခြင်း
- လည်ချောင်းနာခြင်း စတဲ့ရောဂါလက္ခာများကို ခံစားရတတ်ပြီး

ထူးခြားတဲ့‌ရောဂါလက္ခဏာကတော့ 👇

- မျက်စိနာခြင်း
- နားကိုက်ခြင်း စတဲ့ရောဂါလက္ခဏာများကို ထပ်ပြီးခံစားရတတ်ပါတယ်။

ဒီလိုရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ ခံစားနေရတဲ့ ရောဂါ လက္ခဏာ ပေါ်မူတည်ပြီး မိမိအိမ်မှာဘဲအလွယ်တကူ ကုသနိုင်မည့် ဆေးဝါးနှင့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

ဘာ‌ဆေးတွေသောက်လို့ရမလဲဆိုရင်တော့

💊ပါရာစီတမောလ် (Paracetamol)
အသက် (12 နှစ်) အထက် လူကြီးများအနေဖြင့် ပါရာစီတမော် ( 500 မီလီဂရမ် 1လုံး) ကို တစ်နေ့ကို 3ကြိမ်မှ 4 ကြိမ်အထိသောက်လို့ရပြီး

အသက် 12 နှစ်အောက် ကလေးများအနေဖြင့် ဆေးရည်ဗူးတွင်ပါဝင်သေ ဆေးညွှန်းအတိုင်း တစ်နေ့ကို 3 ကြိမ်မှ 4 ကြိမ် အထိသောက်လို့ရပါတယ်။

❌ပါရာစီတမောလ်နှင့် ဓာတ်မတည့်များအနေဖြင့် သောက်သုံးဖို့ မသင့်တော်ပါဘူး။

💊နောက်ဆေးတစ်မျိုးကတော့ အ‌ရောင်ကျဆေးများဖြစ်တဲ့

- Denzen
- Serazyme
- Kemose စတဲ့ အရောင်ကျဆေးတွေကို လည်ချောင်းနာ၊ မျက်စိနာလျှင် လူကြီးများအနေဖြင့် တစ်နေ့(3) ကြိမ်သောက်သုံးလို့ရပါတယ်။

❌ဒီဆေးများကိုလည်း ကလေးများနှင့် ဆေးနှင့်ဓာတ်မတည့်သူများ၊ သွေကျဲဆေး သောက်သုံး နေရသူများအနေဖြင့် မိမိသဘောဖြင့် သောက်သုံးလို့မရပါဘူး။

✅ လည်ချောင်းနာသက်သာစေရန် နောက်တစ်နည်းအနေဖြင့် ဆားရည် ငုံခြင်းနှင့် ခံတွင်းသန့်စင်ဆေးရည်ဖြင့် ခံတွင်းသန့်ရှင်းအောင် ပြုလုပ်ခြင်းဖြင့်လည်း လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။

✅ မျက်စိနာခဲ့လျှင်မျက်စိကို ရေခဲ (သို့) ရေခဲဝတ်ကပ်ပါ။ ဖုန်း၊ ကွန်ပျူတာနှင့် တီဗွီကြည့်ချိန်များကို လျော့ချပါ။ လက်ဖြင့် မကြာခဏ မပွတ်ပါနှင့်။ မိမိသဘောဖြင့် မျက်စဉ်းဝယ်ခပ်ခြင်းများမပြုလုပ်ပါနှင့်။

👩‍⚕️အကောင်းဆုံးနည်းလမ်းကတော့ ဒီကာလမှာဖျားနာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ကုသဖို့ တိုက်တွန်းချင်ပါတယ်။

🛑ဖျားနာတဲ့အခါမှာ ဒီ‌ရောဂါလက္ခဏာများဖြစ်ပေါ်ခဲ့ရင်တော့ လုံးဝကို မပေါ့ဆသင့်တဲ့ အခြေအနေပါ

- မှိန်းခြင်း
- အစားမဝင်ခြင်း
- ချွဲသလိပ်အဝါထွက်ခြင်း
- အာသီးရောင်ခြင်း
- မောခြင်း
- အသက်ရှုကြပ်ခြင်း
- အနီစက်များထွက်ခြင်း
- နှားခေါင်းသွေးလျှံခြင်း
- သွားဖုံးသွေးယိုခြင်း
- ဝမ်းမည်းမည်းသွားခြင်း
- ကော်ဖီရောင်အန်ခြင်း
-အနံ့ပျောက်ခြင်း စတဲ့ လက္ခများခံစားရပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက် ကုသမှုခံယူရပါမယ်။

✅ဒီကူးစက်ရောပိုးမခံစားရအောင်ကာကွယ်ဖို့ဆိုရင်တော့ အပြင်ထွက်ရင် Mask တပ်ပါ၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ၊ လူစုလူဝေး ကိုရှောင်ရှားပါ၊ အဟာရပြည့်ဝအောင် စားပါ၊ အိပ်ရေးဝဝအိပ်ပါ၊ စိတ်ဖိစီးမှု တွေကို တတ်နိုင်သလောက်လျော့ချပြီး ကျန်းမာအောင် နေထိုင်ကြပါ။

💦မကြာခင်ကာလမှာဆိုရင် မြန်မာတို့ရဲ့ ရိုးရာမဟာသင်္ကြန်ကာလကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ...💦မြန်မာ့ရိုးရာသင်္ကြန်ကာလဆိုတာ...
11/04/2023

💦မကြာခင်ကာလမှာဆိုရင် မြန်မာတို့ရဲ့ ရိုးရာမဟာသင်္ကြန်ကာလကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ...

💦မြန်မာ့ရိုးရာသင်္ကြန်ကာလဆိုတာနဲ့ ရေပက်ကြတာကခွဲခြားလို့မရတဲ့ ရိုးရာပွဲတော် တစ်ခုဘဲဖြစ်ပါတယ်...အခုလိုနွေနေအပူရှိန်ပြင်းတဲ့ ကာလမှာ နေပူထဲတွင်ကြာရှည်စွာ သွားလာထားပြီး ရေစိုမယ်ဆိုရင် အပူရှပ်ခြင်းကို အထူးသတိပြုသင့်ပါတယ်...

နေပူထဲကို မဖြစ်မနေထွက်ကြတော့မယ်ဆိုရင်

‌✅နေရောင်ကိုကာကွယ်နိုင်သော ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့နှင့် ✅အပူမစုပ်နိုင်သော ချည်သားပွပွ‌ချောင်ချောင် အဝတ်အစား များကိုဝတ်ဆင်ပါ။
✅မျက်နှာနှင့် ကိုယ်ခန္ဓာကို နေရောင်ကာခရင်မ်လူးပါ။
✅ရေများများသောက်ပါ။

အပူချိန်မြင့်လာတာနဲ့အမျှ ခန္ဓာကိုယ်အေးမြစေဖို့ ချွေးထွက်ပေးပါတယ်။ ခန္ဓာကိုယ်က ပြန်ပြီးအေးမြအောင် မလုပ်နိုင်တဲ့အခါ ကိုယ်အပူချိန် မြင့်တက်လာပြီး နေမကောင်းတာ ဖျားတာတွေ ဖြစ်လာပါတယ်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion)ရဲ့ လက္ခဏာတွေကတော့

● ကြွက်တက်ခြင်း
● ချွေးထွက်များခြင်း
● အသားအရေဖျော့တော့ပြီး အေးစက်လာခြင်း
● အားနည်းလာခြင်း / စိတ်ရှုပ်ထွေးခြင်း
● မူးဝေခြင်း
● ခေါင်းကိုက်ခြင်း
● ပျို့အန်ခြင်း
● နှလုံးခုန်မြန်ခြင်း
● ရေဓာတ်ခန်းခြောက်မှုကို ညွှန်ပြနေတဲ့ ဆီးအရောင်ရင့်ခြင်း တို့ ဖြစ်ပါတယ်

အပူရှပ်ခြင်း/ အပူကြောင့် သတိလစ်မေ့မြောခြင်း (heatstroke) ရဲ့ သတိပေးလက္ခဏာများကတော့

● 104°F အပူချိန်နဲ့အထက်ရှိ အပူချိန်
● အသားအရေ နီမြန်းလာခြင်း
● ချွေးမထွက်ခြင်း
● အသက်ရှုရ ခက်ခဲခြင်း
● သတိလစ်ခြင်း
● တက်ခြင်း တို့ ဖြစ်ပါတယ်

ခန္ဓာကိုယ်အပူလွန်လာတဲ့အခါမှာ အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion) နှင့် အပူရှပ်ခြင်း/ အပူကြောင့် သတိလစ်မေ့မြောခြင်း (heatstroke) အထိဖြစ်စေပါတယ်။

ခန္ဓာကိုယ်အပူချိန်ဟာ အနည်းဆုံး 104°F နဲ့အထက်လို့ ပြနေမယ်ဆိုရင်တော့ heatstroke ဖြစ်နိုင်ပြီး ကိုယ်တွင်းအင်္ဂါချို့ယွင်းခြင်း သို့မဟုတ် ဦးနှောက် ထိခိုက်မှုတွေအထိ ဖြစ်စေနိုင်လို့ ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။

နွေရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများ (မတ်လ၊ ၂၀၂၃ ခုနှစ်)⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်)...
23/03/2023

နွေရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများ (မတ်လ၊ ၂၀၂၃ ခုနှစ်)

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်)
⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ (အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်)
⚠️ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ
⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားရောဂါများ
⚠️ ကလေးများတွင် ဖြစ်ပွားသော (နမိုးနီးယား အဆုတ်ရောင်ရောဂါ အပါအဝင်) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

▬▬▬▬▬▬▬▬▬▬▬▬▬▬

နွေရာသီတွင် အပူဒဏ်အန္တရာယ်ကို ကာကွယ်ရန် အရေးပါသကဲ့သို့ နွေရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများကိုလည်း သတိပြုကာကွယ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နွေရာသီ၌ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသော နေရာဒေသများတွင် ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ကူးစက်ရောဂါများသည် အခြားကူးစက်ရောဂါများထက် ပိုမို အဖြစ်များပါသည်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါနှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ စသည်တို့ ဖြစ်ပါသည်။ ထို့အပြင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားရောဂါများနှင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည်လည်း ရာသီဥတုအကူးအပြောင်း သို့မဟုတ် မည်သည့်ရာသီတွင်မဆို ကူးစက်ဖြစ်ပွားနိုင်သော ရောဂါများဖြစ်ကြပါသည်။

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်)

ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဝမ်းပျော့ပျော့ (သို့မဟုတ်) ဝမ်းအရည် မကြာခဏ သွားခြင်း ဖြစ်သည်။ ဝမ်းသွားပြီးနောက် အော့အန်ခြင်းနှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်းတို့ ဆက်လက်ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အများအားဖြင့် လူနာ၏ မစင် သို့မဟုတ် အန်ဖတ် ဝင်ရောက်သွားသော ရေနှင့် အစားအစာတို့ကို စားသုံးမိရာက ရောဂါပိုးကူးစက်ခံရပြီးနောက် ဖြစ်ပွားခြင်းပါသည်။

ညစ်ညမ်းသော ရေ သို့မဟုတ် အစာကို စားသုံးပြီးနောက် (၃) ရက်မှ (၈) ရက်အကြာတွင် ရောဂါဖြစ်ပွားသည်။ ဝမ်းလျှောရောဂါအများစုသည် အလိုအလျောက် သက်သာပျောက်ကင်းလေ့ရှိသော်လည်း ကြာရှည်စွာနှင့် ပြင်းထန်စွာ ဝမ်းလျှောခြင်းသည် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေသည်။

ကလေးများတွင် ရေဓာတ်ခန်းခြောက်နိုင်ခြေ သိသိသာသာ ပိုများသည်။

✅ ကာကွယ်ရန် နည်းလမ်းများ

သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။

👉 သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကို စားပါ။
👉 ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်မီ ဆေးကြောပါ။ လှီးဖြတ်ထားသော သစ်သီးများကို ဖုံးအုပ်ထားပါ။
👉 စွန့်ပစ်ပစ္စည်းများနှင့် လူ့အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ပါ။
👉 အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီတိုင်းနှင့် မစားသုံးမီ အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။
👉 ရေဓာတ်ခန်းခြောက်ခြင်းမှု ကာကွယ်ရန် အရည်များများကို တတ်နိုင်သမျှ သောက်ပါ။ ဆားဓာတ်ပါဝင်သည့် အရည်များသည် အသုံးဝင်ပါသည်။

⚫ အငန်ဓာတ်ပါသော ဒိန်ချဉ် သောက်ပါ။
⚫ အငန်ဓာတ်ပါသော ဟင်းသီးဟင်းရွက် ပြုတ်ရည် သို့မဟုတ် ကြက်သားစွပ်ပြုတ် သောက်ပါ။
⚫ ဓာတ်ဆားရည် (ORS) သောက်ပါ။

👉 ကျန်းမာရေးဝန်ထမ်းက အကြံပြုထားခြင်းမရှိပါက ပဋိဇီဝဆေးဝါးများနှင့် ဝမ်းပိတ်စေသော ဆေးဝါးများကို မိမိသဘောနှင့်မိမိ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
👉 အဖျားကြီးခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်း ပြင်းထန်/မသက်သာပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ (အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်)

အသည်းရောင်အသားဝါရောဂါသည် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) တို့ကြောင့် ဖြစ်ပွားပါသည်။ အဓိကအားဖြင့် အရေပြားနှင့် မျက်သားများ အဝါရောင်ဖြစ်ခြင်း၊ ဆီးအရောင်ရင့်ရင့် သွားခြင်းနှင့် ဝမ်းအရောင် ဖျော့ခြင်း စသော ရောဂါလက္ခဏာများဖြင့် တွေ့ရလေ့ရှိသည်။

အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (အေ) နှင့် (အီး) သည် ဗိုင်းရပ်စ်ပိုးပါသော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်သည်။ ရောဂါပိုးပါဝင်သော အစားအစာကို စားသောက်ပြီးနောက် (၃) ပတ်မှ (၈) ပတ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားသည်။ အသည်းရောင်အသားဝါရောဂါ (အေ) သည် ဘီ၊ စီ၊ ဒီနှင့် အီး ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသော ရောဂါများနှင့် နှိုင်းယှဉ်ပါက အပျော့စားရောဂါဖြစ်သည်။ အသည်းရောင်အသားဝါ (အီး) ဗိုင်းရပ်စ်သည် အသည်းရောင်အသားဝါ ကပ်ရောဂါများကို ဖြစ်ပွားစေနိုင်သည်။

အသည်းရောင်အသားဝါရောဂါ အေနှင့် အီးသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် သူ့ဘာသာ ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးများ မရှိသေးပါ။ အသည်းရောင်အသားဝါ (အီး) အတွက် ကာကွယ်ဆေး မရှိသေးပါ။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။
👉 သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကို စားပါ။
👉 စွန့်ပစ်ပစ္စည်းများနှင့် လူ့အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ပါ။
👉 အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီတိုင်းနှင့် မစားသုံးမီ အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။
👉 အသည်းရောင်အသားဝါ (အေ) ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
👉 ကိုယ်ဝန်ဆောင်စဉ်အတွင်း အသည်းရောင်အသားဝါရောဂါ (အီး) ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်သောကြောင့် သတိပြုကာကွယ်မှုများ ပြုလုပ်ထားသင့်သည်။
👉 ဆေးဝါးများကို မိမိသဘောနှင့်မိမိ သောက်သုံးခြင်း မပြုပါနှင့်။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ

အူရောင်ငန်းဖျားရောဂါသည် အူလမ်းကြောင်းနှင့် သွေးကြောအတွင်း ဘက်တီးရီးယားပိုး ကူးစက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးရှိသူ ထိတွေ့ကိုင်တွယ်ထားသော အစားအစာများ သို့မဟုတ် အဖျော်ယမကာများကို စားသောက်ခြင်း သို့မဟုတ် ရောဂါပိုးပါဝင်သော ရေကို သောက်မိခြင်းကြောင့် ရောဂါဖြစ်ပွားနိုင်သည်။

ရောဂါပိုးကူးစက်ခံရပြီးနောက် တစ်ပတ်မှ သုံးပတ်အကြာတွင် ရောဂါလက္ခဏာ ပြလေ့ရှိသည်။ ရောဂါလက္ခဏာများမှာ အပျော့စား သို့မဟုတ် ပြင်းထန်နိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်။

➡️ အဖျားကြီးခြင်း
➡️ နုံးခွေခြင်း
➡️ အစားအသောက်ပျက်ခြင်း
➡️ ခေါင်းကိုက်ခြင်း
➡️ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
➡️ ရင်ဘတ်တွင် အနီစက်များ ထွက်ခြင်း

အူရောင်ငန်းဖျားရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အချို့သူများသည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်သွားကြောင်း တွေ့ရသည်။ ဤရောဂါပိုးသယ်ဆောင်သူများသည် အခြားသူများကို ရောဂါပိုး ပြန်လည်ကူးစက်စေနိုင်သောကြောင့် ပဋိဇီဝဆေးဝါးများဖြင့် ကုသရန် လိုအပ်သည်။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။
👉 အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီတိုင်းနှင့် မစားသုံးမီ အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။
👉 သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကို စားပါ။
👉 စွန့်ပစ်ပစ္စည်းများနှင့် လူ့အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ပါ။
👉 အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
👉 ရောဂါလက္ခဏာများ ပေါ်လာပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားရောဂါများ

ရာသီအကူးအပြောင်းကာလများတွင် အပျော့စား ဖျားနာခြင်းများ ဖြစ်ပွားတတ်သည်။ ဤဖျားနာခြင်းများသည် အချို့သော အမျိုးအမည်မသိ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားနိုင်ပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားရောဂါများဟု အများအားဖြင့် လူသိများသည်။ ဤအဖျားရောဂါများသည် သူ့ဘာသာ အလိုအလျောက် ပြန်လည်သက်သာလေ့ရှိပြီး ပြင်းထန်သော နာမကျန်းမှုများ ဖြစ်ပွားလေ့ မရှိပါ။

ရောဂါလက္ခဏာများ

➡️ အပျော့စား သို့မဟုတ် အလယ်အလတ် ဖျားခြင်း။
➡️ ကြွက်သားများ ကိုက်ခဲခြင်း
➡️ နုံးခွေခြင်း
➡️ အထူးသဖြင့် ကလေးငယ်များတွင် အချို့အချိန်များ၌ ချောင်းခြောက်ဆိုးခြင်းနှင့် အန်ခြင်း

ပြင်းထန်သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြေ မရှိပါ။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားရောဂါများအတွက် ကာကွယ်ဆေး သို့မဟုတ် သီးသန့် ဗိုင်းရပ်စ်ပိုးဆေးဝါးများ မရရှိနိုင်သေးပါ။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 အဖျားရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
👉 လူနာ သို့မဟုတ် သူ၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များနှင့် ထိတွေ့မိပါက လက်ကို သေချာစွာ ဆေးကြောပါ။
👉 လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ပါ။
👉 အခြားသူများကို မကူးစက်စေရန် ဖျားနာနေစဉ်အတွင်း မိမိနေအိမ်၌သာ နေထိုင်ပါ။
👉 အရည်များများ သောက်ပြီး အာဟာရပြည့်အောင် စားသောက်ပါ။
👉 ဆရာဝန်/ကျန်းမာရေးဝန်ထမ်းက မညွှန်ကြားဘဲ မည်သည့် ပဋိဇီဝဆေးဝါးကိုမျှ မသောက်သုံးပါနှင့်
👉 အဖျားကျစေရန် ဆေးသောက်သုံးရာ၌ Aspirin သို့မဟုတ် Ibuprofen ကို ရှောင်ကြဉ်ပါ။ Paracetamol ကိုသာ သောက်သုံးပါ။
👉 ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ကုသပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ကလေးများတွင် ဖြစ်ပွားသော (နမိုးနီးယား အဆုတ်ရောင်ရောဂါ အပါအဝင်) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

နှာခေါင်း၊ လည်ချောင်း၊ နား၊ အသံအိုး၊ လေပြွန်နှင့် အဆုတ်တို့တွင် အသစ် (ရုတ်တရက်) ကူးစက်ဖြစ်ပွားသော မည်သည့်ရောဂါကိုမဆို လက်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Acute Respiratory Infection - ARI) ဟုခေါ်ဆိုပါသည်။ အသက်ငါးနှစ်အောက် ကလေးများတွင် မကြာခဏ အဖြစ်အများဆုံး ကူးစက်ရောဂါဖြစ်သည်။

ရောဂါလက္ခဏာများသည် သူ့ဘာသာ အလိုအလျောက် ပြန်လည်သက်သာနိုင်သော အဖျား သို့မဟုတ် မဖျားဘဲ ချောင်းဆိုး၊ အအေးမိနှာစေးခြင်း၊ နားကိုက်ခြင်းမှ အစပြု၍ အသက်အန္တရာယ်ရှိသော နမိုးနီးယားအဆုတ်ရောင်ခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။ နမိုးနီးယားအဆုတ်ရောင်ရောဂါရှိသော ကလေးတွင် မကြာခဏဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများမှာ-

➡️ အဖျားကြီးခြင်း
➡️ ချောင်းဆိုးခြင်း
➡️ အသက်ရှုမြန်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း

အချို့သော အခြေအနေများတွင် ကလေးက အသက်ရှူသောအခါ ရင်ဘတ်အောက်ပိုင်းသည် ချိုင့်ဝင်သွားကြောင်း တွေ့ရတတ်သည်။ ထိုလက္ခဏာသည် ပြင်းထန်နမိုးနီးယားအဆုတ်ရောင်ရောဂါ၏ လက္ခဏာဖြစ်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပါသည်။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 အထူးသဖြင့် ကလေးငယ်များကို မကိုင်တွယ်မီ လက်ကို မကြာခဏ ဆေးကြောပါ။
👉 လူစုလူဝေးနေရာများနှင့် အိမ်တွင်းလေထုညစ်ညမ်းမှုများကို ရှောင်ကြဉ်ပါ။ မိဘအုပ်ထိန်းသူများအနေဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
👉 ကလေး အသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ အသက် (၆) လအထက် ကလေးငယ်များကို အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။
👉 ဝက်သက်နှင့် ကြက်ညှာချောင်းဆိုးရောဂါ၏ နောက်ဆက်တွဲအဖြစ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ကလေးများကို ကာကွယ်ဆေးထိုးပါ။
👉 ချောင်းဆိုးခြင်းနှင့် အအေးမိခြင်း အများစုသည် အလိုအလျောက် သက်သာပျောက်ကင်းလေ့ ရှိသောကြောင့် မိမိသဘောနှင့်မိမိ ဆေးသောက်/ဆေးတိုက်ခြင်း မပြုပါနှင့်။
👉 ကလေးငယ်များကို မိခင်နို့ ဆက်လက်တိုက်ကျွေးပြီး ဖျားနာနေချိန်တွင် အစာနှင့် အရည်များ လုံလောက်စွာ တိုက်ကျွေးပါ။
👉 (၇) ရက်ထက်ပို၍ ချောင်းဆိုးနေပါက သို့မဟုတ် နမိုးနီးယားအဆုတ်ရောင် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source:
https://apps. who. int/iris/handle/10665/205884

🫐ကင်ဆာရောဂါကုထုံး ခံယူနေသူတစ်ယောက်တွက် စားသင့်သော အသီး အနှံများ🍒 နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်းနဲ့ လ...
09/03/2023

🫐ကင်ဆာရောဂါကုထုံး ခံယူနေသူတစ်ယောက်တွက် စားသင့်သော အသီး အနှံများ🍒

နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်းနဲ့ လေ့ကျင့်ခန်း ဂရုတစိုက်လုပ်ပေးခြင်းက ကျန်းမာတဲ့ကိုယ်ခန္ဓာပိုင်ဆိုင်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ အညီစားသုံးခြင်းက ကျန်းမာစေဖို့ အထောက်အကူ ပြုပေးနိုင်ရုံ တင်မက ကင်ဆာရောဂါလိုမျိုး ပြင်းထန်တဲ့ ဝေဒနာဆိုကိုလည်း ဖြစ်နိုင်ခြေ လျှောချပေးနိုင်ပါတယ်။

မိမိတို့ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်လို့ လူသိများ သော ကင်ဆာရောဂါကို ကင်ဆာဓာတုကုထုံး ကုသမှုခံယူ နေရသူမျိုးရှိခဲ့ပါရင် အခုဖော်ပြပေးသွားမယ့် အသီးအနှံလေးများကို စားခိုင်းဖို့ မျှဝေပေးစေ ချင်ပါတယ်။ ။

🫐ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ မဂ္ဂနိစ်တို့ ပါဝင်တဲ့အတွက်ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပြီး DNA မပျက်စီးစေဖို့ ကာကွယ်ပေးသလို ဦးနှောက်နဲ့ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

🍎သလဲသီး

သလဲသီးမှာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါကို ကာကွယ်ပေးသလို အရောင်ကျစေနိုင်ပြီး သွေးတိုးလည်း ကျစေနိုင်ပါတယ်။

🍋သံပရိုသီး

အချဉ်ဓာတ်ကဲကဲနဲ့ သံပရိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ limonene တို့ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်သလို စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို စိုးရိမ်စိတ်ဖြစ်တာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

🍌ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ် နဲ့ အမျှင်ဓာတ် ကြွယ်ဝသလို electrolytesလည်း ပြည့်ဝစွာ ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ကိုယ်တွင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ ရှိမနေစေဖို့ လုပ်ဆောင်ပေးပါတယ်။

🍊Grapefruit

ချဉ်ချိုချိုလေး အရသာရှိတဲ့ Grapefruitမှာ ဗီတာမင် C၊ ဗီတာမင် A ၊ ပိုတက်ဆီယမ် နဲ့ lycopene တို့ ပါဝင်နေတာကြောင့် ဓာတုကုထုံးကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်တဲ့ ကာရိုတီးနွိုက် တစ်မျိုးဖြစ်တဲ့ lycopene ပါဝင်ပြီး ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။

လေ့လာမှုတွေအရ Grapefruit က ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုလည်း နှေးစေနိုင်ပါတယ်။

🍎ပန်းသီး

ပန်းသီးမှာ ပါဝင်သော အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C တို့ ကြောင့် ကင်ဆာကုထုံးကနေ ပြန်လည်သက်သာလာချိန်မှာ ကျန်းမာနေစေဖို့ အထောက်အကူဖြစ်စေနိုင်ပြီး အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

🍓စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ ဗီတာမင် C၊ ellagic အက်ဆစ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် တို့ ပါဝင် နေတာကြောင့် ကင်ဆာကုထုံး ထိရောက်စေနိုင်ပြီး ရင်သားကင်ဆာကျိတ်တွေ မပွားစေဖို့ ထောက်ကူပေးနိုင်သလို ကင်ဆာမဖြစ်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

🍒ချယ်ရီသီး

ချယ်ရီးသီးမှာ ဆိုရင်လည်း Polyphenols နဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါများကို ကာကွယ်ပေးသလို ကင်ဆာကုထုံး ခံယူချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းကိုက်တာ၊ နာကျင်တာလိုမျိုး လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အခုဆိုရင် သစ်သီးလေးတွေရဲ့ ကောင်းကျိုးလေးတွေကို သိရှိသွားပြီဆို‌တော့ သင့်ပတ်ဝန်းကျင်မှာ ကင်ဆာရောဂါခံစားနေရသူရှိနေပြီဆိုရင် ဒီအသီးအနှံ လေးတွေကို စားခိုင်းဖို့တိုက်တွန်း ပေးစေချင်ပါတယ်။

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားနေရပါသလား❓လည်ချောင်းထဲမှာ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုတစ်နေသလို၊ ကပ်နေသလို ခံစားရ...
04/03/2023

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ် နေသလို ခံစားနေရပါသလား❓

လည်ချောင်းထဲမှာ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုတစ်နေသလို၊ ကပ်နေသလို ခံစားရတာ ကြုံဖူးမှာပါ။

လည်ပင်းထဲမှာ အစာရှိနေလို့ နင်နေတာမျိုး မဟုတ်ဘဲ ဘာမှမရှိပါဘဲနဲ့ တစ်ခုခုကပ်နေသလို၊ တစ်နေသလို ခံစားရတယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့တိုက်တွန်းပါရစေ။

🩻အစာအိမ် အချဉ်ပြန်ခြင်း (Gastroesophageal Reflux Disease)

သင်သည် မကြာခဏ ရင်ပူ၍ လေချဉ်တက်ခြင်း၊ ခံတွင်းချဉ်ခြင်းနှင့် ရင်ဝတွင် မီးစနှင့် ထိုးသကဲ့သို့ ပူနေခြင်းများခံစားနေရပါသလား ? ထို့အပြင် တံတွေးအထွက်များ၍ စားပြီးသောအစာများ အပေါ်သို့ ပြန်တက်လာခြင်း ဖြစ်တက်ပါသလား?

အဆိုပါ လက္ခဏာများသည် အစာအိမ်အချဉ်ပြန်သည်ဟုခေါ်ကြသည့် Gastroesophageal Reflux Disease (GERD) ၏ အဓိကလက္ခဏာများ ဖြစ်ပါသည်။

🧑‍⚕️အစာအိမ်ရောဂါများထဲမှ တစ်ခုဖြစ်သော စာအိမ်အချဉ်ပြန်ခြင်း အကြောင်းနှင့် ပတ်သတ်၍ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာသိန်းမြင့် ရေးသားထားသည်ကို ပြန်လည် မျှဝေပေးပါရစေ။

🚨ရောဂါဖြစ်ရခြင်း အကြောင်းအရင်း

အစာအိမ် ရေမျို အောက်ပိုင်း ကြွက်သားအားနည်း၍ အစာအိမ်အတွင်းမှ အက်စစ်အချဉ်များ အပေါ်သို့ လျှံတတ်လာသောကြောင့် ဖြစ်ပါသည်။

✅အဓိက ရောဂါလက္ခဏာများ

ရင်ပူခြင်း၊ လေချဉ်တတ်ခြင်း
ခံတွင်းချဉ်ခြင်း၊ အစာစားပြီး ရင်ဝတွင် မီးစနှင့် ထိုးသလိုပူခြင်း
အစာများမကြာခဏ အပေါ်ပြန်တတ်ခြင်း
တံတွေးအထွက်များခြင်း

✅အခြားလက္ခဏာများ

ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ မောခြင်း၊ ရင်ဘက်အောင့်ခြင်း
လည်ချောင်းနာခြင်း၊ လည်ချောင်းယာခြင်း၊ အသံဝင်ခြင်း
မကြာခဏ လည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်ခြင်း
နားယားခြင်း၊ နားကိုက်ခြင်း၊ နားလေထွက်ခြင်း
သွားပိုးစားခြင်း၊ ခံတွင်းအနံ့ မကောင်းခြင်း
ထိပ်ကပ်နာဖြစ်ခြင်း၊ အအေးမိခြင်း

✅ရောဂါ ပိုဆိုးစေသောအကြောင်းများ

▪️ အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း။
▪️ အဝတ်အစား တင်းကြပ်စွာ ဝတ်ခြင်း၊ အစားများလွန်းခြင်း။
▪️ အစာကို တစ်ကြိမ်တည်းနှင့် များစွာ စားသုံးခြင်း။
▪️ ကြာရှည်စွာ စောင့်ကြောင့်ထိုင်ခြင်း။
▪️ မကြာခဏ ခါးကုန်း၍ နေခြင်း၊ ပစ္စည်းအလေးများ မခြင်း။
▪️ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
▪️ ကွမ်စာ:ခြင်း၊ ဆေးငုံခြင်း။
▪️ မတည့်သောဆေးနှင့် အစာများစားမိခြင်းနှင့် အခြားအကြောင်းများ ကြောင့်ဖြစ်နိုင်ပါသည်။

🚨ရောဂါပိုဆိုးစေသော ဆေးများ

💊 ဗိုက်နာပျောက်ဆေးများ -Antispamotic (Atropine, Hyoscine)
💊 ရင်ကြပ်ပျောက်ဆေး (Aminophylline)
💊 ပိုးသတ်ဆေး (Doxycycline, Tetracycline)
💊 အကိုက်အခဲပျောက်ဆေး (Asprin, Ibuprofen)
💊 သံဓာတ်အားဆေး (Ferrous sulphate)
💊 ဗီတာမင်-စီ
💊 အချို့သော စိတ်ကျရောဂါပျောက်ဆေး (ဥပမာ-SSRI)
💊 အချို့သော သွေးတိုးကျဆေး (ဥပမာ-Calcium Channel Blocker)

❎ရောဂါနှင့် မတည့်သောအစာများ

▪️ ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းသော အစာများ
▪️ ငရုပ်ကောင်း၊ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး
▪️ အဆီများသော အစားအစာများ၊ ဆီပြန်ဟင်းများ
▪️ ဆီဖြင့်ကြော်ထားသော အစားအစာများ
▪️ ကွမ်း၊ ဆေးလိပ်၊ အရက်
▪️ မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသော အစားအစာများ
▪️ချောကလက်နှင့် ဂက်(စ်)ပါသော အရည်များ ဥပမာ - ကိုကာကိုလာ၊ စပါကလင်
▪️ လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်
▪️ ဖာလာ၊ လေးညှင်း၊ သစ်ကြပိုး၊ ပရုတ်
▪️ လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အစာများ

🚨ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

🔸 အစာရေမျိုကျဉ်း၍ အစာမမျိုနိုင်ခြင်း
🔸 သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း
🔸 သွေးအားနည်းခြင်း
🔸 အစာရေမျိုရောင်ခြင်း
🔸 အစာရေမျို ကင်ဆာဖြစ်ခြင်းနှင့် အခြားဆိုးကျိုးများဖြစ်နိုင်ပါသည်။

🩺ရောဂါရှာဖွေနိုင်သော နည်းလမ်းများ

🔸ရောဂါလက္ခဏာနှင့်ဆိုင်သော မေးခွန်းများခြင်း
🔸အစာအိမ်ဆေးပေး၍ စမ်းသပ်ခြင်း
🔸 အစာအိမ် မှန်ပြောင်းကြည့်ခြင်း
🔸အစာအိမ် အက်စစ်ဓာတ် တိုင်းတာခြင်း
🔸အစာအိမ်ကြွက်သားညှစ်နိုင်မှု တိုင်းတာခြင်း
🔸အစာရေမျိုပြွန် လှုပ်ရှားမှုပြင်းအားကို တိုင်းတာခြင်း
🔸အစာရေမျိုပြွန် ဆေးဓာတ်မှန်ရိုက်ခြင်း

✅ရောဂါဖြစ်လျှင် မည်သို့နေထိုင်ရမည်နည်း?

▪️ ကိုယ်အလေးချိန် ချပါ
▪️ အဝတ်အစားတင်းတင်းကြပ်ကြပ်ဝတ်ခြင်းမှ ရှောင်ကျဉ်ပါ
▪️ ပစ္စည်းအလေးများ မ မရပါ
▪️ မကြာခဏ ခါးမကုန်းရပါ
▪️ အစာစားပြီးလျှင်ပြီးခြင်း အိပ်ယာဝင်ခြင်း၊လဲလျောင်းနေခြင်းရှောင်ပါ
▪️ အစာကို တစ်ကြိမ်တည်းနဲ့ အများကြီးမစားပါနဲ့
▪️ ည အိပ်ရာမဝင်မီ (၂) နာရီအတွင်း အစာ မစားသင့်ပါ
▪️ အိပ်ရာ ခေါင်းအုံးကို (၆) လက်မခန့်မြှင့်၍့ အိပ်ပါ
▪️ မတည့်သောအစာနင့် ဆေးများကိုရှောင်ပါ
▪️ ဆေးလိပ်၊ အရက်၊ ကွမ်း ဖြတ်ပါ
🧑‍⚕️ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သတ်မှတ်ထားသည့် ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းအထိ စွဲသောက်ပါ။

ကုသနိုင်သောနည်းလမ်းများ ဆေးဝါးဖြင့်ကုသခြင်း

✅အနည်းဆုံး ၂ လ ဆေးသောက်ရပါမည်။

✅ဆေးရပ်လိုက်လျှင် ရောဂါပြန်ဖြစ်တတ်ပါသဖြင့် လိုအပ်ပါက ဆရာဝန် ညွှန်ကြားလျှင် အမြဲတမ်း ဆေးစွဲသောက်ရပါမည်။

💊အစာအိမ် အက်ဆစ်ဓာတ် လျော့နည်းစေသော ဆေးဝါးများ (PPI; eg. Omeprazole, Rabeprazole, Lanzoprazole, Pantoprazole, Esomeprazole)

💊အစာအိမ် လှုပ်ရှားမှုအားကောင်းစေသော ဆေးဝါးများ (Prokinetic ; eg. Mosapride, Metoclopramide)

💊အစာအိမ် အက်ဆစ် ခြေဖျက်ဆေးများ (Antacid ; ed. Aluminium Hydroxides)

ဆေးဝါးဖြင့်ကုသခြင်း၏ အကျိုးအာနိသင်များ

အစားအသောက်၊ အနေအထိုင် ဆင်ခြင်ခြင်းနှင့် အစာအိမ် အက်ဆစ်ဓာတ် ချေဖျက်ဆေးများ သောက်သုံးခြင်းဖြင့် (၂၀%) သက်သာနိုင်သည်။

H2 Receptor ကို ပိတ်သောဆေးများ သောက်သုံးခြင်းဖြင့် (၅၀%) သက်သာနိုင်သည်။

PPI ဆေးများ (တစ်နေ့ ၁ ကြိမ်) သောက်သုံးခြင်းဖြင့် (၈၀%) သက်သာနိုင်သည်။
PPI ဆေးများ (တစ်နေ့ ၂ ကြိမ်) သောက်သုံးခြင်းဖြင့် (၁၀၀%) အထိ သက်သာနိုင်သည်။

🩺ခွဲစိတ်ကုသခြင်း

▪️ ဆေးဝါးကုသမှုဖြင့် မသက်သာသောသူများ
▪️ လူနာမှကြာရှည် ဆေးမသောက်လိုခြင်း
▪️ အစာရေမျိုကျဉ်းခြင်း၊ ကင်ဆာသံသယရှိခြင်း (Barrett’s Esophagus)
▪️ အစာအိမ်ကျွံသော လူနာများ (Hiatal Hernia)
▪️ ၂၄ နာရီ အက်ဆစ်ဓာတ်တိုင်းရာတွင် အက်ဆစ်များလွန်းသော လူနာများ (pH

🥃အရက်သောက်ရင် Energy Drink အချိုရည်တွေနဲ့ ရောသောက် နေတုန်းလား ❓🥃အရက်ရဲ့အခါးအရသာကို့လျော့ချင်လို့ အားဖြည့်အချိုရည်တွေနဲ့ ...
19/02/2023

🥃အရက်သောက်ရင် Energy Drink အချိုရည်တွေနဲ့ ရောသောက် နေတုန်းလား ❓

🥃အရက်ရဲ့အခါးအရသာကို့လျော့ချင်လို့ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်ခြင်းက အဝင်သာကောင်းပေမယ့် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူးနော်။❎

စွမ်းအားဖြည့် အချိုရည်တွေများတွင် ကဖင်း ပမာဏများစွာနှင့် Taurine၊ Guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။

စွမ်းအားဖြည့်အချိုရည်အများစုတွင် ကဖင်းပမာဏက 40mg ကနေ 240 mg အထိ ပါဝင်နေသည့်အတွက် သောက်ပြီး အချိန် အနည်းငယ်အကြာတွင် တက်ကြွလန်းဆန်းတယ်လို့ ခံစားရပြီး ရေရှည်မှာ နှလုံးခုန်မမှန်ခြင်း၊ စိတ်ဖိစီးခြင်း အလွန်အမင်း စိတ်ရှုပ်ထွေးခြင်း၊ သွေးတိုးခြင်း၊ သွေးပျစ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

စွမ်းအားဖြည့် အချိုရည်တွေ အလွန်အကျွံ သောက်သုံးခြင်းက ရုတ်တရက် နှလုံးရပ်တာမျိုးကို ဖြစ်စေနိုင်တယ်လို့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရတွေ့ရှိခဲ့ပါတယ်။

✅အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေကိုရောသောက်ခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများအနေဖြင့်

• အယ်လ်ကိုဟော အဆိပ်သင့်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။

• အယ်လ်ကိုဟောကြောင့် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်သလို လှုပ်ရှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။

• နည်းနည်းလေးပဲ သောက်မိရင်တောင် အရမ်းတက်ကြွလွန် နေပြီး ရေရှည်မှာ ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းစေနိုင်ပါတယ်။

• ကဖင်း အလွန်အကျွံ သောက်သုံးမိတာကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

• ကယ်လ်လိုရီတွေ ပမာဏအလွန်အကျွံ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ တက်စေပြီး အဝလွန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

• ကဖင်းကြောင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလွန်းပြီး ဆုံးဖြတ်ချက် အမှားတွေ ချမိနိုင်ပါတယ်။

• ကဖင်း နဲ့ အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

✅သောက်သုံးသည့်အချိန်ကာလနှင့် ပမာဏများလာသည့်အလျောက် နှလုံးခုန် မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အကြောလိုက်ခြင်း၊ အာရုံတွင် ထင်ယောင် ထင်မှားဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် အသက်ရှုရ ခက်ခဲခြင်းတွေကိုပါ ခံစားရစေနိုင်ပါတယ်။

ကဖင်းဓာတ်က စိတ်ခံစားမှုကို တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်း တစ်ခုဖြစ်ပြီး သောက်ပြီးခါစမှာ စိတ်ကို တက်ကြွလန်းဆန်း စေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။

🥃အရက်နှင့် စွမ်းအားဖြည့် အချိုရည်တွေရောသောက်ခြင်းက အရသာ ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပြင်းပြင်း ထန်ထန် ထိခိုက်စေနိုင်တာကြောင့် အခုချိန်ကစပြီး သတိထား ဆင်ခြင် သောက်သုံးနိုင်ရန် ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၄) ရက်‌နေ့ဟာဆိုရင် ကမ္ဘာ့ကင်ဆာရောဂါနေ့ တစ်နေ့ ဖြစ်ပါတယ်။ ကင်ဆာရောဂါဟာဆိုရင် ကမ္ဘာ့နိုင်ငံအနှံအပြားအများမှာ ...
03/02/2023

ဖေဖော်ဝါရီလ (၄) ရက်‌နေ့ဟာဆိုရင် ကမ္ဘာ့ကင်ဆာရောဂါနေ့ တစ်နေ့ ဖြစ်ပါတယ်။

ကင်ဆာရောဂါဟာဆိုရင် ကမ္ဘာ့နိုင်ငံအနှံအပြားအများမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး ကုသရန်ခက်တဲ့ရောဂါတစ်ခုဖြစ်ကြောင်းကို လူတော်တော်များသိရှိထားပြီးဖြစ်ပါတယ်။

ကင်ဆာရောဂါဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်များကြီးထွားခြင်းကနေ အကျိတ်အဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ် ကင်ဆာရောဂါကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။

💯ကင်ဆာရောဂါကို ဖြစ်စေရတဲ့အဓိက အကြောင်းအရင်းများက နေထိုင် စားသောက်မှုပုံစံကြောင့်ဖြစ်ပါတယ်။ ကင်ဆာရောဂါမှ ကာကွယ်နိုင်ရန် အတွက် နေ့စဉ်စားသုံးနေတဲ့ အစားအစာများကနေတဆင့် သတိပြု ကာကွယ် နိုင်ပါတယ်..

⚠️သင့်ရဲ့နေ့စဉ်အစားအစာများထဲမှာ

သကြား အများကြီးစားမိနေပြီဆိုရင်..အခုကစပြီး သကြားကိုလျော့စားလိုက်ပါ။ သကြားအများကြီးစားသုံးခြင်းက အဝလွန်ခြင်းနှင့် ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်နိုင်ခြင်းကိုလည်း တိုးစေနိုင်ပါတယ်။

ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့တာမှာ သကြားကို အမျိုးသားဆို လက်ဖက်ရည်ဇွန်း ၉ ဇွန်း၊ အမျိုးသမီးဆို ၆ဇွန်းထက် ပိုမစားသင့်ပါဘူး။

ဒီပမာဏထက် ပိုစားမိနေမယ် ဆိုရင်တော့ ရေရှည်မှာ ကင်ဆာဖြစ်နိုင်ခြေက များလာနိုင်ပါတယ်။

🥩ပြုပြင်ထားတဲ့ အစားအစာများ

ပြုပြင်ထားတဲ့ အသားတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အူမကြီး နဲ့ အစာဟောင်းအိမ်ကဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာမှာ ပြုပြင်ထားတဲ့ အသား ၁.၈ အောင်စ စားသုံးတာက အူမကြီး ကင်ဆာ ခံစားရနိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

ဒါကြောင့် ဟော့ဒေါ့တွေကစလို့ ပြုပြင်ထားတဲ့ အသားအမျိုးမျိုးကို တတ်နိုင်သမျှ လျှော့စားပါ။

အထိုင်များခြင်း

ကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က အထိုင်များတာပါ။ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုပါတယ်။ မလှုပ်ရှားဘဲ ထိုင်ပဲထိုင်နေတာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုမိစေပြီး ကင်ဆာဖြစ်စေဖို့ တွန်းအားပေးပါတယ်။

🚶တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ ၁ နာရီလောက် လှုပ်ရှားမှု ရှိဖို့ ဂရုပြုပါ။ ဒါမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

🥗အသီးအနှံတွေ မစားမိဘူး❌

တစ်နေ့တာအဟာရမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို မစားသုံးတာက လုံလောက်တဲ့ အမျှင်ဓာတ် ရရှိမှုကို အဟန့်အတားဖြစ်စေပြီး ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အဆိပ်အတောက်ဖြေပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ကင်ဆာ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ပလပ်စတစ်ပစ္စည်းများအသုံးပြုခြင်း❌

အချို့သော ပလပ်စတစ်တွေမှာ BPA လို့ခေါ်တဲ့ synthetic hormone ပါဝင်နေပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

✅ ဒီအချက်တွေအပြင် Ready Made အစားအစာများနှင့် အကင်အမျိုး အမျိုး၊ အချဉ်ရည်များတွင်ပါဝင်သော ဓာတုဆိုးဆေးများ၊ ဆီကြော်များနှင့် အရက်နှင့် ဆေးလိပ်အလွန်သောက်သုံးခြင်း စိတ်ဖိစီးမှုများခြင်း ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း၊ အဝလွန်ခြင်းများကြောင့်လည်း ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။🍟

Address

Malar Myaning 7 Th Street, 16 Quarter, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Mon Myat Thadar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mon Myat Thadar Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram