GPP Pharmacy

GPP Pharmacy GPP Pharmacy ဆေးဆိုင်ကောင်း

🎀 သတိထားပါ၊ စောစောသိပါ — ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပါ!ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာပါ။😔 ဒါပေမယ့...
23/10/2025

🎀 သတိထားပါ၊ စောစောသိပါ — ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပါ!
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာပါ။
😔 ဒါပေမယ့် စောစောသိရင် ကုသပြီး ပျောက်နိုင်ပါတယ်။
အန္တရာယ်မြင့်စေတဲ့အကြောင်းအရင်းများ
👩‍👧 မိသားစုမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိခြင်း
⏳ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေမြင့်လာခြင်း
💊 ဟော်မုန်းအခြေအနေပြောင်းလဲမှု
🥂 အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

သတိထားစရာ လက္ခဏာများ 👀
❗️နာကျင်မှုမရှိတဲ့ အလုံးအကျိတ်
❗️ရင်သားအရေပြား ကျုံ့ဝင်ခြင်း / နီရဲခြင်း
❗️နို့သီးခေါင်းမှ အရည်ယိုခြင်း
❗️နို့သီးခေါင်းအတွင်းသို့ ခေါက်ဝင်ခြင်း

ကာကွယ်နည်းလမ်းများ 💪
✅ လစဉ် ကိုယ်တိုင် စမ်းသပ်စစ်ဆေးပါ
✅ တစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ စစ်ဆေးပါ
✅ အသက် ၄၀ နောက်ပိုင်း မမ်မိုဂရမ် ရိုက်ပါ
✅ ကျန်းမာနေထိုင်မှုပုံစံလိုက်နာပါ

💕 ကိုယ်အတွက်၊ ကိုယ်ချစ်သူအတွက် စောစောသိပြီး ကာကွယ်လိုက်ကြစို့။



ေးဆိုင်ကောင်း

#အားလုံးအတွက်ဆေးဆိုင်ကောင်း

World Osteoporosis Day – October 20ဒီနေ့သည် အရိုးပွရောဂါ (Osteoporosis) အကြောင်း အသိပညာပေးရန်၊ ကာကွယ်ရန်နှင့် ရောဂါရှာဖွ...
20/10/2025

World Osteoporosis Day – October 20
ဒီနေ့သည် အရိုးပွရောဂါ (Osteoporosis) အကြောင်း အသိပညာပေးရန်၊ ကာကွယ်ရန်နှင့် ရောဂါရှာဖွေကုသရေးကို လှုံ့ဆော်သော ကမ္ဘာလုံးဆိုင်ရာနေ့ဖြစ်ပါတယ်။
အရိုးပွရောဂါ သည် အရိုးသိပ်သည်းဆ ကျဆင်းပြီး အားနည်း၊ ကျိုးလွယ်သွားသော ရောဂါတစ်ခုဖြစ်ပါသည်။ အသက်ကြီးမှသာမက ငယ်ရွယ်စဉ်ကတည်းက အခြေခံထားရသော ကျန်းမာရေးပြဿနာဖြစ်နိုင်ပါသည်။

👉ကာကွယ်ရေး အချက် ၃ ချက်
🔸 ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ပြည့်စုံစွာ စားသုံးပါ။ (နို့၊ ပဲပြား၊ ငါးသေးသေး၊ နေရောင်ခြည်)
🔸 ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ။ (လမ်းလျှောက်ခြင်း၊ ခုန်ခြင်း၊ ကခြင်း)
🔸 ဆေးလိပ်နှင့် အရက်ကိုရှောင်ပါ။ ကော်ဖီ၊ လက်ဖက်ရည် များများမသုံးပါနှင့်။

အရိုးကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ခြင်းသည် အနာဂတ်အတွက် အရေးကြီးပါသည်။ ကာကွယ်မှုကသာ အကောင်းဆုံးကုထုံးဖြစ်ပါတယ်။




ေးဆိုင်ကောင်း

#အားလုံးအတွက်ဆေးဆိုင်ကောင်း

ဒီတန်ဆောင်တိုင်မှာ လူကြီးမိဘများကို ဂါဝရပြုဖို့ 🙏🙏🙏ကျွန်တော်တို့ GPP Pharmacy မှာ လူကြီးများအတွက် သင့်လျော်တဲ့ ကြက်ပေါင်...
18/10/2025

ဒီတန်ဆောင်တိုင်မှာ
လူကြီးမိဘများကို ဂါဝရပြုဖို့ 🙏🙏🙏
ကျွန်တော်တို့ GPP Pharmacy မှာ လူကြီးများအတွက် သင့်လျော်တဲ့

ကြက်ပေါင်း၊
အကိုက်အခဲပျောက်လိမ်း‌ဆေးအရည်/အဆီ၊
အာဟာရမှုန့်၊
အားဆေး၊
လူကြီး Diaper များကို ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။📣📣📣

"ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်အားလုံးအတွက် GPP Pharmacy ရှိနေပါတယ် "
*** ဆေးမှာယူရန် ***
📩 GPP Pharmacy Page Messenger (သို့)
☎ 09 - 888 0808 11
☎ 09 - 888 0808 33
☎ 09 - 888 0808 66
☎ 09 - 888 0808 77
☎ 09 - 693 0353 33
☎ 09 - 783 4034 13
🏥 လိပ်စာ - အမှတ်( ၇၄ )၊ ဇင်္ဂမလမ်းမကြီး၊ အနော်မာလမ်းနှင့် ထူပါရုံလမ်းကြား၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

ေးဆိုင်ကောင်း

#အားလုံးအတွက်ဆေးဆိုင်ကောင်း

😮‍💨 RSV Virus ဆိုတာ…!RSV (Respiratory Syncytial Virus) ဆိုတာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးလေးပါ။လ...
15/10/2025

😮‍💨 RSV Virus ဆိုတာ…!
RSV (Respiratory Syncytial Virus) ဆိုတာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးလေးပါ။ လူကြီးတွေမှာတော့ အအေးမိသလိုပဲဖြစ်တတ်ပေမယ့်…
👶 အသက်ငယ်တဲ့ကလေးလေးတွေ၊
👵 အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါရှိသူတွေမှာတော့ အဆုတ်ရောင်အထိ ပြင်းနိုင်တဲ့ ရောဂါ ဖြစ်တတ်ပါတယ်။

RSV ရဲ့ လက္ခဏာလေးတွေက 👇
နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ
အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
နှုတ်ခမ်း၊ လက်သည်း ပြာနှမ်းလာခြင်း
ကလေးလေးတွေမှာ အားနည်း၊ မနေပျော်ဖြစ်ခြင်း

ဘယ်လို ကာကွယ်ကြမလဲ? 🧼
✔️ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ
✔️ ကလေးအရုပ်နဲ့ တံခါးလက်ကိုင်တွေကို သန့်စင်ပါ
✔️ ဖျားနာသူနဲ့ နီးကပ်စွာမနေပါနဲ့
✔️ ချောင်းဆိုး၊ နှာချေတဲ့အခါ တံတောင်ကွေးနဲ့ အုပ်ပါ
သတိထားစရာ💡
RSV အတွက် တိကျတဲ့ ဆေးမရှိပါ။
အနားယူပါ၊ ရေဓာတ်ပြည့်ဝအောင်နေပါ။
အသက်ရှူကျပ်လာရင်တော့ ဆေးရုံသို့ ပြေးသွားပါ။



ေးဆိုင်ကောင်း

World Arthritis Day – October 12ဒီနေ့သည် အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) ရောဂါအကြောင်း အသိပညာပေးပြီး နာကျင်မှုဖြစ်သူမျာ...
12/10/2025

World Arthritis Day – October 12

ဒီနေ့သည် အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) ရောဂါအကြောင်း အသိပညာပေးပြီး နာကျင်မှုဖြစ်သူများကို အားပေးနှိုးဆော်သောနေ့ဖြစ်ပါသည်။

Arthritis သည် အဆစ်များတွင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် လှုပ်ရှားခက်ခဲခြင်းတို့ဖြစ်စေနိုင်သော ရောဂါအုပ်စုဖြစ်ပြီး အများဆုံးတွေ့ရသောအမျိုးအစားများမှာ –

🔹Osteoarthritis (OA): အရိုးနုများ ပွန်းပဲ့ခြောက်သွေ့ခြင်းကြောင့် ဖြစ်သည်။

🔹Rheumatoid Arthritis (RA): ကိုယ်ခံအားစနစ်မှားယွင်း၍ မိမိအဆစ်ကို တိုက်ခိုက်သော Autoimmune ရောဂါဖြစ်သည်။

👉 ကာကွယ်ရေးအချက်များ
- ကိုယ်အလေးချိန်ကို ထိန်းပါ။
- ရေကူးခြင်း၊ စက်ဘီးစီးခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။
- Omega-3, ကယ်လ်စီယမ်နှင့် ဗီတာမင် D ပါဝင်သော အစားအစာများ စားပါ။
- ဆေးလိပ်နှင့် အရက်ကို ရှောင်ပါ။
- အဆစ်များနာကျင်ခြင်းမသက်သာလျှင်၊ တောင့်တင်းခြင်း မပြေလျှင်
ဆရာဝန်နှင့် ပြသပါ။

အဆစ်ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် သက်ကြီးရွယ်အိုအရွယ်တွင် သက်သက်သာသာ နေထိုင်နိုင်စေပါသည်။😇


ေးဆိုင်ကောင်း

🔷Digital marketing staff (Male or Female) - 1 post• အထက်တန်းအထိတက်ရောက်ထားဖူးသူ ဖြစ်ရမည်။• Microsoft word, Excel နှင့်တခ...
11/10/2025

🔷Digital marketing staff (Male or Female) - 1 post
• အထက်တန်းအထိတက်ရောက်ထားဖူးသူ ဖြစ်ရမည်။
• Microsoft word, Excel နှင့်တခြား Digital Marketing Tools များကို အသုံးပြုတတ်ရမည်။
• Social Media Apps များကို ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
• Digital Marketing တွင် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ( ၁) နှစ်ရှိ သူဦးစားပေးမည်။
• Tik Tok posts များအတွက် Tik Tok Videos ကောင်းကောင်းရိုက်ပေးနိုင်သူဖြစ်ရမည်။
• Content & Advertising Video idea များအတွက် Teamwork လုပ်ဆောင်နိုင်သူဖြစ်ရမည်။
• Market Trend များကို စဉ်ဆက်မပြတ်လေ့လာနိုင်သူဖြစ်ရမည်။ Trendနဲ့အညီ ထိထိရောက်‌ရောက်ရေးသားနိုင်ရပါမည်။
• သွက်လက်တက်ကြွစွာလုပ်ကိုင်နိုင်သူဖြစ်ရမည်။
• အဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
အလုပ်ချိန် - 8:45am-6pm
အလုပ်နားရက် - Sunday and Public holidays
တည်နေရာ- သာကေတမြို့နယ်၊ ရန်ကုန်

🔷 Sales Admin ( Male / Female) – 1post
ပညာအရည်အချင်း 10 တန်း/10 တန်းအောင်/ ဘွဲ့ရ
၁။ Microsoft Word & Excel အသုံးပြုနိုင်ရမည်။
၂။ Documents များကို ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်းများ လုပ်ကိုင်ရမည်။
၃။ English / Myanmar Typing ရရမည်။
၄။ Social media handling, message and comments reply (FB / TikTok )
၅။ Creative ဖြစ်မည့် Content Post များကို နေ့စဉ်တင်နိုင်ရမည်။
၆။ Sales Admin အတွေ့အကြုံရှိသူ (သို့မဟုတ်) Sales Admin ပိုင်းစိတ်ပါ၀င်စားသူဖြစ်ရမည်။
တက်ကြွ သွက်လက်စွာ အလုပ်လုပ်မည့်သူဖြစ်ရပါမည်။ရိုးသားကြိုးစား၍ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
အလုပ်တည်နေရာ- သာကေတ
အလုပ်ချိန် - 8:45am- 6pm
အလုပ်နားရက် - Sunday and Public holidays Work from home မရပါ။

🔹ဆေးအရောင်းဝန်ထမ်း (Male/Female) - 2Post
၁။ ဆေးဝါးနှင့်ပက်သက်၍ သင်ယူလိုစိတ်ရှိရမည်။
၂။ Computer အခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
၃။ Customer service ကောင်းမွန်ရမည်။
၄။ အရောင်း Sales target ကိုစိတ်ဝင်စားရမည်။
၅။ အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်ပြီး သွက်သွက်လက်လက်ရှိရမည်။
၆။ အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။
၇။ ရုပ်ရည်သန့်ပြန့်ပြေပြစ်ရမည်။
၈။ အမှန်တကယ်အလုပ်ကိုစိတ်ပါဝင်စားသူဖြစ်ရမည်။
**သာကေတ၊ ဒေါပုံ အနီးတဝိုက်နေသူများဦးစားပေးပါမည်။**
Working Hr – 8:15 AM to 6:30 PM
Holidays – One day per week
Location - Thakayta Township

လျှောက်ထားလိုသူများအနေဖြင့်
📌 Email - gppygnmyanmar@gmail.com ( or )
📌 GPP Pharmacy Page Messenger ( or )
📌 GPP Pharmacy Phone
☎️ 09-888080811, 888080833, 888080866, 888080877 တို့မှ CV ပေးပို့လျှောက်ထားနိုင်သလို လူကိုယ်တိုင်လျှောက်ထားလိုပါက ဖော်ပြပါ GPP Pharmacy လိပ်စာအတိုင်း လာရောက်လျှောက်ထားနိုင်ပါတယ်။

📍လိပ်စာ - အမှတ် ( ၇၄ )၊ ဇင်္ဂမလမ်းမကြီး၊ အနော်မာလမ်းနှင့် ထူပါရုံလမ်းကြား၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။📍
လျှောက်ထားလိုသောရာထူးနှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို သိရှိလိုပါကလည်း GPP Pharmacy Page Messenger မှတဆင့်လည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။


ေးဆိုင်ကောင်း

📢📢📢GPP Pharmacy ရဲ့  Tiktok Channel လေးတွေ Follow လုပ်ပြီး ဖုန်းဘေလ်လက်ဆောင် ကံထူးသွားသူများကို ကြေညာပေးလိုက်ပါတယ် ခင်ဗျ...
10/10/2025

📢📢📢GPP Pharmacy ရဲ့ Tiktok Channel လေးတွေ Follow လုပ်ပြီး ဖုန်းဘေလ်လက်ဆောင် ကံထူးသွားသူများကို ကြေညာပေးလိုက်ပါတယ် ခင်ဗျာ။ 📢📢📢

Page Messenger မှာ ဖုန်းနံပါတ်လေး လာပြောပေးပါနော်။ 📞
ပါဝင်ပေးကြတဲ့ သူတစ်ဦးတစ်ယောက်ချင်းစီကို လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။😍😍

အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ……🙏🙏🙏


ေးဆိုင်ကောင်း

ယနေ့ကျရောက်သော မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် မိဘပြည်သူများအားလုံး  ကုသိုလ်ပွားများကာ ကျန်...
06/10/2025

ယနေ့ကျရောက်သော မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် မိဘပြည်သူများအားလုံး ကုသိုလ်ပွားများကာ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ GPP Pharmacy မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။🙏🙏🙏


ေးဆိုင်ကောင်း

📢📢GPP Pharmacy ဆိုင်ပိတ်ရက်ကြေညာခြင်း 📢📢  ၆.၁၀.၂၀၂၅ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်အား ဆိုင်ပိတ်ကြောင်း GPP Pharmacy ဆေးဆို...
05/10/2025

📢📢GPP Pharmacy ဆိုင်ပိတ်ရက်ကြေညာခြင်း 📢📢

၆.၁၀.၂၀၂၅ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်အား ဆိုင်ပိတ်ကြောင်း GPP Pharmacy ဆေးဆိုင်ကောင်းဆိုင်၏ မိတ်ဟောင်းမိတ်သစ်များအား လေးစားစွာဖြင့် အသိပေးအပ်ပါသည် ခင်ဗျာ။🙏🙏🙏


ေးဆိုင်ကောင်း

၃-၁၀-၂၀၂၅ ရက်နေ့တွင် ကျရောက်သော GPP Pharmacy ၏ ၃ နှစ်နဲ့၇လပြည့် အထိမ်းအမှတ်အနေဖြင့် ဆေးဆိုင်သို့ လာရောက်သော ဧည့်သည်များက...
03/10/2025

၃-၁၀-၂၀၂၅ ရက်နေ့တွင် ကျရောက်သော GPP Pharmacy ၏ ၃ နှစ်နဲ့၇လပြည့် အထိမ်းအမှတ်အနေဖြင့် ဆေးဆိုင်သို့ လာရောက်သော ဧည့်သည်များကို ဆီမီးဖယောင်းတိုင်များလှူဒါန်းဒါန ပြုခဲ့ပါသည်။🙏🙏🙏

သွားယိုယွင်းပျက်စီးခြင်း၏ တကယ့်အကြောင်းရင်းနှင့် ကာကွယ်နည်းများ😬🦷🦷သွားနဲ့ခံတွင်းကျန်းမာရေးဆိုတာ နေ့စဉ်စားသောက်မှုပုံစံနဲ...
29/09/2025

သွားယိုယွင်းပျက်စီးခြင်း၏ တကယ့်အကြောင်းရင်းနှင့် ကာကွယ်နည်းများ😬🦷🦷

သွားနဲ့ခံတွင်းကျန်းမာရေးဆိုတာ နေ့စဉ်စားသောက်မှုပုံစံနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ လူအများစုက "သကြားဓာတ်က သွားကိုပိုးစားစေတယ်" လို့ ထင်ကြပါတယ်။ တကယ်တော့ အချိုစားတဲ့ အကြိမ်ရေ က ပိုအရေးကြီးပါတယ်။

အချိုရည်နဲ့ အချိုများတဲ့ အစားအစာတွေကို စားပြီးတိုင်း ပါးစပ်ထဲမှာ အက်စစ်ဓာတ် ဖြစ်ပေါ်စေပြီး ဒီအက်စစ်က သွားကို ပျက်စီးစေပါတယ်။ ဒီအက်စစ်ဓာတ်တွေ ပျောက်သွားအောင် ချေဖျက်ရန်မှာ အနည်းဆုံး တစ်နာရီ ကြာမြင့်တတ်ပါတယ်။

သွားကျန်းမာရေးအတွက် ဘာတွေစားသင့်လဲ ❓
၁။ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာများ
သွားနဲ့အရိုးတွေ ခိုင်မာစေဖို့ ကယ်လ်စီယမ် နဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီတဲ့ ဗီတာမင် D က မရှိမဖြစ်ပါ။

👉ဘယ်လိုစားမလဲ? - နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်၊ ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ ဟင်းနုနွယ်လို အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

❤️ဘာကြောင့်ကောင်းတာလဲ? - သွားအပေါ်ယံကြွေလွှာ (Enamel) နဲ့ သွားဖုံးအရိုးတွေကို သန်မာစေပါတယ်။

၂။ Phosphorus ကြွယ်ဝတဲ့ အစားအစာများ
ကယ်လ်စီယမ်နဲ့အတူ လက်တွဲအလုပ်လုပ်ကာ သွားတွေကို ခိုင်မာစေတဲ့ သတ္တုဓာတ်ပါ။

👉ဘယ်လိုစားမလဲ? - ဥအမျိုးမျိုး၊ ငါး၊ အဆီမပါအသား၊ နို့ထွက်ပစ္စည်းတွေ၊ အခွံမာသီးတွေ စားပေးလို့ရပါတယ်။

၃။ ဗီတာမင် C နဲ့ Antioxidants ၏ အာနိသင်
ဗီတာမင် C က သွားဖုံးကျန်းမာရေးအတွက် အရေးပါပါတယ်။ သွားဖုံးသွေးယိုစိမ့်တာ၊ သွားဖုံးရောင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

👉ဘယ်လိုစားမလဲ? - လိမ္မော်သီး၊ သံပုယိုသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ စတာတွေ စားပေးပါ။

၄။ ရေဓာတ်ပြည့်ဝစေပြီး သဘာဝဆေးကြောပေးသော အစားအစာများ
ခံတွင်းထဲက ဘက်တီးရီးယားတွေနဲ့ အစားအကြွင်းအကျန်တွေကို သဘာဝအတိုင်းဆေးကြောပေးနိုင်တဲ့ အစားအစာတွေရှိပါတယ်။
- ရေ - ရေက ခံတွင်းကို စိုစွတ်စေပြီး အက်ဆစ်ဓာတ်နဲ့ ဘက်တီးရီးယားတွေကို ပြန်လည်ဆေးကြောပေးနိုင်ပါတယ်။
- အသီးအရွက်ကြမ်းများ - ပန်းဂေါ်ဖီအစိမ်း၊ ဆလတ်ရွက်၊ သခွားသီးတို့လို အရည်ရွှမ်းပြီး ဝါးစားရတဲ့ အသီးအရွက်တွေက သွားတွေကို သဘာဝအတိုင်း ပွတ်တိုက်သန့်စင်ပေးသလို သွားရည်ထွက်မှုကိုလည်း အားပေးပါတယ်။
- ပန်းသီး - "သဘာဝသွားတိုက်တံ"လို့တောင် တင်စားကြတဲ့ ပန်းသီးကို နေ့လည်စာစားပြီး သွားတိုက်ဖို့အချိန်မရခိုက် စားပေးသင့်ပါတယ်။

သွားကို ဘယ်လိုကာကွယ်မလဲ ⁉
▪ အချိုစားချင်ရင် ထမင်းစားချိန်နဲ့တစ်ခါတည်း စားပါ။
▪ အစာစားပြီးတိုင်း သကြားမပါတဲ့ ပီကေ ဝါးပေးပါ (သို့) ရေ သောက်ပေးပါ။ ဒါဟာ အက်စစ်ဓာတ်ကို မြန်မြန်ချေဖျက်ပေးနိုင်ပါတယ်။
▪ ဂက်စ်ပါအချိုရည်များ၊ အသီးဖျော်ရည်များ၊ ဝိုင်များ ကို ရှောင်ပါ။ ဒါတွေက သွားကြွေလွှာကို တိုက်ရိုက်ပျက်စီးစေနိုင်ပါတယ်။

❌ ဘာတွေရှောင်သင့်လဲ❓
▪ သကြားဓာတ်များသော အစားအစာနှင့် အချိုရည်များ - ဘက်တီးရီးယားတွေရဲ့ အာဟာရဖြစ်ပြီး အက်ဆစ်ထွက်ကာ သွားပိုးစားနိုင်ပါတယ်။
▪ အချဉ်ဓာတ်များသော အစားအစာများ - သွားကြွေလွှာကို ပျော့သွားစေနိုင်ပါတယ်။ (စားပြီးချက်ချင်း ရေသောက်ပါ/ငုံထားပါ)
▪ ကပ်စေးနှဲသော အစားအစာများ - ကွတ်ကီး၊ သစ်သီးခြောက်၊ ချိုးချဉ် စတာတွေက သွားမျက်နှာပြင်မှာ ကပ်ငြိနေတတ်ပါတယ်။

📌ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားနဲ့ခံတွင်းအတွက် အဓိကကျတဲ့ အချက်
☑️ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့ နှစ်ကြိမ် မှန်မှန်တိုက်ပါ။(ညအိပ်ရာမဝင်ခင် သွားတိုက်တာကို ဘယ်တော့မှ မမေ့ပါနဲ့။)
☑️ တစ်နေ့ကို ရေ ၈ ခွက်သောက်ပေးပါ။ ခံတွင်းခြောက်တာက ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးရာရောက်ပါတယ်။
☑️ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။
☑️ ပုံမှန်သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပြသပါ။

📍သွားပျက်စီးမှ ပြုပြင်တာထက် မပျက်စီးခင် ဂရုစိုက်တာ ပိုကောင်းပါတယ်။ 📍နေ့စဉ် သွားနှင့် သွားဖုံးကို သန့်ရှင်းပြီး ၆ လတစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးမှုပြုလုပ်ခြင်းက သင့်ကို ကျန်းမာသန်စွမ်းတဲ့ သွားများနှင့် ဘဝတစ်သက်တာ ပိုင်ဆိုင်စေမှာပါ။*


ေးဆိုင်ကောင်း

မင်းရဲ့အနာဂတ်ကို ရွေးချယ်ပါ။ World Contraception Day 🎯မင်းရဲ့ ဘဝ၊ မင်းရဲ့ ရွေးချယ်မှု၊ မင်းရဲ့ အနာဂတ်။ ဒါတွေအားလုံးကို ...
26/09/2025

မင်းရဲ့အနာဂတ်ကို ရွေးချယ်ပါ။ World Contraception Day 🎯

မင်းရဲ့ ဘဝ၊ မင်းရဲ့ ရွေးချယ်မှု၊ မင်းရဲ့ အနာဂတ်။ ဒါတွေအားလုံးကို သင်ယုံကြည်ချင်တဲ့အချိန်မှာ စတင်နိုင်ဖို့ ကြိုတင်ကာကွယ်ခြင်းရဲ့ အစွမ်းသတ္တိက အံ့သြစရာပါပဲ။ စက်တင်ဘာ ၂၆ ရက်နေ့ဟာ World Contraception Day (ကမ္ဘာ့ကိုယ်ဝန်တားဆေးနေ့) အဖြစ် သတ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မိသားစုစီမံကိန်းချခြင်းနဲ့ တာဝန်ယူမှုရှိသော ရွေးချယ်မှုများအကြောင်း ကမ္ဘာတစ်ဝှမ်း အသိပညာမျှဝေတဲ့နေ့ပဲ ဖြစ်ပါတယ်။

ဒါကကျွန်တော်တို့နဲ့ ဘာဆိုင်လိုလ❓
မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ၊ စုံတွဲတွေအနေနဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းဟာ ပညာရေး၊ အိမ်ထောင်ရေးနဲ့ နိုင်ငံရဲ့ စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်တဲ့ ကာကွယ်နည်းလမ်းတွေကို ရွေးချယ်နိုင်ခြင်းဟာ -
✅ သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ရယူနိုင်ခြင်း
✅ ကျန်းမာတဲ့ ကိုယ်ဝန်ကို စီမံကိန်းချပြီး ရယူနိုင်ခြင်း
✅ STIs (လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ) မှ ကာကွယ်နိုင်ခြင်း တို့ကို ဖြစ်စေပါတယ်။

ဘယ်လိုနည်းလမ်းတွေရှိလဲ? (အနည်းငယ်ပဲ ဖော်ပြပါမယ်)
📌 သောက်ဆေး (The Pill)
📌 ထိုးဆေး (Injections)
📌 လက်မောင်းထည့်တားဆေး (Implant)
📌 ကွန်ဒုံး (Condoms) - STIs ကနေပါ ကာကွယ်နိုင်တယ်နော်!

ဘာကိုရွေးချယ်ရမှန်း မသေချာဘူးလား?
ဒါဟာ ပုံမှန်ဖြစ်စဉ်ပါ။ ဆရာဝန် သို့မဟုတ် သင့်ရဲ့ အနီးအနားက ယုံကြည်စိတ်ချရတဲ့ ဆေးဝါးပညာရှင် (Pharmacist) နဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာ အကောင်းဆုံးသော ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။

မင်းရဲ့အနာဂတ်က မင်းရဲ့လက်ထဲမှာပါ။ 💪 သေချာတာကတော့ ဗဟုသုတအမှန်နဲ့ဆိုရင် မင်းဘယ်အရာကိုမဆို ရင်ဆိုင်နိုင်မယ်!


ေးဆိုင်ကောင်း

Address

No. (74), ZinGaMa Street , Bet. ANawMar & HtuParYone Sts. , TharKeTa Tsp. , Myanmar. (Zip. 11231)
Yangon
11181

Alerts

Be the first to know and let us send you an email when GPP Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to GPP Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram