Citta Consultancy - Psychological Services

Citta Consultancy - Psychological Services Citta Consultancy provides psychological consulting services and wellness programs for Myanmar People We design programs to develop your human capital.

Citta Consultancy provide trainings, research and consultation on human behavior and change processes.

💙2026 March လ စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရ...
01/03/2026

💙2026 March လ စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00

ကလေးတွေဟာ ဖန်တီးမှုကနေ တဆင့် စကားပြောတတ်ကြပါတယ်။ 💕👶ဖေဖေမေမေတို့အနေနဲ့ ကလေးတွေရဲ့ ဖန်တီးတတ်တဲ့ စွမ်းရည်ကို မွေးရာပါ အရည်ခ...
01/03/2026

ကလေးတွေဟာ ဖန်တီးမှုကနေ တဆင့် စကားပြောတတ်ကြပါတယ်။ 💕👶
ဖေဖေမေမေတို့အနေနဲ့ ကလေးတွေရဲ့ ဖန်တီးတတ်တဲ့ စွမ်းရည်ကို မွေးရာပါ အရည်ချင်းတခု လို့ထင်နေကြပေမဲ့ တကယ်တော့ ဒါကို ပြုစုပျိုးထောင်ပေးဖို့ကလည်း သိပ်ကို အရေးကြီးပါတယ်။ အထူးသဖြင့် အသက် ၈ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးလေးတွေရဲ့ ဖွံဖြိုးမှုတွေ ပိုမိုအားကောင်းလာစေဖို့ဆိုရင် ဖန်တီးမှုလေးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ ဖန်တီးမှုက ကလေးလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုကူညီပေးနိုင်လဲ?

(၁) ခံစားချက်တွေကို ဖော်ပြတတ်လာမယ်
ဖန်တီးမှုကတစ်ဆင့် ကလေးတွေဟာ မိမိခံစားနေရတဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို အနုပညာနဲ့ ဖော်ပြတတ်လာပါတယ်။ တနည်းအားဖြင့် ရင်ထဲက မွန်းကြပ်မှုတွေကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖော်ထုတ်နိုင်တာကြောင့် စိတ်သက်သာရာရစေသလို စိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင်မကပဲ "တစုံတခုကို ဖန်တီးနိုင်တယ်" ဆိုတဲ့ ခံစားချက်က ကလေးရဲ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုကို တိုးတက်စေပါတယ်။
(၂) လူမှုဆက်ဆံရေး အားကောင်းလာမယ်
ကလေးတွေဟာ ဖန်တီးမှုတွေကို အဖွဲ့လိုက် လုပ်ဆောင်ဖြစ်ရာကနေ ကိုယ့်ရဲ့ စိတ်ကူးတွေကို တခြားသူ နားလည်အောင် ဘယ်လိုဖော်ပြရမလဲဆိုတာ သိလာတဲ့အပြင် တခြားသူတွေရဲ့ ဖန်တီးမှုကို ကြည့်ပြီး တဖက်လူရဲ့ အမြင်နဲ့ ခံစားချက်ကို စာနာမှုနဲ့ လေးစားတတ်လာပါတယ်။ ဒါတင်မကပဲ အသင်းအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး အလုပ်လုပ်တတ်တဲ့ အလေ့အကျင့် ရလာနိုင်ပါတယ်။
(၃) အတွေးခေါ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ရင့်သန်လာမယ်
ဖန်တီးမှုတွေဟာ ကလေးတွေရဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို ပိုမို အားကောင်းစေနိုင်ပါတယ်။ ဖန်တီးမှုတစ်ခု ပြီးဆုံးအောင် လုပ်ဆောင်ခြင်းက ကလေးရဲ့ အာရုံစူးစိုက်မှု ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ကူးစိတ်သန်းတွေကို အကောင်းဆုံး ပုံဖော်တတ်လာတာကြောင့် သင်ယူမှုအပိုင်းမှာလည်း ပိုမို ထိရောက်လာစေပါတယ်။
ဒါ့ကြောင့် ဖန်တီးမှုစွမ်းရည် မြင့်မားတဲ့ကလေးတွေဟာ သင်ခန်းစာတွေကို ပိုမို လျင်မြန်စွာ နားလည်နိုင်သလို၊ ဘဝရဲ့ စိန်ခေါ်မှုတွေကိုပါ ရဲဝံ့စွာ ရင်ဆိုင်နိုင်ကြပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ဖန်တီးမှုတွေကို အမှားအမှန် မဝေဖန်ဘဲ "လွတ်လပ်စွာ ဖော်ပြခွင့်" ပေးတာက ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ 🍀✨

အားလုံးပဲ မင်္ဂလာပါ။ စိတ္တရဲ့ ဖေဖော်ဝါရီလအတွက် newsletter လေး ထွက်ရှိလို့လာပါပြီ။ဒီတခေါက်မှာတော့ ချစ်သူသမီးရည်းစားဆက်ဆံရ...
28/02/2026

အားလုံးပဲ မင်္ဂလာပါ။ စိတ္တရဲ့ ဖေဖော်ဝါရီလအတွက် newsletter လေး ထွက်ရှိလို့လာပါပြီ။ဒီတခေါက်မှာတော့ ချစ်သူသမီးရည်းစားဆက်ဆံရေးတွေ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ကြရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်ခံစားရတာတွေကို အတတ်နိုင်ဆုံးလျော့နည်းစေနိုင်တဲ့ ကျန်းမာတဲ့ ကိုင်တွယ်နည်းတွေကို ဆောင်ရန်ရှောင်ရန်များနှင့်တကွ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

📣 ဖေဖော်ဝါရီလအတွက် စိတ္တရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိ...
20/02/2026

📣 ဖေဖော်ဝါရီလအတွက် စိတ္တရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️
👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိတ်ညစ်ညူးစရာ ခံစားချက်တွေ၊ အတွေးတွေကို အတူတူပစ်ကြရအောင်!
👉ကျွန်တော်တို့ရဲ့ စိတ်နဲ့ အတွေးတွေထဲမှာလည်း နေ့တဓူဝ စိတ်ညစ်ညူးစရာတွေ၊ မကောင်းတဲ့ သတင်းစကားတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စွန့်ပစ်ဖို့ လိုအပ်တဲ့အတွေးတွေ၊ သူများက ကိုယ့်အတွေးထဲကို လာထည့်သွားတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို လက်ခံနေရတတ်ပါတယ်။
👆ဒီစိတ်ထဲ၊ အတွေးထဲ မှာရှိတဲ့ အမှိုက်တွေကိုရော ပုံမှန် ပစ်ကြရဲ့လား?
🙌 သင့်အနေနဲ့ စိတ်ထဲ အတွေးထဲမှာရှိနေပြီး စွန့်ပစ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို စွန့်ပစ်ချင်တယ် ဆိုရင်တော့ လာမယ့်အပတ် သောကြာနေ့၊ ည(၇) နာရီမှာ ပြုလုပ်မယ့် Citta ရဲ့ "အမှိုက်ပုံး" အစီအစဉ်လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။‼️
‼️ဒီအစီစဉ်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်ပေမယ့်လည်း၊ ပါဝင်မယ့်သူများကတော့ စည်းကမ်းချက်တစ်ခုကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။
🙌 ဒါကတော့ "အမှိုက်တွေကို အိမ်ပြန်သယ်မသွားပါနဲ့"။ ဟုတ်ပါတယ်။ သင့်အမှိုက်ပဲဖြစ်ဖြစ်၊ အခြားပါဝင်ကြတဲ့သူတွေရဲ့ အမှိုက်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ အမှိုက်ကိုမှ ဒီအစီစဉ်ကနေ ပြန်မသယ်သွားကြပါနဲ့နော်။‼️
✅ ဒီအစီစဉ်မှာတော့ ခံစားချက်တွေကို ရင်ဖွင့်လို့ရမယ်၊ အချင်းချင်းလည်း နားထောင်ပေးရင်း အားပေးလို့ရမယ်ဆိုတော့ အခုပဲ Register လုပ်လိုက်တော့နော်။ 👇

https://forms.gle/pLFSFXa8vDRGeCQ89
📅 27th, February , 2026 (Friday )
🕖 7PM

ဖေဖော်ဝါရီလမှာ အချစ်ရေးကြောင့် ခံစားနေရတဲ့ စိတ်အဆင်မပြေမှုတွေကို ကုစားနိုင်ဖို့ Citta ကနေစကားလုံးတွေရဲ့ပါဝါကိုအသုံးပြုပြ...
19/02/2026

ဖေဖော်ဝါရီလမှာ အချစ်ရေးကြောင့် ခံစားနေရတဲ့ စိတ်အဆင်မပြေမှုတွေကို ကုစားနိုင်ဖို့ Citta ကနေစကားလုံးတွေရဲ့ပါဝါကိုအသုံးပြုပြီး စိတ်ခံစားချက်တွေကောင်းမွန်ပေါ့ပါးစေဖို့အတွက် poetry workshop လေးတစ်ခုကို စီစဉ်ထားပါတယ်။ 🥳📝
“ပစ္စုပ္ပန်ရဲ့ စကားလုံးများမှသည် အနာဂါတ်ခွန်အားဆီသို့" poetry worksho ကိုလာမယ့် စနေနေ့ စိတ္တရန်ကုန် နှင့် မန္တလေးရုံးများမှာ တပြိုင်တည်းပြုလုပ်သွားမှာဖြစ်လို့ Registration မပိတ်ခင်အမြန်ဆုံးလာရောက် စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါရစေ။ ⏳🍀

ပစ္စုပ္ပန်ရဲ့ စကားလုံးများမှသည် အနာဂါတ်ခွန်အားဆီသို့"💕📝

လူမှန်ရင်အချစ်နဲ့မကင်းဆိုသလိုပဲလူ့ဘဝမှာ ချစ်ခြင်းမေတ္တာက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ချစ်ခြင်းမေတ္တာလို့ ဆိုလိုက်ရင် သားသမီးနဲ့မိဘကြား၊ မောင်နှမတွေကြား၊ ချစ်သူရည်းစားအိမ်ထောင်ဘက်တွေကြားသူငယ်ချင်းတွေကြား၊ တစ်ခါတစ်ရံ နာမည်တပ်မထားတဲ့ဆက်ဆံရေးတွေကြားထဲ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာလူအချင်းချင်းကြားထဲက လူတစ်ဦးနဲ့တစ်ဦးထားရှိတဲ့ ကြိုးကလေး ဖြစ်တာကြောင့် စိတ်နှလုံးတွေကိုသိမ်မွေ့စေနိုင်သလို ၊ လူအချင်းချင်းဆက်ဆံရေးတွေမှာဖြစ်တတ်တဲ့ ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေကြောင့်လည်း စိတ်မှာနာကျင်ခံစားလာရတတ်ပါတယ်။

အချစ်ရေးမှာဘာတွေကြောင့်အဆင်မပြေဖြစ်ရလဲ နားလည်မှုတွေလွဲလို့လား၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အခြေအနေတွေ မတူညီလို့လား၊ပြောရမယ့်စကားတွေမပြောဖြစ်လို့လား၊ ဘယ်လို အကြောင်းတွေ‌ကြောင့်ပဲဖြစ်ဖြစ် ဒီခံစားချက်တွေဟာ ကိုယ့်ဘဝရဲ့တခြားအစိတ်အပိုင်းတွေကိုပါသက်ရောက်လာတတ်ပြီး မကုစားပဲ ပစ်ထားမိရင်စိတ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်စေပါတယ်။

ဒီလို အချစ်ရေးအဆင်မပြေမှုတွေကြောင့် ခံစားနေရတဲ့ဝေဒနာတွေကို ကုစားနိုင်ဖို့ Citta ကနေစကားလုံးတွေရဲ့ပါဝါကိုအသုံးပြုပြီး poetry workshop လေးတစ်ခုကို ရန်ကုန်နှင့် မန္တလေးမှာ တစ်ပြိုင်တည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ workshop ကို Citta ရဲ့ အတွေ့အကြုံရှိတဲ့ Counselor များမှ ဦးဆောင်လမ်းညွှန်ပေးသွားမှာဖြစ်လို့ poetry နဲ့ ရင်းနှီးမှုမရှိလည်း ပါဝင်နိုင်ပါတယ်။✨🥳

မှတ်ချက်။ ။ Workshop မှာ ပါဝင်ဖို့ ကဗျာစပ်တတ်စရာ၊ စာရေးတတ်စရာ မလိုပဲ စိတ်အားထက်သန်မှုသာလိုအပ်ပါတယ်ဆိုတာလည်း သတင်းကောင်းပါးလိုက်ချင်ပါတယ်။ 💕📝🍀

အချိန်။ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ။ စိတ္တရန်ကုန်ရုံး နှင့် စိတ္တမန္တလေးရုံး
နေ့ရက်။ ၂၁ ဖေဖော်ဝါရီလ ၂၀၂၆
ဝင်​ကြေး။ ၂၅၅၀၀ ကျပ်
Registration Link: https://forms.gle/Wyow51YvLUhVnxGm9

#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

Valentine’s Day (ချစ်သူများနေ့) ဆိုတာ ကိုယ်ချစ်တဲ့သူတိုင်းကို ရည်ရွယ်တာဖြစ်ပါတယ်။ အဲ့အတွက် ကိုယ်ချစ်တဲ့သူတွေနဲ့ဆက်ဆံရေးဖ...
14/02/2026

Valentine’s Day (ချစ်သူများနေ့) ဆိုတာ ကိုယ်ချစ်တဲ့သူတိုင်းကို ရည်ရွယ်တာဖြစ်ပါတယ်။

အဲ့အတွက် ကိုယ်ချစ်တဲ့သူတွေနဲ့ဆက်ဆံရေးဖြစ်တဲ့ သမီးရည်းစားဆက်ဆံရေး (Romantic Relationship) မိဘနဲ့သားသမီးဆက်ဆံရေး (Family Relationship) သူငယ်ချင်းဆက်ဆံရေး (Friendship) တွေမှာ တွေ့ရလေ့ရှိတဲ့ ခွင့်လွှတ်ခြင်း (Forgiveness) အကြောင်းကို ဆရာမနန်းကြည်ပြာမော်မှ ဆွေးနွေးပေးထားတာကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Video အပြည့်အစုံကို အောက်ပါလင့်မှာ ကြည့်ရှူနိုင်ပါတယ်။
https://youtu.be/QYb__lgqAOg?si=OI8K_coxHkfi5KRr

အားလုံးပဲ မင်္ဂလာပါ။ပျော်ရွင်စရာ ကလေးများနေ့ ဖြစ်ပါစေ။ 🌈ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ကြီးပြင်းနိုင်ကြဖို့ပညာရေးသာမကဘဲ ...
13/02/2026

အားလုံးပဲ မင်္ဂလာပါ။
ပျော်ရွင်စရာ ကလေးများနေ့ ဖြစ်ပါစေ။ 🌈

ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ကြီးပြင်းနိုင်ကြဖို့ပညာရေးသာမကဘဲ ချစ်ခြင်းမေတ္တာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ နားလည်ယုံကြည်ပေးမှုတွေ လိုအပ်ပါတယ်။ ဒါမှသာ ဘက်စုံထူးချွန်ပြီး ယုံကြည်မှုရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ လူကြီးတွေဖြစ်လာနိုင်ကြမှာ ဖြစ်ပါတယ်။🧠💪

စိတ္တအနေနဲ့လည်း ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးပေးဖို့ အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။✨

ကလေးတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင် ကမ္ဘာတစ်ခု ဖန်တီးရာမှာ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဒီနေ့လေးမှာ တိုက်တွန်းလိုက်ရပါတယ်။💕

ပစ္စုပ္ပန်ရဲ့ စကားလုံးများမှသည် အနာဂါတ်ခွန်အားဆီသို့"💕📝လူမှန်ရင်အချစ်နဲ့မကင်းဆိုသလိုပဲလူ့ဘဝမှာ ချစ်ခြင်းမေတ္တာက အရေးပါတဲ...
07/02/2026

ပစ္စုပ္ပန်ရဲ့ စကားလုံးများမှသည် အနာဂါတ်ခွန်အားဆီသို့"💕📝

လူမှန်ရင်အချစ်နဲ့မကင်းဆိုသလိုပဲလူ့ဘဝမှာ ချစ်ခြင်းမေတ္တာက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ချစ်ခြင်းမေတ္တာလို့ ဆိုလိုက်ရင် သားသမီးနဲ့မိဘကြား၊ မောင်နှမတွေကြား၊ ချစ်သူရည်းစားအိမ်ထောင်ဘက်တွေကြားသူငယ်ချင်းတွေကြား၊ တစ်ခါတစ်ရံ နာမည်တပ်မထားတဲ့ဆက်ဆံရေးတွေကြားထဲ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာလူအချင်းချင်းကြားထဲက လူတစ်ဦးနဲ့တစ်ဦးထားရှိတဲ့ ကြိုးကလေး ဖြစ်တာကြောင့် စိတ်နှလုံးတွေကိုသိမ်မွေ့စေနိုင်သလို ၊ လူအချင်းချင်းဆက်ဆံရေးတွေမှာဖြစ်တတ်တဲ့ ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေကြောင့်လည်း စိတ်မှာနာကျင်ခံစားလာရတတ်ပါတယ်။

အချစ်ရေးမှာဘာတွေကြောင့်အဆင်မပြေဖြစ်ရလဲ နားလည်မှုတွေလွဲလို့လား၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အခြေအနေတွေ မတူညီလို့လား၊ပြောရမယ့်စကားတွေမပြောဖြစ်လို့လား၊ ဘယ်လို အကြောင်းတွေ‌ကြောင့်ပဲဖြစ်ဖြစ် ဒီခံစားချက်တွေဟာ ကိုယ့်ဘဝရဲ့တခြားအစိတ်အပိုင်းတွေကိုပါသက်ရောက်လာတတ်ပြီး မကုစားပဲ ပစ်ထားမိရင်စိတ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်စေပါတယ်။

ဒီလို အချစ်ရေးအဆင်မပြေမှုတွေကြောင့် ခံစားနေရတဲ့ဝေဒနာတွေကို ကုစားနိုင်ဖို့ Citta ကနေစကားလုံးတွေရဲ့ပါဝါကိုအသုံးပြုပြီး poetry workshop လေးတစ်ခုကို ရန်ကုန်နှင့် မန္တလေးမှာ တစ်ပြိုင်တည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ workshop ကို Citta ရဲ့ အတွေ့အကြုံရှိတဲ့ Counselor များမှ ဦးဆောင်လမ်းညွှန်ပေးသွားမှာဖြစ်လို့ poetry နဲ့ ရင်းနှီးမှုမရှိလည်း ပါဝင်နိုင်ပါတယ်။✨🥳

မှတ်ချက်။ ။ Workshop မှာ ပါဝင်ဖို့ ကဗျာစပ်တတ်စရာ၊ စာရေးတတ်စရာ မလိုပဲ စိတ်အားထက်သန်မှုသာလိုအပ်ပါတယ်ဆိုတာလည်း သတင်းကောင်းပါးလိုက်ချင်ပါတယ်။ 💕📝🍀

အချိန်။ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ။ စိတ္တရန်ကုန်ရုံး နှင့် စိတ္တမန္တလေးရုံး
နေ့ရက်။ ၂၁ ဖေဖော်ဝါရီလ ၂၀၂၆
ဝင်​ကြေး။ ၂၅၅၀၀ ကျပ်
Registration Link: https://forms.gle/Wyow51YvLUhVnxGm9

#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

💔 Relationship တွေ ဘာကြောင့်  ပြတ်စဲကြတာလဲ?Relationship တစ်ခု ပြတ်စဲသွားတာဟာ အချစ်တွေ လျော့နည်းသွားတာ တစ်ခုတည်းကြောင့် မ...
04/02/2026

💔 Relationship တွေ ဘာကြောင့် ပြတ်စဲကြတာလဲ?
Relationship တစ်ခု ပြတ်စဲသွားတာဟာ အချစ်တွေ လျော့နည်းသွားတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ့်အတွင်းစိတ်မှာ ရှိနေတဲ့ လှစ်ဟာမှုတွေ၊ ဖွင့်မပြောဖြစ်တဲ့ နာကျင်မှုတွေ စုပုံလာတဲ့အခါ Relationship မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဘယ်လိုအကြောင်းရင်းတွေက Relationship တွေ ပြတ်စဲတဲ့အထိ ဖြစ်စေနိုင်တာလဲ?

(၁) ချိတ်ဆက်မှု အားနည်းလာခြင်း
သူစိမ်းနှစ်ဦး ပေါင်းစပ်ကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး အဖုအထစ်တွေ၊ စိတ်မကျေနပ်ချက်တွေနဲ့ သဘောထားမတိုက်ဆိုင်မှုတွေက ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒါတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောဘဲ သိမ်းဆည်းထားရာက နောက်ပိုင်းမှာ အစိုင်အခဲ ဖြစ်လာပြီး တစ်ဦးနဲ့ တစ်ဦး အပြစ်မြင်လာတာ၊ တဖြေးဖြေးနဲ့ ဝေးကွာလာတာမျိုး ဖြစ်တတ်ပါတယ်။

(၂) စိတ်ဒဏ်ရာရဲ့ သက်ရောက်မှု
ကလေးဘဝရဲ့ စိတ်ဒဏ်ရာ၊ မိဘရဲ့ အုပ်ထိန်းမှုကနေတဆင့် ရခဲ့တဲ့ ချစ်ခြင်းမေတ္တာ ဆိုင်ရာ ခံစားချက်တွေအပြင် အရင် relationship တွေကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာရဲ့ သက်ရောက်မှုတွေကလည်း လက်ရှိ Relationship ကို တည်ဆောက်ရာမှာ များစွာ လွှမ်းမိုးမှု ရှိနေတာကြောင့် ဒါတွေကို သတိပြုမိဖို့ လိုပါတယ်။

(၃) စည်းဘောင်ကျော်တဲ့ ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်ရဲ့ အတိမ်အနက်ကြောင့် ပေးဆပ်မှုတွေ လွန်ကဲလာတဲ့အခါ ကိုယ့်ကိုယ်တိုင် မသိလောက်အောင် စည်းဘောင်တွေ ကျော်သွားနိုင်ပါတယ်။ ဒီအချိန်မှာ လိုတာထက် ပိုပြီး အစစအရာရာ လိုက်လျောမိတာ၊ ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့ ဖက်တွယ်မိရာကနေ အချိန်ကြာလာတာနဲ့အမျှ စိတ်ပင်ပန်းလာပြီး စွန့်ခွာခြင်းကို ဦးတည်ဖို့ ဖြစ်လာနိုင်ပါတယ်။

(၄) တစ်ဦးတည်း မျှော်လင့်နေမိခြင်း
Relationship ဆိုတာ နှစ်ဦးသဘောတူ ရှေ့ဆက်ကြတဲ့ ချိတ်ဆက်မှု တစ်ခု ဆိုပေမဲ့ တခါတရံမှာ ကိုယ်ကပဲ အနာဂတ်အတွက် ပုံဖော်နေတယ်၊ ကိုယ်ကပဲ မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်နေပေမဲ့ တဖက်လူက စိတ်အားဖြင့် လိုက်ပါမလာတော့တဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ တဖက်သက်ဆန်တဲ့ ခံစားချက်တွေနဲ့ ရှင်သန်ရင်း နာကျင်ရတာကလည်း Relationship တွေကို စိတ်ကုန်တဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။

ဒီအချက်တွေကြောင့် သင့်ရဲ့ Relationship မှာ ပြဿနာတချို့ ရှိနေပြီဆိုရင် ကိုယ့်ကိုယ့်ကိုယ် ပြန်သတိပြုမိဖို့ လိုသလို ကိုယ့်ရဲ့ Relationship ကိုလည်း ပြန်လည်သုံးသပ်ဖြစ်ဖို့ လိုပါတယ်။

✨ Heal first, then love.
✨ A healthy relationship starts with self-awareness.
#စိတ်ကျန်းမာရေးအတွက်စိတ္တ #စိတ္တ

💙2026 February လ စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို ...
01/02/2026

💙2026 February လ စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00

ဒီနေ့မှာ စိတ္တ Consultancy မှ The Red Tent  မှ ညီအစ်မများနဲ့အတူ  ၂၀၂၅ ခုနှစ်အတွင်း ကျော်ဖြတ်လာခဲ့တဲ့ အခက်အခဲတွေ သင်ယူလေ့...
31/01/2026

ဒီနေ့မှာ စိတ္တ Consultancy မှ The Red Tent မှ ညီအစ်မများနဲ့အတူ ၂၀၂၅ ခုနှစ်အတွင်း ကျော်ဖြတ်လာခဲ့တဲ့ အခက်အခဲတွေ သင်ယူလေ့လာခဲ့သမျှတွေကို ပြန်လည်သုံးသပ်ပြီး ၂၀၂၆ ခုနှစ်အတွက် ကိုယ်တိုင်ရည်မှန်းချက်တွေကို ချမှတ်ရင်း Vision Board 2026 ကို Women Transforming Myanmar ရုံးခန်းမှာ အတူတူဖန်တီးခဲ့ကြပါတယ်။
အချိန်ပေးပြီး စိတ်ပါလက်ပါ လာရောက်ပါဝင်ခဲ့ကြသူတွေအားလုံးကို စိတ္တကနေ အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးအတွက် ပျော်ရွင်အားတက်ဖွယ်ရာ အတွေ့အကြုံတစ်ခုရခဲ့လိမ့်မယ်လို့ မျှော်လင့်ရင်း နောက်လာမယ့်နှစ်မှာလည်း စိတ်ခံစားချက်တွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်စေဖို့ အားပေးအထောက်အကူဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959960989551

Alerts

Be the first to know and let us send you an email when Citta Consultancy - Psychological Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Citta Consultancy - Psychological Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Citta Consultancy was founded in 2014 and company registration within Myanmar completed in September 2017. The purpose of Citta Consultancy is to shift paradigms for the heart/mind of individuals and organizations so that they can resolve and heal, transform, and grow to their fullest potential. We accomplish this through seminars and workshops, creativity and design thinking, cultural brokerage, consultation, and qualitative assessments, conducting training, research and consultation on human behavior and change processes, and design and implementation of wellness programs to transform and develop organizations’ and communities’ most valuable assets – the human and social capital. Our website is http://cittaconsultancy.com.

Applying Scaffolding Services, our consultation and training target resolution of human problems, transformation of systemic cultures, and growth of your creative potentials. Each consultation and workshop is tailored to your specific needs. We provide initial assessment and follow up evaluations to assure the gains are enduring. Click on the links below to learn more:

  • Resolution

  • Transformation