Citta Consultancy - Psychological Services

Citta Consultancy - Psychological Services Citta Consultancy provides psychological consulting services and wellness programs for Myanmar People We design programs to develop your human capital.

Citta Consultancy provide trainings, research and consultation on human behavior and change processes.

💙2026 January လ စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သ...
01/01/2026

💙2026 January လ စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00




နှစ်သစ်မှာ မိသားစု သူငယ်ချင်း မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင...
01/01/2026

နှစ်သစ်မှာ မိသားစု သူငယ်ချင်း မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ လုံခြုံအေးချမ်းပါစေကြောင်း စိတ္တမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

စိတ္တရဲ့ ဒီဇင်ဘာလအတွက် newsletter လေးထွက်ရှိလို့လာပါပြီ။ ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးဖြစ်တဲ့ အခုလမှာတော့ လာမယ့် ၂၀၂၆ နှစ်သစ်...
31/12/2025

စိတ္တရဲ့ ဒီဇင်ဘာလအတွက် newsletter လေးထွက်ရှိလို့လာပါပြီ။ ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးဖြစ်တဲ့ အခုလမှာတော့ လာမယ့် ၂၀၂၆ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်ရွင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် မိမိတို့ရဲ့ စိတ်တွေကို စိတ်ညစ်စရာ စိတ်ပင်ပန်းစရာများမှ ကင်းဝေးပြီး စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးကင်းစင်အောင် ဘယ်လိုမျိုး Detox လုပ်ရမလဲဆိုတာနဲ့ mental health detoxing ကနေရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရှိအောင် ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကူးအချိန်အခါလေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း နောက်နှစ်မှာ ပြန်ဆုံကြမယ်နော်။

စိတ္တမန္တလေးရုံးတွင် တာဝန်ထမ်းဆောင်ရန် Admin & Account Assistant ရာထူးဖြင့် ဝန်ထမ်းခေါ်ယူနေပါသဖြင့် စိတ်ပါဝင်စားသူများ လ...
30/12/2025

စိတ္တမန္တလေးရုံးတွင် တာဝန်ထမ်းဆောင်ရန် Admin & Account Assistant ရာထူးဖြင့် ဝန်ထမ်းခေါ်ယူနေပါသဖြင့် စိတ်ပါဝင်စားသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ရာထူး: Admin & Account Assistant
လစာ: ညှိနှိုင်း

လုပ်ငန်းတာဝန်များ:
Admin & Accounts Assistant အနေဖြင့် ရုံးတွင်းလိုအပ်ချက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာကိစ္စရပ်များကို စနစ်တကျ လည်ပတ်နိုင်စေရန်နှင့် ပြင်ပမှ မေးမြန်းစုံစမ်းမှုများကို အချိန်မှီမှန်ကန်စွာဖြေဆိုပေးနိုင်ရန် Customer Service နှင့် Inquiries များအတွက် အဓိက ဆက်သွယ်ရမည့် တာဝန်ခံအဖြစ် တာဝန်ယူနိုင်ရမည်ဖြစ်ပြီး ရုံးစီမံခန့်ခွဲမှုတာဝန်များတွင် ဖိုင်များ၊ ပစ္စည်းကိရိယာများနှင့် ရုံးသုံးပစ္စည်းများကို စနစ်တကျ စီမံထိန်းသိမ်းခြင်းနှင့် စာရင်းများကို ကိုက်ညီစစ်ဆေးခြင်း၊ ငွေပေးချေမှုများကို အတည်ပြုခြင်းနှင့် ငွေကြေးဒေတာများ၏ တိကျမှန်ကန်မှုကို သေချာစေရန် စစ်ဆေးခြင်း၊ ငွေကြေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ စုစည်းထိန်းသိမ်းပြီး Finance Head အား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပံ့ပိုးမှုများ ပေးခြင်းများ ပါဝင်ပါသည်။

ရုံးစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော Operation & Admin ကိစ္စရပ်များကို Head of Admin ထံ လည်းကောင်း၊ ငွေကြေးဆိုင်ရာ လုပ်ငန်းတာဝန်များအတွက် Finance Director ထံ လည်းကောင်း တိုက်ရိုက်အစီရင်ခံရမည်ဖြစ်ပါသည်။

လိုအပ်သော အရည်အချင်းများ:

ကိုယ်ကျင့်တရားကောင်းမွန်ကာ ယုံကြည်စိတ်ချရသူ၊ တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

လျှို့ဝှက်ထားရမည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို လေးစားပြီး ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

ရုံးလုပ်ငန်းစီမံခန့်ခွဲမှု နည်းလမ်းများကို သိရှိနားလည်ထားသူ ဖြစ်ရမည်။

Multi-tasking နှင့် Time management ကောင်းမွန်သူ ဖြစ်ရမည်။

Communication ကောင်းမွန်သူပြီး Clinet များကို ဝန်ဆောင်မှုပေးရာတွင် ချိုသာယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။

Online မှတစ်ဆင့် Zoom, Google meet စသည်တို့ကို အသုံးပြု၍ အဝေးမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် အဆင်ပြေသူ ဖြစ်ရမည်။

နည်းပညာကျွမ်းကျင်ပြီး အထူးသဖြင့် MS Office၊ အီးမေး နှင့် Facebook Business Application များကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

ဘွဲ့ (Bachelor’s Degree) တစ်ခု ရရှိထားသူ ဖြစ်ရမည်။

ယခင်က Finance၊ Operation ပိုင်းတွင်လုပ်ကိုင်ဖူးသူ၊ Receptionist သို့မဟုတ် ရုံးစာရေးလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

လူထု၏စိတ်ကျန်းမာရေးနှင့် လူမှုအကျိုးသက်ရောက်မှု လုပ်ငန်းများကို စိတ်ပါဝင်စား ပြီး ကူညီပါဝင်လုပ်ဆောင်လိုသောသူဖြစ်ပါက ဦးစားပေးမည်။

English Version:
Position: Admin & Accounts Assistant
Salary: Negotiatable
Role Overview:
Ensure smooth and efficient office operations.

Provide clerical and administrative support to optimize workflow.

Serve as the primary point of contact for inquiries and requests.

Organize and maintain files, office supplies, and equipment.

Assist with financial workflow and data collection.

Prioritize tasks, work independently with minimal supervision, and collaborate creatively with the team.

Reporting Lines:
Admin tasks: Head of Administration
Financial tasks: Finance Director

Key Responsibilities:
Respond to calls, emails, social media, and general inquiries politely and appropriately.

Manage schedules, appointments, meetings, and related documents.

Plan and coordinate events, workshops, and conferences, including participant registration.

Support staff with daily office needs and event logistics.

Maintain clear communication with clients, partners, and team members through multiple channels.

Arrange travel and related logistics for office personnel.

Organize and maintain filing systems, databases, and up-to-date contact information.

Handle sensitive information with confidentiality and professionalism.

Assist the Head of Administration and Finance Director as needed.

Record and manage financial transactions, invoices, receipts, and expense claims.

Handle cash management, reconciliations, and ensure accuracy of financial data.

Prepare regular financial reports and coordinate billing and documentation with relevant parties.

Maintain organized administrative and financial records to support operational and financial efficiency.

Requirements & Qualifications:
Professional, ethical, trustworthy, and accountable.

Proactive, independent, flexible, attentive to others and able to maintain confidentiality.

Well-organized, detail-oriented, and able to multitask with strong time management.

Strong written and verbal communication skills; friendly and empathetic customer service.

Comfortable using internet tools (MS Office, Email and Facebook Business applications) and collaborating with remote teams.

Bachelor’s degree; prior experience in administrative, secretarial, or clerical roles preferred.

Ideally aligned with Citta’s mission and social impact initiatives.

Interest or experience in creative work or personal development is a plus.

Benefits:
Allowance for personal medical expenses and monthly selfcare allowance.

Vacation and sick day time off, and national public holiday time off.

Opportunities to grow within the organization.

Fun and caring working environment.

Attractive Salary

📲 Apply Now
Phone - 09-960989551, 09-960948120
အလုပ်ချိန် – တစ်ပတ် ၅ရက် (တစ်ပတ် ၄၀ နာရီ)

📩 လျှောက်ထားလိုသူများအနေဖြင့် CV ကို email ဖြင့်ပေးပို့နိုင်ပါသည်။
📧 Email: zintswe@cittaenterprises.com
info@cittaconsultancy.com

✨ လာမယ့်၂၀၂၆ အတွက် Resolution တွေကို မှန်ကန်ထိရောက်စွာ ဘယ်လိုချမှတ်ကြမလဲ✨မဝေးတော့တဲ့အချိန်တစ်ခုမှာ ရောက်ရှိလာတော့မယ် နှစ...
29/12/2025

✨ လာမယ့်၂၀၂၆ အတွက် Resolution တွေကို မှန်ကန်ထိရောက်စွာ ဘယ်လိုချမှတ်ကြမလဲ✨

မဝေးတော့တဲ့အချိန်တစ်ခုမှာ ရောက်ရှိလာတော့မယ် နှစ်သစ်အတွက် မိမိတို့ စိတ်ဆန္ဒရှိသမျှ အရာအားလုံးကို အချိန်တိုအတွင်း ပြောင်းလဲ ဖော်ဆောင်ဖို့ကတော့ မလွယ်ကူလှပါဘူး။

ဒါပေမယ့် ဖြစ်နိုင်ချေရှိပြီး မိမိ လက်လှမ်းမီနိုင်တဲ့ အိပ်မက်အချို့ကိုတော့ ဖန်တီးနိုင်မှာပါ။ ကိုယ်ကိုကိုယ် ကြင်နာစွာ ဆက်ဆံမယ်၊ ပြတ်သားတဲ့ ရည်မှန်းချက်များထားရှိမယ် လက်တွေ့ကျတဲ့ နည်းလမ်းများကို အသုံးပြုမယ် ဆိုရင်တော့ ရည်မှန်းချက်များ ဆန္ဒများကို အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်စေမှာ ဖြစ်ပါတယ်။ အဲလိုလုပ်နိုင်ဖို့အတွက် ထိရောက်မယ့် အကြံပြုချက်အချို့ကို မျှဝေလိုက်ရပါတယ်။

🌱🌱 Start with intention, not pressure!!
မိမိကိုယ်ကို ဖိအားမပေးပါနဲ့ ရည်ရွယ်ချက်သာထားပြီး စတင်ပါ။

🎯 Keep goals small and specific!!ရည်မှန်းချက်များကို သေးသေးလေးကနေစတင်ပါ။ ဒါပေမယ့် တိကျပါစေ။

🧠 Focus on habits, not perfection!!
သင့်ရဲ့ ကြိုးစားမှုတိုင်းက ပြီးပြည့်စုံစရာမလိုပါဘူး ပုံမှန်ကြိုးစားနေဖို့သာ အရေးကြီးတာပါ။

💛 Align your goals with your mental health!!
မိမိလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ ရည်မှန်းချက်များကိုသာ အကောင်အထည်ဖော်ပါ။

📓Reflect and review regularly!!
အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နေပါ။

✨အရေးတကြီး မှတ်သားထားဖို့ကတော့ နှစ်သစ်ရည်မှန်းချက်ဆိုတာ မိမိကိုယ်ကို ဂရုစိုက် ချစ်ခင်ခြင်း ပုံစံတစ်ခုသာ ဖြစ်တဲ့အတွက် ကိုယ့်အရှိန်နဲ့ လှမ်းပါ၊ ကိုယ်ကိုကိုယ် ကြင်နာဖို့ ညှာတာဖို့ မမေ့ပါနဲ့လို့ ပြောလိုက်ပါရစေ။

#စိတ်ကျန်းမာရေးအတွက်စိတ္တ

Merry Christmas from Citta!!🎄🧑‍🎄Wishing you a Christmas season filled with happiness, wellbeing, and moments that bring ...
25/12/2025

Merry Christmas from Citta!!🎄🧑‍🎄
Wishing you a Christmas season filled with happiness, wellbeing, and moments that bring peace to your mind and heart.❣️🎁

✨ဒီနေ့တော့ စိတ္တမှာရရှိနိုင်တဲ့ Integrative Mental Health Program မှ ရယူနိုင်တဲ့ အနုပညာနဲ့ ဖန်တီးမှုအခြေပြုပြီး စိတ်ပိုင...
22/12/2025

✨ဒီနေ့တော့ စိတ္တမှာရရှိနိုင်တဲ့ Integrative Mental Health Program မှ ရယူနိုင်တဲ့ အနုပညာနဲ့ ဖန်တီးမှုအခြေပြုပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီ အထောက်အပံ့များစွာဖြစ်ပေါ်စေတဲ့ Workshop များကို တစုတစည်းတည်းဖော်ပြပေးလိုက်ရပါတယ်။ 🎨📝

🤔အမျိုးသမီးများဟာ ဘဝတစ်သက်တာမှာ အမျိုးသားများထက် စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုခံစားရလေ့ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် စိ...
21/12/2025

🤔အမျိုးသမီးများဟာ ဘဝတစ်သက်တာမှာ အမျိုးသားများထက် စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုခံစားရလေ့ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် စိတ်ကျရောဂါက အမျိုးသမီးများအတွက် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံးကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ခန့်မှန်းထားပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတို့က အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာကျန်းမာရေးကို များစွာထိခိုက်စေပြီး အထူးသဖြင့် ဘဝရဲ့ အရေးကြီးသောအချိန်များဖြစ်တဲ့ ပျိုဖော်ဝင်စအချိန်၊ ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားပြီးနောက်ကာလ၊ ဓမ္မတာဆုံးချိန်နှင့် အသက်အရွယ်ကြီးမားလာချိန်များတွင် ပိုမိုသက်ရောက်မှုရှိနိုင်ပါတယ်။ လျစ်လျှူရှုထားမိသော စိတ်ကျန်းမာရေးပြဿနာများကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် မကောင်းသော မွေးဖွားရလဒ်များကို ဖြစ်ပေါ်စေနိုင်ပြီး လူကြီးပိုင်းအသက်အရွယ်များတွင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအန္တရာယ်များကိုလည်း မြှင့်တက်စေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုများနှင့် လူမှုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ မှရရှိတဲ့ ဖိအားများကြောင့်လည်း အမျိုးသမီးများတွင် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုနှင့် မတော်တဆထိခိုက်မှုအပြီး ဖြစ်သော နောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) ကဲ့သို့သော ပြဿနာများ ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရလေ့ရှိပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာများကို အချိန်မီ သတိပြုမိခြင်း၊ အကူအညီရယူခြင်းနှင့် စိတ်ကျန်းမာရေးကို ဦးစားပေးဂရုပြုခြင်းတို့သည် အမျိုးသမီးများရဲ့ တစ်သက်စာပျော်ရွင်မှုနှင့် အလုံးစုံကျန်းမာရေးကို မြှင့်တင်ရာတွင် အထောက်အပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။
စိတ္တရဲ့ Women Mental Health Consultation Service ကနေ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် အသက်အရွယ်မျိုးစုံမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုများအတွက် မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရန်အတွက် Consultation sessions များမှ တဆင့် ရင်ဖွင့် ဆွေးနွေးနိုင်ဖို့ ကူညီပေးသွားမှာပဲဖြစ်ပါတယ်။ အမျိုးသမီးများအားလုံး စိတ္တသုခ ပြည့်စုံပြီး ပျော်ရွင်အေးချမ်းတဲ့ ဘဝနေထိုင်မှုပုံစံ ရယူနိုင်ရန်အတွက် စိတ္တမှ စောင့်နေပါ့မယ်။ 🤷🏼‍♀️🥰✨🍀

📣 ဒီဇင်ဘာလအတွက် စိတ္တ ရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိတ်...
20/12/2025

📣 ဒီဇင်ဘာလအတွက် စိတ္တ ရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️

👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိတ်ညစ်ညူးစရာ ခံစားချက်တွေ၊ အတွေးတွေကို အတူတူပစ်ကြရအောင်!

👉ကျွန်တော်တို့ရဲ့ စိတ်နဲ့ အတွေးတွေထဲမှာလည်း နေ့တဓူဝ စိတ်ညစ်ညူးစရာတွေ၊ မကောင်းတဲ့ သတင်းစကားတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စွန့်ပစ်ဖို့ လိုအပ်တဲ့အတွေးတွေ၊ သူများက ကိုယ့်အတွေးထဲကို လာထည့်သွားတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို လက်ခံနေရတတ်ပါတယ်။

👆ဒီစိတ်ထဲ၊ အတွေးထဲ မှာရှိတဲ့ အမှိုက်တွေကိုရော ပုံမှန် ပစ်ကြရဲ့လား?

🙌 သင့်အနေနဲ့ စိတ်ထဲ အတွေးထဲမှာရှိနေပြီး စွန့်ပစ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို စွန့်ပစ်ချင်တယ် ဆိုရင်တော့ လာမယ့်အပတ် သောကြာနေ့၊ ည(၇) နာရီမှာ ပြုလုပ်မယ့် Citta ရဲ့ "အမှိုက်ပုံး" အစီအစဉ်လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။‼️

‼️ဒီအစီစဉ်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်ပေမယ့်လည်း၊ ပါဝင်မယ့်သူများကတော့ စည်းကမ်းချက်တစ်ခုကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။

🙌 ဒါကတော့ "အမှိုက်တွေကို အိမ်ပြန်သယ်မသွားပါနဲ့"။ ဟုတ်ပါတယ်။ သင့်အမှိုက်ပဲဖြစ်ဖြစ်၊ အခြားပါဝင်ကြတဲ့သူတွေရဲ့ အမှိုက်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ အမှိုက်ကိုမှ ဒီအစီစဉ်ကနေ ပြန်မသယ်သွားကြပါနဲ့နော်။‼️

✅ ဒီအစီစဉ်မှာတော့ ခံစားချက်တွေကို ရင်ဖွင့်လို့ရမယ်၊ အချင်းချင်းလည်း နားထောင်ပေးရင်း အားပေးလို့ရမယ်ဆိုတော့ အခုပဲ Register လုပ်လိုက်တော့နော်။ 👇
https://forms.gle/2n6RKZ1mZKQ9TU4v9

📅 26th, December, 2025 (Friday )
🕖 7PM





✨အားလုံးပဲ ပျော်ရွင်စရာ ကရင်နှစ်သစ်ကူးနေ့လေး ပိုင်ဆိုင်နိုင်ပါစေကြောင်း စိတ္တမှဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ။ 🍀✨
19/12/2025

✨အားလုံးပဲ ပျော်ရွင်စရာ ကရင်နှစ်သစ်ကူးနေ့လေး ပိုင်ဆိုင်နိုင်ပါစေကြောင်း စိတ္တမှဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ။ 🍀✨

ခံစားချက်တွေ ဖွင့်ထုတ်ချင်တဲ့သူတိုင်း Khitthit Academy မှာ စာရင်းပေးသွင်းဖို့ မမေ့ကြနဲ့နော်။ 🏃‍♂️💨
17/12/2025

ခံစားချက်တွေ ဖွင့်ထုတ်ချင်တဲ့သူတိုင်း Khitthit Academy မှာ စာရင်းပေးသွင်းဖို့ မမေ့ကြနဲ့နော်။ 🏃‍♂️💨

"ခံစားချက်တို့လုံခြုံရာ - ထွက်ပေါက်မှာ လာဆွေးနွေးပါ။”🖌

မင်္ဂလာပါ ။ Khitthit Academy page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။

💕 ပြည်သူလူထုရဲ့ စိတ်ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ အထောက်အကူပေးနေတဲ့ ခေတ်သစ်အကယ်ဒမီရဲ့ “ထွက်ပေါက်” အစီအစဉ် ရောက်ရှိလို့လာပါပြီ။

✏️ လူပင်ပန်းတာ အနားယူလို့ရပေမဲ့ စိတ်ပင်ပန်းတာတွေများလာရင်တော့ မျိုသိပ်ထားဖို့ မကောင်းတော့ပါဘူး။

💁🏼‍♀️ ဖွင့်ချဖို့ရာ လုံခြုံတဲ့ ရပ်ဝန်းတစ်ခုကို လိုက်ရှာနေတယ်ဆိုရင်တော့ “ထွက်ပေါက်” ဆိုတဲ့ အစီအစဉ်တစ်ခုရှိနေပါတယ်။

💕ရင်ဖွင့်ရာ စိတ်ထွက်ပေါက် အတွက်
စိတ္တ နဲ့ ခေတ်သစ်အကယ်ဒမီ ရဲ့ လစဉ်အခမဲ့ပေးနေတဲ့ “ထွက်ပေါက်” Emotional Support Session မှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါရစေ။

💕2025 December လမှာတော့ Free 25 sessions ကို ပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ လူဦးရေ မြန်မြန် ပြည့်သွားတတ်တာကြောင့် စိတ်ချရအောင် Emotional Support အမှန်တကယ်လိုအပ်သူများအနေနဲ့ မြန်မြန်လေး register လုပ်သွားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

✒️Session Details

အခမဲ့ ထွက်ပေါက် Total Sessions - 25

( First-come, first-served basis)

လူတစ်ဦးလျှင် အခမဲ့ တစ်နာရီ Sessionဖြစ်ပြီး phone call / video call မိမိအဆင်ပြေသည့်အနေအထားဖြင့်ဆွေးနွေးနိုင်ပါသည်။

🔒ရင်ဖွင့်နိုင်ဖို့ Register ရန် -
https://forms.gle/SaCBCvpPFcNx55EC8

ထွက်ပေါက် လိုအပ်သူများဆီရောက်ရှိဖို့ ဒီ post ကို ကူညီshare ပေးပါ။

_______________________________

ခေတ်သစ်အကယ်ဒမီသည် စိတ္တ၏ Educational Initiative တစ်ခုဖြစ်ပြီး စိတ်ပညာ၊ နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နှင့် စိတ်ကျန်းမာရေးတိုအတွက် ပညာရေးပိုင်းဆိုင်ရာအတန်းများနှင့် လက်တွေ့အသုံးချမှုပညာအတန်းများ ဖွင့်လှစ်လျက်ရှိပါသည်။ ခေတ်သစ်အကယ်ဒမီ၏ သင်တန်းများတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ တိုးတက်မှုပိုင်းဆိုင်ရာလမ်းကြောင်းများ၊ စိတ်လူမှုပျိုးထောင်နိုင်ရေးနည်းလမ်းများ နှင့် လူမှုအဖွဲအစည်း၏ ကောင်းမွန်မှုအတွက် လမ်းကြောင်းပေးနိုင်သော ပညာရေးသင်တန်းများ ပါဝင်ပါသည်။ သင်တန်းများအားလုံးကို Online Platformများမှတဆင့် သင်ကြားနိုင်ပြီး ရန်ကုန်မြိုနှင့်မန္တလေးမြိုများမှတဆင့် သင်တန်းများပိုချလျက်ရှိပါသည်။

သိလိုသည့် informationများအတွက် ခေတ်သစ်အကယ်ဒမီသို ဆက်သွယ်စုံစမ်းရန်-
Khitthit Academy ရဲ့ page မှာ စုံစမ်းမေးမြန်းနိုင်ပါသည်။




#ထွက်ပေါက်

ပြီးခဲ့တဲ့ စနေနေ့ “A New Year Gift to Yourself “ Mindful Fabric Painting Workshop လေးကို လာရောက်ပါဝင်ခဲ့ကြတဲ့သူတစ်ဦးချင်...
15/12/2025

ပြီးခဲ့တဲ့ စနေနေ့ “A New Year Gift to Yourself “ Mindful Fabric Painting Workshop လေးကို လာရောက်ပါဝင်ခဲ့ကြတဲ့သူတစ်ဦးချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ။ စိတ်တည်ငြိမ်အေးချမ်းမှုနဲ့အတူ သာယာပြီး အကျိုးရှိတဲ့ ညနေခင်းလေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း စိတ္တမှ ဆန္ဒပြုလိုက်ပါတယ်။

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959960989551

Alerts

Be the first to know and let us send you an email when Citta Consultancy - Psychological Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Citta Consultancy - Psychological Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Citta Consultancy was founded in 2014 and company registration within Myanmar completed in September 2017. The purpose of Citta Consultancy is to shift paradigms for the heart/mind of individuals and organizations so that they can resolve and heal, transform, and grow to their fullest potential. We accomplish this through seminars and workshops, creativity and design thinking, cultural brokerage, consultation, and qualitative assessments, conducting training, research and consultation on human behavior and change processes, and design and implementation of wellness programs to transform and develop organizations’ and communities’ most valuable assets – the human and social capital. Our website is http://cittaconsultancy.com.

Applying Scaffolding Services, our consultation and training target resolution of human problems, transformation of systemic cultures, and growth of your creative potentials. Each consultation and workshop is tailored to your specific needs. We provide initial assessment and follow up evaluations to assure the gains are enduring. Click on the links below to learn more:


  • Resolution

  • Transformation