17/01/2025
Credit To A Better Health 🙏 🙏 🙏
အထွေထွေ ဗဟုသုတ
♦️Zoom session လွတ်သွားသောမိတ်ဆွေများအတွက် —
♦️Viruses မျိုးစုံနဲ့ သက်ဆိုင်သည့်ဗဟုသုတ ကဏ္ဍ
အပိုင်း၁
အသက်ကိုဉာဏ်စောင့်လို့ဆိုပေမဲ့ ဉာဏ်ဖြစ်လာဖို့ဆိုတာ သုတရှိဖို့လိုပါတယ်။
Viruses မျိုးစုံရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပေါက်တွေက
✅နှာခေါင်း
✅ပါးစပ်
✅လက် ကနေတဆင့် နှာခေါင်း/ ပါးစပ်ထဲသို့ပါ ဝင်ရောက်နိုင်ပါတယ်လို့ မကြာခဏ ပြောပြခဲ့ပြီးဖြစ်ပါတယ်။
Viruses တွေနဲ့ ကြုံတွေ့ရမှာ လူတိုင်းလိုလိုပါပဲ။
တစ်ယောက်နဲ့တစ်ယောက်ဟာ ခုခံအားအခြေအနေတွေ မတူကြပါ။
သက်ကြီးရွယ်အိုတွေ
ကလေးငယ်တွေ
ခုခံအားကျဆင်းနေသူတွေ
ခုခံအားကျစေဖို့ ဆေးသောက်နေရသူတွေ
ကိုယ်ဝန်ဆောင်မိခင်တွေ
နာတာရှည်ရောဂါသည်တွေဟာ အားနည်းသော/အားနွဲ့သော/ ပျော့ကွက်ရှိသော အုပ်စုဖြစ်နေပါတယ်။
အထူးသတိထားရမည့်အုပ်စုပါ။
အသက်ရှူလမ်းကြောင်းကလဲ အခြေခံအားဖြင့် နှစ်ပိုင်းရှိပါတယ်။
၁.Upper respiratory အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း
နှာခေါင်း/ ပါးစောင်/လည်မျိုအစ
၂.Lower respiratory
လေပြွန်မကြီး/ လေပြွန်အသေးလေးတွေ / အဆုပ်
လေရှူလမ်းကြောင်းအပေါ်ပိုင်းထဲသို့ ပိုးဝင်စမှာ လက္ခဏာတွေ ပြလေ့ ရှိပါတယ်။
အာခေါင်ခြောက်/ စပ်သလို နာသလို ခံစားရ
🍀 ချောင်းခြောက်ဆိုး
🍀 နှာရည်ယို
🍀 ကိုယ်လက်ကိုက်သလိုခံစားရ
🍀 နွမ်းလျနေ
အခုလို စတင်ဖြစ်လာပြီဆိုရင် အထူးသတိထားရတော့မှာ ဖြစ်ပါတယ်။
နှာခေါင်း / ပါးစပ်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည့် ပိုးတွေကို
၁.ပိုးကောင်ရေ ပွါးမလာရအောင်
၂.လျော့နည်းသွားအောင်
၃.လေရှူလမ်းကြောင်းအောက်ပိုင်းသို့ ခရီးမဆက်ရလေအောင် ကြိုးစားအားထုတ်ဖို့က မိမိတို့၏တာဝန်ဖြစ်ပါတယ်။
ဘာမှ မလုပ်ဘဲနေလိုက်ရင်တော့ sitting duck လို့ခေါ်တဲ့ easy target လွယ်လွယ်ပစ်မှတ် ဖြစ်ဖို့လမ်း များတော့တာပေါ့။
များသောအားဖြင့် ဖော်ပြပါလက္ခဏာတွေ စတင်လာပြီဆိုရင် လူအများစု လုပ်လေ့ရှိတာက Paracetamol ကို စတင်သောက်ပြီ ဖြစ်ပါတယ်။
သောက်ခါစမှာတော့ သက်သာသလို ရှိပါလိမ့်မယ်။
သို့ပါသော်လည်း ပိုးကောင်ရေ လျော့သွားအောင်/ ပိုမတိုးလာရအောင်/လေရှူလမ်းကြောင်း အောက်ပိုင်းသို့ ရောက်မသွားအောင် မတားမြစ်နိုင်ပါ။
ပိုးသတ်ဆေး antibioticsကလဲ Viruses တွေကို မနှိမ်နင်းနိုင်ပါ။
ျိုးစုံတုပ်ကွေးအပါအဝင်
ဆက်ပါဦးမည်။
Viruses မျိုးစုံနဲ့ သက်ဆိုင်သည့်ဗဟုသုတ ကဏ္ဍ
အပိုင်း ၂
နေမကောင်းဖြစ်ခါစမှာ ဘာတွေလုပ်ကြပါမလဲ?
ရည်ရွယ်ချက် / ဦးတည်ချက်ကတော့ နှာခေါင်း/ပါးစပ်နဲ့ အာခေါင်ရင်းမှာ ပိုးကောင်ရေ ထပ်တိုးမလာရအောင် / ပွါးမလာရအောင်ဖြစ်ပါတယ်။
ပိုးကောင်ရေ ပမာဏလျော့ကျသွားခြင်းဖြင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်း လေပြွန်တွေ/အဆုပ်ဆီသို့ ခရီးမဆက်စေရန် ဖြစ်ပါတယ်။
ပိုးတွေက ခရီးဆက်မယ်ဆိုရင်လည်း သက်သက် သာသာ ရှိရအောင်ပါ။
၁.နှာခေါင်းကို ဆားရည်နဲ့ ဆေးပါ။
Nasal irrigation with saline solution
၂.ပလုတ်ကျင်းပါ။
Betadine mouth gargle အနောက်နိုင်ငံတွေမှာ ဝယ်လို့ရပါတယ်။
Iodine နဲ့ ပလုပ်ကျင်းခြင်း ဖြစ်ပါတယ်။
Povidone-Iodine 0.5%,
Iodine က virus ပိုးတွေကို သုတ်သင်ပစ်ပါတယ်။
တိုက်ရိုက်နည်း
နောက်တစ်မျိုးက Hydrogen peroxide mouth wash 1.5%
Colgate က ထုတ်တာ Peroxyl mouth rinse
သူကတော့ anaerobic bacteria တွေကို သုတ်သင်ပစ်ပါတယ်။
Anaerobic bacteria တွေ များလေ viruses တွေက ပွါးလေပါပဲ
သွယ်ဝိုက်သောနည်းဖြင့် သုတ်သင်ခြင်း
Hydrogen peroxide mouth ကို သုံးမယ်ဆိုရင် 1.5% ဖြစ်ရပါမယ်။
ဘာမှ မရှိရင် ဆားရည် နဲ့ ကျင်းပါ။
တစ်နေ့ ၂ ကြိမ်လောက် ကျင်းပေးနိုင်ရင် ကောင်းပါတယ်။
၃.ပလုတ်ကျင်းပြီး ၄နာရီလောက် အကြာမှာ probiotics တစ်လုံးကို ပါးစပ်ထဲမှာ အရည်ပျော်သွားသည်အထိ ငုံထားလိုက်ပါ။
၄.အခန်းထဲရှိလေကို စိုစွတ်နေရအောင် humidifier ဖွင့်ထားနိုင်ရင် ကောင်းပါတယ်။
၅.ရေနွေး + သံပုယိုရည် သို့မဟုတ် ပန်းသီး ရှာလကာရည် + ပျားရည်အနည်းငယ် သောက်ပါ
Green tea သောက်လို့ရပါတယ်
၆.Melatonin 5-10mg သောက်ပြီး အိပ်ပါ။
၇.Zinc lozenges ငုံဆေးကို ၄ နာရီခြားလောက်ငုံပေးပါ။
၈.Vitamin C 1000mg ဆစ်နေ့ ၄ ကြိမ်
၉.Vitamin D 10,000 IU daily သက်သာလာသည်အထိ
Magnesium နဲ့တွဲ သောက်ပါ။
၁၀.NAC 600mg/ day
၁၁.Probiotics နေ့စဉ်သောက်ပေးပါ။
၁၂.နေမကောင်းနေစဉ် အိမ်ပြင်မထွက်စေချင်ပါ။
၁၃.ကြက်ဆွပ်ပြုတ်ရည် သောက်ပါ။
ဆန်ပြုတ်ထက် ပိုကောင်းပါတယ်။
၁၄.လက်ကို ဆပ်ပြာနဲ့ ဆေးဖို့လဲ မမေ့နဲ့ပေါ့။
ျိုးစုံတုပ်ကွေးအပါအဝင် အပိုင်း၂
လူတိုင်းကျန်းမာကြပါစေရှင်
Taw Win Collections