Ar Yone Oo Specialist Clinic & Laboratory

Ar Yone Oo Specialist Clinic & Laboratory Specialist Clinic & Diagnostic Center
Our best care, your best health

Consult with Specialist and/or General Physician
Diagnostic Laboratory Service
Diagnostic Imaging (Ultrasound, X-Ray)
Electrocardiogram
Pharmacy
Home Care Services

16/02/2023

ကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့အခါ၊ ကိုယ်ဘေးကင်းဖို့အတွက် အလုပ်အရမ်းများတဲ့ ဆရာဝန်များ၊ သူနာပြုများကိုပဲ အားကိုးရမှာလား။

လူနာများဘက်ကရော တာဝန်ခွဲယူလို့ မရနိုင်ဘူးလား။

ဆေးကုသမှုခံယူတဲ့အခါ ဘေးကင်းပြီး အထိအခိုက်မရှိ၊ သက်သာပျောက်ကင်းကျန်းမာဖို့အတွက်ဆိုရင်တော့ လူနာများဘက်က မဖြစ်မနေ ယူနိုင်တဲ့ တာဝန် ၅ ခု ရှိပါတယ်။

အဲဒါတွေကတော့…

၁) ကိုယ့် ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်နဲ့ တိုက်ရိုက် မပြောနိုင်တော့တဲ့အခါ ကိုယ်စားပြောဆို၊ ဆုံးဖြတ်ပေးမယ့်သူ သတ်မှတ်ထားတဲ့ Advance Directives ကို နားလည်ဖို့ လုပ်ပါ။ ပြီးရင် သတ်မှတ် စီစဉ်ထားပါ။
၂) ကိုယ့်ဆေးမှတ်တမ်းနဲ့ သောက်နေတဲ့ ဆေးဝါးတွေကို သေချာမှတ်သား၊ သိမ်းဆည်းထားပါ။
၃) ဆရာဝန်နဲ့မပြခင် (လိုတာတွေကို) ကြိုတင်ပြင်ဆင်ပါ။ မေးချင်တဲ့ မေးခွန်းတွေကို စာရင်းပြုစုထားပါ။
၄) ရောဂါပိုးမွှား ကာကွယ်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို လက်ဆေးဖို့ သတိပေးပါ။
၅) လူနာများဘေးကင်းဖို့ ထောက်ခံ၊အရေးဆိုပြောပေးသူတွေကို အားပေးပါ။ အများအတွက် ကိုယ်တိုင်လည်း အရေးဆို တိုက်ပွဲဝင်ပေးပါ။

#တာဝန်ယူပေးပါ။

မြန်မာလူနာများဘေးကင်းရေးညွန့်ပေါင်း

"It’s up to us, patients and potential patients, to take some responsibility for our own safety while receiving care."

Take Charge:
You can take five essential steps that will help improve your chances of safe, successful medical care. The 5 Steps include:

Step 1: Understand and Complete Your Advance Directives
Step 2: Keep a Record of Your Medical History & Current Medications
Step 3: Prepare for Doctor Visits and Make a List of Questions
Step 4: Prevent Infections by Asking Caregivers to Wash Their Hands
Step 5: Use an Advocate and Be an Advocate for Others

- Myanmar Patient Safety Coalition

14/02/2023

အတိုကောက် (Abbreviations) တွေ အသုံးများလွန်းလို့၊ ချာချာလည်မူးသွားနိုင်တဲ့အထဲမှာ ဆေးလောက က ထိပ်ဆုံးက ပါပါတယ်။

လူနာမှတ်တမ်းမှာ ဆေးထိုး၊ဆေးသောက်ဖို့ ဆေးညွန်းစာတွေ ရေးရတဲ့ အခါ၊ ဆရာ၀န်လက်ရေးကလည်း ဖတ်ရခက်လေတော့၊ ဆေးဆိုင်တွေ၊ သူနာပြုတွေက မှားဖတ်ပြီး ဆေးမှားပေးမိ၊ ဆေးမှားထိုးမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီကနေ့တော့ အရည်အသွေးပိုင်း မှတ်ကျောက်တင်တဲ့ အသိအမှတ်ပြုအဖွဲ့ Joint Commission ရဲ့ “Do not use” မသုံးဖို့ တားမြစ်ထားတဲ့ Abbreviations တွေကို မျှဝေလိုက်ပါတယ်။

👌U or u ဆိုပြီး မသုံးပါနဲ့။ Unit လို့ အရှည်ရေးပါ။ 0, 4, 9 တွေနဲ့ မှားတတ်ပါတယ်။
👌IU လို့ မရေးပါနဲ့။ International Units လို့ အရှည်ရေးပါ။ IV လို့ မှားဖတ်တတ်ပါတယ်။
👌ဒဿမကိန်းတွေရေးရင် 1.0 mg, .5 mg လို့မရေးပါနဲ့။ 1 mg, 0.5 mg လို့ ရေးပါ။ 10 mg, 5 mg ဆိုပြီး မှားဖတ်ကြလို့ပါ။
👌ဆေးနာမည်တွေကို MS, MSO4, MgSO4 လို့ မရေးဘဲ အပြည့်အစုံ Magnesium Sulfate, Morphine Sulfate ဆိုပြီး ရေးပေးပါ။
👌ကင်ဆါဆေးတွေကိုလည်း Ara-A, MTX ဆိုပြီး အတိုကောက်မရေးဘဲ၊ အပြည့်အစုံ Vidarabine, Methotrexate လို့ ရေးပေးပါ။

လူနာများ ဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများ ဖြစ်ကြပါစေ။

Credit: Joint Commission Unapproved Abbreviations “Do Not Use” List

နှလုံးကျန်းမာရေးအတွက် ဟင်းချက်ဆီတွေထဲမှာ ဘယ်တစ်ခုကိုရွေးချယ်သင့်လဲ။ Cleveland Clinic က အဟာရပညာရှင်အဆိုအရ သံလွင်ဆီက အသင့်...
10/02/2023

နှလုံးကျန်းမာရေးအတွက် ဟင်းချက်ဆီတွေထဲမှာ ဘယ်တစ်ခုကိုရွေးချယ်သင့်လဲ။ Cleveland Clinic က အဟာရပညာရှင်အဆိုအရ သံလွင်ဆီက အသင့်တော်ဆုံးလို့ ပြောပါတယ်ရှင်။
#ကိုယ့်နှလုံးသားကိုချစ်ပါ

What’s the better heart healthy choice when it comes to cooking oils? Our dietitian explains the differences (and why olive oil comes out on top).

Learn the differences between these two popular cooking oils

လူနာများဘေးကင်းဖို့ ပိုကောင်းတာတွေ လုပ်နိုင်ဖို့ စဉ်ဆက်မပြတ် သင်ယူလေ့လာနေပါတယ်ရှင်။
09/02/2023

လူနာများဘေးကင်းဖို့ ပိုကောင်းတာတွေ လုပ်နိုင်ဖို့ စဉ်ဆက်မပြတ် သင်ယူလေ့လာနေပါတယ်ရှင်။

လူနာများဘေးကင်းဖို့အတွက် သင်ယူစရာတွေက အများကြီးပါ။ စိတ်ဝင်စားတဲ့ ကျန်းမာရေးပညာရှင်တွေ ဝင်ကြည့်လေ့လာနိုင်ဖို့ Patient Safety Learning Hub ရဲ့ Link (https://www.pslhub.org) ကို မျှဝေပေးလိုက်ပါတယ်။

If you always do what you’ve always done, you’ll always get what you’ve always got. - Henry Ford

သမရိုးကျလုပ်နေကျတွေပဲ အမြဲလုပ်နေရင် အရင်ရနေကျအရာတွေပဲ ဆက်ရမှာပါ။ ပိုကောင်းတဲ့ အရာတွေရချင်ရင်တော့ အသစ်တွေကို သင်ယူလေ့လာ၊ စမ်းလုပ်ကြည့်၊ များများထပ်လုပ်ကြည့်မှ ရမှာပါ။

Culture of Blame ကနေ Culture of Safety ဖြစ်အောင် Ar Yone Oo မိသားစုက အမြဲကြိုးစားနေပါတယ်ရှင်။
08/02/2023

Culture of Blame ကနေ Culture of Safety ဖြစ်အောင် Ar Yone Oo မိသားစုက အမြဲကြိုးစားနေပါတယ်ရှင်။

ကိုယ့်ကို တားဆီးပိတ်ပင်နေတဲ့အရာတွေကို အမြစ်လှန်ချေမှုန်းပစ်ပါ။

တကယ်လွတ်မြောက်တဲ့နေ့ရောက်မှ ကိုယ့်ပကတိရုပ်အမှန်ကို တွေ့ရမှာမို့လို့ပါ။

-Tina Turner
———————————————————————

မြန်မာ့လူ့အသိုင်းအဝိုင်းမှာ ဆေးလောကမှာ တစ်ခုခုမှားရင် အပြစ်တင်၊အပြစ်ဖို့တာက (Culture of blame) ပိုများလို့…

မှားမှာကို ကြောက်ပြီး မလုပ်ရဲတာ၊ အမှားလုပ်မိရင်တောင် သူများမပြောရဲဘဲ ကြိတ်ဖြေရှင်းတာတွေ လုပ်မိကြပါတယ်။

အပြစ်တင်နေရုံနဲ့ လူနာများကို ပိုဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။

- Blame does not keep patients safe.

အပြစ်တင်ခံရမှာ ကြောက်တဲ့စိတ်ကနေ ရုန်းထွက်ပြီး၊ လူနာများဘေးကင်းဖို့ အမှားများကနေ သင်ခန်းစာယူနိုင်အောင် သင်ပေးတဲ့ (Culture of Safety) ကို ဖန်တီးပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ။

04/02/2023

လူနာများ ဘေးကင်းဖို့အတွက် အစဉ်မပြတ် ကြိုးစားနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်တွေ အားလုံးဟာ လူသားတွေပဲမို့ အမှားမကင်းနိုင်ပါဘူး။

ဒါပေမဲ့ အမှားလုပ်မိပြီဆိုရင် လုပ်နိုင်တာ သုံးခုပဲရှိပါတယ်။
၁) အမှားကို ဝန်ခံပြီး (ကိုယ့်အမှားကြောင့် ထိခိုက်သွားသူတွေကို) တောင်းပန်ဖို့၊
၂) အမှားကနေ သင်ခန်းစာယူဖို့ နဲ့
၃) အဲဒီအမှားကို နောက်ဆက်မလုပ်ဖို့ ကြိုးစားရမှာပါ တဲ့။

လူနာများဘေးကင်းဖို့အတွက် လိုအပ်တာရှိရင် ထောက်ပြဖို့၊ အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

📣အရုဏ်ဦးအထူးကုဆေးခန်းတွင် FDAအသိမှတ်ပြု ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra ) ထိုးဆေးများကို ထိုနိုင်ပြီဖြစ်ကြော...
21/05/2022

📣အရုဏ်ဦးအထူးကုဆေးခန်းတွင် FDAအသိမှတ်ပြု ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra ) ထိုးဆေးများကို ထိုနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် 💉💉💉💉
(၅)ယောက်နှင့် အထက် အိမ်တိုင်ရာရောက်လာ၍ ထိုးပေးပါတယ်ရှင့်
☎️09 - 962699281☎️ 09 -446900369

👨‍👨‍👧‍👦(Vaxigrip Tetra )ထိုးထားခြင်းဖြင့်မိမိနှင့်
မိမိ၏မိသားစုကျန်မာရေးကိုကာကွယ်စောင့်ရှောက်
ကြပါစို့ 👨‍👨‍👧

20/05/2022

သင်္ဃန်းကျွန်း မြို့နယ် ရှိ အရုဏ်ဦး အထူးကု ဆေးခန်း တွင် တာဝန် ထမ်းဆောင်ရန် အတွက် အောက်ပါဝန်ထမ်း အလို ရှိပါသည်

✳️ ဆေးအရောင်း ကျွမ်းကျင် - (၁) ဦး

🔺အခြေခံ ပညာ အထက်တန်းအောင်မြင် ပြီးသူ ဖြစ်ရမည်
🔺သက်ဆိုင်ရာ pharmacy aid ပြီးမြောက်ကြောင်း လက်မှတ် ရှိရမည်
🔺အနည်ဆုံး လုပ်သက် ၂ နှစ်နှင့် အထက်ရှိ ရမည်( သင်တန်းဆင်းပြီး ခါစ များ နှင့် အလုပ်အတွေ့အကြုံ မရှိ သူများ လျှောက် ထားရန်မလို)

🔺ကွန်ပြူတာ ကျွမ်းကျင်ရမည် ‼️‼️‼️‼️

🔺နေ့/ ည တာဝန် ထမ်းဆောင် နိုင်ရမည်
🔺အသင်းအဖွဲ့ နှင့် လုပ် ကိုင်နိုင် ရမည်
🔺🔺CV တွင် မိမိ ကို ထောက်ခံ မည့်သူ အနည်းဆုံး တဦး ​၏ ဖုန်းနံပါတ် ( သို့) email ထည့်သွင်းဖော်ပြ ပေးရမည်

▶️လစာ နှင့် ခံစားခွင့်များ

- လုပ်သက် ကျွမ်းကျင်မှုပေါ် မူတည် ပြီး လစာညှိနှိုင်း
- အဆောင် စီစဉ်ပေးမည်
- အချိန် / ရက်မှနိကြေး + အချိန် ပိုကြေး+ annual bonus
- အဆောင် ပေးပါမည်
စိတ်ပါဝင်စား ပြီး လျှောက် ထား လိုသူများသည်
Viber no - 09454688585 သို့လည်းကောင်း
အောက်ပါ ဆေးခန်းလိပ်စာ များသို့ လည်းကောင်း 28.5.2022 နောက်ဆုံး ထား CV ပေး ပို့ လျှောက် ထားနိုင်ပါသည်

၁/ အရုဏ်ဦး အထူးကုဆေးခန်း - T5 ကမာကြည်အိမ်ယာ/ သုဝဏ္ဏ ၂၉ ရပ်ကွက် / သင်္ဃန်းကျွန်းမြို့နယ် / သုဝဏ္ဏ ဈေး မှတ်တိုင်အနီး

⚠️⚠️⚠️မှတ်ချက် - အချက်အလက်မပြည့် စုံသော CV များ နှင့် လုပ်သက် အတွေ့အကြုံ မရှိ သော CV များ အား interview ခေါ် မည် မဟုတ်ပါ

24/09/2021

အရုဏ်ဦးအထူးကုဆေးခန်းတွင် ယနေမှစ၍
မနက်-၈နာရီမှ ညနေ ၆နာရီအထိ ပိတ်ရက်မရှိ
Home Care service များကို
ပြန်လည် ဝန်ဆောင်မှုပေးနေပါသည်။
09446900369

၂၂.၂.၂၀၂၁ ( တနင်္လာ)  နေ့  တွင်   အရုဏ်ဦး  ဆေးခန်း  ရဲ့ အထွေထွေ ရောဂါ  ကု OPD, အထူး ကု သမား တော် များ OPD services , lab...
21/02/2021

၂၂.၂.၂၀၂၁ ( တနင်္လာ) နေ့ တွင် အရုဏ်ဦး ဆေးခန်း ရဲ့ အထွေထွေ ရောဂါ ကု OPD, အထူး ကု သမား တော် များ OPD services , lab , x ray services များ အာလုံး ခေတ္တ ပိတ်ပါမည် ရှင်

၂၃.၂.၂၀၂၁ တွင် ဝန်ဆောင် မှု များ အားလုံး ပြန်လည် ဖွင့်လှစ် ပါမည်

အရေးပေါ် ကျန်းမာရေး ကိစ္စ များ အတွက် အထွေထွေ ရောဂါကု ဆရာဝန် နှင့် ပြသ လိုပါက နေလ အထူးကု ဆေးခန်း - T4-5 အောင်ရတနာ အိမ်ယာ/ ကြီးပွားရေး ရပ်ကွက် / သင်္ဃန်းကျွန်း မြို့နယ်/ သစ်စက်မှတ်တိုင် အနီး သို့ သွားရောက် ပြသနိုင် ပါသည် ရှင့်

18/02/2021

သင်္ဃန်းကျွန်း မြို့နယ် ရှိ အရုဏ်ဦးနှင့် နေလ အထူးကု ဆေးခန်း တွင် တာဝန် ထမ်းဆောင်ရန် အတွက် အောက်ပါဝန်ထမ်း များ အလို ရှိပါသည်

✳️ ဆေးအရောင်း ကျွမ်းကျင် - (၂) ဦး

🔺အခြေခံ ပညာ အထက်တန်းအောင်မြင် ပြီးသူ ဖြစ်ရမည်
🔺သက်ဆိုင်ရာ pharmacy aid ပြီးမြောက်ကြောင်း လက်မှတ် ရှိရမည်
🔺အနည်ဆုံး လုပ်သက် ၂ နှစ်နှင့် အထက်ရှိ ရမည်( သင်တန်းဆင်းပြီး ခါစ များ နှင့် အလုပ်အတွေ့အကြုံ မရှိ သူများ လျှောက် ထားရန်မလို)

🔺ကွန်ပြူတာ ကျွမ်းကျင်ရမည် ‼️‼️‼️‼️

🔺နေ့/ ည တာဝန် ထမ်းဆောင် နိုင်ရမည်
🔺အသင်းအဖွဲ့ နှင့် လုပ် ကိုင်နိုင် ရမည်
🔺🔺CV တွင် မိမိ ကို ထောက်ခံ မည့်သူ အနည်းဆုံး တဦး ​၏ ဖုန်းနံပါတ် ( သို့) email ထည့်သွင်းဖော်ပြ ပေးရမည်

▶️လစာ နှင့် ခံစားခွင့်များ

- လုပ်သက် ကျွမ်းကျင်မှုပေါ် မူတည် ပြီး လစာညှိနှိုင်း
- အဆောင် စီစဉ်ပေးမည်
- အချိန် / ရက်မှနိကြေး + အချိန် ပိုကြေး+ annual bonus
- အဆောင် ပေးပါမည်
စိတ်ပါဝင်စား ပြီး လျှောက် ထား လိုသူများသည်
Viber no - 09454688585 သို့ 09974592845 သို့လည်းကောင်း
အောက်ပါ ဆေးခန်းလိပ်စာ များသို့ လည်းကောင်း 28.2.2021 နောက်ဆုံး ထား CV ပေး ပို့ လျှောက် ထားနိုင်ပါသည်

၁/ အရုဏ်ဦး အထူးကုဆေးခန်း - T5 ကမာကြည်အိမ်ယာ/ သုဝဏ္ဏ ၂၉ ရပ်ကွက် / သင်္ဃန်းကျွန်းမြို့နယ် / သုဝဏ္ဏ ဈေး မှတ်တိုင်အနီး

၂/ နေလ အထူးကုဆေးခန်း - T4-5 အောင်ရတနာ အိမ်ယာ/ ကြီးပွားရေး ရပ်ကွက် / သင်္ဃန်းကျွန်း မြို့နယ်/ သစ်စက်မှတ်တိုင် အနီး

⚠️⚠️⚠️မှတ်ချက် - အချက်အလက်မပြည့် စုံသော CV များ နှင့် လုပ်သက် အတွေ့အကြုံ မရှိ သော CV များ အား interview ခေါ် မည် မဟုတ်ပါ

အာရုံဦး ဆေးခန်း တွင် နေရာ  အခက်အခဲ ကြောင့်ပြည်သူ့ ဆေးရုံ  များတွင် OPD ပြသနေသော လူနာများ  အခက်အခဲ ရှိပါ က နေလ အထူးကု ဆေး...
07/02/2021

အာရုံဦး ဆေးခန်း တွင် နေရာ အခက်အခဲ ကြောင့်
ပြည်သူ့ ဆေးရုံ များတွင် OPD ပြသနေသော လူနာများ အခက်အခဲ ရှိပါ က နေလ အထူးကု ဆေးခန်း တွင် အောက်ပါ အချိန် ဇယား အတိုင်း သွားရောကိ ပြသ နိုင်ပါသည်.....

နေလ အထူးကု ဆေးခန်းတွင်
သင်္ဃန်းကျွန်း ပြည်သူ့ ဆေးရုံ မှ ပြင်ပ လူနာ ကြည့် ရန် ရှိသော လူနာ များသာ မက ရန်ကုန် မြို့တွင်းရှိ မည်သည့် ပြည်သူ့ ဆေးရုံ များ မှ မဆို OPD စာအုပ် ယူဆောင် လာပါက အထူးကု ဆရာဝန် များမှ စမ်းသပ်ခ မယူ ပဲ အခမဲ့ ကြည့် ရှူ ပေးပါမည်

အထူးကု ဆရာဝန် ကြီး များ ကြည့်ရှု ပေးမည့် အချိန် ဇယားများ

✅ အရိုးအထူး ကု အထူးကု ခွဲစိတ်ဆရာဝန် ကြီး များ
အင်္ဂါ-ကြာသပတေး (မနက် ၉ နာရီ မှ ၁၁နာရီ အထိ)

✅ သားဖွားမီးယပ် အထူး ကု ဆရာဝန် ကြီး များမှ
တနင်္လာ / ဗုဒ္ဓဟူး / သောကြာ ( မနက် ၉ နာရီ မှ ၁၁ နာရီ) အထိ

✅ အထွေထွေ ရောဂါ ကု သမားတော် များမှ

တနင်္လာ နှငိ့ အင်္ဂါ မနက် ( ၇)နာရီ မှ ၉ နာရီ

✅ ခွဲစိတ် အထူးကု ဆရာဝန် မှ

စနေ နေ့ မနက် ၉-၁၁) နာရီ အထိ

( အခြား သော အထူးကု များ ထိုင်မည့် ရက် ကို သိရှိပါက ထပ်မံ ကြေငြာပေးပါမည်)

🏥 နေလ အထူးကုဆေးခန်း - T4-5 အောင်ရတနာ အိမ်ယာ/ ကြီးပွားရေး ရပ်ကွက် / သင်္ဃန်းကျွန်း မြို့နယ်/ သစ်စက်မှတ်တိုင် အနီး

Address

No. T-5, Thanthumar Road, Kamarkyi Housing, Thuwunna 29th Ward, Thingangyun
Yangon

Telephone

+959446900369

Website

Alerts

Be the first to know and let us send you an email when Ar Yone Oo Specialist Clinic & Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ar Yone Oo Specialist Clinic & Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Services

Consult with Specialist and/or General Physician Diagnostic Laboratory Service Diagnostic Imaging (Ultrasound, X-Ray) Electrocardiogram Pharmacy Home Care Services