24/02/2026
မနက်နိုးလာတိုင်း မေးရိုးတွေ ညောင်းပြီး နာနေတတ်သလား?🤔
တစ်ခါတလေ မနက်နိုးလာရင် မေးရိုးတွေ ညောင်းနေတာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ် သွားတွေ ကျဉ်နေတာမျိုး ခံစားရဖူးပါသလား? 😲
ဒါဟာ သင်မသိလိုက်ဘဲ အိပ်ပျော်နေစဉ်မှာ သွားကြိတ်ခြင်း (Teeth Grinding) နေလို့ ဖြစ်နိုင်ပါတယ်😷
‼️သွားကြိတ်တာဟာ သွားကြွေလွှာတွေကို တဖြည်းဖြည်းချင်း ပျက်စီးစေပြီး သွားတိုလာတာ၊ သွားစောင်းတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မေးရိုးအဆစ်တွေကို ဝန်ပိစေလို့ ရေရှည်မှာ မေးရိုးနာကျင်တဲ့ ဝေဒနာကို ခံစားရမှာပါ။ ‼️
🌟ဒီပြဿနာအတွက် ရိုးရှင်းပြီး အထိရောက်ဆုံး ဖြေရှင်းနည်းကတော့ Night Guard လေး တပ်အိပ်ပေးတာပါပဲ။🌟
💙သွားတွေ တစ်ခုနဲ့တစ်ခု တိုက်ရိုက်မထိတွေ့အောင် ကြားကခံပေးထားတာမို့ သွားကြွေလွှာပျက်စီးမှုကို ကာကွယ်ပေးသလို မေးရိုးကြွက်သားတွေကိုလည်း အနားရစေပါတယ်။💙
🌟မနက်ခင်းကို လန်းဆန်းစွာနဲ့ ဝေဒနာကင်းကင်း နိုးထဖို့ Night Guard ရှိနေပါပြီ🌟
ကိုယ်ရဲ့ သွားနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် Night Guard ပြုလုပ်ချင်တယ်ဆိုရင် Mingalar Dental Clinicသို့ လှမ်းခဲ့ပါနော်🥰
ကျန်းမာတဲ့ အိပ်စက်ခြင်းနှင့် လှပတဲ့အပြုံးကို မင်္ဂလာသွားအထူးကုဆေးခန်းမှ ဖန်တီးပေးပါရစေ🥰
#သွားဆေးခန်း #သွားကြိတ်